💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား...
By SaungThawtarMoon
53K 1.5K 184
အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သ... More
Part -- 1
Part--2
Part--3
Part--4
Part--5
Part--6
Part--7
Part--8
Part--9
Part--10
Part--11
Part--12
Part--13
Part--14
Part--15
Part--16
Part--17
Part--18
Part--19
Part--20
Part--21
Part-- 22
Part--23
Part--24
Part-- 25
Part--26
Part--27
Part--28
Part--29
Part--30
Part--31
Part--33
Part--34
Part--35
Part-- 36
Part--37
Part--38
Part-- 39
Part--40
Part--32
970 37 2
By SaungThawtarMoon
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--32}
************💘*************
နံနက်ခင်းက နေရောင်ခြည်နွေးနွေးနှင့်အတူ အသက်ဝင်လာလျက်
ဂုဏ်ကတော့ မိမိရင်ခွင်ထဲ နှစ်ခြိုက်စွာအိပ်ပျော်နေ
ရှာသည့် က‌လေးကို ငေးမဝဖြစ်နေဆဲ
ခရီးတွေမလွန်ချင်ပေမယ့် ချစ်စိတ်တွေက ထိန်းချုပ်ရခက်လာတဲ့အခါ စိတ်အလိုလိုက်မိပြန်တယ်
သိပ်ချစ်ရပါတယ် ကလေး
ဘယ်တော့မှ မပြောင်းလဲမယ့် ကိုယ့်ချစ်ခြင်းကို
အပြောနဲ့မဟုတ်ဘဲ
လက်တွေ့ဆန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ပဲ သက်သေပြပေးမှာပါ
" အင့် "
" နိုးပြီလား ကလေး "
" ဦးရှ...လူဆိုးကြီး "
" ဟောဗျာ...အဟားး နံနက်ခင်းအချစ်တွေ နဲ့
  ကိုယ့်ကို ကျီစယ်လိုက်တာလား "
" ဦးရှနော် "
" စတာပါကွာ...ထတော့လေ ! ကိုယ် ဒီနေ့ duty စော
  စော ဝင်ရမှာ ! ကလေးနဲ့အတူမနက်စာစားပြီးမှ
  သွားချင်လို့ နိုးတဲ့အထိစောင့်နေတာ "
" ဟုတ် "
" လာ...အတူတူချိုးမယ် "
" အမ် "
" အချိန်ကုန်သက်သာအောင်လေ "
" အာ့...ဦးရှ ခင်ဗျားကတော့ "
--------------
" ဒီ အုန်းနိုးခေါက်ဆွဲကရော ! ဦးရှ ဆိုင်က မှာထား
  တာလား "
နံနက်စာစားနေရင်း မျက်လုံးလေးစွေကြည့်ပြီး မေးနေသည့် ကလေးကို ဂုဏ် အသာပြုံးပြရင်း
" ဟုတ်ပါတယ်ဗျာ...!
ဘာလို့လဲ စားမကောင်းဘူးလား ကလေး !
ကိုယ် တခြားဟာ ဘာမှာပေးရမလဲ "
စားမကောင်းဘူးထင်၍ ပြာပြာသလဲ မေးနေပြန်တဲ့ ဦးရှ အပြုအမူက ရစ် နှလုံးသားမှာ နွေးထွေးသွားလျက်
အားငယ်မှုတွေ အထီးကျန်မှုတွေက ဒီနံနက်ခင်း အစမှာပဲ လွင့်စင်သွားသလို
" မဟုတ်ပါဘူး ... စားကောင်းပါတယ် ဦးရှ "
" အာ...မသိပါဘူးကွာ ! ကလေးကငြိမ်နေတော့
  အတော်လေး စားမကောင်းဘူး ထင်နေတာ "
" မဟုတ်ပါဘူးဗျ ... ထပ်ထည့်ပေးဦး "
" အဟားးး ကိုယ့်ကလေးကတော့ကွာ !
