အခန်း (၂၁၈) - အိုး... သနားစရာ Duchess Capet (၁)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
ကျန်းယာ့ကောရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် ယိမ်းယိုင်သွားကာ တုန်လှုပ်သွားပုံရသည်။ "ရှင့်စကားတွေ ရပ်လိုက်ပါ။ ရှင် ကျွန်မကို စွပ်စွဲပြောဆိုနိုင်ပေမယ့် ကြွယ်မင်ကိုတော့ မစွပ်စွဲသင့်ဘူး။"
ဖန့်ကြွယ်မင်သည် သူမရဲ့ သေးသွယ်သော ခန္ဓာကိုယ်လေးကို အမြန်ဖေးမလိုက်သည်။ ခန့်ညားချောမောသော အမျိုးသားနှင့် မိန်းမချောလေးတို့ဟာ တစ်ဦးနှင့် တစ်ဦး ဘေးချင်းယှဥ်ရပ်နေပုံမှာ သူတို့ကို ကောင်းကင်ဘုံမှ တွဲဖက်ပေးထားသည့် စုံတွဲတွေအတိုင်း လိုက်ဖက်လွန်းလှသည်။
ထိုမြင်ကွင်းက လီရှစ်ကျီကို အလွန်ဒေါသထွက်စေကာ သူ့မျက်လုံးတွေကို နီရဲသွားစေသည်။ သူသည် ကျန်းယာ့ကောအတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး ဒါက သူပြန်ရတဲ့ အရာတဲ့လား။
သူ့ဦးနှောက်ထဲ ဒေါသအထွက်လွန်ပြီး ခေါင်းပူလာသည်နှင့်အမျှ ဖန့်ကြွယ်မင်ကို နပန်းပြေးလုံးခဲ့သည်။ ဖန့်ကြွယ်မင်သည် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သည့် အလေ့အကျင့်ရှိသူဖြစ်ပြီး အတိုက်အခိုက် ကျွမ်းကျင်သည်။ လီရှစ်ကျီသည် ငယ်ရွယ်ပြီး သန်မာသောကြောင့် သူတို့နှစ်ဦးရဲ့ တိုက်ခိုက်မှုများဟာ ညီတူညီမျှ ဖြစ်ခဲ့သည်။ သို့သော် ကျန်းယာ့ကောအတွက်မူ ကံဆိုးသွားခဲ့သည်။ သူမသည် အရှေ့သို့တက်ပြီး သူတို့နှစ်ဦး ရန်ဖြစ်နေတာကို ပြန်ဖြေပေးချင်ခဲ့သည်။ သူမကြောင့် ခန့်ညားချောမောသော အမျိုးသားနှစ်ယောက် ရန်ဖြစ်နေသည့်အတွက် သူမစိတ်အတွင်းမှာ ကျေနပ်နေမိသော်လည်း သူတို့နှစ်ဦးထဲမှ တစ်ဦး ဒဏ်ရာရရှိသွားမှာကို မမြင်ချင်ပေ။
ကံမကောင်းစွာဖြင့် သူမသည် အရေးကြီးသော အချိန်မှာ ရှေ့တက်သွားမိသည်။ လီရှစ်ကျီသည် ဖန့်ကြွယ်မင်ရဲ့ မျက်နှာကို ဝှိုက်လက်သီး ကျွေးလိုက်ချိန်တွင် ဖန့်ကြွယ်မင်က ရှောင်လိုက်သည်။ လီရှစ်ကျီသည် အရှိန်လွန်သွားသော သူ့လက်သီးကို အချိန်မီ ပြန်သိမ်းနိုင်ခြင်း မရှိသောကြောင့် သူ့လက်သီးချက်သည် ကျန်းယာ့ကောရဲ့ မျက်နှာပေါ်သို့ ကျဆင်းသွားခဲ့သည်။
