ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.4K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-223

724 90 0
By Miracle_Phyu97

အခန်း (၂၂၃) – ကျန်းကျစ်ယန်သည် သူ မျှော်လင့်ထားသလိုမျိုး အချိန်အကြာကြီး ပျော်ရွှင်နေရမည် မဟုတ်ပေ (၃)

ဖန့်ကျွင်းရုံသည် ဦးလေးကျန်းထံသို့ ဖုန်းခေါ်ဆိုကာ ကျန်းကျစ်ယန်နှင့် ထိုကုမ္ပဏီများအကြား ဆက်ဆံရေးအကြောင်းကို မေးမြန်းခဲ့သည်။ ကျန်းကျစ်ယန်တွင် ဒီကုမ္ပဏီတွေရဲ့ အစုရှယ်ယာများကို ဗြောင်ကျကျ မကိုင်ဆောင်ထားပေမယ့် သူ့ဦးလေးနှင့် သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်များ ဖြစ်ကြကြောင်း မကြာမီမှာပင် သူမ သတင်းရရှိခဲ့သည်။ သူမသည် ဒီပြဿနာဟာ သူမနဲ့ ကုမ္ပဏီပြိုင်ဖက်တွေရဲ့ အကျိုးစီးပွားအတွက် ရုန်းကန်နေမှုဟု ထင်မြင်ယူဆခဲ့ပေမယ့် ကျန်းကျစ်ယန်နဲ့ ဆက်ဆံရေး တစ်စိတ်တစ်ပိုင်း ရှိနေဆဲပင် မဟုတ်ပါလား။

သူမသည် နောက်ကွယ်မှ အကြောင်းအရာများကို ချက်ချင်း ရှာဖွေခဲ့ပြီး သူ ဘာကြောင့် ဒီလိုလုပ်တာလဲ ဆိုတာကို ရိပ်မိသွားခဲ့သည်။ တစ်ဖက်တွင် သူက သူမရဲ့ မောက်မာမှုကို ဖိနှိပ်ရန် သူငယ်ချင်းများနှင့် ဆွေမျိုးများကို အကူအညီပေးခဲ့ပြီး တစ်ဖက်တွင်မူ သူမထံမှ ကျေးဇူးကို ရရှိရန် အလကား လက်ကမ်းကူပေးခြင်း ဖြစ်သည်။ စကားမစပ်၊ အဲ့တာ ‌ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်နိုင်တယ်လို့ ပြောနိုင်တဲ့ သူရဲ့ စွမ်းဆောင်နိုင်မှုကို သူမ မြင်တွေ့ခဲ့ရသည်။

ကျန်းကျစ်ယန်သည် လူအများ၏ နှလုံးသားကို ဆွဲဆောင်နိုင်ရန် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုလေ့ရှိပုံရသည်။ ယခင်က ရှင်းယွင်နှင့် ယခု သူမထံသို့ သူသည် တူညီသော နည်းလမ်းကို အသုံးပြုပြီး ဆွဲဆောင်ရန် စီစဥ်ခဲ့သည်။

သူမသည် သူ့ရဲ့ ချဥ်းကပ်မှုကို မကျေနပ်သော်လည်း ဒါက သူ လုပ်တတ်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်ထံသို့ ဖုန်းမခေါ်ခင် ဖုန်းအား ခဏသွင်းထားလိုက်သည်။ ကျန်းကျစ်ယန် စကားစမပြောနိုင်ခင်မှာပဲ သူမ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သခင်လေးကျန်း၊ ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာပေးပါဦး။ ကျေးဇူးပြုပြီး ဟုန်ယန်ကော်ပိုရေးရှင်းနဲ့ ပေါင်းခုန်ကော်ပိုရေးရှင်းတွေရဲ့ ဥက္ကဌတွေကို ကျွန်မကို ဂရုစိုက်ပြီး စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျွန်မက ကျေးဇူးတင်ပါတယ်လို့ ကျွန်မအစား ပြောပေးပါဦး။"

ဖန့်ကျွင်းရုံသည် 'ဂရုစိုက်ပေးပြီး စိုးရိမ်ပူပန်ပေးတယ်' ဆိုသည့် စကားလုံးများကို အသားပေး ပြောကြားခဲ့ပြီး ကျန်းကျစ်ယန်ရဲ့ တုံ့ပြန်မှုကို မစောင့်တော့ပဲ ဖုန်းချလိုက်သည်။

