အခန်း (၂၃၉) - ဒီလိုနဲ့ပဲ၊ သူတို့အားလုံး အဖမ်းခံလိုက်ရတယ် (၂)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
ကျန်းကျန်ယန်ရဲ့ အကြည့်တွေက နစ်မြှုပ်သွားသည်။ သူ ဒီတစ်ချိန်လုံး ကောင်းကောင်း မအိပ်ခဲ့ရဘူး။ သူ့မျက်လုံးတွေကို မှိတ်လိုက်သည်နှင့် သူ့ကို ပြောဆိုနေကြသည့် တခြားသူတွေရဲ့ ပုံရိပ်တွေက သူ့စိတ်ထဲမှာ ပေါ်လာခဲ့ပြီး ညဖက် အိပ်စက်မရအောင် ပြုလုပ်ခဲ့သည်။ တစ်ပတ်အတွင်း သူ့ပိုင်ဆိုင်မှုအားလုံး ထက်ဝက်ခန့် လျော့ကျသွားပြီး အများစုကို လျော်ကြေးအဖြစ် ပေးဆောင်ခဲ့ရသည်။ သူ့မှာ ငွေအလုံအလောက် မရှိသဖြင့် သူ့ပိုင်ဆိုင်သည့် အိမ်ခြံမြေများကိုပါ ရောင်းထုတ်ခဲ့ရသေးသည်။ သူနှင့် အမြဲတွဲနေခဲ့တဲ့ သူငယ်ချင်းတွေက အရင်လို သူနှင့် မတွဲတော့သည့်အပြင် သူနှင့် အတူလိုက်ပါလာသည့် မျိုးနွယ်စုဝင် တော်တော်များများကပါ သူ့ကို အပြစ်တင်ပြီး မုန်းတီးနေခဲ့ကြသည်။
ကျန်းစစ်သဲက သူ့ကို "အဲ့ဒီအမျိုးသမီးက အခု အရမ်းစိတ်ပျော်နေပုံရတယ်။ သေချာတာကတော့ သူမက ငါတို့ကို လှောင်ရယ်ချင်နေတာပဲ။"
ကျန်းကျစ်ယန်ရဲ့ မူလအစီအစဥ်မှာ သူ့အချိန်တွေကို လီရှစ်ကျီထံမှ စတင်အသုံးချရန် ဖြစ်သည်။ ကံမကောင်းစွာပဲ၊ အချိန်က သူ့ဖက်မှာ မရှိတော့ပဲ ကိစ္စရပ်အားလုံးဟာ ဖန့်ကျွင်းရုံရဲ့ လက်ထဲမှာသာ ရှိနေခဲ့သည်။ ဖန့်ကျွင်းရုံသည် ကျောက်စိမ်းဖြူဆေးခရင်မ်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံး နှစ်မျိုးစလုံးရဲ့ ဖော်မြူလာတွေကို ဖလှယ်ခဲ့ပြီး ဖြစ်လို့ သူ့မှာ သူတို့ကို ရရှိဖို့ အခွင့်အလမ်း လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် ဖန့်ကျွင်းရုံထံမှာ တခြားကောင်းတဲ့ အရာတွေ ရှိလိမ့်ဦးမယ်လို့ သူ ယုံကြည်ခဲ့သည်။ သူ့အခြေအနေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ သူ့လက်ဝယ် အလှအပေဆေးလုံး သို့မဟုတ် ဆံပင်ကြီးထွားဆေးခရင်မ်တို့ရဲ့ ဖော်မြူလာတွေကို ရရှိနိုင်မယ်ဆိုရင် သူ ပြန်လည်နာလန်ထူနိုင်ဖို့ အချိန်တစ်ခုသာ လိုအပ်ပါလိမ့်မည်။