ဖောင်းခနဲ အသံနှင့်အတူ ကျန်းယာ့ကောရဲ့ မျက်နှာဟာ ချက်ချင်း နီရဲရောင်ယမ်းလာခဲ့သည်။ သူမမျက်လုံးများကိုပင် ပျောက်လုမတတ် ယောင်ယမ်းသွားသောကြောင့် လီရှစ်ကျီ ရှော့ရသွားခဲ့သည်။
ဖန့်ကြွယ်မင်သည် ကျန်းယာ့ကောရဲ့ သနားစဖွယ် အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် ဒေါသထွက်သွားခဲ့သည်။ လီရှစ်ကျီက ရှော့ရပြီး မှင်သက်သွားချိန်တွင် သူက ချက်ချင်းပင် လီရှစ်ကျီရဲ့ လက်ကို နောက်ပြန်ဖမ်းဆုပ်ကာ မြေပေါ်သို့ မျက်နှာအပ်စေပြီး ချုပ်ကိုင်ထားလိုက်သည်။ လီရှစ်ကျီရဲ့ လက်ချောင်းတွေဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသလို ဒီအကျိုးသက်ရောက်မှုအသစ်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
ဖန့်ကြွယ်မင်က သူ့ကို မြေပေါ်သို့ အတင်း တွန်းချကာ ဒဏ်အသစ်ဖြစ်သွားသော သူ့လက်ကို ဆုပ်ကိုင်ထားသော လီရှစ်ကျီရဲ့ အင်္ကျီကော်လံကို အသက်ပြင်းပြင်းရှုပြီး ဆွဲဆုပ်လိုက်သည်။ ထို့နောက် သူက ကျန်းယာ့ကောကို ပြောလိုက်သည်။ "သူ့လို ကြမ်းတမ်းရက်စက်တဲ့လူက မင်းလိုမိန်းကလေးနဲ့ မထိုက်တန်ဘူး။ မင်း သူ့ကို ထားခဲ့သင့်တယ်။"
ကျန်းယာကောသည် သူမရဲ့ မျက်နှာက နာကျင်လွန်းသဖြင့် စကားပင် မပြောနိုင်ပေ။ မျက်ရည်များဟာ သူမပါးပြင်တစ်လျှောက် စီးကျနေပြီး သူမအတွက် နာကျင်ဝမ်းနည်းနေသည့် ဖန့်ကြွယ်မင်ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိသည်။ ဖန့်ကြွယ်မင်သည် သူမရဲ့ သနားစရာကောင်းသော အသွင်အပြင်ကြောင့် သူမကို ပွေ့ဖက်ထားလိုက်မိသည်။
ရှစ်ကျီက သူမအပေါ် မကောင်းဘူးဆိုရင်တောင် သူမမှာ ကြွယ်မင် ရှိနေသေးသည်။ သူ့အပေါ် အပြစ်ရှိတယ်လို့ ခံစားရသောကြောင့် သူမ သူ့ကို အကြာကြီး သည်းခံနေခဲ့သည်။ သူမ ဒီလို ဆက်ပြီး သည်းမခံချင်တော့ဘူး။ ဒါက သူမမျက်နှာကို ပထမဆုံးအကြိမ် အရိုက်ခံရတာ ဖြစ်ပြီး အလွန် ပြင်းထန်သည်။
