မှော်ကုန်းမြေမှအစားအစာထောက်ပံ...

By Miracle-101

34.7K 3.1K 38

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] More

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Telegram channel✨️
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82

Chapter 21

629 58 1
By Miracle-101

အခန်း ( ၂၁ ) တည်ငြိမ်နေသော လင်းချီ

"ဟားဟားဟား"

ခန်းမအတွင်းတွင် လှောင်ပြောင်ရယ်မောသံများ ပဲ့တင်ထပ်နေပါသော်လည်း လင်းချီ၏ မျက်နှာအမူအရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိခဲ့ပါ။ သူ့အား လှောင်ပြောင်နေသော်လည်း ဂရုမစိုက်ပေ။ သူသည် တခြားသူများအား လိုက်လံမထိန်းချုပ်နိုင်သောကြောင့် သူတို့ရယ်ချင်သလို ရယ်မောနိုင်သည်။

"မင်းတို့ ရယ်ပြီးကြပြီလား? မင်းတို့ပြီးပြီဆိုလျှင် လစ်လိုက်တော့ ငါ ဒီမှာ အခန်းယူဖို့ စောင့်နေတာ!"

လင်းချီ၏ တည်တည်ငြိမ်ငြိမ်နှင့် အမှတ်မထင် ပြောလိုက်သည့်စကားက လှောင်ရယ်နေသောလူအုပ်ကြီးအား တဖြည်းဖြည်း တိတ်ဆိတ်သွားစေခဲ့သည်။

သူ့အား ဒေါသဖြစ်အောင်လှုံ့ဆော်သည့် လူငယ်မှာ မုန်တိုင်းမြို့တော်မှ ချန်းလင်ဟုခေါ်သော မီးဒြပ်စင်မှော်ဆရာဖြစ်သည်။  ကျော်ကြားသည့် ဆရာတစ်ဦး၏ လမ်းညွှန်ချက်နှင့် သူ၏အရည်အချင်းတို့ကြောင့် သူသည် အလယ်အလတ်အဆင့် မှော်ဆရာအဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ သူသည် သူနှင့် ရွယ်တူများကြားထဲတွင် ပါရမီရှင်ဟု ပြောရလောက်အောင် အမြဲရှေ့မှ ပြေးနေခဲ့သူဖြစ်သည်။

ထိုသို့ကွာဟချက်ကြောင့် သူသည် လူတိုင်းအား အထင်သေးပြီး အထူးသဖြင့် မှော်ပညာ အခြေခံမရှိသူများကိုဆို ပိုဆိုးသည်။

ဒီတစ်လျှောက် သူသည် ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့နိုင်ပြီး လင်းချီကဲ့သို့သော လူများကို အမြဲလှောင်ပြောင်ခဲ့သည်။

သို့သော် ဤသည်က  သူ ပထမဆုံးအကြိမ် ငြင်းပယ်ခံရခြင်း ဖြစ်သည်။

"မင်း ဘာပြောလိုက်တာ?"

လင်းချီသည် လေနက်ရဲတိုက်၏ စည်းမျဉ်းစည်းကမ်းများကို ကောင်းကောင်းသိထားသည်။ ချန်းလင် သူ့အား ဘာမှ မလုပ်နိုင်တာကို သိသောကြောင့် ဆက်ပြီး ပြောလိုက်သည်။ "ငါပြောတာက မင်းရဲ့မှော်တုတ်တံက ငါ့ကိုလမ်းပိတ်နေတယ်လို့"

"မင်း!"

ချန်းလင်၏ ဒေါသတို့ တောက်လောင်လာခဲ့သည်။ သူသည် သူ၏မှော်တုတ်တံအား မြှောက်၍ လင်းချီအား သင်ခန်းစာပေးခါနီးတွင် ရုတ်တရပ် ရပ်တန့်သွားခဲ့သည်။

လင်းချီ၏နောက်တွင် ရပ်နေသော လူသာသည် စွမ်းအားကြီးပုံပေါ်သည်။ ထိုသွင်ပြင်သည် ကြီးမြတ်သည့် အဆင့်မြင့်ဓားသခင်များတွင်သာ ရှိနိုင်သည်။

သို့သော် အလယ်အလတ်အဆင့် ရှိသည့် မှော်ဆရာတစ်ယောက်အနေနဲ့ အဆင့်မြင့်ဓားသခင်ကိုပင် ကြောက်ရွံ့နေမည်မဟုတ်။ ချန်းလင်ကို ရပ်တန့်အောင် ပြုလုပ်ခဲ့သည့်အရာမှာ အမှန်တကယ်တော့ လေနက်ရဲတိုက်၏ စည်းမျဉ်းစည်းကမ်းများသာဖြစ်သည်။

လေနက်ရဲတိုက်တွင် တိုက်ခိုက်ရန်ဖြစ်ခဲ့ပါက ထိုသူများသည် မြို့တော်မှ နှင်ထုတ်ခံရမည် ဖြစ်သည်။

သူသည် သူ့ကိုယ်သူ ဒေါသကို အနိုင်နိုင်ထိန်းပြီး လင်းချီအား ပြောလိုက်သည်။ "ချာတိတ်၊ သိပ်ပြီး စိတ်ကြီးဝင်မနေစမ်းနဲ့၊ ငါမင်းကို ပြောရအုံးမယ်၊ လေနက်ခံတပ်ထဲမှာမို့ မင်းကို ဘာမှမလုပ်တာ ဒါပေမယ့် အနှေးနဲ့ အမြန်တော့ မင်း ဒီခံတပ်ကနေ ထွက်သွားရမှာပဲ!"

"အချိန်တန်ရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့" လင်းချီက ဘာသိဘာသာပြောပြီး သူ့ကိုကျော်လျှောက်သွားခဲ့သည်။ သူသည် ကောင်တာမှ စာရေးအား ပြောလိုက်သည်။ "ငါ့ကိုတစ်ယောက်ခန်း တစ်ခန်းပေး"

ခန်းမထဲရှိ လူအားလုံးမှာ ကြက်သေသေသွားကြသည်။ သူတို့အားလုံးသည် အထူးသဖြင့် မီးဒြပ်စင်မှော်ဆရာဖြစ်သော ချန်းလင်၏စွမ်းအားကို သိပြီးဖြစ်သည်။ သူ၏မှော်ပညာဖြစ်စေ သူ၏သေစေလောက်သည့် အစွမ်းသတ္တိဖြစ်စေ သူသည် အလွန်စွမ်းအားကြီးသည်ဆိုသည့်အချက်က ငြင်းပယ်မရနိုင်ပေ။

ထို့ကြောင့် အဖွဲ့ဝင်များသည် သူ့အား ရန်မစဝံ့ကြဘဲ အချို့ဆိုလျှင် သူ့အား ခ,ယတောင်းပန်၍ သူတို့ခေါင်းဆောင် လုပ်စေလိုပြီး သူတို့ကို ကာကွယ်ပေးရန် ဦးဆောင်စေလိုကြသည်။

သို့သော် ချန်းလင်အပေါ် လင်းချီ၏ မာနကြီးမှုသည် သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဥ်ဖူးသည့် အရာဖြစ်သည်။
ချန်းလင်က အင်အားအကြီးဆုံးဖြစ်ပြီး လင်းချီက ယှဥ်ပြိုင်သူများကြားထဲတွင် အားအနည်းဆုံးဖြစ်ကြောင်း သူတို့အားလုံးသိကြသည်။ သူတို့ကြားတွင် သိသာရှင်းလင်းသည့် အဆင့်ကွာဟမှုရှိသော်လည်း ဘာကြောင့် လင်းချီက သူ့ကိုအဲ့ဒီလို ပြောဆိုဆက်ဆံတာလဲ?

အခြေအနေက ပဟေဠိဆန်သော်လည်း လင်းချီတစ်ယောက်သာ နားလည်နိုင်သည်။

ချန်းလင်သည် မြေပြင်ပေါ်၌ အမြစ်တွယ်နေသည့်အလား ရပ်နေပြီး လင်းချီအား စိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူသည် အလွန်ပင် စိတ်ရှုပ်ထွေး ဒေါသထွက်နေခဲ့သည်။ သူသည် ထိုအရှုံးသမားကို လှောင်ပြောင်လိုသော်လည်း ထိုအမှိုက်စက သူ့အား လျစ်လျူရှုပြီး ရှောင်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

လေနက်ခံတပ်၏ စည်းကမ်းများကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် လင်းချီ၏အဝတ်များကို လောင်ကျွမ်းစေပြီး အများရှေ့တွင် အရူးတစ်ယောက်ဖြစ်အောင် လုပ်လိုက်မည်ဖြစ်သည်။

လင်းချီသည် ချန်းလင်အား စောင်းငဲ့တောင်မကြည့်ဘဲ အဝေးသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

"လင်းချီ နင်တော့ ပြသနာတက်ပြီ"

ခဏအကြာတွင် ယွီမုန့်က သူ့ကို ပြောလာသည်။

"ဘာပြသနာလဲ?"

"နင် သူဘယ်သူလဲဆိုတာ သိလား"

"မသိဘူးလေ၊ ဒါပေမယ့် ငါသိတာတော့ သူက ရိုင်းစိုင်းတဲ့ နှံပီစုတ်လိုကောင်ပဲ"

ယွီမုန့်သည် လင်းချီ၏ မသိနားမလည်မှုကြောင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

"ဟင်း သူက မုန်တိုင်းမြို့တော် ချန်းမိသားစုရဲ့ သခင်လေးပဲ သူက သိန်းချီသန်းချီတဲ့ လူတွေ မျှော်လင့်ချက်ကြီးကြီးမားမားထားရတဲ့ အမြင့်မြတ်ဆုံးသော မှော်အကြီးအကဲအလောင်းအလျာဆိုတာ နင်သိရဲ့လား"

"အိုး! ကြားရတာတော့ အရမ်းမိုက်မယ့်ပုံပဲ" ဟု လင်းချီက အလေးအနက်မထားသကဲ့သို့ ပေါ့ပျက်ပျက်ပြောလိုက်သည်။

လူးဝစ်သည်လည်း သူတို့ဘက်သို့ လျှောက်လာကာ "မုန်တိုင်းမြို့တော်က ချန်းမိသားစုက လင်းမိသားစုနဲ့ ရန်ငြိုးတွေရှိတယ်လေ ဒါ့ကြောင့်ပဲ ချန်းလင်က မင်းအတွက် ခက်ခဲအောင် တမင်ဦးဆောင်လုပ်နေတာ"

"သူက လေနက်ခံတပ်ထဲမှာ မင်းကို ရန်ပြုရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့က အနှေးနဲ့အမြန်တော့ ထွက်သွားရမှာပဲ။ အဲ့ဒီအချိန်ကျရင် သူမင်းကို  ကြိမ်းသေပေါက် ထပ်ပြီး လာနှောက်ယှက်လိမ့်မယ် ရှင်းရှင်းပြောမယ်ကွာ မင်း ငါတို့ကို အရင်တစ်ခေါက်တုန်းက ကယ်တင်ပေးခဲ့တယ်ဆိုပေမယ့် သူ့လိုလူကို ငါတို့လည်းပဲ မယှဥ်နိုင်ဘူး ဒါ့ကြောင့် ဖြစ်နိုင်ရင် သူ့ကို သွားရန်မစနဲ့!"

လင်းချီသည် မှော်ပညာတွင် ပါရမီမရှိသော်လည်း သူ့တွင် လျှာကဝေစနစ်ရှိသောကြောင့် သူသည် ထိုကိစ္စအတွက် ထွေထွေထူးထူးပူပန်မနေပေ။

မည်သို့ပင်ဆိုစေကာမူ ချန်းလင်သည် အလယ်အလတ်အဆင့်မှော်ပညာရှင်မျှသာ ဖြစ်၏။

"စိတ်မပူပါနဲ့၊ ငါအဆင်ပြေမှာပါ"

လင်းချီ၏ စကားလုံးများသည် ယွီမုန့်နှင့် လူးဝစ်အား မယုံသင်္ကာ ထပ်ဖြစ်စေသည်။ ရှေ့က ကိစ္စရပ်များနှင့် ကြုံတွေ့ရပြီးနောက် လင်းချီတစ်ယောက် ဖြီးဖြန်းနေခြင်း မဟုတ်ကြောင်း သူတို့နားလည်လိုက်သည်။ သူသည် ထိုအရာက ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ဟု ပြောခဲ့လျှင် သူကိုယ်သူ အမှန်တကယ် ယုံကြည်မှုရှိသောကြောင့် ဖြစ်ရမည်။

ဒါပေမယ့်လည်း သူက မှော်ဆရာတောင် မဟုတ်တာကို ဘယ်လိုဖြေရှင်းမလို့တဲ့လဲ?

သူ့ဘက်တွင် သူ့အားကူညီရန် အဆင့်မြင့်ဓားသခင်ဖြစ်သည့် လူသာရှိနေလျှင်တောင် အလယ်အလတ်အဆင့်မှော်ဆရာတစ်ယောက်နှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဖြစ်နိုင်တာက. . . . "

လူးဝစ်သည် မျက်လုံးတို့ကို မှေးကျဥ်းလိုက်ပြီး တွေးလိုက်သည်။ ကြည့်ရတာ လင်းချီဆီမှာ စွမ်းအားတိုးမြင့်စေတဲ့ သကြားလုံးတွေ အခုထိ ရှိနေသေးတာများလား?

ယွီမုန့်သည်လည်း ထိုသို့ တူညီစွာတွေးလိုက်မိသည်။ သူမသည် လင်းချီကို ပြိုင်ဘက်အဖြစ်သတ်မှတ်ထားသော်လည်း သူသည် သူမအား အကြိမ်ကြိမ်ကယ်တင်ခဲ့၏။ သူမ တွေးရင်း စိတ်ရှုပ်ထွေးလာသလိုပင် ခံစားလာရသည်။

ယွီမုန့်သည် သူမအား အရင်တစ်ခေါက်က  ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေးကို ပြန်ဆပ်လို၍ လင်းချီ တစ်ခုခုဖြစ်ရန် အမှန်တကယ် မျှော်လင့်နေမိသည်။

ထိုအဖြစ်အပျက်များပြီးနောက် အနားယူရန် သူတို့၏ ကိုယ်ပိုင်အခန်းများဆီသို့ ပြန်ခဲ့ကြသည်။ သူ့အခန်းသို့ပြန်ရောက်ပြီးသည်နှင့် လင်းချီ ပထမဆုံးလုပ်သည့်အရာမှာ သူ၏စနစ်ကိုဖွင့်ပြီး ပြီးခဲ့သောရက်များက စုဆောင်းခဲ့သော အတွေ့အကြုံရမှတ်များကို ကြည့်ရှုခြင်းဖြစ်သည်။

လျှာကဝေစနစ်ကို အဆင့်မြှင့်တင်ရန် နည်းလမ်းမှာ အလွန်လွယ်ကူ ရိုးရှင်းသည်။ ဟင်းလျာများကို ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများကို အဆက်မပြတ် အသုံးပြုနေပေးရမည်ဖြစ်ပြီး ထိုသို့လုပ်ပြီးသည်နှင့် အတွေ့အကြုံရမှတ်များ ရရှိလာလိမ့်မည်ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူချက်ပြုတ်ခဲ့သည်များကို အခြေခံရလျှင် လျှာကဝေစနစ်သည် အဆင့် (၃) သို့ တက်လုနီးပါးပင်ဖြစ်နေပြီ။ အဆင့် (၃) ရောက်ပြီးနောက် အသစ်ထပ်ပွင့်လာမည့် အစားအစာမှာ သူ့အား တိုက်ပွဲတွင် ကူညီပေးနိုင်သည့် စွမ်းရည်များ ပါရှိလိမ့်မည် ဖြစ်သည်။ ထိုအရာသည် လက်နက်မရှိသည့် သူ့လိုလူအတွက် အတော်ကြီးမားသော တိုးတက်မှုဖြစ်ပေသည်။

လင်းချီသည် အိပ်ယာပေါ်တွင် လဲလျောင်းပြီး သူ၏စနစ်အား စစ်ဆေးနေရင်း အိပ်ပျော်သွားခဲ့သည်။

သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် နောက်နေ့မနက်သို့ ရောက်နေပြီဖြစ်သည်။

အိပ်ယာထ မျက်နှာသစ်ပြီးနောက် သူ၏စနစ်ထဲမှ မှော်ကန်စွန်းဥကို ထုတ်ယူစားပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။

သူခန်းမထဲသို့ ဝင်လာခဲ့ချိန်တွင် ယွီမုန့်၊ လူးဝစ် နှင့် လူသာတို့ ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့သည် စမ်းသပ်မှုတွင်ပါဝင်သူများအားလုံး လေနက်ခံတပ်သို့ ရောက်ရှိရမည့်နေ့ ဖြစ်သောကြောင့်ပင်။

၎င်းတို့အနက် ပထမဆုံး ရောက်ရှိလာသူများမှာ  မုန်တိုင်းမြို့တော်မှ ယှဥ်ပြိုင်သူများဖြစ်ကြသည်။ သူတို့သည် အဖျက်စွမ်းအားကြီးမားသော မှော်ဆရာတစ်ယောက်ဖြစ်သည့် ချန်းလင်ကို အားကိုးကာ စမ်းသပ်မှုအား လွယ်လွယ်ကူကူ ဖြတ်ကျော်ရန် ရည်ရွယ်ထားကြသည်မှာ သိသာလှသည်။ တစ်ဖက်တွင် လင်းချီ ကိုယ်စားပြုသည့် ဆန်းသစ်လမြို့တော်မှ လူများမှာ နောက်ဆုံးရက်မတိုင်ခင် တစ်ရက်အလိုမှသာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ ရောက်ရှိလာကြချိန်မှာ သုံးရက်မျှသာ ကွာဟသော်လည်း ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် နှစ်ဖက်ကြားမှ စွမ်းအားကွာခြားမှုကို တွေ့နိုင်လေသည်။

ထိုအခိုက် တခြားဒေသများမှ ယှဥ်ပြိုင်သူများသည်လည်း ဗဟိုနားနေဆောင်တွင် စုဝေးရောက်ရှိနေခဲ့ကြပြီးဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ရန်သူများကဲ့သို့ ကြည့်နေခဲ့ကြသည်။

လင်းချီလည်း စဥ်းစားမရဖြစ်သွားကာ ခါးသက်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ "သူတို့ ဘာလို့ ငါတို့ကို ရန်သူတွေလိုကြည့်နေကြတာလဲ? သူတို့ ဒီစမ်းသပ်မှုကိုပဲ အာရုံစိုက်သင့်တာမဟုတ်ဘူးလား?"

"ဟားဟား မင်း နားမလည်ပါဘူးကွာ ဘယ်သူကမှ အခြားသူတွေကို သူတို့ထက် ပိုမသာစေချင်ကြဘူး ဒီစမ်းသပ်မှုမှာလည်း အတူတူပဲ တခြားသူတွေထက် ပိုတော်ကြောင်း ပြနိုင်ဖို့ လူတိုင်းက အခြားပြိုင်ပွဲဝင်တွေရဲ့ ရမှတ်ကို နှိမ့်ပစ်ချင်နေကြတာ!"

"ဒါ့အပြင် အဲ့ဒီပြိုင်ပွဲဝင်အားလုံးက  အဆင့်သတ်မှတ်ချက်ဆိုတာကို အခြားသူတွေထက် ပိုတန်ဖိုးထားတဲ့ ဂုဏ်မောက်တဲ့ မျိုးရိုးမြင့်တွေပဲလေ"

လူးဝစ်နှင့် ယွီမုန့်တို့၏ ဝေဖန်သုံးသပ်ချက်များကိုနားထောင်ပြီးနောက် လင်းချီလည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။

'လူတိုင်း စမ်းသပ်ရွေးချယ်မှုမှာ ပါဝင်ဖို့လာခဲ့ကြတာပဲကို ဘာကြောင့်များ တစ်ယောက်နဲ့တစ်ယောက် ခက်ခဲအောင်လုပ်နေကြတာလဲ? ဒါက ပေါပေါပဲပဲဖြစ်နေတာနဲ့ မတူဘူးလား?'

သူ တွေးရင်း ခေါင်းခါယမ်းနေတုန်းမှာပဲ ကြီးမားသည့်သွင်ပြင်တစ်ခုသည် သူ့မြင်ကွင်းထဲသို့ ရောက်လာခဲ့သည်။

"ဝါး! တော်တော်ကြီးတာပဲ!"

~~~

အခန္း ( ၂၁ ) တည္ၿငိမ္ေနေသာ လင္းခ်ီ

"ဟားဟားဟား"

ခန္းမအတြင္းတြင္ ေလွာင္ေျပာင္ရယ္ေမာသံမ်ား ပဲ့တင္ထပ္ေနပါေသာ္လည္း လင္းခ်ီ၏ မ်က္ႏွာအမူအရာသည္ လုံးဝေျပာင္းလဲသြားျခင္း မရွိခဲ့ပါ။ သူ႔အား ေလွာင္ေျပာင္ေနေသာ္လည္း ဂ႐ုမစိုက္ေပ။ သူသည္ တျခားသူမ်ားအား လိုက္လံမထိန္းခ်ဳပ္ႏိုင္ေသာေၾကာင့္ သူတို႔ရယ္ခ်င္သလို ရယ္ေမာႏိုင္သည္။

"မင္းတို႔ ရယ္ၿပီးၾကၿပီလား? မင္းတို႔ၿပီးၿပီဆိုလွ်င္ လစ္လိုက္ေတာ့ ငါ ဒီမွာ အခန္းယူဖို႔ ေစာင့္ေနတာ!"

လင္းခ်ီ၏ တည္တည္ၿငိမ္ၿငိမ္ႏွင့္ အမွတ္မထင္ ေျပာလိုက္သည့္စကားက ေလွာင္ရယ္ေနေသာလူအုပ္ႀကီးအား တျဖည္းျဖည္း တိတ္ဆိတ္သြားေစခဲ့သည္။

သူ႔အား ေဒါသျဖစ္ေအာင္လႈံ႕ေဆာ္သည့္ လူငယ္မွာ မုန္တိုင္းၿမိဳ႕ေတာ္မွ ခ်န္းလင္ဟုေခၚေသာ မီးျဒပ္စင္ေမွာ္ဆရာျဖစ္သည္။  ေက်ာ္ၾကားသည့္ ဆရာတစ္ဦး၏ လမ္းၫႊန္ခ်က္ႏွင့္ သူ၏အရည္အခ်င္းတို႔ေၾကာင့္ သူသည္ အလယ္အလတ္အဆင့္ ေမွာ္ဆရာအဆင့္သို႔ ေရာက္ေနၿပီး ျဖစ္သည္။ သူသည္ သူႏွင့္ ႐ြယ္တူမ်ားၾကားထဲတြင္ ပါရမီရွင္ဟု ေျပာရေလာက္ေအာင္ အၿမဲေရွ႕မွ ေျပးေနခဲ့သူျဖစ္သည္။

ထိုသို႔ကြာဟခ်က္ေၾကာင့္ သူသည္ လူတိုင္းအား အထင္ေသးၿပီး အထူးသျဖင့္ ေမွာ္ပညာ အေျခခံမရွိသူမ်ားကိုဆို ပိုဆိုးသည္။

ဒီတစ္ေလွ်ာက္ သူသည္ ၿပိဳင္ဘက္မ်ားစြာကို အႏိုင္ယူခဲ့ႏိုင္ၿပီး လင္းခ်ီကဲ့သို႔ေသာ လူမ်ားကို အၿမဲေလွာင္ေျပာင္ခဲ့သည္။

သို႔ေသာ္ ဤသည္က  သူ ပထမဆုံးအႀကိမ္ ျငင္းပယ္ခံရျခင္း ျဖစ္သည္။

"မင္း ဘာေျပာလိုက္တာ?"

လင္းခ်ီသည္ ေလနက္ရဲတိုက္၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေကာင္းေကာင္းသိထားသည္။ ခ်န္းလင္ သူ႔အား ဘာမွ မလုပ္ႏိုင္တာကို သိေသာေၾကာင့္ ဆက္ၿပီး ေျပာလိုက္သည္။ "ငါေျပာတာက မင္းရဲ႕ေမွာ္တုတ္တံက ငါ့ကိုလမ္းပိတ္ေနတယ္လို႔"

"မင္း!"

ခ်န္းလင္၏ ေဒါသတို႔ ေတာက္ေလာင္လာခဲ့သည္။ သူသည္ သူ၏ေမွာ္တုတ္တံအား ေျမႇာက္၍ လင္းခ်ီအား သင္ခန္းစာေပးခါနီးတြင္ ႐ုတ္တရပ္ ရပ္တန္႔သြားခဲ့သည္။

လင္းခ်ီ၏ေနာက္တြင္ ရပ္ေနေသာ လူသာသည္ စြမ္းအားႀကီးပုံေပၚသည္။ ထိုသြင္ျပင္သည္ ႀကီးျမတ္သည့္ အဆင့္ျမင့္ဓားသခင္မ်ားတြင္သာ ရွိႏိုင္သည္။

သို႔ေသာ္ အလယ္အလတ္အဆင့္ ရွိသည့္ ေမွာ္ဆရာတစ္ေယာက္အေနနဲ႔ အဆင့္ျမင့္ဓားသခင္ကိုပင္ ေၾကာက္႐ြံ႕ေနမည္မဟုတ္။ ခ်န္းလင္ကို ရပ္တန္႔ေအာင္ ျပဳလုပ္ခဲ့သည့္အရာမွာ အမွန္တကယ္ေတာ့ ေလနက္ရဲတိုက္၏ စည္းမ်ဥ္းစည္းကမ္းမ်ားသာျဖစ္သည္။

ေလနက္ရဲတိုက္တြင္ တိုက္ခိုက္ရန္ျဖစ္ခဲ့ပါက ထိုသူမ်ားသည္ ၿမိဳ႕ေတာ္မွ ႏွင္ထုတ္ခံရမည္ ျဖစ္သည္။

သူသည္ သူ႔ကိုယ္သူ ေဒါသကို အႏိုင္ႏိုင္ထိန္းၿပီး လင္းခ်ီအား ေျပာလိုက္သည္။ "ခ်ာတိတ္၊ သိပ္ၿပီး စိတ္ႀကီးဝင္မေနစမ္းနဲ႔၊ ငါမင္းကို ေျပာရအုံးမယ္၊ ေလနက္ခံတပ္ထဲမွာမို႔ မင္းကို ဘာမွမလုပ္တာ ဒါေပမယ့္ အေႏွးနဲ႔ အျမန္ေတာ့ မင္း ဒီခံတပ္ကေန ထြက္သြားရမွာပဲ!"

"အခ်ိန္တန္ရင္ ဘာျဖစ္မလဲ ၾကည့္ၾကတာေပါ့" လင္းခ်ီက ဘာသိဘာသာေျပာၿပီး သူ႔ကိုေက်ာ္ေလွ်ာက္သြားခဲ့သည္။ သူသည္ ေကာင္တာမွ စာေရးအား ေျပာလိုက္သည္။ "ငါ့ကိုတစ္ေယာက္ခန္း တစ္ခန္းေပး"

ခန္းမထဲရွိ လူအားလုံးမွာ ၾကက္ေသေသသြားၾကသည္။ သူတို႔အားလုံးသည္ အထူးသျဖင့္ မီးျဒပ္စင္ေမွာ္ဆရာျဖစ္ေသာ ခ်န္းလင္၏စြမ္းအားကို သိၿပီးျဖစ္သည္။ သူ၏ေမွာ္ပညာျဖစ္ေစ သူ၏ေသေစေလာက္သည့္ အစြမ္းသတၱိျဖစ္ေစ သူသည္ အလြန္စြမ္းအားႀကီးသည္ဆိုသည့္အခ်က္က ျငင္းပယ္မရႏိုင္ေပ။

ထို႔ေၾကာင့္ အဖြဲ႕ဝင္မ်ားသည္ သူ႔အား ရန္မစဝံ့ၾကဘဲ အခ်ိဳ႕ဆိုလွ်င္ သူ႔အား ခ,ယေတာင္းပန္၍ သူတို႔ေခါင္းေဆာင္ လုပ္ေစလိုၿပီး သူတို႔ကို ကာကြယ္ေပးရန္ ဦးေဆာင္ေစလိုၾကသည္။

သို႔ေသာ္ ခ်န္းလင္အေပၚ လင္းခ်ီ၏ မာနႀကီးမႈသည္ သူတို႔ ဘယ္တုန္းကမွ စိတ္ကူးမယဥ္ဖူးသည့္ အရာျဖစ္သည္။
ခ်န္းလင္က အင္အားအႀကီးဆုံးျဖစ္ၿပီး လင္းခ်ီက ယွဥ္ၿပိဳင္သူမ်ားၾကားထဲတြင္ အားအနည္းဆုံးျဖစ္ေၾကာင္း သူတို႔အားလုံးသိၾကသည္။ သူတို႔ၾကားတြင္ သိသာရွင္းလင္းသည့္ အဆင့္ကြာဟမႈရွိေသာ္လည္း ဘာေၾကာင့္ လင္းခ်ီက သူ႔ကိုအဲ့ဒီလို ေျပာဆိုဆက္ဆံတာလဲ?

အေျခအေနက ပေဟဠိဆန္ေသာ္လည္း လင္းခ်ီတစ္ေယာက္သာ နားလည္ႏိုင္သည္။

ခ်န္းလင္သည္ ေျမျပင္ေပၚ၌ အျမစ္တြယ္ေနသည့္အလား ရပ္ေနၿပီး လင္းခ်ီအား စိုက္ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ သူသည္ အလြန္ပင္ စိတ္ရႈပ္ေထြး ေဒါသထြက္ေနခဲ့သည္။ သူသည္ ထိုအရႈံးသမားကို ေလွာင္ေျပာင္လိုေသာ္လည္း ထိုအမႈိက္စက သူ႔အား လ်စ္လ်ဴရႈၿပီး ေရွာင္သြားလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ေပ။

ေလနက္ခံတပ္၏ စည္းကမ္းမ်ားေၾကာင့္သာ မဟုတ္ခဲ့လွ်င္ သူသည္ လင္းခ်ီ၏အဝတ္မ်ားကို ေလာင္ကြၽမ္းေစၿပီး အမ်ားေရွ႕တြင္ အ႐ူးတစ္ေယာက္ျဖစ္ေအာင္ လုပ္လိုက္မည္ျဖစ္သည္။

လင္းခ်ီသည္ ခ်န္းလင္အား ေစာင္းငဲ့ေတာင္မၾကည့္ဘဲ အေဝးသို႔ ျဖည္းညႇင္းစြာ ေလွ်ာက္သြားခဲ့သည္။

"လင္းခ်ီ နင္ေတာ့ ျပသနာတက္ၿပီ"

ခဏအၾကာတြင္ ယြီမုန္႔က သူ႔ကို ေျပာလာသည္။

"ဘာျပသနာလဲ?"

"နင္ သူဘယ္သူလဲဆိုတာ သိလား"

"မသိဘူးေလ၊ ဒါေပမယ့္ ငါသိတာေတာ့ သူက ႐ိုင္းစိုင္းတဲ့ ႏွံပီစုတ္လိုေကာင္ပဲ"

ယြီမုန္႔သည္ လင္းခ်ီ၏ မသိနားမလည္မႈေၾကာင့္ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္မိသည္။

"ဟင္း သူက မုန္တိုင္းၿမိဳ႕ေတာ္ ခ်န္းမိသားစုရဲ႕ သခင္ေလးပဲ သူက သိန္းခ်ီသန္းခ်ီတဲ့ လူေတြ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားထားရတဲ့ အျမင့္ျမတ္ဆုံးေသာ ေမွာ္အႀကီးအကဲအေလာင္းအလ်ာဆိုတာ နင္သိရဲ႕လား"

"အိုး! ၾကားရတာေတာ့ အရမ္းမိုက္မယ့္ပုံပဲ" ဟု လင္းခ်ီက အေလးအနက္မထားသကဲ့သို႔ ေပါ့ပ်က္ပ်က္ေျပာလိုက္သည္။

လူးဝစ္သည္လည္း သူတို႔ဘက္သို႔ ေလွ်ာက္လာကာ "မုန္တိုင္းၿမိဳ႕ေတာ္က ခ်န္းမိသားစုက လင္းမိသားစုနဲ႔ ရန္ၿငိဳးေတြရွိတယ္ေလ ဒါ့ေၾကာင့္ပဲ ခ်န္းလင္က မင္းအတြက္ ခက္ခဲေအာင္ တမင္ဦးေဆာင္လုပ္ေနတာ"

"သူက ေလနက္ခံတပ္ထဲမွာ မင္းကို ရန္ျပဳရဲမွာ မဟုတ္ဘူး၊ ဒါေပမယ့္ ငါတို႔က အေႏွးနဲ႔အျမန္ေတာ့ ထြက္သြားရမွာပဲ။ အဲ့ဒီအခ်ိန္က်ရင္ သူမင္းကို  ႀကိမ္းေသေပါက္ ထပ္ၿပီး လာေႏွာက္ယွက္လိမ့္မယ္ ရွင္းရွင္းေျပာမယ္ကြာ မင္း ငါတို႔ကို အရင္တစ္ေခါက္တုန္းက ကယ္တင္ေပးခဲ့တယ္ဆိုေပမယ့္ သူ႔လိုလူကို ငါတို႔လည္းပဲ မယွဥ္ႏိုင္ဘူး ဒါ့ေၾကာင့္ ျဖစ္ႏိုင္ရင္ သူ႔ကို သြားရန္မစနဲ႔!"

လင္းခ်ီသည္ ေမွာ္ပညာတြင္ ပါရမီမရွိေသာ္လည္း သူ႔တြင္ လွ်ာကေဝစနစ္ရွိေသာေၾကာင့္ သူသည္ ထိုကိစၥအတြက္ ေထြေထြထူးထူးပူပန္မေနေပ။

မည္သို႔ပင္ဆိုေစကာမူ ခ်န္းလင္သည္ အလယ္အလတ္အဆင့္ေမွာ္ပညာရွင္မွ်သာ ျဖစ္၏။

"စိတ္မပူပါနဲ႔၊ ငါအဆင္ေျပမွာပါ"

လင္းခ်ီ၏ စကားလုံးမ်ားသည္ ယြီမုန္႔ႏွင့္ လူးဝစ္အား မယုံသကၤာ ထပ္ျဖစ္ေစသည္။ ေရွ႕က ကိစၥရပ္မ်ားႏွင့္ ႀကဳံေတြ႕ရၿပီးေနာက္ လင္းခ်ီတစ္ေယာက္ ၿဖီးျဖန္းေနျခင္း မဟုတ္ေၾကာင္း သူတို႔နားလည္လိုက္သည္။ သူသည္ ထိုအရာက ႀကီးမားသည့္ ျပႆနာတစ္ခု မဟုတ္ဟု ေျပာခဲ့လွ်င္ သူကိုယ္သူ အမွန္တကယ္ ယုံၾကည္မႈရွိေသာေၾကာင့္ ျဖစ္ရမည္။

ဒါေပမယ့္လည္း သူက ေမွာ္ဆရာေတာင္ မဟုတ္တာကို ဘယ္လိုေျဖရွင္းမလို႔တဲ့လဲ?

သူ႔ဘက္တြင္ သူ႔အားကူညီရန္ အဆင့္ျမင့္ဓားသခင္ျဖစ္သည့္ လူသာရွိေနလွ်င္ေတာင္ အလယ္အလတ္အဆင့္ေမွာ္ဆရာတစ္ေယာက္ႏွင့္ ယွဥ္ႏိုင္လိမ့္မည္ မဟုတ္ေခ်။

"ျဖစ္ႏိုင္တာက. . . . "

လူးဝစ္သည္ မ်က္လုံးတို႔ကို ေမွးက်ဥ္းလိုက္ၿပီး ေတြးလိုက္သည္။ ၾကည့္ရတာ လင္းခ်ီဆီမွာ စြမ္းအားတိုးျမင့္ေစတဲ့ သၾကားလုံးေတြ အခုထိ ရွိေနေသးတာမ်ားလား?

ယြီမုန္႔သည္လည္း ထိုသို႔ တူညီစြာေတြးလိုက္မိသည္။ သူမသည္ လင္းခ်ီကို ၿပိဳင္ဘက္အျဖစ္သတ္မွတ္ထားေသာ္လည္း သူသည္ သူမအား အႀကိမ္ႀကိမ္ကယ္တင္ခဲ့၏။ သူမ ေတြးရင္း စိတ္ရႈပ္ေထြးလာသလိုပင္ ခံစားလာရသည္။

ယြီမုန္႔သည္ သူမအား အရင္တစ္ေခါက္က  ကယ္တင္ေပးခဲ့သည့္ ေက်းဇူးေႂကြးကို ျပန္ဆပ္လို၍ လင္းခ်ီ တစ္ခုခုျဖစ္ရန္ အမွန္တကယ္ ေမွ်ာ္လင့္ေနမိသည္။

ထိုအျဖစ္အပ်က္မ်ားၿပီးေနာက္ အနားယူရန္ သူတို႔၏ ကိုယ္ပိုင္အခန္းမ်ားဆီသို႔ ျပန္ခဲ့ၾကသည္။ သူ႔အခန္းသို႔ျပန္ေရာက္ၿပီးသည္ႏွင့္ လင္းခ်ီ ပထမဆုံးလုပ္သည့္အရာမွာ သူ၏စနစ္ကိုဖြင့္ၿပီး ၿပီးခဲ့ေသာရက္မ်ားက စုေဆာင္းခဲ့ေသာ အေတြ႕အႀကဳံရမွတ္မ်ားကို ၾကည့္ရႈျခင္းျဖစ္သည္။

လွ်ာကေဝစနစ္ကို အဆင့္ျမႇင့္တင္ရန္ နည္းလမ္းမွာ အလြန္လြယ္ကူ ႐ိုးရွင္းသည္။ ဟင္းလ်ာမ်ားကို ခ်က္ျပဳတ္ရန္ ပါဝင္ပစၥည္းမ်ားကို အဆက္မျပတ္ အသုံးျပဳေနေပးရမည္ျဖစ္ၿပီး ထိုသို႔လုပ္ၿပီးသည္ႏွင့္ အေတြ႕အႀကဳံရမွတ္မ်ား ရရွိလာလိမ့္မည္ျဖစ္သည္။

လြန္ခဲ့သည့္ ရက္အနည္းငယ္က သူခ်က္ျပဳတ္ခဲ့သည္မ်ားကို အေျခခံရလွ်င္ လွ်ာကေဝစနစ္သည္ အဆင့္ (၃) သို႔ တက္လုနီးပါးပင္ျဖစ္ေနၿပီ။ အဆင့္ (၃) ေရာက္ၿပီးေနာက္ အသစ္ထပ္ပြင့္လာမည့္ အစားအစာမွာ သူ႔အား တိုက္ပြဲတြင္ ကူညီေပးႏိုင္သည့္ စြမ္းရည္မ်ား ပါရွိလိမ့္မည္ ျဖစ္သည္။ ထိုအရာသည္ လက္နက္မရွိသည့္ သူ႔လိုလူအတြက္ အေတာ္ႀကီးမားေသာ တိုးတက္မႈျဖစ္ေပသည္။

လင္းခ်ီသည္ အိပ္ယာေပၚတြင္ လဲေလ်ာင္းၿပီး သူ၏စနစ္အား စစ္ေဆးေနရင္း အိပ္ေပ်ာ္သြားခဲ့သည္။

သူ႔မ်က္လုံးမ်ားကို ဖြင့္လိုက္ခ်ိန္တြင္ ေနာက္ေန႔မနက္သို႔ ေရာက္ေနၿပီျဖစ္သည္။

အိပ္ယာထ မ်က္ႏွာသစ္ၿပီးေနာက္ သူ၏စနစ္ထဲမွ ေမွာ္ကန္စြန္းဥကို ထုတ္ယူစားၿပီး ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။

သူခန္းမထဲသို႔ ဝင္လာခဲ့ခ်ိန္တြင္ ယြီမုန္႔၊ လူးဝစ္ ႏွင့္ လူသာတို႔ ေရာက္ေနခဲ့သည္မွာ ၾကာၿပီျဖစ္ေၾကာင္း သူေတြ႕လိုက္ရသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ယေန႔သည္ စမ္းသပ္မႈတြင္ပါဝင္သူမ်ားအားလုံး ေလနက္ခံတပ္သို႔ ေရာက္ရွိရမည့္ေန႔ ျဖစ္ေသာေၾကာင့္ပင္။

၎တို႔အနက္ ပထမဆုံး ေရာက္ရွိလာသူမ်ားမွာ  မုန္တိုင္းၿမိဳ႕ေတာ္မွ ယွဥ္ၿပိဳင္သူမ်ားျဖစ္ၾကသည္။ သူတို႔သည္ အဖ်က္စြမ္းအားႀကီးမားေသာ ေမွာ္ဆရာတစ္ေယာက္ျဖစ္သည့္ ခ်န္းလင္ကို အားကိုးကာ စမ္းသပ္မႈအား လြယ္လြယ္ကူကူ ျဖတ္ေက်ာ္ရန္ ရည္႐ြယ္ထားၾကသည္မွာ သိသာလွသည္။ တစ္ဖက္တြင္ လင္းခ်ီ ကိုယ္စားျပဳသည့္ ဆန္းသစ္လၿမိဳ႕ေတာ္မွ လူမ်ားမွာ ေနာက္ဆုံးရက္မတိုင္ခင္ တစ္ရက္အလိုမွသာ ေရာက္ရွိလာခဲ့ၾကျခင္း ျဖစ္၏။ ေရာက္ရွိလာၾကခ်ိန္မွာ သုံးရက္မွ်သာ ကြာဟေသာ္လည္း ထိုအခ်င္းအရာကို ၾကည့္ျခင္းျဖင့္ ႏွစ္ဖက္ၾကားမွ စြမ္းအားကြာျခားမႈကို ေတြ႕ႏိုင္ေလသည္။

ထိုအခိုက္ တျခားေဒသမ်ားမွ ယွဥ္ၿပိဳင္သူမ်ားသည္လည္း ဗဟိုနားေနေဆာင္တြင္ စုေဝးေရာက္ရွိေနခဲ့ၾကၿပီးျဖစ္သည္။ သူတို႔သည္ တစ္ဦးႏွင့္တစ္ဦး ရန္သူမ်ားကဲ့သို႔ ၾကည့္ေနခဲ့ၾကသည္။

လင္းခ်ီလည္း စဥ္းစားမရျဖစ္သြားကာ ခါးသက္ေသာ အၿပဳံးတစ္ခုျဖင့္ ေမးလိုက္သည္။ "သူတို႔ ဘာလို႔ ငါတို႔ကို ရန္သူေတြလိုၾကည့္ေနၾကတာလဲ? သူတို႔ ဒီစမ္းသပ္မႈကိုပဲ အာ႐ုံစိုက္သင့္တာမဟုတ္ဘူးလား?"

"ဟားဟား မင္း နားမလည္ပါဘူးကြာ ဘယ္သူကမွ အျခားသူေတြကို သူတို႔ထက္ ပိုမသာေစခ်င္ၾကဘူး ဒီစမ္းသပ္မႈမွာလည္း အတူတူပဲ တျခားသူေတြထက္ ပိုေတာ္ေၾကာင္း ျပႏိုင္ဖို႔ လူတိုင္းက အျခားၿပိဳင္ပြဲဝင္ေတြရဲ႕ ရမွတ္ကို ႏွိမ့္ပစ္ခ်င္ေနၾကတာ!"

"ဒါ့အျပင္ အဲ့ဒီၿပိဳင္ပြဲဝင္အားလုံးက  အဆင့္သတ္မွတ္ခ်က္ဆိုတာကို အျခားသူေတြထက္ ပိုတန္ဖိုးထားတဲ့ ဂုဏ္ေမာက္တဲ့ မ်ိဳး႐ိုးျမင့္ေတြပဲေလ"

လူးဝစ္ႏွင့္ ယြီမုန္႔တို႔၏ ေဝဖန္သုံးသပ္ခ်က္မ်ားကိုနားေထာင္ၿပီးေနာက္ လင္းခ်ီလည္း ထူးဆန္းတယ္လို႔ ခံစားလိုက္ရသည္။

'လူတိုင္း စမ္းသပ္ေ႐ြးခ်ယ္မႈမွာ ပါဝင္ဖို႔လာခဲ့ၾကတာပဲကို ဘာေၾကာင့္မ်ား တစ္ေယာက္နဲ႔တစ္ေယာက္ ခက္ခဲေအာင္လုပ္ေနၾကတာလဲ? ဒါက ေပါေပါပဲပဲျဖစ္ေနတာနဲ႔ မတူဘူးလား?'

သူ ေတြးရင္း ေခါင္းခါယမ္းေနတုန္းမွာပဲ ႀကီးမားသည့္သြင္ျပင္တစ္ခုသည္ သူ႔ျမင္ကြင္းထဲသို႔ ေရာက္လာခဲ့သည္။

"ဝါး! ေတာ္ေတာ္ႀကီးတာပဲ!"

~~~

Continue Reading

You'll Also Like

13.6K 1K 59
ဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-
777K 22K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
88K 8.6K 53
Nandini Verma was 18 when she penned her first story, a tale of passion, betrayal, and revenge. It was a masterpiece, poised for publication. But on...
3.3K 193 11
chan and minho are in love. that's it. that's the story. story © -minhopetals