သူမသည် သူ့ကို ကြင်နာမှု မရှိခဲ့၍ တရားမျှတမှု မရှိသည့်အတွက် သူ့ကို အပြစ်မတင်ပါနှင့်။ သိသာထင်ရှားသည်မှာ သူသည် သူမအပေါ် ကောင်းခဲ့သော်လည်း သူမက သူ့ကို ကျန်းကျစ်ဆုနှင့် ပူးပေါင်းပြီး ချောက်ထဲ တွန်းချခဲ့သည်။
***
ဖန့်ကျွင်းရုံဟာ ကျုံးရီရဲ့ ကျောင်းသို့ အလည်လာရင်း သူမအတွက် အသီးအနှံတွေ ယူလာပေးသည်။ သူမသည် လီရှင်းယွင်ထံသို့လည်း ရောက်ရှိခဲ့ပြီး သူမလေးအတွက် ယူသွားခဲ့သည်။ သူမသည် တစ်ဖက်တည်းကိုသာ မျက်နှာသာပေးတာမျိုး မလုပ်ပဲ ကျုံးရီအတွက်ကိုလည်း သူမ ကြိုက်နှစ်သက်သည့် သစ်သီးအချို့ကို ပြင်ဆင်လာခဲ့သည်။ ရှင်းယွင်သည် ပန်းသီးနှင့် စပျစ်သီးကို ကြိုက်နှစ်သက်ပြီး၊ ကျုံးရီသည် မက်မွန်သီးနှင့် လိမ္မော်သီးတို့ကို ကြိုက်နှစ်သက်သည်။ သူမသည် နှစ်ရက်အတွင်း နိုင်ငံခြားခရီးထွက်ရန် ရှိသည်။ နိုင်ငံရပ်ခြားတွင် အလှကုန်ကောင်တာများ ဖွင့်လှစ်ရန် လိုအပ်ပြီး တည်ထောင်သူအနေဖြင့် သူမသည် ဖဲကြိုးဖြတ်သည့် အခမ်းအနားပွဲများတွင် ပါဝင်ရန် လိုအပ်ပါသည်။
မာတီရာကြောင့် မြို့တော်အိက်စ်ရှိ သူမရဲ့ ဆိုင်သည် မြို့တော်ဝိုင်ထက် ရက်အနည်းငယ်စောပြီး ဖွင့်လှစ်နိုင်ခဲ့သည်။ ကောင်တာတွေက မာတီရာပိုင်ဆိုင်သည့်် ရှော့ပင်းမောလ်တွင် တည်ရှိသည်။
သူမရဲ့ အိပ်ဆောင် အပြင်ဖက်သို့ ရောက်သည့်အချိန်တွင် ဖန့်ကျွင်းရုံသည် ကျုံးရီကို ဖုန်းခေါ်ခဲ့သည်။
ကျုံးရီသည် အောက်သို့ အလျင်အမြန် ဆင်းလာခဲ့သည်။ ကျုံးရီသည် ဒီနေ့လည်ခင်းတွင် ကိုယ်လက်လှုပ်ရှားမှုအတန်း တက်ခဲ့ရ၍ အားကစားဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဝတ်စုံက သူမရဲ့ ဆွဲဆောင်မှုအချို့ကို ပိုမိုအားကောင်းလာစေသည်။ ကျုံးရီကို ဖန့်ကျွင်းရုံကို မြင်တွေ့လိုက်ပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်မိပြီး "အမေ" လို့ လှမ်းခေါ်သည်။
ကျုံးရီသည် ပုံမှန်အားဖြင့် နေ့လည်ခင်း ကျောင်းပြန်မတက်မီ မွန်းတည့်ပိုင်း၌ သူမအိပ်ဆောင်တွင် အနားယူလေ့ရှိသည်။ ဖန့်ကျွင်းရုံက ကျုံးရီနှင့် လီရှင်းယွင်တို့အတွက် သူမတို့ကျောင်းအနီးတစ်ဝိုက်တွင် အိမ်ဝယ်ပေးထားသည်။