ကျန်းယာ့ကောသည် သူမမျက်ရည်တွေကို သုတ်ဖယ်ပြီး ပြောလိုက်သည်။ "သွားကြရအေင်။ ကျွန်မ သူ့ကို ထပ်မမြင်ချင်တော့ဘူး။"
ကျန်းယာ့ကောသည် သူမအခန်းထဲသို့ ဝင်သွားကာ သူမပစ္စည်းတွေအားလုံးကို ထုပ်ပိုးသိမ်းဆည်းလိုက်သည်။ သူမမှာ ပစ္စည်းအများကြီး မရှိသဖြင့် ထုပ်ပိုးချိန် သိပ်မကြာမြင့်ခဲ့ပါ။ သိပ်မကြာခင်မှာပင် သူမက ဖန့်ကြွယ်မင်နှင့်အတူ သူမပိုင်ပစ္စည်းများကို ယူဆောင်ကာ ထွက်သွားခဲ့သည်။ ဖန့်ကြွယ်မင်ရဲ့ တိုက်ခန်းထဲသို့ ဝင်သွားသည့် သူမရဲ့နောက်ကျောပုံရိပ်မှာ အလွန်ဆုံးဖြတ်ချက်ခိုင်မာလှသည်။
လီရှစ်ကျီသည် မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး ရွှံ့နွံ့ထဲ နစ်မြှုပ်သွားသလို ခံစားမိသည်။ သူ့လက်မှ ဝေဒနာသည် ကျန်းယာ့ကောကြောင့် ဖြစ်သော နှလုံးသားဝေဒနာနှင့် နှိုင်းယှဥ်လို့ပင် မရနိုင်ပါ။
ဒီကာလတစ်လျှောက်လုံးမှာ သူ တန်ဖိုးချစ်မြတ်နိုးခဲ့တဲ့ အမျိုးသမီးဟာ တကယ်တော့ ဖောက်ပြန်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမအတွက် အဖေဖြစ်သူကို ဒေါသအထွက်လွန်ပြီး ဘဝတစ်ပါး ကူးပြောင်းသွားစေခဲ့သည့်အပြင် အမေဖြစ်သူနှင့် ညီမဖြစ်သူတို့နှင့်ပါ ကင်းကွာနေခဲ့မိသည်။ တစ်ကမ္ဘာလုံးရဲ့ ပျက်ရယ်ပြုခြင်းကိုလည်း ခံခဲ့ရသည်။ သို့သော် သူ ဒဏ်ရာ အပြင်းအထန်ရနေချိန်တွင် သူမ အခြားယောက်ျားတစ်ယောက်နဲ့ လိုက်ပါသွားပြီး သူ့ကို မဆိုင်းမတွ ထားရစ်နိုင်ခဲ့သည်။ သူမရဲ့ အကြင်နာကင်းမဲ့မှုက အသည်းထဲ အေးစိမ့်သွားစေသည်။ ဖြစ်နိုင်တာက အခြားအမျိုးသားသည် ယခု သူ့ထက် သူမကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်နိုင်သည်။
"အဟား... ဟားဟား... ဟားဟား..."
လီရှစ်ကျီသည် ရူးသွပ်သောအသံဖြင့် အော်ရယ်မိသည်။ သူ့ကိုယ်တိုင်အတွက်လား ကျန်းယာ့ကောကြောင့် ရယ်နေတာလား ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ သူက အော်ရယ်ရင်း သူ့ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။
