ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.6K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-212

843 109 0
By Miracle_Phyu97

အခန်း (၂၁၂) "သူမသည် မိန်ဖန့်ရဲ့ ဘော့စ် ဖန့်ကျွင်းရုံ၏ သမီး ဖြစ်သည်" (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သို့သော် သူ အချိန်အကြာကြီး မပျော်ရွှင်ခဲ့ရပေ။ ဖန့်ကျွင်းရုံ၏ ဝေ့ပေါ်တွင် တင်လိုက်သော ပို့စ်အနည်းငယ်က သူ့အား ရေခဲရေပုံးလိုက်ဖြင့် အလောင်းခံလိုက်ရသလို ခံစားသွားစေခဲ့သည်။ ထိုဇိမ်ခံကားသည် ဖန့်ကျွင်းရုံအပိုင်ဖြစ်ပြီး ထိုမိန်းကလေးနှစ်ဦးဟာ သူမရဲ့သမီးတွေ ဖြစ်ကြသည်။ အင်တာနက်ပေါ်မှ နာမည်ကျော်ကြားသူတစ်ဦး အနေဖြင့် သူသည် ဖန့်ကျွင်းရုံရဲ့ ဝိသေသလက္ခဏာကို မလွှမ်းမိုးနိုင်ကြောင်း သူ ကောင်းကောင်းသိနားလည်သည်။

အရာအားလုံးက အလျင်အမြန် ဖြစ်ပျက်သွားခဲ့တော့ သူ့မှာ ပြင်ဆင်ဖို့ အချိန်အနည်းငယ်တောင် မရှိတော့ဘူး။ ဖန့်ကျွင်းရုံ၏ ရှေ့နေအဖွဲ့သည် သူ့ထံသို့ တရားစွဲဆိုထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့ပြီး သူ့အား တရားရုံး၌ တရားစွဲဆိုဖို့ ရည်ရွယ်ထားကြောင်း အခိုင်အမာ ‌ဖော်ပြခဲ့သည်။

သူတို့က သူ့ကို ပြင်းပြင်းထန်ထန် အရေးယူလာခဲ့ပြီး သူ့စီးပွားရေးကို ပျက်ပြားစေခဲ့တယ်။ ကံဆိုးချင်တော့ သူသည် လူအများ၏ အာရုံကို ဆွဲ‌ဆောင်နိုင်ရန် ရေတပ်ကို ငှားရမ်းအသုံးပြုခဲ့ပြီး သူ့ဆောင်းပါးကို အကြိမ်များစွာ ပြန်လည်မျှဝေစေခဲ့သည်။ သူသည် မိန်းကလေးနှစ်ဦး၏ အထောက်အထားမျာကို ဖော်ထုတ်ခဲ့ပြီး သူမတို့၏ဘဝကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။ သူသည် သူ့သူငယ်ချင်းများအား ဖုန်းဆက် အကူအညီ‌တောင်းဖို့ အလုပ်များနေခဲ့သည်။

အဆိုးရွားဆုံး အခြေအနေတွင် ပိုက်ဆံဆုံးရှုံးရုံတင်မကပဲ ထောင်ကျခံရနိုင်သည်ဟု သူ့သူငယ်ချင်းများက သူ့ကို သတိပေးခဲ့သည်။

ကျိုးဝမ်သည် ငယ်ရွယ်သေးပြီး သူ့ရဲ့ဘဝဟာ ယခုမှ စတင်နေတာ ဖြစ်သည်။ သူက ထောင်မကျချင်သလို ပြစ်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာများကို မပိုင်ဆိုင်ချင်ဘူး။

သူ့ဘဝကို စုတ်ပြတ်သွားစေသည့် အခကြေးငွေပေးကာ ခိုင်းစေသူအား ဆက်သွယ်ခဲ့ပေမယ့် ကံဆိုးချင်တော့ သူ လုံးဝ ဆက်သွယ်လို့ မရခဲ့ပေ။

"*#@(!"

