EP - 4

1.9K 148 1
                                    

Unicode

မနက်ရောက်တော့ ခါတိုင်းလိုပင် ။ သူနောက်ကျမှ နိုးလာသည် ။ ရှောင်းကျန့်က ဘယ်ရောက်သွားလဲတော့မသိ ။ ကုတင်ပေါ်က ထကာ မျက်နှာသစ် သွားတိုက်လိုက်သည် ။ အင်္ကျီလဲပြီးနောက် ခြံအောက် ဆင်းကြည့်တော့ ကျန့်ကောက ပန်းပင်တွေ ရေလောင်းနေသည် ။
ဒီနေ့လည်း ကုမ္မဏီမသွားတာလားမသိ ။ ကျန့်ကောအနား သွားလိုက်ကာ

" ကျန့်ကော "

" ‌အမ် အေး ဘာလဲ "

" ဒီနေ့လည်း ကုမ္မဏီမသွားဘူးလား "

" မနက်ဖြန်မှ သွားမှာ "

" အာ အဲ့ဒါဆို ကျွန်တော်လည်း လိုက်လို့ရပြီပေါ့ "

" အင်း "

" အဲ့ကျ ဘယ်ကစလုပ်ရမှာလဲဟင် "

" နေရာက များများစားစားမရှိဘူး မင်း ကြော်ငြာရိုက်တာတွေ စိတ်ဝင်စားလား ... "

" ကြော်ငြာ .... အင်း ရတယ် "

ဘာနေနေ ကျန့်ကောနဲ့အတူ တစ်နေရာတည်းလုပ်ခွင့်ရတာကိုက ကျေနပ်ဖို့ကောင်းနေပါပြီ ။

" ဒါပေမယ့် .... "

ရှောင်းကျန့်က ပန်းတစ်ပွင့်ကို ခူးလိုက်ကာ

" မင်းနဲ့ငါ လက်ထပ်ထားတယ်ဆိုတာ လျို့ဝှက်ထားရမယ် "

ဝမ်ရိပေါ်က စိတ်လည်းအလိုမကျသလို့ ဝမ်းနည်းသွားရသည် ။

" ဘာလို့လဲ "

" မင်းနဲ့မဆိုင်ပါဘူး "

ထို့နောက် ရှောင်းကျန့်က အိမ်ထဲဝင်သွားသည် ။ ဝမ်ရိပေါ်ပဲ အဲ့နေရာမှာ ဒေါသထွက်သလိုလို ဝမ်းနည်းသလိုလိုဖြစ်လာရသည် ။ ကျန်တဲ့နေရာမှာသာ အသဲမာချင်မာမယ် ကျန့်ကောနဲ့ပတ်သတ်ရင်‌တော့ သူအသဲက ရေပူဖောင်းလေးလို့ပဲ ထိတာနဲ့ တစ်စဆီ ကြေကွဲသွားမှာပဲ ။

///

နေ့လည်ရောက်တော့ ဝမ်ရိပေါ်လည်း ပျင်းတာကြောင့် ရှောင်းကျန့်ရုံးခန်းထဲက ဝတ္ထုစာအုပ်တစ်အုပ်လောက် ယူကာ ဖတ်ရန် ဆုံးဖြတ်လိုက်သည် ။ ရုံးခန်းထဲမှာ စာအုပ်တွေက များတာကြောင့် ဝမ်ရိပေါ်လည်း ဘယ်ဟာဖတ်ရမလဲမသိတော့ ။ ရုတ်တရက် စားပွဲပေါ်က ဓာတ်ပုံလေးတစ်ပုံမှောက်နေတာမြင်တော့ ဝမ်ရိပေါ်လည်း လှန်ကြည့်လိုက်သည် ။

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Where stories live. Discover now