အခု သူ့အပြုအမူအတွက် နောင်တရမိသည်။
**********************************
Zawgyi
အခန္း (၂၁၈) - အိုး... သနားစရာ Duchess Capet (၁)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)
က်န္းယာ့ေကာရဲ႕ ခႏၶာကိုယ္ဟာ အနည္းငယ္ ယိမ္းယိုင္သြားကာ တုန္လႈပ္သြားပုံရသည္။ "႐ွင့္စကားေတြ ရပ္လိုက္ပါ။ ႐ွင္ ကြၽန္မကို စြပ္စြဲေျပာဆိုႏိုင္ေပမယ့္ ႂကြယ္မင္ကိုေတာ့ မစြပ္စြဲသင့္ဘူး။"
ဖန္႔ႂကြယ္မင္သည္ သူမရဲ႕ ေသးသြယ္ေသာ ခႏၶာကိုယ္ေလးကို အျမန္ေဖးမလိုက္သည္။ ခန္႔ညားေခ်ာေမာေသာ အမ်ိဳးသားႏွင့္ မိန္းမေခ်ာေလးတို႔ဟာ တစ္ဦးႏွင့္ တစ္ဦး ေဘးခ်င္းယွဥ္ရပ္ေနပုံမွာ သူတို႔ကို ေကာင္းကင္ဘုံမွ တြဲဖက္ေပးထားသည့္ စုံတြဲေတြအတိုင္း လိုက္ဖက္လြန္းလွသည္။
ထိုျမင္ကြင္းက လီ႐ွစ္က်ီကို အလြန္ေဒါသထြက္ေစကာ သူ႕မ်က္လုံးေတြကို နီရဲသြားေစသည္။ သူသည္ က်န္းယာ့ေကာအတြက္ အရာအားလုံးကို စြန္႔လႊတ္ခဲ့ၿပီး ဒါက သူျပန္ရတဲ့ အရာတဲ့လား။
သူ႕ဦးေႏွာက္ထဲ ေဒါသအထြက္လြန္ၿပီး ေခါင္းပူလာသည္ႏွင့္အမွ် ဖန္႔ႂကြယ္မင္ကို နပန္းေျပးလုံးခဲ့သည္။ ဖန္႔ႂကြယ္မင္သည္ ပုံမွန္ေလ့က်င့္ခန္း ျပဳလုပ္သည့္ အေလ့အက်င့္႐ွိသူျဖစ္ၿပီး အတိုက္အခိုက္ ကြၽမ္းက်င္သည္။ လီ႐ွစ္က်ီသည္ ငယ္႐ြယ္ၿပီး သန္မာေသာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ တိုက္ခိုက္မႈမ်ားဟာ ညီတူညီမွ် ျဖစ္ခဲ့သည္။ သို႔ေသာ္ က်န္းယာ့ေကာအတြက္မူ ကံဆိုးသြားခဲ့သည္။ သူမသည္ အေ႐ွ႕သို႔တက္ၿပီး သူတို႔ႏွစ္ဦး ရန္ျဖစ္ေနတာကို ျပန္ေျဖေပးခ်င္ခဲ့သည္။ သူမေၾကာင့္ ခန္႔ညားေခ်ာေမာေသာ အမ်ိဳးသားႏွစ္ေယာက္ ရန္ျဖစ္ေနသည့္အတြက္ သူမစိတ္အတြင္းမွာ ေက်နပ္ေနမိေသာ္လည္း သူတို႔ႏွစ္ဦးထဲမွ တစ္ဦး ဒဏ္ရာရ႐ွိသြားမွာကို မျမင္ခ်င္ေပ။
