ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.6K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-214

1K 117 1
By Miracle_Phyu97

အခန်း (၂၁၄) "သူမသည် မိန်ဖန့်ရဲ့ ဘော့စ် ဖန့်ကျွင်းရုံ၏ သမီး ဖြစ်သည်" (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

အဖေကုန်းက ဒေါသထွက်သွားပြီး ကုန်းယိလင်းရဲ့ နဖူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်း ဒီလိုမျိုးဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ။ မင်းလုပ်တာ ကောင်းရဲ့လား။ မင်းရဲ့ ပြစ်မှုမှတ်တမ်းကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းတစ်ခုကို အမြန်ရှာကြည့်။ ငါ ဒီလိုအရှုပ်အထွေးမျိုးကို လက်မခံနိုင်ဘူး။" သူက သားဖြစ်သူက ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တာထက် ပြစ်မှုမှတ်တမ်းမှာ မှတ်တမ်းတင်ခံရမှာကို ပိုစိုးရိမ်သည်။ သူက ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။

အခု သူ ဒါကို သိရှိသွားသောအခါတွင် အဖေကုန်းဟာ ဒီပြဿနာကို သိပ်ပြီး စိတ်မဝင်စားတော့ပေ။ ငွေဖြင့် ဖြေရှင်းနိုင်သည့် မည်သည့်ပြဿနာမဆို ပြဿနာဟု မခေါ်ဆိုနိုင်ပါ။ ပြီးတော့ သူတို့မိသားစုက ချမ်းသာသည်။

"မင်းတောင်းပန်ပြီးပြီလား။ သူတို့က ဘာပြောလဲ။"

ကုန်းယိလင်းရဲ့အသံဟာ အရင်ကထက် ပိုအားနည်းလာခဲ့သည်။ "သူတို့မိသားစုက ငွေမလိုအပ်ဘူး။ သူတို့က ကျွန်တော်ရဲ့ တောင်းပန်မှုကို ငြင်းဆန်ခဲ့ပြီး ကျွန်တော့်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုလိမ့်မယ်။"

အဖေကုန်းဟာ အခုအချိန်မှာ စိတ်ဆိုးသွားခဲ့သည်။ "သူတို့က ငါတို့လို ချမ်းသာလို့လား။ သူတို့က မင်းရဲ့ တောင်းပန်မှုကို လက်ခံဖို့ ငြင်းဆန်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ငါ့မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် သူငယ်ချင်းအချို့ရှိတယ်။ သူတို့က ငါတို့ကို ကူကယ်ရာမဲ့သွားမယ်လို့ တကယ်ထင်နေတာလား။"

ကုန်းယိလင်းသည် သူ ဒီလျှို့ဝှက်ချက်ကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူးဆိုတာကို သူ နားလည်သဘောပေါက်မိသည်။ သူက အံတင်းတင်းကြိတ်ပြီး ဒီပြဿနာအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။ "အဲ့ကျောင်းသူက မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ စီအီးအို ဖန့်ကျွင်းရုံရဲ့ သမီးပဲ။"

အဖေကုန်းရဲ့ အသွင်ဟာ ချက်ချင်း အေးခဲသွားပြီး သူ့အကြားအာရုံမှာ ပြဿနာရှိနေတယ်လို့ သံသယဝင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့အငယ်ဆုံးသားကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်း ပြောတာ သေချာလား" သူတို့မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှုသည် မိန်ဖုန့်ကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှု ဆယ်ပုံတစ်ပုံမျှကိုပင် မနှိုင်းယှဥ်သာပါ။ သူတို့မိသားစု၏ စီးပွားရေးသည်လည်း အလှကုန်ပိုင်းတွင် ရှိနေပြီးတော့ မိန်ဖုန့်နှင့် အလုပ်တွဲလုပ်ချင်သော်လည်း ပူးပေါင်းရန် နည်းလမ်းကို မရှာနိုင်သေးပေ။

ပြီးတော့ အခုအချိန်တွင် သူ့သားဖြစ်သူက အရူးတစ်ယောက်လိုမျိုး ဖန့်ကျွင်းရုံရဲ့ သမီးဖြစ်သူကို အွန်လိုင်းပေါ်တွင် အသရေဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ် မဟုတ်လား။

