ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

101K 14.1K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
Part 96
Part 97
Completed in Telegram

Part 39

1K 188 1
By Swae_Nyoe

39 01

အပိုင်း (၃၉)

ယိုးခွင်သည် စိတ်စွမ်းအားရှင်တစ်ယောက် ဖြစ်သည့်အလျောက် သူတို့ စိတ်စွမ်းအားတိုက်ခိုက်မှုထဲသို့ ကျရောက်နေကြောင်းသိလေသည်။ ထို့ကြောင့် ဤစက္ကန့်ပိုင်းအတွင်းမှာပင် သူအတိုက်ခိုက်ခံနေရပြီဆိုတာ သေချာနေခဲ့ပြီး တစ်ဖက်လူ ဖန်တီးထားသည့် ပုံရိပ်ယောင်အတွင်း ဝင်သွားမိသည်မှာ သေချာသွားသည်။

သို့သော် သူ ဤတိုက်ခိုက်မှုကို မရှောင်ရှားနိုင်သည်မှာလည်း သာမန်သာ ဖြစ်သည်။

နောက်ဆုံးတွင် သူ၏ ပြိုင်ဘက်သည် အဆင့်ခြောက် စိတ်စွမ်းရှင်ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအရာများမှာ အမှန်မဟုတ်ဟူ၍သာ တွေးနေပြီး အရာအားလုံးကို လစ်လျူရှုထားနိုင်သ၍ သူအဆင်ပြေနေမည်ဆိုသည်ကိုလည်း သူသေချာပေါက် သိထားသည်။

ဤနေရာတွင် သူသည် ကလေးဘဝမှ လူငယ်ဘဝ နောက်ဆုံး ကမ္ဘာပျက်ကပ်ရောက်သည်အထိ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ထိုစဉ်အချိန်အခါများတွင် ကြုံတွေ့ခဲ့ရသော ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ပူဆွေးမှု၊ မောက်မာမှု ၊ ကြောက်ရွံ့မှုတို့ကိုလည်း ခံစားခဲ့ရပြီး နောက်ဆုံး ယနေ့တိုက်ပွဲအထိ အကုန်ပြန်ပြီး ခံစားဖြစ်ပေါ်လာသည်ကို ကြုံရသည်။

နောက်ဆုံး ဤပုံရိပ်ယောင်အတွင်းမှ လွတ်မြောက်ပြီထင်ပြီး ပျော်သွားတော့မည့်အချိန်တွင် သူ့နှလုံးကို ရေခဲမြှားတစ်စင်း ရုတ်တရက် ဖောက်ဝင်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ အေးခဲသွားသည်။ သူတို့ တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီး အခြေစိုက်စခန်းမှ နှင်ထုတ်ခံခဲ့ရသည်။ အစပိုင်းတွင် သူတို့သည် အခြေစိုက်စခန်း ခပ်သေးသေးတစ်ခုသို့ ဝင်ခဲ့ကြပြီး သူတို့၏ စွမ်းရည်အဆင့်များကြောင့် ထိုစခန်းတွင် အာဏာရသူများဖြစ်လာကြသည်။

သူတို့သည် စခန်းမှ လူတိုင်းအပေါ် နိုင့်ထက်စီးနင်းဆက်ဆံခဲ့ကြပြီး သာမန်လူများကို လူလိုမဆက်ဆံခဲ့ကြပေ။ သို့သော် သကာလောင်းထားသော တိုက်ခိုက်မှုများအောက်တွင် ဝမ်ဖုန်းတစ်ယောက် မကြာခင်တွင် တစ်စုံတစ်ယောက်နှင့် ချစ်သွားတော့သည်။ သူ(ဝမ်ဖုန်း)သည် ကိုယ်တိုင်ကိုယ်ကျ သူ့(ယိုးခွင်)ကို သတ်ခဲ့ပြီး သူ၏ သလင်းအမြုတေကို သူ၏ချစ်သူအသစ်လေးအား ပေးခဲ့သည်။

အဆင့်လေး စိတ်စွမ်းအားရှင်၏ သလင်းအမြုတေသည် အတော်လေး သဘောထားကြီးသော လက်ဆောင်အဖြစ် သတ်မှတ်နိုင်သည်။ သူသေသွားပြီဆိုသည်ကို သိသော်လည်း သူ၏ အသိစိတ်က သလင်းအမြုတေနှင့် တွဲနေဟန်ရှိကာ အရာအားလုံးကို သူ၏ အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။

ထို့ကြောင့် ဤအခြေစိုက်စခန်းကလူများ သူနှင့်ဝမ်ဖုန်းအား မည်မျှတောင် မုန်းတီးနာကျည်းနေကြသည်ကိုလည်း သူသိခဲ့ရသည်။ သို့သော် သူတို့တွင် တစ်ခြားသူများ၏ စွမ်းရည်များကို ဖယ်ထုတ်၍ သူတို့ကိုယ်ပိုင်အဖြစ် ပြောင်းလဲအသုံးချနိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခုရှိသည်။ သူတို့(စခန်းကလူတွေ)သည် သူတို့(ဝမ်ဖုန်းနှင့်ယိုးခွင်)ကို အကြောင်းမဲ့သည်းခံခဲ့ခြင်းမဟုတ်။ သူတို့၏ စွမ်းရည်များကို လိုချင်မျက်စိရှိနေသောကြောင့်သာ လိုလိုလားလား သည်းခံနေကြခြင်းဖြစ်သည်။

သူအသတ်ခံလိုက်ရပြီးနောက် သူတို့သည် ဝမ်ဖုန်း၏ စွမ်းရည်ကို ရရန် နည်းလမ်းတစ်ခု ကြံဆတော့သည်။ နောက်ဆုံးတွင် သာမန်လူတစ်ယောက်ဖြစ်လာသော ဝမ်ဖုန်းသည် စွမ်းအားတို့ ထုတ်ယူခံလိုက်ရသော သူ၏ သလင်းအမြုတေကို ယူ၍ ထွက်ပြေးတော့သည်။ သို့သော် ဇွန်ဘီအုပ်ကြီး ဝင်ရောက်တိုက်ခိုက်လာသောကြောင့် သူ့မှာ သိပ်အဝေးကြီး မရောက်လိုက်ပေ။

သူ၏ ရည်းစားဟောင်း တဖြည်းဖြည်းချင်း သေဆုံးသွားသည်ကို ကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် လက်စားချေနိုင်ခဲ့ပြီဟူ၍ ပီတိဖြာနေမှုတစ်ခုတည်းသာ ခံစားမိခဲ့သည်။ ပုံရိပ်ယောင်ထဲသို့ လုံးလုံး ကျဆင်းသွားသော ယိုးခွင်မှာ ပတ်ဝန်းကျင်ကိုပင် အာရုံမခံနိုင်လောက်အောင် နစ်မြှုပ်သွားခဲ့သည်။ သူ၏ မူလအကြံအစည်များ အားလုံး မေ့ပျောက်သွားပြီး တကယ့်အစစ်အမှန်လား ပုံရိပ်ယောင်လားဆိုသည်ကိုပင် မသိတော့ပေ။

ဝမ်ဖုန်း၏ အသက်ရှူသံ ရပ်တန့်သွားသည်နှင့် သူ၏ စိတ်ကလည်း ပြန်လည်၍ ကြည့်လင်လာသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်လျှင် ယခုမှ သဲကန္တာရကျတ်တီးမြေတွင်သာ ရှိနေသေးသည်ကို သိလိုက်သည်။

သို့သော် သတိကောင်းကောင်း ပြန်မရသေးခင်မှာပင် သူ့ရင်ဘက်တစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ရေခဲမြှားတစ်စင်းက သူ့ရင်ဘက်ကို ဖောက်ဝင်သွားပြီး သူ့တစ်ကိုယ်လုံးရှိ သွေးများအားလုံး အေးခဲသွားသည်။ ပုံရိပ်ယောင်ထဲမှ မြင်ကွင်းနှင့် တစ်ထပ်တည်းပင်။

ကြောက်လန့်နေသော ယိုးခွင်မှာ သူနှင့် ဘေးချင်းယဉ်တိုက်ခိုက်နေသော ဝမ်ဖုန်းတွင်လည်း သူနှင့် တစ်ထပ်တည်းတူည်ီသော အမူအယာမျိုးဖြစ်နေပြီး ရင်ဘက်တွင် ရေခဲမြှားစိုက်သွားသည်ကို မသိလိုက်ပေ။

တိုက်ပွဲရလဒ်ထွက်လာပြီဖြစ်ပြီး စက်ရုပ်သံကဲ့သို့ တီတီမြည်သံ ထွက်ပေါ်လာပြီး စက္ကန့်သုံးဆယ်အတွင်း ကစားသမားများ ပုံရိပ်ယောင်အတွင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အကြောင်းကြားသံ ပေါ်ထွက်လာသည်။

39 02

ယင်ညန်က တိုတိုတုတ်တုတ် ဖြေလိုက်ပြီး ထရပ်သည်။ နောက်သို့လှည့်၍

အဝေးတစ်နေရာကို ကြည့်ကာ ကျန်းကျိရင်သည် သူ၏ ထွက်သွားသော

ကျန်းကျိရင်သည်လည်း အကြောင်းကြားသံကို ကြားခဲ့ပြီး ယင်ညန်ကို လှည့်ကြည့်၍ နှိုင်းနှိုင်းဆဆ စဉ်းစား၍ မေးလိုက်သည်။

"ယင်..........ဒေါက်တာယင် တိုက်ပွဲက ပြီးသွားတာလား"

"အွန်း"

သူသည် ကြောက်လွန်းလို့ တုန်နေပြီး တစ်ဖက်လူ၏ မျက်လုံးကို စေ့စေ့မကြည့်ရဲသောကြောင့် ယင်ညန်၏ မေးစေ့ကိုသာ ကြည့်၍ မေးခဲ့ခြင်း ဖြစ်သည်။

နောက်ကျောပြင်ကိုသာ မြင်ရသည်။

ကျန်းကျိရင်သည် ဘော့စ် ဒေါသထွက်နေသလို ခံစားရပြီး..... ခေါင်းကုတ်၍ နှုတ်ခမ်းစေ့ထားကာ သူ့ရှေ့ပုံရိပ်ကို ခိုးကြည့်ရင်း တိတ်တိတ်လေးသာ တွေးနေတော့သည်။

သူတို့ ခုနလေးက လှဲနေကျတုန်းကပင် ဘော့စ်က စိတ်ကောင်းဝင်၍ တက်ကြွသိမ်မွေ့နေသည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလား။ ထိုအချိန်က ဘော့စ်၏ ပုံစံသည် ကြောင်နှင့် ကစားနေတုန်းကလိုမျိုး အလွန်ပျော်ရွှင်တက်ကြွနေခဲ့သော်လည်း ယခုကျ ရုတ်တရက် ပြောင်းလဲသွားသည်။

'ဘော့စ်ရဲ့ ဦးနှောက်လည်ပတ်ပုံက တကယ်ကို သာမန်မဟုတ်ဘူးပဲ'