ရော့ပါဗျာ...ကလေးကြိုက်မှန်းသိလို့ ပိုမှာထားတာ
စား ကလေး...ပြီးရင် မင်းအနားမှာ ကိုယ်ရှိနေတယ်
ဆိုတဲ့ အတွေးနဲ့ ဝမ်းနည်းအားငယ်တာမျိုးတွေကို
မောင်းထုတ်ပစ်လိုက် ဟုတ်ပြီလား "
အပြုံးဆိုတာ ရှိခဲလွန်းလှသည့် ဦးရှဆီမှ အချိုဆုံးအပြုံးတွေဖြင့် ထိုစကားတွေဟာ ရစ်အတွက် အားအင်တစ်ခုမို့
ဦးရှ မျက်နှာကို ငေးမိလျက်သား
ဒီလူကြီးက အခုလို ပြုံးနေရင် ပိုနုနယ်ချောမောပါလျက်နဲ့
အမြဲ တည်တင်းနေတာ ဆိုးတယ်
ဟင့် ဆရာဝန်ဂုဏ်ပုဒ်နဲ့ နည်းနည်းမှမလိုက်ဖက်ဘူး
" ဟေ့...ကလေး "
" အမ်...ဗျာ ဦးရှ "
" ကိုယ်ပြောနေတာလေကွာ !
  စကားပြန်လေး ဘာလေး လာပါဦးကွ ကလေးရ "
" အာ...ဟုတ်ကဲ့ပါ ဦးရှ "
" ဒီကလေးကတော့ကွာ ... ကိုယ် ဆေးရုံသွားရတော့မယ် ကလေး ! duty ပြီးတာနဲ့ ကလေးဆီပဲ
တန်းလာခဲ့မယ် ဟုတ်ပြီလား "
" ဟုတ်...ဦးရှ !
  ဪ...ဦးရှ ! ဦးကာတို့ပါလာတဲ့ ဆတ်သားတွေ
  ရစ်လေးကို လုပ်ပေးပါဦးလို့ နော် ဦးရှ "
ဖုန်းဆက်ပြောလည်း ရသားနဲ့ ဂုဏ့်ကို ခိုင်းစားနေ
သည့် ကလေးကို အတော်လေးအသဲယားနေပါပြီ
" ဟုတ်ကဲ့ပါဗျာ... သခင်လေး အမိန့်တိုင်းပါ "
" အဟီးး ကောင်းကောင်းသွား "
" အင်း...ကိုယ်သွားပြီနော် မွ "
" မွ "
ထွက်သွားသည့် ဦးရှ၏ကျောပြင်ကို ငေးရင်း အပြုံးတွေ မစဲနိုင်သည့် ရစ်အတွက်.....
∆∆∆∆∆∆∆
7:00 PM
တစ်နေ့လုံး ဖုန်းမဆက်သလို ခုလည်း ညရောက်နေပါလျက် ဦးရှ၏ အရိပ်တောင်မမြင်ရ
ရစ် ရင်ထဲ လှစ်ဟာသလို ခံစားချက်က ဘာနဲ့မှမတူ
ဒီည ဝတ်စုံလာရွေးမယ့် မော်ဒယ်တွေကြောင့် အစစအရာရာ စိတ်နှစ်လို့ စီစဉ်နေရပေမယ့် ဘယ်လိုမှ နေရတာ အဆင်မပြေ
အားးးး ဦးရှ
ဝန်ထမ်းတွေမှာလည်း မျက်နှာမကောင်းသည့် သူဌေးကြောင့် အမှားမလုပ်ရဲကြ
" သူဌေး...မော်ဒယ်တွေ ရောက်လာပါပြီ "
" မင်းတို့ ဖာသာ လိုအပ်တာလုပ်ပေးလိုက်ကြလေ!
ငါက နေရာတကာ ပါပေးရမှာလား "
" အဲ အဲ့လိုမဟုတ်ပါဘူး သူဌေး !
  သူတို့က သူဌေးကို မေးနေကြလို့ပါ "
" ကျစ်...ရှုပ်တယ်ကွာ "
နှလုံးသားဝေဒနာကို ခဏသိမ်းလို့ စိတ်မပါစွာ ဆိုင်ရှေ့ ထွက်လာခဲ့ရပြန်သည့် ရစ်
" ကိုရစ်ဖွဲ့....ပုန်းနေတာပေါ့လေ ဟုတ်လား "
" ဟုတ်ပ...ရတီ တို့ကို စကားမပြောချင်လို့လား !
  ဒါမှ မဟုတ် နေမကောင်းလို့လား ကိုရစ်ဖွဲ့ "
" ဟုတ်လား...နေမကောင်းဘူးလား !
  မျက်နှာလည်း မလန်းဘူး "
တစ်ယောက်တစ်ပေါက် ဝိုင်းမေးနေသံတွေကြောင့်
ရစ်မှာ အနေရခက်လာရင်း
မချိသွားဖြဲပြနေရတာ အဆင်တော့မပြေ
" မဟုတ်ရပါဘူးဗျာ...ခေါင်းနည်းနည်းနောက်နေလို့
  အေးဆေး ဝတ်ကြည့်ကြနော် !
  လိုအပ်တာ ကျွန်တော့်ဝန်ထမ်းတွေကို ပြောပါ "
" ဟုတ်ကဲ့ပါရှင်...နားလိုက်ပါ ကိုရစ်ဖွဲ့ "
" ဟုတ်ကဲ့ဗျ..."
အားနာပေမယ့် ရစ် ဘယ်လိုမှ ဟန်ဆောင်တောင် မပြုံးနိုင်တော့တာမို့ အခန်းထဲသာ ပြန်လှည့်ဝင်လာခဲ့မိတယ်
ဖုန်းခေါ်ပေမယ့်လည်း စက်ပိတ်ထားသည်က အကြိမ်ကြိမ်
အလုပ်စားပွဲပေါ် ခေါင်းမှောက်ရင်း ငိုနေမိတာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ
" သားလေး "
" ရစ် "
ခေါ်သံတွေနားထဲတိုးဝင်လာမှ
" ဒက်ဒီ...စိုင်း "
" ဘာလို့ငိုနေတာလဲ သားရယ် "
" ဦးရှဆီ ဖုန်းဆက်လို့မရဘူး ဒက်ဒီ !
  သူ ဆေးရုံကပြန်ရင် သားဆီလာခဲ့မယ်ပြောခဲ့ပြီး
  နေ့လည်ကတည်းက ဆက်မရတာ !
  ခုထိလည်း ရောက်မလာသေးဘူး "
အရင်လို ကလေးတစ်ယောက်လို ငိုနေတာမျိုးမဟုတ်ဘဲ မျက်ရည်တွေပဲ ဝဲနေကာ နင့်နင့်သည်းသည်း ပြောနေပုံက ကမ္ဘာ့ရင်ခွင်ထဲတိုးဝင်ငိုနေကြ
သား မဟုတ်တော့သလို
သား၏ ပြောင်းလဲမှုကို အမှတ်မထင် သတိထားကြည့်နေရင်း
ဂုဏ့် သတင်းကိုပြောဖို့လည်း မဖြစ်နိုင်တာမို့
" အလုပ်တွေအရမ်းများနေလို့ ဖြစ်မယ် သား !
  ဂုဏ်က ဆေးရုံအလုပ်တစ်ခုတည်းမဟုတ်တာ
  သားလည်း သိသားပဲမဟုတ်လား "
" ဟုတ်တယ်လေ ရစ်ရာ !
  မင်းရဲ့ ဦးရှက အလုပ်တွေ တစ်ပုံတပင်နဲ့လေ !
  သူမအားသေးလို့ ဖြစ်မှာပါကွာ !
  မင်းဆီ လာချင်ဇောနဲ့ အလုပ်တွေ အပြတ်လုပ်နေ
  ရင်း ဖုန်း အားကုန်တာလည်း မသိတာဖြစ်မယ်ကွ
  မငိုနဲ့ တိတ် ...ဘာစားပြီးပြီလဲ ငရစ် "
" မစားရသေးဘူး "
" အမ်...မစားရသေးဘူးလား ! ရစ်ကတော့ကွာ "
" သားရယ်...! တစ်ခုခုတော့ စားရမှာပေါ့ကွာ "
" သား...စားချင်စိတ်မရှိဘူး ဒက်ဒီ "
" မစားလို့မရဘူးလေ သားရယ် !
  ဒက်ဒီကို စိတ်ပူအောင်မလုပ်ပါနဲ့ သားရာ !
  သား အဲ့လိုလုပ်နေမယ်ဆို အိမ်ပြန်လိုက်ခဲ့တော့ "
" ဟုတ်တယ်...ရစ် !
  မင်း အိမ်ပြန်လိုက်ခဲ့တော့ "
" ဟင့်အင်း...မလိုက်ဘူး !
