💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား...

By SaungThawtarMoon

53K 1.5K 184

အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သ... More

Part -- 1
Part--2
Part--3
Part--4
Part--5
Part--6
Part--7
Part--8
Part--9
Part--10
Part--11
Part--12
Part--13
Part--14
Part--15
Part--16
Part--17
Part--18
Part--19
Part--20
Part--21
Part-- 22
Part--23
Part--24
Part-- 25
Part--26
Part--27
Part--28
Part--29
Part--30
Part--32
Part--33
Part--34
Part--35
Part-- 36
Part--37
Part--38
Part-- 39
Part--40

Part--31

937 28 3
By SaungThawtarMoon

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--31}
**************💘************

အောက်ထပ် အိပ်ခန်းဆီ ဝင်လှဲရင်း ရစ်တစ်ယောက် မပျော်နိုင်

ဒီညကစပြီး ဒက်ဒီ နဲ့ ခွဲအိပ်ရတော့မယ်ဆိုပြီး လူက
နေရတာအဆင်မပြေ

သားဘယ်လို အိပ်ရမှာလဲ ဒက်ဒီရ

သားတစ်ယောက်တည်း အိပ်ရတော့မယ်

ဒက်ဒီကို ဖက်မအိပ်ရတော့ဘူး အီး ဟီး ဟီး

စိတ်မချလို့ နောက်မှ လိုက်လာသည့် ဂုဏ်က ကလေးငိုသံကို ကြားပြီး အခန်းရှေ့တင် ရပ်တန့်နေမိလျက်

ဂုဏ်ဝင်သွားလျှင် ရှက်ရမ်းရမ်းပြီး ရန်ထောင်မှာသိနေ၍လည်း ပါသည်

ခုတော့ လွတ်လပ်စွာ ငိုပါစေတော့ဟု သဘောပိုက်
ကာ အသံတိတ်ပဲ စောင့်ကြည့်နေမိပါ၏

ရစ်ကတော့ ထိုအဖြစ်ကို မသိ

တသိမ့်သိမ့်ငိုလို့ကောင်းဆဲ

" အဟင့်...ဒက်ဒီ "

ငိုရှိုက်ရင်း အိပ်ပျော်သွားရှာသည့် ရစ် အနားမှာ
ဂုဏ် စောင့်ပေးနေရင်း မိုးလင်းထိ အိပ်ပျော်သွားဖို့
ကိုတော့ ဂုဏ် ဖန်တီးမိလျက်

*****

" သားလေး "

" သားရေ...ဒက်ဒီကလေးလေးရေ "

" သားလေး...နေဖင်ထိုးနေပြီ ! အိပ်ပုတ်လေးရေ"

နားထဲမှာ ကြားနေရသည့် ဒက်ဒီအသံက ဝိုးတဝါး

ဒက်ဒီ ဘယ်ကခေါ်နေတာလဲ

" ဒက်ဒီ "

" ထတော့...သားလေး "

" အင့်...ဒက်ဒီ "

ရစ် အသေအချာ နိူးမှ ‌အကဲခတ်မိတော့ ညက အိပ်ခဲ့သည့် အခန်းမှာပဲဖြစ်ပြီး နောက်တစ်နေ့မိုးတောင်လင်းနေပြီ

ဒက်ဒီကိုကြည့်တော့လည်း ရေချိုးပြီးသစ်လွင်လန်းဆန်းနေသည့် အနေအထား

" ဒက်ဒီ...သား ညက ဒီမှာပဲအိပ်ပျော်သွားတာပဲ "

" သားအရမ်း အိပ်ပျော်နေတာနဲ့ ဒက်ဒီမနှိုးတော့ဘဲ
  ဒီမှာပဲ သိပ်လိုက်တာ ! ညက သားရဲ့ ဦးရှက သား
  ကို တစ်ညလုံးစောင့်ပေးနေတာလေ !
  ဒီမနက်မှ ပြန်သွားတာ "

" ဪ "

" ထတော့...သားလေး ! ရေချိုး အဝတ်အစားလဲ "

" ဟုတ်...ဒက်ဒီ ! ဒက်ဒီ ချိုးပေးပါလား...
  အာ...ဒက်ဒီက ရေချိုးပြီး အဝတ်အစားလဲပြီးသားကို ! ရတယ် သားဖာသာပဲ ချိုးတော့မယ်လေ "

" ဒက်ဒီ...ချိုးပေးမယ် ! အဝတ်အစားကပြန်လဲလို့
  ရတယ် ! လာ ဒက်ဒီသားလေး "

" ဟုတ်...ဒက်ဒီ ! စိုင်းရော "

" မနက်စာဝိုင်းမှာ သွားရှုပ်နေတယ်လေ "

" အယ် ...ဒက်ဒီကလည်း "

သား ကို ရေချိုးပေးနေရင်း ညက ဂုဏ်ပြောသည့်
စကားတွေက နားထဲ ပြန်ဝင်လာပြီး ရင်ထဲမကောင်းဖြစ်ရပြန်တယ်