သို့သော် ရုတ်တရက် ပြောင်းလဲတတ်သော ဘော့စ်သည်လည်း အလွန်ချစ်စရာကောင်းလေသည်။ ဤသို့ တွေးမိသွားသော ကျန်းကျိရင်သည် သူ့ကိုယ်သူ လုံးဝ မျှော်လင့်ချက်မရှိတော့ဟု ခံစားမိခဲ့သော်လည်း မျက်နှာကတော့ ခပ်တည်တည် မျက်နှာပေးနှင့်သာ ရှိနေဆဲပင်။

နောက်တစ်စက္ကန့်တွင် ကောင်းကင်ကြီးက ရုတ်တရက် လည်ပတ်လာပြီး ငလျင်လှုပ်သလို ဖြစ်လာကာ တကယ့်ကမ္ဘာအစစ်ဆီသို့ ပြန်ရောက်သွားသည်။ ပိုင်မုန့်အဖွဲ့အစည်း၏ လက်ထောက်များသည် သူတို့ကိုယ်ပေါ်မှ စက်များကို အသီးသီးလာရောက်ဖယ်ရှားကြသည်။

သူတို့ ရှုံးသွားပြီ။

ယိုးခွင်နှင့် ဝမ်ဖုန်းတို့ အချင်းချင်းကြည့်လိုက်ပြီး စကားမပြောကြပေ။ အနည်းဆုံးတော့ ဤရလဒ်ကို လက်မခံနိုင်ကြောင်း ပြောသင့်သော်လည်း နှစ်ယောက်စလုံးသည် ဤရလဒ်ကို လက်ခံထားပြီး ဖြစ်သကဲ့သို့ တစ်ယောက်ကမှ စကားတစ်ခွန်းမှ မပြောကြပေ။

သူတို့သည် အခန်းသို့ပြန်ကြပြီး ပစ္စည်းများ ထုတ်ကာ စခန်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။ မည်သူကမှ သူတို့ကို မတားရဲကြသလို တားရမည်လား မတားရဘူးလား မသိကြပေ။ လူတိုင်းက သူတို့ထွက်ခွာရန် ရှဲပေးလိုက်သည်။

ယိုးခွင်နှင့် ဝမ်ဖုန်းတို့သည် တိုက်ပွဲပုံရိပ်ယောင်ထဲတွင် မြင်ခဲ့သည့်အကြောင်းအရာတို့ကို လုံးဝ ထုတ်မပြောကြပေ။ သူတို့သည် တစ်ခုမှ ထုတ်မပြောကြသော်လည်း နှလုံးသားထဲတွင်တော့ သံသယတို့နှင့် မနာလိုမှုတို့က နက်နက်ရှိုင်းရှိုင်း ရစ်တွယ်နေကြပြီဖြစ်သည်။

စခန်းခေါင်းဆောင်က သူတို့ကို လက်မလွတ်ချင်သော်လည်း သူတတ်နိုင်တာ ဘာမှ မရှိပေ။ အဆုံးတွင် မပျော်မရွှင်ဖြင့် သူတို့ကို သွားခွင့်ပေးခဲ့သည်။ သူ့စခန်းက ကြီးမားလျှင်ပင် ပြိုင်ဘက်ကင်းအင်အားစု တစ်ခုဖြစ်သော ပိုင်မုန့်အဖွဲ့အစည်းကို စော်ကားလို့ မဖြစ်ပေ။

မဟုတ်ပါက ပိုင်မုန့်အဖွဲ့စည်းကသာ သူတို့ကို နောက်ဆုံးပေါ် နည်းပညာများ မမျှပေးတော့လျှင် သူတို့စခန်း၏ တိုးတက်မှုနှင့အ အတွေ့အကြုံတို့က တစ်ခြားသော စခန်းများထက် ပို၍ နိမ့်ပါးသွားနိုင်သည်။ ထိုသို့ဖြစ်လာလျျင် သူတို့စခန်း ဖျက်သိမ်းခံရမည်မှာ အနှေးအမြန်ဖြစ်လာမည့် ကိစ္စဖြစ်လာပေလိမ့်မည်။

သူ၏ ပန်းတိုင်ကို ရောက်သွားခဲ့ပြီး အောင်လဲအောင်မြင်ခဲ့သည်။ ထို့အပြင် လွယ်လွယ်လေး အနိုင်ရခဲ့သည်ပင်။ ကျန်းကျိရင် စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး ယင်ညန်ကို ခိုးကြည့်သည်။

ယင်ညန်သည် အလွန်ကို စိတ်ဆိုးနေသေးကာ တည်တင်းနေသော မျက်နှာနှင့် သူ့ဘေးတွင် ရပ်နေလေသည်။ စုန့်လဲ့နှင့် ပိုင်မုန့်အဖွဲ့အစည်းမှ လူများမှာ ယင်ညန်ကိုကြည့်၍ အသက်ပင် ရဲရဲမရှူဝံ့ကြပေ။

တစ်ဖက်လူက သူ့ကို လုံးဝ ဂရုစိုက်သည်ကိုမြင်သော် ကျန်းကျိရင် ရယ်မောလိုက်ပြီး သခင်ဘော့စ်ကြီးက ရည်ရွယ်ချက်တစ်ခုခု ရှိသောကြောင့်သာ သူ့ကို အဆင်ပြေအောင် ကူညီပေးခဲ့ခြင်းဖြစ်မည်ဟု တွေးမိဲ့သည်။ သူ့နှလုံးသားထဲမှ တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားလိုက်ရပြီး ပို၍ပင် တိတ်ဆိတ်သွားသည်။

သူ့စိတ်အခြေအနေကို သေချာပြန်ထိန်းညှိပြီး ကိုယ်ကို မတ်၍ ထွက်သွားရန် စောင့်နေသော တာ့တောက်နှင့် ရှောင်ကျင်းကို နှုတ်ဆက်လိုက်သည်။

39 03

"ဒေါက်တာ ဒေါက်တာ"

စုန့်လဲ့ နှုတ်ခမ်းကိုက်၍ လူငယ်လေးထွက်သွားသည့်ဘက်ကို ငေးကြည့်နေသော သူတို့၏ ဒေါက်တာကြီးကိုကြည့်၍ ရှက်လာသည်။

သူတို့၏ ဒေါက်တာသည် အမြဲတမ်း သတိကြီးပြီး စွမ်းအားကြီးသူဖြစ်သော်လည်း သူကြိုက်သည့် တစ်စုံတစ်ယောက်နှင့် တွေ့သည့်အချိန်တွင် အလွန်ကို စိတ်အားထက်သန်ပြီး ရိုးသားလှသည်။ စုန့်လဲမှာ ထိုကဲ့သို့ ဒေါက်တာကို ကြည့်ပြီး ရှက်လာသည်။ ဒေါက်တာ၏ အင်္ကျီကော်လာကို ဆွဲ၍ ကြမ်းကြမ်းတမ်းတမ်း ခါယမ်း၍ အော်ချပစ်လိုက်ချင်သည်။

"ဒေါက်တာရာ ခင်များဘာလို့များ မသွက်မလက် မပြတ်မသားနဲ့ အိစိအိစိ လုပ်နေရတာလဲ မြန်မြန်သွားပြီး တည့်သာ ပြောလိုက်ပါတော့လား အိုင်း သာမန် အချစ်ဝန်ခံတဲ့နည်းလမ်းကိုသာသုံးရင် ဘယ်လိုလူကမှ ခင်များကို ငြင်းပယ်မှာ မဟုတ်ဘူးဗျ"

သို့သော် သူမပြောရဲပါ။ သူကြောက်ပါသည်။ ဒါသည် တစ်ခြားလူလည်းမဟုတ် ဒေါက်တာယင်ဖြစ်သည်။ ထို့ကြောင့် စိတ်ထဲတွင်သာ တွေးရဲပြီး လက်ချောင်းများကို ပွတ်၍ ဆံပင်များကျွတ်လာသည်အထိ ခေါင်းယမ်းမိတော့သည်။

စုန့်လဲ့တွင် ရှင်းပြ၍ မရနိုင်သော ဆဌမအာရုံတစ်ခု ရှိသည်။ ၎င်းမှာ အကယ်၍ တစ်နေ့တွင် သူတို့၏ ဒေါက်တာသာ ချစ်ရသူတစ်ယောက် တွေ့ခဲ့လျှင် ကမ္ဘာပျက်ကပ်အတွက် မျှော်လင့်ချက်ရှိလာလိမ့်မည်ဟူ၍။

ရလဒ်ကတော့ သူတို့၏ ဒေါက်တာသည် ထွက်သွားသည့်လူ၏ နောက်ကျော မြင်ကွင်းထဲမှ လုံးလုံးလျားလျား ပျောက်သွားမှသာ သူတို့ဘက်သို့ ပြန်လှည့်လာသည်။ ဘာမှမဖြစ်သလိုပင် ဟန်ဆောင်လိုက်သေးကာ မျက်နှာတည်ကြီးဖြင့် ဆက်ပြောသည်။

"ဘာကိစ္စလဲ"

စုန့်လဲ့ ".......... အမ်....မဟုတ်...ဘာကိစ္စမှ မရှိပါဘူး.... မဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့တွေ တကျော့ပြန်စခန်းကို သွားသင့်နေပြီလို့...အဲတာပြောမလို့"

ဒေါက်တာ အချစ်ရေးက အလွန်အရေးကြီးသည်ကို နားလည်သော်လည်း တ‌ကျော့ပြန်အခြေစိုက်စခန်းက သူတို့ကို စောင့်နေကြသည်။

ဒေါက်တာ မျက်ခုံးတွန့်သွားသည်ကို မြင်ပြီး

"စခန်းခေါင်းဆောင်ယန်ဖူကလည်း ကျွန်တော်တို့ကို ခနခန လော နေပါတယ်"

ထိုနာမည်ကိုကြားပြီး ယင်ညန် ပို၍ပင် စိတ်မကြည်ဖြစ်သွားသည်။ အေးစက်သော အသံကြီးဖြင့် သုံးခွန်းသာ ပြောလိုက်သည်။

"ဆက် စောင့် ခိုင်း လိုက်"

'အဲလိုလုပ်လို့ မကောင်းဘူးမလား'

နောက်ဆုံးတွင် စခန်းခေါင်းဆောင်ယန်သည် ကမ္ဘာပျက်ကပ်တွင် နာမည်ကျော်ကြားပြီး လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

စုန့်လဲ့မှာ အလွန်အမင်းကို သဘောမတူပါသော်လည်း ဘာမှမပြောနိုင်ဘဲ ဒေါက်တာ၏ တုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားသော နောက်ကျောပြင်ကိုသာ ကြည့်နေရသည်။ သူချက်ချင်း သူ၏ ယုံကြည်ချက်ကို ခိုင်မာစေလိုက်သည်။

'သူတို့ကို ဒေါက်တာ့စကားနားထောင်ပြီး စောင့်ခိုင်းထားလိုက်တော့မယ်'

