ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇ...

By MadelynnBX1823

38.4K 2.4K 65

战山为王♡ More

EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP - 10
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17 [ Xz pov Only ]
EP - 18 [ Final ]

EP - 11

1.9K 136 5
By MadelynnBX1823

Unicode

တဖြည်းဖြည်းနဲ့ သူကို ဂရုစိုက်ပေးလာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ဟာ ရင်ခုန်သံတွေ ပေါက်မထွက်အောင် ထိန်းနေရသည် ။

" ကျန့်ကော .... "

" ဟင် ပြောစရာရှိလို့လား ... "

" ဘာမှမဟုတ်ပါဘူး အဟီး ... "

အဲ့ဒါပဲ ကြည့် ။ ခါတိုင်းဆိုရင် ဘာလဲ ဘာတုန်း ဆိုတာနဲ့တင် သူတို့က ရန်ဖြစ်နေရတာ ။ အခု ကျန့်ကော စကားတစ်ခွန်းပြောရင် ကျန့်ကောဘက်က အလျှော့ပေးနေသလို့ ခံစားရသည် ။

" ဟိုလေ ကျွန်တော် ဆန်ပြုတ်သောက်ချင်လို့ ! "

" ‌အင်း ငါသွားလုပ်လိုက္မယ် ... "

ဝမ်ရိပေါ်လည်း ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည် ။

ဒီလိုဘာလို့ပြောင်းလဲသွားခဲ့ရလဲ‌ဆိုတာသိချင်ရင် ဟိုတစ်နေ့လောက်က အဖြစ်အပျက်လေးကို ပြန်ပြောပြတာပေါ့ ။

///

Studioမှာ ဘာသင်တန်းမှာမရှိတာမို့ ဝမ်ရိပေါ်လည်း ကျိရန်တို့နဲ့အတူ လျှောက်လည်နေမိသည် ။ အဓိကကတော့ mallမှာ အင်္ကျီမဝယ်ပဲ ပတ်ကြည့်တာပေါ့။

" ရားး ရိပေါ် ... "

" ဘာလဲ ... "

" ဟိုမှာ မင်းလင် "

" ဘယ်မှာလဲ "

ကျိရန်က သူခေါင်းကို ကိုင်ကာ ရှောင်းကျန့်တို့ရှိရာ ဘယ်ဘက်ကို ညွန်ပြသည် ။ ကျိရန်က ဒေါသတကြီးနဲ့

" ဟိုမိန်းမကြီးနဲ့မလား ... မင်းလင်က အရှက်မရှိ .. "

ဝမ်ရိပေါ်လည်း လှမ်းကြည့်တော့ သူတို့က ဝတ်စုံတစ်ခုဝယ်နေပုံပင် ။ အင်္ကျီတွေကလည်း ဆင်တူအပြာတွေ ဝတ်ထားသေး ။ ဝမ်ရိပေါ်ဝင်မပါပဲ ပစ်ထားလိုက်တာနဲ့တင် သူတို့က ဒီအဆင့်ထိ ရောက်သွားကြတာလား ... ။

" ဝမ် ဒီအင်္ကျီလေး လှတယ် ဘာကြည့် ... ရှောင်းကျန့်လား .... "

အော် လင်းရှန်းလည်း ပါ‌လာသေးတယ် ။

" ဝမ်အစ်ကိုလား သွားနှုတ်ဆက်ရအောင်လေ .. "

ကျိရန်က

" ဘယ်ကအစ်ကိုရမှာလဲ အဲ့ဒါက ရိ ... အု .. "

ဝမ်ရိပေါ်ကပဲ ကျိရန်ပါးစပ်ပေါက်ကို ပိတ်လိုက်သည် ။

" အဟမ်း ထားလိုက်ပါတော့ ... "

" ဟ ဘာကိုထားရမှာလဲ ရိ‌ ... "

ရိပေါ်ရဲ့အံ့ကြိတ်တဲ့အသံကြားမှ ကျိရန်လည်း ပါးစပ်ပိတ်သွားသည် ။

" ဝယ်ပြီးကြပြီမလား ကျွန်တော့်တို့သွားရအောင်လေ ... "

" အင်းပါ "

ရိပေါ်လည်း အဲ့အတွဲကို ကျိန်ဆဲကာ ရှေ့ဆုံးက ပြေးထွက်လာလိုက်သည် ။ ငလိုးမလူကြီး! ။

" ရား ရိပေါ် စောင့်အုံး ...! "

ကျိရန်က အပြေးလိုက်လာသည် ။

" ဘာလဲ ပျော်နေသလိုပဲနော် ... "

" ပျော်ရမှာပေါ့ဟ ငါတို့ငွေမရှင်းခဲ့ရဘူး ... မင်းသိလား ... ဘယ်သူရှင်းပေးလိုက်လဲဆိုတာ ... "

" လင်းရှန်းမလား အားနေ ဂုန်းပဲဆင်းနေတယ်‌ "

" ဟ "

ဝမ်ရိပေါ်က ဒါပဲပြောပြီး ထွက်သွားတာမို့ ‌ကျိရန်မှာ အူကြောင်ကြောင်လေး ကျန်နေခဲ့ရသည် ။

//

" ပင်ပန်းသွားကြပြီ အားလုံးပဲ ‌"

ဆရာမက နှုတ်ဆက်သွားတော့ ဝမ်ရိပေါ်လည်း အိမ်ကို တန်းပြန်ရန်ပဲ တွေးလိုက်သည် ။ ဒီနေ့တော့ ကျန့်ကောနဲ့အတူ ရအောင်ပြန်ရမယ် ။ လေမုန်တိုင်းရှိတယ်လို့ပြောထားတာလေ ကျန့်ကောက သေချာပေါက် သူနဲ့ပြန်မှာပဲ ။ ပြီးကျ အဆင့်တက်အောင် အီစိကလိလုပ်ရမယ်! ။

" ဟိဟိ "

ဖြစ်လာမယ့်အတွေးတွေနဲ့တင် ဝမ်ရိပေါ်လည်း သဘောကျစွာ ရယ်နေမိသည် ။

" ကျွန်တော့်လာပြီ အဟင်းး ... "

ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်လိုက်ကာ ကျန့်ကောဆီ သွားနေမိသည် ။ ကုမ္မဏီရဲ့ခပ်ဝေးဝေးမှာ ပန်းခြံကြီးရှိသည် ။ အဲ့နားလေးကျ ပန်းတွေရဲ့ရနံ့ကို ရူရှိုက်နေမိသည် ။

" မွှေးလိုက်တာနော် ...! "

ပန်းခြံနားက ကားပါကင်နားမှာ ကျန့်ကောရဲ့ကားကို တွေ့လိုက်ရတာမို့ ဝမ်ရိပေါ်လည်း ကြောင်သွားသည် ။
ကျန့်ကောက ပန်းခြံကို ဘာလာလုပ်တာလဲ? ။

ပန်းခြံအနားရပ်ထားတာမို့ ပန်းခြံထဲမှာ သေချာပေါက်ရှိမှာပင် ။ ပန်းခြထဲကို ဝင်ကြည့်လိုက်သည် ။

" အယ့် တွေ့ပြီ ကျန့် .... အာ ... "

ကျန့်ကောဘေးနားမှာ တစ်ယောက်ယောက်က ထိုင်နေတာမို့ မခေါ်တော့ပဲ အဲ့အနားကနေ တဖြည်းဖြည်းသွားကာ စောင့်ကြည့်နေလိုက်သည် ။

" ဟိုမိန်းမမလား ..."