" ကလေးက ငိုရင်းအိပ်ပျော်သွားတာ ကိုဦး !
  တော်တော်လေးလည်း ငိုရှာတယ် !
  ကျွန်တော် ကလေးကို အိပ်ဆေးအပျော့စားပေး
  ထားပေးတယ် ! မနက်ထိ သူ အိပ်ပျော်နေဖို့တွက်
  ပြီးတော့ စိတ်မချလို့ ကျွန်တော် စောင့်ပါရစေ "

ကမ္ဘာကိုယ်တိုင်လည်း တစ်ညလုံးအိပ်မရခဲ့

အလုပ်စားပွဲမှာ အချိန်ကုန်ရင်း သားကို စိတ်မချဖြစ်ရတာ ကိုယ်တိုင်သာအသိဆုံးပါလေ

" ဒက်ဒီ "

" ဟင်...ပြောလေ သားလေး "

" ညက...စိုင်းနဲ့ အဆင်ပြေရဲ့လား "

" အမ်...ဟမ် ! ဘာကို အဆင်ပြေရမှာလဲ ကွ "

" ဘာဖြစ်ဖြစ်ပေါ့ ... အဆင်ပြေရင် ပြေတယ်
  မပြေရင်မပြေဘူးပေါ့ ဒက်ဒီရ "

" ဒက်ဒီ တစ်ညလုံး အလုပ်လုပ်နေတာ "

" ဒက်ဒီကလည်း မမိုက်ပါဘူး ဗျာ "

" တော်...လာ အင်္ကျီလာဝတ် !
မနက်စာစားဖို့ နောက်ကျနေပြီ သားလေး "

" ဟုတ်ကဲ့ပါဗျာ...ဒက်ဒီရာ "

ရစ်တို့ ထမင်းစားခန်းထဲရောက်တော့ စိုင်းက ပြုံး
ကြည့်လာရင်း

" အိပ်ပုတ်လေး...နှိုးတောင်ယူရတယ် နော် "

" ဘာဖြစ်လဲ...မင်းကရော ! ဘာမှလဲ မလုပ်တတ်ဘဲ
  ယောင်စိန် ပေါင်စိန်လုပ်နေတယ် ဟုတ်လား "

" ကော်ဖီတော့ ဖျော်တတ်ပါတယ်ကွ "

" ဒက်ဒီ အကြိုက်ကိုရော ဖျော်တတ်ပြီလား "

" အဟမ်း...အဲ့ဒါကတော့ ! လေ့ကျင့်နေတယ် "

" ဖြစ်ရမယ် စိုင်းရာ ! မိတူးရေ မြန်မြန်လာပြင်ဆင်
  တော့မှ ဗိုက်ဆာနေပြီ "

" လာပြီ...အစ်ကိုလေး "

မနက်စာကို တိတ်ဆိတ်စွာ စားနေသည့် ဒက်ဒီကို
ရစ် တစ်ချက် အကဲခတ်ရင်း

" ဒက်ဒီ "

" ဟင်...ပြောလေ သား "

" သား ဒီရက်ပိုင်း အလုပ်တွေပိနေလို့ ဆိုင်မှာပဲ
  အိပ်ဖြစ်မယ် ဒက်ဒီ ! ဟိုရက်က ပေါ့ထားတာတွေ
  အတိုးနဲ့ပြန်ဆပ်ရမယ်လေ သိတယ်မဟုတ်လား "

" ဟင်...ခါတိုင်းလည်း အိမ်ယူလုပ်နေတာပဲဟာ !
  ဘာလို့ ဆိုင်မှာ ညအိပ်ပြီး လုပ်ရတာလဲ သား "

" ခါတိုင်းက ဒက်ဒီ တစ်ယောက်တည်းမို့လေ !
  ခုက ဒက်ဒီနား စိုင်းရှိနေပြီဆိုတော့ သား စိတ်ချပြီ
  အဲ့ဒါကြောင့်...ကိုလင်းညဏ်တို့ အဖွဲ့အတွက်ရော
  တခြား မော်ဒယ်တွေအတွက်ရော !
  ဖိလုပ်ပေးရမယ်လေ...အဲ့ဒါကြောင့်ပါ ဒက်ဒီ "

စိုင်းကတော့ အနေအထားတစ်ခုကို အကဲခတ်နေရင်း ဦး ဆီကြည့်တော့လည်း မျက်နှာမကောင်း

ရစ်ကလည်း ဇွတ်လုပ်မယ့် အနေအထားဖြစ်နေ၍

" ဘယ် အချိန်ထိ လုပ်မယ်ဆိုတာ ဆုံးဖြတ်
  ပြီးတာနဲ့ ငါလာကြိုမယ် ရစ်လေး !
  မဟုတ်လဲ ဦးလာကြိုလိမ့်မယ်...ဆိူင်မှာတော့ ညအိပ်ပြီး မင်း မအိပ်မစားအလုပ်လုပ်နေမှာကို
  မလိုချင်ဘူး "

" ငါ အလုပ်ထဲဈာန်ဝင်သွားရင် အချိန်ကာလတွေ
  မသိတော့တာ မင်း သိလျက်သားနဲ့ စိုင်းရာ !
  တကူးတက လာကြိုဖို့ အချိန်ညှိခိုင်း မနေနဲ့ !
  ငါ အဆင်ပြေတယ် ... သား ဝပြီ ဒက်ဒီ !
  အရင် ထနှင့် တော့မယ် "