သူ၏ စိတ်နှလုံးတွင် ဒေါက်တာသည့် အနိတ္တိမ အနိတ္တိမ ဘော့စ်ထဲမှ အနိတ္တိမအဖြစ်ဆုံး ဘော့စ်ဖြစ်ပြီး ဘယ်သောအခါမှ မရှုံးနိမ့်နိုင်သော ဘော့စ်အဖြစ် ယုံကြည်ထားသည်။

ကမ္ဘာပျက်ကပ်အတောအတွင်းတွင် သူတို့၏ ဒေါက်တာသာလျှင် ကြောက်စရာအကောင်းဆုံးသူ ဖြစ်ပြီး သူ့ကို ဘယ်သောအခါမှ ရန်သွားမစသင့်ပေ။

အထက်ပါ အကြောင်းအရာများအားလုံးမှာ စုန့်လဲ့၏ နေ့စဉ်အတွေ့အကြုံများမှ လာခြင်းအပြင် သူ၏ ဆဌမအာရုံမှလည်း လာခြင်းဖြစ်သည်။ စုန့်လဲ့သည် ဒေါက်တာအကောင်းဆုံး ဒေါက်တာအတော်ဆုံးဆိုသည့် ဖန်ဘွိုင်းလေးလည်း ဖြစ်သည်။

အလွန်ထူးချွန်သော သုတေနပညာရှင်ဖြစ်သည့် စုန့်လဲ့အတွက် သူသည် ကြက်ပေါက်ကလေးလို အားနည်းသည့် အဆင့်မြင့်အရှိန်စွမ်းအားရှင်လေးသာ မဟုတ်ဘဲ ထူးခြားရှားပါးသော "သိမြင်နားလည်ခြင်း" ဟူသော စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားသည့် အမွှာစွမ်းအားရှင်ဖြစ်ကြောင်းသိသည်မှာ မကြာသေးပေ။

ထိုစွမ်းအားသည် လက်တွေ့ကိစ္စများတွင် သိပ်အသုံးမဝင်သော်လည်း အကြောင်းအရာတော်တော်များများကို အမှန်တရားနှင့် နီးစပ်စွာ သဘောပေါက်စေသည်။

39 04

-------------------------

အားမုနှင့် အားခုန်းတို့သည် လောင်ကျူ၏ အခန်းထဲတွင် ကျန်းကျိရင်နှင့် တစ်ခြားသူများ ပြန်အလာကို စောင့်ဆိုင်းနေကြသည်။ တံခါးပိတ်သွားသည်နှင့် အားခုန်းက ရှေ့တိုးလာပြီး ဘာဖြစ်ခဲ့သည်လဲဆိုတာကို မေးသည်။ ရှောင်ကျင်းမှာ မျိုသိပ်မထားနိုင်တော့သလို ခံစားရပြီး မပျော်မရွှင်ဖြစ်စွာ အော်ပြောတော့သည်။

"ကပ္ပတိန် ဘာလို့ သူတို့ကို ဒီအတိုင်းသွားခွင့်ပေးလိုက်ရတာလဲ လုံးဝ မတရားဘူး သူတို့မှာ စွမ်းရည်ရှိသေးတယ်လေ သူတို့ စခန်းကထွက်သွားရင်တောင် တစ်ခြားနေရာမှာ ကောင်းကောင်းနေရဦးမှာ သူတို့က ကပ္ပတိန်ကို သတ်ဖို့တောင်လုပ်တာ ဘာလို့ ကျွန်တော်တို့ကို လုံးဝ မပြောပြရတာလဲ"

ကျန်းကျိရင် ရှောင်ကျင်း ဤမျှလောက် စိတ်တိုသွားလိမ့်မည်ဟု မမျှော်လင့်ပေ။ အခိုက်အတန့်လောက် အခြေအနေကို မထိန်းနိုင်ဖြစ်သွားသည်။ သူ၏ အတွေးတို့ကို တစ်ဖက်လူ နားလည်အောင် ပြောပြဖို့သာ တတ်နိင်တော့ကာ

".........ငါ ဒီအတိုင်း ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ မသေစေချင်လို့ပါ..."

"ဒါပေမဲ့ ကပ္ပတိန် တကယ်လို့ ကပ္ပတိန်သာ ဒီလိုမျိုး မလုပ်ခဲ့ဘူးဆိုရင် သူတို့ကို ဘယ်သူကမှ အပြစ်ပေးတော့မှာ မဟုတ်ဘူး သူတို့ရဲ့ အမှားအတွက် တာဝန်ယူစရာလဲ လိုမှာမဟုတ်ဘူး သူတို့က လုံးဝ ဘာမှမဖြစ်သလို အာဏာရှင်တွေ ဖြစ်နေကြဦးမှာ"

ရှောင်ကျင်းသူ့ကို မျက်လုံးပြူးကြည့်၍ ပြောသည်။

"ကပ္ပတိန် အခုက ကမ္ဘာကြီးရဲ့ အဆုံးသတ်နော် ဘာဥပဒေမှ မရှိဘူး"

လူတစ်ယောက် သေသင့်သည် မသေသင့်ဘူး ဆုံးဖြတ်ပေးနိုင်မည့် ဥပဒေမရှိသလို အဖွဲ့အစည်းများလည်း မရှိပေ။

ကျန်းကျိရင် တစ်ခနလောက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

သို့သော် သူသည် သူတို့၏ ကပ္ပတိန်ဖြစ်သည်။ ဤနေရာကို မသိလိုက်ခင်က ယူခဲ့မိပြီး ယခုတွင် သူကိုယ်တိုင်သည်လည်း ဤနေရာကို အသားကျလာပြီဖြစ်သလို သူ၏ အဖွဲ့သားများကလည်း သူ့ကို အားကိုးယုံကြည်ကြသည်။ အစကတည်းက သူတို့ကို လက်လွတ်ရန် ခက်ခဲခဲ့သည်။

သူ့တွင် မည်သို့သော ခံစားချက်များ ရှိနေသည်ကို အမည်မဖော်နိုင်ပေ။ ဤအခိုက်အတန့်တွင် သူပြောမည့်စကား၏ ဖြစ်လာမည့် နောက်ဆက်တွဲကို မတွေးတော့ဘဲ စိတ်လိုရာအတိုင်း ပြောလိုက်တော့သည်။

"ဥပဒေမရှိရင် ငါတို့တွေက ဥပဒေကို ဖန်တီးမယ်"

ယင်ညန်ကို အချိန်အတော်ကြာအောင် တုပနေလာပြီးနောက် သူ့စိတ်ထဲတွင် မည်မျှ ယောက်ယက်ခတ်နေပါစေ ကျန်းကျိရင်သည် သူ့မျက်နှာကို တည်ငြိမ်အေးဆေးအောင် ထိန်းထားနိုင်ဆဲဖြစ်လာသည်။

တာ့တောက် ရုတ်တရက် ခေါင်းမော့၍ ပြောသည်။

"ကပ္ပတိန် ကျွန်တော့်ရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို ကျွန်တော်ပြောပြမယ်"

"ကျွန်တော်က ရှေ့နေတစ်ယောက်ဖြစ်ခဲ့တာ ဒါပေမဲ့ ငွေကြေးနယ်ပယ်မှာ အလုပ်လုပ်ခဲ့ရတယ် ရုတ်တရက် ကမ္ဘာပျက်ကပ်ဆိုက်လာရော အဲဒီတုန်းက ကျွန်တော် အချိန်ပိုဆင်းနေခဲ့တာ ပြီးတော့ ကျွန်တော် အလုပ်မှာ ပိတ်မိသွားတယ်ပေါ့ဗျာ ကျွန်တော့်ဇနီးကတော့ အိမ်မှာ ရှိနေခဲ့တာ သုံးရက်လုံးလုံး ကျွန်တော် လူတိုင်းနဲ့ အဆက်အသွယ်ပြတ်သွားတယ် ပြီးတော့ ကျွန်တော် သူမကိုလည်း ဆက်သွယ်လို့မရဘူး အဲဒီအချိန်တုန်းက ကျွန်တော့်ကိုယ်ထဲမှာ တစ်ခုခု ထူးဆန်းတာ တစ်ခုခု ဖြစ်လာသလို ခံစားရတယ် အဲတာကို စွမ်းရည်နိုးထလာတာမှန်း ကျွန်တော်မသိခဲ့ဘူး ကျွန်တော် ကြောက်နေခဲတာ့ အဲဒီနောက် သုံးရက်မြောက်ကျတော့ ကျွန်တော် လာကယ်မဲ့သူတွေကို ဒီအတိုင်း ထိုင်စောင့်မနေနိုင်တော့ဘူး အဲဒါနဲ့ ကျွန်တော် ရုံးကနေ ဆင်းသွားလိုက်ပြီး တစ်လမ်းလုံး အဆင့်နိမ့် ဇွန်ဘီတွေကို သတ်လာခဲ့တာ အိမ်ကို ပြန်မောင်းလာခဲ့တယ်........... နောက်ဆုံးမှာ တစ်စုံတစ်ယောက်က ကားပေါ်က တွန်းချခံလိုက်ရတာကို တွေ့လိုက်ရတယ် အဲဒီအချိန်မှာ တစ်ခုခုကို ကျွန်တော် လွဲသွားပြီလို့ ခံစားလိုက်ရတယ် နောက်တော့ အဲဒီတစ်စုံတစ်ယောက်က ကျွန်တော့အမျိုးသမီးဖြစ်နေတယ်............ သူမက ကျွန်တော့်ကို စောင့်နေခဲ့တာ သူကျွန်တော့်မှာ တစ်ခုခုဖြစ်နေမှာကို စိတ်ပူလာလို့ အပြင်ထွက်ပြီး ကျွန်တော့်ကို လာရှာဖို့ လုပ်ခဲ့တာ........ သူမလိုက်လာတဲ့ကားက ဇွန်ဘီအုပ်နဲ့တိုးပြီး ဇွန်ဘီတွေကို အာရုံပြောင်းဖို့ သူမကို သူတို့တွန်းချလိုက်တာ..."

