EP - 10

1.9K 133 6
                                    

Unicode

" ဝေ့ ဟိုမှာ သူဌေးနဲ့ခေါင်းဆောင်မလား ... "

ဝမ်ရိပေါ်နဲ့မိတ်ဆွေဖွဲ့ချင်နေတဲ့ကောင်မလေးတစ်ယောက်က ဝမ်ရိပေါ်ဘေးနား လာထိုင်ကာ စကားဖောင်ဖွဲ့နေကြတဲ့နှစ်ယောက်ကို မျက်စောင်းထိုးပြသည် ။

" မသိဘူး ... "

" ဟုတ်ပါတယ်ဆို အတွဲတွေလိုပဲနော် ... "

ဝမ်ရိပေါ်ကိုင်ထားတဲ့ပဲနို့ဘူးလေးက ညစ်ခံနေရတာကြောင့် နို့ရေတွေက အကုန်ညစ်ထွက်ကုန်သည် ။

" အယ့် ... "

" မင်းစကားများနေမယ်ဆို ငါနဲ့မိတ်ဆွေလုပ်ချင်နေတာကို လက်လျော့လိုက်တော့ ... "

" တောင်းပန်ပါတယ် ... "

စိတ်တိုလိုက်တာနော် ... ကျန့်ကောကလည်း ဘာလို့ လူတွေအထင်လွဲအောင် အဲ့‌မိန်းမနဲ့ ပူးကပ်နေပြလဲမသိဘူး .... ။ နေ့လည်မို့ အိမ်ကနေ မြို့ထဲအထိ နေ့လည်စာ လာစားပါတယ်  ။ တိုက်ဆိုင်ချက် သူစားတဲ့ဆိုင်မှာ လာတွေ့ရတယ်လို့ ... ။

" တော်ပြီ စားချင်စိတ်မရှိတော့ဘူး "

Waiterလေးကို လက်လှမ်းပြကာ ခေါ်လိုက်သည် ။

" ဘာများကူညီပေးရမလဲခင်ဗျ ... "

" အမ် ငွေရှင်းမလို့လေ ... "

" အာ လူကြီးမင်းဝိုင်းက ရှင်းပေးပြီးသွားပါပြီဗျ .. "

" ဘာ ... ဘယ်သူရှင်းတာလဲ ... "

Waiterလေးက ရှောင်းကျန့်တို့ရှိရာအဘက်ကို ညွှန်ပြသည် ။ ဝမ်ရိပေါ်လည်း အဲ့ဘက်ရှိနေရာကို လှမ်းကြည့်တော့ ကျန့်ကောက လှမ်းကြည့်နေတာနဲ့ အကြည့်ချင်းစုံသွားသည် ။ သူဘက်က အရင်မျက်နှာလွဲကာ ထလိုက်သည် ။

သူထွက်သွားတော့ အနောက်ကကောင်မလေးက လိုက်လာသည် ။

" အယ့် ဝမ်ရိပေါ်လို့ခေါ်တာမလားဟင် ခင်ချင်လို့ပါ ... "

" ကိုယ့်ဘာသာပဲနေပါကွာ .. "

" ဟို သမီးက ခင်ချင်လို့ပါ ... "

" ဟ မင်းအသက်ဘယ်လောက်တုန်း ... "

" ဟီးဟီး 15 ... "

" ကျောင်းတက်နေရမယ်အရွယ်က အကstudioမှာ ဘာလာလုပ်တာတုန်း ... "

" ကျောင်းလည်းတက်ပါတယ် ဒီဟာက လာခိုးတက်တာ ... "

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Where stories live. Discover now