ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.4K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-229

613 87 0
By Miracle_Phyu97

အခန်း (၂၂၉) - ဘော့စ်ကုသည် သူ့ရှေ့ရှိ ဖုန်းမျက်နှာပြင်ပေါ်မှ အရမ်းစိတ်ပျက်စရာကောင်းလောက်အောင် ရင်းနှီးကျွမ်းဝင်နေသော ဆေးဝါးများကို စိုက်ကြည့်နေခဲ့သည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဦးလေးသဲ့သည် ကျန်းမျိုးနွယ်စုအတွင်း အဆင့်အတန်း မြင့်မားတဲ့လူတစ်ဦး မဟုတ်ပေမယ့် သူက အသက်ဝါကြီးမျိုးဆက် ဖြစ်သောကြောင့် ကျန်းမျိုးနွယ်စုအတွင်းရှိ လူအများစုက သူ့ကို လေးစားကြသည်။ သူက အမြဲတမ်း မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် သူ့ကို‌ လေးစားကြောင်း အမြဲ ဂုဏ်ယူဝင့်ကြွားခဲ့သည်။ အခုအခါ မျိုးနွယ်စု အပြင်ဖက်ရှိ တစ်စုံတစ်ဦးက သူ့ကို စော်ကားနေသဖြင့် သူက ဒေါသအထွက်လွန်ပြီး ထိုနေရာ၌ပင် ချက်ချင်း သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ဖန့်ကျွင်းရုံက ပိုက်ဆံချမ်းသာပေမယ့် သူ့မျက်လုံးထဲမှာတော့ အရေးပါတဲ့သူတစ်ယောက် မဟုတ်ပေ။

"မင်း၊ မင်း..."

ဖန့်ကျွင်းရုံက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "စကားထစ်တာနဲ့ ပတ်သက်ပြီး ရှင့်မှာ ပြဿနာရှိရင် ဆရာဝန် သွားပြကြည့်သင့်တယ်။ အဲ့တာဆို ရှင့်ကိုယ်ရှင် အရှက်ခွဲသလို မဖြစ်တော့ဘူးပေါ့။"

"မဒမ်ဖန့်၊ ဦးလေးသဲ့က မင်းထက် ဝါကြီးတဲ့ မျိုးဆက်ကလေ။ သူ့ကို ရိုရိုသေသေ ပြောရတာ မှန်တယ်လို့ မင် မထင်ဘူးလား။" သူ့အသက်ပတ်ဝန်းကျင်လောက်ရှိသည့် ကျန်းကျစ်ယန်ဖက်မှ အခြားအမျိုးသားတစ်ဦးကလည်း ဝင်ပြောလာခဲ့သည်။

ဖန့်ကျွင်းရုံက သူ့ကို အသာပြုံးပြလိုက်သည်။ "သူတို့က အသက်အရွယ်ကြောင့် သူတို့ လုပ်ချင်ရာကို လုပ်နိုင်တယ်လို့ ထင်နေတဲ့သူတွေကို ငါ မလေးစားနိုင်ဘူး။ ငါက စျေးပေါတာမျိုးတွေကို မလိုချင်ဘူး။"

ကျန်းကျစ်ယန်သည် သူ့ပတ်ဝန်းကျင်ရှိ သူ့ရဲ့ ဝက်လို အသင်းဖော်တွေက သူ့ကို အတွင်းဒဏ်ရာ ရရှိစေရန် ကြိုးပမ်းနေသလို ဖြစ်နေသဖြင့် ဒေါသစိတ်ကို မထိန်းနိုင်ပဲ အော်လိုက်သည်။ "တော်တော့၊ မင်းတို့အားလုံး စိတ်လျှော့ကြပါ။"

သူက ဖန့်ကျွင်းရုံနဲ့ လက်တွဲနိုင်ဖို့ အစီအစဥ်များစွာ ရေးဆွဲလုပ်ဆောင်ခဲ့ပြီး ယခုအခါမှာတော့ အားလုံး ပျက်စီးသွားကုန်ပြီ ဖြစ်သည်။ ဒီအဖြစ်အပျက်က သူ့ကို သွေး ၃လီတာခန့် အန်သွားစေသည်။

ဖန့်ကျွင်းရုံသည် ဒီနေ့တွင် အကုန်လုံး ဖွင့်ထုတ်ပစ်မယ်လို့ ဆုံးဖြတ်ထားပုံရပြီး သူမက ကျန်းကျစ်ဆုဖက်သို့လှည့်ပြီး သူ့ကို မေးလိုက်သည်။ "ဝက်လို အုပ်စုလိုက်ကို စီမံခန့်ခွဲရတဲ့ ရှင့်ရဲ့ တာဝန်ကလည်း မလွယ်ပါလား။"

မူလတုန်းက ဖန့်ကျွင်းရုံသည် ပွဲကြည့်ဖို့ကိုသာ ပြင်ဆင်ထားခဲ့သည်။ ဒါပေမယ့် သူတို့က သူမကို သူတို့ရဲ့ ပြပွဲထဲ အတင်းဆွဲထည့်လိုက်သဖြင့် ဖြစ်လာမည့် အကျိုးဆက်တွေကို သူတို့ လက်ခံရပေလိမ့်မည်။ သူမကို အနိုင်ကျင့်လွယ်သူလို့ အထင်အမြင်မျိုးကို လုံးဝ မပေးနိုင်ပေ။

ကျန်းကျစ်ဆုရဲ့ အဖြေသည်လည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ "အိုး... မင်းတောင် ဒါကို အကျွမ်းတဝင် ရှိသွားပြီပဲ။" သူက ကျန်းကျစ်ယန်ရဲ့ ပတ်ဝန်းကျင်မှ လူတစ်စုဟာ ဝက်တွေလိုပဲ ဆိုသည့်အချက်ကို ငြင်းမယ်ခြင်း အလျဥ်းမရှိပေ။

ကျန်းကျစ်ယန်ရဲ့ သံသယအကြည့်တွေက သူတို့နှစ်ဦးထံ အပြန်ပြန် အလှန်လှန် ကြည့်နေခဲ့သည်။ သူ အခု ပို၍ စိတ်ပူလာခဲ့သည်။ ဒီနှစ်ယောက်က သူ့ရဲ့ ဆက်ဆံရေးကို တစ်နည်းနည်းဖြင့် ပိုကောင်းမွန်အောင် လုပ်ခဲ့ကြတာလား။ ဒီအတိုင်းသာ ဆိုလျှင် သူ့ရဲ့ အားသာချက်တွေက ပျောက်ဆုံးသွားပေလိမ့်မည်။ ထိုအတွေးက သူ့ကို စိတ်ရှုပ်ထွေးစေပြီး ဦးလေးသဲ့နဲ့ အခြားအမျိုးသားကို "မင်းတို့ ငါ့အတွက် ပြောပေးနေတာ ရပ်လိုက်တော့" လို့ ဆိုလိုက်သည်။

ဦးလေးသဲ့သည် ကျန်းကျစ်ယန်က သူ့ဖက်မှ ရပ်တည်ပေးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သည်။ အခြားသူများရှေ့တွင် ဤကဲ့သို့ မျက်နှာဖြတ်ရိုက်ခံရခြင်းက သူ့မျက်နှာကို တင်းမာသွားစေခဲ့သည်။

ကျန်းကျစ်ဆုသည် ရယ်စရာကောင်းတာကိုပဲ တွေ့ရှိခဲ့ရသည်။ သူတို့ရဲ့ မဟာမိတ်ဖွဲ့မှုသည် သူ ထင်ထားသည်ထက် ပို၍အားနည်းနေခဲ့သည်။ မဟုတ်သေးဘူး၊ အဲ့တာကို စကားထဲတောင် ထည့်မပြောနိုင်လောက်အောင် ဆိုးရွားနေတာပဲ။ နောက်ဆုံးရလဒ်မှာ ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံကို အမှန်တကယ် မဆန့်ကျင်ရဲသောကြောင့်ပင် ဖြစ်သည်။ သူ့ရဲ့ မသိစိတ်ထဲမှာ တဖြည်းဖြည်းနဲ့ ဖန့်ကျွင်းရုံဟာ မည်သူမျှ လျှော့မတွက်ဝံ့သော လူတစ်ယောက် ဖြစ်လာခဲ့သည်။

ကျန်းကျစ်ဆုက လေးနက်တည်ကြည်သော အသွင်အပြင်ကို ဆင်မြန်းပြီး ပြောလိုက်သည်။ "မင်း မျိုးနွယ်စုခေါင်းဆောင်နေရာကို အိမ်မက်မက်နေတာကို ရပ်လိုက်ပါ။ မင်း ငါ့ကို မကျေနပ်ဘူးဆိုရင် အပြင်ဖက်မှာ အိမ်ခွဲနေပြီး မျိုးနွယ်စုအသစ်တစ်ခု တည်ဆောက်နိုင်တယ်။ ဒီနည်းနဲ့ကို အသုံးပြုမယ်ဆိုရင် မင်းနဲ့ မင်းရဲ့ကံတရားကို ငါ တားဆီးမှာ မဟုတ်ဘူး။" ဒါက အိမ်တော်ခွဲအသေးလေးတွေကို ဖယ်ရှားပစ်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့ကို ထိန်းချုပ်ထားနိုင်ပြီး မျိုးနွယ်စုရဲ့ ကိစ္စရပ်များထဲကို သူတို့ ဝင်ရောက်တာမျိုး မဖြစ်ပွားစေရန် တားမြစ်လိုက်နိုင်ပြီး သူတို့ကို အမြဲတစေ သတိနဲ့ စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။

တစ်ခါတစ်ရံမှာတော့ ဒဏ်ရာကို ကုသရန် ပုတ်နေသော အသားများကို ဖြတ်တောက်ပစ်ဖို့ လိုအပ်လေသည်။

ကျန်းကျစ်ယန်က သူ့မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ပြီး ကျန်းကျစ်ဆုကို စူးစမ်း ကြည့်ရှုလိုက်သည်။ ဒီကျန်းမျိုးနွယ်စုတွင် အိမ်တော်ခွဲ ၁၂ခုရှိပြီး ပထမအိမ်တော်နဲ့ ဒုတိယအိမ်တော်တို့ကို ပင်မအိမ်တော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကျန်တဲ့အိမ်တော်များကို အိမ်တော်ခွဲများလို့ သတ်မှတ်ခဲ့ကြသည်။ အခု သူ့ဖက်မှာ ရပ်တည်နေတဲ့ အိမ်တော်ခွဲက ခုနစ်ခုရှိသည်။ အကယ်၍ သူတို့သာ ခွဲထွက်သွားခဲ့မယ်ဆိုရင် ကျန်းကျစ်ဆုရဲ့ လွှမ်းမိုးနိုင်စွမ်းက အများကြီး လျှော့သွားပေလိမ့်မည်။ သူက ဒီလောက်အင်အားစုများကို တကယ်ပဲ စွန့်လွှတ်နိုင်တယ်လား။

မျိုးနွယ်စု ခွဲလိုက်မယ်ဆို ရရှိလာမည့် အကျိုးကျေးဇူးများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ အနာဂတ်တွင် ကျန်းကျစ်ဆုက သူတို့ရဲ့ အထက်မှာ မရှိတော့ရင် သူတို့ လုပ်ချင်တာကို လုပ်နိုင်ပြီး သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် ကျန်းကျစ်ဆုက အခွင့်ကောင်းယူမှာကို စိတ်ပူနေစရာ မလိုအပ်‌တော့ဘူး။ ထို့အပြင် မျိုးနွယ်စု ခွဲလိုက်တယ်လို့ဆိုလျှင် အပြင်လူများ၏ နားတွင် ကြားရတာ ပိုကောင်းမွန်ပြီး ပင်မအိမ်တော်ကို တော်လှန်သည့် အစီအစဥ်ရဲ့ ဝန်ထုပ်ကို သူ ထမ်းပိုးစရာ မလိုအပ်တော့ပေ။

ထို့အပြင် ဖန့်ကျွင်းရုံသည်လည်း ဒီနေရာကို ရောက်ရှိနေခဲ့သည်။ သူမက ဘယ်သူ့ဖက်မှာ ရပ်တည်မှာလဲ။ အဲ့ဒီမေးခွန်းက သူ့အပေါ် ဖိအားသက်ရောက်စေခဲ့သည်။

သူ့အမူအရာက ထပ်ခါထပ်ခါ‌ ပြောင်းလဲနေခဲ့ပြီး သူ့ရဲ့ စိတ်ထဲမှာ အတွေးများနေတယ် ဆိုတာ သိသာပါသည်။

**********************************

Zawgyi

အခန္း (၂၂၉) - ေဘာ့စ္ကုသည္ သူ႕ေ႐ွ႕႐ွိ ဖုန္းမ်က္ႏွာျပင္ေပၚမွ အရမ္းစိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ရင္းႏွီးကြၽမ္းဝင္ေနေသာ ေဆးဝါးမ်ားကို စိုက္ၾကည့္ေနခဲ့သည္ (၁)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

ဦးေလးသဲ့သည္ က်န္းမ်ိဳးႏြယ္စုအတြင္း အဆင့္အတန္း ျမင့္မားတဲ့လူတစ္ဦး မဟုတ္ေပမယ့္ သူက အသက္ဝါႀကီးမ်ိဳးဆက္ ျဖစ္ေသာေၾကာင့္ က်န္းမ်ိဳးႏြယ္စုအတြင္း႐ွိ လူအမ်ားစုက သူ႕ကို ေလးစားၾကသည္။ သူက အၿမဲတမ္း မ်ိဳးႏြယ္စုေခါင္းေဆာင္ပင္လွ်င္ သူ႕ကို‌ ေလးစားေၾကာင္း အၿမဲ ဂုဏ္ယူဝင့္ႂကြားခဲ့သည္။ အခုအခါ မ်ိဳးႏြယ္စု အျပင္ဖက္႐ွိ တစ္စုံတစ္ဦးက သူ႕ကို ေစာ္ကားေနသျဖင့္ သူက ေဒါသအထြက္လြန္ၿပီး ထိုေနရာ၌ပင္ ခ်က္ခ်င္း ေသဆုံးလုနီးပါး ျဖစ္သြားခဲ့သည္။ ဖန္႔ကြၽင္း႐ုံက ပိုက္ဆံခ်မ္းသာေပမယ့္ သူ႕မ်က္လုံးထဲမွာေတာ့ အေရးပါတဲ့သူတစ္ေယာက္ မဟုတ္ေပ။

"မင္း၊ မင္း..."

ဖန္႔ကြၽင္း႐ုံက သူ႕ကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။ "စကားထစ္တာနဲ႔ ပတ္သက္ၿပီး ႐ွင့္မွာ ျပႆနာ႐ွိရင္ ဆရာဝန္ သြားျပၾကည့္သင့္တယ္။ အဲ့တာဆို ႐ွင့္ကိုယ္႐ွင္ အ႐ွက္ခြဲသလို မျဖစ္ေတာ့ဘူးေပါ့။"

"မဒမ္ဖန္႔၊ ဦးေလးသဲ့က မင္းထက္ ဝါႀကီးတဲ့ မ်ိဳးဆက္ကေလ။ သူ႕ကို ႐ို႐ိုေသေသ ေျပာရတာ မွန္တယ္လို႔ မင္ မထင္ဘူးလား။" သူ႕အသက္ပတ္ဝန္းက်င္ေလာက္႐ွိသည့္ က်န္းက်စ္ယန္ဖက္မွ အျခားအမ်ိဳးသားတစ္ဦးကလည္း ဝင္ေျပာလာခဲ့သည္။

ဖန္႔ကြၽင္း႐ုံက သူ႕ကို အသာျပဳံးျပလိုက္သည္။ "သူတို႔က အသက္အ႐ြယ္ေၾကာင့္ သူတို႔ လုပ္ခ်င္ရာကို လုပ္ႏိုင္တယ္လို႔ ထင္ေနတဲ့သူေတြကို ငါ မေလးစားႏိုင္ဘူး။ ငါက ေစ်းေပါတာမ်ိဳးေတြကို မလိုခ်င္ဘူး။"

က်န္းက်စ္ယန္သည္ သူ႕ပတ္ဝန္းက်င္႐ွိ သူ႕ရဲ႕ ဝက္လို အသင္းေဖာ္ေတြက သူ႕ကို အတြင္းဒဏ္ရာ ရ႐ွိေစရန္ ႀကိဳးပမ္းေနသလို ျဖစ္ေနသျဖင့္ ေဒါသစိတ္ကို မထိန္းႏိုင္ပဲ ေအာ္လိုက္သည္။ "ေတာ္ေတာ့၊ မင္းတို႔အားလုံး စိတ္ေလွ်ာ့ၾကပါ။"

သူက ဖန္႔ကြၽင္း႐ုံနဲ႔ လက္တြဲႏိုင္ဖို႔ အစီအစဥ္မ်ားစြာ ေရးဆြဲလုပ္ေဆာင္ခဲ့ၿပီး ယခုအခါမွာေတာ့ အားလုံး ပ်က္စီးသြားကုန္ၿပီ ျဖစ္သည္။ ဒီအျဖစ္အပ်က္က သူ႕ကို ေသြး ၃လီတာခန္႔ အန္သြားေစသည္။

ဖန္႔ကြၽင္း႐ုံသည္ ဒီေန႔တြင္ အကုန္လုံး ဖြင့္ထုတ္ပစ္မယ္လို႔ ဆုံးျဖတ္ထားပုံရၿပီး သူမက က်န္းက်စ္ဆုဖက္သို႔လွည့္ၿပီး သူ႕ကို ေမးလိုက္သည္။ "ဝက္လို အုပ္စုလိုက္ကို စီမံခန္႔ခြဲရတဲ့ ႐ွင့္ရဲ႕ တာဝန္ကလည္း မလြယ္ပါလား။"

မူလတုန္းက ဖန္႔ကြၽင္း႐ုံသည္ ပြဲၾကည့္ဖို႔ကိုသာ ျပင္ဆင္ထားခဲ့သည္။ ဒါေပမယ့္ သူတို႔က သူမကို သူတို႔ရဲ႕ ျပပြဲထဲ အတင္းဆြဲထည့္လိုက္သျဖင့္ ျဖစ္လာမည့္ အက်ိဳးဆက္ေတြကို သူတို႔ လက္ခံရေပလိမ့္မည္။ သူမကို အႏိုင္က်င့္လြယ္သူလို႔ အထင္အျမင္မ်ိဳးကို လုံးဝ မေပးႏိုင္ေပ။

က်န္းက်စ္ဆုရဲ႕ အေျဖသည္လည္း အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းသည္။ "အိုး... မင္းေတာင္ ဒါကို အကြၽမ္းတဝင္ ႐ွိသြားၿပီပဲ။" သူက က်န္းက်စ္ယန္ရဲ႕ ပတ္ဝန္းက်င္မွ လူတစ္စုဟာ ဝက္ေတြလိုပဲ ဆိုသည့္အခ်က္ကို ျငင္းမယ္ျခင္း အလ်ဥ္းမ႐ွိေပ။

က်န္းက်စ္ယန္ရဲ႕ သံသယအၾကည့္ေတြက သူတို႔ႏွစ္ဦးထံ အျပန္ျပန္ အလွန္လွန္ ၾကည့္ေနခဲ့သည္။ သူ အခု ပို၍ စိတ္ပူလာခဲ့သည္။ ဒီႏွစ္ေယာက္က သူ႕ရဲ႕ ဆက္ဆံေရးကို တစ္နည္းနည္းျဖင့္ ပိုေကာင္းမြန္ေအာင္ လုပ္ခဲ့ၾကတာလား။ ဒီအတိုင္းသာ ဆိုလွ်င္ သူ႕ရဲ႕ အားသာခ်က္ေတြက ေပ်ာက္ဆုံးသြားေပလိမ့္မည္။ ထိုအေတြးက သူ႕ကို စိတ္႐ႈပ္ေထြးေစၿပီး ဦးေလးသဲ့နဲ႔ အျခားအမ်ိဳးသားကို "မင္းတို႔ ငါ့အတြက္ ေျပာေပးေနတာ ရပ္လိုက္ေတာ့" လို႔ ဆိုလိုက္သည္။

ဦးေလးသဲ့သည္ က်န္းက်စ္ယန္က သူ႕ဖက္မွ ရပ္တည္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားခဲ့သည္။ အျခားသူမ်ားေ႐ွ႕တြင္ ဤကဲ့သို႔ မ်က္ႏွာျဖတ္႐ိုက္ခံရျခင္းက သူ႕မ်က္ႏွာကို တင္းမာသြားေစခဲ့သည္။

က်န္းက်စ္ဆုသည္ ရယ္စရာေကာင္းတာကိုပဲ ေတြ႕႐ွိခဲ့ရသည္။ သူတို႔ရဲ႕ မဟာမိတ္ဖြဲ႕မႈသည္ သူ ထင္ထားသည္ထက္ ပို၍အားနည္းေနခဲ့သည္။ မဟုတ္ေသးဘူး၊ အဲ့တာကို စကားထဲေတာင္ ထည့္မေျပာႏိုင္ေလာက္ေအာင္ ဆိုး႐ြားေနတာပဲ။ ေနာက္ဆုံးရလဒ္မွာ က်န္းက်စ္ယန္သည္ ဖန္႔ကြၽင္း႐ုံကို အမွန္တကယ္ မဆန္႔က်င္ရဲေသာေၾကာင့္ပင္ ျဖစ္သည္။ သူ႕ရဲ႕ မသိစိတ္ထဲမွာ တျဖည္းျဖည္းနဲ႔ ဖန္႔ကြၽင္း႐ုံဟာ မည္သူမွ် ေလွ်ာ့မတြက္ဝံ့ေသာ လူတစ္ေယာက္ ျဖစ္လာခဲ့သည္။

က်န္းက်စ္ဆုက ေလးနက္တည္ၾကည္ေသာ အသြင္အျပင္ကို ဆင္ျမန္းၿပီး ေျပာလိုက္သည္။ "မင္း မ်ိဳးႏြယ္စုေခါင္းေဆာင္ေနရာကို အိမ္မက္မက္ေနတာကို ရပ္လိုက္ပါ။ မင္း ငါ့ကို မေက်နပ္ဘူးဆိုရင္ အျပင္ဖက္မွာ အိမ္ခြဲေနၿပီး မ်ိဳးႏြယ္စုအသစ္တစ္ခု တည္ေဆာက္ႏိုင္တယ္။ ဒီနည္းနဲ႔ကို အသုံးျပဳမယ္ဆိုရင္ မင္းနဲ႔ မင္းရဲ႕ကံတရားကို ငါ တားဆီးမွာ မဟုတ္ဘူး။" ဒါက အိမ္ေတာ္ခြဲအေသးေလးေတြကို ဖယ္႐ွားပစ္ဖို႔ အခြင့္အလမ္းေကာင္းတစ္ခု ျဖစ္သည္။ ဤနည္းအားျဖင့္ သူတို႔ကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး မ်ိဳးႏြယ္စုရဲ႕ ကိစၥရပ္မ်ားထဲကို သူတို႔ ဝင္ေရာက္တာမ်ိဳး မျဖစ္ပြားေစရန္ တားျမစ္လိုက္ႏိုင္ၿပီး သူတို႔ကို အၿမဲတေစ သတိနဲ႔ ေစာင့္ၾကည့္ေနရန္ မလိုအပ္ေတာ့ေပ။

တစ္ခါတစ္ရံမွာေတာ့ ဒဏ္ရာကို ကုသရန္ ပုတ္ေနေသာ အသားမ်ားကို ျဖတ္ေတာက္ပစ္ဖို႔ လိုအပ္ေလသည္။

က်န္းက်စ္ယန္က သူ႕မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္ၿပီး က်န္းက်စ္ဆုကို စူးစမ္း ၾကည့္႐ႈလိုက္သည္။ ဒီက်န္းမ်ိဳးႏြယ္စုတြင္ အိမ္ေတာ္ခြဲ ၁၂ခု႐ွိၿပီး ပထမအိမ္ေတာ္နဲ႔ ဒုတိယအိမ္ေတာ္တို႔ကို ပင္မအိမ္ေတာ္အျဖစ္ သတ္မွတ္ခဲ့ၾကသည္။ က်န္တဲ့အိမ္ေတာ္မ်ားကို အိမ္ေတာ္ခြဲမ်ားလို႔ သတ္မွတ္ခဲ့ၾကသည္။ အခု သူ႕ဖက္မွာ ရပ္တည္ေနတဲ့ အိမ္ေတာ္ခြဲက ခုနစ္ခု႐ွိသည္။ အကယ္၍ သူတို႔သာ ခြဲထြက္သြားခဲ့မယ္ဆိုရင္ က်န္းက်စ္ဆုရဲ႕ လႊမ္းမိုးႏိုင္စြမ္းက အမ်ားႀကီး ေလွ်ာ့သြားေပလိမ့္မည္။ သူက ဒီေလာက္အင္အားစုမ်ားကို တကယ္ပဲ စြန္႔လႊတ္ႏိုင္တယ္လား။

မ်ိဳးႏြယ္စု ခြဲလိုက္မယ္ဆို ရ႐ွိလာမည့္ အက်ိဳးေက်းဇူးမ်ားကို သာမန္မ်က္စိျဖင့္ပင္ ျမင္ႏိုင္သည္။ အနာဂတ္တြင္ က်န္းက်စ္ဆုက သူတို႔ရဲ႕ အထက္မွာ မ႐ွိေတာ့ရင္ သူတို႔ လုပ္ခ်င္တာကို လုပ္ႏိုင္ၿပီး သူ႕ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းအေပၚ က်န္းက်စ္ဆုက အခြင့္ေကာင္းယူမွာကို စိတ္ပူေနစရာ မလိုအပ္‌ေတာ့ဘူး။ ထို႔အျပင္ မ်ိဳးႏြယ္စု ခြဲလိုက္တယ္လို႔ဆိုလွ်င္ အျပင္လူမ်ား၏ နားတြင္ ၾကားရတာ ပိုေကာင္းမြန္ၿပီး ပင္မအိမ္ေတာ္ကို ေတာ္လွန္သည့္ အစီအစဥ္ရဲ႕ ဝန္ထုပ္ကို သူ ထမ္းပိုးစရာ မလိုအပ္ေတာ့ေပ။

ထို႔အျပင္ ဖန္႔ကြၽင္း႐ုံသည္လည္း ဒီေနရာကို ေရာက္႐ွိေနခဲ့သည္။ သူမက ဘယ္သူ႕ဖက္မွာ ရပ္တည္မွာလဲ။ အဲ့ဒီေမးခြန္းက သူ႕အေပၚ ဖိအားသက္ေရာက္ေစခဲ့သည္။

သူ႕အမူအရာက ထပ္ခါထပ္ခါ‌ ေျပာင္းလဲေနခဲ့ၿပီး သူ႕ရဲ႕ စိတ္ထဲမွာ အေတြးမ်ားေနတယ္ ဆိုတာ သိသာပါသည္။

Continue Reading

You'll Also Like

27.1K 2.4K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
3.4K 227 7
🚨18+Warning🚨 #just fan translation #all credit to original authur and Eng translator #wakeupastheCinderella'sstepsister
54.2K 4K 29
အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်း ။
110K 14.1K 101
ခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ...