ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

Av Miracle_Phyu97

40.2K 4.8K 30

199 မှ စတင်သည်။ Mer

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-210

993 127 0
Av Miracle_Phyu97

အခန်း (၂၁၀) - အခု တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီလား (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံက (မည်သို့လိမ်ရမှန်း မသိတဲ့ ရောင်စုံခဲတံ) တင်ထားသော ပို့စ်ကို ဤသို့ရေးသားကာ ပြန်လည်မျှဝေခဲ့သည်။ "သူတို့ရဲ့ အလုပ်ရှင်လား။ မင်း ငါ့အကြောင်း‌ ပြောနေတာလား။ ဘာလဲ။ ငါ့ကိုယ်ပိုင်ကားကို ငါ့ကလေးတွေကျောင်းကနေ သွားကြိုဖို့ သုံးလို့မရဘူးလား။"

သူမ ထိုသို့ တင်ပြီးသည်နှင့် ရှေ့နေအချို့ကို ဆက်သွယ်ကာ တရားဝင်ကြော်ငြာချက် ထုတ်ပြန်ခဲ့သည်။

[လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက တင်ထားတဲ့ (မည်သို့လိမ်ရမှန်း မသိတဲ့ ရောင်စုံခဲတံ)၊ (ငါ ဒီနေရာမှာ ‌ရောက်နေပြီ ကြည့်လိုက်စမ်း) (ငါ့အစ်ကိုကြီးက အကောင်းဆုံးပဲ) နှင့် အခြားသူတွေက လီရှင်းယွင်နဲ့ ကျုံးရီတို့မှာ စပွန်ဆာရှိတယ်လို့ ပို့စ်ထားခဲ့ကြတယ်။ ထိုကဲ့သို့သော ဆွေးနွေးမှုများဟာ သူတို့ရဲ့ဂုဏ်သတင်းကို အပျက်သဘော သက်ရောက်စေခဲ့ပြီး အသရေဖျက်မှုအဖြစ် သတ်မှတ်လိုက်သည်...

ကျွန်တော်တို့ သက်သေတွေကို စုဆောင်းပြီး သူတို့ကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ အင်တာနက်သည် ရိုင်းစိုင်းသည့် စကားများဆိုရာ နေရာ မဟုတ်ပါ။]

ထို့နောက် သူမ အနည်းငယ် ထပ်တွေးလိုက်ပြီး နောက်ထပ်ပို့စ်တစ်ခုကို တင်လိုက်သည်။

[စကားမစပ် ငါပြောရရင် လီရှင်းယွင်က ငါ့သမီးပါ၊ ငါ့သမီးအရင်းဖြစ်တယ်။ သူမက လှပတယ်၊ ကြင်နာတတ်တယ်၊ ချစ်စရာကောင်းပြီး စဥ်းစားတွေးခေါ်တတ်တယ်။ သူမက ငါ့ကလေးပဲ။ ကျုံးရီက ငါ့မွေးစားသမီးပါ။ သူမက သိမ်မွေ့တယ်၊ သန်မာတယ် ပြီးတော့ သူမက သူမအနီးအနားကလူတိုင်းက အမြဲတမ်း ကူညီထောက်ပံ့ပေးတယ်။ သူမကို မွေးစားခွင့်ရတာ ငါ ကံကောင်းတယ်။ နှစ်ယောက်စလုံး အလွန်လိမ္မာရေးခြားရှိပြီး ကြင်နာမှုတွေနဲ့ ထိုက်တန်ပါတယ်။ တရားရုံးစစ်ဆေးမှုရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ မိန်ဖန့်ထုတ်ကုန်အားလုံးကို ၂၀ရာခိုင်နှုန်း လျှော့စျေး ပေးသွားပါမယ်။]

ယခုအခါ၌ ဖန့်ကျွင်းရုံတွင် ပရိတ်သတ် တစ်မီလီယံလောက် ပိုင်ဆိုင်ထားပြီး သူမသည် ရေတပ်ဝယ်ပြီး ပိုက်ဆံဖြုန်းတီးဖို့ စိတ်ကူး မရှိပေ။ သူမရဲ့ ပရိသတ်အများစုဟာ အွန်လိုင်းပေါ်တွင် အမြဲတမ်း ရှိကြသည်။ သူမဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည့်အခါမှာတော့ သူမရဲ့လွှမ်းမိုးမှုဟာ နာမည်ကြီးတစ်ယောက်ကိုတောင် ယှဥ်ပြိုင်လာနိုင်ခဲ့သည်။

သူမပို့စ်တင်လိုက်တိုင်းမှာ မှတ်ချက်များဟာ အံ့သြစရာကောင်းတဲ့ အလျင်နဲ့ ချက်ချင်း မြင့်တက်လာခဲ့သည်။

[ငါ အရမ်းမနာလိုဖြစ်တာပဲ။ လတိုင်း အလှအပဆေးလုံးတစ်ဗူးကို ရရှိဖို့ ကြိုးစားနေတဲ့ငါက လီမွန်သီးတစ်လုံးအသွင် ပြောင်းသွားခဲ့ပြီ။ ညီမငယ်လေးရှင်းယွင် ဘယ်လိုမျိုး လူဝင်စားခဲ့တာလဲ ဆိုတာကို ငါသိချင်တယ်။]

[ဘော့စ်ဖန့်က လွှမ်းမိုးခြယ်လှယ်နိုင်ပြီး သူမအနားကလူတွေကို ကာကွယ်ပေးတယ်။ ငါတို့တိုင်းပြည်က ဘော့စ်ဖန့်လိုအမေမျိုး ငါ့ကို အကြွေးတင်နေတယ်။]

[ငါ အခုပဲ အခြားဝေ့ပေါ်ပို့စ်ကနေ ‌လာခဲ့တာပါ။ အဲဒီကစကားလုံးတွေက အရမ်းအဆိပ်ပြင်းလွန်းတယ်။ ပုံတစ်ပုံလေးနဲ့ မကောင်းတဲ့ ထင်မြင်ချက်တွေကို ရေးသားတဲ့ပုံက အရမ်းထိတ်လန့်စရာကောင်းတယ်။ ဒီအကြောင်းကို မသိပဲ ဝင်ဖတ်ကြည့်သူတိုင်းကို သူတို့က တကယ့်မကောင်းတဲ့လူတစ်ယောက်လို့ ထင်မြင်သွားစေနိုင်တယ်။]

[အပြောကောင်းတယ်။ ရည်ရွယ်ချက်ရှိရှိ ကောလဟာလဖြန့်သူတွေက သူတို့ရဲ့လုပ်ရပ်တိုင်းအတွက် သူတို့ကိုယ်တိုင် တာဝန်ယူသင့်တယ်။ အင်တာနက်သည် ရိုင်းစိုင်းသော စကားများ ပြောဆိုရာ နေရာမဟုတ်ပါ။]

[Oh oh oh. တရားရုံးက ဒီအမှုကို ကြားနာဖို့ မကြာခင်မှာပဲ ပြီးဆုံးသွားဖို့ ငါမျှော်လင့်တယ်။ ငါ့ပိုက်ဆံအိတ်မှာ ပိုက်ဆံသိပ်မကျန်တော့ဘူး။ ငါ ၂၀ရာခိုင်နှုန်း လျှော့စျေးလိုချင်တယ်။]

[ငါ အစ်မကြီးကျုံးရီရဲ့ ဝေ့ပေါ်ကိုသွားပြီး သူမကို မကောင်းပြောသူတွေနဲ့ ရန်ဖြစ်ခဲ့တယ်။ ဒီလကံစမ်းမဲပေါက်ဖို့ ငါဆုတောင်းပါတယ်။]

ဖန့်ကျွင်းရုံထံမှ ကြော်ငြာချက် ထုတ်ပြန်ပြီးသည့်နောက် လူထု၏ သဘောထားသည် ၁၈၀ ဒီဂရီသို့ ပြောင်းလဲသွားခဲ့သည်။ အင်တာနက် အသုံးပြုသူများသည် ကောလဟာလများကို ဖြန့်ချိခဲ့ကြသော ရေတပ်အကောင့်များအား စတင် တိုက်ခိုက်ခဲ့ကြသည်။ ဖန့်ကျွင်းရုံက အပြောကြီးလွန်းပြီး ရှေ့နေထံမှ လွှဲပြောင်းစာကို လွယ်လွယ်မရရှိနိုင်ဘူးဟု လူအများစုက ထင်မြင်ခဲ့ကြသော်လည်း ထိုကဲ့သို့သော စကားများကို ယုံကြည်သင့်တယ်လို့ ထင်မြင်ယူဆခဲ့ကြသော လူအနည်းစုလည်း ရှိပေသည်။ ဒါတွေက ပုံမှန်အားဖြင့် လူအနည်းစုသာဖြစ်ပြီး သူတို့ ထိုသို့ စကားမျိုး စပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြား အင်တာနက် သုံးစွဲသူအမြောက်အများ၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။

အင်တာနက် အသုံးပြုသူ အများစုသည် လီရှင်းယွင်နှင့် ကျုံးရီတို့ကို မနာလိုဖြစ်ခဲ့ကြသည်။ တစ်ယောက် ဘယ်လိုလူမျိုးထံတွင် လူဝင်စားလျှင် ကောင်းမည်ကို သိရှိပြီး အခြားတစ်ယောက်ကတော့ ကံကောင်းခဲ့သည်။ ကံကောင်းမှုအားလုံးကို ပိုင်ဆိုင်ထားခဲ့ကြသည်။ ယခင်က လူအများစုသည် ကျုံးရီ၏ ကိုယ်‌ရေးကိုယ်တာသုံး ဝေ့ပေါ်အကောင့်အောက်တွင် ဆဲဆိုသော စကားများကို ရေးသားခဲ့ကြသော်လည်း ယခုအခါတွင် သူမရဲ့ ကံကောင်းမှုအချို့ကို ရရှိပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ကာ သူမရဲ့ဝေ့ပေါ်အကောင့်အောက်သို့ ရောက်ရှိလာကြသည်။

ဖန့်ကျွင်းရုံသည် ကျုံးရီက တစ်ချိန်တုန်းက ကြိုးကြာဖြူကလပ်တွင် အလုပ်လုပ်ခဲ့ဖူးတာကို ငြင်းဆိုခြင်း မရှိသော်လည်း ဒီအကြောင်းအား ခရေစေ့တွင်းကျ လိုက်လံရှင်းပြရန် မလိုအပ်ပေ။ ကျုံးရီသည် သူမရဲ့မွေးစားသမီးအဖြစ် လူတိုင်းအား ကြော်ငြာခဲ့ပြီး သူမအပေါ် မကောင်းသော စကားလုံး ပြောဆိုခဲ့ကြသော သူများက ဒါကို မယုံကြည်ခဲ့ကြပေ။

အဆုံး၌ ဖန့်ကျွင်းရုံက ဘယ်သူလဲ။ သူမ၏ အသားတင် ပိုင်ဆိုင်မှုသည် ယွမ် ၃၀ ဘီလီယံကျော်ရှိမယ်လို့ ခန့်မှန်းထားခြင်း ခံရသူတစ်ယောက်ဖြစ်သည်။ ဒီလိုလူမျိုးက မကောင်းတဲ့ စရိုက်မျိုး ပိုင်ဆိုင်ထားသူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မွေးစားခဲ့မှာလဲ။ သူမကို သဘောကျရုံဖြင့် မွေးစားခဲ့မှာ မဟုတ်သလို မမွေးစားခင် နောက်ကြောင်းကို သေချာပေါက် စစ်ဆေးကြည့်ခဲ့မှာ မဟုတ်ပါလား။

ကျုံးရီကို သူဌေးတစ်ဦးမှ မွေးစားခဲ့ရင် ပိုမိုမရေရာတဲ့ ခန့်မှန်းချက်တွေ အများကြီး ရှိကောင်း ရှိပေလိမ့်မည်။ ဒါပေမယ့် ဖန့်ကျွင်းရုံကတော့ သူမအနားပတ်လည်တွင် လတ်ဆတ်သော အသားများ မရှားပါးသည့်အပြင် သူမသည် လိင်ကွဲများကိုသာ ကြိုက်နှစ်သက်သည့် သာမာန်အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဆိုလိုသည်မှာ ကျုံးရီကို သမီးလေးလို ချစ်မြတ်နိုးသောကြောင့် မွေးစားထားခြင်း ဖြစ်လေသည်။

သူမရဲ့ ဝေ့ပေါ်‌အောက်တွင် သူမကို ဆဲဆိုခဲ့ကြသူအားလုံးသည် ဖန့်ကျွင်းရုံထံမှ ရှေ့နေ့လွှဲပြောင်းစာကို လက်ခံရမည်ကို စိုးရိမ်သောကြောင့် သူတို့ရေးသားထားသော စကားလုံးကို ပြန်ဖျက်ရန် အပြေးအလွှားသွားခဲ့ကြသည်။

**********************************

Zawgyi

အခန္း (၂၁၀) - အခု ေတာင္းပန္ဖို႔ အရမ္းေနာက္က်သြားၿပီလား (၂)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

ဖန္႔ကြၽင္း႐ုံက (မည္သို႔လိမ္ရမွန္း မသိတဲ့ ေရာင္စုံခဲတံ) တင္ထားေသာ ပို႔စ္ကို ဤသို႔ေရးသားကာ ျပန္လည္မွ်ေဝခဲ့သည္။ "သူတို႔ရဲ႕ အလုပ္႐ွင္လား။ မင္း ငါ့အေၾကာင္း‌ ေျပာေနတာလား။ ဘာလဲ။ ငါ့ကိုယ္ပိုင္ကားကို ငါ့ကေလးေတြေက်ာင္းကေန သြားႀကိဳဖို႔ သုံးလို႔မရဘူးလား။"

သူမ ထိုသို႔ တင္ၿပီးသည္ႏွင့္ ေ႐ွ႕ေနအခ်ိဳ႕ကို ဆက္သြယ္ကာ တရားဝင္ေၾကာ္ျငာခ်က္ ထုတ္ျပန္ခဲ့သည္။

[လြန္ခဲ့ေသာ ရက္အနည္းငယ္အတြင္းက တင္ထားတဲ့ (မည္သို႔လိမ္ရမွန္း မသိတဲ့ ေရာင္စုံခဲတံ)၊ (ငါ ဒီေနရာမွာ ‌ေရာက္ေနၿပီ ၾကည့္လိုက္စမ္း) (ငါ့အစ္ကိုႀကီးက အေကာင္းဆုံးပဲ) ႏွင့္ အျခားသူေတြက လီ႐ွင္းယြင္နဲ႔ က်ံဳးရီတို႔မွာ စပြန္ဆာ႐ွိတယ္လို႔ ပို႔စ္ထားခဲ့ၾကတယ္။ ထိုကဲ့သို႔ေသာ ေဆြးေႏြးမႈမ်ားဟာ သူတို႔ရဲ႕ဂုဏ္သတင္းကို အပ်က္သေဘာ သက္ေရာက္ေစခဲ့ၿပီး အသေရဖ်က္မႈအျဖစ္ သတ္မွတ္လိုက္သည္...

ကြၽန္ေတာ္တို႔ သက္ေသေတြကို စုေဆာင္းၿပီး သူတို႔ကို တရားဥပေဒႏွင့္အညီ တရားစြဲဆိုသြားမွာ ျဖစ္ပါတယ္။ အင္တာနက္သည္ ႐ိုင္းစိုင္းသည့္ စကားမ်ားဆိုရာ ေနရာ မဟုတ္ပါ။]

ထို႔ေနာက္ သူမ အနည္းငယ္ ထပ္ေတြးလိုက္ၿပီး ေနာက္ထပ္ပို႔စ္တစ္ခုကို တင္လိုက္သည္။

[စကားမစပ္ ငါေျပာရရင္ လီ႐ွင္းယြင္က ငါ့သမီးပါ၊ ငါ့သမီးအရင္းျဖစ္တယ္။ သူမက လွပတယ္၊ ၾကင္နာတတ္တယ္၊ ခ်စ္စရာေကာင္းၿပီး စဥ္းစားေတြးေခၚတတ္တယ္။ သူမက ငါ့ကေလးပဲ။ က်ံဳးရီက ငါ့ေမြးစားသမီးပါ။ သူမက သိမ္ေမြ႕တယ္၊ သန္မာတယ္ ၿပီးေတာ့ သူမက သူမအနီးအနားကလူတိုင္းက အၿမဲတမ္း ကူညီေထာက္ပံ့ေပးတယ္။ သူမကို ေမြးစားခြင့္ရတာ ငါ ကံေကာင္းတယ္။ ႏွစ္ေယာက္စလုံး အလြန္လိမၼာေရးျခား႐ွိၿပီး ၾကင္နာမႈေတြနဲ႔ ထိုက္တန္ပါတယ္။ တရား႐ုံးစစ္ေဆးမႈရလဒ္ေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္မွာ မိန္ဖန္႔ထုတ္ကုန္အားလုံးကို ၂၀ရာခိုင္ႏႈန္း ေလွ်ာ့ေစ်း ေပးသြားပါမယ္။]

ယခုအခါ၌ ဖန္႔ကြၽင္း႐ုံတြင္ ပရိတ္သတ္ တစ္မီလီယံေလာက္ ပိုင္ဆိုင္ထားၿပီး သူမသည္ ေရတပ္ဝယ္ၿပီး ပိုက္ဆံျဖဳန္းတီးဖို႔ စိတ္ကူး မ႐ွိေပ။ သူမရဲ႕ ပရိသတ္အမ်ားစုဟာ အြန္လိုင္းေပၚတြင္ အၿမဲတမ္း ႐ွိၾကသည္။ သူမေဝ့ေပၚတြင္ ပို႔စ္တင္လိုက္သည့္အခါမွာေတာ့ သူမရဲ႕လႊမ္းမိုးမႈဟာ နာမည္ႀကီးတစ္ေယာက္ကိုေတာင္ ယွဥ္ၿပိဳင္လာႏိုင္ခဲ့သည္။

သူမပို႔စ္တင္လိုက္တိုင္းမွာ မွတ္ခ်က္မ်ားဟာ အံ့ၾသစရာေကာင္းတဲ့ အလ်င္နဲ႔ ခ်က္ခ်င္း ျမင့္တက္လာခဲ့သည္။

[ငါ အရမ္းမနာလိုျဖစ္တာပဲ။ လတိုင္း အလွအပေဆးလုံးတစ္ဗူးကို ရ႐ွိဖို႔ ႀကိဳးစားေနတဲ့ငါက လီမြန္သီးတစ္လုံးအသြင္ ေျပာင္းသြားခဲ့ၿပီ။ ညီမငယ္ေလး႐ွင္းယြင္ ဘယ္လိုမ်ိဳး လူဝင္စားခဲ့တာလဲ ဆိုတာကို ငါသိခ်င္တယ္။]

[ေဘာ့စ္ဖန္႔က လႊမ္းမိုးျခယ္လွယ္ႏိုင္ၿပီး သူမအနားကလူေတြကို ကာကြယ္ေပးတယ္။ ငါတို႔တိုင္းျပည္က ေဘာ့စ္ဖန္႔လိုအေမမ်ိဳး ငါ့ကို အေႂကြးတင္ေနတယ္။]

[ငါ အခုပဲ အျခားေဝ့ေပၚပို႔စ္ကေန ‌လာခဲ့တာပါ။ အဲဒီကစကားလုံးေတြက အရမ္းအဆိပ္ျပင္းလြန္းတယ္။ ပုံတစ္ပုံေလးနဲ႔ မေကာင္းတဲ့ ထင္ျမင္ခ်က္ေတြကို ေရးသားတဲ့ပုံက အရမ္းထိတ္လန္႔စရာေကာင္းတယ္။ ဒီအေၾကာင္းကို မသိပဲ ဝင္ဖတ္ၾကည့္သူတိုင္းကို သူတို႔က တကယ့္မေကာင္းတဲ့လူတစ္ေယာက္လို႔ ထင္ျမင္သြားေစႏိုင္တယ္။]

