ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

Bởi Miracle_Phyu97

46.8K 5.4K 30

199 မှ စတင်သည်။ Xem Thêm

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250
Ch-251
Ch-252/253/254
Ch-255/256/257
Ch-258/259/260

Ch-233

754 96 0
Bởi Miracle_Phyu97

အခန်း (၂၃၃) - ဒီအခိုက်အတန့်၌ သူ့နှလုံသားထဲက နတ်သမီးလေးဟာ သေဆုံးသွားခဲ့ပြီ (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လူတိုင်းက သူ့ကို မကျေမနပ်ပြောဆိုနေတာကို နားထောင်နေရင်း ကျန်းကျစ်ယန်သည် ရုတ်တရတ် ဖန့်ကျွင်းရုံရဲ့ အဓိပ္ပါယ်ဖော်ဆောင်မရသည့် အပြုံးကို ပြန်အမှတ်ရမိသွားသည်။ နောက်ဆုံး၌ သူဟာ အရာအားလုံးကို သဘောပေါက်နားလည်သွားခဲ့သည်။ ဒါ့ကြောင့် ဖန့်ကျွင်းရုံက သူ့ကို ဆေးဝါးအများကြီးကို ရုတ်တရတ် ‌ရောင်းထုတ်ခဲ့တာ အံ့သြစရာ မရှိပါဘူး။ သူမက အစကတည်းက သူ့အတွက် တွင်းတူးပေးထားခဲ့တာပဲ။ ဖန့်ကျွင်းရုံနဲ့ သူ့ဝမ်းကွဲကြား ဆက်ဆံရေးက ဘယ်သောအခါမှ ခွာပြဲသွားခဲ့ခြင်း မရှိခဲ့ပေ။

မဖြစ်နိုင်တာကို သူ သတိထားမိပေမယ့် အကျိုးကျေးဇူးတွေက ဆွဲဆောင်မှုရှိလွန်းတာကြောင့် သူက ထောင်ချောက်ထဲသို့ ကျသွားခဲ့သည်။ နောင်တတရားက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ နောင်တအပြင် ဖန့်ကျွင်းရုံနဲ့ သူ့ဝမ်းကွဲအပေါ် မုန်းတီးမှုအပါ အဆစ်ပါသေးသည်။ သူတို့နှစ်ယောက်က အရမ်းရက်စက်လွန်းလှသည်။

"အဲ့တာက ဖန့်ကျွင်းရုံပဲ၊ သူမက ငါ့ကို ထောင်ချောင်ဆင်ခဲ့တာ၊ သူမက ငါ့ကို ဒီဆေးတွေ ရောင်းချပေးခဲ့တာပဲ။"

ကျန်းကျစ်ယန်က ဤသို့ ကျယ်လောင်စွာ အော်ဟစ်ခဲ့ပြီး သူ့အသံက အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူ့ကို အခြားသူတွေက ဒီလိုနည်းလမ်းမျိုး ဖြေရှင်းပေးရုံမျှဖြင့် အလွယ်တကူ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

"အိုး... သူမက မင်းကို ငါတို့ရဲ့ မျက်နှာသာပေးမှုတွေကို လက်ခံဖို့ ပြောထားခဲ့လို့လား။ အကျိုးကျေးဇူးတွေက မင်းလက်ထဲကိုပဲ ကျရောက်သွားခဲ့ပြီး အခုမှ မင်းက အဲ့တာတွေကို မရှိခဲ့သလို ဟန်ဆောင်ချင်နေတာလား။ မင်းက ငါတို့က အရူးတွေလို့ ထင်နေတာလား။"

"ငါတို့ကို ဆက်သွယ်ခဲ့တဲ့သူက သူမ မဟုတ်ပဲ မင်းပဲ။ ပြီးတော့ မင်းက အပြစ်တွေအားလုံးကို သူမအပေါ် ပုံချချင်နေတာလား။ မင်း ဘယ်လောက်တောင် အရှက်ကင်းမဲ့လွန်းရတာလဲ။"

သူတို့က ဒီဆေးဝါးတွေ ဘယ်နေရာကနေ လာတယ် ဆိုတာကို သူတို့ ဂရုမစိုက်ဘူး။ သူတို့က ကျန်းကျစ်ယန်ကို သူတို့ ပေးထားတဲ့အရာတွေကို သူ့ဆီကနေ ပြန်ရချင်ကြတယ်။ မဟုတ်ဘူး၊ သူတို့က သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြန်ရရုံနဲ့ မလုံလောက်ဘူး၊ သူတို့အတွက် နစ်နာကြေး လိုချင်ကြသည်။