ယတိပြတ်ပြောပြီး ထထွက်သွားသည့် သား၏ ကျောပြင်ကို ကမ္ဘာ ငေးရင်း သက်ပြင်းမောတစ်ချက်ဖြင့်သာ ခေါင်းခါမိတော့၏

" စိုင်း သေချာလေး ထပ်ပြောလိုက်ပါဦးမယ် ဦး "

" ရမှာ မဟုတ်ဘူး စိုင်း ! သား စိတ်ကို မပိတ်လှောင်
  ချင်ဘူး ! ခဏတော့ သား နေချင်သလို လွှတ်ပေး
  ထားလိုက်ပါ "

" ဦး အဆင်ပြေလို့လား "

" ငါ...ကုမ္ပဏီ သွားတော့မယ် "

" ဟ... ကိုဦးကလည်းဗျာ ! ဒီရက်ပိုင်းလေးတော့
  အေးဆေးနားပါဦးလား "

" အေးလေဗျာ...ကျွန်တော့်ညီလေးနား နေပေးပါဦး
  ဦးကမ္ဘာကလည်း "

အသံနှင့်အတူ ဝင်လာသူတွေက ဥက္ကာ နှင့် မင်းဂုဏ်ထည် တို့သာ ဖြစ်၏

မနေ့ညက ပွဲပြီးတော့ ဥက္ကာ တို့က မျိုးရိုးဂုဏ် စံအိမ်မှာ အိပ်ဖြစ်တာမို့ ဒီမနက်မှ ရောက်လာကြတာပင်

" အဲ့လိုလည်း မဟုတ်ပါဘူးကွာ ! ဒီရက်တွေထဲ ပစ်ထားတာတွေများတော့ အလုပ်တွေပုံနေလို့ပါ !
စိုင်း မသွားနဲ့ဆို ငါ မသွားပါဘူး "

" ဝိုးးးးးးး "

" ဟားးးးးးး !
စိုင်းရေ...စိုင်း ပြောရင်ရတယ်တဲ့နော် "

" မင်းတို့ကလည်း "

ရှက်ရှက်ဖြင့် ထမင်းစားခန်းထဲမှ ထထွက်သွားသည့် ဦးကြောင့် စိုင်းမှာ အပြုံးဖြင့်သာ ကျန်ခဲ့ရင်း

" ငါ့ အစ်ကိုကလေ...တကယ် အရှက်သိက္ခာကြီး
  ပါဘိနဲ့ ကွာ ! စိုင်းရေ မင်းတော့ အတော်ဖြိုရမယ် !
  ဒါနဲ့ စကားမစပ် မင်္ဂလာဦးညလေးရဲ့ အတွေ့အကြုံလေး ဝေမျှစမ်းပါဦးကွာ ဟားးးး "

" ဟာဗျာ...ဦးဥက္ကာကလည်း !
  ဘာအတွေ့အကြုံလဲဗျ...ညက ဦးလည်း သူ့အလုပ်သူ လုပ်နေတာပါ ! ကျွန်တော်လည်း ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိဘူး "

" ဟားးး တကယ်ကြီး "

" တကယ်ပဲလား အငယ်ကောင် "

" ဟုတ်ပါတယ်ဆိုဗျာ...!
ကိုမင်းတို့က အပြင်သွားမလို့ မဟုတ်လား !
  သွားကြလေ "

" Baby ရေ ... ကိုယ်တို့ကို နှင်ထုတ်နေပြီ ကွ !
  အလိုက်သိပေးမှ ထင်တယ် "

" ဟုတ်ပ...ကိုကိုရာ ! လာ သွားကြမယ် ...
  တော်ကြာ ကြိတ် မေတ္တာပို့ခံထိနေပါဦးမယ် "

" ကိုမင်း တို့ကတော့ နောက်ပြီ ဗျာ "

စစနောက်နောက်ဖြင့် ဦးဥက္ကာတို့ ဦးကို နှုတ်ဆက်ပြီး ထွက်သွားကြမှ စိုင်းလည်း ဦး အနားသွားထိုင်ကာ

" ဦး "

" ဟင် "

" ရစ်လေး...သွားလိုက်ပြီလား "

" မသွားသေးပါဘူး...အပေါ်မှာ "

ဖြေနေပေမယ့် ဦး အသံရော မျက်နှာပါ မကောင်းသည့် အခါ စိုင်း လည်း မကောင်းနိုင်တော့

" ရစ်လေးကို...နောက်မှ ပြန်ချော့ခေါ်တာပေါ့ !
  ခုက သူဆုံးဖြတ်ထားပြီးပြီဆိုတော့ ..."

