အခန်း (၂၃၂) - ဒီအခိုက်အတန့်၌ သူ့နှလုံသားထဲမှာ နတ်မိမယ်ဟာ သေဆုံးသွားခဲ့ပြီ (၁)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
ကျန်းကျစ်ယန်သည် ထိုဗီဒီယိုကို မကြည့်လိုက်မိပေမယ့် ကျောက်စိမ်းဖြူဆေးခရင်မ်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံး ဆိုသည့် နာမည်များကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုစကားလုံးများသည် မေ့မရနိုင်သော စကားလုံးများအဖြစ် သူ့ခေါင်းထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ကျန်းကျစ်ယန် သူ နားကြားမှားလားလို့ တွေးပြီး သူရပ်နေသည့်နေရာမှာပင် ရုပ်ထုတစ်ခုလို အေးခဲသွားခဲ့သည်။ ဘော့စ်ကု၏ ဒေါသသံကြောင့် မိုင်ပေါင်းများစွာ ခရီးထွက်သွားခဲ့သော သူ့အသိစိတ်က လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာခဲ့သည်။
"ကျန်းကျစ်ယန်၊ မင်း ငါ့ကို ဘယ်လိုမြင်တာလဲ။ မင်းက ငါတို့ရဲ့ မျက်နှာသာပေးမှုတွေကို ယွမ်ရာဂဏန်းလောက်နဲ့ ပြန်ပေးဆပ်လိုက်တာလား။" ဘော့စ်ကုသည် အလွန်ဒေါသထွက်စွာ ရယ်မောလိုက်မိသည်။ သူက ကျန်းကျစ်ယန်ကို အောက်ကျို့ဖို့ သူ့ကိုယ်သူ တွန်းအားပေးခဲ့ရပြီး အငယ်မျိုးဆက်ဖြစ်တဲ့ ကျန်းကျစ်ယန်ကို ဆက်သွယ်ခွင့်ရဖို့ လပေါင်းများစွာ ကြိုးပမ်းခဲ့ရသည်။ ထိုအရာအားလုံးအတွက် ဆေးပုလင်းအနည်းငယ်ခန့်သာ ပြန်ရရှိခဲ့သည်။ ပြီးတော့ အဆုံးသတ်၌ ထိုဆေးပုလင်းတွေရဲ့ တန်ဖိုးက ယွမ်ရာဂဏန်းလောက်ပဲ ကုန်ကျတာတဲ့လား။ ပြီးတော့ ဘယ်သူမဆို သူတို့ကို ဝယ်ယူနိုင်တယ်တဲ့လား။ ထိုသတင်းကို မြင်လိုက်ရသောအခါ သူ နှလုံးဖောက်လုမတတ် ဖြစ်သွားခဲ့သည်။ ဘော့စ်ကုသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း ကျန်းကျစ်ယန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ကျန်းကျစ်ယန် သိမ့်သိမ့်တုန်ခါသွားရင်း ပြောလိုက်သည်။ "ဒါက နားလည်မှုလွဲနေတာပါ၊ နားလည်မှု အချို့ရှိနေတာ ဖြစ်နိုင်ပါလိမ့်မယ်..."