ဖန့်ကျွင်းရုံက သူမလက်ထဲသို့ အသီးအနှံတွေကို လက်လွဲပေးရင်း "ဒီမှာ သမီးအတွက် အသီးအနှံနည်းနည်း ယူလာတယ်။ ဒီရက်ပိုင်း အမေ နိုင်ငံခြားခရီး သွားစရာ ရှိတယ်။ သမီး ကိုယ့်ကိုကိုယ်နဲ့ ရှင်းယွင်ကိုပါ ဂရုစိုက်နော်။"
ကျုံးရီ ခေါင်းညိတ်သည်။ "ဟုတ်၊ သမီး ဂရုစိုက်ပါ့မယ်။"
ကျုံးရီသည် အသီးအနှံတွေ ယူပြီး အပေါ်သို့ ပြန်မတက်မီ ဖန့်ကျွင်းရုံနှင့် စကား အနည်းငယ် ပြောဆိုခဲ့သည်။ ရံဖန်ရံခါမှာတော့ သူမသည် သူမရဲ့ မွေးစားမိခင်က သူမအပေါ် ဘယ်လောက်ကောင်းကြောင်း အနည်းငယ် ကြွားဝါလိုသည်။
သူမအိပ်ဆောင်ကို ပြန်ရောက်တော့ အပြုံးလေးဖြင့် သူမအခန်းဖော်တွေကို ပြောလိုက်သည်။ "ငါ့မွေးစားအမေက ငါ့အတွက် အသီးအနှံအချို့ ယူလာပေးတယ်။ နင်တို့ရော လာစားပါဦး။"
သူမရဲ့ အခန်းဖော်တွေက အတော်လေး ကောင်းမွန်ပြီး သက်သက်မဲ့ ဒုက္ခပေးတတ်တဲ့သူမျိုးတွေ မဟုတ်ကြဘူး။ ယခင်က သူမရဲ့ အွန်လိုင်းပေါ်တွင် နာမည်အဖျက်ခံရချိန်၌ သူမရဲ့ အခန်းဖော်တွေက ဖိုရမ်ပေါ်တွင် သူမဖက်ကနေ အကာအကွယ်ပေးခဲ့ကြသည်။ မိန်းကလေးလေးယောက်ပဲ ရှိတာကိုတောင် အတင်းပြောသည့် စကားပြောခန်း ခြောက်ခန်းရှိသည့် သူမတို့ဘေးအခန်းနှင့် နှိုင်းယှဥ်လျှင် သူမသည် လက်ရှိအနေအထားကို အတော်လေး စိတ်ကျေနပ်မိသည်။
"နင့်မွေးစားအမေက ဒါတွေကိုပဲ တကူးတက ယူလာပေးတာလား။ ငါတို့ကျောင်းက ကုန်စုံဆိုင်မှာလည်း သစ်သီးတွေ အများကြီး ရှိတယ်။ နိုင်ငံခြားက တင်သွင်းလာတဲ့ အသီးအနှံမျိုးစုံတောင် ရှိသေးတယ်။" ချန်ယွီက စကားအရမ်းပြောသော မိန်းကလေး ဖြစ်သည်။ သူမသည် စကားကို ပြောသင့် မပြောသင့် အများကြီး သိပ်မတွေးပဲ ပြောလေ့ရှိပြီး တစ်ခါတစ်ရံတွင် သူမသည် အလွန်ပွင့်ပွင့်လင်းလင်း ပြောတတ်သော်လည်း သူမတွင် မကောင်းသည့် ရည်ရွယ်ချက်မျိုး မရှိပေ။
တစ်ဖက်တွင်မူ ကျုံးရီရဲ့အသံက အတော်လေး ကျေနပ်နေပုံရပြီး "နင် ဒါကို စားကြည့်ပြီးရင် သိသွားလိမ့်မယ်။"
သူမသည် လိမ္မော်သီးနှင့် မက်မွန်သီး အနည်းငယ်ကို ဆေးကြောကာ လှီးဖြတ်ပြီး ပန်းကန်းပြားတစ်ချပ်ပေါ်တွင် ထည့်လာပေးသည်။