ကံမေကာင္းစြာျဖင့္ သူမသည္ အေရးႀကီးေသာ အခ်ိန္မွာ ေ႐ွ႕တက္သြားမိသည္။ လီ႐ွစ္က်ီသည္ ဖန္႔ႂကြယ္မင္ရဲ႕ မ်က္ႏွာကို ဝိႈက္လက္သီး ေကြၽးလိုက္ခ်ိန္တြင္ ဖန္႔ႂကြယ္မင္က ေ႐ွာင္လိုက္သည္။ လီ႐ွစ္က်ီသည္ အ႐ွိန္လြန္သြားေသာ သူ႕လက္သီးကို အခ်ိန္မီ ျပန္သိမ္းႏိုင္ျခင္း မ႐ွိေသာေၾကာင့္ သူ႕လက္သီးခ်က္သည္ က်န္းယာ့ေကာရဲ႕ မ်က္ႏွာေပၚသို႔ က်ဆင္းသြားခဲ့သည္။
ေဖာင္းခနဲ အသံႏွင့္အတူ က်န္းယာ့ေကာရဲ႕ မ်က္ႏွာဟာ ခ်က္ခ်င္း နီရဲေရာင္ယမ္းလာခဲ့သည္။ သူမမ်က္လုံးမ်ားကိုပင္ ေပ်ာက္လုမတတ္ ေယာင္ယမ္းသြားေသာေၾကာင့္ လီ႐ွစ္က်ီ ေ႐ွာ့ရသြားခဲ့သည္။
ဖန္႔ႂကြယ္မင္သည္ က်န္းယာ့ေကာရဲ႕ သနားစဖြယ္ အသြင္အျပင္ကို ျမင္လိုက္ရေသာအခါတြင္ ေဒါသထြက္သြားခဲ့သည္။ လီ႐ွစ္က်ီက ေ႐ွာ့ရၿပီး မွင္သက္သြားခ်ိန္တြင္ သူက ခ်က္ခ်င္းပင္ လီ႐ွစ္က်ီရဲ႕ လက္ကို ေနာက္ျပန္ဖမ္းဆုပ္ကာ ေျမေပၚသို႔ မ်က္ႏွာအပ္ေစၿပီး ခ်ဳပ္ကိုင္ထားလိုက္သည္။ လီ႐ွစ္က်ီရဲ႕ လက္ေခ်ာင္းေတြဟာ အျပည့္အဝ ျပန္လည္ေကာင္းမြန္ျခင္း မ႐ွိေသးသလို ဒီအက်ိဳးသက္ေရာက္မႈအသစ္ေၾကာင့္ နာက်င္စြာ ေအာ္ဟစ္လိုက္မိသည္။
ဖန္႔ႂကြယ္မင္က သူ႕ကို ေျမေပၚသို႔ အတင္း တြန္းခ်ကာ ဒဏ္အသစ္ျဖစ္သြားေသာ သူ႕လက္ကို ဆုပ္ကိုင္ထားေသာ လီ႐ွစ္က်ီရဲ႕ အက်ႌေကာ္လံကို အသက္ျပင္းျပင္း႐ႈၿပီး ဆြဲဆုပ္လိုက္သည္။ ထို႔ေနာက္ သူက က်န္းယာ့ေကာကို ေျပာလိုက္သည္။ "သူ႕လို ၾကမ္းတမ္းရက္စက္တဲ့လူက မင္းလိုမိန္းကေလးနဲ႔ မထိုက္တန္ဘူး။ မင္း သူ႕ကို ထားခဲ့သင့္တယ္။"
က်န္းယာေကာသည္ သူမရဲ႕ မ်က္ႏွာက နာက်င္လြန္းသျဖင့္ စကားပင္ မေျပာႏိုင္ေပ။ မ်က္ရည္မ်ားဟာ သူမပါးျပင္တစ္ေလွ်ာက္ စီးက်ေနၿပီး သူမအတြက္ နာက်င္ဝမ္းနည္းေနသည့္ ဖန္႔ႂကြယ္မင္ရဲ႕ မ်က္ႏွာကို ေမာ့ၾကည့္လိုက္မိသည္။ ဖန္႔ႂကြယ္မင္သည္ သူမရဲ႕ သနားစရာေကာင္းေသာ အသြင္အျပင္ေၾကာင့္ သူမကို ေပြ႕ဖက္ထားလိုက္မိသည္။
႐ွစ္က်ီက သူမအေပၚ မေကာင္းဘူးဆိုရင္ေတာင္ သူမမွာ ႂကြယ္မင္ ႐ွိေနေသးသည္။ သူ႕အေပၚ အျပစ္႐ွိတယ္လို႔ ခံစားရေသာေၾကာင့္ သူမ သူ႕ကို အၾကာႀကီး သည္းခံေနခဲ့သည္။ သူမ ဒီလို ဆက္ၿပီး သည္းမခံခ်င္ေတာ့ဘူး။ ဒါက သူမမ်က္ႏွာကို ပထမဆုံးအႀကိမ္ အ႐ိုက္ခံရတာ ျဖစ္ၿပီး အလြန္ ျပင္းထန္သည္။