အခုအချိန် သူ့ခေါင်းထဲတွင် အရာအားလုံး ရှုပ်ထွေးနေပြီး စဥ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ပေ။
ဘော့စ်ကုက သူ့လက်ကိုင်ဖုန်းကို သူ့မျက်နှာရှေ့တည့်တည့်သို့ ထိုးပြလိုက်ပြီး သူ့ပါးပြင် နီမြန်းလာသည်အထိ ဒေါသထွက်နေခဲ့သည်။ သူ့နဖူးပေါ်တွင် သွေးပြန်ကြောများ ထောင်ထနေသည်ကိုပင် မြင်တွေ့နိုင်သည်။ "နားလည်မှု လွဲတာတဲ့လား။ ဒီသတင်းကို သေချာကြည့်ပြီးမှ ငါ့ကို ဒါက နားလည်မှုလွဲတာလို့ ထပ်ပြောကြည့်။" ဒီထုတ်ပြန်ချက်က သတင်းတိုင်းမှာ ပါဝင်နေခဲ့ပြီ။ ဒါက ဘယ်လိုလုပ်ပြီးတော့ အစစ်အမှန် မဖြစ်နိုင်ရမှာလဲ။
သူတို့ရဲ့ ရန်ဖြစ်ငြင်းခုန်သံတွေက ကျယ်လောင်လွန်းသောကြောင့် တခြားသူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ လူအများက သူတို့နှစ်ယောက်ကို ဖျန်ဖြေပေးဖို့ သူတို့အနားကို ရောက်လာခဲ့ကြသည်။
"ဘော့စ်ကု၊ စိတ်လျှော့ပါဦး။ မင်းစကားပြောတာ ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတာလဲ။ ကျစ်ယန်က ငါတို့ရဲ့ အငယ်မျိုးဆက်ပဲ။ ငါတို့က သူ့ကို စိတ်ရှည်ရမှာပေါ့။"
"ကျစ်ယန်၊ မင်းလည်း ဘော့စ်ကုကို စကားကောင်းကောင်း ပြောသင့်တယ်။ သူ့မှာ သွေးတိုးရှိတယ်။ ငါတို့ သူ့ကို ဘာမှ မဖြစ်စေချင်ဘူး။"
သူတို့က ရန်ပွဲဖျန်ဖြေပေးသည့်နေရာမှာ တညီတညွတ်တည်း ဖြစ်နေပုံရသည်။
ဘော့စ်ကုရဲ့ ဒေါသမီးက မငြိမ်းသက်နိုင်သေးပေ။ သူက သူတို့အတွက် ရန်ပွဲဖျန်ဖြေပေးနေသေည့် သူ့အနားက မိတ်ဆွေသူငယ်ချင်းတွေကို ကြည့်လိုက်သည်။ သူတို့ကလည်း ကျန်းကျစ်ယန်ရဲ့ အရူးလုပ်ခြင်းကို ခံနေရသော နစ်နာသူတွေပင် ဖြစ်သည်။ သူက ကျန်းကျစ်ယန်အတွက် ဒါကို ဖုံးကွယ်ပေးဖို့ ရည်ရွယ်ချက်မရှိသလို သူ အဲ့လိုလုပ်ချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဘော့စ်ကုက သူ့ဒေါသတွေကို ဖိနှိပ်ရင်း စကားဆိုသည်။
"ဒီကိစ္စက ငါ့အမှားမဟုတ်ဘူး။ ဒီအကြောင်းက မင်းတို့အားလုံးနဲ့လည်း အများကြီး သက်ဆိုင်မှုရှိတယ်။"
"မင်းတို့သတင်းပြန်လွှင့်တဲ့ နေရာကို သွားပြီး ကျောက်စိမ်းဖြူဆေးခရင်မ်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးလုံးဆိုတာကို သွားရှာကြည့်လိုက်။"
သူ့စကားလုံးတွေက အခြားသူတွေရဲ့ နှလုံးသားကို ကျဆင်းသွားစေသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ထုတ်ယူလိုက်ကြပြီး သူတို့ကိုယ်တိုင် ဖုန်းမကိုင်တဲ့သူတွေတောင် သူတို့ရဲ့ လက်ထောက်တွေက သူတို့အတွက် ရှာဖွေပေးခဲ့ကြသည်။