"ငါတို့ ဒီနေရာကနေ မပြန်ခင် မင်း သေချာစဥ်းစားဖို့ အကြံပြုချင်တယ်။ ငါတို့ မင်းကို ဘာနည်းလမ်းတွေနဲ့ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို မင်းမသိချင်ဘူးလို့ ငါတို့ထင်တယ်။"

သူတို့ ပြောလိုက်တဲ့ စကားတွေကို ကြားတော့ ကျန်းကျစ်ယန်ရဲ့ မျက်နှာဟာ ဖြူရော်သွားခဲ့သည်။ ဂုဏ်ပြုပွဲကျင်းပသည့်နေ့ရက်တွင် နောက်ဆုံး၌ သူသည် စင်မြင့်ထက်မှ တွန်းချခံခဲ့ရသည်။ သူ့မျက်စိရှေ့မှာတင် ကျန်းကျစ်ဆု ဒဏ်ရာရပြီး ဆေးရုံကို ပို့လိုက်ရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်သွားခဲ့ပြီး အဲ့ဒီအချိန်တုန်းကရော ကျန်းကျစ်ဆုက အခု သူ့လိုမျိုး ခံစားရသလားလို့ တွေးမိခဲ့သည်။

သူက ပျော့ညံ့လွန်းတဲ့ ကျန်းကျစ်ဆုကို အမြဲလှောင်ပြောင်ရယ်မောခဲ့ပြီး သူ့ကို အခြားသူတွေကို ပြဿနာတွေ ဝိုင်းရှာနေတာကို သိတာ‌တောင် သူက ကျန်းကျစ်ဆု နောက်ကျောကို ဓားထိုးခဲ့သည်။ သူသည် ကျန်းကျစ်ဆုကို မျိုးနွယ်စုခေါင်းဆောင်နေရာမှ ဖြုတ်ချရန် အလွန်နီးစပ်ခဲ့သည်။ သူက တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး ရက်စက်လွန်းတဲ့ လက်စားချေမှုမျိုးနဲ့ ပြန်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

ဒီလို တိုက်ခိုက်မှုမျိုးက သူ့ကို တကယ်နာကျင်စေတယ်။

သူသည် အခု သူ့ကို ဓားဖြင့် ဝိုင်းရံထိုးစိုက်နေကြသည့် တစ်ချိန်က သူ့ရဲ့ မိတ်ဆွေဖြစ်ခဲ့ကြသည့် အခြားသူများအား အမူအရာကင်းမဲ့စွာ လှည့်ပတ်ကြည့်နေမိသည်။

***

"မာစတာဖန့်၊ ရှင်က တကယ့်ကို အံ့သြစရာကောင်းတယ်၊ ရှင် သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို မြန်မြန်ဆန်ဆန် နစ်ဝင်ပြီး သရုပ်ဆောင်နိုင်တယ်။ ကျွန်မလို မဟုတ်ဘူး။ ကျွန်မကတော့ NGတွေပဲ ရနေခဲ့တယ်။" ဟု ရှောင်လီက ပြောသည်။ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်သည့် ဆွဲဆောင်မှုရှိပြီး လှပသော အမျိုးသမီး သရုပ်ဆောင် ရှောင်လီက ဖန့်ကြွယ်မင်အနားသို့ ချဥ်းကပ်လာခဲ့သည်။ သူမသည် အဖွဲ့သားတွေထံမှ ဖန့်ကြွယ်က စိတ်ကောင်းစေတနာရှိပြီး အခြားသူများကို ကူညီခြင်းကြောင့် အပြစ်ပေးခံခဲ့ရကြောင်း သူမ ကြားသိထားရသည်။ ထိုအကြောင်းကြောင့် သူမသည် သူ့ကို မလေးစားပဲ မနေနိုင်ခဲ့ပေ။

"ဇာတ်ညွှန်းကို အကြိမ်များများဖတ်ပြီး ကိုယ် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို စဥ်းစားတွေးတောကြည့်တာက အလွန် အထောက်အကူပြုလိမ့်မယ်။" ဟု ဖန့်ကြွယ်မင်က ပြောသည်။

ရှောင်လီက သူ့လက်ကို ကြည့်ရင်း မေးလိုက်သည်။ "အခု ရှင့်လက်က လုံးဝ သက်သာပျောက်ကင်းသွားပြီလား။"

ဖန့်ကြွယ်မင်ရဲ့ လက်ထောက်သည် ဒီအမေးစကားကို ကြားပြီး သူ့နှလုံးခုန်နှုန်း မြန်ဆန်သွားသလို ခံစားလိုက်ရသည်။ ဒီရှောင်လီက ဘာစကားကို ပြောသင့်တယ် မပြောသင့်ဘူး ဆိုတာကို မသိဘူးလား။ သူမက ဒီမ‌တော်တဆအကြောင်းကို ဘာဖြစ်လို့ ထပ်မံပြောဆိုနေရတာလဲ။ သူမသည် ပြည့်စုံချမ်းသာသော မိသားစုမှဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေကို ရရှိတာ ကံကောင်းတယ်။ မဟုတ်ရင် သူမရဲ့ ဒီလိုပါးစပ်နဲ့ဆို နေ့တိုင်း ပြဿနာကို မီးခွက်ထွန်းရှာဖွေသလိုဖြစ်ကာ အလုပ်ထုတ်ခံရလိမ့်မည်။

တစ်ဖက်တွင်မူ ဖန့်ကြွယ်မင်က စိတ်ဆိုးခြင်း အလျဥ်းမရှိပေ။ အဲ့ဒီအစား သူ့စိတ်ထဲမှာ ကြင်နာတတ်သည့် သူ့ရဲ့ ချစ်သူကောင်မလေး ကျန်းယာ့ကောကို သတိရမိသွားခဲ့သည်။ သူမကြောင့်သာ မဟုတ်လျှင် သူ့လက်သည် တစ်သက်လုံး ဘယ်တော့မှ ပြန်လည်ကောင်းမွန်လာလိမ့်မည် မဟုတ်ပေ။ သူမသည် သူ့ဘဝရဲ့ နတ်သမီးလေး ဖြစ်သည်။ ကမ္ဘာလောကကြီးသည် အရင်းရှင်စနစ်ကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေပြီး သူမအပေါ်ကို ရေဆိုးရေညစ်တွေ လောင်းချတာကို ခံနေရတာ အလွန်သနားစရာကောင်းသည်။ ဖန့်ကြွယ်မင်သည် သူမအတွက် ဇာတ်ကောင်နေရာအချို့ ရရှိရန် သူ့ရဲ့ အဆက်အသွယ်တွေကို ဆွဲထုတ်ပြီး သူ တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ကံမကောင်းစွာပဲ ဒါရိုက်တာအားလုံးထဲမှ တစ်ယောက် နှစ်ယောက်ကသာ သူမကို အရံဇာတ်ကောင်နေရာကို ပေးလာနိုင်သည်။

သူ့ရဲ့ အာဏာက မလုံလောက်ဘူး။ မဟုတ်ရင် သူ သူမကို ဒီထက်ပိုပြီး အကူအညီ ပေးနိုင်လိမ့်မည်။

**********************************

Zawgyi

အခန္း (၂၃၃) - ဒီအခိုက္အတန္႔၌ သူ႕ႏွလုံသားထဲက နတ္သမီးေလးဟာ ေသဆုံးသြားခဲ့ၿပီ (၂)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

လူတိုင္းက သူ႕ကို မေက်မနပ္ေျပာဆိုေနတာကို နားေထာင္ေနရင္း က်န္းက်စ္ယန္သည္ ႐ုတ္တရတ္ ဖန္႔ကြၽင္း႐ုံရဲ႕ အဓိပၸါယ္ေဖာ္ေဆာင္မရသည့္ အျပဳံးကို ျပန္အမွတ္ရမိသြားသည္။ ေနာက္ဆုံး၌ သူဟာ အရာအားလုံးကို သေဘာေပါက္နားလည္သြားခဲ့သည္။ ဒါ့ေၾကာင့္ ဖန္႔ကြၽင္း႐ုံက သူ႕ကို ေဆးဝါးအမ်ားႀကီးကို ႐ုတ္တရတ္ ‌ေရာင္းထုတ္ခဲ့တာ အံ့ၾသစရာ မ႐ွိပါဘူး။ သူမက အစကတည္းက သူ႕အတြက္ တြင္းတူးေပးထားခဲ့တာပဲ။ ဖန္႔ကြၽင္း႐ုံနဲ႔ သူ႕ဝမ္းကြဲၾကား ဆက္ဆံေရးက ဘယ္ေသာအခါမွ ခြာၿပဲသြားခဲ့ျခင္း မ႐ွိခဲ့ေပ။

မျဖစ္ႏိုင္တာကို သူ သတိထားမိေပမယ့္ အက်ိဳးေက်းဇူးေတြက ဆြဲေဆာင္မႈ႐ွိလြန္းတာေၾကာင့္ သူက ေထာင္ေခ်ာက္ထဲသို႔ က်သြားခဲ့သည္။ ေနာင္တတရားက သူ႕ကို လႊမ္းျခဳံသြားခဲ့သည္။ ေနာင္တအျပင္ ဖန္႔ကြၽင္း႐ုံနဲ႔ သူ႕ဝမ္းကြဲအေပၚ မုန္းတီးမႈအပါ အဆစ္ပါေသးသည္။ သူတို႔ႏွစ္ေယာက္က အရမ္းရက္စက္လြန္းလွသည္။

"အဲ့တာက ဖန္႔ကြၽင္း႐ုံပဲ၊ သူမက ငါ့ကို ေထာင္ေခ်ာင္ဆင္ခဲ့တာ၊ သူမက ငါ့ကို ဒီေဆးေတြ ေရာင္းခ်ေပးခဲ့တာပဲ။"

က်န္းက်စ္ယန္က ဤသို႔ က်ယ္ေလာင္စြာ ေအာ္ဟစ္ခဲ့ၿပီး သူ႕အသံက အားကိုးရာမဲ့ ျဖစ္ေနခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ သူ႕ကို အျခားသူေတြက ဒီလိုနည္းလမ္းမ်ိဳး ေျဖ႐ွင္းေပး႐ုံမွ်ျဖင့္ အလြယ္တကူ ခြင့္လႊတ္ေပးလိမ့္မည္ မဟုတ္ေပ။

"အိုး... သူမက မင္းကို ငါတို႔ရဲ႕ မ်က္ႏွာသာေပးမႈေတြကို လက္ခံဖို႔ ေျပာထားခဲ့လို႔လား။ အက်ိဳးေက်းဇူးေတြက မင္းလက္ထဲကိုပဲ က်ေရာက္သြားခဲ့ၿပီး အခုမွ မင္းက အဲ့တာေတြကို မ႐ွိခဲ့သလို ဟန္ေဆာင္ခ်င္ေနတာလား။ မင္းက ငါတို႔က အ႐ူးေတြလို႔ ထင္ေနတာလား။"

"ငါတို႔ကို ဆက္သြယ္ခဲ့တဲ့သူက သူမ မဟုတ္ပဲ မင္းပဲ။ ၿပီးေတာ့ မင္းက အျပစ္ေတြအားလုံးကို သူမအေပၚ ပုံခ်ခ်င္ေနတာလား။ မင္း ဘယ္ေလာက္ေတာင္ အ႐ွက္ကင္းမဲ့လြန္းရတာလဲ။"

သူတို႔က ဒီေဆးဝါးေတြ ဘယ္ေနရာကေန လာတယ္ ဆိုတာကို သူတို႔ ဂ႐ုမစိုက္ဘူး။ သူတို႔က က်န္းက်စ္ယန္ကို သူတို႔ ေပးထားတဲ့အရာေတြကို သူ႕ဆီကေန ျပန္ရခ်င္ၾကတယ္။ မဟုတ္ဘူး၊ သူတို႔က သူတို႔ရဲ႕ ဆုံး႐ႈံးမႈေတြကို ျပန္ရ႐ုံနဲ႔ မလုံေလာက္ဘူး၊ သူတို႔အတြက္ နစ္နာေၾကး လိုခ်င္ၾကသည္။

"ငါတို႔ ဒီေနရာကေန မျပန္ခင္ မင္း ေသခ်ာစဥ္းစားဖို႔ အၾကံျပဳခ်င္တယ္။ ငါတို႔ မင္းကို ဘာနည္းလမ္းေတြနဲ႔ ဘယ္လိုလုပ္ႏိုင္တယ္ ဆိုတာကို မင္းမသိခ်င္ဘူးလို႔ ငါတို႔ထင္တယ္။"

သူတို႔ ေျပာလိုက္တဲ့ စကားေတြကို ၾကားေတာ့ က်န္းက်စ္ယန္ရဲ႕ မ်က္ႏွာဟာ ျဖဴေရာ္သြားခဲ့သည္။ ဂုဏ္ျပဳပြဲက်င္းပသည့္ေန႔ရက္တြင္ ေနာက္ဆုံး၌ သူသည္ စင္ျမင့္ထက္မွ တြန္းခ်ခံခဲ့ရသည္။ သူ႕မ်က္စိေ႐ွ႕မွာတင္ က်န္းက်စ္ဆု ဒဏ္ရာရၿပီး ေဆး႐ုံကို ပို႔လိုက္ရတဲ့ ျမင္ကြင္းကို ျပန္ျမင္ေယာင္သြားခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းကေရာ က်န္းက်စ္ဆုက အခု သူ႕လိုမ်ိဳး ခံစားရသလားလို႔ ေတြးမိခဲ့သည္။

သူက ေပ်ာ့ညံ့လြန္းတဲ့ က်န္းက်စ္ဆုကို အၿမဲေလွာင္ေျပာင္ရယ္ေမာခဲ့ၿပီး သူ႕ကို အျခားသူေတြကို ျပႆနာေတြ ဝိုင္း႐ွာေနတာကို သိတာ‌ေတာင္ သူက က်န္းက်စ္ဆု ေနာက္ေက်ာကို ဓားထိုးခဲ့သည္။ သူသည္ က်န္းက်စ္ဆုကို မ်ိဳးႏြယ္စုေခါင္းေဆာင္ေနရာမွ ျဖဳတ္ခ်ရန္ အလြန္နီးစပ္ခဲ့သည္။ သူက တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနၿပီး ရက္စက္လြန္းတဲ့ လက္စားေခ်မႈမ်ိဳးနဲ႔ ျပန္လာလိမ့္မယ္လို႔ ဘယ္သူ ထင္မွာလဲ။

ဒီလို တိုက္ခိုက္မႈမ်ိဳးက သူ႕ကို တကယ္နာက်င္ေစတယ္။

သူသည္ အခု သူ႕ကို ဓားျဖင့္ ဝိုင္းရံထိုးစိုက္ေနၾကသည့္ တစ္ခ်ိန္က သူ႕ရဲ႕ မိတ္ေဆြျဖစ္ခဲ့ၾကသည့္ အျခားသူမ်ားအား အမူအရာကင္းမဲ့စြာ လွည့္ပတ္ၾကည့္ေနမိသည္။

***

"မာစတာဖန္႔၊ ႐ွင္က တကယ့္ကို အံ့ၾသစရာေကာင္းတယ္၊ ႐ွင္ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ကို ျမန္ျမန္ဆန္ဆန္ နစ္ဝင္ၿပီး သ႐ုပ္ေဆာင္ႏိုင္တယ္။ ကြၽန္မလို မဟုတ္ဘူး။ ကြၽန္မကေတာ့ NGေတြပဲ ရေနခဲ့တယ္။" ဟု ေ႐ွာင္လီက ေျပာသည္။ ႐ိုက္ကူးေရးအဖြဲ႕မွာ ပါဝင္သည့္ ဆြဲေဆာင္မႈ႐ွိၿပီး လွပေသာ အမ်ိဳးသမီး သ႐ုပ္ေဆာင္ ေ႐ွာင္လီက ဖန္႔ႂကြယ္မင္အနားသို႔ ခ်ဥ္းကပ္လာခဲ့သည္။ သူမသည္ အဖြဲ႕သားေတြထံမွ ဖန္႔ႂကြယ္က စိတ္ေကာင္းေစတနာ႐ွိၿပီး အျခားသူမ်ားကို ကူညီျခင္းေၾကာင့္ အျပစ္ေပးခံခဲ့ရေၾကာင္း သူမ ၾကားသိထားရသည္။ ထိုအေၾကာင္းေၾကာင့္ သူမသည္ သူ႕ကို မေလးစားပဲ မေနႏိုင္ခဲ့ေပ။

"ဇာတ္ၫႊန္းကို အႀကိမ္မ်ားမ်ားဖတ္ၿပီး ကိုယ္ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ေတြရဲ႕ ခံစားခ်က္ကို စဥ္းစားေတြးေတာၾကည့္တာက အလြန္ အေထာက္အကူျပဳလိမ့္မယ္။" ဟု ဖန္႔ႂကြယ္မင္က ေျပာသည္။

ေ႐ွာင္လီက သူ႕လက္ကို ၾကည့္ရင္း ေမးလိုက္သည္။ "အခု ႐ွင့္လက္က လုံးဝ သက္သာေပ်ာက္ကင္းသြားၿပီလား။"

ဖန္႔ႂကြယ္မင္ရဲ႕ လက္ေထာက္သည္ ဒီအေမးစကားကို ၾကားၿပီး သူ႕ႏွလုံးခုန္ႏႈန္း ျမန္ဆန္သြားသလို ခံစားလိုက္ရသည္။ ဒီေ႐ွာင္လီက ဘာစကားကို ေျပာသင့္တယ္ မေျပာသင့္ဘူး ဆိုတာကို မသိဘူးလား။ သူမက ဒီမ‌ေတာ္တဆအေၾကာင္းကို ဘာျဖစ္လို႔ ထပ္မံေျပာဆိုေနရတာလဲ။ သူမသည္ ျပည့္စုံခ်မ္းသာေသာ မိသားစုမွျဖစ္ၿပီး သူမရဲ႕ ကိုယ္ပိုင္အရင္းအျမစ္ေတြကို ရ႐ွိတာ ကံေကာင္းတယ္။ မဟုတ္ရင္ သူမရဲ႕ ဒီလိုပါးစပ္နဲ႔ဆို ေန႔တိုင္း ျပႆနာကို မီးခြက္ထြန္း႐ွာေဖြသလိုျဖစ္ကာ အလုပ္ထုတ္ခံရလိမ့္မည္။

တစ္ဖက္တြင္မူ ဖန္႔ႂကြယ္မင္က စိတ္ဆိုးျခင္း အလ်ဥ္းမ႐ွိေပ။ အဲ့ဒီအစား သူ႕စိတ္ထဲမွာ ၾကင္နာတတ္သည့္ သူ႕ရဲ႕ ခ်စ္သူေကာင္မေလး က်န္းယာ့ေကာကို သတိရမိသြားခဲ့သည္။ သူမေၾကာင့္သာ မဟုတ္လွ်င္ သူ႕လက္သည္ တစ္သက္လုံး ဘယ္ေတာ့မွ ျပန္လည္ေကာင္းမြန္လာလိမ့္မည္ မဟုတ္ေပ။ သူမသည္ သူ႕ဘဝရဲ႕ နတ္သမီးေလး ျဖစ္သည္။ ကမ႓ာေလာကႀကီးသည္ အရင္း႐ွင္စနစ္ေၾကာင့္ တိမ္ျမႇဳပ္ေပ်ာက္ကြယ္ေနၿပီး သူမအေပၚကို ေရဆိုးေရညစ္ေတြ ေလာင္းခ်တာကို ခံေနရတာ အလြန္သနားစရာေကာင္းသည္။ ဖန္႔ႂကြယ္မင္သည္ သူမအတြက္ ဇာတ္ေကာင္ေနရာအခ်ိဳ႕ ရ႐ွိရန္ သူ႕ရဲ႕ အဆက္အသြယ္ေတြကို ဆြဲထုတ္ၿပီး သူ တတ္ႏိုင္သမွ် ႀကိဳးစားခဲ့သည္။ ကံမေကာင္းစြာပဲ ဒါ႐ိုက္တာအားလုံးထဲမွ တစ္ေယာက္ ႏွစ္ေယာက္ကသာ သူမကို အရံဇာတ္ေကာင္ေနရာကို ေပးလာႏိုင္သည္။

သူ႕ရဲ႕ အာဏာက မလုံေလာက္ဘူး။ မဟုတ္ရင္ သူ သူမကို ဒီထက္ပိုၿပီး အကူအညီ ေပးႏိုင္လိမ့္မည္။

Đọc tiếp

Bạn Cũng Sẽ Thích

135K 18K 70
Title - F**k Off This Damn Money Short Title - FOTDM Original Author - Ban Li Zi ဒုတိယမျိုးဆက်ရဲ့ကြယ်ပွင့်ဖြစ်တဲ့ လီလင်းလင်းဟာ အသက်၁၅နှစ်မှာ သူမရဲ့ဓ...
80.5K 5.2K 28
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
82.3K 8.6K 90
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
82K 9.4K 122
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...