ကြည့်ရတာ စကားပြောနေကြပုံပင် ။

" ဘာတွေပြောနေကြတာလဲ .... "

အသံက သိပ်မကြားရတာမို့ သွားကြည့်ချင်ပေမယ့်
သိသွားမှာလည်း စိုးတာမို့ အဲ့နားက စောင့်ကြည့်နေလိုက်သည် ။ အခုမှ ကြည့်မိတယ် ကျန့်ကောလက်ထဲမှာလည်း ပန်းစီးကြီးနဲ့ ။ အဲ့မိန်းမကို ချစ်ခွင့်ပန်မလိုလားမသိ ။ မရဘူး မရဘူးနော် အဲ့လိုမျိုးဆို ဝမ်ရိပေါ်က လုံးဝကို ညည်းမခံပေးနိုင်ဘူး ။

ဒါပေမယ့် ဟိုမိန်းမက မျက်နှာပျက်နေတာမို့
ဘာတွေတကယ်ဖြစ်နေလဲမသိ ။
နီးကပ်ပြီး သွားကြည့်ရန် လုပ်လိုက်ပေမယ့်
သူဂုတ်ကို တစ်ယောက်ယောက်က ဆွဲမလိုက်လေသည် ။

" ဘာလုပ်တာလဲ ! အဲ့ လင်းရှန်း ... "

" ဝမ် မင်းက ဒီမှာဘာလုပ်နေတာလဲ ? "

" အမ် ကျွန်တော်က ဘာလုပ်လို့လဲ နေပါအုံး ခင်ဗျားကလည်း ဘာလုပ်တာလဲ ? "

" ငါက ငါမိန်းမကို လာကြည့်တာ ... "

" ဘာ ... လင်းရှန်းက မိန်းမရှိတာလား "

လင်းရှန်းက ခေါင်းငြိမ့်ပြသည် ။

" ဘယ်သူလဲ ... "

လင်းရှန်က ကျန့်ကောတို့ရှိရာဘက်ကို မျက်နှာမူပြနေတာမို့ ‌ဝမ်ရိပေါ် မျက်လုံးပြူးသွားရသည် ။

" အဲ့မိန်းမက လင်းရှန်းမိန်းမ ..! "

" အင်း "

လင်းရှန်က အကြောင်းအနည်းငယ်ကို ရှင်းပြသည် ။

လင်းရှန်းက ဝမ်ရိပေါ်ကိုကပ်တာက ရှောင်းကျန့်ဆီက attentionလိုချင်လို့ဖြစ်သည် ။ ဝေဝေက ရှောင်းကျန့်နဲ့အရင်းနှီးဆုံးမို့ လင်းရှန်းက ရှောင်းကျန့်ဆီက အကူ‌အညီတောင်းခံချင်ပေမယ့် ရှောင်းကျန့်က ခွင့်မပြုပေ ။

သူတို့နှစ်ယောက်က နိုင်ငံခြားမှာကတည်းက လက်ထပ်ပြီးသားလည်းဖြစ်သည် ။ အိမ်ထောင်ရေးအခြေအနေမှာ ငွေကိစ္စအလိမ်ခံရတာနဲ့ အခက်အခဲဖြစ်လာတော့ သူတို့နှစ်ယောက်လည်း သဘောထားချင်းမတိုက်ဆိုင်တာနဲ့ ရန်ဖြစ်ကြရင်း ဝေဝေက အိမ်ပေါ်က ဆင်းလာတာဖြစ်သည် ။ သူကလည်း လိုက်ခေါ်ပေးမယ့် မာနကြီးတဲ့ဝေဝေက လက်မခံပဲ ဒီမှာ သူတတ်တဲ့ studioက အကနဲ့ ပညာလာသင်ပေးသည် ။

လိမ်ခံရတာတွေက ပြန်ရပြီမို့ ပြန်လည်ဖြေရှင်းပြီးလာချော့ပေးမယ့် ဟိုက လက်မခံ ။

" အော် အဲ့လို့လား .. ဘာနေနေ ခင်ဗျားမိန်းမကို အမြန်ခေါ်သွား ... ကျွန်တော်ယောင်္ကျားနဲ့နေရာတကာကာမှာ တပူးပူးတတွဲတွဲ အမြင်ကတ်ဖို့ကောင်းလိုက်တာ ... "

" မင်းယောင်္ကျားကြောင့်လည်း ပါတယ်လေ နေရာတကာမှာ လိုက်ရှုပ်လွန်းတယ် ငါအခုလာချော့တာတောင် ဟီးရိုးလုပ်ပြီး ကယ်သွားသေး အဲ့ကောင်ကိုင်ထားတဲ့ပန်းစည်း တွေ့လား အဲ့ဒါ ငါဟာ ... "

အဲ့ကျမှ ဝမ်ရိပေါ်လည်း စိုးရိမ်နေတဲ့စိတ်တွေ ဖြေဖျောက်သွားလို့ရသည် ။ ‌ဒါပေမယ့် အလုံးစုံတော့မဟုတ် ။ ဖောက်ပြန်ချင်စိတ်ရှိတဲ့သူကတော့ အိမ်ထောင်ပဲရှိရှိ ကလေးပဲရှိရှိ ဖောက်ပြန်မှာပဲလေ ။

ကျန့်ကောအနားသွားမယ်အလုပ် ဂုတ်ကနေ ထပ်ဆွဲခံရလိုက်ရသည် ။

" ဘာလဲ ...!? "

" ဘာသွားရှုပ်မှာလဲ သူမကို စိတ်ညစ်အောင်သွားမလုပ်ပါနဲ့ကွာ "

" ဟ ကျွန်တော်ယောင်္ကျားဆီ သွားမလို့လေ "

" မင်းပြောတော့ ညီအစ်ကိုဆို ? "

" လိမ်ပြောတာ ... "

" ဟက်! ထားပါတော့ ... "

" နေပါအုံး ခင်ဗျားက သဝန်မတိုဘူးလား သူတို့က မရိုးသားရင် ဘယ်လိုလုပ်မလဲ "

လင်းရှန်းက ရယ်ကာ

" ငါသူမကို ယုံတယ် သူမအဲ့လိုလုပ်မှာမဟုတ်ဘူး မင်းလည်း မင်းရှောင်းကျန့်ကို ယုံသင့်တယ် "

" ကျွန်တော်တို့က ချစ်နေတာမှမဟုတ်တာ ကျွန်တော့်ကပဲတစ်ဖက်သတ်ဖြစ်နေတာ "

" စိတ်မကောင်းပါဘူး ... "

" အင်း "

" တော်ပြီ မုန်တိုင်းလာတော့မှာ ပြန်ပြီ "

" အယ့် .... "

ဝမ်ရိပေါ်က အဲ့နားကနေ ဆူပုတ်စွာပဲ ထွက်ခွာသွားသည် ။ လင်းရှန်းက ဝမ်ရိပေါ်ကျောပြင်ကို ကြည့်ကာ