သူမရဲ့ အခန်းဖော်တွေက အနုပညာလက်ရာနှင့် တူတဲ့ အသီးအနှံတွေကို ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။ အသီးအနှံတွေရဲ့ မွှေးရနံ့က သူတို့ကို ဝန်းရံထားပြီး စိတ်ကြည်နူးသွားစေသည်။ သူတို့ကို နံနက်ခင်းအချိန်အခါတွင် တောအုပ်အတွင်းမှ လတ်ဆတ်သော လေနုအေးများကို ရှုရှိုက်လိုက်ရသကဲ့သို့ ခံစားရစေသည်။
အသီးအနှံတွေကို စမ်းစားကြည့်ပြီးနောက် သူတို့အားလုံး ကမ္ဘာသစ်ဆီသို့ တိုက်ရိုက်ရောက်ရှိသွားသလို ခံစားမိသည်။ ဒီအသီးအနှံတွေကို စားကြည့်ပြီးနောက် သူတို့ အရင်က စားဖူးခဲ့တဲ့ အသီးအနှံတွေအားလုံး အမှိုက်လို့ ဆိုရပေမည်။ အရင်တုန်းက သူတို့စားခဲ့ဖူးတဲ့ အသီးအနှံတွေက တကယ်ပဲ သစ်သီးတွေလို့ ဆိုနိုင်ပါဦးမလား။ မဆိုနိုင်လောက်ဘူး၊ မဟုတ်လား။
"နင့်မွေးစားအမေက နင့်အပေါ် အရမ်းကောင်းတာပဲ။"
"ဟုတ်ပါ့၊ သူမ ဒီသစ်သီးတွေကို ဘယ်က ရတာလဲ။"
ကျုံးရီရဲ့ မျက်နှာပေါ်တွင် အပြုံးလေးများ လင်းလက်နေသည်။ "ဒါတွေကို စျေးကွက်မှာ ဝယ်လို့ မရသေးဘူး။ သူတို့ကို စမ်းသပ်ထုတ်လုပ်နေဆဲအဆင့်မှာပဲ ရှိသေးတယ်။"
**********************************
Zawgyi
အခန္း (၂၃၉) - ဒီလိုနဲ႔ပဲ၊ သူတို႔အားလုံး အဖမ္းခံလိုက္ရတယ္ (၂)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)
က်န္းက်န္ယန္ရဲ႕ အၾကည့္ေတြက နစ္ျမႇဳပ္သြားသည္။ သူ ဒီတစ္ခ်ိန္လုံး ေကာင္းေကာင္း မအိပ္ခဲ့ရဘူး။ သူ႕မ်က္လုံးေတြကို မွိတ္လိုက္သည္ႏွင့္ သူ႕ကို ေျပာဆိုေနၾကသည့္ တျခားသူေတြရဲ႕ ပုံရိပ္ေတြက သူ႕စိတ္ထဲမွာ ေပၚလာခဲ့ၿပီး ညဖက္ အိပ္စက္မရေအာင္ ျပဳလုပ္ခဲ့သည္။ တစ္ပတ္အတြင္း သူ႕ပိုင္ဆိုင္မႈအားလုံး ထက္ဝက္ခန္႔ ေလ်ာ့က်သြားၿပီး အမ်ားစုကို ေလ်ာ္ေၾကးအျဖစ္ ေပးေဆာင္ခဲ့ရသည္။ သူ႕မွာ ေငြအလုံအေလာက္ မ႐ွိသျဖင့္ သူ႕ပိုင္ဆိုင္သည့္ အိမ္ျခံေျမမ်ားကိုပါ ေရာင္းထုတ္ခဲ့ရေသးသည္။ သူႏွင့္ အၿမဲတြဲေနခဲ့တဲ့ သူငယ္ခ်င္းေတြက အရင္လို သူႏွင့္ မတြဲေတာ့သည့္အျပင္ သူႏွင့္ အတူလိုက္ပါလာသည့္ မ်ိဳးႏြယ္စုဝင္ ေတာ္ေတာ္မ်ားမ်ားကပါ သူ႕ကို အျပစ္တင္ၿပီး မုန္းတီးေနခဲ့ၾကသည္။