နောက်ရက်ပေါင်း ၂၀ခန့်အကြာတွင် ကျောက်စိမ်းဖြူဆေးခရင်မ်ကို စျေးကွက်ထဲသို့ ထုတ်လုပ်ဖြန့်ချိပေလိမ့်မည်။ ကျန်းကျစ်ယန်သည် အဆုံး၌ ဆောင်းဦးပေါက်နှံကောင်တစ်ကောင်ကဲ့သို့သာ ဖြစ်နိုင်ပြီး - နောက်ထပ်ရက်အများကြီး မကျန်ရှိတော့ပေ။

"တူ၊ တူ၊ တူ....."

ကျန်းကျစ်ယန်သည် တစ်ဖက်မှ ဖုန်းချသွားသောအသံကို နားထောင်ရင်း မျက်နှာပျက်ယွင်းသွားခဲ့သည်။ ဖန့်ကျွင်းရုံက ဒေါသအရမ်းထွက်ပြီး သူ့ကို မျက်နှာသာမပေးပဲ ဖုန်းကို တိုက်ရိုက်ချသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ကျန်းကျစ်ယန်သည် ထိုဆေးဝါးများ၏ အကူအညီဖြင့် မကြာသေးခင်က သူသွားလေရာ နေရာတိုင်းမှာ မျက်နှာသာပေးခြင်း ခံခဲ့ရသည်။ လူအများက သူသည် ကျန်းအိမ်တော်ရဲ့ နောက်တက်လာမည့် အိမ်တော်သခင်ဖြစ်မည်ဟုဆိုကာ ကြိုတင်ဂုဏ်ပြုခဲ့ကြသည်။ ချီးကျူးစကားများစွာက သူ့ကို စိတ်ကြီးဝင်စေခဲ့သည်။ ဒီနေ့ ဖန့်ကျွင်းရုံရဲ့ အပြုအမူက သူ့အပေါ်ကို ရေအေးဖြင့် လောင်းချလိုက်သလိုမျိုး နှိုးထသွားစေကာ သူ့ရဲ့ အရင်က ကြည်လင်ပြတ်သားမှုကို ပြန်လည်ရရှိစေခဲ့သည်။

အခြားသူတွေက သူ့ကို မျက်နှာသာပေးရန် လိုအပ်သော်လည်း ဖန့်ကျွင်းရုံကမူ သူ့ကို မျက်နှာသာပေးရန် မလိုအပ်ပေ။ ဖန့်ကျွင်းရုံသည် ဒီနယ်ပယ်မှာ အဆက်အသွယ်မရှိလို့သာ မဟုတ်ရင် သူမဟာ အခုအချိန်မှာ ရေပန်းအစားဆုံး ဖြစ်နေမှာပင်။

ကျန်းကျစ်ယန်သည် သူ့ရဲ့အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ခဲလိုက်ပြီး ကျန်းပိကို ထပ်ခါတလဲလဲ ကျိန်ဆဲလိုက်သည်။ သူက ကျန်းပိကို အချိန် လနဲ့ချီပြီး ပေးထားခဲ့သော်လည်း ယခုအချိန်အထိ ကျောက်စိမ်းဖြူဆေးခရင်မ်ထဲက ပါဝင်ပစ္စည်းတွေရဲ့ သဲလွန်စကို မရရှိသေးဘူး။ ဘယ်လိုလုပ်ပြီး သူ့ကို အနှစ်တစ်ရာအတွင်းမှ တစ်ခါပေါ်ပေါက်သည့် ပါရမီရှင်တစ်ဦးလို့ ကြွားလုံးနေရတာလဲ။ သူက အတုအယောင်သာဖြစ်ကြောင်း သိသာထင်ရှားလှသည်။