" ဒီလောက်ချစ်ဖို့ကောင်းတာကို ရှောင်းကျန့်က မချစ်ဘူးတဲ့လား ... "

///

" ကျန့်ကောနဲ့ အကြုံလိုက်ခဲ့လို့ရမလားဟင် ... "

မျက်နှာငယ်လေးနဲ့မနက်စာစားနေတဲ့ကျန့်ကောကို တောင်းဆိုကြည့်လိုက်သည်။

" လူတစ်ယောက်ကို သွားခေါ်ရအုံးမှာ ... "

ဝမ်ရိပေါ်က မျက်နှာမဲ့သွားကာ

" ဘယ်သူလဲ? ... ကိုယ်ယောင်္ကျားထက်တောင် ဘယ်သူက တအားအရေးကြီးနေတာလဲ .. "

နောက်ဆုံးစကားတွေကိုတော့ ‌တိုးတိုးလေးပဲ ပြောလိုက်သည် ။

" မင်းသိဖို့မလိုပါဘူး မင်းသာ ဟိုကောင်နဲ့ဝေးဝေးနေ "

" ဘယ်သူလဲ အကိုလင်းရှန်းလား သူကသဘောကောင်းပါတယ် ပြောရရင် သူက ကျွန်တော့်typeပဲ "

" ဘာ.... "

" ဘာမှမဟုတ်ဘူး "

" အင်း "

" ဟွန့် "

ထိုအချိန်မှာ လေဒီယိုကနေ မုန်တိုင်းသတင်းတစ်ခု တင်ဆက်လာသည် ။

" ညနေ3နာရီလား ကျွန်တော်က အတန်းအပိုချိန်ရှိသေးတာကို ... "

" မတက်ပဲ စောစောပြန်လေ "

" လာကြိုမယ်ပြောတော့ သေသွားမှာလားလို့! "

ဟုတ်တယ် ကြာတော့ စိတ်ကမရှည်တော့ဘူး ။
ဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ့်ခင်ပွန်းကို ဂရုစိုက်သင့်ပါတယ် ။

" ဟ မအားဘူးလို့ ... "

" အော် ဟော် ညနေအထိပေါ့လေ နဝါးကောင် ချီးပဲ သွားပြီ ...! "

" .... "

သူကို ဆဲပြီး ထွက်သွားတဲ့ကလေးကို ရှောင်းကျန့်လည်း စက္ကန့်အနည်းငယ်လောက် ကြောင်အနေမိသည် ။
ဝမ်ရိပေါ်က သူနဲ့အတူရှိနေရင် မဆဲပါဘူး ။
အချိုးတွေ ပြောင်းလာသလိုပဲ ။

//

သန့်စင်ခန်းထဲမှာ ဘယ်သူမှမရှိတာကြောင့် ဝမ်ရိပေါ်လည်း သီချင်းဆိုနေမိသည် ။

" အရပ်က ခြောက်ပေ ကြွက်သားတုတ်ခိုင် "

" ကြွက်သားလည်းမရှိပဲနဲ့! "

" ဟ သောက်ကလေးကတော့! "

သူကို လှောင်ရယ်ပြီး ထွက်သွားတဲ့ကလေးကို ဝမ်ရိပေါ်လည်း ဆဲဆိုနေမိသည် ။ ကျန့်ကောဘေးအနား မရှိတာကြာလို့ထင်သည် ။ သူလည်း နည်းနည်းလေးမိုက်ရိုင်းပြီး ဆဲတတ်လာပြီဖြစ်သည် ။

" ဟိ အဲ့ဒါကျန့်ကောကြောင့် ဟွန့် "

လက်ဆေးပြ‌‌ီး အပြင်ထွက်လာတော့ အကုန်လုံးက ပစ္စည်းတွေ သိမ်းနေကြသည် ။

" အယ့် စောစောပြန်ကြတော့မလို့လား ... "

" အင်း ခေါင်းဆောင်က အရေးကြီးတဲ့အခြေအနေကိစ္စရှိလာလို့တဲ့ ... "

" အော် ... "

စောစောပြန်ရတာမို့ ကျန့်ကောကို အိမ်ပြန်လိုက်ပို့ခွင့်တောင်းလို့ရမှာ သေချာသည် ။

" Yes! "

အပြင်‌ေရာက်တာနဲ့ ကျန့်ကောတို့ကုမ္မဏီဘက်ကို ပြေးနိုင်သလောက်ပြေးနေမိသည် ။

တီ တီ

ဖုန်းလာတာကြောင့် ပြေးတာရပ်ကာ ကိုင်လိုက်ရသည် ။

" ချန်း ဘာဖြစ်လို့လဲ ... "

" ရိပေါ် ဒီနေ့ည ပွဲတစ်ခုရှိတယ် မင်းရောပါမလား "

" တော်ပြီ မုန်တိုင်းရှိတဲ့ဟာကို မင်းတို့ကလည်း ဂရုစိုက်ကြပါအုံး "

" မင်းကလည်း လူအင်အားမမျှလို့လေကွာ ..... "

" အဲ့ဒါဆို ... အယ့် .. ခန ... "

" ဘာဖြစ်တာလဲ ... ရိပေါ် "

ကျန့်ကောကို တွေ့လိုက်ရတာမို့ ဖုန်းကို ချလိုက်သည် ။

" ချန်း ခန ... "

ကျန့်ကောက တစ်ဖက်လမ်းမှာစောင့်နေတဲ့ ဝေဝေဆီ‌‌ေပြးသွားပြီး ကြိုပေးတာမို့ ဝမ်ရိပေါ်ရဲ့စိတ်တွေ ဆိုးလာရသည် ။ ချီးပဲ ဒီလူကြီးက ဘာလုပ်ချင်နေတာလဲ ။ သူတုန်းကကျ မအားဘူးဘာညာနဲ့ ။

သူကိုတစ်ခါတစ်လေမှ ကျန့်ကောက သူရဲ့‌ကားကိုပဲ စီးခွင့်ပေးလေသည် ။ အခုလည်း သူမကိုက‌ျ ကိုယ်တိုင်ရာရောက် ကားတံခါးဖွင့်ပေးတာမို့ ဝမ်ရိပေါ်မှာ သဝန်တိုလာရသည် ။

" ခေါင်းသတိထား "

" အေးပါဟယ် "

ရှောင်းကျန့်က ဝေဝေကို ဂရုတစိုက်ဆက်ဆံနေသည်မို့ ဝမ်ရိပေါ်ရဲ့ စောင့်စည်းထားတဲ့နှုတ်က လုံးဝသည်းမခံနိုင်တော့ပေ ။

" ကျန့်ကော! ကျွန်တော်လည်းကျန့်‌ေကာနဲ့ပြန်လိုက်ခဲ့မယ်! "

ကားတံခါးဖွင့်နေတဲ့ရှောင်းကျန့်က တံခါးကိုပြန်ပိတ်ကာ သူဘက်ကို လှည့်လာသည် ။

" အရင်ကလည်း ကိုယ်ဘာသာပြန်နေကျမလား... "