  ဦးရှ လာမှ ပြန်လိုက်မယ် ! ဦးရှကို စောင့်ဦးမယ်
  ဦးရှ လာလို့ သားမရှိရင် စိတ်ပူနေလိမ့်မယ် "
သားရယ်
ကမ္ဘာရော စိုင်းပါ ဘာစကားမှဆက်မပြောနိုင်
အမှန်တိုင်းပြောဖို့ရာလည်း မဖြစ်
နှစ်ယောက်သား သက်ပြင်းမောသာ အခါခါချရင်း
ခေါက်ဆွဲပြုတ်တော့ ဝင်အောင် ချော့ကျွေးပြီးမှ အိမ်ပြန်ဖြစ်ခဲ့ကြတော့သည်။
" ဦး "
" ဟင် "
" ရစ်...အဆင်ပြေပါ့မလား "
" မပြေလောက်ဘူး...ဒါပေမယ့် ဂုဏ် ကို ကတိပေး
  ပြီးပြီလေ ! ပြောပြလို့မှ မရဘဲ "
" ဟူးးးး ကိုကြီး အဲ့လိုဖြစ်တာသိရင် ရစ် အရမ်းစိတ်ထိခိုက်မှာ ဦးရ ! အဆက်အသွယ် မလုပ်ပြန်လဲ
ရစ် ထိခိုက်မှာပဲ ! အားး မသိတော့ဘူး ဗျာ "
ဆံပင်တွေထဲ လက်ထိုးဖွပြီး အော်နေသည့် ကောင်ငယ်လေး၏ ခေါင်းကို လှမ်းပုတ်ခါ
" ငါလည်း...သားအတွက် စိတ်ပူရတာပဲလေ !
  ဂုဏ်ကမှ မသိစေချင်တာ ဘယ်လိုလုပ်မလဲ "
ပြောပြီး ကားဆက်မောင်းနေသည့် ကမ္ဘာ့ကို မမြင်ဖူးသလို ကြည့်နေမိသူက စိုင်းပင်
ဘယ်တုန်းကမှ ခုလိုအမူအယာမျိုး ဦး ဆီမှ မရခဲ့ဖူးတာမို့ စိုင်း မင်သက်နေမိရင်း
" ဦး "
" ပြောလေ "
" ဟို...ဘာမှမဟုတ်တော့ဘူး "
" အဟားး ဖြစ်ရမယ် စိုင်းရာ "
" ဒီည...ဦးကြိုက်တဲ့ ငါးရံ့အူဟင်းကို စိုင်းကိုယ်တိုင် ချက်ထားတာ ! များများစားရမယ်နော်"
" အမ်...အေးပါကွာ "
မရမက ကြိုးစားချက်နေတဲ့ ဒီကောင်လေးကို ကမ္ဘာ မတားဆီးမိတော့
အစက တားမိတုန်းက မျက်ရည်လေးဝဲပြီး
ဦးက စိုင်းချက်တာ မကြိုက်လို့လား ဟု မေးလာခဲ့သည်မဟုတ်လား
မကြိုက်တာမဟုတ်ဘဲ
အပင်ပမ်းမခံစေချင်တာကို ဘယ်လိုပြောရပါ့မလဲ
ကမ္ဘာကိုယ်တိုင်က စကားနည်းပြီး အပိုတွေမပြောတတ်သူမို့ ထူးပြီးလည်း မပြောမိတော့
စိတ်ချမ်းသာသလိုလုပ်ပါစေဆိုပြီး လွှတ်ထားတော့လည်း ချို ငံ ပေါ့ အမြဲ တစ်ခုခုကို လက်လွန်နေသည့် အရသာကို မရိုးအောင်မြည်းစမ်းရသေးတာ
ဒီညလည်း ငါးရံ့အူဟင်းတဲ့
အိမ်ရောက်တော့ ရေချိုး အဝတ်အစားလဲပြီးတာနဲ့
ထမင်းဝိုင်းမှာထိုင်မိစဉ်
ကမ္ဘာ့ ပန်းကန်ထဲ ဦးချလာသည့် ငါးရံ့အူဟင်း
ဆိုင်မှာ တစ်ယောက်တည်းဖြစ်ခါ ငိုနေမည့်သားကို
စိတ်ပူတာရော
ဂုဏ့်အစားရင်လေးနေမိတာရော အားလုံးကို မေ့သွားစေသော အရသာက ကမ္ဘာ့လျှာဖျားမှာ စွဲငြိလျက်
မမချိုရေ မမချိုသားလက်ရာက မမချိုလက်ရာကို
မေ့နိုင်စွမ်းအောင် ငံပါတယ်လို့သာ အော်ပြောလိုက်ချင်မိတယ်
" ဦး...စားလို့အဆင်မပြေဘူးလား "
" အမ်..ဟမ် မဟုတ်ပါဘူး ! ပြေပါတယ် "
" ထမင်းက တော်ပြီလား ဦး "
" ငါ...ပုံမှန် ဒီလောက်ပဲ စားနေကျလေ "
ထမင်းစားခန်းမှ ထွက်သွားသည့် ဦး ကျောပြင်ကို ငေးရင်း
ငါးရံ့အူဟင်းမကြိုက်ပေမယ့် လက်က ဇွန်းကိုကိုင်ပြီး စားမိတဲ့အခါ
" အဟွတ်...အဟွတ် ! အမယ်လေး ငံလိုက်တာ
  ချက်တုန်းက မမြည်းမိတာ ငါ့အမှားပဲ !
  ဦး သနားပါတယ် ... ဘာမှမပြောဘဲ စားသွားတာ
  မကောင်းရင်လဲ မပြောဘူး ဦးရာ "
ရင်ထဲမကောင်းဖြစ်ရပြီး ဦးကိုလည်း အားနာမိတာ
အမှန်ပင်
စိုင်း ချက်သမျှ ဘာမှမဝေဖန်ဘဲ စားပေးနေသည့် ဦးကြောင့် မရမက ကြိုးစားချက်မည်ဟု သံဓိဌာန်ချမိလျက်
ရေခဲသေတ္တာထဲမှ လှီးစိတ်ပြီးသား အသီးပန်းကန်ကိုယူပြီး ဦးရှိရာ အလုပ်ခန်းဆီ ခြေလှမ်းပြင်လိုက်ရတော့သည်။
" ဦး "
အလုပ်ထဲဈာန်ဝင်နေသည့် ဦးက စိုင်းခေါ်သံကိုမကြား
" ဦး "
" အင် ဟင် "
" အသီးစားလိုက်ဦးလေ...ထမင်းလည်းစားရအဆင်မပြေဘူးမဟုတ်လား ! ရစ် ပူတင်းလေး
လုပ်ခိုင်းထားတယ် ! အိပ်ခါနီး စားရမယ်နော် "
" မင်းလည်း...နားလေ ! တစ်နေ့လုံး ချက်နေတာ
  မဟုတ်လား ! အိမ်ထဲမှာပဲ ငါ့အတွက် အချိန်မကုန်
  ပါနဲ့ စိုင်း ... ကော်ဖီဆိုင်လည်း မနက်ဖြန်ကစပြီး
  သွားပြန်ထိုင်တော့ !
  ဒါပေမယ့် လိုချင်တာရှိရင် ငါ့ကိုပြောပါ စိုင်း
  ငါ ဘာမဆို ဖြည့်ဆည်းပေးမှာပါ "
စိုင်း ဘာမှမပြောသေးဘဲ ဦးပေါင်ပေါ်ဝင်ထိုင်တော့
အနေခက်ဟန်ဖြင့် ကွန်ပျူတာဆီအကြည့်ရောက်
သွားသည့် ဦးမျက်နှာကို ဆွဲယူလှည့်ရင်း
" စိုင်း...လိုချင်တာ ပြောရမှာလား "
" ပြောလေ...ဘာလိုချင်လို့လဲ "
" ဦး...အချစ် ! ဦး...နှလုံးသား ! ဦး...ရဲ့ အရာရာ "
" ဟမ် "
နားမလည်တာလို့ ဟမ် လိုက်တာမဟုတ်ဘူး
ပေါက်ကရစလာပြီဖြစ်သည့် စိုင်းစကားကြောင့်
အဖြေခက်စွာ ဟမ်လိုက်မိတာ
ဒီကောင်လေး ဗွေဖောက်လာပြန်ပြီပဲ
" မပေးချင်ဘူးလား...ဦးက "
" အာ...အဲ့လိုမဟုတ်ပါဘူး "
" ဒါဖြင့်...ပေးမယ်ပေါ့ "
" မဟုတ်ပါဘူး "
" ဟာ...ဦးကလည်း ဘာမှန်းလဲမသိဘူးဗျာ !
  စိုင်း လိုချင်တာပေးမယ်လည်းပြောသေး !
  ခုကျ မပေးချင်သလိုကြီး...ဦး မပေးချင် စိုင်းမတောင်းပါဘူးဗျာ "
ပြောပြီး အခန်းထဲမှ ပြန်ထွက်သွားသည့် စိုင်း ကြောင့် ကမ္ဘာ အလုပ်လုပ်ရတာ စိတ်ကမဖြောင့်ချင်တော့
ဟူးးးး ငါ ဘယ်လိုလုပ်ရပါ့ကွာ
ကွန်ပျူတာကိုပိတ်ပစ်လိုက်ပြီး အစိုးမရတဲ့စိတ်တွေနှင့် ဝရန်တာကို ထွက်ခဲ့မိသည်
စီးကရက်သောက်ရင်း အတွေးတွေက ပျံ့လွင့်နေစဉ်
ခါးကိုသိမ်းဖက်လာသည်ကို ခံစားမိပြီး ကျောပြင်က နွေးခနဲဖြစ်သွားသည်မို့
" စိုင်း "
" စီးကရက်သောက်နေပြန်ပြီ "
" အင်း...သောက်မိသွားတာ "
ကုန်ခါနီး စီးကရက်ကို ပြာခွက်ထဲထိုးချေပြီး နောက်ကျောဘက်မှ တွယ်ကပ်နေသည့် စိုင်းကို ရင်ခွင်ထဲရောက်အောင် ဆွဲခေါ်လိုက်ခါ
" ဦး "
" အင်း "
" ဘာတွေ တွေးနေတာလဲ "
" ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း "
" အလုပ်မလုပ်တော့ရင် TV အတူကြည့်မယ်လေ "
ရင်ခွင်ထဲနေချင်သည့် ကောင်ငယ်လေး၏ အကြံကိုရိပ်စားမိသည့် ကမ္ဘာ့ နှုတ်ခမ်းသားတွေ လှုပ်ခတ်သွားပြီး
" ကလေးလားကွာ..."
" ဦးကလည်း...ကလေးမှရုပ်ရှင်ကြည့်ရမှာလား
  လူကြီးကရော မျက်စိမပါဘူးလား "
" ရုပ်ရှင်မကြည့်ချင်ဘူး "
" အာ့...မကြည့်နဲ့ ဗျာ တော်ပြီ အဖိုးကြီးက
  ပြောရခက်လိုက်တာ အရမ်းပဲ "
" ဟာ "
လူကိုများပြောသွားလိုက်တာ ရစရာမရှိအောင်ဘဲ
ဒီကောင်ငယ်လေးကတော့ကွာ
ကောက်သွားဟန်တူသည့် နှုတ်ခမ်းစူစူလေးကို အတွေးထဲမြင်ယောင်ပြုံးမိရင်း
အနောက်မှလိုက်သွားတော့ ထင်သည့်အတိုင်း အိပ်ယာပေါ် တင်ပလင်ခွေထိုင်လို့ ပွစိပွစိလုပ်နေသည့်
ကောင်ငယ်လေး
ကမ္ဘာ ဘာမှမပြောဘဲ ကိုယ်လက်သန့်စင်ကာ ညအိပ်ဝတ်စုံလဲပြီးမှ အိပ်ယာပေါ်တက်လို့ ကုတင်ကို မှီထိုင်လျက်
" စိုင်း "
" ခေါ်နေတယ်လေ ကွာ "
" ဘာလဲဗျာ "
" လာ "
လာဆိုတော့ ခပ်စွေစွေကြည့်ပြီး
" ဘယ်လာရမှာလဲ "
" ဒီကိုလေ "
ဆိုပြီး ရင်ခွင်ဆီပုတ်ပြတော့
" မလာဘူးဗျာ "
" လာဆိုကွာ...! ခေါ်နေတယ်မဟုတ်လား "
" ဟွင်းးးးး ! ဟ အာ့ ဦး "
စိတ်မရှည်တတ်သည့် ကမ္ဘာ့ ဆွဲခေါ်မှုကြောင့် ဖရိုဖရဲဖြင့် ရင်ခွင်ဆီ ရောက်ရရှာသည့် စိုင်းမှာ အသဲတုန်အူတုန်လည်း ဖြစ်ရင်း
" ရုပ်ရှင်ကြည့်မယ်ဆို...ကောင်ငယ်လေး !