"ကျစ်ယန်၊ ဖန့်ကျွင်းရုံက ဘာပြောတာလဲ။" ကျန်းကျစ်ယန်ရဲ့ ဦးလေး ဘော့စ်စွင်းက မေးသည်။ သူသည် ဟုန်ယန်ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။ ဟုန်ယန်ကော်ပိုရေးရှင်းသည် ခေါင်းလျှော်ရည်နှင့် ဆံပင်ပြန်ပေါက်စေသော ထုတ်ကုန်များကို အဓိကထား ထုတ်လုပ်သည်။ ယခင်က ဖန့်ကျွင်းရုံ ရောင်းချခဲ့သော အလှအပဆေးလုံးများသည် သူတို့ကုမ္ပဏီ၏ အဓိကလုပ်ငန်းနှင့် နယ်ပယ်ခြင်း မတူညီသောကြောင့် ထိုနယ်ပယ်တူသည့် အခြားကုမ္ပဏီလုပ်ငန်းများ သွေးရူးသွေးတန်းဖြစ်နေတာကို ပျော်ပျော်ရွှင်ရွှင်ကြီး ထိုင်ကြည့်နေခဲ့သည်။ ဖန့်ကျွင်းရုံက သူမရဲ့ ဆံပင်ကြီးထွားဆေးခရင်မ်အကြောင်း ကြိုတင်မိတ်ဆက်သောအခါတွင် သူတို့ကို တကယ်ထိတ်လန့်သွားစေခဲ့သည်။

တစ်ဖက်တွင်၊ သူတို့က ကျန်းကျစ်ယန်ရဲ့ အမိန့်အတိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်မူ သူတို့သည် အင်တာနက်ပေါ်တွင် မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ဂုဏ်သတင်းအား ပျက်ယွင်းသွားစေဖို့ လုပ်ဆောင်ခဲ့သည်။ သို့သော် ဖန့်ကျွင်းရုံသည် Duchess Capetနှင့် တကယ်ပဲ သူငယ်ချင်းဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြသည့်အပြင် Duchess Capetက သူမအတွက် အမှန်တကယ် ကြော်ငြာပေးဖို့ကိုပင် တောင်းဆိုခဲ့သည်။ နောက်ဆုံး၌ သူတို့ရဲ့ အစီအစဥ်များကို ပျက်ယွင်းသွားစေခဲ့ပြီး သူတို့ရဲ့လုပ်ရပ်တွေက မိန်ဖုန့်ကော်ပိုရေးရှင်းအတွက် အခမဲ့ ကြော်ငြာတွေ ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူ့ကို တူဖြစ်သူက ဖန့်ကျွင်းရုံနှင့် ဆက်သွယ်ပေးနိုင်ကြောင်း၊ နှစ်မိသားစုကြား စီးပွား‌ရေး ပူးပေါင်းနိုင်မလား ဆိုတာကို မေးမြန်းပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖန့်ကျွင်းရုံသည် အဆင့်မြင့်လမ်းကြောင်းကို သွားနေစဥ် သူတို့က အနိမ့်ဆုံးကို ရယူနိုင်သည်။ သူ ဒီကို ရောက်လာသည့်အချိန်တွင် သူ့တူလေးက ဖုန်းပြောရင်းတန်းလန်း ဖြစ်နေတာကို တွေ့လိုက်ရသည်။

ကျန်းကျစ်ယန်က အသက်ပြင်းပြင်းရှူပြီး သူ့နှုတ်ခမ်းထောင့်စွန်းများကို တင်းတင်းစေ့လိုက်သည်။ "ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ ရှိနေမှန်း သူမ သိနေပုံရတယ်။ သူမ ဖုန်းပြောတဲ့အသံအရ အရမ်းဒေါသထွက်နေတဲ့ပုံပဲ။"

ဘော့စ်စွင်းရဲ့ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာ ဖြစ်လာခဲ့သည်။ ဘယ်လောက်ပဲ မကောင်းတာတွေ လုပ်နေပါစေ၊ တစ်ဖက်လူမှ ဒါကို သိရှိသွားချိန်တွင် ဘယ်လောက်ပဲ မျက်နှာအရေထူနေပါစေ၊ စိတ်မသက်မသာ ဖြစ်သွားခဲ့မိသည်။ မည်သို့ပင်ဆိုစေကာမူ၊ သိပ်မကြာသေးခင်က သူ့တူလေးရဲ့ ချီးကျူးစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်းတွေးကြည့်မိတော့ အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့အချက်တွေကို အမြန်မေ့လျော့သွားခဲ့သည်။

"မင်းက ကျန်းအိမ်တော်ရဲ့ နောက်တက်လာမယ့် အိမ်‌တော်သခင်ပဲ။ သူမက မင်းကို မျက်နှာသာမပေးဘူးလို့ ငါ မယုံနိုင်ဘူး။ သူမက အရမ်းမောက်မာလွန်းတယ်။"

"မင်း အရင်တုန်းက သူမကို အရမ်းကောင်းခဲ့တယ်လို့ ငါထင်တယ်၊ ဒါ့ကြောင့် သူမက မင်းကို နင်းဖြတ်နိုင်တယ်လို့ ထင်နေတာ ဖြစ်နိုင်တယ်။ မင်း သူမကို သင်ခန်းစာ ကောင်းကောင်း သင်ပေးဖို့ တကယ်လိုအပ်နေပြီ။"

**********************************

Zawgyi

အခန္း (၂၂၃) – က်န္းက်စ္ယန္သည္ သူ ေမွ်ာ္လင့္ထားသလိုမ်ိဳး အခ်ိန္အၾကာႀကီး ေပ်ာ္႐ႊင္ေနရမည္ မဟုတ္ေပ (၃)

ဖန္႔ကြၽင္း႐ုံသည္ ဦးေလးက်န္းထံသို႔ ဖုန္းေခၚဆိုကာ က်န္းက်စ္ယန္ႏွင့္ ထိုကုမၸဏီမ်ားအၾကား ဆက္ဆံေရးအေၾကာင္းကို ေမးျမန္းခဲ့သည္။ က်န္းက်စ္ယန္တြင္ ဒီကုမၸဏီေတြရဲ႕ အစု႐ွယ္ယာမ်ားကို ေျဗာင္က်က် မကိုင္ေဆာင္ထားေပမယ့္ သူ႕ဦးေလးႏွင့္ သူ႕ရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းေတြဟာ ဒီကုမၸဏီေတြရဲ႕ ႐ွယ္ယာ႐ွင္မ်ား ျဖစ္ၾကေၾကာင္း မၾကာမီမွာပင္ သူမ သတင္းရ႐ွိခဲ့သည္။ သူမသည္ ဒီျပႆနာဟာ သူမနဲ႔ ကုမၸဏီၿပိဳင္ဖက္ေတြရဲ႕ အက်ိဳးစီးပြားအတြက္ ႐ုန္းကန္ေနမႈဟု ထင္ျမင္ယူဆခဲ့ေပမယ့္ က်န္းက်စ္ယန္နဲ႔ ဆက္ဆံေရး တစ္စိတ္တစ္ပိုင္း ႐ွိေနဆဲပင္ မဟုတ္ပါလား။

သူမသည္ ေနာက္ကြယ္မွ အေၾကာင္းအရာမ်ားကို ခ်က္ခ်င္း ႐ွာေဖြခဲ့ၿပီး သူ ဘာေၾကာင့္ ဒီလိုလုပ္တာလဲ ဆိုတာကို ရိပ္မိသြားခဲ့သည္။ တစ္ဖက္တြင္ သူက သူမရဲ႕ ေမာက္မာမႈကို ဖိႏွိပ္ရန္ သူငယ္ခ်င္းမ်ားႏွင့္ ေဆြမ်ိဳးမ်ားကို အကူအညီေပးခဲ့ၿပီး တစ္ဖက္တြင္မူ သူမထံမွ ေက်းဇူးကို ရ႐ွိရန္ အလကား လက္ကမ္းကူေပးျခင္း ျဖစ္သည္။ စကားမစပ္၊ အဲ့တာ ‌ေက်ာက္ခဲတစ္လုံးတည္းနဲ႔ ငွက္သုံးေကာင္ကို ပစ္လိုက္ႏိုင္တယ္လို႔ ေျပာႏိုင္တဲ့ သူရဲ႕ စြမ္းေဆာင္ႏိုင္မႈကို သူမ ျမင္ေတြ႕ခဲ့ရသည္။

က်န္းက်စ္ယန္သည္ လူအမ်ား၏ ႏွလုံးသားကို ဆြဲေဆာင္ႏိုင္ရန္ ဤကဲ့သို႔ေသာ နည္းလမ္းမ်ားကို အသုံးျပဳေလ့႐ွိပုံရသည္။ ယခင္က ႐ွင္းယြင္ႏွင့္ ယခု သူမထံသို႔ သူသည္ တူညီေသာ နည္းလမ္းကို အသုံးျပဳၿပီး ဆြဲေဆာင္ရန္ စီစဥ္ခဲ့သည္။

သူမသည္ သူ႕ရဲ႕ ခ်ဥ္းကပ္မႈကို မေက်နပ္ေသာ္လည္း ဒါက သူ လုပ္တတ္သည့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပုံရသည္။