"ကျွန်တော် သူမကို ကယ်ဖို့ ပြေးဆင်းသွားခဲ့တယ်... ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ...... အဲဒီအချိန်တုန်းက ဇွန်ဘီတွေနဲ့တိုက်ခိုက်ပြီး ကျွန်တော်လည်း ဒဏ်ရာတွေ ရထားတာ သွေးတွေများ ရွှဲနေတာပဲ........ကျွန်တော့်မိန်းမကို တွန်းချလိုက်တဲ့ လူနှစ်ယောက်ကလည်း တအားကြောက်နေခဲ့တာ.............ကျွန်တော် သူတို့ကို သတ်ပစ်လိုက်တယ်"

39 05

"အဲတာက ကျွန်တော် တစ်စုံတစ်ယောက်ကို သတ်ဖူးတဲ့ ပထမဆုံး အကြိမ်ဘဲ ကျွန်တော် ဘာလုပ်လိုက်မိပြီလဲဆိုတဲ့ အသိဝင်လာတဲ့အချိန်မှာ ဒါက တကယ်ကြီး ကမ္ဘာပျက်ကပ် မဟုတ်ခဲ့ရင်ရောလို့ တွေးမိတယ်.... ဒါပေမဲ့လည်း တကယ့်ကို ကမ္ဘာပျက်ကပ်ဆိုက်နေတာပါပဲ ဘယ်သူကမှ သူတို့အကြောင်း လာမမေးကြသလို ဘယ်သူကမှလည်း ကျွန်တော့်ကို လာမဖမ်းကြဘူးလေ"

နောက်ဆုံးတွင် သူ့အသံသည် ရှိုက်သံတို့နှင့် တိမ်ဝင်သွားသည်။ သို့သော် တဖြည်းဖြည်းနှင့် ပြန်၍ တည်ငြိမ်လာသည်။

"ကပ္ပတိန် ကပ္ပတိန်က ကျွန်တော့်အသက်ကို ကယ်ခဲ့တယ် တကယ်တို့ ကပ္ပတိန်က ကျွန်တော်တို့နဲ့ မတူဘူးလို့ အမြဲထင်ခဲ့တာ ကပ္ပတိန်မှာ ကျွန်တော်တို့လိုမျိုး ဒဏ်ရာအနာတရမျိုး မရှိဘူးဆိုတာ ကျွန်တော် အာရုံခံမိသလိုပဲ ကပ္၌တိန်ကလေ ကမ္ဘာပျက်ကပ်မှာ ရှင်သန်နေတာ မဟုတ်တဲ့ တစ်စုံတစ်ယော်ကလိုပဲ...........ဒါပေမဲ့ ကပ္ပတိန် ကျွန်တော် ကပ္ပတိန့်ကို ယုံပါတယ် ဒီတော့ဗျာ ကပ္ပတိန်ဘာလုပ်လုပ် နောက်မှာ အဆင်သင့် ကူညီဖို့ ကျွန်တော်ရှိတယ်"

ကျန်းကျိရင် ရုတ်တရက် သူ့ကို အားလုံးက ကြည့်နေကြကြောင်း သတိထားမိသွားသည်။ သူကတော့ သတိလက်လွတ် တစ်ခုခု လုပ်လိုက်မိပြန်ပြီထင်၏။

ကျန်းကျိရင် ".........ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

နောက်တစ်နေ့တွင် တပ်ခွဲလေးခေါင်းဆောင်က ကျန်းကျိရင်ကို ယင်ညန်ထံ စာရွက်စာတန်းတစ်စောင် ပို့ပေးရန် အမိန့်ပေးခဲ့သည်။

ကျန်းကျိရင် "........ဘာလို့ အထူးတလှယ်ကြီး ကျွန်တော့်ကို ပို့ပေးဖို့ ပြောရတာလဲ"

တပ်ခွဲလေးခေါင်းဆောင်က စိတ်မရှည်စွာ လက်ယမ်းပြပြီး

"မင်းက ငါ့ကိုမေးတယ် ငါက ဘယ်သူ့ကို မေးရမှာလဲ ဘာကိစ္စ တအားအမေးအမြန်းထူရတာလဲကွာ ဒီအတိုင်း သွားပေးလိုက်စမ်းပါ"

ထို့ကြောင့် ကျန်းကျိရင်မှာ ယင်ညန်၏ ယာယီရုံးခန်းသို့ သွားခဲ့ပြီး တံခါးခေါက်လိုက်သည်။ ရုံးခန်းထဲတွင် ယင်ညန်တစ်ယောက်သာ ရှိသည်။ သူသည် စာရေးစားပွဲတွင်ထိုင်နေပြီး စာရွက်စာတမ်းတစ်ချို့ ဖတ်နေပုံရသည်။ ကျန်းကျိရင် စကားမစခင် စိတ်ငြိမ်အောင် အရင်လုပ်လိုက်သည်။

"တပ်ခွဲခေါင်းဆောင်က ဒီစာရွက်စာတမ်း လာပေးခိုင်းလိုက်လို့ပါ"

"အဲဒီမှာ ချထားလိုက်"

ယင်ညန် သူဖတ်နေသော စာရွက်ကိုသာ ဂရုတစိုက်ဖတ်နေပြီး မော့ပင်မကြည့်ပေ။ ကျန်းကျိရင် တိတ်ဆိတ်စွာ စာရွက်ကို ချပေးလိုက်ပြီး ထွက်သွားဖို့ လုပ်သော်လည်း နည်းနည်းလေး မသွားချင်သလို ဖြစ်လာသည်။ ထို့ကြောင့် ဂရုတစိုက် မေးလိုက်သည်။

"ခင်များ....... ဘာလို့များ ဒီကိုရောက်လာတာလဲ မဟုတ်ဘူး ကျွန်တော်ပြောတာက ခင်များက ဘယ်လိုမှ သာမန်လူတစ်ယောက်နဲ့ မတူဘူးလေ ဘာလို့ ဒီမှာ ရုတ်တရက် ပေါ်လာတာလဲ......"

သူဘာကို မေးဖို့ ကြိုးစားနေမိမှန်း သူကိုယ်တိုင်ပင် မသိပေ။ တကယ်တမ်းတွင် သူမေးချင်သည်မှာ ဘာကိစ္စ သူလို ဗီလိန်ဘော့စ်က ရုတ်တရက်ကြီး လူသားများကို သနားညှာတာစိတ်အပြည့်ရှိပြီး နာကျင်သူများကို ကယ်တင်ပေးမည့် ဒေါက်တာယင် ဖြစ်လာရသနည်း။

မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူအား သူ၏ အစစ်အမှန်ပုံရိပ်ကို သိနေကြောင်း တိုက်ရိုက်ပြောလိုက်၍ မဖြစ်ပေ။

ယင်ညန် ခေါင်းမော့၍ သူ့ကို ကြည့်လာသည်။

ကျန်းကျိရင် တစ်ကိုယ်လုံး ထုံထိုင်းသွားသလို ခံစားရပြီး

'အခု တရားမျှတတဲ့ဘက်ကလို ဟန်ဆောင်နေတဲ့ ဘော့စ်က ပေါ်သွားပြီထင်ပြီး ဓားထုတ်ပြီး ငါ့ကို ထမထိုးလောက်ပါဘူးနော်'

သူ့ခြေထောက်များပင် ပျော့ခွေလာပြီး ထွက်သွားချင်လာသည်။ သူက နှုတ်ဆက်လိုက်ပြီး ဘာမှ မတုံ့ပြန်လာသော ဘော့စ်ကြောင့် မသိချင်ယောင်ဆောင်ပြီး ထွက်သွားဖို့ လုပ်သည်။

ထိုအချိန်တွင် ဘော့စ်၏ အသံတိုးတိုးက အလုံပိတ်ထားသော ဤအခန်းထဲတွင် ဟိန်းထွက်လာသည်။ ကျန်းကျိ၇◌င် လှည့်ကြည့်လိုက်မိပြီး အလွန်အမင်း လေးနက်တည်ကြည်နေသော မျက်ဝန်းနက်နက်တို့နှင့် အကြည့်ချင်းဆုံသွားသည်။

ဤမျက်ဝန်းများ၏ ပိုင်ရှင်သည် အလွန်အမင်း မခံမရပ်နိုင်သော ဝမ်းနည်းပူဆွေးမှုကို ထိန်းချုပ်ထားရပုရသည်။ သူသည် ကျန်းကျိရင် သေချာကြားရအောင် တစ်လုံးချင်းပြောလိုက်သလား အောက်မေ့ရအောင် တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။

"ကိုယ့်ရဲ့ မီမီ မရှိတော့ဘူး သူ့ကိုရှာဖို့ ဒီကိုလာခဲ့တာ..."

.......................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

39 01
အပိုင္း (၃၉)

ယိုးခြင္သည္ စိတ္စြမ္းအားရွင္တစ္ေယာက္ ျဖစ္သည့္အေလ်ာက္ သူတို႔ စိတ္စြမ္းအားတိုက္ခိုက္မႈထဲသို႔ က်ေရာက္ေနေၾကာင္းသိေလသည္။ ထို႔ေၾကာင့္ ဤစကၠန႔္ပိုင္းအတြင္းမွာပင္ သူအတိုက္ခိုက္ခံေနရၿပီဆိုတာ ေသခ်ာေနခဲ့ၿပီး တစ္ဖက္လူ ဖန္တီးထားသည့္ ပုံရိပ္ေယာင္အတြင္း ဝင္သြားမိသည္မွာ ေသခ်ာသြားသည္။

သို႔ေသာ္ သူ ဤတိုက္ခိုက္မႈကို မေရွာင္ရွားႏိုင္သည္မွာလည္း သာမန္သာ ျဖစ္သည္။

ေနာက္ဆုံးတြင္ သူ၏ ၿပိဳင္ဘက္သည္ အဆင့္ေျခာက္ စိတ္စြမ္းရွင္ျဖစ္သည္။ ထို႔ေၾကာင့္ ဤအေၾကာင္းအရာမ်ားမွာ အမွန္မဟုတ္ဟူ၍သာ ေတြးေနၿပီး အရာအားလုံးကို လစ္လ်ဴရႈထားႏိုင္သ၍ သူအဆင္ေျပေနမည္ဆိုသည္ကိုလည္း သူေသခ်ာေပါက္ သိထားသည္။

ဤေနရာတြင္ သူသည္ ကေလးဘဝမွ လူငယ္ဘဝ ေနာက္ဆုံး ကမာၻပ်က္ကပ္ေရာက္သည္အထိ ႀကဳံေတြ႕ခဲ့ရသည္။ ထို႔အျပင္ ထိုစဥ္အခ်ိန္အခါမ်ားတြင္ ႀကဳံေတြ႕ခဲ့ရေသာ ဝမ္းနည္းမႈ၊ ေပ်ာ္႐ႊင္မႈ၊ ပူေဆြးမႈ၊ ေမာက္မာမႈ ၊ ေၾကာက္႐ြံ႕မႈတို႔ကိုလည္း ခံစားခဲ့ရၿပီး ေနာက္ဆုံး ယေန႔တိုက္ပြဲအထိ အကုန္ျပန္ၿပီး ခံစားျဖစ္ေပၚလာသည္ကို ႀကဳံရသည္။

ေနာက္ဆုံး ဤပုံရိပ္ေယာင္အတြင္းမွ လြတ္ေျမာက္ၿပီထင္ၿပီး ေပ်ာ္သြားေတာ့မည့္အခ်ိန္တြင္ သူ႔ႏွလုံးကို ေရခဲျမႇားတစ္စင္း ႐ုတ္တရက္ ေဖာက္ဝင္သြားကာ သူ႔ခႏၶာကိုယ္တစ္ခုလုံးမွ ေသြးမ်ား ေအးခဲသြားသည္။ သူတို႔ တိုက္ပြဲတြင္ ရႈံးနိမ့္သြားၿပီး အေျခစိုက္စခန္းမွ ႏွင္ထုတ္ခံခဲ့ရသည္။ အစပိုင္းတြင္ သူတို႔သည္ အေျခစိုက္စခန္း ခပ္ေသးေသးတစ္ခုသို႔ ဝင္ခဲ့ၾကၿပီး သူတို႔၏ စြမ္းရည္အဆင့္မ်ားေၾကာင့္ ထိုစခန္းတြင္ အာဏာရသူမ်ားျဖစ္လာၾကသည္။