" သားကို ... သူစိတ်ချမ်းသာသလို လွှတ်ပေးထား
  လိုက်ကြရအောင် စိုင်း "

" ဟုတ်ကဲ့ပါ...ဦး ! ဦး အဆင်ပြေဖို့ပါပဲ "

" အင်း "

ဧည့်ခန်းသည် ခေတ္တခဏတိတ်ဆိတ်သွားရင်း

" ဒက်ဒီ...စိူင်း ! ရစ်လေး သွားလိုက်ဦးမယ်နော် ...
  မွ သားအချစ်ဆုံး ဒက်ဒီ "

" ဟုတ်ပါပြီဗျာ...ဒက်ဒီအချစ်ဆုံးသား‌လေးရာ !
  အလုပ်ချည်းဖိလုပ်ပြီး အအိပ် အစား မမှန်တာမျိုး မဖြစ်စေနဲ့နော် သားလေး "

" ဟုတ်...ဒက်ဒီ "

" ငါ...ဒီရက်ထဲ မလာဖြစ်ဘူးနော် ရစ် "

စိုင်း အပြောကို ရစ်က နှာခေါင်းရှုံ့ပြရင်း

" အနားကပ်ချင်လို့ဟာ မသိရင်ခက်မယ် "

" အမ်...ဒီ ရစ်စုတ်ကတော့ ငါ့ကို "

ပြောပြီးတာနဲ့ ပြေးထွက်သွားသည့် ရစ်က စိုင်း လက်သီးရွယ်တာလည်း မသိတော့

ကမ္ဘာကတော့ သားဖြစ်သူကားကိုသာ မျက်စိတဆုံးကြည့်ရင်း ရင်ထဲ လှစ်ဟာမှုက ဘာနဲ့မှမတူ

" ဦး "

" ငါ...ခဏ နားဦးမယ် "

" ဟုတ်ကဲ့ပါ...ဦး ! စိုင်း ဘာလုပ်ပေးရမလဲ ဟင် "

" ရတယ်...စိုင်း "

အပေါ်ထပ်တက်သွားသည့် ကျောပြင်ကိုငေးရင်း
သက်ပြင်းသာချမိပါရဲ့

ဦးရယ်

စိုင်း ရင်ထဲကိုလည်း ငဲ့ကြည့်ပါဦးလား

ဦးအတွက် ပေးဆပ်ချင်နေတာတွေ အပြည့်ပါပဲဗျာ

∆∆∆∆∆∆∆

" ကျွီ "

လမ်းဘေးတစ်နေရာဆီ ထိုးရပ်လိုက်သည့် ကားထဲမှ ရစ်

တသိမ့်သိမ့်တုန်အောင် ငိုနေမိသည်က နှစ်သိမ့်သူ
မဲ့စွာ

တကယ်တော့ အိမ်မှာဆို ရစ် ညဘက်တွေ စိတ်အဆင်မပြေမှာ ကိုယ်တိုင်သိနေ၍ ဆိုင်မှာနေဖို့ ဆုံးဖြတ်လိုက်ခြင်းသာဖြစ်သည်

ရစ် အသက်အရွယ်က ဖခင်ကို တတန်းတန်းကပ်နေဖို့ မဖြစ်သင့်တဲ့ အရွယ်ဆိုပေမယ့်

လူမှန်းသိတတ်စကတည်းက ဖခင်နေရာသာမက မိခင်နေရာမှ နေပြီး အစစအရာရာ ပြုစုခဲ့သည်မို့လည်း ပိုတွယ်တာခဲ့တာပင်

ရစ်အပေါ် ပိုးမွေးသလိုမွေးခဲ့သည့် ဒက်ဒီက စည်းကမ်း ကြီးပေမယ့် လိုလေသေးမရှိဂရုစိုက်တဲ့
နေရာမှာလည်း သူများဖခင်တွေနှင့်မတူ

ဒက်ဒီမကြိုက်သည့် ဒီဇိုင်းနာအလုပ်ကို လုပ်ခွင့်မပြုတာကလွဲရင် ရစ်အပေါ် ဘယ်တုန်းကမှ မရင့်သီးခဲ့တာမို့ ဒက်ဒီဟာ ရစ်အတွက် လိုတာထက်ပိုတွယ်ကပ်ရသည့် ဖခင်ဖြစ်နေခြင်းပါလေ

စိုင်း နှင့် မရမက နီးစပ်စေခဲ့တာလည်း ရစ်အကြံပဲမို့ ဒက်ဒီ စိုင်းကို ချစ်ဖို့ကတော့ နောက်ပိုင်း စိုင်းတာဝန်သာ

လောလောဆယ် ဒက်ဒီ နဲ့ ခွဲရသည့် အခြေအနေမှာတော့ ရစ်အတွက် ဘယ်လိုမှအဆင်မပြေနိုင်သေးတာမို့

ဟင့် သား ဒက်ဒီနဲ့ မခွဲနိုင်ဘူးလို့

ဆိုင်ရောက်တော့လည်း ဘာမှမလုပ်နိုင်သေးဘဲ

အလုပ်စားပွဲပေါ် ခေါင်းမှောက်ငိုနေရင်း နှာခေါင်းထဲ
တိုးဝင်လာသည့် ရင်းနီးနေကြမွှေးရနံ့ကြောင့်

" ဦးရှ "

" ကိုယ် တိတ်တိတ်လေးလာတာကွာ !
  ကလေးက သိနေတာပဲ "

" ဦးရှဆီက ရနံ့က ရင်းနီးနေပြီးသားလေ !
  မသိစေချင် ပြောင်းသုံးပေါ့ဗျ "

ကိုဦး ဆီမှ အကျိုးအကြောင်းဖုန်းရပြီးတာနဲ့ ဂုဏ်
ကလေးရှိရာ Sky Fashion ဆီ လိုက်လာခဲ့တာပင်

ထင်သည့်အတိုင်း ငိုထားမှန်းသိသာနေတဲ့ မျက်ဝန်းတွေကြောင့် ရင်ထဲမကောင်းဖြစ်ရင်း

" နေ့လည်တောင် ရောက်တော့မှာပဲ !
ကလေး နဲ့ အတူ စားမယ်ဆိုပြီး ထွက်လာလိုက်တာ
ဘာစားချင်လဲ ကလေး "

" စားချင်စိတ်မရှိပါဘူး ဦးရှ !
  ရစ်လေး ရင်ထဲ ပြည့်နေတယ် ဘာမှမစားချင်ဘူး
  ဦးရှ ပဲ စားချင်စားလေ "

" အာကွာ...!
ကိုယ်တစ်ယောက်တည်းတော့ မစားချင်ပါဘူး !
ကလေး နဲ့ အတူ စားမယ်လေ !
ကိုယ် ပင်လယ်စာတွေပဲ မှာလိုက်တယ် !
မစားချင်လဲ နည်းနည်းစားကွာ နော် ကလေး "

" မှာလိုက်တာ "

နားမလည်သလိုပြန်မေးနေသည့် ကလေး၏ခေါင်းကို ဖွဖွ ပုတ်ရင်း

" ကိုယ့်ဆိုင်ကနေ မှာလိုက်တာ လာပို့ခိုင်းထားတယ်
  ကလေးနဲ့ အတူစားဖို့ "

" ဪ...ဦးရှက ဆိုင်ရှိသေးတာလား "

" အဟွန်းးး ကိုယ့် လောကကနေ အပြီးတိုင်ထွက်ရင် ကိုယ့် ငယ်သားတွေ အလုပ်လက်မဲ့ မဖြစ်စေ
ချင်လို့ အစကတည်းက စီစဉ်ထားခဲ့တာပါ !
တခြားလုပ်ငန်းတွေလည်း ရှိသေးတယ် "

သေချာရှင်းပြနေသော ဦးရှကို ကြည့်ပြီး ရစ် ရင်ထဲ
နွေးနေခဲ့တာတော့

" ဘယ်လိုလဲ ကလေးလေး !
  ကိုယ်နဲ့ အတူ စားဖို့စဉ်းစားပြီးပြီလား "

" မစားချင်ပါဘူးဆို "

မစားချင်ဘူး ငြင်းနေပေမယ့် မှာထားတာတွေရောက်လာတော့လည်း ဦးရှ ခွံသမျှ ရစ် မငြင်းနိုင်ဖြစ်ရပြန်တယ်

" ဒါလေး တစ်လုပ် ... မဆိုးဘူး ကွ !
  ကိုယ်က ကလေးအတွက်ဆိုပြီး မှာလိုက်တာ
  ဒါမျိုးကျ သိပ်စားဖြစ်တာ မဟုတ်ဘူးလေ "

" ဦးရှလည်း စားပါဦး ! ရစ်လေးကိုချည်း ခွံ့နေတာ
  လာလေ ခွံ့ပေးရမလား "

" ကလေး သဘောလေ "

" လူလည်ကြီး "

" ဟားး ဟားး ဟားး "

ဘာဖြစ်ဖြစ် ရစ်၏ ဝမ်းနည်းမှုကို ဦးရှ၏ ဂရုစိုက်ပေးမှုတွေက ဖြေသာစေခဲ့တာတော့ ငြင်းမရပါလေ

" ချစ်တယ် "

" ဟင်...ကလေး ! ဘာပြောလိုက်တာ "

ကြားလျက်သားနဲ့ ပြန်မေးနေသည့် ဦးရှကို မကြည်သလိုကြည့်ရင်း

" မုန်းတယ်လို့ ပြောတာ ဦးရှကို "

" အဟွန်း...ကိုယ်ကလည်း သိပ်ချစ်ရပါတယ်ဗျာ "

" ဆေးရုံမသွားဘူးလား "

" ယာ့...ကိုယ့်ကလေးကလည်းကွာ မေ့ရန်ကော
  ဒီနေ့ duty off လေကွာ !
  ကိုယ့်ကို နားရက်မပေးချင်ဘူး ထင်ပါရဲ့ "

" ရစ်လေး မသိလို့ မေးမိတဲ့ဟာ ဦးရှကလည်း "

" အဟွန်းးး စတာပါကွာ ! မငြိုငြင်ပါနဲ့ "

" မငြိုငြင်ပါဘူး...ဦးရှ "

" ဗျာ "

ဆိုဖာရှည်ပေါ်တွင် အတူယှဉ်ထိုင်နေတာမို့ ဂုဏ့်မျက်နှာကို ငေးရီကြည့်ပြီး ခေါ်လာသည့်အခါ အသက်လောက် မတည်ငြိမ်တဲ့ နှလုံးသားက ကဆုန်ပေါက်လာပြန်တယ်