ဖန္႔ကြၽင္း႐ုံသည္ က်န္းက်စ္ယန္ထံသို႔ ဖုန္းမေခၚခင္ ဖုန္းအား ခဏသြင္းထားလိုက္သည္။ က်န္းက်စ္ယန္ စကားစမေျပာႏိုင္ခင္မွာပဲ သူမ ျပတ္ျပတ္သားသား ေျပာလိုက္သည္။ "သခင္ေလးက်န္း၊ ေက်းဇူးျပဳၿပီး ကြၽန္မကို မ်က္ႏွာသာေပးပါဦး။ ေက်းဇူးျပဳၿပီး ဟုန္ယန္ေကာ္ပိုေရး႐ွင္းနဲ႔ ေပါင္းခုန္ေကာ္ပိုေရး႐ွင္းေတြရဲ႕ ဥကၠဌေတြကို ကြၽန္မကို ဂ႐ုစိုက္ၿပီး စိုးရိမ္ပူပန္ေပးတဲ့အတြက္ ကြၽန္မက ေက်းဇူးတင္ပါတယ္လို႔ ကြၽန္မအစား ေျပာေပးပါဦး။"

ဖန္႔ကြၽင္း႐ုံသည္ 'ဂ႐ုစိုက္ေပးၿပီး စိုးရိမ္ပူပန္ေပးတယ္' ဆိုသည့္ စကားလုံးမ်ားကို အသားေပး ေျပာၾကားခဲ့ၿပီး က်န္းက်စ္ယန္ရဲ႕ တုံ႔ျပန္မႈကို မေစာင့္ေတာ့ပဲ ဖုန္းခ်လိုက္သည္။

ေနာက္ရက္ေပါင္း ၂၀ခန္႔အၾကာတြင္ ေက်ာက္စိမ္းျဖဴေဆးခရင္မ္ကို ေစ်းကြက္ထဲသို႔ ထုတ္လုပ္ျဖန္႔ခ်ိေပလိမ့္မည္။ က်န္းက်စ္ယန္သည္ အဆုံး၌ ေဆာင္းဦးေပါက္ႏွံေကာင္တစ္ေကာင္ကဲ့သို႔သာ ျဖစ္ႏိုင္ၿပီး - ေနာက္ထပ္ရက္အမ်ားႀကီး မက်န္႐ွိေတာ့ေပ။

"တူ၊ တူ၊ တူ....."

က်န္းက်စ္ယန္သည္ တစ္ဖက္မွ ဖုန္းခ်သြားေသာအသံကို နားေထာင္ရင္း မ်က္ႏွာပ်က္ယြင္းသြားခဲ့သည္။ ဖန္႔ကြၽင္း႐ုံက ေဒါသအရမ္းထြက္ၿပီး သူ႕ကို မ်က္ႏွာသာမေပးပဲ ဖုန္းကို တိုက္႐ိုက္ခ်သြားလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။ က်န္းက်စ္ယန္သည္ ထိုေဆးဝါးမ်ား၏ အကူအညီျဖင့္ မၾကာေသးခင္က သူသြားေလရာ ေနရာတိုင္းမွာ မ်က္ႏွာသာေပးျခင္း ခံခဲ့ရသည္။ လူအမ်ားက သူသည္ က်န္းအိမ္ေတာ္ရဲ႕ ေနာက္တက္လာမည့္ အိမ္ေတာ္သခင္ျဖစ္မည္ဟုဆိုကာ ႀကိဳတင္ဂုဏ္ျပဳခဲ့ၾကသည္။ ခ်ီးက်ဴးစကားမ်ားစြာက သူ႕ကို စိတ္ႀကီးဝင္ေစခဲ့သည္။ ဒီေန႔ ဖန္႔ကြၽင္း႐ုံရဲ႕ အျပဳအမူက သူ႕အေပၚကို ေရေအးျဖင့္ ေလာင္းခ်လိုက္သလိုမ်ိဳး ႏိႈးထသြားေစကာ သူ႕ရဲ႕ အရင္က ၾကည္လင္ျပတ္သားမႈကို ျပန္လည္ရ႐ွိေစခဲ့သည္။

အျခားသူေတြက သူ႕ကို မ်က္ႏွာသာေပးရန္ လိုအပ္ေသာ္လည္း ဖန္႔ကြၽင္း႐ုံကမူ သူ႕ကို မ်က္ႏွာသာေပးရန္ မလိုအပ္ေပ။ ဖန္႔ကြၽင္း႐ုံသည္ ဒီနယ္ပယ္မွာ အဆက္အသြယ္မ႐ွိလို႔သာ မဟုတ္ရင္ သူမဟာ အခုအခ်ိန္မွာ ေရပန္းအစားဆုံး ျဖစ္ေနမွာပင္။

က်န္းက်စ္ယန္သည္ သူ႕ရဲ႕ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြ ကိုက္ခဲလိုက္ၿပီး က်န္းပိကို ထပ္ခါတလဲလဲ က်ိန္ဆဲလိုက္သည္။ သူက က်န္းပိကို အခ်ိန္ လနဲ႔ခ်ီၿပီး ေပးထားခဲ့ေသာ္လည္း ယခုအခ်ိန္အထိ ေက်ာက္စိမ္းျဖဴေဆးခရင္မ္ထဲက ပါဝင္ပစၥည္းေတြရဲ႕ သဲလြန္စကို မရ႐ွိေသးဘူး။ ဘယ္လိုလုပ္ၿပီး သူ႕ကို အႏွစ္တစ္ရာအတြင္းမွ တစ္ခါေပၚေပါက္သည့္ ပါရမီ႐ွင္တစ္ဦးလို႔ ႂကြားလုံးေနရတာလဲ။ သူက အတုအေယာင္သာျဖစ္ေၾကာင္း သိသာထင္႐ွားလွသည္။

"က်စ္ယန္၊ ဖန္႔ကြၽင္း႐ုံက ဘာေျပာတာလဲ။" က်န္းက်စ္ယန္ရဲ႕ ဦးေလး ေဘာ့စ္စြင္းက ေမးသည္။ သူသည္ ဟုန္ယန္ေကာ္ပိုေရး႐ွင္းရဲ႕ အဓိက႐ွယ္ယာ႐ွင္တစ္ဦးျဖစ္သည္။ ဟုန္ယန္ေကာ္ပိုေရး႐ွင္းသည္ ေခါင္းေလွ်ာ္ရည္ႏွင့္ ဆံပင္ျပန္ေပါက္ေစေသာ ထုတ္ကုန္မ်ားကို အဓိကထား ထုတ္လုပ္သည္။ ယခင္က ဖန္႔ကြၽင္း႐ုံ ေရာင္းခ်ခဲ့ေသာ အလွအပေဆးလုံးမ်ားသည္ သူတို႔ကုမၸဏီ၏ အဓိကလုပ္ငန္းႏွင့္ နယ္ပယ္ျခင္း မတူညီေသာေၾကာင့္ ထိုနယ္ပယ္တူသည့္ အျခားကုမၸဏီလုပ္ငန္းမ်ား ေသြး႐ူးေသြးတန္းျဖစ္ေနတာကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီး ထိုင္ၾကည့္ေနခဲ့သည္။ ဖန္႔ကြၽင္း႐ုံက သူမရဲ႕ ဆံပင္ႀကီးထြားေဆးခရင္မ္အေၾကာင္း ႀကိဳတင္မိတ္ဆက္ေသာအခါတြင္ သူတို႔ကို တကယ္ထိတ္လန္႔သြားေစခဲ့သည္။

တစ္ဖက္တြင္၊ သူတို႔က က်န္းက်စ္ယန္ရဲ႕ အမိန္႔အတိုင္း ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး တစ္ဖက္တြင္မူ သူတို႔သည္ အင္တာနက္ေပၚတြင္ မိန္ဖုန္႔ေကာ္ပိုေရး႐ွင္းရဲ႕ ဂုဏ္သတင္းအား ပ်က္ယြင္းသြားေစဖို႔ လုပ္ေဆာင္ခဲ့သည္။ သို႔ေသာ္ ဖန္႔ကြၽင္း႐ုံသည္ Duchess Capetႏွင့္ တကယ္ပဲ သူငယ္ခ်င္းျဖစ္ေနလိမ့္မည္ဟု မည္သူမွ် မထင္ခဲ့ၾကသည့္အျပင္ Duchess Capetက သူမအတြက္ အမွန္တကယ္ ေၾကာ္ျငာေပးဖို႔ကိုပင္ ေတာင္းဆိုခဲ့သည္။ ေနာက္ဆုံး၌ သူတို႔ရဲ႕ အစီအစဥ္မ်ားကို ပ်က္ယြင္းသြားေစခဲ့ၿပီး သူတို႔ရဲ႕လုပ္ရပ္ေတြက မိန္ဖုန္႔ေကာ္ပိုေရး႐ွင္းအတြက္ အခမဲ့ ေၾကာ္ျငာေတြ ျဖစ္သြားခဲ့သည္။