သူတို႔သည္ စခန္းမွ လူတိုင္းအေပၚ ႏိုင့္ထက္စီးနင္းဆက္ဆံခဲ့ၾကၿပီး သာမန္လူမ်ားကို လူလိုမဆက္ဆံခဲ့ၾကေပ။ သို႔ေသာ္ သကာေလာင္းထားေသာ တိုက္ခိုက္မႈမ်ားေအာက္တြင္ ဝမ္ဖုန္းတစ္ေယာက္ မၾကာခင္တြင္ တစ္စုံတစ္ေယာက္ႏွင့္ ခ်စ္သြားေတာ့သည္။ သူ(ဝမ္ဖုန္း)သည္ ကိုယ္တိုင္ကိုယ္က် သူ႔(ယိုးခြင္)ကို သတ္ခဲ့ၿပီး သူ၏ သလင္းအျမဳေတကို သူ၏ခ်စ္သူအသစ္ေလးအား ေပးခဲ့သည္။

အဆင့္ေလး စိတ္စြမ္းအားရွင္၏ သလင္းအျမဳေတသည္ အေတာ္ေလး သေဘာထားႀကီးေသာ လက္ေဆာင္အျဖစ္ သတ္မွတ္ႏိုင္သည္။ သူေသသြားၿပီဆိုသည္ကို သိေသာ္လည္း သူ၏ အသိစိတ္က သလင္းအျမဳေတႏွင့္ တြဲေနဟန္ရွိကာ အရာအားလုံးကို သူ၏ ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ ေစာင့္ၾကည့္ေနခဲ့သည္။

ထို႔ေၾကာင့္ ဤအေျခစိုက္စခန္းကလူမ်ား သူႏွင့္ဝမ္ဖုန္းအား မည္မွ်ေတာင္ မုန္းတီးနာက်ည္းေနၾကသည္ကိုလည္း သူသိခဲ့ရသည္။ သို႔ေသာ္ သူတို႔တြင္ တစ္ျခားသူမ်ား၏ စြမ္းရည္မ်ားကို ဖယ္ထုတ္၍ သူတို႔ကိုယ္ပိုင္အျဖစ္ ေျပာင္းလဲအသုံးခ်ႏိုင္မည့္ လွ်ိဳ႕ဝွက္နည္းလမ္းတစ္ခုရွိသည္။ သူတို႔(စခန္းကလူေတြ)သည္ သူတို႔(ဝမ္ဖုန္းႏွင့္ယိုးခြင္)ကို အေၾကာင္းမဲ့သည္းခံခဲ့ျခင္းမဟုတ္။ သူတို႔၏ စြမ္းရည္မ်ားကို လိုခ်င္မ်က္စိရွိေနေသာေၾကာင့္သာ လိုလိုလားလား သည္းခံေနၾကျခင္းျဖစ္သည္။

သူအသတ္ခံလိုက္ရၿပီးေနာက္ သူတို႔သည္ ဝမ္ဖုန္း၏ စြမ္းရည္ကို ရရန္ နည္းလမ္းတစ္ခု ႀကံဆေတာ့သည္။ ေနာက္ဆုံးတြင္ သာမန္လူတစ္ေယာက္ျဖစ္လာေသာ ဝမ္ဖုန္းသည္ စြမ္းအားတို႔ ထုတ္ယူခံလိုက္ရေသာ သူ၏ သလင္းအျမဳေတကို ယူ၍ ထြက္ေျပးေတာ့သည္။ သို႔ေသာ္ ဇြန္ဘီအုပ္ႀကီး ဝင္ေရာက္တိုက္ခိုက္လာေသာေၾကာင့္ သူ႔မွာ သိပ္အေဝးႀကီး မေရာက္လိုက္ေပ။

သူ၏ ရည္းစားေဟာင္း တျဖည္းျဖည္းခ်င္း ေသဆုံးသြားသည္ကို ၾကည့္ေနခဲ့ၿပီး သူ႔ႏွလုံးသားထဲတြင္ လက္စားေခ်ႏိုင္ခဲ့ၿပီဟူ၍ ပီတိျဖာေနမႈတစ္ခုတည္းသာ ခံစားမိခဲ့သည္။ ပုံရိပ္ေယာင္ထဲသို႔ လုံးလုံး က်ဆင္းသြားေသာ ယိုးခြင္မွာ ပတ္ဝန္းက်င္ကိုပင္ အာ႐ုံမခံႏိုင္ေလာက္ေအာင္ နစ္ျမႇဳပ္သြားခဲ့သည္။ သူ၏ မူလအႀကံအစည္မ်ား အားလုံး ေမ့ေပ်ာက္သြားၿပီး တကယ့္အစစ္အမွန္လား ပုံရိပ္ေယာင္လားဆိုသည္ကိုပင္ မသိေတာ့ေပ။

ဝမ္ဖုန္း၏ အသက္ရႉသံ ရပ္တန႔္သြားသည္ႏွင့္ သူ၏ စိတ္ကလည္း ျပန္လည္၍ ၾကည့္လင္လာသည္။ သူမ်က္လုံးဖြင့္ၾကည့္လိုက္လွ်င္ ယခုမွ သဲကႏၲာရက်တ္တီးေျမတြင္သာ ရွိေနေသးသည္ကို သိလိုက္သည္။

သို႔ေသာ္ သတိေကာင္းေကာင္း ျပန္မရေသးခင္မွာပင္ သူ႔ရင္ဘက္တစ္ခုလုံး ေအးစက္သြားသည္ကို ခံစားလိုက္ရသည္။ ေရခဲျမႇားတစ္စင္းက သူ႔ရင္ဘက္ကို ေဖာက္ဝင္သြားၿပီး သူ႔တစ္ကိုယ္လုံးရွိ ေသြးမ်ားအားလုံး ေအးခဲသြားသည္။ ပုံရိပ္ေယာင္ထဲမွ ျမင္ကြင္းႏွင့္ တစ္ထပ္တည္းပင္။

ေၾကာက္လန႔္ေနေသာ ယိုးခြင္မွာ သူႏွင့္ ေဘးခ်င္းယဥ္တိုက္ခိုက္ေနေသာ ဝမ္ဖုန္းတြင္လည္း သူႏွင့္ တစ္ထပ္တည္းတူည္ီေသာ အမူအယာမ်ိဳးျဖစ္ေနၿပီး ရင္ဘက္တြင္ ေရခဲျမႇားစိုက္သြားသည္ကို မသိလိုက္ေပ။

တိုက္ပြဲရလဒ္ထြက္လာၿပီျဖစ္ၿပီး စက္႐ုပ္သံကဲ့သို႔ တီတီျမည္သံ ထြက္ေပၚလာၿပီး စကၠန႔္သုံးဆယ္အတြင္း ကစားသမားမ်ား ပုံရိပ္ေယာင္အတြင္းမွ ထြက္ခြာေတာ့မည္ျဖစ္ေၾကာင္း အေၾကာင္းၾကားသံ ေပၚထြက္လာသည္။

39 02
ယင္ညန္က တိုတိုတုတ္တုတ္ ေျဖလိုက္ၿပီး ထရပ္သည္။ ေနာက္သို႔လွည့္၍
အေဝးတစ္ေနရာကို ၾကည့္ကာ က်န္းက်ိရင္သည္ သူ၏ ထြက္သြားေသာ
က်န္းက်ိရင္သည္လည္း အေၾကာင္းၾကားသံကို ၾကားခဲ့ၿပီး ယင္ညန္ကို လွည့္ၾကည့္၍ ႏႈိင္းႏႈိင္းဆဆ စဥ္းစား၍ ေမးလိုက္သည္။

"ယင္..........ေဒါက္တာယင္ တိုက္ပြဲက ၿပီးသြားတာလား"
"အြန္း"

သူသည္ ေၾကာက္လြန္းလို႔ တုန္ေနၿပီး တစ္ဖက္လူ၏ မ်က္လုံးကို ေစ့ေစ့မၾကည့္ရဲေသာေၾကာင့္ ယင္ညန္၏ ေမးေစ့ကိုသာ ၾကည့္၍ ေမးခဲ့ျခင္း ျဖစ္သည္။
ေနာက္ေက်ာျပင္ကိုသာ ျမင္ရသည္။

က်န္းက်ိရင္သည္ ေဘာ့စ္ ေဒါသထြက္ေနသလို ခံစားရၿပီး..... ေခါင္းကုတ္၍ ႏႈတ္ခမ္းေစ့ထားကာ သူ႔ေရွ႕ပုံရိပ္ကို ခိုးၾကည့္ရင္း တိတ္တိတ္ေလးသာ ေတြးေနေတာ့သည္။

သူတို႔ ခုနေလးက လွဲေနက်တုန္းကပင္ ေဘာ့စ္က စိတ္ေကာင္းဝင္၍ တက္ႂကြသိမ္ေမြ႕ေနသည္မွာ ရွင္းလင္းေနသည္ မဟုတ္ပါလား။ ထိုအခ်ိန္က ေဘာ့စ္၏ ပုံစံသည္ ေၾကာင္ႏွင့္ ကစားေနတုန္းကလိုမ်ိဳး အလြန္ေပ်ာ္႐ႊင္တက္ႂကြေနခဲ့ေသာ္လည္း ယခုက် ႐ုတ္တရက္ ေျပာင္းလဲသြားသည္။

'ေဘာ့စ္ရဲ႕ ဦးေႏွာက္လည္ပတ္ပုံက တကယ္ကို သာမန္မဟုတ္ဘူးပဲ'

သို႔ေသာ္ ႐ုတ္တရက္ ေျပာင္းလဲတတ္ေသာ ေဘာ့စ္သည္လည္း အလြန္ခ်စ္စရာေကာင္းေလသည္။ ဤသို႔ ေတြးမိသြားေသာ က်န္းက်ိရင္သည္ သူ႔ကိုယ္သူ လုံးဝ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဟု ခံစားမိခဲ့ေသာ္လည္း မ်က္ႏွာကေတာ့ ခပ္တည္တည္ မ်က္ႏွာေပးႏွင့္သာ ရွိေနဆဲပင္။

ေနာက္တစ္စကၠန႔္တြင္ ေကာင္းကင္ႀကီးက ႐ုတ္တရက္ လည္ပတ္လာၿပီး ငလ်င္လႈပ္သလို ျဖစ္လာကာ တကယ့္ကမာၻအစစ္ဆီသို႔ ျပန္ေရာက္သြားသည္။ ပိုင္မုန႔္အဖြဲ႕အစည္း၏ လက္ေထာက္မ်ားသည္ သူတို႔ကိုယ္ေပၚမွ စက္မ်ားကို အသီးသီးလာေရာက္ဖယ္ရွားၾကသည္။