" ကလေး...ဘာပြောချင်လို့လဲ "

" ရစ်လေးကို
ဘယ်တော့မှ မငြိုငြင်ဘူးမဟုတ်လား ဟင် !
ခု ရစ်လေးတစ်ယောက်တည်း ဖြစ်နေပြီလေ !
ဒက်ဒီကလည်း ဂရုစိုက်ပေးမယ့်သူရှိသွားပြီ !
ရစ်က ရစ်က ဘယ်သူမှမရှိဘူး "

" ကလေးရယ် "

မျက်ရည်တွေဖြင့် ကလေးကို ရင်ခွင်ထဲဆွဲခေါ်ကာ
ထွေးဖက်ထားမိလျက်

" ကိုယ် ရှိနေမှာပေါ့ ကလေးရယ် !
  ကလေးနားမှာ အမြဲတမ်း ကိုယ်ရှိနေပေးမှာပါ !
  ကိုယ်ကတိပေးတယ်နော် မငိုနဲ့တော့ ကလေးရဲ့
  ပင်ပမ်းနေပြီ...ခဏလောက် အိပ်လိုက်မလား !
  ကိုယ့် ရင်ခွင်က ကလေးအတွက် အသင့်ပဲ "

" ဟုတ်...ရစ်လေး အိပ်ချင်တယ် "

" အိပ်စေဗျာ...ကိုယ့်ကလေးအလိုကျပါ "

တကယ်လည်း ပင်ပမ်းသမျှ စိတ်တွေလျှော့ချလိုက်သည့်အခါ ဦးရှ ရင်ခွင်ထဲ ရစ်အိပ်ပျော်သွားတာ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ

ဒီရင်ခွင်ဟာ ရစ် အမက်မောဆုံးရင်ခွင်ဆိုတာ သေချာသည်ထက်သေချာခဲ့ပါလျက်

ဦးရှရဲ့ အတ္တတွေကြောင့် ဝေးကွာခဲ့ရတဲ့အခါ ရူးမတတ်ခံစားခဲ့ရတယ်မဟုတ်ပါလား

အထီးကျန်သလိုခံစားချက်တွေဟာ ဦးရှ ရင်ခွင်ထဲ အရောက်မှာတော့ သူမဟုတ်သလို ပြည့်စုံနေလိုက်တာ

နွေးထွေးမှုတွေဖြင့် ဦးရှ ရင်ခွင်ထဲ ရစ် တစ်သက်တာ မှေးစက်ခွင့်ရချင်တယ်ဗျာ

********

ဆိုင်မှာ အိပ်ဖြစ်တဲ့ နေ့တွေဟာ ရစ်အတွက် အထီးကျန်မနေခဲ့ပါ

ဘာကြောင့်ဆို ဦးရှက အမြဲလိုလို ရစ်အနားရှိနေပေးတယ်လေ

စားချိန် အိပ်ချိန် မလွန်ရအောင် အသေးစိုက်ဂရုစိုက်ပေးတတ်လွန်းတဲ့ ဦးရှက ဟိုးအရင်က ရစ်ကို ဂရုစိုက်ပေးတဲ့ ဦးရှပြန်ဖြစ်သွားသလိုပဲ

အချစ်တွေလည်းတိုးရသလို တွယ်တာမှုတွေဟာလည်း အနှိုင်းမဲ့

" ဦးရှ "

" ဗျာ...ကလေး ! ဘာလိုချင်လို့လဲ "

" ဒီညလည်း ဒက်ဒီလာမယ်ပြောတယ် "

" ဟုတ်လား ... အဲ့ဒါကြောင့် !
  ကိုယ့်ကလေးက ပျော်နေတာပေါ့ ဟုတ်လား "

" အဟီးးး ဟုတ်တယ် "

ရစ် ဆိုင်မှာ နေသည့် တစ်ပတ်မှာ ဒက်ဒီရော စိုင်းပါ
ရောက်လာတတ်ကြတာမို့ ဘာဖြစ်ဖြစ် အလွမ်းပြေရသည်ပဲလေ

" သားရေ "

" ဟော...ဒက်ဒီ လာပြီ "

အသံနှင့်အတူ အထုပ်အပိုးတွေဖြင့် ကိုဦး ဝင်လာချိန် ကလေးမျက်နှာက ကြည်စင်နေလိုက်တာများ
ပီဘိကလေးငယ်လေးလို

" ဒက်ဒီ "

ဖအေကို ပြေးဖက်ပြီး ဖက်နမ်းနေသည်က မသိရင်
အကြာကြီးခွဲခွာနေရသည့် သားအဖတွေလိုမို့ ဂုဏ်ကတော့ မိမိကလေး၏ ဖခင်အပေါ်တွယ်တာလွန်းသည့်အပေါ် လက်ဖျားခါရပါ၏

" စိုင်း မပါဘူးလား ဒက်ဒီ "

" ဒက်ဒီ ကုမ္ပဏီက တန်းဝင်လာတာ သားရဲ့ !
  ဗိုက်ဆာနေပြီလား ဘာစားထားသေးလဲ "