က်န္းယာ့ေကာသည္ သူမမ်က္ရည္ေတြကို သုတ္ဖယ္ၿပီး ေျပာလိုက္သည္။ "သြားၾကရေအင္။ ကြၽန္မ သူ႕ကို ထပ္မျမင္ခ်င္ေတာ့ဘူး။"
က်န္းယာ့ေကာသည္ သူမအခန္းထဲသို႔ ဝင္သြားကာ သူမပစၥည္းေတြအားလုံးကို ထုပ္ပိုးသိမ္းဆည္းလိုက္သည္။ သူမမွာ ပစၥည္းအမ်ားႀကီး မ႐ွိသျဖင့္ ထုပ္ပိုးခ်ိန္ သိပ္မၾကာျမင့္ခဲ့ပါ။ သိပ္မၾကာခင္မွာပင္ သူမက ဖန္႔ႂကြယ္မင္ႏွင့္အတူ သူမပိုင္ပစၥည္းမ်ားကို ယူေဆာင္ကာ ထြက္သြားခဲ့သည္။ ဖန္႔ႂကြယ္မင္ရဲ႕ တိုက္ခန္းထဲသို႔ ဝင္သြားသည့္ သူမရဲ႕ေနာက္ေက်ာပုံရိပ္မွာ အလြန္ဆုံးျဖတ္ခ်က္ခိုင္မာလွသည္။
လီ႐ွစ္က်ီသည္ ေျမျပင္ေပၚမွာ လဲေလ်ာင္းေနၿပီး ႐ႊံ႕ႏြံ႕ထဲ နစ္ျမႇဳပ္သြားသလို ခံစားမိသည္။ သူ႕လက္မွ ေဝဒနာသည္ က်န္းယာ့ေကာေၾကာင့္ ျဖစ္ေသာ ႏွလုံးသားေဝဒနာႏွင့္ ႏိႈင္းယွဥ္လို႔ပင္ မရႏိုင္ပါ။
ဒီကာလတစ္ေလွ်ာက္လုံးမွာ သူ တန္ဖိုးခ်စ္ျမတ္ႏိုးခဲ့တဲ့ အမ်ိဳးသမီးဟာ တကယ္ေတာ့ ေဖာက္ျပန္တတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ။ သူမအတြက္ အေဖျဖစ္သူကို ေဒါသအထြက္လြန္ၿပီး ဘဝတစ္ပါး ကူးေျပာင္းသြားေစခဲ့သည့္အျပင္ အေမျဖစ္သူႏွင့္ ညီမျဖစ္သူတို႔ႏွင့္ပါ ကင္းကြာေနခဲ့မိသည္။ တစ္ကမ႓ာလုံးရဲ႕ ပ်က္ရယ္ျပဳျခင္းကိုလည္း ခံခဲ့ရသည္။ သို႔ေသာ္ သူ ဒဏ္ရာ အျပင္းအထန္ရေနခ်ိန္တြင္ သူမ အျခားေယာက်္ားတစ္ေယာက္နဲ႔ လိုက္ပါသြားၿပီး သူ႕ကို မဆိုင္းမတြ ထားရစ္ႏိုင္ခဲ့သည္။ သူမရဲ႕ အၾကင္နာကင္းမဲ့မႈက အသည္းထဲ ေအးစိမ့္သြားေစသည္။ ျဖစ္ႏိုင္တာက အျခားအမ်ိဳးသားသည္ ယခု သူ႕ထက္ သူမကို ပိုမိုေကာင္းမြန္စြာ ေထာက္ပံ့ေပးႏိုင္ေသာေၾကာင့္ ျဖစ္ႏိုင္သည္။
"အဟား... ဟားဟား... ဟားဟား..."
လီ႐ွစ္က်ီသည္ ႐ူးသြပ္ေသာအသံျဖင့္ ေအာ္ရယ္မိသည္။ သူ႕ကိုယ္တိုင္အတြက္လား က်န္းယာ့ေကာေၾကာင့္ ရယ္ေနတာလား ဆိုတာကို ဘယ္သူမွ မသိႏိုင္ဘူး။ သူက ေအာ္ရယ္ရင္း သူ႕ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားစီးက်လာခဲ့သည္။
အခု သူ႕အျပဳအမူအတြက္ ေနာင္တရမိသည္။