" ဟုတ်တယ်လေ ကျွန်တော့်ဘာသာပြန်နေကျပဲ ဒါပေမယ့် ကျန့်ကောကရော ကျန့်ကောတစ်ယောက်ထဲဘာလို့မပြန်တာလား ကျန့်ကောတစ်ယောက်ထဲပြန်ရင် ကျွန်တော်လည်း တစ်ယောက်တည်းပြန်နိုင်တယ် အခုဟာက ကျန့်ကောက ဘာလို့ခေါင်းဆောင်ဝေဝေနဲ့ပြန်ရတာလဲ ..? "

" မဟုတ်ဘူး ဝမ်ရိပေါ် မင်းမသိဘဲနဲ့ ဝင်မစွက်ဖက်နဲ့ "

" ဘာလို့လဲ? ကျွန်တော်က ခင်ဗျားယောင်္ကျားမဟုတ်ဘူးလား ဒါလေးတောင် သိခွင့်မရှိဘူးလား "

" ဟုတ်တယ် ငါကိစ္စတိုင်းကို မင်းသိစရာမလိုဘူး "

ဝမ်ရိပေါ်က မျက်နှာညိုးသွားကာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည် ။

" ကျွန်တော်ရဲ့နေရာမှာ ခနလောက်ဝင်ကြည့်ပါလားဟင် ကိုယ့်ခင်ပွန်းက တစ်ခြားမိန်းမတစ်ယောက်ကို ဂရုစိုက်ကြင်နာပြနေတာကို ဘယ်သူက ကြည့်နေနိုင်လို့လဲ ခင်ဗျားက ကျွန်တော့်အပေါ်ကိုရော အဲ့လိုဆက်ဆံခဲ့ဖူးလား "

" ဝမ်ရိပေါ် သတိရှိပါအုံး မရှက်ဘူးလား လူတွေ ဝိုင်းကြည့်နေတာ "

" က‌ျွန်တော်အမြဲတမ်းခင်ဗျားကို ညည်းခံခဲ့တာ ခုချိန်ထိပဲနော် ဒ‌ါပေမယ့် ခင်ဗျားက ပြောင်းလဲလာတယ်လို့မရှိဘူး အခုလည်း ခင်ဗျားလုပ်ပုံကိုကြည့်အုံး ဟိုမိန်းမက ခင်ဗျားယူထားတ‌ဲ့လူလား ကျွန်တော်ကမှ ခင်ဗျားယူထားတဲ့လူလားတောင် မသဲကွဲတော့ဘူး "

" ဝမ်ရိပေါ်! မင်းငါဂုဏ်သိက္ခာကို မငဲ့ရင်တောင် ဝေဝေရဲ့ဂုဏ်သိက္ခာကို ငဲ့သင့်တယ် "

" သိက္ခာ ? အခု ခင်ဗျားလုပ်နေတာကလည်း ဂုဏ်သိက္ခာရှိတယ်ထင်နေတာလား ? "

" ဝမ်ရိပေါ် မင်း ...!! "

" ခင်ဗျားပဲစဉ်စားကြည့်လေ ခင်ဗျားနေရာမှာ ကျွန်တော့်သာဆို ရပ်ကြည့်နေမှာလား "

" ငါသာ မင်းနေရာဆို မသိချင်ယောင်ဆောင်ပြီး ထွက်သွားမှာ .... "

" ....... "

ဝမ်ရိပေါ်က ထပ်မံငြိမ်သက်သွားရသည် ။ သူနှလံုးသား‌ေလးလည်း နာကျင်လာရသည် ။ မျက်ရည်တွေိလည်း ဝိုင်းလာရသည် ။

" ဘာဖြစ်နေကြတာလဲ ? "

ဝေဝေက ကားမှန်ချကာ ရှောင်းကျန့်ကို မေးသည် ။
ရှောင်းကျန့်က သူမကို ပြန်ကြည့်ကာ

" ဘာမှမဖြစ်ဘူး ဒီအတိုင်းပဲ ... "

ဝမ်ရိပေါ်လည်း မျက်ရည်တွေသုတ်ကာ

" ဟုတ်တယ် ဟုတ်တယ် ခင်ဗျားပြောတာမှန်တယ် ကျွန်တော် မှားတာ ကျွန်တော်ပဲမှားတာ နောက်တစ်ခေါက်ဆို ခင်ဗျားရဲ့ကိစ္စမှန်သမျှ တစ်ခုမှ ဝင်မပါတော့ဘူး ရပြီမလား "

ဝမ်ရိပေါ်က ဝေဝေကို တစ်ချက်ကြည့်ကာ အဲ့နေရာက လှည့်ထွက်သွားသည် ။

နောက်ကို ပြန်လှည့်ကြည့်တော့ ကျန့်ကောက သူကိုတောင် ဂရုမစိုက်စွာ ကားထဲဝင်သွားသည် ။
မုန်းပစ်ချင်လိုက်တာ ခင်ဗျားရယ် ။

ခုနက ဖုန်းပိတ်ထားလိုက္မိတာမို့ ပြန်ဖွင့်ကြည့်တော့
ချန်းဆီကနဲ့ ကျိရန်ဆီက massageအစောင်တွေ အများကြီးပို့ထားကြသည် ။ ဝမ်ရိပေါ် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်သည် ။ ကျန့်ကောကမှ သူကို ဂရုမစိုက်တာ သူကလည်း ဂရုပြန်စိုက်စရာအကြောင်းအရင်းမရှိဘူးလေ ။

" ဟွန့် နာရိုးမသားကြီး ဟိဟိ "

////

😁🤍
Title nameပြောင်းတော့မယ် ဟိဟိ လို့

Zawgyi

တျဖည္းျဖည္းနဲ႔ သူကို ဂ႐ုစိုက္ေပးလာတဲ့ေ႐ွာင္းက်န္႔ေၾကာင့္ ဝမ္ရိေပၚဟာ ရင္ခုန္သံေတြ ေပါက္မထြက္ေအာင္ ထိန္းေနရသည္ ။

" က်န္႔ေကာ .... "

" ဟင္ ေျပာစရာ႐ွိလို႔လား ... "

" ဘာမွမဟုတ္ပါဘူး အဟီး ... "

အဲ့ဒါပဲ ၾကည့္ ။ ခါတိုင္းဆိုရင္ ဘာလဲ ဘာတုန္း ဆိုတာနဲ႔တင္ သူတို႔က ရန္ျဖစ္ေနရတာ ။ အခု က်န္႔ေကာ စကားတစ္ခြန္းေျပာရင္ က်န္႔ေကာဘက္က အေလွ်ာ့ေပးေနသလို႔ ခံစားရသည္ ။

" ဟိုေလ ကြၽန္ေတာ္ ဆန္ျပဳတ္ေသာက္ခ်င္လို႔ ! "

" ‌အင္း ငါသြားလုပ္လိုကၼယ္ ... "

ဝမ္ရိေပၚလည္း ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ျပလိုက္သည္ ။

ဒီလိုဘာလို႔ေျပာင္းလဲသြားခဲ့ရလဲ‌ဆိုတာသိခ်င္ရင္ ဟိုတစ္ေန႔ေလာက္က အျဖစ္အပ်က္ေလးကို ျပန္ေျပာျပတာေပါ့ ။

