💘ရင်ကိုခွင်တဲ့သူ့အချစ်မြှား💘{Part--28}
************💘************
" မေမေ...ဆန်ပြုတ်ကရပြီလား "
မျက်နှာမကောင်းဘဲ လာမေးနေသည့် သားကို ဒေါ်နန်းပုလဲချို ငဲ့ကြည့်ရင်း
" ရပြီ...သား ! မေမေ ခုပဲ သွားပေးတော့မလို့ "
" ဟို...မေမေ "
" ပြောလေ...သား "
" စိုင်းလည်း လိုက်မယ် "
" ဟင်...သားပဲ မတွေ့ချင်သေးဘူးဆို "
" အဲ့ဒါက...ခု တွေ့ချင်သွားလို့ "
ခေါင်းလေးငုံ့လျက် ပြောနေသည့် သားကို ကြည့်ပြီး ရယ်လည်းရယ်ချင် သနားလည်းသနားမိပါရဲ့
နေနိုင်တာလည်း မဟုတ်ဘဲ စူကောက်ချင်နေသည့်
ကလေးပဲ
" အဲ့ဒါဆိုလည်း...လာ ! မေမေ နဲ့ ကပ်လိုက်ခဲ့ "
" မေမေနော် "
" လာပါ...လာပါ ! ဆန်ပြုတ်သောက်ပြီး ပြန်အန်
ထွက်တယ်ပြောတယ် ! ဒါလေးဆို သူအဆင်ပြေ
မှာပါ "
ဟင်
မေမေ့ဆီက ထိုစကားကြားတော့ စိုင်း ရင်ထဲပိုလို့
ပူပန်သွားမိလျက်
ခုနက ကိုကြီးဖုန်းဆက်တာ ထို စကားမပြောခဲ့
မေမေ့ကိုတော့ လှမ်းပြောတယ်ထင်ပါရဲ့
ဟားးးးး ဦးရာ စိူင်းကို တကယ်မနေနိုင်အောင်လုပ်
တာပဲ ခင်ဗျားကြီးက
မေမေ့နောက်မှနေပဲ အသာ ကပ်လိုက်ရင်း အဖြူရောင်စံအိမ်၏ အရှင်သခင် အခန်းဆီရောက်တော့
" ကမ္ဘာရေ...အိပ်ပျော်နေသလား "
ဘေးတစောင်းလှဲအိပ်နေရာမှ အသံကြောင့် လှည့်ကြည့်မိရင်း
" ဟင်...မမချို ဘာလို့ "
မေးမယ့်စကားက မမချိုအနောက်မှ အရိပ်လေးကြောင့် တိတ်ကျသွားလျက်
ဂုဏ်ကတော့ ကလေးကို အသာလက်ဆွဲလို့ အခန်းပြင်ခေါ်ထုတ်သွားလိုက်သလို
ဒေါ်နန်းပုလဲချိုကလည်း အချိန်မဆိုင်းဘဲ ပြန်ဖို့ သတိချပ်နေမိတော့တယ်
" မသက်သာဘူးလား...ကမ္ဘာ ! ဒီမှာ နင်ကြိုက်တဲ့
ငါး ဆန်ပြုတ် လုပ်လာတယ် ! သေချာဝင်အောင်
သောက်နော် "
" ဘာလို့ လုပ်ရတာလဲဗျာ...ကျွန်တော်က ရပါတယ်
အပင်ပမ်းခံလို့ မမချိုရာ ! အားနာစရာ "
" အားနာရမယ့် လူတွေမှမဟုတ်ဘဲ ကမ္ဘာရယ် !
သားငယ်...သား ဦးကို ဆန်ပြုတ်သေချာတိုက်ပေးလိုက်ဦးနော်...ဂရုစိုက်ပေးလိုက် သေချာ "
" ဗျာ...ဟုတ် ဟုတ် မေမေ "
" ရပါတယ်...မမချိုရာ ! သူ အဆင်ပြေသလိုနေပါစေ...ကျွန်တော် ဘာမှမဖြစ်ပါဘူး "
" ဘာနေပါစေလဲ...ကမ္ဘာ ! အဲ့ကလေးကို သူ့အလိုကျ လွှတ်မပေးနဲ့ ! နင့်ကို နိုင်စားသွားလိမ့်မယ် သိလား ! မမချိုပြန်မယ်နော် ... သားငယ်
မေမေ မှာတာ မမေ့နဲ့ "
" ဟုတ်...မေမေ "
မမချို ပြန်သွားတော့ ကမ္ဘာလည်း ပြန်လှဲချရင်း မျက်ဝန်းတွေ မှိတ်လိုက်မိတယ်
သူ့စိတ်နဲ့သူ မဟုတ်ဘဲ မမချို နဲ့ ဂုဏ် တိုက်တွန်းလို့
ရောက်လာရတာမျိုးတော့ ကမ္ဘာ မဖြစ်စေချင်
" ဦး "
" အင်း "
" ဒဏ်ရာကို တစ်ချက်လောက် ကြည့်မယ် !
မနေ့က ဆေးမထည့်ရဘူးလေ ... ခဏပြန်ထိုင်
မလား "
" ရတယ်...စိုင်း ! ငါ အဆင်ပြေတယ် "
" အဆင်မပြေတာ...စိုင်းသိပါတယ် ! မညာပါနဲ့ "
" ဂုဏ်...ကြည့်ပေးထားတယ် "
ညာနေတာ ဒီလူကြီးကတော့
" ကိုကြီးပြောတော့...ဦးက ဒဏ်ရာကိုအကြည့်မခံ
ဘူး ဆိုဘဲ "
" ကျစ်...ဂုဏ်ကကွာ "
စိတ်မရှည်သလို ကျစ်သတ်ရင်း ထထိုင်ဟန်ပြင်သည့် ဦးကို စိုင်း အသာ ဖေးထူပေးလျက်
တင်းတင်းစေ့ထားသည့် နှုတ်ခမ်းဆီ အကြည့်ရောက်မိစဉ် ခဏ
ဟားးးးးး သေတော့မှာပဲ ကွာ
တဒိန်းဒိန်းဆောင့်ခုန်လာသည့် ရင်ခုန်သံတွေကြောင့် အသံတိတ် ကျိန်ဆဲမိရင်း ဒဏ်ရာကိုသာ
အာရုံစိုက်လိုက်ရတော့သည်။
အသားချင်းအထိမှာ ပူနွေးနေသည့် အနေအထားကြောင့်လည်း သဘောမကျ
" ကိုကြီးက...ဘာမှမလုပ်ပေးဘူးလား ! ကိုယ်တွေ
ပူနေတုန်းပဲ ဘယ်လိုဆေးကုနေတာလဲ "
အစ်ကိုဖြစ်သူကို ထောပနာပြုနေတဲ့ ကောင်လေး
ကို ကမ္ဘာမကြည့်ဘဲ မျက်စိပဲစုံမှိတ်ထားပေမယ့်
ခပ်စူစူဖြစ်နေမည့် နှုတ်ခမ်းလေးကိုတော့ မြင်ယောင်မိသေးတယ်
" အားးးးး စိုင်း "
" Sorry "
စိတ်တိုတိုဖြင့် ပတ်တီးကို ခပ်တင်းတင်းစည်းလိုက်
၍ ကမ္ဘာ အသဲခိုက်မတတ်နာကျင်သွားတာမို့
" ဆရာဝန်ကလည်း စိတ်မရှည်တတ်ဘူးဘဲ!
စိတ်ထဲမှာ မပါရင် မလုပ်ပေးပါနဲ့လား စိုင်းရာ "
မိမိလက်ဆ မိမိသာသိသည်မို့ လုပ်မိပြီးမှ ရင်ထဲမကောင်း
မေးရိုးတွေလှုပ်ခတ်သွားအောင် အံကြိတ်ရင်းပြော
နေတာက တကယ်ပဲ နာကျင်သွားမှန်း သိသာစေတာမို့လည်း
" ဦး ကမ္ဘာဦး "
" နားထောင်နေတယ် "
" တောင်းပန်ပါတယ်...အရမ်းနာသွားလားဟင် ဦး !
စိုင်း စိတ်တိုမိသွားလို့ ပါ "
" ရပါတယ်...နားလို့ရပြီလား "
" ဆန်ပြုတ်လေး သောက်ပြီး ဆေးသောက်ရမယ်
မနားရသေးပါဘူး "
" မသောက်ချင်ဘူး...နားချင်နေပြီ "
" မရဘူး...မေမေ့စေတနာကို အသိမှတ်မပြုဘူးလား...မေမေက ဦးအတွက် သေချာလုပ်ပေးထား
တာ သိလျက်နဲ့ "
မေမေနဲ့ ကိုင်ပေါက်လိုက်မှ ခေါင်းငြိမ့်ပြလာသည့်
ဦးက တကယ် ပဲ စိုင်းကို အနိုင်ယူလွန်းတယ်
စိတ်ကောက်တာက စိုင်းဖြစ်ပြီး
ပြန်ချော့ရတာလည်း စိုင်း ဖြစ်နေပြန်တာမဟုတ်လား
ဒီလူနဲ့တော့ မဟုတ်သေးပါဘူး
ဆန်ပြုတ်ကို နွေးအောင်တဖူးဖူးမှုတ်နေသည့် နှုတ်ခမ်းရဲရဲ ကို ကမ္ဘာ အမှတ်တမဲ့ ငေးရင်း
မငြိမ်သက်တော့သည့် ရင်ခုန်သံကြောင့် ကိုယ့်ဖာသာလည်း နားမလည်
ဒါ ဘာကြောင့်လဲ
အဖျားကြောင့်ရယ် ညကသောက်ထားတဲ့ အရှိန်ကြောင့်ရယ် ဖြစ်မှာပါဟု ဇွတ်တွေးနေမိလျက်
" သောက်လို့ အဆင်မပြေဘူးလား ဦး "
" ဟင်...အင်း မဟုတ်ပါဘူး ပြေပါတယ် "
" နည်းနည်းတော့ ထပ်သောက်လိုက်ဦးနော် !
ဆေးဒဏ်ခံနိုင်အောင်ပေါ့ "
" အင်း...နည်းနည်းပဲ "
" ဟုတ် "
ဆန်ပြုတ်နည်းနည်းထပ်တိုက်ပြီး ဆေးတိုက်တော့
ငြိမ်ပြီး သောက်နေသည့် ဦးက စိုင်း၏ ဂရုစိုက်မှု
အောက်မှာ ရှိနေတာတွေးရင်း ပြုံးမိရပြန်တယ်
ဒီ အရှက်သိက္ခာကြီးပြီး အနေတည်အေးစက်လွန်းပါသော လူ့ဂွစာကြီးကို ဘယ်လိုယိမ်းယိုင်အောင်
ဖြိုလှဲရပါ့မလဲ
ကမ္ဘာ့ မှာလည်း မိမိကို ပြုံးပြုံးကြီး ထိုင်ကြည့်နေသည့် ဟာလေးကြောင့် မနေတတ်သလိုဖြစ်လာရင်း အဖျားရှိန်ထက်ပိုပူလာသလို ခံစားနေရသည်
ဘယ့်နှယ် လူကို ထိုင်ကြည့်နေတာ မလွန်လွန်းဘူးလား
ဟာကွာ ရှက်လို့ သေတော့မှာပဲ
" ငါ...ငါ လှဲချင်နေပြီ ! ရပြီ မဟုတ်လား "
" ရပါပြီဗျာ...အိပ်တော့နော် ! စိုင်း ကူပေးမယ် "
အိပ်ယာထက် လှဲကူပေးရင်း ရင်ဘတ်ပေါ်ထိစောင်ကို ဆွဲခြုံပေးပြီးမှ ဒုတိယအကြိမ် ဦး နှုတ်ခမ်းတွေဆီ အကြည့်အရောက်မှာတော့
" အင့် "
ရုတ်တရပ်မို့ မတားလိုက်နိုင်သည့် ကမ္ဘာကလည်း
ထိတွေ့လာသည့် နူးညံ့မှုမှာ ရုန်းမထွက်နိုင်
ဗြောင်းဆန်လာသည့် ရင်ခုန်သံတွေနှင့်အတူ .......
*******
" ခင်ဗျား ဘာလုပ်တာလဲ "
" ဟာ...တိုးတိုးပြောလေကွာ ! ကြားသွားလို့
ရှက်ရမ်းတွေ ရမ်းနေကြပါဦးမယ် ကလေးရာ "
ကိုဦး နှင့် စိုင်း အဆင်ပြေမပြေ သိချင်တယ်ဆိုပြီး
ချောင်းကြည့်ချင်နေသည့် ကလေးအလိုကျ ခွင့်ပြုလိုက်တော့ အစအဆုံးမှာ မြင်လိုက်ရသည့် မြင်ကွင်းက မျက်နှာပူစရာမို့
ကလေးလက်ကို ဆွဲခေါ်ကာမှ စူးခနဲ အော်လိုက်တာ အမြန် ပါးစပ်ဖမ်းပိတ်လိုက်ရတဲ့ အထိ
အောက်ထပ်ရောက်မှ လွှတ်ပေးတော့
" ခွပ် "
" အ...ကလေး "
မေးရိုးကို ပင့်ထိုးလိုက်တာမို့ မျက်လုံးထဲပြာခနဲပင်
" ကလေးကွာ "
" မှတ်ပြီလား "
" လာစမ်း...မင်း "
" အာ့...ဦးရှ ဘာ ဘာလုပ် ဟင့် လွှတ် "
အောက်ထပ်ရှိ ကိုဦး ၏ စာကြည့်ခန်းထဲ ခေါ်သွားပြီး တံခါးကို လော့ခ်ချပစ်လိုက်တော့ ငိုမဲ့မဲ့မျက်နှာလေးဖြင့်
" ဦးရှ "
" ပြောကြည့်လိုက်ပါ ဗျာ "
" လွှတ်လို့ "
လက်ကောက်ဝတ်နှစ်ဖက်ကို ပူးချုပ်ကိုင်ထား၍
အတင်းရုန်းနေရှာသည့် ကလေး
ဂုဏ်ကလည်း အလျှော့ပေးဖို့ စိတ်ကူးမရှိတာမို့
ဆိုဖာပေါ် တွန်းလှဲချလိုက်ရင်း
" ဟင့်...ဦးရှ "
" ဘယ်လောက်ထိ ကိုယ့်ကို ညှဉ်းနေဦးမှာလဲ !
စိတ်ဆိုးပြေလိုက်တော့ ကလေးရာ !
ပြီးရင် ကိုယ်နဲ့ လက်ထပ်ဖို့ အမြန်ဆုံးစဉ်းစား "
" ဦးရှ...ရက်စက်ခဲ့တုန်းက ရစ်လေးဘယ်လောက်
ခံစားခဲ့ရလဲ သိလား ဟင် သိလားလို့ ခင်ဗျား "
" သိတယ်...ကိုယ်လည်းရူးမတတ်ခံစားခဲ့ရတာ
ကလေးမှ မသိဘဲ "
" ခံစားလေ...အဲ့ဒါ ဦးရှ လုပ်ခဲ့တာလေ !
ရစ်လေးလုပ်ခိုင်းခဲ့တာလား ရစ်လေးအပြစ်လား
ဦးရှ ဖာသာ အတ္တတွေကြီးခဲ့တာလေ "
" ကိုယ်တောင်းပန်ပါတယ် ကလေးရာ !
ကလေးအချစ်ကို အထင်သေးခဲ့မိလို့ ပစ်ပယ်ခဲ့မိလို့ ပြီးတော့ သံယောဇဉ်ကို အချစ်လို့ ထင်ယောင်
မှားပြီး ကိုယ့်ကို တွယ်တာနေတယ်ထင်လို့ !
ကိုယ်တိုင်လည်း အတ္တတွေကြား ပိတ်လှောင်မိပြီး
ရူးမတတ်ပါဘဲ အရူးလိုပါပဲ ကလေးရာ "
" အီး ဟီး ဟီး ! လူဆိုးကြီး...သွား "
သွားဆိုပြီး အငိုတွေနဲ့ ဂုဏ့်ကို ဖက်တွယ်လာသည့် ကလေးကို ပြန်လည်ထွေးဖက်ရင်း အနမ်းတွေဟာ
လွမ်းခဲ့ရ ရက်တွေအတွက် အတိုးဖြင့် တွက်ဆရင်း
အချစ်တွေ ခရီးလွန်သွားတဲ့အခါ
အဖြူရောင်စံအိမ်ထဲ အနမ်း နှင့် ချစ်ရနံ့တွေ ကြိုင်လှိုင်သွားခဲ့တယ်
" ဟင့် အင့် ... ဒက်ဒီ ဒက်ဒီ "
ဟော...ဆိုဖာထက် လူးလွန့်လာသည့် ကလေးက
နိုးတာနဲ့ ဖအေကို တတာ တဆိတ် မလွန်ဘူးလား
ဂုဏ် အသံမပေးဘဲ စီးကရက်ကိုသာ ဖွာရှိုက်လျက်
သေချာနိုးလာမည့် အချိန်ကို စောင့်နေမိတယ်
" ဟင်...ဦးရှ ! အားးးးး လူဆိုးကြီး "
" ဟ ဟ ... မလုပ်နဲ့လေကွာ "
ထင်သည့်အတိုင်း သေချာနိုးလာတာနဲ့ ဂုဏ့် ကို
လာခွစီးပြီး ရင်ဘတ်ကို တဗုန်းဗုန်းထုလာပြီလေ
" ဟေ့...ကလေးကွာ ! တော်ပြီလေ ကလေးလက်
တွေ နာကုန်မယ်လေ ကွာ တော်တော့ လိမ္မာတယ်
ချစ်စရာ ကလေးက ကိုယ့် နှလုံးသားလေးမို့
အနာတရ မဖြစ်စေချင်ဘူး တော်ပြီ ရပ်တော့ "
" ဟင့်...ဦးရှ မကောင်းဘူး "
" ဘာလို့လဲကွာ "
" လူကို...မယူရသေးဘူး အနိုင်ကျင့်တယ် "
" ဒီထက် ဆိုးနေမယ်ဆို သိမ်းပိုက်တော့မယ်လို့
တွေးထားပြီးသားပဲဟာ ! ကလေးက ချော့လို့မှ
မရဘဲ အဲ့တော့ ကိုယ်လည်း ထိန်းမရတော့ဘူး
ချစ်တယ် ကလေး "
" ရစ်လေးလည်း ဦးရှကို အရမ်းချစ်တယ် လို့ "
" ဟားးးးးး ရင်တွေခုန်တာကွာ ! ကိုယ့်ကလေးက
ကိုယ့်ကို ချစ်သေးမှန်းသိတော့ အရမ်းပျော်သွားပြီ
နောက်ထပ် ကိုယ့်ကြောင့် ကလေး မနာကျင်စေ
ရဘူးလို့ ကတိပေးတယ် "
" ဇယားတွေတော့ မခင်းနဲ့နော် ! အဲ့အခါကျ
တကယ်မုန်းလိုက်မှာ ဗျ သိလား "
" မခင်းရပါဘူးကွာ...ကိုယ်ချစ်တာ ဒီကလေး
တစ်ယောက်တည်းပါကွာ "
" အဟီးးးးး ဒက်ဒီတောင် နိုးနေပြီလားမသိဘူး "
" နိုးနေပါပြီ...ကလေး မနိုးခင် ကိုယ်သွားကြည့်
ထားသေးတယ် ! ကလေးရေချိုးမှာဆို ချိုးလေ
ကိုယ်လည်း အိမ်ပြန်ရေချိုးပြီး ဆေးရုံသွားရမယ်
ဒီည နောက်ကျလိမ့်မယ် "
" ဟုတ်...ဦးရှ ! ပြန်လာရင် ပြောဦးနော် "
" ဟုတ်ကဲ့ပါဗျာ...မွ ချစ်တယ် ကလေး "
ရစ် နဖူးကို နမ်းပြီး ထွက်သွားသည့် ဦးရှကြောင့်
မဟောင်းနွမ်းသည့် ရင်ခုန်သံတွေဟာ အသစ်ဖြစ်ရင်း
လှည့်ကြည့်လို့ ပြုံးပြလာသည့် အပြုံးတစ်ပွင့်ဟာ
လည်း နွေးထွေးစွာပါပဲ
ဒီတစ်ခါ တကယ်မလွဲတော့ဘူး မဟုတ်လား
********
" စိုင်း...စိုင်းမြတ်ဂုဏ် "
" လာပြီ...ဦး "
အိပ်ယာနိုးကတည်းက ဘာအလိုမကျဖြစ်နေမှန်း
မသိသည့် ဦးက ရေသဘက်လေးသုတ်ပေးဖို့လုပ်နေသည်ကို စိတ်မရှည်စွာ အော်ခေါ်နေပြန်ပြီလေ
" ဘာလို့ကြာနေတာလဲ...အဝတ်အစားလဲချင်နေပါ
ပြီဆိုမှ "
မျက်မှောင်ကုတ်ဖြင့် မကြည်သလို ပြောနေသော
ဦးပုံစံက ဂျစ်တိဂျစ်ကန် လူငယ်လေးလိုဖြစ်နေတာမို့ စိုင်း မသိမသာ ခိုးပြုံးမိသေးတယ်
" စိတ်ကလည်း လက်တစ်ဆစ်ပါလား ဦးရာ !
ခန္ဓာကိုယ်ထဲ နေရအဆင်မပြေလို့လား ဟုတ်လား
ဘယ်လိုဖြစ်နေလဲ ပြောပါဦး ဗျ "
" ရေချိုးချင်တာ...နေရတာမလန်းဘူးဖြစ်နေတယ်
ခေါင်းလည်းမကြည်ဘူး ! ဘယ်လိုကြီးဖြစ်နေမှန်း
ကို မသိဘူးကွာ "
" အဲ့ဒါဆို ဘာလို့ ပေတေနေလဲ ! ဘာလို့ အရက်သောက်ပြီး ဝရန်တာမှာ အိပ်လဲ "
ပြောလိုက်တော့ ခပ်တင်းတင်းမျက်နှာဖြင့် မကြည်သလို အကြည့်က ဦးသာ နဂါးဆို စိုင်းပြာကျသွားလောက်တယ်
" သောက်ချင်လို့လေ...ဘာဖြစ်လဲ "
" ဪ...ဪ !
ဆေးအပ်ကြီးကြီးနဲ့ကို ထိုးပစ်ဦးမယ် ခင်ဗျားကြီး "
" ငါက...ကြောက်တတ်တာဆိုတော့ ! ဟာ ဟေ့
ဘာလုပ်တာလဲ တော်ပြီ မလုပ်နဲ့ "
" ဟောဗျာ "
ခါးအောက်ပိုင်းရေသဘက်တိုက်ဖို့ ပြင်ကာမှ အသဲ
အသန်ထအော်ပြီး စိုင်းလက်ကို ဆုပ်ကိုင်ထားတဲ့
ဒီလူ့ဂွစာကြီးကို တကယ်အသဲယားနေပါပြီ
" ရေသဘက်က အဲ့လိုကွက်တိုက်လို့ ရလား !
ဖယ် လွှတ် ရှက်စရာ မဟုတ်တာကို "
" မလုပ်ဘူးလို့ ပြောနေတယ်လေ "
" မရဘူးလို့ ပြောနေတယ်လေ "
" စိုင်းးးးးးး "
" ဘာလဲ ဗျာ !
စိုင်း ဆောင့်ရုန်းလိုက်ရင် ရတယ်နော် "
" ကျစ်...မတိုက်ပါဘူးဆို ကွာ "
" မရဘူး...ဖယ် ! ဦး ဘာဖြစ်နေလဲ ဖယ် လက် "
" သားကို ခေါ်ပေး "
" သူ့ဘာသူ အောက်ထပ်မှာ ချစ်ကြည်နူးနေကြတာ
နေပါစေ "
" ဟမ်...ဘာ "
ဦး အိပ်ပျော်သွားချိန် ကော်ဖီသောက်ဖို့ စိုင်းဆင်းလာတော့ ကိုကြီး နှင့် ရစ်ကို မတွေ့၍ မေးမိကာမှ
ကိုကြီးက ရစ်ကို ပွေ့ချီပြီး စာဖတ်ခန်းထဲ ဝင်သွားတယ်ပြောလို့
တံခါးသွားခေါက်သော်လည်း တုန့်ပြန်သံက ပြန်မလာ၍
အခြေအနေတစ်ခုကို စိုင်း သဘောပေါက်မိသွားတယ်လေ
" ဟုတ်တယ်...အဆင်ပြေတာထက် ပိုသွားပြီ "
" အာ "
မျက်နှာပူသလို ဖြစ်နေသည့် ဦးကြောင့် စိုင်းမှာ ပြုံးမိရသေးရဲ့
" ငြိမ်ငြိမ်လေး...ရေသဘက်တိုက်ခံလိုက်ပါ ဦး !
ထပ်မပြောဘူးနော် "
" မင်းကအကြီးလား ... ငါက အကြီးလား စိုင်း "
" ကြီးတာ ငယ်တာ လာမတိုင်းတာနဲ့လေ !
ဆရာဝန်စကားနားထောင်ရမှာ လူနာရဲ့ တာဝန်ပဲ "
" အဲ့ဆရာဝန်က လူနာကို ပစ်ထားခဲ့တာတော့
ကောင်းလား ! "
" စိတ်ဆိုးအောင်လုပ်တာကိုး "
" ဘာ ... !! ငါက ဘာလုပ်မိလို့လဲ "
သူ လုပ်ပြီး သူမေ့တာတော့ လွန်လွန်းတယ် မထင်ဘူးလား
စိုင်းက အချော့မခံရဘဲ စိုင်းကချည်း ပြန်ချော့နေရတာတောင် လွန်လှပြီကို
ဒီဣန္ဒြေရှင်ကြီးကတော့ မဟုတ်တော့ဘူး
" ငြိမ်ငြိမ်နေ...ရှက်မနေနဲ့ ! အဲ့ ရှက်နေတဲ့ လူကြီးကို
မင်္ဂလာဦးညကျမှ ဟွင်းးးး "
" စိုင်း မြတ် ဂုဏ် "
" ဟားးးး ဟားးးး ဟားးးး ဘာပြောရသေးလို့လဲ "
မျက်နှာတွေနီရဲပြီး အသံကုန်ထအော်လိုက်သော
ဦး ပုံစံက တကယ်ကို လူငယ်လေးပါပဲ
ကြာလေ ချစ်မိရလေပါပဲ ဦးရာ
" ရပြီ...အစကတည်းက ငြိမ်ငြိမ်လေးနေရင်
ပြီးနေတာကို ဘာလို့ အဲ့လောက် ရှက်နေမှန်းမသိ"
" မင်းးးး အရှက်မရှိတိုင်း "
" စိုင်း အရှက်မရှိတာ ဦး ဘယ်လိုသိလဲ ! ဟင် "
တမင် မျက်နှာနားကပ်ပြီး မေးမိတော့
စိုင်း မျက်နှာကို တွန်းဖယ်လာသည့် ဦးက အရှက်အကြောက် ကြီးလွန်းတဲ့ လူပျိုဖြန်းလေးလို
" ချစ်ဖို့ကောင်းတယ်...စိုင်းရဲ့ဦးက "
" ဘာကွ !! မင်းးးးး "
" အဟားးးး စိုင်းကိူ မချစ်ဘူးလား ဗျာ "
" စိုင်း...ဖယ် ဖယ်ကွာ "
" ဦး မချစ်လဲ စိုင်းက အရမ်းချစ်တယ် ဗျ "
ပြောပြီး ရေဇလုံကို ယူကာ ရေချိုးခန်းဆီထွက်သွားသော စိုင်းက သက်တောင့်သက်သာဆိုပေမယ့် ကမ္ဘာ့မှာသာ ပူထူပြီး ကျန်ခဲ့ရတာ
တစ်ခါမှ ဒီလိုအနေအထားမျိုးကို ရင်မဆိုင်ခဲ့ဖူး၍
လူက နေရထိုင်ရတာ မသက်သာ
လူကြီးကို မလေးမစား ပြောနေလိုက်တာ
ဒီဟာလေးက ဘယ်လို ရဲတင်းပြီးအရှက်မရှိတာလဲ
ဟူးးးးး ခုခေတ်ကလေးတွေ မလွယ်ဘူးဘဲ
" ဒက်ဒီ "
" သားလေး "
ရေချိုးပြီးစ ဆံပင်ရေမခြောက်တခြောက်ဖြင့် သားပုံစံက နုသစ်လန်းဆန်းနေသလို
ဒက်ဒီသားက ကလေးမဟုတ်တော့ဘူးဘဲ
" ခေါင်းကို ရေစင်အောင်မသုတ်ဘူးလား သား "
" ဟို...အဲ့ဒါက ! ဒက်ဒီသုတ်ပေးနေကြမို့...."
" သားရယ် "
ဒီကလေး ခေါင်းလျှော်တိုင်း ရေသုတ်ပေး ဒရိုင်ရာ
မှုတ်ပေးရတာ ကမ္ဘာသာဖြစ်သည်မို့
" လာ...ဒက်ဒီ သုတ်ပေးမယ် "
" ဟင်...ဒက်ဒီမှ နေမကောင်းတာ !
ရပါတယ် ဒက်ဒီရ ! ခဏနေခြောက်သွားမှာပဲ "
" ရစ်ကို...စိုင်း ရေသုတ်ပေးလိုက်ပါ့မယ် !
ဦးက နေကောင်းအောင်ပဲ နေဖို့ စဉ်းစားပါ ဗျာ !
လာ ရစ် ငါ သုတ်ပေးမယ် "
ရေချိုးခန်းထဲမှ ထွက်လာသည့် စိုင်းက ထိုသို့ပြော
တော့
" ဟုတ်သားပဲ...ချိဒက်ဒီငယ်ရှိသားပဲဟာ !
ရစ်လေးကို သုတ်ပေးနော် ဟီး ဟီး "
" ရစ်နော်...မင်း "
" သေချာလေးသုတ်ပေးပါ ဒက်ဒီငယ် "
" ငရစ် "
" ဟဲ ဟဲ ... ချစ်တယ်လေ "
သားဖြစ်သူ စနေသမျှ စိုင်းတင်မဟုတ် ကမ္ဘာပါ မျက်နှာပူရတာအမှန်
ဒီကလေးနဲ့တော့ ဖအေကို နေရခက်အောင်လုပ်နေတာပဲ ကွာ
" ရပါပြီဗျာ..."
" ချစ်စရာကြီး....ဒက်ဒီငယ်က "
" သားလေး ... လာပါဦး ဒက်ဒီဆီ "
ဆက်စနေမှာစိုး၍ တမင်အာရုံပြောင်းအောင် ကမ္ဘာ့နားခေါ်လိုက်မှ စပ်ဖြီးဖြီးဖြင့် အနားရောက်လာတာပင်
" ဒက်ဒီ...သက်သာရဲ့လားဟင် ! ကိုယ်တော့
ပူနေသေးတယ်...စိုင်း မင်း ငါ့ဒက်ဒီကို ဘာမှ
မလုပ်ပေးဘူးလား "
" မင်း ဒက်ဒီက ရေသဘက်တောင် မနည်းပြော
တိုက်ပေးနေရတာ သိလား ! ဘယ်လို ကလေးဆိုး
ကြီးနဲ့ တူမှန်းမသိတာ "
" ဘာ...မင်း ! ငါ့ကို ပြောပြန်ပြီ လား အဲ့လို "
" မဟုတ်လို့လား...ကလေးဆိုးကြီး "
" စိုင်း မြတ် ဂုဏ် "
စိုင်းက စ ဒက်ဒီက ရှက်ပြီး အော်နေသည့် မြင်ကွင်းက တကယ်ပဲ ရစ်ကို မပြုံးဘဲမနေနိုင်ပါ
" ဒက်ဒီကလည်း...စိုင်းက ဒက်ဒီ အချိန်တန်
လက်ထပ်ရမယ့် ယောက်ျားလောင်းလျာပဲဟာ !
ဘာရှက်စရာရှိလို့လဲ "
" သားကပါ ပြောနေပြန်ပြီလား ကွာ !
ဒက်ဒီ စိတ်ဆိုးမိတော့မယ် "
" အာ...ဒက်ဒီကလည်း စိတ်မဆိုးပါနဲ့ မွ !
သား အချစ်ဆုံး ဒက်ဒီက စိတ်မဆိုးပါနဲ့ ဗျာ "
ကမ္ဘာ့ ရင်ခွင်ထဲ ခေါင်းခွေ့ကာ ချွဲနေပြန်တဲ့ သားကြောင့် ဘယ်လိုစိတ်ဆိုးရက်နိုင်မှာလဲ
" ဟုတ်ပါပြီဗျာ...သား ရဲ့ ဦးရှနဲ့ရော အဆင်ပြ
သွားကြပြီလား ! ပြောပါဦး ဒက်ဒီကို "
" ဗျာ...ဟို ဟုတ် ဟုတ် အဆင်ပြေပါတယ် ဒက်ဒီ "
ရှက်အမ်းအမ်းမျက်နှာဖြင့် စကားတွေပါ ထစ်အနေသည့် သားကို ကမ္ဘာ အပြုံးနှင့်သာ ကြည့်ရင်း
" လာပါဦး...ဒက်ဒီ ဖက်ထားချင်လို့ "
ရင်ခွင်ထဲ ထပ်တိုးဝင်လာသည့် သားကို ကမ္ဘာ ထွေးဖက်ထားလျက်
ရှန်ပူနံ့သင်းနေသည့် သားဆံပင်တွေကို နမ်းရှိုက်ရင်း ပေးရတော့မယ်ဆိုတဲ့အတွေးက အနည်းငယ်
ရင်ကို ထိရှစေတာတော့ ဝန်ခံပါတယ်လေ
ကမ္ဘာ့ အသက်နှင့် ဘဝဟာ ဒီသားကြောင့် တည်မြဲ
ရပ်တည်နိုင်ခဲ့တယ်ဆိုလည်း မမှား
သားသည်သာ ကမ္ဘာ့အတွက် ခွန်အားတွေဖြစ်စေခဲ့တာမို့ ဂုဏ့်ကိုသာ အပိုင်ပေးလိုက်ရလျှင်
ရင်ထဲ တင်းကြပ်ဆို့နင့်လာပြီး မျက်ဝန်းတွေပါ ပြာတက်လာကာ
" အော့ "
" ဒက်ဒီ "
သားကို တွန်းဖယ်ကာ အသင့်ထားထားသည့် ထွေးခံဆီ ထိုးအန်ရင်း
လူက မောဟိုက်လာခဲ့သည်
" ဦး ... ဘာဖြစ်လို့လဲ ! ဦး လို့ စိုင်းခေါ်နေတယ်လေ"
" ဒက်ဒီ...ဒက်ဒီ "
ခေါ်သံတွေဟာ နားထဲ ဝေးဝေးသွားပြီး သား၏ငိုရှိုက်သံကသာ နောက်ဆုံးအသိဖြစ်ရင်း.......
💘💘💘💘💘💘💘
ကျွန်တော့်ခံစားချက်အတိုင်း fic က ယိမ်းနွဲ့နေမှာမို့
အဆင်ပြေကြရဲ့လား ခင်ဗျားလေးတို့ရေ
မမေ့မလျော့ အတာဆောင်းတွက်ရှိနေပေးတဲ့
fan စစ်တွေကို ချစ်တယ်ဗျာ 🫶🫶🫶
Author -- Ahtarsaung