ဘယ်ကား ကြည့်မှာလဲ...ဦးက တစ်ခါမှ မကြည့်မိ
တော့ ဘယ်ကားကောင်းလဲ မသိဘူးကွာ "
" ဟင် "
ကောင်ငယ်လေးလို့ ခေါ်လိုက်တာလား ငါ့ကို
သူ့ကိုယ်သူရော ဦး လို့ သုံးလိုက်တာလား
ဘာ ဘာတွေဖြစ်ကုန်တာလဲ
မဟုတ်သေးပါဘူး ငါ နားကြားမှားတာနေမယ်
ဦးက ဘယ်တုန်းကမှ အဲ့လိုနူးညံ့ဖူးတာမဟုတ်
" ဟေ့ "
" အမ်...ဗျာ ဦး "
" မကြားဘူးလား...ပြောနေတာကို "
" ဗျာ...ကြား ကြားပါတယ် ! မကြည့်ချင်တော့ဘူး
  ဦး အလုပ်လုပ်လေ ... စိုင်း ငြိမ်ငြိမ်လေးနေမယ်"
ရင်ခွင်ထဲ အံဝင်ခွင်ကျမှီရင်း အလုပ်လုပ်ဖို့ပြောလာပြန်တဲ့ ကောင်ငယ်လေးကြောင့်
" ဝိုင်သောက်ချင်တယ်...စီစဉ်ပေးမလား "
" ဗျာ...သောက်လေ ! စိုင်း ပြင်ဆင်ပေးမယ် "
" OK..."
စိုင်း အသေအချာပြင်ဆင်ပေးသည့် ဝိုင်ကို သောက်ရင်း laptop ဖြင့် အလုပ်လုပ်နေသည့် ကမ္ဘာ့ကို စိုင်းကတော့ သောက်ရင်းငေးရင်းပါပဲ
ဖြူသွယ်တဲ့ လက်ချောင်းတွေဖြင့် laptop ပေါ်ပြေးလွှားနေသည်က ကဗျာဆန်လွန်းနေသလို
ဘေးတိုက်မြင်နေရသည့် နှာတံမြင့်မြင့်က ထင်းနေပြီး ပိရိသေသပ်လွန်းတဲ့ မထူမပါး နှုတ်ခမ်းတစ်စုံ
တင်းတင်းစေ့ထားပုံက ကြာကြာစိုက်ကြည့်ပါက
ရင်ခုန်သံတွေကို ကတိမ်းကပါးဖြစ်စေတော့မှာမလွဲ
ခိုင်ကျည်တဲ့မေးရိုးက ဘာပဲလုပ်လုပ် ပြတ်ပြတ်သားသား နောက်မတွန့်စတမ်းလုပ်တတ်ကြောင်း
ဒေါ်ဂျူလီယာကို မရမက ဓနအင်အားဖြင့် သိမ်းပိုက်ခဲ့သည်က သက်သေပဲမဟုတ်ပါလား
ချောမောခံ့ညားလွန်းလို့ မရင့်ရင့်အောင် နေနေပေ
မယ့် ဖျောက်ကွယ်မရသည့် ရုပ်ရည်ကတော့ ပျိုမေတို့အသဲကို တမ်းတမ်းစွဲဖြစ်နေ‌ေစတာ ဒီလူကြီးက သိမယ်လည်းမထင်ပါလေ
စိုင်း ကိုယ်တိုင်တောင် ဦးနဲ့ဆုံတိုင်း မသိမသာ ဂယက်ထမိသည့် ရင်ခုန်သံကြောင့် တဖြည်းဖြည်း
စွဲလန်းခဲ့ရတာ မညာနိုင်ခဲ့
ချောလွန်းတယ်
ဝိုင်အရှိန်ဖြင့် ရီဝေဝေဖြစ်လာသည့် စိုင်းမျက်ဝန်းထဲ ဦး၏ စွဲဆောင်မှုကညှို့ချက်ပြင်းပြင်းပါပဲ
ဝိုင်ခွက်ဆီ တေ့လိုက်သည့် ဦးနှုတ်ခမ်းဆီ အကြည့်အရောက်မှာပဲ....
