EP - 9

1.7K 130 4
                                    

Unicode

ဝမ်ရိပေါ်ဟာ နာရီဝက်လောက် ကုတင်ကို တစိမ့်စိမ့်ကြည့်နေမိသည် ။

ကျိရန်ဆီ စာထပ်ပို့လိုက်ကာ

* ‌ကုတင်ခွဲနေဖို့အထိတောင် လိုတာလား ? "

[ ကျိရန် ] * လိုတယ် ခုချက်ချင်းခွဲနေ !! *

ဝမ်ရိပေါ်လည်း သက်ပျင်းချကာ ...

* အေးပါ *

ဖုန်းကို ပိတ်လိုက်ကာ ကျန့်ကောကိုပဲ လည်ပင်းတဆန့်ဆန့် မျှော်နေမိသည် ။ သူတကယ်ကြီး ခွဲမအိပ်ချင်ဘူး ။

နာရီဝက်လောက်ကြတော့ ခြံထဲက မီးတွေ အကုန်ပိတ်ကျသွားတာတွေ့တော့ ရှောင်းက်န့် အပေါ်ထပ်တက်လာလောက်ပြီဆိုတာ သေချာသည် ။

ခေါင်းအုံးကို ပိုက်ကာ ကျိရန်ကို မေတ္တာပို့နေရသည် ။
တကယ်ကြီးခွဲနေလိုက်လို့ ပိုစိမ်းသွားမှ ။ ပို‌ဆိုးတာက
ကျန့်ကောက သူကို မချစ်ဘူးလေ ။

အထဲဝင်လာတဲ့ရှောင်းကျန့်က ခေါင်းအုံးပိုက်ထားတဲ့ဝမ်ရိပေါ်ကို တွေ့တော့ ကြောင်ကြည့်တယ် ။

" အဲ့ဒါ ဘာလုပ်နေတာ ... "

" ဟို ... ကျွန်တော့်က .... "

" မပြောချင်လည်းနေ ငါအိပ်ချင်နေပြီ ဝှားး "

ရှောင်းကျန့်က သမ်းကာ ကုတင်ပေါ်လှဲပြီး အိပ်သွားသည်။

မကျေနပ်တာတွေ ဝုန်းမယ်စဉ်စားထားတဲ့ဝမ်ရိပေါ်ကတော့ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ကျန့်ကောဘေးအနား ဝင်လှဲလိုက်သည် ။ သူလည်း ကျန့်ကောနဲ့စကားများရတာ မကြိုက်ဘူး ... ။ ချစ်ရတာ တကယ်ပင်ပန်းတာပဲ .... ။

သူဘေးနားအရိပ်လေးဝင်လှဲသွားမှ ရှောင်းကျန့်လည်း စိတ်ချလက်ချအိပ်လို့ရတော့သည် ။ သူသိသားပဲ ဝမ်ရိပေါ်က သူမားကြောင့် သူကို မကျေနပ်တဲ့ကိစ္စတွေနဲ့ လာပေါက်ကွဲပြတော့မယ်ဆိုတာ ။ မားနဲ့ကတည်းက သူကိုပါ မကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်နေတာ ... ။
သူတကယ်ဝမ်ရိပေါ်နဲ့ စကားများရတာ မကြိုက်ဘူး ... ။

///

မနက်နိုးလာတော့ ဝမ်ရိပေါ်က တစ်စုံတစ်ခုပေါ်ကို မရရအောင် သိမ်းကျုံးခွနေသည် ။

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Where stories live. Discover now