///

Studioမွာ ဘာသင္တန္းမွာမ႐ွိတာမို႔ ဝမ္ရိေပၚလည္း က်ိရန္တို႔နဲ႔အတူ ေလွ်ာက္လည္ေနမိသည္ ။ အဓိကကေတာ့ mallမွာ အက်ႌမဝယ္ပဲ ပတ္ၾကည့္တာေပါ့။

" ရားး ရိေပၚ ... "

" ဘာလဲ ... "

" ဟိုမွာ မင္းလင္ "

" ဘယ္မွာလဲ "

က်ိရန္က သူေခါင္းကို ကိုင္ကာ ေ႐ွာင္းက်န္႔တို႔႐ွိရာ ဘယ္ဘက္ကို ၫြန္ျပသည္ ။ က်ိရန္က ေဒါသတႀကီးနဲ႔

" ဟိုမိန္းမႀကီးနဲ႔မလား ... မင္းလင္က အ႐ွက္မ႐ွိ .. "

ဝမ္ရိေပၚလည္း လွမ္းၾကည့္ေတာ့ သူတို႔က ဝတ္စုံတစ္ခုဝယ္ေနပုံပင္ ။ အက်ႌေတြကလည္း ဆင္တူအျပာေတြ ဝတ္ထားေသး ။ ဝမ္ရိေပၚဝင္မပါပဲ ပစ္ထားလိုက္တာနဲ႔တင္ သူတို႔က ဒီအဆင့္ထိ ေရာက္သြားၾကတာလား ... ။

" ဝမ္ ဒီအက်ႌေလး လွတယ္ ဘာၾကည့္ ... ေ႐ွာင္းက်န္႔လား .... "

ေအာ္ လင္း႐ွန္းလည္း ပါ‌လာေသးတယ္ ။

" ဝမ္အစ္ကိုလား သြားႏႈတ္ဆက္ရေအာင္ေလ .. "

က်ိရန္က

" ဘယ္ကအစ္ကိုရမွာလဲ အဲ့ဒါက ရိ ... အု .. "

ဝမ္ရိေပၚကပဲ က်ိရန္ပါးစပ္ေပါက္ကို ပိတ္လိုက္သည္ ။

" အဟမ္း ထားလိုက္ပါေတာ့ ... "

" ဟ ဘာကိုထားရမွာလဲ ရိ‌ ... "

ရိေပၚရဲ႕အံ့ႀကိတ္တဲ့အသံၾကားမွ က်ိရန္လည္း ပါးစပ္ပိတ္သြားသည္ ။

" ဝယ္ၿပီးၾကၿပီမလား ကြၽန္ေတာ့္တို႔သြားရေအာင္ေလ ... "

" အင္းပါ "

ရိေပၚလည္း အဲ့အတြဲကို က်ိန္ဆဲကာ ေ႐ွ႕ဆုံးက ေျပးထြက္လာလိုက္သည္ ။ ငလိုးမလူႀကီး! ။

" ရား ရိေပၚ ေစာင့္အုံး ...! "

က်ိရန္က အေျပးလိုက္လာသည္ ။

" ဘာလဲ ေပ်ာ္ေနသလိုပဲေနာ္ ... "

" ေပ်ာ္ရမွာေပါ့ဟ ငါတို႔ေငြမ႐ွင္းခဲ့ရဘူး ... မင္းသိလား ... ဘယ္သူ႐ွင္းေပးလိုက္လဲဆိုတာ ... "

" လင္း႐ွန္းမလား အားေန ဂုန္းပဲဆင္းေနတယ္‌ "

" ဟ "

ဝမ္ရိေပၚက ဒါပဲေျပာၿပီး ထြက္သြားတာမို႔ ‌က်ိရန္မွာ အူေၾကာင္ေၾကာင္ေလး က်န္ေနခဲ့ရသည္ ။

//

" ပင္ပန္းသြားၾကၿပီ အားလုံးပဲ ‌"

ဆရာမက ႏႈတ္ဆက္သြားေတာ့ ဝမ္ရိေပၚလည္း အိမ္ကို တန္းျပန္ရန္ပဲ ေတြးလိုက္သည္ ။ ဒီေန႔ေတာ့ က်န္႔ေကာနဲ႔အတူ ရေအာင္ျပန္ရမယ္ ။ ေလမုန္တိုင္း႐ွိတယ္လို႔ေျပာထားတာေလ က်န္႔ေကာက ေသခ်ာေပါက္ သူနဲ႔ျပန္မွာပဲ ။ ၿပီးက် အဆင့္တက္ေအာင္ အီစိကလိလုပ္ရမယ္! ။

" ဟိဟိ "

ျဖစ္လာမယ့္အေတြးေတြနဲ႔တင္ ဝမ္ရိေပၚလည္း သေဘာက်စြာ ရယ္ေနမိသည္ ။

" ကြၽန္ေတာ့္လာၿပီ အဟင္းး ... "

ေက်ာပိုးအိတ္ကို ေဘးတစ္ေစာင္းလြယ္လိုက္ကာ က်န္႔ေကာဆီ သြားေနမိသည္ ။ ကုမၼဏီရဲ႕ခပ္ေဝးေဝးမွာ ပန္းျခံႀကီး႐ွိသည္ ။ အဲ့နားေလးက် ပန္းေတြရဲ႕ရနံ႔ကို ႐ူ႐ိႈက္ေနမိသည္ ။

" ေမႊးလိုက္တာေနာ္ ...! "

ပန္းျခံနားက ကားပါကင္နားမွာ က်န္႔ေကာရဲ႕ကားကို ေတြ႕လိုက္ရတာမို႔ ဝမ္ရိေပၚလည္း ေၾကာင္သြားသည္ ။
က်န္႔ေကာက ပန္းျခံကို ဘာလာလုပ္တာလဲ? ။

ပန္းျခံအနားရပ္ထားတာမို႔ ပန္းျခံထဲမွာ ေသခ်ာေပါက္႐ွိမွာပင္ ။ ပန္းျခထဲကို ဝင္ၾကည့္လိုက္သည္ ။

" အယ့္ ေတြ႕ၿပီ က်န္႔ .... အာ ... "

က်န္႔ေကာေဘးနားမွာ တစ္ေယာက္ေယာက္က ထိုင္ေနတာမို႔ မေခၚေတာ့ပဲ အဲ့အနားကေန တျဖည္းျဖည္းသြားကာ ေစာင့္ၾကည့္ေနလိုက္သည္ ။

" ဟိုမိန္းမမလား ..."

ၾကည့္ရတာ စကားေျပာေနၾကပုံပင္ ။

" ဘာေတြေျပာေနၾကတာလဲ .... "

အသံက သိပ္မၾကားရတာမို႔ သြားၾကည့္ခ်င္ေပမယ့္
သိသြားမွာလည္း စိုးတာမို႔ အဲ့နားက ေစာင့္ၾကည့္ေနလိုက္သည္ ။ အခုမွ ၾကည့္မိတယ္ က်န္႔ေကာလက္ထဲမွာလည္း ပန္းစီးႀကီးနဲ႔ ။ အဲ့မိန္းမကို ခ်စ္ခြင့္ပန္မလိုလားမသိ ။ မရဘူး မရဘူးေနာ္ အဲ့လိုမ်ိဳးဆို ဝမ္ရိေပၚက လုံးဝကို ညည္းမခံေပးႏိုင္ဘူး ။

ဒါေပမယ့္ ဟိုမိန္းမက မ်က္ႏွာပ်က္ေနတာမို႔
ဘာေတြတကယ္ျဖစ္ေနလဲမသိ ။
နီးကပ္ၿပီး သြားၾကည့္ရန္ လုပ္လိုက္ေပမယ့္
သူဂုတ္ကို တစ္ေယာက္ေယာက္က ဆြဲမလိုက္ေလသည္ ။

" ဘာလုပ္တာလဲ ! အဲ့ လင္း႐ွန္း ... "

" ဝမ္ မင္းက ဒီမွာဘာလုပ္ေနတာလဲ ? "

" အမ္ ကြၽန္ေတာ္က ဘာလုပ္လို႔လဲ ေနပါအုံး ခင္ဗ်ားကလည္း ဘာလုပ္တာလဲ ? "

" ငါက ငါမိန္းမကို လာၾကည့္တာ ... "

" ဘာ ... လင္း႐ွန္းက မိန္းမ႐ွိတာလား "

လင္း႐ွန္းက ေခါင္းၿငိမ့္ျပသည္ ။

" ဘယ္သူလဲ ... "

လင္း႐ွန္က က်န္႔ေကာတို႔႐ွိရာဘက္ကို မ်က္ႏွာမူျပေနတာမို႔ ‌ဝမ္ရိေပၚ မ်က္လုံးျပဴးသြားရသည္ ။

" အဲ့မိန္းမက လင္း႐ွန္းမိန္းမ ..! "

" အင္း "

လင္း႐ွန္က အေၾကာင္းအနည္းငယ္ကို ႐ွင္းျပသည္ ။

လင္း႐ွန္းက ဝမ္ရိေပၚကိုကပ္တာက ေ႐ွာင္းက်န္႔ဆီက attentionလိုခ်င္လို႔ျဖစ္သည္ ။ ေဝေဝက ေ႐ွာင္းက်န္႔နဲ႔အရင္းႏွီးဆုံးမို႔ လင္း႐ွန္းက ေ႐ွာင္းက်န္႔ဆီက အကူ‌အညီေတာင္းခံခ်င္ေပမယ့္ ေ႐ွာင္းက်န္႔က ခြင့္မျပဳေပ ။

သူတို႔ႏွစ္ေယာက္က ႏိုင္ငံျခားမွာကတည္းက လက္ထပ္ၿပီးသားလည္းျဖစ္သည္ ။ အိမ္ေထာင္ေရးအေျခအေနမွာ ေငြကိစၥအလိမ္ခံရတာနဲ႔ အခက္အခဲျဖစ္လာေတာ့ သူတို႔ႏွစ္ေယာက္လည္း သေဘာထားခ်င္းမတိုက္ဆိုင္တာနဲ႔ ရန္ျဖစ္ၾကရင္း ေဝေဝက အိမ္ေပၚက ဆင္းလာတာျဖစ္သည္ ။ သူကလည္း လိုက္ေခၚေပးမယ့္ မာနႀကီးတဲ့ေဝေဝက လက္မခံပဲ ဒီမွာ သူတတ္တဲ့ studioက အကနဲ႔ ပညာလာသင္ေပးသည္ ။

လိမ္ခံရတာေတြက ျပန္ရၿပီမို႔ ျပန္လည္ေျဖ႐ွင္းၿပီးလာေခ်ာ့ေပးမယ့္ ဟိုက လက္မခံ ။

" ေအာ္ အဲ့လို႔လား .. ဘာေနေန ခင္ဗ်ားမိန္းမကို အျမန္ေခၚသြား ... ကြၽန္ေတာ္ေယာက်ၤားနဲ႔ေနရာတကာကာမွာ တပူးပူးတတြဲတြဲ အျမင္ကတ္ဖို႔ေကာင္းလိုက္တာ ... "

" မင္းေယာက်ၤားေၾကာင့္လည္း ပါတယ္ေလ ေနရာတကာမွာ လိုက္႐ႈပ္လြန္းတယ္ ငါအခုလာေခ်ာ့တာေတာင္ ဟီး႐ိုးလုပ္ၿပီး ကယ္သြားေသး အဲ့ေကာင္ကိုင္ထားတဲ့ပန္းစည္း ေတြ႕လား အဲ့ဒါ ငါဟာ ... "

အဲ့က်မွ ဝမ္ရိေပၚလည္း စိုးရိမ္ေနတဲ့စိတ္ေတြ ေျဖေဖ်ာက္သြားလို႔ရသည္ ။ ‌ဒါေပမယ့္ အလုံးစုံေတာ့မဟုတ္ ။ ေဖာက္ျပန္ခ်င္စိတ္႐ွိတဲ့သူကေတာ့ အိမ္ေထာင္ပဲ႐ွိ႐ွိ ကေလးပဲ႐ွိ႐ွိ ေဖာက္ျပန္မွာပဲေလ ။

က်န္႔ေကာအနားသြားမယ္အလုပ္ ဂုတ္ကေန ထပ္ဆြဲခံရလိုက္ရသည္ ။

" ဘာလဲ ...!? "

" ဘာသြား႐ႈပ္မွာလဲ သူမကို စိတ္ညစ္ေအာင္သြားမလုပ္ပါနဲ႔ကြာ "

" ဟ ကြၽန္ေတာ္ေယာက်ၤားဆီ သြားမလို႔ေလ "

" မင္းေျပာေတာ့ ညီအစ္ကိုဆို ? "

" လိမ္ေျပာတာ ... "

" ဟက္! ထားပါေတာ့ ... "

" ေနပါအုံး ခင္ဗ်ားက သဝန္မတိုဘူးလား သူတို႔က မ႐ိုးသားရင္ ဘယ္လိုလုပ္မလဲ "

လင္း႐ွန္းက ရယ္ကာ

" ငါသူမကို ယုံတယ္ သူမအဲ့လိုလုပ္မွာမဟုတ္ဘူး မင္းလည္း မင္းေ႐ွာင္းက်န္႔ကို ယုံသင့္တယ္ "

" ကြၽန္ေတာ္တို႔က ခ်စ္ေနတာမွမဟုတ္တာ ကြၽန္ေတာ့္ကပဲတစ္ဖက္သတ္ျဖစ္ေနတာ "

" စိတ္မေကာင္းပါဘူး ... "

" အင္း "

" ေတာ္ၿပီ မုန္တိုင္းလာေတာ့မွာ ျပန္ၿပီ "

" အယ့္ .... "

ဝမ္ရိေပၚက အဲ့နားကေန ဆူပုတ္စြာပဲ ထြက္ခြာသြားသည္ ။ လင္း႐ွန္းက ဝမ္ရိေပၚေက်ာျပင္ကို ၾကည့္ကာ

" ဒီေလာက္ခ်စ္ဖို႔ေကာင္းတာကို ေ႐ွာင္းက်န္႔က မခ်စ္ဘူးတဲ့လား ... "