" ဦးးးးးးး "
" ဟင်...အင့် "
ခေါ်သံကြောင့် လှည့်ကြည့်မိစဉ် နှုတ်ခမ်းဆီ ထိတွေ့လာသည့် အနွေးဓာတ်နှင့်အတူ
လုပ်လက်စ laptop ကို ပိတ်လိုက်ရပြီး တွန်းဖယ်သော်လည်း ဇွတ်တိုးလာသည့် အနမ်းပိုင်ရှင်ကြောင့်
ကောင်ငယ်လေး၏ ခန္ဓာကိုယ်ကို ပွေ့ယူလိုက်ပြီး
အိပ်ယာထက်ဆီသို့...
" မင်း...အရမ်းဆိုးလွန်းတယ် "
" စိုင်းက ဆိုးရင် ဦးကရော "
" ဦးက ဘာဆိုးလို့လဲ ကွာ "
" စိုင်းကို ပစ်ထားတယ် မဟုတ်ဘူးလား "
" ဟောဗျာ...ဘယ်မှာပစ်ထားလို့လဲ "
" စိုင်းကို မချစ်ဘူး ! ပစ်ထားတယ်...ညဘက်တွေဆို စိုင်း တစ်ယောက်တည်းအိပ်ရတယ်လေ "
မူးပြီးရစ်နေတာကလည်း အသဲယားစရာပါပဲလား
ပါးမို့လေးတွေနီနေပြီး နီထွေးထွေးနှုတ်ခမ်းက
အငြိမ်မနေပါဘဲ ကမ္ဘာ့ကို အပြစ်တင်နေလျက်
မရိုးမရွဖြစ်လာသည့် ခံစားချက်တို့ လှုပ်ခတ်လာသည့်အခါ
" တစ်ယောက်တည်းအိပ်ရတာသေချာလို့လား !
  ဦး ရင်ခွင်ထဲ တိုးဝင်အိပ်တာ ဘယ်သူပါလိမ့် "
" မသိဘူးလေ...ဘယ်ကောင်လဲ !
  ဘယ်ကောင်က စိုင်းချစ်ရတဲ့ ဦးရင်ခွင်ထဲတိုးအိပ်
  တာလဲ...ပြော ပြော ! အဲ့ကောင်ကို လုပ်မယ် "
မူးမူးဖြင့်ပြောချင်ရာပြောပြီး ကမ္ဘာ့ကို သဝန်တိုနေပုံက တကယ့်ရယ်စရာလေးပါလား
ဒီကောင်ငယ်လေးကတော့ကွာ
ကမ္ဘာကိုယ်တိုင်က အရှက်ကြီးတတ်လွန်းသူမို့ ခပ်ကင်းကင်းပဲနေခဲ့၍လားမသိ ခုလို အပြုအမူမျိုးကို
မတွေ့ဖူးခဲ့
ဟားးးး မင်းက တကယ့်ဟာလေးပဲကွာ
လူကို အသဲမယား ယားအောင်လုပ်နေတာ
" ဦး...ဘယ်မှာလဲလို့ဆို "
" အမ်...ဘာ ဘာကလဲ "
" ဦး ရင်ခွင်ထဲတိုးအိပ်တဲ့ ကောင်လေ "
" ဒီမှာလေ "
ရင်ခွင်ထဲ ခပ်တင်းတင်းဆွဲဖက်ပြီး နဖူးလေးကို နမ်းလိုက်တော့ အနည်းငယ်ငြိမ်ကျသွားပြီး
" ဦးကို အရမ်းချစ်တယ် ဗျ "
" အင့် "
ကမ္ဘာ့လည်ပင်းဆီသိုင်းဖက်လာပြီး ထိုစကားတစ်ခွန်းဖြင့် နှုတ်ခမ်းတွေကို အပိုင်သိမ်းလာပြန်တဲ့အခါ
ထိန်းချုပ်ထားသမျှ ကမ္ဘာ့စိတ်တွေဟာ လွတ်ထွက်သွားခဲ့ပြီး
ရင်ခုန်ခြင်းတွေဖြင့် ဖန်ဆင်းမိသော အချစ်ညဟာ
သံစဉ်တွေတောင် ကမောက်ကမဖြစ်လို့ .......
💘💘💘💘💘💘💘
Author -- Ahtarsaung
Continue Reading
You'll Also Like
6.1M 377K 54
57.6K 1.7K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
908K 38.4K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
399K 11.3K 28
တော်ဝင်ဂုဏ် + ရှေးဆန်သူ