က်န္းစစ္သဲက သူ႕ကို "အဲ့ဒီအမ်ိဳးသမီးက အခု အရမ္းစိတ္ေပ်ာ္ေနပုံရတယ္။ ေသခ်ာတာကေတာ့ သူမက ငါတို႔ကို ေလွာင္ရယ္ခ်င္ေနတာပဲ။"
က်န္းက်စ္ယန္ရဲ႕ မူလအစီအစဥ္မွာ သူ႕အခ်ိန္ေတြကို လီ႐ွစ္က်ီထံမွ စတင္အသုံးခ်ရန္ ျဖစ္သည္။ ကံမေကာင္းစြာပဲ၊ အခ်ိန္က သူ႕ဖက္မွာ မ႐ွိေတာ့ပဲ ကိစၥရပ္အားလုံးဟာ ဖန္႔ကြၽင္း႐ုံရဲ႕ လက္ထဲမွာသာ ႐ွိေနခဲ့သည္။ ဖန္႔ကြၽင္း႐ုံသည္ ေက်ာက္စိမ္းျဖဴေဆးခရင္မ္ႏွင့္ အဆိပ္အေတာက္ဖယ္႐ွားေဆးလုံး ႏွစ္မ်ိဳးစလုံးရဲ႕ ေဖာ္ျမဴလာေတြကို ဖလွယ္ခဲ့ၿပီး ျဖစ္လို႔ သူ႕မွာ သူတို႔ကို ရ႐ွိဖို႔ အခြင့္အလမ္း လုံးဝ မ႐ွိေတာ့ဘူး။ ဒါေပမယ့္ ဖန္႔ကြၽင္း႐ုံထံမွာ တျခားေကာင္းတဲ့ အရာေတြ ႐ွိလိမ့္ဦးမယ္လို႔ သူ ယုံၾကည္ခဲ့သည္။ သူ႕အေျခအေန ဘယ္ေလာက္ပဲ ဆိုး႐ြားေနပါေစ၊ သူ႕လက္ဝယ္ အလွအေပေဆးလုံး သို႔မဟုတ္ ဆံပင္ႀကီးထြားေဆးခရင္မ္တို႔ရဲ႕ ေဖာ္ျမဴလာေတြကို ရ႐ွိႏိုင္မယ္ဆိုရင္ သူ ျပန္လည္နာလန္ထူႏိုင္ဖို႔ အခ်ိန္တစ္ခုသာ လိုအပ္ပါလိမ့္မည္။
သူမသည္ သူ႕ကို ၾကင္နာမႈ မ႐ွိခဲ့၍ တရားမွ်တမႈ မ႐ွိသည့္အတြက္ သူ႕ကို အျပစ္မတင္ပါႏွင့္။ သိသာထင္႐ွားသည္မွာ သူသည္ သူမအေပၚ ေကာင္းခဲ့ေသာ္လည္း သူမက သူ႕ကို က်န္းက်စ္ဆုႏွင့္ ပူးေပါင္းၿပီး ေခ်ာက္ထဲ တြန္းခ်ခဲ့သည္။
***
ဖန္႔ကြၽင္း႐ုံဟာ က်ံဳးရီရဲ႕ ေက်ာင္းသို႔ အလည္လာရင္း သူမအတြက္ အသီးအႏွံေတြ ယူလာေပးသည္။ သူမသည္ လီ႐ွင္းယြင္ထံသို႔လည္း ေရာက္႐ွိခဲ့ၿပီး သူမေလးအတြက္ ယူသြားခဲ့သည္။ သူမသည္ တစ္ဖက္တည္းကိုသာ မ်က္ႏွာသာေပးတာမ်ိဳး မလုပ္ပဲ က်ံဳးရီအတြက္ကိုလည္း သူမ ႀကိဳက္ႏွစ္သက္သည့္ သစ္သီးအခ်ိဳ႕ကို ျပင္ဆင္လာခဲ့သည္။ ႐ွင္းယြင္သည္ ပန္းသီးႏွင့္ စပ်စ္သီးကို ႀကိဳက္ႏွစ္သက္ၿပီး၊ က်ံဳးရီသည္ မက္မြန္သီးႏွင့္ လိေမၼာ္သီးတို႔ကို ႀကိဳက္ႏွစ္သက္သည္။ သူမသည္ ႏွစ္ရက္အတြင္း ႏိုင္ငံျခားခရီးထြက္ရန္ ႐ွိသည္။ ႏိုင္ငံရပ္ျခားတြင္ အလွကုန္ေကာင္တာမ်ား ဖြင့္လွစ္ရန္ လိုအပ္ၿပီး တည္ေထာင္သူအေနျဖင့္ သူမသည္ ဖဲႀကိဳးျဖတ္သည့္ အခမ္းအနားပြဲမ်ားတြင္ ပါဝင္ရန္ လိုအပ္ပါသည္။