" မစားရသေးဘူး ဒက်ဒီ ! မာမီ ချက်ပေးလိုက်တဲ့
  ဟင်းတွေ ဦးရှလာပို့တာလေ !
  ဦးရှ လည်း ခုနကမှ ရောက်လာတာ !
  သားတို့ အတူတူစားကြမယ်လေ "

" သားလေး သဘောပါဗျာ "

Sky Fashion ဆိုင်ထဲမှ ထမင်းဝိုင်းလေးသည် စိုပြေအသက်ဝင်နေခဲ့တာ ရစ် ရယ်သံကြောင့်ဆိုပိုမှန်
ပါလိမ့်မယ်

" ဒက်ဒီက ခုထိ စိုင်းကို လက်ဖျားနဲ့တောင် မတို့ရ
  သေးဘူးဆိုတော့ စိုင်းသနားပါတယ် ဗျာ "

" ကလေးကတော့ နောက်ပြီကွာ "

ဂုဏ်က မျက်နှာပူစွာ ပြောသော်လည်း ရစ်က အစမပျက်

" သားနော်...ဘာတွေလျှောက်ပြောနေမှန်းမသိ !
  ထမင်းကို သေချာစား ! နောက်မနေနဲ့ "

" အဟီး ချစ်လို့ စတာပါဆို ! စိုင်းကို ပစ်မထားနဲ့နော် ဒက်ဒီ ! စိုင်းက လူငယ်လေးဗျ တော်နေကြာ
ဒက်ဒီကို ထားပစ်ခဲ့နေဦးမယ် "

" သားကွာ...ဘာတွေပြောနေမှန်းမသိဘူး "

" ကလေးရေ ! ကိုဦးကို အရမ်းစမနေနဲ့လေကွာ "

" သား မစတော့ဘူးနော် ဒက်ဒီ ! ချစ်လို့စတာ "

" ဟုတ်ပါပြီ...သားရာ ! ထမင်းသေချာစား !
  ဂုဏ်ရေ ငါ့သားလေးကို ယူပြီးရင် အများကြီး
  ဂရုစိုက်ပေးပါကွာ...မင်းမြင်တဲ့အတိုင်း အရမ်း
  ကလေးဆန်လွန်းလို့ စိတ်မချနိုင်ဖြစ်နေရတာ "

" စိတ်ချပါ ကိုဦး !
  ကလေးကို ကျွန်တော်လိုလေသေးမရှိရအောင်
  သေချာလေးဂရုစိုက်ပေးမှာပါ "

" ကျေးဇူးပါကွာ...အဲ့လိုပြောတော့ မင်းညီကိုတော့
  ဂရုမစိုက်ဘဲ ငါ့သားတော့ ဂရုစိုက်စေချင်တာကို
  အတ္တကြီးတယ်ပြောမလားဘဲ !
  စိုင်းကိုလည်း ငါဂရုစိုက်ပါတယ် ဂုဏ် !
  ဒါပေမယ့် ငါ့အသက်နဲ့ကျ အရမ်းကြီး ဟိုကွာ
  တစ်မျိုးပဲ အာကွာ မပြောတတ်တော့ဘူး "

" အဟားးး ကိုဦးရယ် !
  ကိုဦး စိတ်ဓာတ်ကို မသိတာမှမဟုတ်ဘဲဗျာ !
  ကျွန်တော် နားလည်ပါတယ် "

" အေးကွာ...!
ငါလည်း လူငယ်တွေလို မနုရွတတ်တော့ ... "

" ဒက်ဒီ မနုရွတတ်ရင် စိုင်း ဦးဆောင်မှုနောက်ကို
  လိုက်လေ ဒါဆို ရပြီ "

" အမ် "

" ကလေး "

" ဘာဖြစ်လို့လဲ ထအော်ကြတာ "

ပြောလိုက်သည့်စကားက ဘယ်ဆီရောက်မှန်းမသိဘဲ အူကြောင်ကြောင်ပုံနဲ့တောင် ပြန်မေးနေလိုက်သေး

တကယ့် င‌‌မွှေသီးလေးကွာ

" သားရေ...ဒက်ဒီ ပြန်တော့မယ်နော် !
  ဒက်ဒီသားလေးလည်း အလုပ်တွေလက်စသတ်
  ပြီးရင် ... အိမ်ပြန်လာနေတော့နော် "

" ဟုတ်ကဲ့ပါ ဒက်ဒီ "

" မွ...ညကျ စောစောအိပ် ညဉ့်နက်ထိ လုပ်မနေနဲ့ "

" ဒက်ဒီကို အားကြီးချစ်တယ် မွ "

" ငလည်လေး ... ပြန်ပြီနော် "

" ဟုတ် ဒက်ဒီ "

" ဂုဏ်ရေ... ငါပြန်ပြီ "

" ဟုတ်ကဲ့... ကိုဦး ! ဂရုစိုက်ပြန်ပါ "

ဒက်ဒီ ပြန်သွားမှ ရစ် ဦးရှဆီ လှည့်ကာ လည်ပင်းဆီ ခိုတွယ်လိုက်ရင်း

" ဒီည...ရစ်လေးနဲ့ အတူစောင့်အိပ်ပေးပါလား "

" ဟမ်...ကလေး ဘယ်လိုပြောလိုက်တယ် "

" တော်ပြီ...ထပ်မပြောတော့ဘူး "

စိတ်ဆိုးသလိုလေသံဖြင့် ဂုဏ် ကိုယ်ပေါ်မှ လျှောဆင်းသွားပြီမို့ ပြာပြာသလဲ ချော့ရပြန်တာလဲ ဂုဏ်ဖြစ်နေလျက်

" ကလေးကကွာ...!
ကိုယ်က နားမရှင်းလို့ မေးမိတာပါ !
ကလေး စကားကို ကိုယ် ငြင်းပယ်ဖူးလို့လား !
စိတ်မဆိုးနဲ့လေ ကလေးရာ !
ဒီည အိမ်မပြန်တော့ဘူး ဟုတ်ပြီလား ကလေး "

" မနေနဲ့ ပြန် "

" ဟောဗျာ...ကလေးကတော့ "

" သွား သွား...အလုပ်လုပ်ရဦးမှာ "

စိတ်တွေဆိုးပြီး မောင်းထုတ်နေသည့် ကလေးကြောင့် ဂုဏ့်မှာ ဘယ်လိုချော့ရမှန်းတောင်မသိတော့

" ကိုယ် မပြန်တော့ဘူးလေ ကလေးရဲ့ "

" မသိဘူး...မပြန်လဲ ဆိုဖာပေါ်မှာပဲ အိပ်လိုက် "

" လုပ်ပြီကွာ...ကိုယ်ဘယ်လိုချော့မှစိတ်ပြေမှာလဲ
  ကိုယ့်ကလေးလေးရာ "

" ရစ်လေးမှ စိတ်ဆိုးမနေတာ "

" အမ် "

ပြုံးဖြဲဖြဲမျက်နှာဖြင့် မျက်ခုံးပင့်လို့ ပြောလာသည့် အခါ ဂုဏ့်မှာ အသဲတွေလည်းယားရပါတယ်

တကယ်ဆိုးတဲ့ ငရစ်လေးက အဲ့လိုလည်း လုပ်တတ်နေပြီပဲ

ဒီကလေးတော့ကွာ

" တကယ် စိတ်မဆိုးဘူးပေါ့ ကလေးက "

" မဆိုးပါဘူးဆို...ဦးရှကလည်း "

" လူဆိုးလေး...ကိုယ့်မှာ ဗျာများသွားတာပဲ "

" အဟီးးး "

ကြည်ကြည်လင်လင်ရယ်ပြနေသည့် ချစ်ရသူကို ဂုဏ် အားပါးတရနမ်းရှိုက်ရင်း

အနမ်းတွေ နယ်လွန်လျက်

အချစ်တွေ နယ်မြေကျယ်ပြန့်ရင်း ခရီးရှည်တွေဟာ မမောပမ်းစွာ ရှေ့ဆက်ကြတဲ့အခါ

ရစ်၏ အထီးကျန်ညတစ်ညဟာ ရင်ခုန်သံတွေကြား နစ်မြုပ်သွားရရှာတယ်

*******

နံနက်ခင်းက နေရောင်ခြည်နွေးနွေးနှင့်အတူ အသက်ဝင်လာလျက်

ဂုဏ်ကတော့ မိမိရင်ခွင်ထဲ နှစ်ခြိုက်စွာအိပ်ပျော်နေ
ရှာသည့် က‌လေးကို ငေးမဝဖြစ်နေဆဲ

ခရီးတွေမလွန်ချင်ပေမယ့် ချစ်စိတ်တွေက ထိန်းချုပ်ရခက်လာတဲ့အခါ စိတ်အလိုလိုက်မိပြန်တယ်

သိပ်ချစ်ရပါတယ် ကလေး

ဘယ်တော့မှ မပြောင်းလဲမယ့် ကိုယ့်ချစ်ခြင်းကို
အပြောနဲ့မဟုတ်ဘဲ

လက်တွေ့ဆန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ပဲ သက်သေပြပေးမှာပါ

" အင့် "

" နိုးပြီလား ကလေး "

" ဦးရှ...လူဆိုးကြီး "

" ဟောဗျာ...အဟားး နံနက်ခင်းအချစ်တွေ နဲ့
  ကိုယ့်ကို ကျီစယ်လိုက်တာလား "

" ဦးရှနော် "

" စတာပါကွာ...ထတော့လေ ! ကိုယ် ဒီနေ့ duty စော
  စော ဝင်ရမှာ ! ကလေးနဲ့အတူမနက်စာစားပြီးမှ
  သွားချင်လို့ နိုးတဲ့အထိစောင့်နေတာ "

" ဟုတ် "

" လာ...အတူတူချိုးမယ် "

" အမ် "

" အချိန်ကုန်သက်သာအောင်လေ "

" အာ့...ဦးရှ ခင်ဗျားကတော့ "

💘💘💘💘💘💘💘

Author -- Ahtarsaung

Continue Reading

You'll Also Like

1.5M 32.6K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
2.2M 78.8K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
545K 14.6K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
217K 22K 101
ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ...