Unicode
ဆူညံနေသော အသံသည် လူတစ်ယောက်ခြေလှမ်းချလိုက်သည်နှင့်တစ်ခဏရုတ်ခည်းတိတ်ဆိတ်သွားလေသည်။
အနက်ရောင်ဂျင်းအကျီအပွနှင့်အနက်ရောက်ဘောင်းဘီအကျပ်ကို၀တ်ထားသော သူ၏ခြေတံများသည်ရှည်လျားပြီး ကြည့်ကောင်းလွန်းလှပါ၏။လည်ပင်းမှာ သူအမြဲလွယ်နေကြဖြစ်သည့် ကင်မရာတစ်လုံးကလည်းမပါမဖြစ်ပင်ဖြစ်သည်။
ပုံမှန်night clubတွေဆို အဆောက်အဦးအတွင်း ကင်မရာယူခွင့်ပိတ်ပင်ထားကြမည်မှန်ပေမဲ့ သူ မလို့ ဘယ်သူမှဘာမှမပြောကြဘဲ ကျေကျေနပ်နပ်ကြီးခွင့်ပြုပေးထားကြခြင်းဖြစ်ပေသည်။
"ရို့ ဖောက်သည်ကြီး ရောက်လာပြီဘဲ "
လက်လှမ်းပြရာ ဝိုင်းသို့ ထိုလူ ခြေလှမ်းကျယ်ကြီးများဖြင့်လျှောက်လှမ်းသွားခဲ့သည်။ထိုလူဖြတ်လျှောက်သွားတိုင်း ဘေးနားရှိအမျိုးသမီးထုကြီးများအပါအ၀င်အမျိုးသားအားလုံးပါ အကြည့်မလွဲနိုင်အောင်ပင်ရှိလေသည်။
"ဒီနေ့ကော ထပ်ရိုက်အုံးမှာလား "
ဘော်ဒါတွေရဲ့အမေးကို ခေါင်းညိမ့်ပြရင်းသာထောက်ခံခဲ့သည်။
ထိုလူထိုင်လိုက်ပြီဆိုသည်နှင့် သူ့အနားသို့ ရှိသမျှမိန်းကလေးများရောက်လာကြပြီး-
"ကိုကို ဒီနေ့နောက်ကျတယ်နော် ဘေဘီက မျှော်နေတာကို "
သူ့အားလာပွားချင်နေသည့် မိန်းကလေးကိုမျက်စောင်းဖြင့်တစ်ချက်သာ ကြည့်ပေးလိုက်သည်။မိန်းကလေးများကလည်း အလိုက်သိချက် သူမျက်စောင်းတစ်ချက်ထိုးပြလိုက်ရုံဖြင့်အကုန်ငြိမ်ကျသွားခဲ့သည်။
"ကိုကို "
ရုတ်တရက်ရောက်ချလာပြီး သူ့အား လာနမ်းသည့်မိန်းကလေး။
အဲ့လိုရုတ်တရက်အတင်းအကြပ်ဆန်မူ့တွေလောက်မုန်းတာမရှိတာကြောင့် သူ့အားလာနမ်းနေသည့် ကောင်မလေး၏ဆံပင်များကိုဆွဲဆောင့်လိုက်ပြီး အဝေးသို့နေစေလိုက်သည်။
"အာ့....ကိုကို ဆံ...ဆံပင် "
"ငါဘာပြောထားလဲ "
"ဘေဘီမှားသွားပါတယ် "
သနားစရာကောင်းသည့်မျက်၀န်းများဖြင့်စိုက်ကြည့်နေသည့် ထိုကောင်မလေးဘယ်သူဘယ်ဝါဆိုတာ သူကိုယ်တိုင်တောင်သေချာမသိပါ။စိတ်လည်းမ၀င်စားခဲ့။ဒါပေမဲ့ ကောင်မလေးက အပြစ်ပြောစရာမရှိအောင် sexy ကျလွန်းလှသည်။
ကိုယ့်ဆီကိုယ်တိုင်ရောက်လာတဲ့ သားကောင်ကိုမဖမ်းဘဲလွှတ်ပေးတဲ့မုဆိုးဆိုတာရှိမှမရှိတာ။သူလည်းအဲ့လိုဘဲလေ သူ့ဆီကိုယ်တိုင်ရောက်လာတဲ့ ဒီမိန်းကလေးကို အဝေးမတွန်းထုတ်ဘဲ သူမစိတ်အလိုကျ နူတ်ခမ်းချင်း ထိတွေ့ပေးလိုက်ရုံသာ။
"အက္ခတို့ကတော့ မြန်တယ်ဟေ့ "
သူ့ဘော်ဒါတွေကလည်း သူ့ရဲ့လုပ်ရပ်ကြောင့် သူ့ကိုရွံ့ရှာသွားမည်မဟုတ်ပေ။သူတို့ကိုတိုင်ကလည်း သူတို့သူငယ်ချင်းကျေးဇူးကြောင့်သာ ကောင်မလေးချောချောလှလှလေးတွေနှင့်အတူ အချိန်ဖြုန်းနိုင်ခြင်းဖြစ်သည်။
အက္ခကိုယ်တိုင်ကလည်း ဘေးပတ်၀န်းကျင်ရဲ့အမြင်တွေကိုဂရုမစိုက်။သူ့ဘော်ဒါတွေလို့ ကိုယ့်ကိုယ်ကိုနာမည်တပ်ထားသည့် ကောင်တွေကိုတောင် သေချာမသိ။ဒါပေမဲ့လည်း ဒါက သူ့ရဲ့စောက်လုပ်မဟုတ်တာကြောင့် အလိုက်ထိုက် ပေါင်းသင်းပေးခဲ့ခြင်းသာဖြစ်သည်။
အရှိန်တက်နေသည့်အချိန်မှ ပွဲလာဖျက်သည့်သူကလည်းရှိသေး၏။
အရက်ပုလင်းကိုခွဲပြီး သူ့ဆီကနေ ကောင်မလေးကိုဆွဲလုယူသွားတဲ့ကောင်။ကြည့်ရတာ ကောင်မလေးရဲ့ဆိုင်ရာပိုင်ရာထင်ပါသည်။အရက်ပုလင်းကွဲနဲ့ သူ့ကိုချိန်ထားတာများ အကြောက်အလန့်မရှိ။
အက္ခတို့က သူများပိုင်ရာထိထားရလည်း ကြောက်မနေပါ။ဒါသူတောင်းဆိုတာမဟုတ် သူမ ကိုယ်တိုင်ကသူ့ဆီသို့ရောက်လာခြင်းဖြစ်သည်။
အက္ခရဲ့ဂရုမစိုက်သည့်ပုံစံကြောင့် အချိန်တစ်ခုလောက်ထိ အထိခံလိုက်ရသည်။သူပြန်ရန်မတွေ့ခဲ့၊အက္ခက ဒဏ်ရာသေးသေးလေးတွေဘဲမပေးတတ် ပေးရမည်ဆို သေလောက်တဲ့ဒဏ်ရာတွေဘဲပြန်ပေးတတ်သည်။ဒါကြောင့်သူ ကိုယ့်အပေါ် လုပ်နေတဲ့ဒဏ်ရာတွေက အက္ခအတွက် မပြောပလောက်တဲ့ ဒဏ်ရာတွေဖြစ်တာကြောင့် ပြန်ရန်မတွေ့ခဲ့ခြင်းဖြစ်သည်။
ကောင်မလေးရဲ့အလိုက်သိမူ့ကြောင့်သာ ထိုကောင်၏ ထိုးချက်မှ အက္ခလွှတ်မြှောက်ခဲ့ရသည်။ထိုကောင်မလေးကြောင့် အက္ခရဲ့ညလေးက စိတ်ရူပ်သွားရပေမဲ့လည်း သူ့ကိုကူညီခဲ့တဲ့ ထိုကောင်မလေးကို အနမ်းတစ်ပွင့်လက်ဆောင်တော့ပြန်ပေးခဲ့လိုက်ပါသည်။နူတ်ဆက်အနမ်းဆိုလည်း မမှားပါ။
ကျစ်*
အက္ခ စိတ်ညစ်ညစ်နဲ့ ဝိုင်းထဲပြန်ထိုင်လိုက်သည်။
"အက္ခတို့ကတော့ ဒီနေ့ကံမကောင်းဘူးဘဲ"
ဟားဟား
ဘော်ဒါတွေ ဝိုင်းဟားနေပေမဲ့လည်း အက္ခတို့ကတော့ အေးဆေးပင်။တစ်ယောက်နဲ့အဆင်မပြေရင် နောက်တစ်ယောက်အလှည့်ပေါ့။အက္ခ တွေးထားသည့်အတိုင်း သူလိုက်ရှာစရာတောင်မလိုဘဲ သူ့အနားသို့ချက်ချင်းရောက်လာသည့် ကောင်မလေးနောက်တစ်ယောက်။ထိုကောင်မလေးက သူ့ဒဏ်ရာတွေကို စိုးရိမ်တကြီးသုတ်ပေးရင်း-
"ကိုရယ် အဲ့လိုကောင်မကိုအဲ့တိုင်းမလွှတ်ထားသင့်ဘူး ပြန်လုပ်ရမှာ "
အက္ခ စားပွဲပေါ် တင်ထားသည့် သု့ကင်မရာကို ယူရင်း တစ်ရှူးဖြင့် တယုတယသာသုတ်နေခဲ့သည်။
"ကို ဒီနေ့တော့ ယုနဲ့ဘဲအချိန်ဖြုန်းပေးမယ်မလား "
ကောင်မလေးရဲ့စကားကြောင့် အက္ခသူမကိုတစ်ချက်ကြည့်လိုက်သည်။ဒီကောင်မလေးကလည်း ခဏကကောင်မလေးနဲ့မခြား sexy ကျလွန်းပါပေသည်။အက္ခတစ်ချက်ပြုံးလိုက်ပြီး-
"ဒါပေါ့ "
ဟုပြန်လည်တုံ့ပြန်ကာ တုံ့ဆိုင်းမနေဘဲ ထိုကောင်မလေးကို ရင်ခွင်ထဲသို့ဆွဲထည့်ရင်း။
ခဏလောက်အချိန်ဖြုန်းပေးပြီးသည်နှင့် အက္ခပျင်းရိလာမိသည်။ကောင်မလေးက အက္ခနားရစ်သီသီလုပ်နေသေးပေမဲ့ အက္ခဂရုမစိုက်အားဘဲ ကင်မရာကိုသာ ပြန်လည် သန့်ရှင်းနေခဲ့၏။
တိတ်ဆိတ်နေတဲ့ အက္ခပတ်၀န်းကျင်က လူတစ်ယောက်ကြောင့် ဆူညံသွားခဲ့သည်။
"အား...ဘယ်က အမူးသမားလည်းကွာ "
ဘော်ဒါရဲ့ကိုယ်ပေါ် မူးရူးစွာလှဲကျနေသည့် လူတစ်ဦး။သူ့ကိုကြည့်ရတာ ဘယ်လောက်တောင် သောက်ထားလည်း မသိ အသိစိတ်ကင်းမဲ့နေပုံများ အက္ခတောင် မျက်မှောင်ကျုံမိသည်။
"ကိုခန့်ထား....ကိုခန့်ထားရေ "
"ကျစ်..တစ်ယောက်ယောက် ဒီအမူးသမားကို လာခေါ်ပေးပါအုံးကွာ "
ဘော်ဒါက ထိုလူကိုတွန်းထုတ်လိုက်တာကြောင့် အက္ခအနားသို့ရောက်လာခဲ့သည်။
အက္ခလည်း သူ့ကိုယ်ပေါ်ရောက်လာသည့်ထိုလူကြောင့် စိတ်ညစ်သွားရသည်။
"Sorry အက္ခ၊ငါ ဒီတိုင်းဖယ်လိုက်တာ..သူ့ကိုခေါ်သွားဖို့ လုံခြုံရေးခေါ်လိုက်အုံးမယ်"
လုံခြုံရေးခေါ်ဖို့ သွားတဲ့ကောင် ဘယ်ချိန်ပြန်လာမလည်းတော့ မသိ အက္ခကတော့ ဒီလူသူ့ပေါ်မှာရှိနေတာ လုံး၀ကို သဘောမကျပါ။
"ကိုခန့်ထား.ဒီနေ့လေ.... မိုး....ဘယ်လောက်ထိ နာကျင်ရခဲ့လည်း သိလား "
မူးရူးနေတာ အက္ခကို ဘယ်သူနဲ့လာမှားနေလည်းမသိ။အက္ခတစ်ယောက် စိတ်ရှည်မူ့ကိုအတင်းဆွဲထားရသည်။
"ကို အဆင်ပြေလား မပြေရင် ယုထိန်းပေး-"
"ကောင်မ...နင်လား ငါ့ဆီကနေ ကိုခန့်ထားကိုခေါ်သွားတာ "
"ဒီလူ ဘာတွေပြောနေတာလဲ "
"ဒီမှာ ကိုခန့်ထားက ငါ့အပိုင် ငါနဲ့ကိုခန့်ထားက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာ "
ဟား....စောက်၊အခု အက္ခကိုယ်ပေါ်ရောက်နေတာက ယောကျာ်းချင်းသဘောကျနေတဲ့ ဟိုမိုကောင်လား။
အက္ခ စက်စုပ်မိစွာ ထိုလူကို အဝေးသို့ရောက်အောင် တွန်းပို့ရန်ကြံလိုက်ပေမဲ့ သူ့အကျီကော်လံကိုဆွဲပြီး သူ့နူတ်ခမ်းကို ထိကပ်လိုက်သည့် ထိုလူကြောင့် အက္ခသည်းခံစိတ်က လုံး၀ပေါက်ကွဲသွားခဲ့လေပြီ။
"ချီးဘဲမင်းတော့ သေပြီ "
ခွပ်*
ထိုလူရဲ့မျက်နှာကို တစ်ချက်ထိုးလိုက်ရုံရှိသေး နောက်သို့လှန်ကြသွားလေပြီဖြစ်သည့် သူ့ကို အက္ခမကျေနပ်နိုင်သေးပါ။
"ဟေး...အက္ခ လွန်မယ် "
"ယု အက္ခကိုဆွဲထား "
"ငါ့ကိုလာမတားနဲ့ အဲ့စောက်ခြောက်ကောင်ကို ငါသတ်မယ်၊အခြောက်ကောင် ချီး gay ကောင် "
အက္ခရဲ့ဘော်ဒါတွေဝိုင်းဆွဲထားလို့သာ ထိုလူအသက်ရှင်သွားခဲ့သည်။တိုက်ပွဲသံတွေဆူညံနေသည့်ကြား ထိုလူကို လူတစ်ယောက်က လာခေါ်သွားခဲ့၏။အက္ခကို ဝိုင်းထိန်းထားတာကြောင့် အဲ့လူကို စိတ်ရှိလက်ရှိမထိုးခဲ့လိုက်ရပေ။
အခုတော့ ခင်ဗျားကံကောင်းသွားတယ်မှတ် ၊နောက်တခါထပ်တွေ့ရင် ခင်ဗျားကိုအရေခွံစုတ်ပစ်မယ်။
ပုံမှန်ဆို လူတစ်ယောက်၏နာမည်၊မျက်နှာထားနဲ့ခန္ဓာကိုယ်ပုံစံတွေကို စိတ်၀င်စားမမှတ်ထားလေ့ရှိပေမဲ့၊သူ့ကို အရှက်မရှိ ယောကျာ်းချင်းလာနမ်းသွားသည့် ထိုလူ၏မျက်နှာကိုတော့ အက္ခစွဲနေအောင် မှတ်ထားခဲ့သည်။မတော်တဆ လမ်းမှာပြန်တွေ့ခဲ့လျှင် သတ်ပစ်လို့ရအောင်လို့။
............... ................... .................
"အားလားလား...ငါ့မျက်လုံးလေး "
ဒဏ်ရာက မသက်သာလာသည့်အပြင်ပိုဆိုးလာသည်။
မင်းခန့်၀ယ်လာပေးသည့်ဆေးတွေကလည်း အကုန်လုံးအရက်နာကျဆေးတွေပင်။အကိုက်အခဲနဲ့ဒဏ်ရာသက်သာဆေး တစ်လုံးတစ်လေတောင်မပါ။မိုး ပက်ပက်စက်စက်အထိုးခံလိုက်ရတာကိုကော သူသိရဲ့လားမသိ။
"မြှောင်~"
ဒဏ်ရာကြောင့် မိုးရဲ့ကြောင်လေးတောင် မိုးကိုမမှတ်မိတော့ပေ။အနားကို အကပ်မခံတော့။
"မဖြစ်ဘူးမိုး...ဒဏ်ရာကို ဒီတိုင်းထားနေလို့မရဘူး၊ကျောင်းကရှိသေးတယ် မြန်မြန်သက်သာအောင်လုပ်ရမယ် "
"မြှောင်~"
မိုး စကားကို တုံတုံလေးလည်းထောက်ခံသည်။မိုးလည်း တုံ့ဆိုင်းမနေတော့ဘဲ ခေါင်းစွပ်အပေါ်အကျီတစ်ထည်ကောက်၀တ်ကာ မျက်နှာကို ဦးထုတ်ဖြင့်ကာထားရင်း ဆေး၀ယ်ထွက်ရန်အဆင်သင့်ပြင်ခဲ့သည်။
အိမ်မှာ တုံတုံရဲ့အစာကလည်းကုန်တော့မှာဆိုတော့ ကြောင်စာပါ၀ယ်ရန် ဆေးဆိုင်သို့မသွားတော့ဘဲ တစ်လက်စတည်း Market သို့သာ သွားရန်ဆုံးဖြတ်လိုက်သည်။
"အညိုကွက်သက်သာဆေးလေးပေးပါ၊အကိုက်အခဲပျောက်ဆေးကော "
"အကိုလေး ဒဏ်ရာက နည်းနည်းနောနောမဟုတ်ပါလား၊ဘယ်လိုဖြစ်တာလဲ "
Cashierကောင်လေး၏ အမေးကို မိုးမဖြေချင်တာကြောင့်ရယ်သာရယ်ပြနေမိခဲ့သည်။ပြီးမှ ရိုင်းပြရာကျမည်စိုးတာကြောင့်-
"ရေချိုးခန်းတံခါးနဲ့ဆောင့်မိတာ "
ဟု လိမ်လည်ကာဖြေဆိုပေးလိုက်သည်။
"ဒါ တွက်ပေး "
"ဟုတ် နောက်မှာ ခဏလေးတန်းစီပေးပါအုံးနော် "
ကောင်တာမှာ လူရှိနေသေးတာကိုသိရဲ့သားနဲ့ အလှည့်ကျော်လာသည့် အပြင် ခက်ထန်လွန်းသည့် စကားများကြောင့် ဘယ်က မိမဆုံးမဖမဆုံးမလည်းသိချင်ရာ မိုး ကြားဖြတ်သည့်လူကို လှည့်ကြည့်လိုက်မိသည်။
ရုပ်ကလေးက အပြစ်ပြောစရာမရှိအောင် ချောမောလွန်းပေမဲ့လည်း အကျင့်စရိုက်လေးနဲ့နည်းနည်းလေးတောင်မလိုက်ပေ၊ မိုး ခဏလောက်ထိ ထိုသူအား စိုက်ကြည့်နေမိခဲ့သည်။
ဖြောင့်စင်းလွန်းတဲ့နှာတံ၊စူးရှလွန်းတဲ့ မျက်လုံး၊နက်မှောင်နေတဲ့ မျက်ခုံးက စာရေးဆရာတွေရေးဖွဲ့ထားတဲ့ လေးကိုင်းလေးလို၊နူတ်ခမ်းကလည်း မထူမပါးလေးနဲ့ အနီအညိုလေးရောယှက်ကာ သန်းနေသေးသည်။မိုးတောင် မော့ကြည့်ရသည်အထိ ရှည်လျားလွန်းတဲ့အရပ်။မသိလျှင် သာမာန်လူနဲ့မတူဘဲ modelတစ်ယောက်နှင့် တူ၏။
မိုးကလည်း ထိုကောင်လေးကိုစိုက်ကြည့်နေသလို ထိုကောင်လေးကလည်း မိုးကိုစိုက်ကြည့်နေသည်။
မိုးလည်း သူစိုက်ကြည့်တာလွန်သွားမှန်းရိပ်မိလိုက်တာကြောင့် ချက်ချင်းဘဲ မျက်နှာလွဲခဲ့ရသည်။စိတ်ထဲမှ ထိုကောင်လေးကို တစ်နေရာရာမှာ ရင်းရင်းနီးနီးမြင်ဖူးနေသလို ခံစားနေရ၏။ဘယ်နေရာမှာလဲ စဉ်းစားမရတာကြောင့် မိုးလည်းခေါင်းအကိုက်ခံစဉ်းစားမနေတော့ပါ။
၀ယ်စရာရှိတာ၀ယ်ပြီးသည်နှင့် မိုး ထိုနေရာမှ ချက်ချင်းထွက်လာခဲ့သည်။ကျောပေးထားပေမဲ့ မိုးနောက်မှာ တစ်ယောက်ယောက်လိုက်လာနေသလို ခံစားနေရသည်။လှည့်ကြည့်လိုက်တော့ မိုးထင်တာ မမှား၊မိုးနောက်သို့ လိုက်လာသည့် ကောင်ချောလေး။
ကောင်လေးက မိုးကိုသေချာကြည့်နေတာကြောင့် မိုး သွားရတာမသက်သာလာတာကြောင့်-
"ဟို...ဘာကူပေးရမလဲ "
"ဟား...ထင်တော့ထင်သားဘဲ ခင်ဗျားဖြစ်နေတာကို "
"ဗျာ ကျွန်တော်တို့ တွေ့ဖူးလို့လာ "
"သိပ်တွေ့ဖူးတာပေါ့...ခင်ဗျား မျက်နှာက အဲ့အမဲကွက်ကြီးကို ကျွန်တော်ကိုယ်တိုင်ပေးထားတာလေ "
"ဟင်..."
မိုး ဒူးများပင်တုန်ရီလာခဲ့သည်။လက်စသတ်တော့ မြင်ဖူးတယ်ထင်နေတာ မနေ့ညက ကောင်လေးဖြစ်နေသည်။အခု သူ့နောက်လိုက်လာတယ်ဆိုတော့ မဟုတ်မှ မနေ့ညက မကျေတဲ့ပွဲပြန်နွဲမလို့လားမသိ။
"ဟုတ်တယ် ခင်ဗျားတွေးနေသလိုဘဲ ကျွန်တော် ခင်ဗျားကို သတ်ဖို့လာတာ "
မိုးရဲ့အမူအရာများမှတစ်ဆင့်ထိုကောင်လေးက မိုးရဲ့စိတ်ကို ဖတ်လို့ရနေခဲ့သည်။မိုးကြောက်လွန်းတာကြောင့် ဘာစကားမှတောင်ပြန်မပြောရဲပေ။
"ဟို...ဟို...စိတ်လျှော့ပါ ညီလေးရယ်၊အကိုလည်း တမင်သက်သက်လုပ်တာမှမဟုတ်တာ မနေ့ညကမူးပြီး -"
"ခင်ဗျားတို့လိုဂေးကောင်တွေက အဲ့လ်ိုဘဲဆင်ခြေတွေပေးပြီး လိုက်နိူက်မြည်းနေကြတာ ကျွန်တော် မသိဘူးထင်နေလား၊စိတ်ချပါ ကျွန်တော်လည်း ခင်ဗျားကိုထပ်ပြီးမထိချင်ပါဘူး အခြောက်တွေကိုဆို သိပ်ရွံလို့ "
မိုး သူ့ကိုစော်ကားနေတာမဟုတ်ဘဲ။သူတို့အသိုင်းအဝိုင်းတစ်ခုလုံးကို တစ်ဖက်သတ်စော်ကားနေသည့် ထိုကောင်လေးကြောင့် ဒေါသများထွက်လာခဲ့သည်။
"ဒီမှာ ဂေးတွေကိုရွံတယ်လို့ပြောရအောင် ဂေးတွေက မင်းကိုဘာထိခိုက်အောင်လုပ်နေလို့လည်း "
ခဏကမှကြောက်လွန်းလို့တုန်ရီနေသည့် ထိုလူသည် အခုတော့သူမဟုတ်သည့်အတိုင်း အက္ခကို ပြန်ရန်ရှာနေတာကြောင့် အက္ခနည်းနည်းတော့ မျက်ခုံးပင့်မိပါသည်။
"မဟုတ်လို့လား ဂေးတွေကတွေ့ကရာယောကျာ်းမှန်သမျှကိုအသားယူချင်နေတာ၊ဘာလဲ အမှန်ပြောတော့ သိပ်ထိနေပြီပေါ့ "
"ဟက်*လူတစ်ဖက်သားကို ကိုယ့်စိတ်နဲ့နိူင်းတတ်တဲ့မင်းလိုကောင်က ကမ္ဘာပေါ်မှာ ရွံစရာအကောင်းဆုံးကောင်ဘဲသိလား "
မိုးရဲ့စကားကြောင့် တစ်ဖက်လူကမိုးဘက်သို့လက်ရွယ်လာချိန် မိုးချက်ချင်းဘဲရှောင်ထွက်သွားခဲ့သည်။
"လေဘဲရှိတဲ့ကောင် လက်ဘဲမြှောက်ရသေးတာကို ကြောက်နေပြီပေါ့ "
"ဘယ်ကသာ ငါကလေ မိန်းကလေးတစ်ညတစ်ယောက်ပြောင်းအိပ်နေတဲ့ မင်းလိုကောင်ကို ရွံလို့၊မင်းအသားငါ့ကိုလာထိမှာကိုမလိုလားလို့ ရှောင်လိုက်ရုံဘဲရှိတယ် "
"ခင်ဗျား "
"ဘာလဲ မင်းပြောသလိုဘဲ အမှန်ပြောတော့ထိနေတာပေါ့ "
အက္ခ တစ်ဖက်လူ၏စကားကြောင့် အသားများတစ်ဆတ်ဆတ်တုန်အောင်ကိုပင်ဒေါသများထွက်နေမိခဲ့သည်။ဘယ်သူစိမ်းမှ သူ့ကိုအခုလိုစော်ကားမော်ကားမပြောရဲပါ။
"လူတစ်ယောက်ကို လိုက်ပြီးဝေဖန်နေမဲ့အစား၊ကိုယ့်ကိုကိုယ်အရင်ဆုံးကောင်းအောင်ပြင်လိုက်အုံး သိလား "
သူ့ကိုစော်ကားမော်ကားပြောပြီး ပြေးထွက်ဖို့ကြံနေသည့် ထိုလူ။
"ခင်ဗျား ဘယ်သွားဖို့ကြံနေတာလဲ "
"ဘယ်သွားရမှာလဲ အိမ်ပြန်မှာပေါ့၊မင်းလည်း ဂေးတစ်ယောက်နဲ့တူတူအချိန်အကြာကြီးမဖြုန်းချင်ဘူးမလား "
အက္ခ ထိုလူကိုဒီတိုင်း သွားခွင့်ပြုလိုက်မိသည်။ထိုလူက ခန္ဓာပိုင်းသာအားနည်းပေမဲ့ စိတ်ဓာတ်ပိုင်းကတော့ ကြံခိုင်လွန်း၏။အက္ခ ပြောစရာစကားများပင် ပျောက်ရှသွားရသည်။
အက္ခ စိတ်တိုလွန်းတာကြောင့် နံရံကိုလက်သီးဖြင့် အကြိမ်ပေါင်းများစွာထိုးရိုက်ခဲ့ပြီး ဒေါသများကိုဖြေလျော့ခဲ့ရသည်။
"ကောင်းပြီ၊အခုတော့အချိန်မတန်သေးလို့လွှတ်ပေးလိုက်ရတယ်လို့ မှတ်ထားလိုက်၊နောက်တစ်ခါဆို ခင်ဗျား ကျွန်တော့်လက်က မလွှတ်စေရဘူး "
အက္ခရဲ့ကြိမ်းမောင်းသံကို မိုးမကြားရပေမဲ့လည်း ကြက်သီးများတဖြန်းဖြန်းထမိသည်အထိ ခံစားရမိပါသည်။
မိုး ထိုကောင်လေးနှင့် ဝေးရာသို့ ခြေလှမ်းသွက်များဖြင့် ရှောင်ထွက်လာခဲ့ရသည်။သူအဲ့ကောင်လေးရှေ့နောက်ထပ်တစက္ကန့်လေးဖြစ်ဖြစ်ထပ်နေလျှင် အသက်ပျောက်လောက်သည်။
"မိုး...မိုး....မင်းတော့ ပျားအုံကိုဒုတ်နဲ့သွားထိုးနေတာဘဲ၊ဘာလို့ ရန်ရှာတဲ့စကားတွေ သွားပြောမိလိုက်တာလဲ "
ထိုကောင်လေးရှေ့မှာသာ သန်မာချင်ယောင်ဆောင်ပြီး ပြောချင်တာတွေအသားလွတ်ပြောခဲ့မိပေမဲ့ တကယ်တန်းမိုးစိတ်ထဲမှာတော့ သေလောက်အောင်ကြောက်နေခဲ့ရသည်။
မိုး ကိုယ်တိုင်လည်း ပြောခဲ့မိတဲ့စကားများအတွက် ကိုယ့်ကိုယ်ကိုနောင်တရမိသည်။ဘယ်တတ်နိုင်မှာလဲ မိုးကိုယ်တိုင်က အကြောက်အလန့်မရှိဘဲပြောခဲ့ပြီးပြီကို။
ဒီနေ့ပါဘဲ၊ဒီနေ့က မိုးကံဆိုးနေလို့သာ သူနဲ့ဆုံတာ နောက်နေ့ဆို ဆုံဖြစ်တော့မှာမဟုတ်ဘူး။အဲ့တော့ မကြောက်တော့နဲ့ မိုး၊မိုးနဲ့အဲ့ကောင်ရဲ့ရေစက်က ဒီမှာဘဲ ဆုံးပြီ။
မိုး ကိုယ့်ကိုကိုယ်ထပ်ပြီးမကြောက်တော့အောင် နှစ်သိမ့်အားပေးနေပေမဲ့၊မသိစိတ်ထဲမှာတော့ ထိုကောင်လေးနှင့် ထပ်ပြီးမျက်နှာချင်းဆိုင်ရအုံးမည်ဆိုတာကို သိနေခဲ့သည်။ထိုအချိန်တွင် မိုးနှင့်သူကြားတိုက်ပွဲက ဒီထပ်ပိုဆိုးမည်ထင်ပါ၏။
Zawgyi
"ကိုကို "
"အာ့....ကိုကို ဆံ...ဆံပင် "
"ငါဘာပြောထားလဲ "
"ဘေဘီမှားသွားပါတယ် "
ကျစ်*
ဟားဟား
"ဒါပေါ့ "
"ဒီလူ ဘာတွေပြောနေတာလဲ "
"ချီးဘဲမင်းတော့ သေပြီ "
ခွပ်*
"ဟေး...အက္ခ လွန်မယ် "
"ယု အက္ခကိုဆွဲထား "
............... ................... .................
"မြှောင်~"
"မြှောင်~"
"ဒါ တွက်ပေး "
"ဟို...ဘာကူပေးရမလဲ "
"ဟင်..."
"ဟက်*လူတစ်ဖက်သားကို ကိုယ့်စိတ်နဲ့နိုင်းတတ်တဲ့မင်းလိုကောင်က ကမ္ဘာပေါ်မှာ ရွံစရာအကောင်းဆုံးကောင်ဘဲသိလား "
"ခင်ဗျား "