တစ္ခ်ိန္တည္းမွာပင္၊ သူ႕ကို တူျဖစ္သူက ဖန္႔ကြၽင္း႐ုံႏွင့္ ဆက္သြယ္ေပးႏိုင္ေၾကာင္း၊ ႏွစ္မိသားစုၾကား စီးပြား‌ေရး ပူးေပါင္းႏိုင္မလား ဆိုတာကို ေမးျမန္းေပးႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ ဖန္႔ကြၽင္း႐ုံသည္ အဆင့္ျမင့္လမ္းေၾကာင္းကို သြားေနစဥ္ သူတို႔က အနိမ့္ဆုံးကို ရယူႏိုင္သည္။ သူ ဒီကို ေရာက္လာသည့္အခ်ိန္တြင္ သူ႕တူေလးက ဖုန္းေျပာရင္းတန္းလန္း ျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

က်န္းက်စ္ယန္က အသက္ျပင္းျပင္း႐ွဴၿပီး သူ႕ႏႈတ္ခမ္းေထာင့္စြန္းမ်ားကို တင္းတင္းေစ့လိုက္သည္။ "ဒီကိစၥရဲ႕ ေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔ ႐ွိေနမွန္း သူမ သိေနပုံရတယ္။ သူမ ဖုန္းေျပာတဲ့အသံအရ အရမ္းေဒါသထြက္ေနတဲ့ပုံပဲ။"

ေဘာ့စ္စြင္းရဲ႕ မ်က္ႏွာေပၚတြင္ ႐ွက္႐ြံ႕ေသာ အမူအရာ ျဖစ္လာခဲ့သည္။ ဘယ္ေလာက္ပဲ မေကာင္းတာေတြ လုပ္ေနပါေစ၊ တစ္ဖက္လူမွ ဒါကို သိ႐ွိသြားခ်ိန္တြင္ ဘယ္ေလာက္ပဲ မ်က္ႏွာအေရထူေနပါေစ၊ စိတ္မသက္မသာ ျဖစ္သြားခဲ့မိသည္။ မည္သို႔ပင္ဆိုေစကာမူ၊ သိပ္မၾကာေသးခင္က သူ႕တူေလးရဲ႕ ခ်ီးက်ဴးစရာေကာင္းတဲ့ အျဖစ္အပ်က္ေတြကို ျပန္ေျပာင္းေတြးၾကည့္မိေတာ့ အဲ့ဒီစိတ္ပ်က္စရာေကာင္းတဲ့အခ်က္ေတြကို အျမန္ေမ့ေလ်ာ့သြားခဲ့သည္။

"မင္းက က်န္းအိမ္ေတာ္ရဲ႕ ေနာက္တက္လာမယ့္ အိမ္‌ေတာ္သခင္ပဲ။ သူမက မင္းကို မ်က္ႏွာသာမေပးဘူးလို႔ ငါ မယုံႏိုင္ဘူး။ သူမက အရမ္းေမာက္မာလြန္းတယ္။"

"မင္း အရင္တုန္းက သူမကို အရမ္းေကာင္းခဲ့တယ္လို႔ ငါထင္တယ္၊ ဒါ့ေၾကာင့္ သူမက မင္းကို နင္းျဖတ္ႏိုင္တယ္လို႔ ထင္ေနတာ ျဖစ္ႏိုင္တယ္။ မင္း သူမကို သင္ခန္းစာ ေကာင္းေကာင္း သင္ေပးဖို႔ တကယ္လိုအပ္ေနၿပီ။"

Continue Reading

You'll Also Like

77.8K 7.5K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
7K 377 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
27.1K 2.4K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
26.1K 2.1K 15
ပိုင်ဖုမေ့ဆိုသည်မှာ ပိုင် (ဖြူစင်သော) ဖု (ချမ်းသာသော) မေ့ (လှပသော) ဆိုပြီး အဓိပ္ပါယ်ရပါတယ်ရှင့်။ ပြောရရင် ဖြူစင်သည့် မိချမ်းသာ မိန်းမလှလေး ဟု အဓိပ္ပါ...