💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား...

By SaungThawtarMoon

43.1K 1.2K 180

အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သ... More

Part -- 1
Part--2
Part--3
Part--4
Part--5
Part--6
Part--7
Part--8
Part--9
Part--10
Part--11
Part--12
Part--13
Part--14
Part--15
Part--16
Part--17
Part--18
Part--19
Part--20
Part--21
Part-- 22
Part--23
Part--24
Part-- 25
Part--26
Part--27
Part--28
Part--29
Part--31
Part--32
Part--33
Part--34
Part--35
Part-- 36
Part--37
Part--38
Part-- 39
Part--40

Part--30

675 23 0
By SaungThawtarMoon

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--30}
**************💘************

" ငရစ်...ငရစ်ရေ "

ဦး နှင့် အတူ ဦးကုမ္ပဏီမှ ပြန်လာပြီး မိမိအိမ်တောင် မရောက်လိုက်ဘဲ ဇွဲရန် ဖုန်းဆက်ခေါ်လို့
ကော်ဖီဆိုင် ပြန်သွားလိုက်ရသည်။

Anniversary ပွဲအတွက် ဆိုင်ကို အချိန်ပိုင်းနှင့် ငှားချင်တာမို့ ပိုင်ရှင်နဲ့ပဲ စကားပြောမယ်ဆို၍ လှမ်းခေါ်တာတဲ့လေ

ရစ်ကို ခေါ်ရင် မရလို့လားဟလို့ အော်မိတော့

ရစ်ကိုယ်တိုင်က တမင် စိုင်းကို ခေါ်ခိုင်းတာပါဟု
ဇွဲရန်ပြောလာသည့်အခါ

အကြံဆိုးနှင့်ရစ်ကို စိုင်း ထုပစ်ချင်တာ အဲ့အချိန်ကတည်းက

ငရစ်စုတ်က ဒီဘက်မှဆိုင်ငှားသည့်ကိစ္စပြီးတာနဲ့ စိုင်း သူ့ဆီရောက်လာမယ်မှန်းသိ၍ Sky Fashion
မှ စောစောစီးစီး ပြန်သွားတယ်မဟုတ်လား

ဒါကြောင့် အိမ်ထိလိုက်လာပြီး မကျေပွဲနွှဲရန် ခေါ်နေရခြင်းပင်

" ငရစ်စုတ်...ငါလာပြီ ! မင်းက အဲ့မှာ ငြိမ့်နေတယ်
  ပေါ့ ...တွေ့ကြသေးတာပေါ့ ငရစ်ရာ "

အပေါ်ထပ်ဝရန်တာမှ ခြံထဲလှမ်းကြည့်မိစဉ် ခြံအလုပ်သမားတွေကို ဘာတွေခိုင်းနေမှန်းမသိ လက်ညှိုးတစ်ထိုးထိုးနှင့် ရစ်ပါလေ

" ဖောင်းးးးးး ငရစ်စုတ် "

" အားးး စိုင်းး မင်း "

" ဟာ...ဦးးး "

လက်ပြင်ဆီ ဖောင်းခနဲ ချလိုက်စဉ် အသံနှင့်အတူ လှည့်လာသူ၏ မျက်နှာကြောင့် စိုင်း လိပ်ပြာလွင့်မတတ်ပါဘဲ

ဦး ဦးက ဘယ်လိုဖြစ်ပြီး

ဦး ပုံစံလေးကို ကြည့်ပြီး

စိုင်း ကြက်သေသေနေမိတယ်ဆို အမှန်

ကွာတားဘောင်းဘီ သျှားရင့်ရောင်နှင့် တီရှပ်အဖြူကို ဝတ်ထားသည့်ပုံစံက

ပထမဦးဆုံးမြင်ဖူးခြင်း ဖြစ်သလို လူငယ်တစ်ယောက်လို ချောမောနေမှုကြီးကိုလည်း ငေးမဝခဲ့

" ငေးလို့ဝပြီလား "

" အမ်...ဝပြီ အဲ မဟုတ် "

" ရူးကြောင်ကြောင်နဲ့...မင်းတို့ အဲ့ သစ်ခွစင်တွေကို
  သေချာ ပြင်စရာရှိတာပြင် ! နှင်းဆီအိုးတွေကို
  နည်းနည်း အမြင်လှအောင် ရွှေ့ထားလိုက် ကြ "

ခြံအလုပ်သမားတွေကို ပြောပြီး စိုင်းကို မကြည်သလို ကြည့်ကာ အိမ်ဘက်ဆီ လှမ်းထွက်သွားသော ဦး နောက် စိုင်း အပြေးပင်လိုက်ရင်း ရစ်နဲ့ မှားမြင်မိတာကို တကယ်ပဲ ကိုယ့်ဖာသာ စိတ်တိုရသည့်အဖြစ်

ဘောင်းဘီတိုကိုပဲ မြင်ပြီး လက်ညှိုးတစ်ထိုးထိုးလုပ်နေသည့် လက်ကိုသာ မြင်ပြီး သစ်ခွပန်းခက်
တွေနှင့် မကွယ်တကွယ်ဖြစ်နေသည့် မျက်နှာကိုမှ
သေချာမကြည့်မိတာ စိုင်း အမှားမို့

" ဦး "

"........"

" ဦး လို့ "

စိုင်းခေါ်တာကို လှည့်မကြည့်သည့် ဦး လက်မောင်းတစ်ဖက်ကို ဖက်တွယ်လိုက်ပြီး

" ဦး ကမ္ဘာဦး "

" ဘာလဲကွာ..."

" စိုင်း တောင်းပန်ပါတယ် "

" ဘာအတွက်လဲ "

" ခုနက...ရစ်နဲ့ မှားပြီး ရိုက်လိုက်မိလို့ပါ !
  ကန်တော့နော် ဦး ကန်တော့ .."

" နမော်နမဲ့နဲ့...!
အသက်ငယ်ငယ်နဲ့ အမြင်အာရုံဝေဝါးနေတာပဲ "

" ဦးကလည်း ဗျာ ... ပန်းခက်တွေနဲ့ ကွယ်နေတော့
  အမှတ်တမဲ့ဖြစ်သွားတာပါ ! ပြီးတော့..."

" ပြီးတော့...ဘာဖြစ်လဲ "

စိုင်း ဘက်ငဲ့ကြည့်ရင်း မေးလာသည့် ဦးကို မချိသွားလေး ဖြဲပြရင်း

" ဘောင်းဘီတိုနဲ့ဆိုတော့ ကျိန်းသေ ရစ်လို့ပဲ စိုင်းက ထင်မိသွားတာပါ "

" သားလေး ... ပေးထားတာ ! မနှစ်က မွေးနေ့က
  လူငယ်ဆန်လွန်းလို့ မဝတ်ဖြစ်ဘဲ သိမ်းထားတာ
  သား စိတ်ကောက်နေတာနဲ့ ပြန်ချော့မလို့ ဝတ်ဖြစ်
  သွားတာပါ "

" အဟီးးးး စိုင်းရဲ့ ဦးက လူငယ်လေးပါပဲ !
အရမ်းချောလွန်းလို့ စိုင်းတော့ ကြွေပြီးရင်းကြွေ "

" အရှက်ကို မရှိဘူး "

စိုင်း တွယ်ချိတ်ထားသည့်လက်ကို ဖြုတ်ချပြီး ရှက်အမ်းအမ်းမျက်နှာဖြင့် ရှေ့မှ ခပ်သွက်သွက်
သွားလိုက်သော ဦးကို စိုင်း အတော်လေးဖြိုနေရတာ မလွယ်လှပါ

ဒီလူကြီးက အရမ်း အရှက်သိက္ခာကြီးလွန်းတယ်

ဒီပုံစံနဲ့ဆို မင်္ဂလာဦးညကို ဦးဆောင်ရမှာ စိုင်းပဲ
ဖြစ်နေမယ် ထင်တယ်

အဟီးးးး

ကိုယ့်အတွေးနဲ့ ကိုယ် အသံထွက်သည်အထိ ရယ်မိပြီးမှ ဣန္ဒြေဆည်မိသည်က စိုင်းကို အထူးအဆန်းလို လှမ်းကြည့်နေသည့် ဦး ကြောင့်

" ရူးသွားတာလား မင်း "

ရှက်ရှက်နှင့် ထွက်ခဲ့ပြီးမှ အနောက်မှ တစ်ခုခုကြိတ်ကြံနေမှာစိုးပြီး လှည့်ကြည့်မိကာမှ တစ်ယောက်တည်း အရူးလို ရယ်နေသည့် စိုင်းကြောင့် ပြောလိုက်မိခြင်းသာ

" အဟီးးး မရူးပါဘူး ! ရူးလည်း ဦးကို ချစ်လို့
  ရူးသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် "

" ကျစ်...မင်းက စကားကောင်းပြောလို့မရဘူးဘဲ "

" ဦးကလည်း...ရပါတယ် ဗျ !
  စိုင်းကို ချစ်တယ်ပြောလေ အဲ့ဒါ စကားကောင်းပေါ့ ...ဟုတ်ဘူးလား "

" မင်းးးး "

မျက်နှာကြီးနီရဲပြီး ဒီတစ်ခါတော့ မပြေးရုံခြေလှမ်း
တွေက အတော်လေး ရှက်သွားမှန်း သိသာလွန်းစွာပါပဲ

အဟားးးး ဦးကတော့ဗျာ

" စိုင်းမြတ်ဂုဏ်...ချိဒက်ဒီငယ် "

" ဟမ်...မင်း ဘယ်က ပြန်လာတာလဲ ငရစ် "

အသံနှင့်အတူ လက်ထဲမှာ ဈေးဝယ်ခဲ့မှန်းသိသာနေသော အထုပ်တွေနဲ့မို့ စိုင်း မေးလိုက်တာဖြစ်သည်

" City Mark က ပြန်လာတာပေါ့ ကွ !
  ငါ စားချင်တာတွေ ကုန်သွားလို့ သွားတယ်လာတာ...မင်းက မင်း ဦးဆီ လာတာလား "

ဒက်ဒီဆီလာတာလား မမေးဘဲ မင်းဦးဆီ ဆို၍
ခုနက ဦးပြောတာ ဟုတ်နေပြီပဲ

သားအဖနှစ်ယောက် ဘာဖြစ်ထားပြန်ပြီလဲ မသိ

" မင်းဆီလာတာ...ကော်ဖီဆိုင်ငှားတဲ့ကိစ္စ !
  မင်း တမင် ငါ့ကို ခေါ်ထုတ်တာ မသိတာ ကျ လို့ "

" သိရင်ပြီးတာပဲ...တစ်ချိန်လုံး ကော်ဖီဆိုင်ကို
  ဇွဲရန်နဲ့ ငါ့ဆီပဲ အပ်ပြီး ပိုးပန်းတဲ့အလုပ် လုပ်နေလို့
  တမင် ခေါ်ထုတ်လိုက်တာ ရှင်းလား "

" ခွေးကောင်...ငရစ်စုတ် "

" စိုင်းစုတ် "

" သားလေး...ပြန်လာပြီလား "

" ပြန်လာတော့ ဘာဖြစ်...ဟင် ဒက် ဒက်ဒီ !
  ဘုတ် ဘုတ် "

ဦးရှနဲ့ ယူဖို့ပဲပြောနေလို့ စိတ်ဆိုးပြပြီး city mark
ထွက်သွားခဲ့တာ ခုကျ ဒက်ဒီအမေးကို ဘုဂလန့်ဖြေ
ပြီး မော့အကြည့် ဝတ်စေချင်လို့ ဝယ်ပေးထားသည့် ဝတ်စုံကို ဝတ်ထား၍ အံ့ဩသွားမိလျက်

လက်ထဲမှ အထုတ်တွေပင် ပြုတ်ကျလို့ စိုင်းက ကောက်ပေးရသည့် အဖြစ်

" ဒက်ဒီက...ပြောတော့ မဝတ်ချင်ပါဘူးဆို "

ဒက်ဒီနား အပြေးကပ်ခါ ဖက်ပြီး မေးမိတော့

" သားလေး ဝတ်စေချင်မှန်းသိလို့ ဝတ်ထားတာ
  မဝတ်ရဘူးလား "

" ဟင့်အင်းးးး အဟီးးး သားဒက်ဒီက ခုလိုကျတော့
  တကယ့် လူငယ်လေးလိုပဲ ! စိုင်းထက်တောင် ပိုနု
  သွားပြီ ဗျ "

" အမ်...ငရစ် မင်း "

စိုင်းကို အသားလွတ် တွယ်လိုက်သော ရစ်ကို တိုး
တိုက်ရင်းပဲ အိမ်ထဲ ဆောင့်အောင့်လို့ ဝင်ခဲ့လိုက်
တော့တယ်

ငလူးးး သူ့ ဒက်ဒီကို ပိုလည်းချစ်ပေးရသေး

ငါ့ကို ပြောလိုက်တာ ရစရာမရှိဘူး ဟွင်းး

" အဟားးး ဒက်ဒီ ဟာလေး စိတ်ဆိုးသွားပြီ !
  သွားလိုက် ချော့လိုက်ပါဦး ဗျာ "

" သားလေးနော်...စနေပြန်ပြီလား ဒက်ဒီကို "

" သွားချော့လိုက်ပါ...ဒက်ဒီ ချော့တာ ခံချင်ရှာတာ
  သား သူငယ်ချင်းလေးက "

" မချော့ဘူးကွာ...ဒက်ဒီမှ မချော့တတ်ဘဲ "

" ဟောဗျာ "

ပြောပြီး အပေါ်ထပ် တက်သွားပြီဖြစ်သည့် ရစ် ဒက်ဒီက တကယ်ပဲ အရှက်သိက္ခာကြီးလွန်းပါသည်

စိုင်းက ယောက်ျားနောက်ပိုးလုပ်နေသလောက် ဒက်ဒီက အရှက်ကြီးကြီးနဲ့ ဖြစ်နေပြန်တာ

စိုင်းကလည်း မထင်ရလောက်အောင် ဒက်ဒီကို ချစ်မှန်း သိရတော့ ရစ် ပျော်ပါပြီလေ

ဒက်ဒီ တခြားမိန်းမတွေနဲ့ ယူဖြစ်မှာထက် စိုင်း နှင့်
ယူဖြစ်သည်က ရစ်ကို စိတ်ချနိုင်စေတယ် မဟုတ်လား

မိမိအကြံ အောင်ခဲ့တာမို့ ရစ်အပြုံးတွေက ဝမ်းနည်းမှုကြားမှ ကြည်စင်နေလျက်

ဒက်ဒီ နဲ့ အတူတူ ဖက်မအိပ်ရတာထက် တခြားမိန်းမ ခြယ်လှယ်မှာကို ပိုမလိုချင်တာမို့

∆∆∆∆∆∆∆

" Ring Ring Ring "

ခွဲခန်းမှ ထွက်တာနဲ့ တပည့်တစ်ယောက်ပေးလာသည့် ဖုန်းက တဒီးဒီးမြည်လျက်

contacts မှာ ပေါ်နေတာ ဂုဏ် ချစ်ရပါသော ကလေးမို့ နှုတ်ခမ်းအစုံလှုပ်ခတ်သွားပြီး

" Hello... အမိန့်ရှိပါ ဗျာ "

" ဦးဂုဏ်ရှိန်ပြင်းရှ...နောက်မနေနဲ့ ! ဦးကာနဲ့ ကိုမင်း
  တို့ ရောက်နေကြပြီ ! မာမီက ဘယ်မှမဝင်ဘဲ စော
  ပြန်လာတဲ့ "

နားထဲ အမိန့်ဆန်ဆန်တိုးဝင်လာသည့် အသံလေးက ရင်ကို တိုးတိုက်လာသည့် လေပြေညှင်းလေးလို

သူလေးမှာချင်တာကို မေမေ့ကို လွှဲချနေပုံက အနားမှာရှိရင် ဘာလုပ်မိမယ်မသေချာ

" ‌ကိုယ့်အထင်တော့ မေမေ မဟုတ်ဘဲ !
  ကလေးက မှာနေတာလားလို့ ဟုတ်လား ဗျာ "

" ဟီးးးး ဦးရှကလည်း ! သိရင်လည်း စောစောပြန်လာဖိူ့ စဉ်းစားလေ ဗျာ "

" ဟုတ်ကဲ့ပါ...သခင်‌လေးခင်ဗျ "

" ရစ်လေး ဖုန်းချပြီနော် "

" ဟုတ်ပါပြီဗျာ "

ရစ် ဖုန်းချလိုက်ပြီး ဒက်ဒီနှင့် ဦးရှမှလွဲရင်
ဒက်ဒီကို သွားကြိုတဲ့ စိုင်းမှလွဲရင်‌ေပါ့ အားလုံးစုံနေသည့် မိသားစုတွေကို ဟီးခနဲသွားဖြီးပြလိုက်မိသည်။

" ရစ်က...ငလိမ်လေးပဲ "

" ဟီးးး ဦးကာကလည်း "

" လာပါဦး...ဦးကာဆီ "

မိမိနံဘေး လာထိုင်လိုက်သည့် တူတော်မောင်ကို ဥက္ကာ ပွေ့ဖက်ရင်း အပြစ်မကင်းသလို ခံစားမိနေလျက်

မပွေ့ဖက်ခဲ့ဖူးသလို မယုယခဲ့ဖူးတာမို့ ခု‌ချိန် ထွေးပွေ့ဖို့ကျ တစ်မျိုးဖြစ်နေပြန်တယ်

" သားရော...ဂုဏ်နဲ့ လက်မထပ်သေးဘူးလား "

" ဟင့်အင်း...ရစ်လေး ဒက်ဒီနဲ့ မခွဲနိုင်ဘူး "

ရစ် အဖြေက ရှိနေသူအားလုံးကို ဘယ်လိုစကားပြောရမှန်းမသိ ဖြစ်သွားစေတယ်

" ရစ်ရာ...မင်းဟာက မဟုတ်သေးပါဘူး "

" ဘာလို့လဲ ကိုမင်း...အဲ မှားလို့ ကိုထည်ပေါ့ "

ရစ် စလိုက်တော့ မကြည်သလို အကြည့်ဖြင့်

" ရစ်နော်...ကိုကိုက ထည်လို့ ခေါ်တော့ ငါလည်း
ထည်လို့ပဲ သုံးမိတာပေါ့ကွာ "

" ဟားးး ဟုတ်ကဲ့ပါ ကိုထည် "

စနောက်နေပေမယ့် ရစ် မျက်ဝန်းတွေက ပြုံးမနေပါ

ရစ် ဒက်ဒီကို မခွဲနိုင်လို့ ဦးရှနှင့် မယူချင်သေးတာ
ဆိုပေမယ့် မကြာခင် ဒက်ဒီ နှင့် စိုင်း က ယူတော့မယ်မဟုတ်လား

" ရစ်...အဲ့လို ဝမ်းနည်းမနေပါနဲ့ သားရစ်လေးရယ်
  လာပါဦး ဒက်ဒီစိုင်းဆီကို "

ဒက်ဒီစိုင်း ရှိရာ သွားထိုင်ရင်း ရင်ခွင်ထဲခေါင်းဝှက်
လို့ ငိုမိသည်က

" သားလေးရယ်...မငိုပါနဲ့ကွာ "

" မဟုတ်ပါဘူး...သားက ပျော်လို့ပါ ! အဟီးး ဒက်ဒီ
  နဲ့ စိုင်း ယူပြီးရင် စိုင်းကို ပိုချွဲကပ်လို့ရပြီလေ !
  ဒက်ဒီ က စိုင်းကို ချစ်လျက်သားနဲ့ အရှက်ကြီးပြီး
  မူနေတာဆိုတော့ သားက ဘေးတီးပေးရမှာတွေး
  ပြီး သဘောကျနေတာ !
  ဝမ်းသာပြီး ငိုမိတာပါ ဒက်ဒီစိုင်းရဲ့ "

" ဟုတ်ပါပြီဗျာ...အတတ်ကလေးပဲ သားက !
  သား ရဲ့ ဦးရှကိုလည်း မြန်မြန်လက်ခံပေးလိုက်ပါ
  လက်ထပ်ဖို့ကို...မဟုတ်ရင် အိမ်မြှောင်အမြှီးပြတ်
  သလို ဖြစ်နေတာ မြင်မကောင်းဘူး ကွ "

" ဟားးးဟားးဟားး "

ဦးစိုင်းဂုဏ်ထင်အပြောကြောင့် အားလူံး ရယ်လိုက်မိကြသည်အထိ

" ဟုတ်ပါတယ်...ညီရာ ! ကိုဂုဏ့်ကို မြန်မြန်ခက်ခံ
  ပေးလိုက်ပါ ဟုတ်ပြီလား "

" အေးကွာ...ဂုဏ့်ခမျာ ညီတွေက အရင်စွံပြီး !
  သူက နောက်ကျန်ခဲ့တော့ အီလည်လည်ဖြစ်နေမ
လားဘဲ ကွ "

" ဟုတ်ပ ... သားဂုဏ်ကို မြန်မြန်လက်ခံပေးလိုက်
  နော် သားရစ်လေး "

" ဟုတ်ကဲ့ပါ...မာမီ ! ရစ်လေး စဉ်းစားပါ့မယ် "

" ဟုတ်ပါပြီရှင်...ကဲ စကားပြောနှင့်ကြဦး !
  မာမီ ညစာအတွက် လိုတာတွေ သွားကြည့်လိုက်
  ဦးမယ် "

*****

ညရောက်တော့ လူစုံတက်စုံ ထမင်းဝိုင်းလေးက
မျိုးရိုးဂုဏ်စံအိမ်မှာ ကြည်နူးစရာဖြစ်နေလျက်

ထမင်းစားပြီး အချိုတည်းကြတော့လည်း လက်ထပ်ပွဲအတွက် စီစဉ်တိုင်ပင်မှုတွေကသာ ကြီးစိုးနေလျက်

ထိုအချိန် ကမ္ဘာကတော့ မိမိသား မျက်နှာကိုသာ တစ်ချက် တစ်ချက် လှမ်းအကဲခတ်နေရင်း

စကားကိုလည်းဖြတ်မရ

သားကိုလည်းစိတ်မချဖြင့် မအီမလည်ခံစားနေရတာ အတော်ဆိုးဆိုးပါပဲ

ဒါကို သတိထားမိသည့် စိုင်းက

"  မေမေ နဲ့ ဖေဖေ ခင်ဗျ ... !
ပွဲရက်က လိုပါသေးတယ် ! နောက်မှ လိုတာတွေ
ထပ်စီစဉ်ကြတာပေါ့ ! ကိုကြီးရော ဦးရော က
ပင်ပမ်းထားကြတာဆိုတော့ နားပါစေတော့ဗျာ "
 

" အေး...သားငယ်ပြောတာလည်း ဟုတ်တာပဲကွ !
  ကမ္ဘာရေ ပြန်နားတော့နော် ပင်ပမ်းနေတာ "

" ဟုတ်တယ်...ကမ္ဘာ ပြန်နားတော့လေ "

" ဟုတ်ကဲ့ဗျ...ကိုကြီးထင် နဲ့ မမချို !
  အဲ့ဒါဆို...ကျွန်တော့်ကို ခွင့်ပြုပါဦး !
  ဥက္ကာ...မင်းရော မလိုက်ဘူးလား "

" ကျွန်တော် ပြီးမှ လာခဲ့မယ် ကိုဦး "

ခုထိ ကိုမင်းနားမှ ခွာချင်ပုံမရသည့် ညီဖြစ်သူကို
ခပ်စွေစွေကြည့်ရင်းကပဲ

" သဘောပဲဟေ့ "

လို့သာ ပြောပြီး သားကို ခေါ်ကာ ပြန်ခဲ့လိုက်တော့သည်။

" ဒက်ဒီ "

" ဟင်...သားလေး "

" ဒက်ဒီ...ပင်ပမ်းနေတာ ! နားလိုက်တော့နော် "

ခါတိုင်းလိုလည်း ကမ္ဘာ့ကို တွယ်ကပ်နေတာ မရှိဘဲ
နားဖို့သာပြောပြီး သူ့အလုပ်သူလုပ်ဖို့ ပြင်နေသည့်
သားကြောင့်

" ဒက်ဒီ...မပင်ပမ်းပါဘူး ! လာပါဦး "

လက်ကမ်းခေါ်တော့လည်း ခါတိုင်းလို ပေါင်ပေါ်
မထိုင်ဘဲ နံဘေးနားသာထိုင်လာတာမို့

" ဘာလို့လဲ...သား ! ဘာကိုအလိုကျဖြစ်နေလဲ
  ဒက်ဒီကိုပြော "

" ဘာမှမဖြစ်ပါဘူး...ဒက်ဒီရ ! အဟီး သားက
  ဘာဖြစ်နေလို့လဲ...ဒက်ဒီ ထင်နေတာပါ "

အရယ်လေးဖြင့် ပြောနေပေမယ့် မိမိသားအကြောင်း ကမ္ဘာ အသိဆုံးပါလေ

ဒီကလေး ခုလို သွားဖြီးပြနေတာကိုက မဟုတ်တာ

စိတ်ရှိသလို မပြုမူဘဲ ငြိမ်သက်ပြနေတာက တစ်ခုခုဖြစ်မှန်း ပိုသိသာနေတာ ဒီ‌ကလေးက သူ့ကိုယ်သူမသိရှာဘူးဘဲ

" ဒက်ဒီ မေးနေတယ်လေ သားလေး ...ဟင် "

ငုံ့နေသည့် မျက်နှာကို ဆွဲမော့လိုက်မှ မျက်ရည်ဝဲသည့် မျက်ဝန်းလေးတွေက ကမ္ဘာ့ရင်ကို စူးခနဲနာ
ကျင်သွားရတယ်

" သား "

" ဗျာ...ဒက်ဒီ "

" ဘာလို့ ငိုရတာလဲ...သားလေးရယ် ! မငိုပါနဲ့ကွာ
  သား မဖြစ်စေချင်ရင် ဒီပွဲကို ဒက်ဒီမလုပ်ဘူးလေ
  တိတ် မငိုရဘူး ! သားငိုနေတာ ဒက်ဒီ နာကျင်ရ
  လို့ မငိုပါနဲ့ ကွာ "

" မဖြစ်စေချင်တာ မဟုတ်ပါဘူး ဒက်ဒီရာ !
  ဒက်ဒီ နဲ့ စိုင်း တကယ် ယူဖြစ်ကြတော့မယ်ဆိူတော့ သား ဝမ်းသာမိလို့ပါ "

အပြုံးလေးဖြ့င့် ပြောနေသည့် သားမျက်ဝန်းတွေက ငိုနေသည်ပဲ

သားရယ်

" သားက ဒက်ဒီအချစ်ဆူံးသားလေးပါ !
  ဒက်ဒီရဲ့ ကမ္ဘာ ဒက်ဒီ ရှင်သန်ရာ ကလေးလေးမို့
  သားထက် ဘယ်သူ့ကိုမှ ပိုမချစ်ဘူး !
  သားသာလျှင် ဒက်ဒီအတွက် အရာရာပါ ကွာ "

" အဟင့်...ဒက်ဒီကို အရမ်းချစ်တယ် !
  စိုင်းကိုလည်း ချစ်ပေးရမယ်နော် သိလား !
  ဒက်ဒီက မပိုးဘဲ စိုင်းက ပိုးနေတာ သနားပါတယ်
  စိုင်းက ဒက်ဒီကို သိပ်ချစ်တာဗျ "

" သားနော်...အကောင်းပြောနေရင်းက ဖောက်လာ
  ပြန်ပြီ...သူငယ်ချင်းတွေလို့ မပြောရဘူး "

" ဟီးးး ဒက်ဒီကလည်း မချစ်ဘူးသာပြောတယ်
  စိုင်း အပြုအမူကအစ သတိထားမိနေတာပဲ !
  ဟုတ်တယ် မဟုတ်လား "

" သားနော်...ရိုက်ခံချင်နေပြီ ဒီကလေး "

" ဟင့်...ရိုက်ရင် ဒက်ဒီငယ်နဲ့ တိုင်မှာပေါ့ "

" တယ်...ဒီကလေးကတော့ "

" ဒက်ဒီ ကို စိုင်းက သိပ်ချစ်တာ !
  ဒက်ဒီလည်း မင်္ဂလာဦးညကျ ချစ်ကြောင်းပြလိုက် ! ရှက်မနေနဲ့ ဒက်ဒီရ "

" ရစ်ဖွဲ့ကောင်းကင် "

ကမ္ဘာကသာ ရှက်ရမ်းရမ်းပြီး အော်နေတာ ဒီကောင်ဆိုးလေးက အပေါ်ထပ်ဆီ ပြေးတက်သွား
တာမှ လှစ်ခနဲ

သို့သော် ဘယ်လိုပင်စစ သားရင်ထဲ ဝမ်းနည်းနေတာကိုတော့ ကမ္ဘာ သိနှင့်နေပါတယ်လေ

သားရယ်

ဖေဖေ က ဦးဆီ ပေးခိုင်းလိုက်သည့် ဖိုင်ကို လာပေးသည့် စိုင်းမှာ ထိုအနေအထားတွေကြောင့် အသာနောက်ပြန်လှည့်ခဲ့မိလျက်

စိတ်ချပါ ဦး

ဦး အတွက်ရော ရစ်အတွက်ပါ စိုင်း အကောင်းဆုံး
ကိုသာ ပေးမှာမို့

*******

တကယ်တမ်း လက်မှတ်ထိုးပြီး ဧည့်ခံပွဲလုပ်တော့လည်း အချိန်တွေဟာ မြန်လွန်းနေသလိုခံစားရတယ်။

ရှေ့နေတွေ လူကြီးစုံရာတွေနဲ့ လက်မှတ်ထိုးပွဲ
ကို မျိုးရိုးဂုဏ်စံအိမ်မှာ ပြုလုပ်ပြီး ညပိုင်း
ဧည့်ခံပွဲကိုတော့ အဖြူရောင်စံအိမ်မှာ ပြုလုပ်တာဖြစ်သည်။

ဂုဏ်ကတော့ ညီနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ကြည်နူးနေမိသလို မိမိပွဲအတွက်လည်း ရင်ထဲမကောင်းနိုင်ပြန်

ဖအေနဲ့ ဦးလေးထက် သူကပိုပျော်နေသလို အပြုံးတွေဖြင့် ကြည်စင်နေတဲ့ ကလေးကို ငေးရင်း

စို့တက်လာတဲ့ မျက်ရည်တွေက အလိုက်မသိဘူးဘဲ

မင်း ဘယ်အချိန်ထိ ကိုယ့်ကိုညှင်းနေဦးမလဲ
ကလေးရာ
အရမ်းဆိုးလွန်းတယ် မင်းက

" ဟေ့...ဂုဏ် ! အဲ့မှာ ဘာရပ်လုပ်နေတာလဲ
ဒီကို လာလေကွာ..."

ကိုဥက္ကာ လှမ်းခေါ်နေတာမို့ ဂုဏ် ခြေလှမ်းတွေ အားမပါစွာ လှမ်းရင်းး

" ဘာလဲ...ငါတို့ကို အားကျနေတာလား !
မင်းလည်းမကြားခင် လာတော့မှာပါကွာ
အားမလျော့ပါနဲ့ ! မျက်နှာကပြုံးထားစမ်း
ပါကွ ! ဘယ့်နှယ် သူများတွေ မင်္ဂလာယူနေ
တာကို ဂုဏ်ကတော့ ကွာ "

ပခုံးကို လက်သီးဖြင့် ဖွဖွထိုးရင်း စနောက်နေသည့် ကိုဥက္ကာစကားတွေက ဂုဏ့်နားထဲ ကြားတစ်ချက် မကြားတစ်ချက်

မိမိကြည့်နေမိသည်က ကလေးရှိရာဆီ

ကိုဝဏ္ဏနှင့် ရယ်ရယ်မောမောစကားပြောနေပုံလေးက အသက်ဝင်လွန်းနေပြီး
ဂုဏ့် ဆီ တစ်ချက်မှ ငဲ့ကြည့်မလာတာကလည်း အသဲယားစဖွယ်မို့

" ကိုဥက္ကာ...စိတ်မရှိပါနဲ့ ! ခဏဗျာ "

အားနာစွာပဲ ကိုဥက္ကာနားမှ ထွက်ခဲ့မိသည်က ကလေးရှိရာ

ဥက္ကာကတော့ ဂုဏ့်ခြေလှမ်းတွေရဲ့ဦးတည်ရာကို ကြည့်လို့ အပြုံးဖြင့် ခေါင်းတရမ်းရမ်း

" ကလေး "

" ဪ...ဦးရှ "

" ကဲ...ကောင်လေးရဲ့ဦးရှလာပြီဆိုတော့ !
အစ်ကို ကိုဦးတို့ဆီခဏသွားလိုက်မယ်နော်
ရန်ဖြစ်မနေကြနဲ့ဦး ကောင်လေးရ !
ဂုဏ်ရောပဲ "

" ဟာဗျာ...ကျွန်တော်က ဖြစ်စရာလား "

" အမယ်...ရစ်လေးက ဖြစ်နေတာပေါ့ "

ပြောလို့မှ စကားမဆုံးသေး ထဖြစ်နေပြန်တဲ့
ဒီကလေးတွေကို ဝဏ္ဏ တကယ်ပဲ မနိုင်တော့ဟန် လက်မြှောက်ပြလို့ ထွက်ခဲ့မိတော့သည်လေ

" ကလေး "

" ဘာလဲ "

" ဘယ်လိုထူးလိုက်တာလဲကွာ ! ဘာအလိုမကျပြန်ပြီလဲ ကိုယ့်ကလေးက "

" သောက်ပဲသောက်နေတယ်...ပွဲရှင်က ဒက်ဒီ
နဲ့ ဦးကာ လား ! ဦးရှလားဆိုတာ မသဲကွဲတော့
ဘူး သိလား "

" အဟားးးး ဒါက စိတ်ဆိုးတာပေါ့ "

နှုတ်ခမ်းစူနေသည့် ကလေး၏မေးစေ့လေးကို ပင့်မော့လိုက်ပြီး

" မသောက်နဲ့လို့ တစ်ခွန်းပဲပြောလိုက်လေ !
ကလေးမကြိုက်တာ ကိုယ်ဆက်လုပ်မှာမဟုတ်ဘူး "

" အာ...အဲ့လိုလည်း မဟုတ်ပါဘူး !
ရစ်လေးက ဦးရှကို စိတ်ပူလို့ပါ ...အများကြီး
မသောက်စေချင်တာပါ "

" ဟုတ်ပါပြီကွာ...ကလေးသဘောပါ "

" ခဏသွားနားဦးမယ်...ဦးရှ ! ခေါင်းနည်းနည်းမူးနေလို့ "

" ဟင်...အဆင်ပြေရဲ့လား ကလေး !
အဲ့ဒါဆို သွားနားလေ ! ကိုယ်လိုက်ပို့ပေးမယ်"

" ရပါတယ်...အောက်ထပ်အခန်းမှာပဲ နားမှာ
ဦးရှက ပွဲထဲ နေခဲ့ဦးမှပေါ့ "

" အာ...ဟုတ်ပါပြီဗျာ ! ဂရုစိုက်သွား ...
တစ်ခုခုဆို လှမ်းပြောနော် ကိုယ့်ကို "

" အင်းးပါ "

ဂုဏ်ကသာ မှာနေတာ ကလေးက ခပ်လှမ်းလှမ်းတောင် ရောက်နေပြီ

တကယ်ဆိုးတဲ့ ကလေးပါကွာ

*****

အောက်ထပ် အိပ်ခန်းဆီ ဝင်လှဲရင်း ရစ်တစ်ယောက် မပျော်နိုင်

ဒီညကစပြီး ဒက်ဒီနဲ့ ခွဲအိပ်ရတော့မယ်ဆိုပြီး
လူက နေရတာအဆင်မပြေ

သား ဘယ်လိုအိပ်ရမှာလဲ ဒက်ဒီရဲ့

သားတစ်ယောက်တည်း အိပ်ရတော့မယ်

ဒက်ဒီကို ဖက်မအိပ်ရတော့ဘူး အီး ဟီး ဟီး

💘💘💘💘💘💘💘

Author -- Ahtarsaung

Continue Reading

You'll Also Like

311K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်