///

" က်န္႔ေကာနဲ႔ အၾကဳံလိုက္ခဲ့လို႔ရမလားဟင္ ... "

မ်က္ႏွာငယ္ေလးနဲ႔မနက္စာစားေနတဲ့က်န္႔ေကာကို ေတာင္းဆိုၾကည့္လိုက္သည္။

" လူတစ္ေယာက္ကို သြားေခၚရအုံးမွာ ... "

ဝမ္ရိေပၚက မ်က္ႏွာမဲ့သြားကာ

" ဘယ္သူလဲ? ... ကိုယ္ေယာက်ၤားထက္ေတာင္ ဘယ္သူက တအားအေရးႀကီးေနတာလဲ .. "

ေနာက္ဆုံးစကားေတြကိုေတာ့ ‌တိုးတိုးေလးပဲ ေျပာလိုက္သည္ ။

" မင္းသိဖို႔မလိုပါဘူး မင္းသာ ဟိုေကာင္နဲ႔ေဝးေဝးေန "

" ဘယ္သူလဲ အကိုလင္း႐ွန္းလား သူကသေဘာေကာင္းပါတယ္ ေျပာရရင္ သူက ကြၽန္ေတာ့္typeပဲ "

" ဘာ.... "

" ဘာမွမဟုတ္ဘူး "

" အင္း "

" ဟြန္႔ "

ထိုအခ်ိန္မွာ ေလဒီယိုကေန မုန္တိုင္းသတင္းတစ္ခု တင္ဆက္လာသည္ ။

" ညေန3နာရီလား ကြၽန္ေတာ္က အတန္းအပိုခ်ိန္႐ွိေသးတာကို ... "

" မတက္ပဲ ေစာေစာျပန္ေလ "

" လာႀကိဳမယ္ေျပာေတာ့ ေသသြားမွာလားလို႔! "

ဟုတ္တယ္ ၾကာေတာ့ စိတ္ကမ႐ွည္ေတာ့ဘူး ။
ဘယ္ေလာက္ပဲျဖစ္ျဖစ္ ကိုယ့္ခင္ပြန္းကို ဂ႐ုစိုက္သင့္ပါတယ္ ။

" ဟ မအားဘူးလို႔ ... "

" ေအာ္ ေဟာ္ ညေနအထိေပါ့ေလ နဝါးေကာင္ ခ်ီးပဲ သြားၿပီ ...! "

" .... "

သူကို ဆဲၿပီး ထြက္သြားတဲ့ကေလးကို ေ႐ွာင္းက်န္႔လည္း စကၠန္႔အနည္းငယ္ေလာက္ ေၾကာင္အေနမိသည္ ။
ဝမ္ရိေပၚက သူနဲ႔အတူ႐ွိေနရင္ မဆဲပါဘူး ။
အခ်ိဳးေတြ ေျပာင္းလာသလိုပဲ ။

//

သန္႔စင္ခန္းထဲမွာ ဘယ္သူမွမ႐ွိတာေၾကာင့္ ဝမ္ရိေပၚလည္း သီခ်င္းဆိုေနမိသည္ ။

" အရပ္က ေျခာက္ေပ ႂကြက္သားတုတ္ခိုင္ "

" ႂကြက္သားလည္းမ႐ွိပဲနဲ႔! "

" ဟ ေသာက္ကေလးကေတာ့! "

သူကို ေလွာင္ရယ္ၿပီး ထြက္သြားတဲ့ကေလးကို ဝမ္ရိေပၚလည္း ဆဲဆိုေနမိသည္ ။ က်န္႔ေကာေဘးအနား မ႐ွိတာၾကာလို႔ထင္သည္ ။ သူလည္း နည္းနည္းေလးမိုက္႐ိုင္းၿပီး ဆဲတတ္လာၿပီျဖစ္သည္ ။

" ဟိ အဲ့ဒါက်န္႔ေကာေၾကာင့္ ဟြန္႔ "

လက္ေဆးျပ‌‌ီး အျပင္ထြက္လာေတာ့ အကုန္လုံးက ပစၥည္းေတြ သိမ္းေနၾကသည္ ။

" အယ့္ ေစာေစာျပန္ၾကေတာ့မလို႔လား ... "

" အင္း ေခါင္းေဆာင္က အေရးႀကီးတဲ့အေျခအေနကိစၥ႐ွိလာလို႔တဲ့ ... "

" ေအာ္ ... "

ေစာေစာျပန္ရတာမို႔ က်န္႔ေကာကို အိမ္ျပန္လိုက္ပို႔ခြင့္ေတာင္းလို႔ရမွာ ေသခ်ာသည္ ။

" Yes! "

အျပင္‌ေရာက္တာနဲ႔ က်န္႔ေကာတို႔ကုမၼဏီဘက္ကို ေျပးႏိုင္သေလာက္ေျပးေနမိသည္ ။

တီ တီ

ဖုန္းလာတာေၾကာင့္ ေျပးတာရပ္ကာ ကိုင္လိုက္ရသည္ ။

" ခ်န္း ဘာျဖစ္လို႔လဲ ... "

" ရိေပၚ ဒီေန႔ည ပြဲတစ္ခု႐ွိတယ္ မင္းေရာပါမလား "

" ေတာ္ၿပီ မုန္တိုင္း႐ွိတဲ့ဟာကို မင္းတို႔ကလည္း ဂ႐ုစိုက္ၾကပါအုံး "

" မင္းကလည္း လူအင္အားမမွ်လို႔ေလကြာ ..... "

" အဲ့ဒါဆို ... အယ့္ .. ခန ... "

" ဘာျဖစ္တာလဲ ... ရိေပၚ "

က်န္႔ေကာကို ေတြ႕လိုက္ရတာမို႔ ဖုန္းကို ခ်လိုက္သည္ ။

" ခ်န္း ခန ... "

က်န္႔ေကာက တစ္ဖက္လမ္းမွာေစာင့္ေနတဲ့ ေဝေဝဆီ‌‌ေျပးသြားၿပီး ႀကိဳေပးတာမို႔ ဝမ္ရိေပၚရဲ႕စိတ္ေတြ ဆိုးလာရသည္ ။ ခ်ီးပဲ ဒီလူႀကီးက ဘာလုပ္ခ်င္ေနတာလဲ ။ သူတုန္းကက် မအားဘူးဘာညာနဲ႔ ။

သူကိုတစ္ခါတစ္ေလမွ က်န္႔ေကာက သူရဲ႕‌ကားကိုပဲ စီးခြင့္ေပးေလသည္ ။ အခုလည္း သူမကိုက‌် ကိုယ္တိုင္ရာေရာက္ ကားတံခါးဖြင့္ေပးတာမို႔ ဝမ္ရိေပၚမွာ သဝန္တိုလာရသည္ ။

" ေခါင္းသတိထား "

" ေအးပါဟယ္ "

ေ႐ွာင္းက်န္႔က ေဝေဝကို ဂ႐ုတစိုက္ဆက္ဆံေနသည္မို႔ ဝမ္ရိေပၚရဲ႕ ေစာင့္စည္းထားတဲ့ႏႈတ္က လုံးဝသည္းမခံႏိုင္ေတာ့ေပ ။

" က်န္႔ေကာ! ကြၽန္ေတာ္လည္းက်န္႔‌ေကာနဲ႔ျပန္လိုက္ခဲ့မယ္! "

ကားတံခါးဖြင့္ေနတဲ့ေ႐ွာင္းက်န္႔က တံခါးကိုျပန္ပိတ္ကာ သူဘက္ကို လွည့္လာသည္ ။

" အရင္ကလည္း ကိုယ္ဘာသာျပန္ေနက်မလား... "

" ဟုတ္တယ္ေလ ကြၽန္ေတာ့္ဘာသာျပန္ေနက်ပဲ ဒါေပမယ့္ က်န္႔ေကာကေရာ က်န္႔ေကာတစ္ေယာက္ထဲဘာလို႔မျပန္တာလား က်န္႔ေကာတစ္ေယာက္ထဲျပန္ရင္ ကြၽန္ေတာ္လည္း တစ္ေယာက္တည္းျပန္ႏိုင္တယ္ အခုဟာက က်န္႔ေကာက ဘာလို႔ေခါင္းေဆာင္ေဝေဝနဲ႔ျပန္ရတာလဲ ..? "

" မဟုတ္ဘူး ဝမ္ရိေပၚ မင္းမသိဘဲနဲ႔ ဝင္မစြက္ဖက္နဲ႔ "

" ဘာလို႔လဲ? ကြၽန္ေတာ္က ခင္ဗ်ားေယာက်ၤားမဟုတ္ဘူးလား ဒါေလးေတာင္ သိခြင့္မ႐ွိဘူးလား "

" ဟုတ္တယ္ ငါကိစၥတိုင္းကို မင္းသိစရာမလိုဘူး "

ဝမ္ရိေပၚက မ်က္ႏွာညိဳးသြားကာ စကၠန္႔အနည္းငယ္ေလာက္ တိတ္ဆိတ္သြားသည္ ။

" ကြၽန္ေတာ္ရဲ႕ေနရာမွာ ခနေလာက္ဝင္ၾကည့္ပါလားဟင္ ကိုယ့္ခင္ပြန္းက တစ္ျခားမိန္းမတစ္ေယာက္ကို ဂ႐ုစိုက္ၾကင္နာျပေနတာကို ဘယ္သူက ၾကည့္ေနႏိုင္လို႔လဲ ခင္ဗ်ားက ကြၽန္ေတာ့္အေပၚကိုေရာ အဲ့လိုဆက္ဆံခဲ့ဖူးလား "

" ဝမ္ရိေပၚ သတိ႐ွိပါအုံး မ႐ွက္ဘူးလား လူေတြ ဝိုင္းၾကည့္ေနတာ "

" က‌်ြန္ေတာ္အၿမဲတမ္းခင္ဗ်ားကို ညည္းခံခဲ့တာ ခုခ်ိန္ထိပဲေနာ္ ဒ‌ါေပမယ့္ ခင္ဗ်ားက ေျပာင္းလဲလာတယ္လို႔မ႐ွိဘူး အခုလည္း ခင္ဗ်ားလုပ္ပုံကိုၾကည့္အုံး ဟိုမိန္းမက ခင္ဗ်ားယူထားတ‌ဲ႕လူလား ကြၽန္ေတာ္ကမွ ခင္ဗ်ားယူထားတဲ့လူလားေတာင္ မသဲကြဲေတာ့ဘူး "

" ဝမ္ရိေပၚ! မင္းငါဂုဏ္သိကၡာကို မငဲ့ရင္ေတာင္ ေဝေဝရဲ႕ဂုဏ္သိကၡာကို ငဲ့သင့္တယ္ "

" သိကၡာ ? အခု ခင္ဗ်ားလုပ္ေနတာကလည္း ဂုဏ္သိကၡာ႐ွိတယ္ထင္ေနတာလား ? "

" ဝမ္ရိေပၚ မင္း ...!! "

" ခင္ဗ်ားပဲစဥ္စားၾကည့္ေလ ခင္ဗ်ားေနရာမွာ ကြၽန္ေတာ့္သာဆို ရပ္ၾကည့္ေနမွာလား "

" ငါသာ မင္းေနရာဆို မသိခ်င္ေယာင္ေဆာင္ၿပီး ထြက္သြားမွာ .... "

" ....... "

ဝမ္ရိေပၚက ထပ္မံၿငိမ္သက္သြားရသည္ ။ သူႏွလံဳးသား‌ေလးလည္း နာက်င္လာရသည္ ။ မ်က္ရည္ေတြိလည္း ဝိုင္းလာရသည္ ။

" ဘာျဖစ္ေနၾကတာလဲ ? "

ေဝေဝက ကားမွန္ခ်ကာ ေ႐ွာင္းက်န္႔ကို ေမးသည္ ။
ေ႐ွာင္းက်န္႔က သူမကို ျပန္ၾကည့္ကာ

" ဘာမွမျဖစ္ဘူး ဒီအတိုင္းပဲ ... "

ဝမ္ရိေပၚလည္း မ်က္ရည္ေတြသုတ္ကာ

" ဟုတ္တယ္ ဟုတ္တယ္ ခင္ဗ်ားေျပာတာမွန္တယ္ ကြၽန္ေတာ္ မွားတာ ကြၽန္ေတာ္ပဲမွားတာ ေနာက္တစ္ေခါက္ဆို ခင္ဗ်ားရဲ႕ကိစၥမွန္သမွ် တစ္ခုမွ ဝင္မပါေတာ့ဘူး ရၿပီမလား "

ဝမ္ရိေပၚက ေဝေဝကို တစ္ခ်က္ၾကည့္ကာ အဲ့ေနရာက လွည့္ထြက္သြားသည္ ။

ေနာက္ကို ျပန္လွည့္ၾကည့္ေတာ့ က်န္႔ေကာက သူကိုေတာင္ ဂ႐ုမစိုက္စြာ ကားထဲဝင္သြားသည္ ။
မုန္းပစ္ခ်င္လိုက္တာ ခင္ဗ်ားရယ္ ။

ခုနက ဖုန္းပိတ္ထားလိုကၼိတာမို႔ ျပန္ဖြင့္ၾကည့္ေတာ့
ခ်န္းဆီကနဲ႔ က်ိရန္ဆီက massageအေစာင္ေတြ အမ်ားႀကီးပို႔ထားၾကသည္ ။ ဝမ္ရိေပၚ မဲ့ျပဳံးေလးတစ္ခ်က္ျပဳံးလိုက္သည္ ။ က်န္႔ေကာကမွ သူကို ဂ႐ုမစိုက္တာ သူကလည္း ဂ႐ုျပန္စိုက္စရာအေၾကာင္းအရင္းမ႐ွိဘူးေလ ။

" ဟြန္႔ နာ႐ိုးမသားႀကီး ဟိဟိ "

////

😁🤍








Continue Reading

You'll Also Like

33K 1.1K 23
Freen Sarocha chankimha Profesor at Rangsit Uni, 25 years old rich Becky Armstrong student at Rangsit uni 20 years old Prof x student
441K 13.2K 96
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
58.2K 3.6K 32
မြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း