သူ့ရင်ဘတ်ဟာ ဒေါသထွက်လွန်းသောကြောင့် ဖားဖိုလို မြင့်တက်လာခဲ့သည်။ သူသည် အမြဲတမ်း ပြဿနာရှာပြီး သူတို့ရဲ့ ဖခင်တွေကို ဆွဲချတတ်သော သူ့သူငယ်ချင်းများ၏ သားဖြစ်သူများအား ရယ်သွမ်းသွေးကာ နာမည်ကြီးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရသော သားဖြစ်သူအား ကြွားထုတ်လေ့ရှိသည်။ ရလဒ်အနေဖြင့် သူ့သားဖြစ်သူသည် သူ့ကို အရမ်း အံ့အားသင့်ဖွယ်ရာကောင်းသော ပြဿနာတစ်ခုအား ဆောင်ကျဥ်းပေးခဲ့သည်။

သူမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ဖြစ်ပေါ်လာခဲ့ပြီး အဖေကုန်းဟာ နောက်ဆုံး၌ စိတ်မထိန်းနိုင်တော့ပဲ သူ့သားဖြစ်သူရဲ့ မျက်နှာအား ဖြတ်ရိုက်လိုက်သည်။ အဖေကုန်းက ကုန်းယိလင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သောကြောင့် သူ့သားဖြစ်သူ၏ ပါးပြင်ဟာ ချက်ချင်းပင် နီရဲရောင်ရမ်းလာခဲ့ပြီး နာကျင်မှုကိုပင် မေ့လျော့သွားစေခဲ့သည်။

"မင်း ခွေးမသား"

***

လီရှင်းယွင်သည် ပင်ဂွင်းရှိ စကားပြောခန်းကို ငုံ့ကြည့်လိုက်သည်။ သူမ မိခင်ဖြစ်သူက ကြော်ငြာချက် ထုတ်ပြန်လိုက်ပြီးကတည်းက ကျောင်းဖိုရမ်တွင် ဆွေးနွေးမှုတွေဟာ‌ ပေါက်ကွဲထွက်လာခဲ့သည်။ တကယ်ဖြူစင်လှပပြီး ချမ်းသာသော အလှပန်းလေးက သူတို့ကြားမှာ ပုန်းကွယ်ရင်း ရှိနေခဲ့ကြောင်းကို လူတိုင်းဟာ မယုံကြည်နိုင်ဘူးလို့ပင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သူတို့က အွန်လိုင်းပေါ်တွင် ဖန့်ကျွင်းရုံအကြောင်းကို ရှာဖွေကြည့်ခဲ့ကြပြီးနောက် သူတို့အားလုံး ဒူးထောက်ခစားသွားကြသည်။ လူတော်‌တော်များများက လီရှင်းယွင်ကို သူမပေါင်ကို ဖက်တွယ်လို့မရလားဟုပင် အရွှန်းဖောက်ခဲ့ကြသည်။

ကုန်းယိလင်းရဲ့ လုပ်ရပ်က အရမ်းဆိုးရွားခဲ့သည်။ လီရှင်းယွင်ကို လက်စားချေရန်အတွက် ကုန်းယိလင်းသည် သူမရဲ့ ဂုဏ်သတင်းကို ဆိုးဝါးစေရုံသာမက ကျောင်းကိုလည်း အသရေပျက်စေခဲ့သည်။ ထို့ကြောင့် ကျောင်း၏ ကြော်ငြာချက်သည် အလွန်မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။ ကုန်းယိလင်းသည် ဒီဖြစ်ရပ်အပေါ် တာဝန်ခံရန်နှင့် လီရှင်းယွင်ကို တောင်းပန်ရန် ညွှန်ကြားချက် ထွက်ပေါ်လာခဲ့သည်။ လီကျင်းရုံနှင့် ပတ်သတ်၍ သူသည်လည်း သတိပေးချက်ကို လက်ခံရရှိခဲ့သည်။

လီရှင်းယွင်သည် ဒီရလဒ်အတွက် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။

သူငယ်ချင်းဖြစ်ရန် ‌တောင်းဆိုမှုများစွာကို မြင်လိုက်ရတာက သူမကို မျက်မှောင်ကြုံ့သွားစေသည်။ သူမသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူငယ်ချင်းဖြစ်ရန် တောင်းဆိုမှုများ များစွာ ရရှိခဲ့သည်။ ထိုအရာများသည် ကုန်းယိလင်း၏ သူငယ်ချင်းများထံမှဖြစ်ပြီးတော့ အချို့က သူမရဲ့ သူငယ်ချင်းများကိုပင် သူတို့အတွက် ကူပြောပေးရန် တောင်းဆိုခဲ့သည်။