မာတီရာေၾကာင့္ ၿမိဳ႕ေတာ္အိက္စ္႐ွိ သူမရဲ႕ ဆိုင္သည္ ၿမိဳ႕ေတာ္ဝိုင္ထက္ ရက္အနည္းငယ္ေစာၿပီး ဖြင့္လွစ္ႏိုင္ခဲ့သည္။ ေကာင္တာေတြက မာတီရာပိုင္ဆိုင္သည့္္ ေ႐ွာ့ပင္းေမာလ္တြင္ တည္႐ွိသည္။
သူမရဲ႕ အိပ္ေဆာင္ အျပင္ဖက္သို႔ ေရာက္သည့္အခ်ိန္တြင္ ဖန္႔ကြၽင္း႐ုံသည္ က်ံဳးရီကို ဖုန္းေခၚခဲ့သည္။
က်ံဳးရီသည္ ေအာက္သို႔ အလ်င္အျမန္ ဆင္းလာခဲ့သည္။ က်ံဳးရီသည္ ဒီေန႔လည္ခင္းတြင္ ကိုယ္လက္လႈပ္႐ွားမႈအတန္း တက္ခဲ့ရ၍ အားကစားဝတ္စုံကို ဝတ္ဆင္ထားဆဲျဖစ္သည္။ ႐ိုး႐ွင္းၿပီး ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းဝတ္စုံက သူမရဲ႕ ဆြဲေဆာင္မႈအခ်ိဳ႕ကို ပိုမိုအားေကာင္းလာေစသည္။ က်ံဳးရီကို ဖန္႔ကြၽင္း႐ုံကို ျမင္ေတြ႕လိုက္ၿပီးေနာက္ ေပ်ာ္႐ႊင္စြာ ျပဳံးလိုက္မိၿပီး "အေမ" လို႔ လွမ္းေခၚသည္။
က်ံဳးရီသည္ ပုံမွန္အားျဖင့္ ေန႔လည္ခင္း ေက်ာင္းျပန္မတက္မီ မြန္းတည့္ပိုင္း၌ သူမအိပ္ေဆာင္တြင္ အနားယူေလ့႐ွိသည္။ ဖန္႔ကြၽင္း႐ုံက က်ံဳးရီႏွင့္ လီ႐ွင္းယြင္တို႔အတြက္ သူမတို႔ေက်ာင္းအနီးတစ္ဝိုက္တြင္ အိမ္ဝယ္ေပးထားသည္။
ဖန္႔ကြၽင္း႐ုံက သူမလက္ထဲသို႔ အသီးအႏွံေတြကို လက္လြဲေပးရင္း "ဒီမွာ သမီးအတြက္ အသီးအႏွံနည္းနည္း ယူလာတယ္။ ဒီရက္ပိုင္း အေမ ႏိုင္ငံျခားခရီး သြားစရာ ႐ွိတယ္။ သမီး ကိုယ့္ကိုကိုယ္နဲ႔ ႐ွင္းယြင္ကိုပါ ဂ႐ုစိုက္ေနာ္။"
က်ံဳးရီ ေခါင္းညိတ္သည္။ "ဟုတ္၊ သမီး ဂ႐ုစိုက္ပါ့မယ္။"
က်ံဳးရီသည္ အသီးအႏွံေတြ ယူၿပီး အေပၚသို႔ ျပန္မတက္မီ ဖန္႔ကြၽင္း႐ုံႏွင့္ စကား အနည္းငယ္ ေျပာဆိုခဲ့သည္။ ရံဖန္ရံခါမွာေတာ့ သူမသည္ သူမရဲ႕ ေမြးစားမိခင္က သူမအေပၚ ဘယ္ေလာက္ေကာင္းေၾကာင္း အနည္းငယ္ ႂကြားဝါလိုသည္။
သူမအိပ္ေဆာင္ကို ျပန္ေရာက္ေတာ့ အျပဳံးေလးျဖင့္ သူမအခန္းေဖာ္ေတြကို ေျပာလိုက္သည္။ "ငါ့ေမြးစားအေမက ငါ့အတြက္ အသီးအႏွံအခ်ိဳ႕ ယူလာေပးတယ္။ နင္တို႔ေရာ လာစားပါဦး။"
သူမရဲ႕ အခန္းေဖာ္ေတြက အေတာ္ေလး ေကာင္းမြန္ၿပီး သက္သက္မဲ့ ဒုကၡေပးတတ္တဲ့သူမ်ိဳးေတြ မဟုတ္ၾကဘူး။ ယခင္က သူမရဲ႕ အြန္လိုင္းေပၚတြင္ နာမည္အဖ်က္ခံရခ်ိန္၌ သူမရဲ႕ အခန္းေဖာ္ေတြက ဖိုရမ္ေပၚတြင္ သူမဖက္ကေန အကာအကြယ္ေပးခဲ့ၾကသည္။ မိန္းကေလးေလးေယာက္ပဲ ႐ွိတာကိုေတာင္ အတင္းေျပာသည့္ စကားေျပာခန္း ေျခာက္ခန္း႐ွိသည့္ သူမတို႔ေဘးအခန္းႏွင့္ ႏိႈင္းယွဥ္လွ်င္ သူမသည္ လက္႐ွိအေနအထားကို အေတာ္ေလး စိတ္ေက်နပ္မိသည္။