သူတို့အားလုံး အဆိုပါသတင်းကို ကြည့်ရှုပြီးသည့်အခါမှာတော့ ဒေါသ အမျက်ချောင်းချောင်း ထွက်ကုန်ကြသည်။ ကျန်းကျစ်ယန်ရဲ့ ဘေးပတ်လည်မှာ ဝန်းရံနေရင်း သူတို့ရဲ့ ဒေါသတွေက ဘော့စ်ကုထက်ပို၍ပင် ကြီးမားကြသည်။
"ကျစ်ယန်၊ မင်း ငါတို့ကို ရှင်းပြစရာ မရှိဘူးလား။ ဒီမှာ ဘာဖြစ်နေတာလဲ။"
"မင်း ငါတို့ဆီက အကျိုးကျေးဇူး အများကြီး ရရှိခဲ့တယ်။ မင်း ငါတို့ကို ဒီလို ပြန်ပေးဆပ်လိုက်တာလား။ ငါတို့က မင်းကို ငါတို့ထက်ပိုပြီး ယုံကြည်ပေးခဲ့တယ်။"
"မင်း ငါတို့ ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး မပေးနိုင်ရင် ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"
ဒီနေ့ တက်ရောက်လာသော သူများထဲတွင် မည်သူမျှ စင်းလုံးချော ကောင်းမွန်နေသောသူများ မဟုတ်ကြပေ။ သူတို့က သူ့ကို ဖိအားပေးရုံတင်မကပဲ သူ့ကို တည့်တိုး ခြိမ်းခြောက်လာကြသည်။
သူ့အနားမှာ ဝိုင်းရံထားပြီး သူတို့ရဲ့ အုံ့မှိုင်းနေပြီး ဒေါသထွက်နေသော အကြည့်တွေက ကျန်းကျစ်ယန်ကို ချွေးအေးတွေ ထွက်လာစေပြီး သူ့နောက်ကျောတောင် စိုစွတ်သွားခဲ့သည်။ ဒီနေ့မှာ သူက ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင် ဒါက သူ့အတွက် အဆုံးသတ် ဖြစ်သွားနိုင်သည်။ ကျန်တဲ့ ကျန်းအိမ်တော်ကလူတွေကလည်း စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ သူတို့နှင့် ရင်းနှီးနွေးထွေးစွာ ဆက်ဆံပြောဆိုနေကြသည့် ဧည့်သည်တော်အားလုံးက ဘာဖြစ်လို့ ဒီလိုမျိုး ရုတ်တရတ် ပြောင်းလဲသွားကုန်တာလဲ။ သူတို့ပြောနေတဲ့ ဗီဒီယိုကို သူတို့သွားကြည့်ခဲ့ကြပေမယ့် ထိုကိစ္စနဲ့ သူတို့ကြားက ဆက်စပ်မှုကို သူတို့ နားမလည်ကြဘူး။ အဲ့တာက ဆေးဝါးအသစ်နှစ်မျိုးကို ထုတ်လုပ်ဖြန့်ချိမယ့်အကြောင်း မိတ်ဆက်တာပဲ မဟုတ်လား၊ အဲ့တာက ဘာဖြစ်လို့လဲ။
ဒီလိုမျိုးတွေ တွေ့ကြုံလာတိုင်း သူတို့ရဲ့ မသိစိတ်က ပထမဆုံးအတွေးမှာ ကျန်းကျစ်ဆုကို ဖုန်းခေါ်ပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သူတို့ကို လာရောက်ကူညီပေးရန်ပင် ဖြစ်သည်။ ဒါပေမယ့် သူတို့ ဖုန်းမခေါ်ခင်မှာ သူတို့က ခွဲထွက်လာခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်မျိုးနွယ်စုအဖြစ် စတင်နေပြီ ဖြစ်ကြောင်းကို ပြန်အမှတ်ရသွားခဲ့ကြသည်။ ကျန်းကျစ်ဆုသည် နောင်တွင် သူတို့ကို ကျောထောက်နောက်ခံပြုပေးတော့မှာ မဟုတ်ချေ။ သူတို့ ဒီအချိန်မှာ အရမ်းနောင်တရကြသည်။ ကျန်းကျစ်ယန်က သိပ်ပြီးအားကိုးလို့မရမှန်းကို ကြိုသိခဲ့ရင် သူတို့က ကျန်းကျစ်ယန်နောက်သို့ လိုက်ပါခဲ့မှာ မဟုတ်ဘူး။
**********************************
Zawgyi
အခန္း (၂၃၂) - ဒီအခိုက္အတန္႔၌ သူ႕ႏွလုံသားထဲမွာ နတ္မိမယ္ဟာ ေသဆုံးသြားခဲ့ၿပီ (၁)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)
က်န္းက်စ္ယန္သည္ ထိုဗီဒီယိုကို မၾကည့္လိုက္မိေပမယ့္ ေက်ာက္စိမ္းျဖဴေဆးခရင္မ္ႏွင့္ အဆိပ္အေတာက္ဖယ္႐ွားေဆးလုံး ဆိုသည့္ နာမည္မ်ားကို ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရသည္။ ထိုစကားလုံးမ်ားသည္ ေမ့မရႏိုင္ေသာ စကားလုံးမ်ားအျဖစ္ သူ႕ေခါင္းထဲသို႔ စိမ့္ဝင္သြားခဲ့သည္။
က်န္းက်စ္ယန္ သူ နားၾကားမွားလားလို႔ ေတြးၿပီး သူရပ္ေနသည့္ေနရာမွာပင္ ႐ုပ္ထုတစ္ခုလို ေအးခဲသြားခဲ့သည္။ ေဘာ့စ္ကု၏ ေဒါသသံေၾကာင့္ မိုင္ေပါင္းမ်ားစြာ ခရီးထြက္သြားခဲ့ေသာ သူ႕အသိစိတ္က လက္ေတြ႕ဘဝထဲသို႔ ျပန္ေရာက္လာခဲ့သည္။
"က်န္းက်စ္ယန္၊ မင္း ငါ့ကို ဘယ္လိုျမင္တာလဲ။ မင္းက ငါတို႔ရဲ႕ မ်က္ႏွာသာေပးမႈေတြကို ယြမ္ရာဂဏန္းေလာက္နဲ႔ ျပန္ေပးဆပ္လိုက္တာလား။" ေဘာ့စ္ကုသည္ အလြန္ေဒါသထြက္စြာ ရယ္ေမာလိုက္မိသည္။ သူက က်န္းက်စ္ယန္ကို ေအာက္က်ိဳ႕ဖို႔ သူ႕ကိုယ္သူ တြန္းအားေပးခဲ့ရၿပီး အငယ္မ်ိဳးဆက္ျဖစ္တဲ့ က်န္းက်စ္ယန္ကို ဆက္သြယ္ခြင့္ရဖို႔ လေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ရသည္။ ထိုအရာအားလုံးအတြက္ ေဆးပုလင္းအနည္းငယ္ခန္႔သာ ျပန္ရ႐ွိခဲ့သည္။ ၿပီးေတာ့ အဆုံးသတ္၌ ထိုေဆးပုလင္းေတြရဲ႕ တန္ဖိုးက ယြမ္ရာဂဏန္းေလာက္ပဲ ကုန္က်တာတဲ့လား။ ၿပီးေတာ့ ဘယ္သူမဆို သူတို႔ကို ဝယ္ယူႏိုင္တယ္တဲ့လား။ ထိုသတင္းကို ျမင္လိုက္ရေသာအခါ သူ ႏွလုံးေဖာက္လုမတတ္ ျဖစ္သြားခဲ့သည္။ ေဘာ့စ္ကုသည္ သူ႕ရင္ဘတ္ကို ဆုပ္ကိုင္ထားရင္း က်န္းက်စ္ယန္ကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္သည္။
က်န္းက်စ္ယန္ သိမ့္သိမ့္တုန္ခါသြားရင္း ေျပာလိုက္သည္။ "ဒါက နားလည္မႈလြဲေနတာပါ၊ နားလည္မႈ အခ်ိဳ႕႐ွိေနတာ ျဖစ္ႏိုင္ပါလိမ့္မယ္..."
အခုအခ်ိန္ သူ႕ေခါင္းထဲတြင္ အရာအားလုံး ႐ႈပ္ေထြးေနၿပီး စဥ္းစားေတြးေခၚႏိုင္စြမ္း မ႐ွိေတာ့ေပ။
ေဘာ့စ္ကုက သူ႕လက္ကိုင္ဖုန္းကို သူ႕မ်က္ႏွာေ႐ွ႕တည့္တည့္သို႔ ထိုးျပလိုက္ၿပီး သူ႕ပါးျပင္ နီျမန္းလာသည္အထိ ေဒါသထြက္ေနခဲ့သည္။ သူ႕နဖူးေပၚတြင္ ေသြးျပန္ေၾကာမ်ား ေထာင္ထေနသည္ကိုပင္ ျမင္ေတြ႕ႏိုင္သည္။ "နားလည္မႈ လြဲတာတဲ့လား။ ဒီသတင္းကို ေသခ်ာၾကည့္ၿပီးမွ ငါ့ကို ဒါက နားလည္မႈလြဲတာလို႔ ထပ္ေျပာၾကည့္။" ဒီထုတ္ျပန္ခ်က္က သတင္းတိုင္းမွာ ပါဝင္ေနခဲ့ၿပီ။ ဒါက ဘယ္လိုလုပ္ၿပီးေတာ့ အစစ္အမွန္ မျဖစ္ႏိုင္ရမွာလဲ။
သူတို႔ရဲ႕ ရန္ျဖစ္ျငင္းခုန္သံေတြက က်ယ္ေလာင္လြန္းေသာေၾကာင့္ တျခားသူေတြရဲ႕ စိတ္အာ႐ုံကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ လူအမ်ားက သူတို႔ႏွစ္ေယာက္ကို ဖ်န္ေျဖေပးဖို႔ သူတို႔အနားကို ေရာက္လာခဲ့ၾကသည္။
"ေဘာ့စ္ကု၊ စိတ္ေလွ်ာ့ပါဦး။ မင္းစကားေျပာတာ ဘာျဖစ္လို႔ ဒီလို ေျပာႏိုင္ရတာလဲ။ က်စ္ယန္က ငါတို႔ရဲ႕ အငယ္မ်ိဳးဆက္ပဲ။ ငါတို႔က သူ႕ကို စိတ္႐ွည္ရမွာေပါ့။"
"က်စ္ယန္၊ မင္းလည္း ေဘာ့စ္ကုကို စကားေကာင္းေကာင္း ေျပာသင့္တယ္။ သူ႕မွာ ေသြးတိုး႐ွိတယ္။ ငါတို႔ သူ႕ကို ဘာမွ မျဖစ္ေစခ်င္ဘူး။"
သူတို႔က ရန္ပြဲဖ်န္ေျဖေပးသည့္ေနရာမွာ တညီတၫြတ္တည္း ျဖစ္ေနပုံရသည္။
ေဘာ့စ္ကုရဲ႕ ေဒါသမီးက မၿငိမ္းသက္ႏိုင္ေသးေပ။ သူက သူတို႔အတြက္ ရန္ပြဲဖ်န္ေျဖေပးေနေသည့္ သူ႕အနားက မိတ္ေဆြသူငယ္ခ်င္းေတြကို ၾကည့္လိုက္သည္။ သူတို႔ကလည္း က်န္းက်စ္ယန္ရဲ႕ အ႐ူးလုပ္ျခင္းကို ခံေနရေသာ နစ္နာသူေတြပင္ ျဖစ္သည္။ သူက က်န္းက်စ္ယန္အတြက္ ဒါကို ဖုံးကြယ္ေပးဖို႔ ရည္႐ြယ္ခ်က္မ႐ွိသလို သူ အဲ့လိုလုပ္ခ်င္ရင္ေတာင္ လုပ္ႏိုင္မွာ မဟုတ္ဘူး။ ေဘာ့စ္ကုက သူ႕ေဒါသေတြကို ဖိႏွိပ္ရင္း စကားဆိုသည္။
"ဒီကိစၥက ငါ့အမွားမဟုတ္ဘူး။ ဒီအေၾကာင္းက မင္းတို႔အားလုံးနဲ႔လည္း အမ်ားႀကီး သက္ဆိုင္မႈ႐ွိတယ္။"
"မင္းတို႔သတင္းျပန္လႊင့္တဲ့ ေနရာကို သြားၿပီး ေက်ာက္စိမ္းျဖဴေဆးခရင္မ္နဲ႔ အဆိပ္အေတာက္ဖယ္႐ွားေဆးလုံးဆိုတာကို သြား႐ွာၾကည့္လိုက္။"
သူ႕စကားလုံးေတြက အျခားသူေတြရဲ႕ ႏွလုံးသားကို က်ဆင္းသြားေစသည္။ တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔ရဲ႕ လက္ကိုင္ဖုန္းေတြကို ထုတ္ယူလိုက္ၾကၿပီး သူတို႔ကိုယ္တိုင္ ဖုန္းမကိုင္တဲ့သူေတြေတာင္ သူတို႔ရဲ႕ လက္ေထာက္ေတြက သူတို႔အတြက္ ႐ွာေဖြေပးခဲ့ၾကသည္။
သူတို႔အားလုံး အဆိုပါသတင္းကို ၾကည့္႐ႈၿပီးသည့္အခါမွာေတာ့ ေဒါသ အမ်က္ေခ်ာင္းေခ်ာင္း ထြက္ကုန္ၾကသည္။ က်န္းက်စ္ယန္ရဲ႕ ေဘးပတ္လည္မွာ ဝန္းရံေနရင္း သူတို႔ရဲ႕ ေဒါသေတြက ေဘာ့စ္ကုထက္ပို၍ပင္ ႀကီးမားၾကသည္။
"က်စ္ယန္၊ မင္း ငါတို႔ကို ႐ွင္းျပစရာ မ႐ွိဘူးလား။ ဒီမွာ ဘာျဖစ္ေနတာလဲ။"
"မင္း ငါတို႔ဆီက အက်ိဳးေက်းဇူး အမ်ားႀကီး ရ႐ွိခဲ့တယ္။ မင္း ငါတို႔ကို ဒီလို ျပန္ေပးဆပ္လိုက္တာလား။ ငါတို႔က မင္းကို ငါတို႔ထက္ပိုၿပီး ယုံၾကည္ေပးခဲ့တယ္။"
"မင္း ငါတို႔ ေက်နပ္ေလာက္တဲ့ ႐ွင္းျပခ်က္မ်ိဳး မေပးႏိုင္ရင္ ငါတို႔ကို ရက္စက္တယ္လို႔ အျပစ္မတင္နဲ႔။"
ဒီေန႔ တက္ေရာက္လာေသာ သူမ်ားထဲတြင္ မည္သူမွ် စင္းလုံးေခ်ာ ေကာင္းမြန္ေနေသာသူမ်ား မဟုတ္ၾကေပ။ သူတို႔က သူ႕ကို ဖိအားေပး႐ုံတင္မကပဲ သူ႕ကို တည့္တိုး ၿခိမ္းေျခာက္လာၾကသည္။
သူ႕အနားမွာ ဝိုင္းရံထားၿပီး သူတို႔ရဲ႕ အုံ႔မိႈင္းေနၿပီး ေဒါသထြက္ေနေသာ အၾကည့္ေတြက က်န္းက်စ္ယန္ကို ေခြၽးေအးေတြ ထြက္လာေစၿပီး သူ႕ေနာက္ေက်ာေတာင္ စိုစြတ္သြားခဲ့သည္။ ဒီေန႔မွာ သူက ဒီကိစၥကို ေကာင္းေကာင္း မကိုင္တြယ္ႏိုင္ဘူးဆိုရင္ ဒါက သူ႕အတြက္ အဆုံးသတ္ ျဖစ္သြားႏိုင္သည္။ က်န္တဲ့ က်န္းအိမ္ေတာ္ကလူေတြကလည္း စိုးရိမ္ေၾကာင့္ၾကလ်က္႐ွိသည္။ သူတို႔ႏွင့္ ရင္းႏွီးေႏြးေထြးစြာ ဆက္ဆံေျပာဆိုေနၾကသည့္ ဧည့္သည္ေတာ္အားလုံးက ဘာျဖစ္လို႔ ဒီလိုမ်ိဳး ႐ုတ္တရတ္ ေျပာင္းလဲသြားကုန္တာလဲ။ သူတို႔ေျပာေနတဲ့ ဗီဒီယိုကို သူတို႔သြားၾကည့္ခဲ့ၾကေပမယ့္ ထိုကိစၥနဲ႔ သူတို႔ၾကားက ဆက္စပ္မႈကို သူတို႔ နားမလည္ၾကဘူး။ အဲ့တာက ေဆးဝါးအသစ္ႏွစ္မ်ိဳးကို ထုတ္လုပ္ျဖန္႔ခ်ိမယ့္အေၾကာင္း မိတ္ဆက္တာပဲ မဟုတ္လား၊ အဲ့တာက ဘာျဖစ္လို႔လဲ။
ဒီလိုမ်ိဳးေတြ ေတြ႕ၾကဳံလာတိုင္း သူတို႔ရဲ႕ မသိစိတ္က ပထမဆုံးအေတြးမွာ က်န္းက်စ္ဆုကို ဖုန္းေခၚၿပီး ဒီကိစၥကို ကိုင္တြယ္ေျဖ႐ွင္းေပးဖို႔ သူတို႔ကို လာေရာက္ကူညီေပးရန္ပင္ ျဖစ္သည္။ ဒါေပမယ့္ သူတို႔ ဖုန္းမေခၚခင္မွာ သူတို႔က ခြဲထြက္လာခဲ့ၾကၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္မ်ိဳးႏြယ္စုအျဖစ္ စတင္ေနၿပီ ျဖစ္ေၾကာင္းကို ျပန္အမွတ္ရသြားခဲ့ၾကသည္။ က်န္းက်စ္ဆုသည္ ေနာင္တြင္ သူတို႔ကို ေက်ာေထာက္ေနာက္ခံျပဳေပးေတာ့မွာ မဟုတ္ေခ်။ သူတို႔ ဒီအခ်ိန္မွာ အရမ္းေနာင္တရၾကသည္။ က်န္းက်စ္ယန္က သိပ္ၿပီးအားကိုးလို႔မရမွန္းကို ႀကိဳသိခဲ့ရင္ သူတို႔က က်န္းက်စ္ယန္ေနာက္သို႔ လိုက္ပါခဲ့မွာ မဟုတ္ဘူး။