ကျူးဝမ်သည် သူ့ကွန်ပြူတာရှေ့တွင် ဖြူဖျော့စွာ ထိုင်နေမိသည်။ တဖက်လူရဲ့ ရည်ရွယ်ချက်က ဒီအရှုပ်ထုပ်တွေအားလုံးကို သူ့ထံသို့ ပုံချပြီး သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ရှိနေရန် ရည်ရွယ်ထားတာလား။ အကယ်၍ သူသည် တစ်ဖက်လူ၏ လိမ်လည်လှည့်ဖြားခြင်းကို မခံခဲ့ရပါလျှင် ဖန့်ကျွင်းရုံကဲ့သို့သော လူမျိုးကို သူ့အား တရားစွဲဆိုဖို့လုပ်သည့်အထိ စိတ်ဆိုးသွားစေခဲ့မှာ မဟုတ်ဘူး။

မဟုတ်ဘူး၊ သူ ဒီလိုမျိုးသေဖို့ ထိုင်စောင့်နေမှာ မဟုတ်ဘူး။ ကျိုးဝမ်သည် အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့အကောင့်ထဲ လော့ဂ်အင်ဝင်လိုက်သည်။ သူရဲ့ ပရိသတ်အရေအတွက်က ‌သောင်းနှင့်ချီ လျော့ကျသွားခဲ့ပြီ။ ဒီအရေအတွက်က သိပ်မများတဲ့ဟန် ထင်ရပေမယ့် ထိုလူအားလုံးသည် အမြဲတမ်း အွန်လိုင်းဖြစ်နေသောလူများပင် ဖြစ်သည်။ ဒီအဖြစ်အပျက်တွေကြောင့် ဒီပရိသတ်တွေအားလုံးက သူ့ကို ဘလော့ခ်ခဲ့ကြသည်။ သူ့စာမျက်နှာရဲ့ အောက်ခြေတွင် မကောင်းသည့် မှတ်ချက်အမျိုးမျိုးကို တွေ့ခဲ့ရသည်။ သူက သူ့ကိုအားပေးထောက်ခံသည့် လူထုရဲ့ထင်မြင်ချက်ကို အသုံးပြုပြီး သူ့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော လူများအား တိုက်ခိုက်အနိုင်ယူခဲ့ကာ သူ့စွမ်းရည်ကို အလွန်ဂုဏ်ယူခဲ့သည်။ နောက်ဆုံး၌ ထိုကဲ့သို့တိုက်ခိုက်မှုများက သူ့ထံသို့ ပြန်လည်ဦးတည်လာခဲ့ပြီ။

နောက်ဆုံး၌ သူ ဆန့်ကျင်တိုက်ခိုက်ခဲ့သော လူများ၏ ခံစားချက်များကို သူ ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ထိုဆဲဆိုထားသည့် စကားလုံးများကို မြင်တွေ့ရခြင်းသည် လူတစ်ယောက်အား စိတ်ကျရောဒါကို ခံစားရစေနိုင်ပြီး မိမိကိုယ်ကို တန်ဖိုးထားသည့်အမြင်ကို ပြန်လည်မေးခွန်းထုတ်စေဖို့ လုံ‌လောက်သည်။

သူသည် ထိုမှတ်ချက်ကို ကြည့်ရှုခြင်းမှ ရပ်တန့်ရန် သူ့မျက်လုံးကို မှိတ်လိုက်သည်။ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး ထိုဆောင်းပါးနှစ်ပုဒ်ကို ဖျက်ပြီး တရားဝင် ကြော်ငြာချက်တစ်ခုကို ရေးတင်ခဲ့သည်။ သူက နှစ်အနည်းငယ် ထောင်ထဲမှာ နေရမှာထက် ဒီအကောင့်ကို ဖျက်ပစ်လိုက်ရတာက ပိုကောင်းပါသည်။

[ကျွန်တော်က (မည်သို့လိမ်ရမှန်း မသိတဲ့ ရောင်စုံခဲတံ) အကောင့်ပိုင်ရှင်ပါ။ ကျွန်တော့်ပရိသတ်တွေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်။ ကျွန်တော် ဒီဆောင်းပါးနှစ်ခုကို အခကြေးငွေယူပြီး တင်ခဲ့တာပါ။ ကျွန်တော် ဒီဆောင်းပါးကို ပို့စ်မတင်ခင်မှာ အမှန်တရား ဟုတ်မဟုတ် လေ့လာစူးစမ်းဖို့ ကျွန်တော် လုံ့လဝီရိယမထားခဲ့မိဘူး။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက အပြစ်မဲ့မိန်းကလေးနှစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်...]

သူသည် အလွန်ပြေပြစ်စွာ တောင်းပန်ခဲ့ပြီးနောက် သူ့ကို အခကြေးငွေပေးကာ ငှားရမ်းခဲ့သူ၏ အဆက်အသွယ်နှင့် ဘဏ်စာရင်းအချက်အလက်များကို တိုက်ရိုက်ပို့စ်တင်ခဲ့သည်။ ဘဏ်စာရင်းအကောင့်ပိုင်ရှင်၏ အမည်မှာ ကုန်းယိလင်းဖြစ်သည်။ အဲ့တာက သူ့နာမည်အရင်း ဟုတ်မဟုတ် မသေချာပေမယ့် အခုအချိန်မှာ သူက အချက်အလက်တွေအားလုံးကို တင်ပြီးပြီဆိုတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှလူဟာ ဘယ်သူလဲဆိုတာကို ခြေရာခံနိုင်ပေလိမ့်မည်။

သူ ဒါတွေအားလုံးကို လုပ်ပြီးတဲ့နောက်မှာ သူက သူ့သူငယ်ချင်းတွေရဲ့ အကြံဥာဏ်ကို နားထောင်ပြီး ပြစ်ဒဏ်ကိုပေါ့လျော့စေဖို့ မျှော်လင့်ပြီး ရဲစခန်းသို့ သွားရောက်ဝန်ခံခဲ့သည်။

ကျိုးဝမ်သည် သူ တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ခဲ့သည်။ သူ အခြားသူတစ်ဦးနှင့် အတူ တစ်လမ်းတည်း လျှောက်လှမ်းဖို့ ရည်ရွယ်ချက်မရှိပဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ဖို့ကိုသာ မျှော်လင့်မိသည်။

ကျိုးဝမ်ရဲ့ ‌တောင်းပန်စာသည် မျှော်လင့်ထားသည့်အတိုင်း တကယ့်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ဒီလူက အခကြေးငွေဖြင့် ဆောင်ပါးများကို ရေးတင်ပေးသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သော ပထမဆုံး နာမည်ကျော်ကြားသူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ကျိုးဝမ်တွင် သူ့အတွက် အလုပ်လုပ်ပေးသည့် အသင်းအဖွဲ့မရှိသောကြောင့် သူသည် အခြားသူတစ်ဦးအပေါ် အပြစ်ပုံချကာ သူ့ကိုယ်သူ ကိုယ်လွတ်ရုန်းဖို့ မလုပ်နိုင်ပါ။

**********************************

Zawgyi

အခန္း (၂၁၂) "သူမသည္ မိန္ဖန္႔ရဲ႕ ေဘာ့စ္ ဖန္႔ကြၽင္း႐ုံ၏ သမီး ျဖစ္သည္" (၁)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

သို႔ေသာ္ သူ အခ်ိန္အၾကာႀကီး မေပ်ာ္႐ႊင္ခဲ့ရေပ။ ဖန္႔ကြၽင္း႐ုံ၏ ေဝ့ေပၚတြင္ တင္လိုက္ေသာ ပို႔စ္အနည္းငယ္က သူ႕အား ေရခဲေရပုံးလိုက္ျဖင့္ အေလာင္းခံလိုက္ရသလို ခံစားသြားေစခဲ့သည္။ ထိုဇိမ္ခံကားသည္ ဖန္႔ကြၽင္း႐ုံအပိုင္ျဖစ္ၿပီး ထိုမိန္းကေလးႏွစ္ဦးဟာ သူမရဲ႕သမီးေတြ ျဖစ္ၾကသည္။ အင္တာနက္ေပၚမွ နာမည္ေက်ာ္ၾကားသူတစ္ဦး အေနျဖင့္ သူသည္ ဖန္႔ကြၽင္း႐ုံရဲ႕ ဝိေသသလကၡဏာကို မလႊမ္းမိုးႏိုင္ေၾကာင္း သူ ေကာင္းေကာင္းသိနားလည္သည္။

အရာအားလုံးက အလ်င္အျမန္ ျဖစ္ပ်က္သြားခဲ့ေတာ့ သူ႕မွာ ျပင္ဆင္ဖို႔ အခ်ိန္အနည္းငယ္ေတာင္ မ႐ွိေတာ့ဘူး။ ဖန္႔ကြၽင္း႐ုံ၏ ေ႐ွ႕ေနအဖြဲ႕သည္ သူ႕ထံသို႔ တရားစြဲဆိုထားသည့္ စာတစ္ေစာင္ကို ေပးပို႔ခဲ့ၿပီး သူ႕အား တရား႐ုံး၌ တရားစြဲဆိုဖို႔ ရည္႐ြယ္ထားေၾကာင္း အခိုင္အမာ ‌ေဖာ္ျပခဲ့သည္။

သူတို႔က သူ႕ကို ျပင္းျပင္းထန္ထန္ အေရးယူလာခဲ့ၿပီး သူ႕စီးပြားေရးကို ပ်က္ျပားေစခဲ့တယ္။ ကံဆိုးခ်င္ေတာ့ သူသည္ လူအမ်ား၏ အာ႐ုံကို ဆြဲ‌ေဆာင္ႏိုင္ရန္ ေရတပ္ကို ငွားရမ္းအသုံးျပဳခဲ့ၿပီး သူ႕ေဆာင္းပါးကို အႀကိမ္မ်ားစြာ ျပန္လည္မွ်ေဝေစခဲ့သည္။ သူသည္ မိန္းကေလးႏွစ္ဦး၏ အေထာက္အထားမ်ာကို ေဖာ္ထုတ္ခဲ့ၿပီး သူမတို႔၏ဘဝကို အႀကီးအက်ယ္ ထိခိုက္သြားေစခဲ့သည္။ သူသည္ သူ႕သူငယ္ခ်င္းမ်ားအား ဖုန္းဆက္ အကူအညီ‌ေတာင္းဖို႔ အလုပ္မ်ားေနခဲ့သည္။

အဆိုး႐ြားဆုံး အေျခအေနတြင္ ပိုက္ဆံဆုံး႐ႈံး႐ုံတင္မကပဲ ေထာင္က်ခံရႏိုင္သည္ဟု သူ႕သူငယ္ခ်င္းမ်ားက သူ႕ကို သတိေပးခဲ့သည္။

က်ိဳးဝမ္သည္ ငယ္႐ြယ္ေသးၿပီး သူ႕ရဲ႕ဘဝဟာ ယခုမွ စတင္ေနတာ ျဖစ္သည္။ သူက ေထာင္မက်ခ်င္သလို ျပစ္မႈဆိုင္ရာ မွတ္တမ္းမွတ္ရာမ်ားကို မပိုင္ဆိုင္ခ်င္ဘူး။

သူ႕ဘဝကို စုတ္ျပတ္သြားေစသည့္ အခေၾကးေငြေပးကာ ခိုင္းေစသူအား ဆက္သြယ္ခဲ့ေပမယ့္ ကံဆိုးခ်င္ေတာ့ သူ လုံးဝ ဆက္သြယ္လို႔ မရခဲ့ေပ။

"*#@(!"

က်ဴးဝမ္သည္ သူ႕ကြန္ျပဴတာေ႐ွ႕တြင္ ျဖဴေဖ်ာ့စြာ ထိုင္ေနမိသည္။ တဖက္လူရဲ႕ ရည္႐ြယ္ခ်က္က ဒီအ႐ႈပ္ထုပ္ေတြအားလုံးကို သူ႕ထံသို႔ ပုံခ်ၿပီး သူ႕ကိုယ္သူ ႐ွင္း႐ွင္းလင္းလင္း ႐ွိေနရန္ ရည္႐ြယ္ထားတာလား။ အကယ္၍ သူသည္ တစ္ဖက္လူ၏ လိမ္လည္လွည့္ျဖားျခင္းကို မခံခဲ့ရပါလွ်င္ ဖန္႔ကြၽင္း႐ုံကဲ့သို႔ေသာ လူမ်ိဳးကို သူ႕အား တရားစြဲဆိုဖို႔လုပ္သည့္အထိ စိတ္ဆိုးသြားေစခဲ့မွာ မဟုတ္ဘူး။

မဟုတ္ဘူး၊ သူ ဒီလိုမ်ိဳးေသဖို႔ ထိုင္ေစာင့္ေနမွာ မဟုတ္ဘူး။ က်ိဳးဝမ္သည္ အသက္ျပင္းျပင္း ႐ႈလိုက္ၿပီး သူ႕အေကာင့္ထဲ ေလာ့ဂ္အင္ဝင္လိုက္သည္။ သူရဲ႕ ပရိသတ္အေရအတြက္က ‌ေသာင္းႏွင့္ခ်ီ ေလ်ာ့က်သြားခဲ့ၿပီ။ ဒီအေရအတြက္က သိပ္မမ်ားတဲ့ဟန္ ထင္ရေပမယ့္ ထိုလူအားလုံးသည္ အၿမဲတမ္း အြန္လိုင္းျဖစ္ေနေသာလူမ်ားပင္ ျဖစ္သည္။ ဒီအျဖစ္အပ်က္ေတြေၾကာင့္ ဒီပရိသတ္ေတြအားလုံးက သူ႕ကို ဘေလာ့ခ္ခဲ့ၾကသည္။ သူ႕စာမ်က္ႏွာရဲ႕ ေအာက္ေျခတြင္ မေကာင္းသည့္ မွတ္ခ်က္အမ်ိဳးမ်ိဳးကို ေတြ႕ခဲ့ရသည္။ သူက သူ႕ကိုအားေပးေထာက္ခံသည့္ လူထုရဲ႕ထင္ျမင္ခ်က္ကို အသုံးျပဳၿပီး သူ႕ကို ဆန္႔က်င္တိုက္ခိုက္ခဲ့ေသာ လူမ်ားအား တိုက္ခိုက္အႏိုင္ယူခဲ့ကာ သူ႕စြမ္းရည္ကို အလြန္ဂုဏ္ယူခဲ့သည္။ ေနာက္ဆုံး၌ ထိုကဲ့သို႔တိုက္ခိုက္မႈမ်ားက သူ႕ထံသို႔ ျပန္လည္ဦးတည္လာခဲ့ၿပီ။

ေနာက္ဆုံး၌ သူ ဆန္႔က်င္တိုက္ခိုက္ခဲ့ေသာ လူမ်ား၏ ခံစားခ်က္မ်ားကို သူ ေကာင္းစြာ နားလည္သေဘာေပါက္သြားခဲ့သည္။ ထိုဆဲဆိုထားသည့္ စကားလုံးမ်ားကို ျမင္ေတြ႕ရျခင္းသည္ လူတစ္ေယာက္အား စိတ္က်ေရာဒါကို ခံစားရေစႏိုင္ၿပီး မိမိကိုယ္ကို တန္ဖိုးထားသည့္အျမင္ကို ျပန္လည္ေမးခြန္းထုတ္ေစဖို႔ လုံ‌ေလာက္သည္။

သူသည္ ထိုမွတ္ခ်က္ကို ၾကည့္႐ႈျခင္းမွ ရပ္တန္႔ရန္ သူ႕မ်က္လုံးကို မွိတ္လိုက္သည္။ သူ႕မ်က္လုံးေတြကို ျပန္ဖြင့္လိုက္ၿပီး ထိုေဆာင္းပါးႏွစ္ပုဒ္ကို ဖ်က္ၿပီး တရားဝင္ ေၾကာ္ျငာခ်က္တစ္ခုကို ေရးတင္ခဲ့သည္။ သူက ႏွစ္အနည္းငယ္ ေထာင္ထဲမွာ ေနရမွာထက္ ဒီအေကာင့္ကို ဖ်က္ပစ္လိုက္ရတာက ပိုေကာင္းပါသည္။

[ကြၽန္ေတာ္က (မည္သို႔လိမ္ရမွန္း မသိတဲ့ ေရာင္စုံခဲတံ) အေကာင့္ပိုင္႐ွင္ပါ။ ကြၽန္ေတာ့္ပရိသတ္ေတြနဲ႔ ျပည္သူေတြကို ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ ဒီေဆာင္းပါးႏွစ္ခုကို အခေၾကးေငြယူၿပီး တင္ခဲ့တာပါ။ ကြၽန္ေတာ္ ဒီေဆာင္းပါးကို ပို႔စ္မတင္ခင္မွာ အမွန္တရား ဟုတ္မဟုတ္ ေလ့လာစူးစမ္းဖို႔ ကြၽန္ေတာ္ လုံ႔လဝီရိယမထားခဲ့မိဘူး။ ကြၽန္ေတာ့္ရဲ႕ လုပ္ရပ္ေတြက အျပစ္မဲ့မိန္းကေလးႏွစ္ေယာက္ရဲ႕ နာမည္ဂုဏ္သတင္းကို ထိခိုက္ေစခဲ့ပါတယ္...]

သူသည္ အလြန္ေျပျပစ္စြာ ေတာင္းပန္ခဲ့ၿပီးေနာက္ သူ႕ကို အခေၾကးေငြေပးကာ ငွားရမ္းခဲ့သူ၏ အဆက္အသြယ္ႏွင့္ ဘဏ္စာရင္းအခ်က္အလက္မ်ားကို တိုက္႐ိုက္ပို႔စ္တင္ခဲ့သည္။ ဘဏ္စာရင္းအေကာင့္ပိုင္႐ွင္၏ အမည္မွာ ကုန္းယိလင္းျဖစ္သည္။ အဲ့တာက သူ႕နာမည္အရင္း ဟုတ္မဟုတ္ မေသခ်ာေပမယ့္ အခုအခ်ိန္မွာ သူက အခ်က္အလက္ေတြအားလုံးကို တင္ၿပီးၿပီဆိုေတာ့ ဒီကိစၥရဲ႕ ေနာက္ကြယ္မွလူဟာ ဘယ္သူလဲဆိုတာကို ေျခရာခံႏိုင္ေပလိမ့္မည္။

သူ ဒါေတြအားလုံးကို လုပ္ၿပီးတဲ့ေနာက္မွာ သူက သူ႕သူငယ္ခ်င္းေတြရဲ႕ အၾကံဥာဏ္ကို နားေထာင္ၿပီး ျပစ္ဒဏ္ကိုေပါ့ေလ်ာ့ေစဖို႔ ေမွ်ာ္လင့္ၿပီး ရဲစခန္းသို႔ သြားေရာက္ဝန္ခံခဲ့သည္။

က်ိဳးဝမ္သည္ သူ တတ္ႏိုင္သမွ် အရာအားလုံးကို ျပဳလုပ္ခဲ့သည္။ သူ အျခားသူတစ္ဦးႏွင့္ အတူ တစ္လမ္းတည္း ေလွ်ာက္လွမ္းဖို႔ ရည္႐ြယ္ခ်က္မ႐ွိပဲ သူ႕ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးႏိုင္ဖို႔ကိုသာ ေမွ်ာ္လင့္မိသည္။

က်ိဳးဝမ္ရဲ႕ ‌ေတာင္းပန္စာသည္ ေမွ်ာ္လင့္ထားသည့္အတိုင္း တကယ့္ကို ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေစခဲ့သည္။ ဒီလူက အခေၾကးေငြျဖင့္ ေဆာင္ပါးမ်ားကို ေရးတင္ေပးသည္ဟု ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့ေသာ ပထမဆုံး နာမည္ေက်ာ္ၾကားသူ ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္။ က်ိဳးဝမ္တြင္ သူ႕အတြက္ အလုပ္လုပ္ေပးသည့္ အသင္းအဖြဲ႕မ႐ွိေသာေၾကာင့္ သူသည္ အျခားသူတစ္ဦးအေပၚ အျပစ္ပုံခ်ကာ သူ႕ကိုယ္သူ ကိုယ္လြတ္႐ုန္းဖို႔ မလုပ္ႏိုင္ပါ။

Continue Reading

You'll Also Like

27.2K 2.5K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
701K 37.8K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
3.5K 231 7
🚨18+Warning🚨 #just fan translation #all credit to original authur and Eng translator #wakeupastheCinderella'sstepsister