EP - 12

1.8K 120 4
                                    

Unicode

" ဘာကိုမုန်တိုင်းလဲ ဟမ့် လာလည်းမလာပဲနဲ့! "

ညနေစောင်းတဲ့အထိ ဝမ်ရိပေါ်လည်း အိမ်မပြန်ပဲ လမ်းမှာသာ မှုန်ကုတ်ပြီး ရပ်နေမိသည် ။

ပြောတော့ မုန်တိုင်းတဲ့ ။ မဲမှောင်နေတဲ့တိမ်စိုင်တွေကလည်း လွင်ပြယ်သွားတာများ ။

လက်ကနာရီကို ကြည့်လိုက်တော့ ညနေ5နာရီရှိနေပြီဖြစ်တယ် ။

" ရိပေါ် ဒီမှာ ! "

ချန်းတို့အဖွဲ့က ကားတစ်စီးနဲ့ရောက်လာသည် ။ ကျိရန်ကလည်း ပါလာသေး ။ ကျိရန်က ဝမ်ရိပေါ်ကို အားတက်သရော်နဲ့ပြောသည် ။

" ရိပေါ် လာ လာ ဖိုက်ဖို့မစောင့်နိုင်‌ေတာ့ဘူး "

ရိပေါ်လည်း မျက်နှာမဲ့ပြလိုက်ကာ ကားထဲဝင်လိုက်သည် ။ ကားထဲမှာ ဘာမှလည်းရှိမနေတာမို့

" ရန်ဖြစ်တာဆို တုတ်တွေမပါဘူးလား "

ကျိရန်က ဝမ်ရိပေါ်ကို စိတ်လေသလိုကြည့်ကာ

" ဟိုဘက်က ငါတို့လုပ်လို့ လက်လွန်သွားရင် ထောင်နန်းစံနေရပါအုံးမယ် "

" အမယ် နိုင်မှာကျလို့ "

ကျိရန်က ဆက်ပြောသည် ။

" ရှုံးလို့မရဘူး ရိပေါ်ရ ! ငါတို့ အပေးအယူထပ်လုပ်ထားသေးတယ် "

" ဟမ် ဘာအပေးအယူ ? "

" ရှုံးရင် ငါတို့ခေါင်းဆောင်က သူတို့ဘက်က တစ်ယောက်ယောက်နဲ့ တစ်ရက်လောက် ဒိတ်ပေးရမယ် "

" ဘာ ...! ငါမဟုတ်ဘူးမလား "

အကုန်လုံးက သူကို ဆပ်ဖြီးဖြီးနဲ့ကြည့်လာကြသည် ။

" ရူးနေတာလား ငါက အိမ်ထောင်သည်ကြီးလေ "

" ဘာကိုအိမ်ထောင်လဲ?ဦးလေးရှောင်းက မင်းကို ချစ်လို့လား မချစ်ပဲနဲ့ သူမချစ်ရင် မင်းက လူလွတ်ပဲ ပြီးကျ သူက မင်းကို ဂရုမစိုက်ဘူးလေ ဟိုမိန်းမနဲ့တောင် တွဲသွားတွဲလာ လုပ်နေတာ မင်း စိတ်မနာဘူးလား "

" အဲ့ဒါက ..... "

ဝမ်ရိပေါ်ဘက်က တိတ်ဆိတ်သွားတာမြင်တော့ ကျိရန်က ပြုံးကာ

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Where stories live. Discover now