သူတို႔ ရႈံးသြားၿပီ။

ယိုးခြင္ႏွင့္ ဝမ္ဖုန္းတို႔ အခ်င္းခ်င္းၾကည့္လိုက္ၿပီး စကားမေျပာၾကေပ။ အနည္းဆုံးေတာ့ ဤရလဒ္ကို လက္မခံႏိုင္ေၾကာင္း ေျပာသင့္ေသာ္လည္း ႏွစ္ေယာက္စလုံးသည္ ဤရလဒ္ကို လက္ခံထားၿပီး ျဖစ္သကဲ့သို႔ တစ္ေယာက္ကမွ စကားတစ္ခြန္းမွ မေျပာၾကေပ။

သူတို႔သည္ အခန္းသို႔ျပန္ၾကၿပီး ပစၥည္းမ်ား ထုတ္ကာ စခန္းမွ တိတ္ဆိတ္စြာ ထြက္ခြာသြားသည္။ မည္သူကမွ သူတို႔ကို မတားရဲၾကသလို တားရမည္လား မတားရဘူးလား မသိၾကေပ။ လူတိုင္းက သူတို႔ထြက္ခြာရန္ ရွဲေပးလိုက္သည္။

ယိုးခြင္ႏွင့္ ဝမ္ဖုန္းတို႔သည္ တိုက္ပြဲပုံရိပ္ေယာင္ထဲတြင္ ျမင္ခဲ့သည့္အေၾကာင္းအရာတို႔ကို လုံးဝ ထုတ္မေျပာၾကေပ။ သူတို႔သည္ တစ္ခုမွ ထုတ္မေျပာၾကေသာ္လည္း ႏွလုံးသားထဲတြင္ေတာ့ သံသယတို႔ႏွင့္ မနာလိုမႈတို႔က နက္နက္ရႈိင္းရႈိင္း ရစ္တြယ္ေနၾကၿပီျဖစ္သည္။

စခန္းေခါင္းေဆာင္က သူတို႔ကို လက္မလြတ္ခ်င္ေသာ္လည္း သူတတ္ႏိုင္တာ ဘာမွ မရွိေပ။ အဆုံးတြင္ မေပ်ာ္မ႐ႊင္ျဖင့္ သူတို႔ကို သြားခြင့္ေပးခဲ့သည္။ သူ႔စခန္းက ႀကီးမားလွ်င္ပင္ ၿပိဳင္ဘက္ကင္းအင္အားစု တစ္ခုျဖစ္ေသာ ပိုင္မုန႔္အဖြဲ႕အစည္းကို ေစာ္ကားလို႔ မျဖစ္ေပ။

မဟုတ္ပါက ပိုင္မုန႔္အဖြဲ႕စည္းကသာ သူတို႔ကို ေနာက္ဆုံးေပၚ နည္းပညာမ်ား မမွ်ေပးေတာ့လွ်င္ သူတို႔စခန္း၏ တိုးတက္မႈႏွင့အ အေတြ႕အႀကဳံတို႔က တစ္ျခားေသာ စခန္းမ်ားထက္ ပို၍ နိမ့္ပါးသြားႏိုင္သည္။ ထိုသို႔ျဖစ္လာလ််င္ သူတို႔စခန္း ဖ်က္သိမ္းခံရမည္မွာ အေႏွးအျမန္ျဖစ္လာမည့္ ကိစၥျဖစ္လာေပလိမ့္မည္။

သူ၏ ပန္းတိုင္ကို ေရာက္သြားခဲ့ၿပီး ေအာင္လဲေအာင္ျမင္ခဲ့သည္။ ထို႔အျပင္ လြယ္လြယ္ေလး အႏိုင္ရခဲ့သည္ပင္။ က်န္းက်ိရင္ စိတ္ေအးစြာ သက္ျပင္းခ်လိုက္ၿပီး ယင္ညန္ကို ခိုးၾကည့္သည္။

ယင္ညန္သည္ အလြန္ကို စိတ္ဆိုးေနေသးကာ တည္တင္းေနေသာ မ်က္ႏွာႏွင့္ သူ႔ေဘးတြင္ ရပ္ေနေလသည္။ စုန႔္လဲ့ႏွင့္ ပိုင္မုန႔္အဖြဲ႕အစည္းမွ လူမ်ားမွာ ယင္ညန္ကိုၾကည့္၍ အသက္ပင္ ရဲရဲမရႉဝံ့ၾကေပ။

တစ္ဖက္လူက သူ႔ကို လုံးဝ ဂ႐ုစိုက္သည္ကိုျမင္ေသာ္ က်န္းက်ိရင္ ရယ္ေမာလိုက္ၿပီး သခင္ေဘာ့စ္ႀကီးက ရည္႐ြယ္ခ်က္တစ္ခုခု ရွိေသာေၾကာင့္သာ သူ႔ကို အဆင္ေျပေအာင္ ကူညီေပးခဲ့ျခင္းျဖစ္မည္ဟု ေတြးမိဲ့သည္။ သူ႔ႏွလုံးသားထဲမွ တစ္စုံတစ္ခု လစ္ဟာသြားသလို ခံစားလိုက္ရၿပီး ပို၍ပင္ တိတ္ဆိတ္သြားသည္။

သူ႔စိတ္အေျခအေနကို ေသခ်ာျပန္ထိန္းညႇိၿပီး ကိုယ္ကို မတ္၍ ထြက္သြားရန္ ေစာင့္ေနေသာ တာ့ေတာက္ႏွင့္ ေရွာင္က်င္းကို ႏႈတ္ဆက္လိုက္သည္။
39 03
"ေဒါက္တာ ေဒါက္တာ"

စုန႔္လဲ့ ႏႈတ္ခမ္းကိုက္၍ လူငယ္ေလးထြက္သြားသည့္ဘက္ကို ေငးၾကည့္ေနေသာ သူတို႔၏ ေဒါက္တာႀကီးကိုၾကည့္၍ ရွက္လာသည္။

သူတို႔၏ ေဒါက္တာသည္ အၿမဲတမ္း သတိႀကီးၿပီး စြမ္းအားႀကီးသူျဖစ္ေသာ္လည္း သူႀကိဳက္သည့္ တစ္စုံတစ္ေယာက္ႏွင့္ ေတြ႕သည့္အခ်ိန္တြင္ အလြန္ကို စိတ္အားထက္သန္ၿပီး ႐ိုးသားလွသည္။ စုန႔္လဲမွာ ထိုကဲ့သို႔ ေဒါက္တာကို ၾကည့္ၿပီး ရွက္လာသည္။ ေဒါက္တာ၏ အက်ႌေကာ္လာကို ဆြဲ၍ ၾကမ္းၾကမ္းတမ္းတမ္း ခါယမ္း၍ ေအာ္ခ်ပစ္လိုက္ခ်င္သည္။

"ေဒါက္တာရာ ခင္မ်ားဘာလို႔မ်ား မသြက္မလက္ မျပတ္မသားနဲ႔ အိစိအိစိ လုပ္ေနရတာလဲ ျမန္ျမန္သြားၿပီး တည့္သာ ေျပာလိုက္ပါေတာ့လား အိုင္း သာမန္ အခ်စ္ဝန္ခံတဲ့နည္းလမ္းကိုသာသုံးရင္ ဘယ္လိုလူကမွ ခင္မ်ားကို ျငင္းပယ္မွာ မဟုတ္ဘူးဗ်"

သို႔ေသာ္ သူမေျပာရဲပါ။ သူေၾကာက္ပါသည္။ ဒါသည္ တစ္ျခားလူလည္းမဟုတ္ ေဒါက္တာယင္ျဖစ္သည္။ ထို႔ေၾကာင့္ စိတ္ထဲတြင္သာ ေတြးရဲၿပီး လက္ေခ်ာင္းမ်ားကို ပြတ္၍ ဆံပင္မ်ားကြၽတ္လာသည္အထိ ေခါင္းယမ္းမိေတာ့သည္။

စုန႔္လဲ့တြင္ ရွင္းျပ၍ မရႏိုင္ေသာ ဆဌမအာ႐ုံတစ္ခု ရွိသည္။ ၎မွာ အကယ္၍ တစ္ေန႔တြင္ သူတို႔၏ ေဒါက္တာသာ ခ်စ္ရသူတစ္ေယာက္ ေတြ႕ခဲ့လွ်င္ ကမာၻပ်က္ကပ္အတြက္ ေမွ်ာ္လင့္ခ်က္ရွိလာလိမ့္မည္ဟူ၍။

ရလဒ္ကေတာ့ သူတို႔၏ ေဒါက္တာသည္ ထြက္သြားသည့္လူ၏ ေနာက္ေက်ာ ျမင္ကြင္းထဲမွ လုံးလုံးလ်ားလ်ား ေပ်ာက္သြားမွသာ သူတို႔ဘက္သို႔ ျပန္လွည့္လာသည္။ ဘာမွမျဖစ္သလိုပင္ ဟန္ေဆာင္လိုက္ေသးကာ မ်က္ႏွာတည္ႀကီးျဖင့္ ဆက္ေျပာသည္။

"ဘာကိစၥလဲ"

စုန႔္လဲ့ ".......... အမ္....မဟုတ္...ဘာကိစၥမွ မရွိပါဘူး.... မဟုတ္ပါဘူး ကြၽန္ေတာ္ဆိုလိုတာက ကြၽန္ေတာ္တို႔ေတြ တေက်ာ့ျပန္စခန္းကို သြားသင့္ေနၿပီလို႔...အဲတာေျပာမလို႔"

ေဒါက္တာ အခ်စ္ေရးက အလြန္အေရးႀကီးသည္ကို နားလည္ေသာ္လည္း တ‌ေက်ာ့ျပန္အေျခစိုက္စခန္းက သူတို႔ကို ေစာင့္ေနၾကသည္။

ေဒါက္တာ မ်က္ခုံးတြန႔္သြားသည္ကို ျမင္ၿပီး

"စခန္းေခါင္းေဆာင္ယန္ဖူကလည္း ကြၽန္ေတာ္တို႔ကို ခနခန ေလာ ေနပါတယ္"

ထိုနာမည္ကိုၾကားၿပီး ယင္ညန္ ပို၍ပင္ စိတ္မၾကည္ျဖစ္သြားသည္။ ေအးစက္ေသာ အသံႀကီးျဖင့္ သုံးခြန္းသာ ေျပာလိုက္သည္။

"ဆက္ ေစာင့္ ခိုင္း လိုက္"

'အဲလိုလုပ္လို႔ မေကာင္းဘူးမလား'

ေနာက္ဆုံးတြင္ စခန္းေခါင္းေဆာင္ယန္သည္ ကမာၻပ်က္ကပ္တြင္ နာမည္ေက်ာ္ၾကားၿပီး လႊမ္းမိုးႏိုင္ေသာ ပုဂၢိဳလ္တစ္ေယာက္ျဖစ္သည္။

စုန႔္လဲ့မွာ အလြန္အမင္းကို သေဘာမတူပါေသာ္လည္း ဘာမွမေျပာႏိုင္ဘဲ ေဒါက္တာ၏ တုံ႔ဆိုင္းျခင္းမရွိ ထြက္ခြာသြားေသာ ေနာက္ေက်ာျပင္ကိုသာ ၾကည့္ေနရသည္။ သူခ်က္ခ်င္း သူ၏ ယုံၾကည္ခ်က္ကို ခိုင္မာေစလိုက္သည္။

'သူတို႔ကို ေဒါက္တာ့စကားနားေထာင္ၿပီး ေစာင့္ခိုင္းထားလိုက္ေတာ့မယ္'

သူ၏ စိတ္ႏွလုံးတြင္ ေဒါက္တာသည့္ အနိတၱိမ အနိတၱိမ ေဘာ့စ္ထဲမွ အနိတၱိမအျဖစ္ဆုံး ေဘာ့စ္ျဖစ္ၿပီး ဘယ္ေသာအခါမွ မရႈံးနိမ့္ႏိုင္ေသာ ေဘာ့စ္အျဖစ္ ယုံၾကည္ထားသည္။

ကမာၻပ်က္ကပ္အေတာအတြင္းတြင္ သူတို႔၏ ေဒါက္တာသာလွ်င္ ေၾကာက္စရာအေကာင္းဆုံးသူ ျဖစ္ၿပီး သူ႔ကို ဘယ္ေသာအခါမွ ရန္သြားမစသင့္ေပ။

အထက္ပါ အေၾကာင္းအရာမ်ားအားလုံးမွာ စုန႔္လဲ့၏ ေန႔စဥ္အေတြ႕အႀကဳံမ်ားမွ လာျခင္းအျပင္ သူ၏ ဆဌမအာ႐ုံမွလည္း လာျခင္းျဖစ္သည္။ စုန႔္လဲ့သည္ ေဒါက္တာအေကာင္းဆုံး ေဒါက္တာအေတာ္ဆုံးဆိုသည့္ ဖန္ဘြိဳင္းေလးလည္း ျဖစ္သည္။

အလြန္ထူးခြၽန္ေသာ သုေတနပညာရွင္ျဖစ္သည့္ စုန႔္လဲ့အတြက္ သူသည္ ၾကက္ေပါက္ကေလးလို အားနည္းသည့္ အဆင့္ျမင့္အရွိန္စြမ္းအားရွင္ေလးသာ မဟုတ္ဘဲ ထူးျခားရွားပါးေသာ "သိျမင္နားလည္ျခင္း" ဟူေသာ စြမ္းရည္ကိုပါ ပိုင္ဆိုင္ထားသည့္ အမႊာစြမ္းအားရွင္ျဖစ္ေၾကာင္းသိသည္မွာ မၾကာေသးေပ။

ထိုစြမ္းအားသည္ လက္ေတြ႕ကိစၥမ်ားတြင္ သိပ္အသုံးမဝင္ေသာ္လည္း အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကို အမွန္တရားႏွင့္ နီးစပ္စြာ သေဘာေပါက္ေစသည္။
39 04
-------------------------

အားမုႏွင့္ အားခုန္းတို႔သည္ ေလာင္က်ဴ၏ အခန္းထဲတြင္ က်န္းက်ိရင္ႏွင့္ တစ္ျခားသူမ်ား ျပန္အလာကို ေစာင့္ဆိုင္းေနၾကသည္။ တံခါးပိတ္သြားသည္ႏွင့္ အားခုန္းက ေရွ႕တိုးလာၿပီး ဘာျဖစ္ခဲ့သည္လဲဆိုတာကို ေမးသည္။ ေရွာင္က်င္းမွာ မ်ိဳသိပ္မထားႏိုင္ေတာ့သလို ခံစားရၿပီး မေပ်ာ္မ႐ႊင္ျဖစ္စြာ ေအာ္ေျပာေတာ့သည္။

"ကပၸတိန္ ဘာလို႔ သူတို႔ကို ဒီအတိုင္းသြားခြင့္ေပးလိုက္ရတာလဲ လုံးဝ မတရားဘူး သူတို႔မွာ စြမ္းရည္ရွိေသးတယ္ေလ သူတို႔ စခန္းကထြက္သြားရင္ေတာင္ တစ္ျခားေနရာမွာ ေကာင္းေကာင္းေနရဦးမွာ သူတို႔က ကပၸတိန္ကို သတ္ဖို႔ေတာင္လုပ္တာ ဘာလို႔ ကြၽန္ေတာ္တို႔ကို လုံးဝ မေျပာျပရတာလဲ"

က်န္းက်ိရင္ ေရွာင္က်င္း ဤမွ်ေလာက္ စိတ္တိုသြားလိမ့္မည္ဟု မေမွ်ာ္လင့္ေပ။ အခိုက္အတန႔္ေလာက္ အေျခအေနကို မထိန္းႏိုင္ျဖစ္သြားသည္။ သူ၏ အေတြးတို႔ကို တစ္ဖက္လူ နားလည္ေအာင္ ေျပာျပဖို႔သာ တတ္နိင္ေတာ့ကာ

".........ငါ ဒီအတိုင္း ဘယ္သူ႔ကိုမွ လြယ္လြယ္ကူကူ မေသေစခ်င္လို႔ပါ..."

"ဒါေပမဲ့ ကပၸတိန္ တကယ္လို႔ ကပၸတိန္သာ ဒီလိုမ်ိဳး မလုပ္ခဲ့ဘူးဆိုရင္ သူတို႔ကို ဘယ္သူကမွ အျပစ္ေပးေတာ့မွာ မဟုတ္ဘူး သူတို႔ရဲ႕ အမွားအတြက္ တာဝန္ယူစရာလဲ လိုမွာမဟုတ္ဘူး သူတို႔က လုံးဝ ဘာမွမျဖစ္သလို အာဏာရွင္ေတြ ျဖစ္ေနၾကဦးမွာ"

ေရွာင္က်င္းသူ႔ကို မ်က္လုံးျပဴးၾကည့္၍ ေျပာသည္။

"ကပၸတိန္ အခုက ကမာၻႀကီးရဲ႕ အဆုံးသတ္ေနာ္ ဘာဥပေဒမွ မရွိဘူး"

လူတစ္ေယာက္ ေသသင့္သည္ မေသသင့္ဘူး ဆုံးျဖတ္ေပးႏိုင္မည့္ ဥပေဒမရွိသလို အဖြဲ႕အစည္းမ်ားလည္း မရွိေပ။

က်န္းက်ိရင္ တစ္ခနေလာက္ ဘာေျပာရမွန္းမသိ ျဖစ္သြားသည္။

သို႔ေသာ္ သူသည္ သူတို႔၏ ကပၸတိန္ျဖစ္သည္။ ဤေနရာကို မသိလိုက္ခင္က ယူခဲ့မိၿပီး ယခုတြင္ သူကိုယ္တိုင္သည္လည္း ဤေနရာကို အသားက်လာၿပီျဖစ္သလို သူ၏ အဖြဲ႕သားမ်ားကလည္း သူ႔ကို အားကိုးယုံၾကည္ၾကသည္။ အစကတည္းက သူတို႔ကို လက္လြတ္ရန္ ခက္ခဲခဲ့သည္။

သူ႔တြင္ မည္သို႔ေသာ ခံစားခ်က္မ်ား ရွိေနသည္ကို အမည္မေဖာ္ႏိုင္ေပ။ ဤအခိုက္အတန႔္တြင္ သူေျပာမည့္စကား၏ ျဖစ္လာမည့္ ေနာက္ဆက္တြဲကို မေတြးေတာ့ဘဲ စိတ္လိုရာအတိုင္း ေျပာလိုက္ေတာ့သည္။

"ဥပေဒမရွိရင္ ငါတို႔ေတြက ဥပေဒကို ဖန္တီးမယ္"

ယင္ညန္ကို အခ်ိန္အေတာ္ၾကာေအာင္ တုပေနလာၿပီးေနာက္ သူ႔စိတ္ထဲတြင္ မည္မွ် ေယာက္ယက္ခတ္ေနပါေစ က်န္းက်ိရင္သည္ သူ႔မ်က္ႏွာကို တည္ၿငိမ္ေအးေဆးေအာင္ ထိန္းထားႏိုင္ဆဲျဖစ္လာသည္။

တာ့ေတာက္ ႐ုတ္တရက္ ေခါင္းေမာ့၍ ေျပာသည္။

"ကပၸတိန္ ကြၽန္ေတာ့္ရဲ႕ အတိတ္က ျဖစ္ရပ္တစ္ခုကို ကြၽန္ေတာ္ေျပာျပမယ္"

"ကြၽန္ေတာ္က ေရွ႕ေနတစ္ေယာက္ျဖစ္ခဲ့တာ ဒါေပမဲ့ ေငြေၾကးနယ္ပယ္မွာ အလုပ္လုပ္ခဲ့ရတယ္ ႐ုတ္တရက္ ကမာၻပ်က္ကပ္ဆိုက္လာေရာ အဲဒီတုန္းက ကြၽန္ေတာ္ အခ်ိန္ပိုဆင္းေနခဲ့တာ ၿပီးေတာ့ ကြၽန္ေတာ္ အလုပ္မွာ ပိတ္မိသြားတယ္ေပါ့ဗ်ာ ကြၽန္ေတာ့္ဇနီးကေတာ့ အိမ္မွာ ရွိေနခဲ့တာ သုံးရက္လုံးလုံး ကြၽန္ေတာ္ လူတိုင္းနဲ႔ အဆက္အသြယ္ျပတ္သြားတယ္ ၿပီးေတာ့ ကြၽန္ေတာ္ သူမကိုလည္း ဆက္သြယ္လို႔မရဘူး အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ့္ကိုယ္ထဲမွာ တစ္ခုခု ထူးဆန္းတာ တစ္ခုခု ျဖစ္လာသလို ခံစားရတယ္ အဲတာကို စြမ္းရည္ႏိုးထလာတာမွန္း ကြၽန္ေတာ္မသိခဲ့ဘူး ကြၽန္ေတာ္ ေၾကာက္ေနခဲတာ့ အဲဒီေနာက္ သုံးရက္ေျမာက္က်ေတာ့ ကြၽန္ေတာ္ လာကယ္မဲ့သူေတြကို ဒီအတိုင္း ထိုင္ေစာင့္မေနႏိုင္ေတာ့ဘူး အဲဒါနဲ႔ ကြၽန္ေတာ္ ႐ုံးကေန ဆင္းသြားလိုက္ၿပီး တစ္လမ္းလုံး အဆင့္နိမ့္ ဇြန္ဘီေတြကို သတ္လာခဲ့တာ အိမ္ကို ျပန္ေမာင္းလာခဲ့တယ္........... ေနာက္ဆုံးမွာ တစ္စုံတစ္ေယာက္က ကားေပၚက တြန္းခ်ခံလိုက္ရတာကို ေတြ႕လိုက္ရတယ္ အဲဒီအခ်ိန္မွာ တစ္ခုခုကို ကြၽန္ေတာ္ လြဲသြားၿပီလို႔ ခံစားလိုက္ရတယ္ ေနာက္ေတာ့ အဲဒီတစ္စုံတစ္ေယာက္က ကြၽန္ေတာ့အမ်ိဳးသမီးျဖစ္ေနတယ္............ သူမက ကြၽန္ေတာ့္ကို ေစာင့္ေနခဲ့တာ သူကြၽန္ေတာ့္မွာ တစ္ခုခုျဖစ္ေနမွာကို စိတ္ပူလာလို႔ အျပင္ထြက္ၿပီး ကြၽန္ေတာ့္ကို လာရွာဖို႔ လုပ္ခဲ့တာ........ သူမလိုက္လာတဲ့ကားက ဇြန္ဘီအုပ္နဲ႔တိုးၿပီး ဇြန္ဘီေတြကို အာ႐ုံေျပာင္းဖို႔ သူမကို သူတို႔တြန္းခ်လိုက္တာ..."

