EP - 6

1.8K 148 4
                                    

Unicode

" ကျန့်ကော ပြောတော့ မပင်ပန်းဘူးတဲ့ ပင်ပန်းလို့သေပြီ "

‌ဆပ်ပြာ ကြော်ငြာတာလည်း ကြော်ငြာတာပေါ့ ။
အခုဟာက ဆပ်ပြာကြော်ငြာတာလား ။ အဝတ်အစား
ကြော်ငြာတာလားပဲ ။ ဒီလောက်ပူတာ အနွေးထည်ကြီးတွေ ဝတ်ခိုင်းလိုက်နဲ့ မွန်းကြပ်ပြီးတောင် သေနိုင်သည် ။ လုပ်တာတစ်ပတ်လောက်ရှိတော့မယ်ဆိုပေမယ့် ကျန့်ကောကြောင့်သာ သည်းခံပြီးငြိမ်နေရတာ ။ အခုလည်း ခိုးထွက်လာတာဖြစ်သည် ။  ကျန့်ကော သိသွားလို့ ဆူရင်လည်း ချွဲရုံပဲမလား ။

" ဟဲဟဲ အပြင်ရောက်တုန်းလေး အဝဆွဲရမယ် "

ဘောင်းဘီအိပ်ကပ်ထဲ စမ်းကြည့်လိုက်တော့
တစ်ပြားတစ်ကျပ်မှ ရှိမနေ ။

" ဟာ ချီးပဲ ..... "

ဖုန်းလည်း ယူမလာမိ ။ ယူလာခဲ့ရင်တောင်
ကျန့်ကောကို ငွေလွှဲခိုင်းလို့ရသေး ။

" ဒီအတိုင်းကြီးတော့ ပြန်မသွားနိုင်ဘူး .. "

အဝမဆွဲခဲ့ရရင်တောင် အနည်းဆုံး လေကောင်းလေသန့်တော့ ရှုသွားရင် အကောင်းဆုံးပဲ ။
ဟိုဟိုဒီဒီနားပဲ လျှောက်သွားကြည့်နေမိသည် ။

တစ်ဖက်ကတော့

" ရိုက်မယ့်မင်းသားရော ... "

" ဘယ်ရောက်သွားလဲမသိပါဘူး ဆရာရယ် "

‌ဝန်ထမ်းတွေလည်း ခေါင်းစားနေပြီဖြစ်သည် ။
လူသစ်လေးက သန့်စင်ခန်း ခနဆိုပြီး သွားကတည်းက
ပြန်မလာတာ နာရီအတော်ကြာနေပြီဖြစ်သည် ။ သူတို့လည်း ရှာနေပေမယ့် မတွေ့တော့ လက်ပန်းကျနေပြီဖြစ်သည် ။

" ‌နေရာ နှံအောင်လည်း ရှာပြီးပြီ ဘယ်နေရာမှ မတွေ့ဘူး "

" သူဌေးရော သိပြီးပြီလား .. "

" သူဌေးက လာမစစ်‌ေဆးသေးဘူး "

" သူလူဆိုတော့ သူကိုပဲ သတင်း‌သွားပေးလိုက်တော့
အေ့ ဟိုကောင်လေး လာစမ်း ... "

" အဲ့ကောင်လေးက ... "

ဝန်ထမ်းလေးစကားမဆုံးခင် ရှောင်းသူဌေးက ရောက်လာသည် ။

" သူဌေးရှောင်း ... "

" ဘာဖြစ်ပြန်တာလဲ ... "

ရှောင်းသူဌေးလေးက စိတ်မကြည်တဲ့ပုံစံမို့
ဒါရိုက်တာလည်း မရဲတရဲ ပြောပြလိုက်သည် ။

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Opowieści tętniące życiem. Odkryj je teraz