"နင့္ေမြးစားအေမက ဒါေတြကိုပဲ တကူးတက ယူလာေပးတာလား။ ငါတို႔ေက်ာင္းက ကုန္စုံဆိုင္မွာလည္း သစ္သီးေတြ အမ်ားႀကီး ႐ွိတယ္။ ႏိုင္ငံျခားက တင္သြင္းလာတဲ့ အသီးအႏွံမ်ိဳးစုံေတာင္ ႐ွိေသးတယ္။" ခ်န္ယြီက စကားအရမ္းေျပာေသာ မိန္းကေလး ျဖစ္သည္။ သူမသည္ စကားကို ေျပာသင့္ မေျပာသင့္ အမ်ားႀကီး သိပ္မေတြးပဲ ေျပာေလ့႐ွိၿပီး တစ္ခါတစ္ရံတြင္ သူမသည္ အလြန္ပြင့္ပြင့္လင္းလင္း ေျပာတတ္ေသာ္လည္း သူမတြင္ မေကာင္းသည့္ ရည္႐ြယ္ခ်က္မ်ိဳး မ႐ွိေပ။
တစ္ဖက္တြင္မူ က်ံဳးရီရဲ႕အသံက အေတာ္ေလး ေက်နပ္ေနပုံရၿပီး "နင္ ဒါကို စားၾကည့္ၿပီးရင္ သိသြားလိမ့္မယ္။"
သူမသည္ လိေမၼာ္သီးႏွင့္ မက္မြန္သီး အနည္းငယ္ကို ေဆးေၾကာကာ လွီးျဖတ္ၿပီး ပန္းကန္းျပားတစ္ခ်ပ္ေပၚတြင္ ထည့္လာေပးသည္။
သူမရဲ႕ အခန္းေဖာ္ေတြက အႏုပညာလက္ရာႏွင့္ တူတဲ့ အသီးအႏွံေတြကို ၾကည့္ၿပီး တိတ္ဆိတ္သြားၾကသည္။ အသီးအႏွံေတြရဲ႕ ေမႊးရနံ႔က သူတို႔ကို ဝန္းရံထားၿပီး စိတ္ၾကည္ႏူးသြားေစသည္။ သူတို႔ကို နံနက္ခင္းအခ်ိန္အခါတြင္ ေတာအုပ္အတြင္းမွ လတ္ဆတ္ေသာ ေလႏုေအးမ်ားကို ႐ႈ႐ိႈက္လိုက္ရသကဲ့သို႔ ခံစားရေစသည္။
အသီးအႏွံေတြကို စမ္းစားၾကည့္ၿပီးေနာက္ သူတို႔အားလုံး ကမ႓ာသစ္ဆီသို႔ တိုက္႐ိုက္ေရာက္႐ွိသြားသလို ခံစားမိသည္။ ဒီအသီးအႏွံေတြကို စားၾကည့္ၿပီးေနာက္ သူတို႔ အရင္က စားဖူးခဲ့တဲ့ အသီးအႏွံေတြအားလုံး အမိႈက္လို႔ ဆိုရေပမည္။ အရင္တုန္းက သူတို႔စားခဲ့ဖူးတဲ့ အသီးအႏွံေတြက တကယ္ပဲ သစ္သီးေတြလို႔ ဆိုႏိုင္ပါဦးမလား။ မဆိုႏိုင္ေလာက္ဘူး၊ မဟုတ္လား။
"နင့္ေမြးစားအေမက နင့္အေပၚ အရမ္းေကာင္းတာပဲ။"
"ဟုတ္ပါ့၊ သူမ ဒီသစ္သီးေတြကို ဘယ္က ရတာလဲ။"
က်ံဳးရီရဲ႕ မ်က္ႏွာေပၚတြင္ အျပဳံးေလးမ်ား လင္းလက္ေနသည္။ "ဒါေတြကို ေစ်းကြက္မွာ ဝယ္လို႔ မရေသးဘူး။ သူတို႔ကို စမ္းသပ္ထုတ္လုပ္ေနဆဲအဆင့္မွာပဲ ႐ွိေသးတယ္။"