အဓိကအားဖြင့် သူတို့က ကုန်းယိလင်းအတွက် သတိပေးချက်ကို ပယ်ဖျက်ပေးရန် လီရှင်းယွင်ရဲ့ မိသားစုကို တောင်းဆိုချင်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ရာဇဝတ်မှုတစ်ခုသည် ကောလိပ်ကျောင်းသားတစ်ဦးအတွက် ဝန်ထုပ်ဝန်ပိူး ဖြစ်လွန်းလှသည်။

"ယိလင်းက သူမှားတာကိုသိပြီး သင်ခန်းစာ ရသွားခဲ့ပါပြီ။ ကျေးဇူးပြုပြီး စိတ်သဘောထားကြီးကြီးနဲ့ သူ့ကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ။ သူ နောက်ထပ် ဒီလိုမျိုး ဘယ်တော့မှ ကျူးလွန်တော့မှာ မဟုတ်ပါဘူး။"

"မင်း ဒီအကြောင်းကို ရှင်းလင်းပြီးသားဖြစ်လို့ ဒါက မင်းအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု မရှိသလောက်ပါပဲ။ ဘာလို့ ဒီလောက် အကျယ်ချဲ့ချင်နေရတာလဲ။"

"ယိလင်းက တကယ်ပဲ ဆိုးသွမ်းနေတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ သူက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီးတော့ သူ့အတန်းဖော်တွေကိုလည်း အမြဲတမ်း ကူညီတတ်တယ်။ ဒီတစ်ကြိမ် သူ သိပ်မတွေးမိလို့ အမှားလုပ်မိသွားတာပါ။ ကျေးဇူးပြုပြီး သူ့ကို ဒုတိယအခွင့်အရေးတစ်ခုလောက်တော့ ပေးပါ။"

ဖူး... သူက လူကောင်းတစ်ယောက်တဲ့လား။ ဒီလူတွေ ပါးစပ်ထဲက "လူကောင်း" ဆိုတဲ့ စကားလုံးထွက်လာတာ ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်သလဲ။

**********************************

Zawgyi

အခန္း (၂၁၄) "သူမသည္ မိန္ဖန္႔ရဲ႕ ေဘာ့စ္ ဖန္႔ကြၽင္း႐ုံ၏ သမီး ျဖစ္သည္" (၃)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

အေဖကုန္းက ေဒါသထြက္သြားၿပီး ကုန္းယိလင္းရဲ႕ နဖူးကို လက္ညိႇဳးထိုးကာ ေျပာလိုက္သည္။ "မင္း ဒီလိုမ်ိဳးျဖစ္ေအာင္ ဘယ္လိုလုပ္လိုက္တာလဲ။ မင္းလုပ္တာ ေကာင္းရဲ႕လား။ မင္းရဲ႕ ျပစ္မႈမွတ္တမ္းကို ဖယ္႐ွားႏိုင္ဖို႔ နည္းလမ္းတစ္ခုကို အျမန္႐ွာၾကည့္။ ငါ ဒီလိုအ႐ႈပ္အေထြးမ်ိဳးကို လက္မခံႏိုင္ဘူး။" သူက သားျဖစ္သူက ဒီလိုျပစ္မႈမ်ိဳးကို က်ဴးလြန္တာထက္ ျပစ္မႈမွတ္တမ္းမွာ မွတ္တမ္းတင္ခံရမွာကို ပိုစိုးရိမ္သည္။ သူက ဘယ္ေလာက္ေတာင္ မိုက္မဲလိုက္လဲ။

အခု သူ ဒါကို သိ႐ွိသြားေသာအခါတြင္ အေဖကုန္းဟာ ဒီျပႆနာကို သိပ္ၿပီး စိတ္မဝင္စားေတာ့ေပ။ ေငြျဖင့္ ေျဖ႐ွင္းႏိုင္သည့္ မည္သည့္ျပႆနာမဆို ျပႆနာဟု မေခၚဆိုႏိုင္ပါ။ ၿပီးေတာ့ သူတို႔မိသားစုက ခ်မ္းသာသည္။

"မင္းေတာင္းပန္ၿပီးၿပီလား။ သူတို႔က ဘာေျပာလဲ။"

ကုန္းယိလင္းရဲ႕အသံဟာ အရင္ကထက္ ပိုအားနည္းလာခဲ့သည္။ "သူတို႔မိသားစုက ေငြမလိုအပ္ဘူး။ သူတို႔က ကြၽန္ေတာ္ရဲ႕ ေတာင္းပန္မႈကို ျငင္းဆန္ခဲ့ၿပီး ကြၽန္ေတာ့္ကို အသေရဖ်က္မႈနဲ႔ တရားစြဲဆိုလိမ့္မယ္။"

အေဖကုန္းဟာ အခုအခ်ိန္မွာ စိတ္ဆိုးသြားခဲ့သည္။ "သူတို႔က ငါတို႔လို ခ်မ္းသာလို႔လား။ သူတို႔က မင္းရဲ႕ ေတာင္းပန္မႈကို လက္ခံဖို႔ ျငင္းဆန္ႏိုင္လိမ့္မယ္လို႔ ထင္ေနတာလား။ ငါ့မွာ ဒီကိစၥကို ကိုင္တြယ္ေျဖ႐ွင္းႏိုင္မယ့္ သူငယ္ခ်င္းအခ်ိဳ႕႐ွိတယ္။ သူတို႔က ငါတို႔ကို ကူကယ္ရာမဲ့သြားမယ္လို႔ တကယ္ထင္ေနတာလား။"

ကုန္းယိလင္းသည္ သူ ဒီလွ်ိဳ႕ဝွက္ခ်က္ကို အခ်ိန္အၾကာႀကီး ထိန္းမထားႏိုင္ဘူးဆိုတာကို သူ နားလည္သေဘာေပါက္မိသည္။ သူက အံတင္းတင္းႀကိတ္ၿပီး ဒီျပႆနာအေၾကာင္းကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလိုက္သည္။ "အဲ့ေက်ာင္းသူက မိန္ဖုန္႔ေကာ္ပိုေရး႐ွင္းရဲ႕ စီအီးအို ဖန္႔ကြၽင္း႐ုံရဲ႕ သမီးပဲ။"

အေဖကုန္းရဲ႕ အသြင္ဟာ ခ်က္ခ်င္း ေအးခဲသြားၿပီး သူ႕အၾကားအာ႐ုံမွာ ျပႆနာ႐ွိေနတယ္လို႔ သံသယဝင္လုနီးပါး ျဖစ္သြားခဲ့သည္။ သူ႕အငယ္ဆုံးသားကို စိုက္ၾကည့္ရင္း ေမးလိုက္သည္။ "မင္း ေျပာတာ ေသခ်ာလား" သူတို႔မိသားစု တစ္ခုလုံး၏ ပိုင္ဆိုင္မႈသည္ မိန္ဖုန္႔ေကာ္ပိုေရး႐ွင္း၏ ပိုင္ဆိုင္မႈ ဆယ္ပုံတစ္ပုံမွ်ကိုပင္ မႏိႈင္းယွဥ္သာပါ။ သူတို႔မိသားစု၏ စီးပြားေရးသည္လည္း အလွကုန္ပိုင္းတြင္ ႐ွိေနၿပီးေတာ့ မိန္ဖုန္႔ႏွင့္ အလုပ္တြဲလုပ္ခ်င္ေသာ္လည္း ပူးေပါင္းရန္ နည္းလမ္းကို မ႐ွာႏိုင္ေသးေပ။

ၿပီးေတာ့ အခုအခ်ိန္တြင္ သူ႕သားျဖစ္သူက အ႐ူးတစ္ေယာက္လိုမ်ိဳး ဖန္႔ကြၽင္း႐ုံရဲ႕ သမီးျဖစ္သူကို အြန္လိုင္းေပၚတြင္ အသေရဖ်က္ဖို႔ ဆုံးျဖတ္ခဲ့တယ္ မဟုတ္လား။

သူ႕ရင္ဘတ္ဟာ ေဒါသထြက္လြန္းေသာေၾကာင့္ ဖားဖိုလို ျမင့္တက္လာခဲ့သည္။ သူသည္ အၿမဲတမ္း ျပႆနာ႐ွာၿပီး သူတို႔ရဲ႕ ဖခင္ေတြကို ဆြဲခ်တတ္ေသာ သူ႕သူငယ္ခ်င္းမ်ား၏ သားျဖစ္သူမ်ားအား ရယ္သြမ္းေသြးကာ နာမည္ႀကီးတကၠသိုလ္တြင္ တက္ေရာက္ခြင့္ရေသာ သားျဖစ္သူအား ႂကြားထုတ္ေလ့႐ွိသည္။ ရလဒ္အေနျဖင့္ သူ႕သားျဖစ္သူသည္ သူ႕ကို အရမ္း အံ့အားသင့္ဖြယ္ရာေကာင္းေသာ ျပႆနာတစ္ခုအား ေဆာင္က်ဥ္းေပးခဲ့သည္။

သူမ်က္ႏွာေပၚတြင္ ရက္စက္ၾကမ္းၾကဳတ္ေသာ အမူအရာ ျဖစ္ေပၚလာခဲ့ၿပီး အေဖကုန္းဟာ ေနာက္ဆုံး၌ စိတ္မထိန္းႏိုင္ေတာ့ပဲ သူ႕သားျဖစ္သူရဲ႕ မ်က္ႏွာအား ျဖတ္႐ိုက္လိုက္သည္။ အေဖကုန္းက ကုန္းယိလင္းကို ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္လိုက္ေသာေၾကာင့္ သူ႕သားျဖစ္သူ၏ ပါးျပင္ဟာ ခ်က္ခ်င္းပင္ နီရဲေရာင္ရမ္းလာခဲ့ၿပီး နာက်င္မႈကိုပင္ ေမ့ေလ်ာ့သြားေစခဲ့သည္။

"မင္း ေခြးမသား"

***

လီ႐ွင္းယြင္သည္ ပင္ဂြင္း႐ွိ စကားေျပာခန္းကို ငုံ႔ၾကည့္လိုက္သည္။ သူမ မိခင္ျဖစ္သူက ေၾကာ္ျငာခ်က္ ထုတ္ျပန္လိုက္ၿပီးကတည္းက ေက်ာင္းဖိုရမ္တြင္ ေဆြးေႏြးမႈေတြဟာ‌ ေပါက္ကြဲထြက္လာခဲ့သည္။ တကယ္ျဖဴစင္လွပၿပီး ခ်မ္းသာေသာ အလွပန္းေလးက သူတို႔ၾကားမွာ ပုန္းကြယ္ရင္း ႐ွိေနခဲ့ေၾကာင္းကို လူတိုင္းဟာ မယုံၾကည္ႏိုင္ဘူးလို႔ပင္ ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။ သူတို႔က အြန္လိုင္းေပၚတြင္ ဖန္႔ကြၽင္း႐ုံအေၾကာင္းကို ႐ွာေဖြၾကည့္ခဲ့ၾကၿပီးေနာက္ သူတို႔အားလုံး ဒူးေထာက္ခစားသြားၾကသည္။ လူေတာ္‌ေတာ္မ်ားမ်ားက လီ႐ွင္းယြင္ကို သူမေပါင္ကို ဖက္တြယ္လို႔မရလားဟုပင္ အ႐ႊန္းေဖာက္ခဲ့ၾကသည္။

ကုန္းယိလင္းရဲ႕ လုပ္ရပ္က အရမ္းဆိုး႐ြားခဲ့သည္။ လီ႐ွင္းယြင္ကို လက္စားေခ်ရန္အတြက္ ကုန္းယိလင္းသည္ သူမရဲ႕ ဂုဏ္သတင္းကို ဆိုးဝါးေစ႐ုံသာမက ေက်ာင္းကိုလည္း အသေရပ်က္ေစခဲ့သည္။ ထို႔ေၾကာင့္ ေက်ာင္း၏ ေၾကာ္ျငာခ်က္သည္ အလြန္ျမန္ဆန္စြာ ထြက္ေပၚလာခဲ့သည္။ ကုန္းယိလင္းသည္ ဒီျဖစ္ရပ္အေပၚ တာဝန္ခံရန္ႏွင့္ လီ႐ွင္းယြင္ကို ေတာင္းပန္ရန္ ၫႊန္ၾကားခ်က္ ထြက္ေပၚလာခဲ့သည္။ လီက်င္း႐ုံႏွင့္ ပတ္သတ္၍ သူသည္လည္း သတိေပးခ်က္ကို လက္ခံရ႐ွိခဲ့သည္။

လီ႐ွင္းယြင္သည္ ဒီရလဒ္အတြက္ အေတာ္ေလး စိတ္ေက်နပ္သြားခဲ့သည္။

သူငယ္ခ်င္းျဖစ္ရန္ ‌ေတာင္းဆိုမႈမ်ားစြာကို ျမင္လိုက္ရတာက သူမကို မ်က္ေမွာင္ၾကဳံ႕သြားေစသည္။ သူမသည္ ၿပီးခဲ့သည့္ရက္အနည္းငယ္အတြင္း သူငယ္ခ်င္းျဖစ္ရန္ ေတာင္းဆိုမႈမ်ား မ်ားစြာ ရ႐ွိခဲ့သည္။ ထိုအရာမ်ားသည္ ကုန္းယိလင္း၏ သူငယ္ခ်င္းမ်ားထံမွျဖစ္ၿပီးေတာ့ အခ်ိဳ႕က သူမရဲ႕ သူငယ္ခ်င္းမ်ားကိုပင္ သူတို႔အတြက္ ကူေျပာေပးရန္ ေတာင္းဆိုခဲ့သည္။

အဓိကအားျဖင့္ သူတို႔က ကုန္းယိလင္းအတြက္ သတိေပးခ်က္ကို ပယ္ဖ်က္ေပးရန္ လီ႐ွင္းယြင္ရဲ႕ မိသားစုကို ေတာင္းဆိုခ်င္ခဲ့ၾကသည္။ ဘာပဲျဖစ္ျဖစ္ ရာဇဝတ္မႈတစ္ခုသည္ ေကာလိပ္ေက်ာင္းသားတစ္ဦးအတြက္ ဝန္ထုပ္ဝန္ပိူး ျဖစ္လြန္းလွသည္။

"ယိလင္းက သူမွားတာကိုသိၿပီး သင္ခန္းစာ ရသြားခဲ့ပါၿပီ။ ေက်းဇူးျပဳၿပီး စိတ္သေဘာထားႀကီးႀကီးနဲ႔ သူ႕ကို ဒီတစ္ႀကိမ္ေလာက္ ခြင့္လႊတ္ေပးပါ။ သူ ေနာက္ထပ္ ဒီလိုမ်ိဳး ဘယ္ေတာ့မွ က်ဴးလြန္ေတာ့မွာ မဟုတ္ပါဘူး။"

"မင္း ဒီအေၾကာင္းကို ႐ွင္းလင္းၿပီးသားျဖစ္လို႔ ဒါက မင္းအေပၚ ဆိုး႐ြားတဲ့ သက္ေရာက္မႈ မ႐ွိသေလာက္ပါပဲ။ ဘာလို႔ ဒီေလာက္ အက်ယ္ခ်ဲ႕ခ်င္ေနရတာလဲ။"

"ယိလင္းက တကယ္ပဲ ဆိုးသြမ္းေနတဲ့လူတစ္ေယာက္ မဟုတ္ပါဘူး။ သူက သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႕အတန္းေဖာ္ေတြကိုလည္း အၿမဲတမ္း ကူညီတတ္တယ္။ ဒီတစ္ႀကိမ္ သူ သိပ္မေတြးမိလို႔ အမွားလုပ္မိသြားတာပါ။ ေက်းဇူးျပဳၿပီး သူ႕ကို ဒုတိယအခြင့္အေရးတစ္ခုေလာက္ေတာ့ ေပးပါ။"

ဖူး... သူက လူေကာင္းတစ္ေယာက္တဲ့လား။ ဒီလူေတြ ပါးစပ္ထဲက "လူေကာင္း" ဆိုတဲ့ စကားလုံးထြက္လာတာ ဘယ္ေလာက္ေတာင္ အ႐ွက္ကင္းမဲ့လိုက္သလဲ။

Continue Reading

You'll Also Like

7K 377 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
27.2K 2.5K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
512K 34.4K 31
story description>>>>> start-5/10/2021 end-1/1/2022
78.1K 7.5K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...