"ကြၽန္ေတာ္ သူမကို ကယ္ဖို႔ ေျပးဆင္းသြားခဲ့တယ္... ဒါေပမဲ့ အရမ္းေနာက္က်သြားၿပီ...... အဲဒီအခ်ိန္တုန္းက ဇြန္ဘီေတြနဲ႔တိုက္ခိုက္ၿပီး ကြၽန္ေတာ္လည္း ဒဏ္ရာေတြ ရထားတာ ေသြးေတြမ်ား ႐ႊဲေနတာပဲ........ကြၽန္ေတာ့္မိန္းမကို တြန္းခ်လိုက္တဲ့ လူႏွစ္ေယာက္ကလည္း တအားေၾကာက္ေနခဲ့တာ.............ကြၽန္ေတာ္ သူတို႔ကို သတ္ပစ္လိုက္တယ္"
39 05
"အဲတာက ကြၽန္ေတာ္ တစ္စုံတစ္ေယာက္ကို သတ္ဖူးတဲ့ ပထမဆုံး အႀကိမ္ဘဲ ကြၽန္ေတာ္ ဘာလုပ္လိုက္မိၿပီလဲဆိုတဲ့ အသိဝင္လာတဲ့အခ်ိန္မွာ ဒါက တကယ္ႀကီး ကမာၻပ်က္ကပ္ မဟုတ္ခဲ့ရင္ေရာလို႔ ေတြးမိတယ္.... ဒါေပမဲ့လည္း တကယ့္ကို ကမာၻပ်က္ကပ္ဆိုက္ေနတာပါပဲ ဘယ္သူကမွ သူတို႔အေၾကာင္း လာမေမးၾကသလို ဘယ္သူကမွလည္း ကြၽန္ေတာ့္ကို လာမဖမ္းၾကဘူးေလ"

ေနာက္ဆုံးတြင္ သူ႔အသံသည္ ရႈိက္သံတို႔ႏွင့္ တိမ္ဝင္သြားသည္။ သို႔ေသာ္ တျဖည္းျဖည္းႏွင့္ ျပန္၍ တည္ၿငိမ္လာသည္။

"ကပၸတိန္ ကပၸတိန္က ကြၽန္ေတာ့္အသက္ကို ကယ္ခဲ့တယ္ တကယ္တို႔ ကပၸတိန္က ကြၽန္ေတာ္တို႔နဲ႔ မတူဘူးလို႔ အၿမဲထင္ခဲ့တာ ကပၸတိန္မွာ ကြၽန္ေတာ္တို႔လိုမ်ိဳး ဒဏ္ရာအနာတရမ်ိဳး မရွိဘူးဆိုတာ ကြၽန္ေတာ္ အာ႐ုံခံမိသလိုပဲ ကပ္၌တိန္ကေလ ကမာၻပ်က္ကပ္မွာ ရွင္သန္ေနတာ မဟုတ္တဲ့ တစ္စုံတစ္ေယာ္ကလိုပဲ...........ဒါေပမဲ့ ကပၸတိန္ ကြၽန္ေတာ္ ကပၸတိန႔္ကို ယုံပါတယ္ ဒီေတာ့ဗ်ာ ကပၸတိန္ဘာလုပ္လုပ္ ေနာက္မွာ အဆင္သင့္ ကူညီဖို႔ ကြၽန္ေတာ္ရွိတယ္"

က်န္းက်ိရင္ ႐ုတ္တရက္ သူ႔ကို အားလုံးက ၾကည့္ေနၾကေၾကာင္း သတိထားမိသြားသည္။ သူကေတာ့ သတိလက္လြတ္ တစ္ခုခု လုပ္လိုက္မိျပန္ၿပီထင္၏။

က်န္းက်ိရင္ ".........ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားပါ့မယ္"

ေနာက္တစ္ေန႔တြင္ တပ္ခြဲေလးေခါင္းေဆာင္က က်န္းက်ိရင္ကို ယင္ညန္ထံ စာ႐ြက္စာတန္းတစ္ေစာင္ ပို႔ေပးရန္ အမိန႔္ေပးခဲ့သည္။

က်န္းက်ိရင္ "........ဘာလို႔ အထူးတလွယ္ႀကီး ကြၽန္ေတာ့္ကို ပို႔ေပးဖို႔ ေျပာရတာလဲ"

တပ္ခြဲေလးေခါင္းေဆာင္က စိတ္မရွည္စြာ လက္ယမ္းျပၿပီး

"မင္းက ငါ့ကိုေမးတယ္ ငါက ဘယ္သူ႔ကို ေမးရမွာလဲ ဘာကိစၥ တအားအေမးအျမန္းထူရတာလဲကြာ ဒီအတိုင္း သြားေပးလိုက္စမ္းပါ"

ထို႔ေၾကာင့္ က်န္းက်ိရင္မွာ ယင္ညန္၏ ယာယီ႐ုံးခန္းသို႔ သြားခဲ့ၿပီး တံခါးေခါက္လိုက္သည္။ ႐ုံးခန္းထဲတြင္ ယင္ညန္တစ္ေယာက္သာ ရွိသည္။ သူသည္ စာေရးစားပြဲတြင္ထိုင္ေနၿပီး စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ ဖတ္ေနပုံရသည္။ က်န္းက်ိရင္ စကားမစခင္ စိတ္ၿငိမ္ေအာင္ အရင္လုပ္လိုက္သည္။

"တပ္ခြဲေခါင္းေဆာင္က ဒီစာ႐ြက္စာတမ္း လာေပးခိုင္းလိုက္လို႔ပါ"

"အဲဒီမွာ ခ်ထားလိုက္"

ယင္ညန္ သူဖတ္ေနေသာ စာ႐ြက္ကိုသာ ဂ႐ုတစိုက္ဖတ္ေနၿပီး ေမာ့ပင္မၾကည့္ေပ။ က်န္းက်ိရင္ တိတ္ဆိတ္စြာ စာ႐ြက္ကို ခ်ေပးလိုက္ၿပီး ထြက္သြားဖို႔ လုပ္ေသာ္လည္း နည္းနည္းေလး မသြားခ်င္သလို ျဖစ္လာသည္။ ထို႔ေၾကာင့္ ဂ႐ုတစိုက္ ေမးလိုက္သည္။

"ခင္မ်ား....... ဘာလို႔မ်ား ဒီကိုေရာက္လာတာလဲ မဟုတ္ဘူး ကြၽန္ေတာ္ေျပာတာက ခင္မ်ားက ဘယ္လိုမွ သာမန္လူတစ္ေယာက္နဲ႔ မတူဘူးေလ ဘာလို႔ ဒီမွာ ႐ုတ္တရက္ ေပၚလာတာလဲ......"

သူဘာကို ေမးဖို႔ ႀကိဳးစားေနမိမွန္း သူကိုယ္တိုင္ပင္ မသိေပ။ တကယ္တမ္းတြင္ သူေမးခ်င္သည္မွာ ဘာကိစၥ သူလို ဗီလိန္ေဘာ့စ္က ႐ုတ္တရက္ႀကီး လူသားမ်ားကို သနားညႇာတာစိတ္အျပည့္ရွိၿပီး နာက်င္သူမ်ားကို ကယ္တင္ေပးမည့္ ေဒါက္တာယင္ ျဖစ္လာရသနည္း။

မည္သို႔ပင္ ဆိုေစကာမူ တစ္ဖက္လူအား သူ၏ အစစ္အမွန္ပုံရိပ္ကို သိေနေၾကာင္း တိုက္႐ိုက္ေျပာလိုက္၍ မျဖစ္ေပ။

ယင္ညန္ ေခါင္းေမာ့၍ သူ႔ကို ၾကည့္လာသည္။

က်န္းက်ိရင္ တစ္ကိုယ္လုံး ထုံထိုင္းသြားသလို ခံစားရၿပီး

'အခု တရားမွ်တတဲ့ဘက္ကလို ဟန္ေဆာင္ေနတဲ့ ေဘာ့စ္က ေပၚသြားၿပီထင္ၿပီး ဓားထုတ္ၿပီး ငါ့ကို ထမထိုးေလာက္ပါဘူးေနာ္'

သူ႔ေျခေထာက္မ်ားပင္ ေပ်ာ့ေခြလာၿပီး ထြက္သြားခ်င္လာသည္။ သူက ႏႈတ္ဆက္လိုက္ၿပီး ဘာမွ မတုံ႔ျပန္လာေသာ ေဘာ့စ္ေၾကာင့္ မသိခ်င္ေယာင္ေဆာင္ၿပီး ထြက္သြားဖို႔ လုပ္သည္။

ထိုအခ်ိန္တြင္ ေဘာ့စ္၏ အသံတိုးတိုးက အလုံပိတ္ထားေသာ ဤအခန္းထဲတြင္ ဟိန္းထြက္လာသည္။ က်န္းက်ိ၇◌င္ လွည့္ၾကည့္လိုက္မိၿပီး အလြန္အမင္း ေလးနက္တည္ၾကည္ေနေသာ မ်က္ဝန္းနက္နက္တို႔ႏွင့္ အၾကည့္ခ်င္းဆုံသြားသည္။

ဤမ်က္ဝန္းမ်ား၏ ပိုင္ရွင္သည္ အလြန္အမင္း မခံမရပ္ႏိုင္ေသာ ဝမ္းနည္းပူေဆြးမႈကို ထိန္းခ်ဳပ္ထားရပုရသည္။ သူသည္ က်န္းက်ိရင္ ေသခ်ာၾကားရေအာင္ တစ္လုံးခ်င္းေျပာလိုက္သလား ေအာက္ေမ့ရေအာင္ တစ္လုံးခ်င္း ပီပီသသ ေျပာလိုက္သည္။

"ကိုယ့္ရဲ႕ မီမီ မရွိေတာ့ဘူး သူ႔ကိုရွာဖို႔ ဒီကိုလာခဲ့တာ..."

.......................................

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continue Reading

You'll Also Like

268K 45.1K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...
224K 39.8K 78
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
18.8K 2.3K 29
Genre - Action , Fantasy , Romance , Xuanhuan , Yaoi , Mpreg Alternative names: 重生之极品皇子妃 Author : 叶忆落, Ye Yiluo Status in COO (Country of origin ) - ...