[အေျပာေကာင္းတယ္။ ရည္႐ြယ္ခ်က္႐ွိ႐ွိ ေကာလဟာလျဖန္႔သူေတြက သူတို႔ရဲ႕လုပ္ရပ္တိုင္းအတြက္ သူတို႔ကိုယ္တိုင္ တာဝန္ယူသင့္တယ္။ အင္တာနက္သည္ ႐ိုင္းစိုင္းေသာ စကားမ်ား ေျပာဆိုရာ ေနရာမဟုတ္ပါ။]

[Oh oh oh. တရား႐ုံးက ဒီအမႈကို ၾကားနာဖို႔ မၾကာခင္မွာပဲ ၿပီးဆုံးသြားဖို႔ ငါေမွ်ာ္လင့္တယ္။ ငါ့ပိုက္ဆံအိတ္မွာ ပိုက္ဆံသိပ္မက်န္ေတာ့ဘူး။ ငါ ၂၀ရာခိုင္ႏႈန္း ေလွ်ာ့ေစ်းလိုခ်င္တယ္။]

[ငါ အစ္မႀကီးက်ံဳးရီရဲ႕ ေဝ့ေပၚကိုသြားၿပီး သူမကို မေကာင္းေျပာသူေတြနဲ႔ ရန္ျဖစ္ခဲ့တယ္။ ဒီလကံစမ္းမဲေပါက္ဖို႔ ငါဆုေတာင္းပါတယ္။]

ဖန္႔ကြၽင္း႐ုံထံမွ ေၾကာ္ျငာခ်က္ ထုတ္ျပန္ၿပီးသည့္ေနာက္ လူထု၏ သေဘာထားသည္ ၁၈၀ ဒီဂရီသို႔ ေျပာင္းလဲသြားခဲ့သည္။ အင္တာနက္ အသုံးျပဳသူမ်ားသည္ ေကာလဟာလမ်ားကို ျဖန္႔ခ်ိခဲ့ၾကေသာ ေရတပ္အေကာင့္မ်ားအား စတင္ တိုက္ခိုက္ခဲ့ၾကသည္။ ဖန္႔ကြၽင္း႐ုံက အေျပာႀကီးလြန္းၿပီး ေ႐ွ႕ေနထံမွ လႊဲေျပာင္းစာကို လြယ္လြယ္မရ႐ွိႏိုင္ဘူးဟု လူအမ်ားစုက ထင္ျမင္ခဲ့ၾကေသာ္လည္း ထိုကဲ့သို႔ေသာ စကားမ်ားကို ယုံၾကည္သင့္တယ္လို႔ ထင္ျမင္ယူဆခဲ့ၾကေသာ လူအနည္းစုလည္း ႐ွိေပသည္။ ဒါေတြက ပုံမွန္အားျဖင့္ လူအနည္းစုသာျဖစ္ၿပီး သူတို႔ ထိုသို႔ စကားမ်ိဳး စေျပာလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အျခား အင္တာနက္ သုံးစြဲသူအေျမာက္အမ်ား၏ ေခ်မႈန္းျခင္းကို ခံခဲ့ရသည္။

အင္တာနက္ အသုံးျပဳသူ အမ်ားစုသည္ လီ႐ွင္းယြင္ႏွင့္ က်ံဳးရီတို႔ကို မနာလိုျဖစ္ခဲ့ၾကသည္။ တစ္ေယာက္ ဘယ္လိုလူမ်ိဳးထံတြင္ လူဝင္စားလွ်င္ ေကာင္းမည္ကို သိ႐ွိၿပီး အျခားတစ္ေယာက္ကေတာ့ ကံေကာင္းခဲ့သည္။ ကံေကာင္းမႈအားလုံးကို ပိုင္ဆိုင္ထားခဲ့ၾကသည္။ ယခင္က လူအမ်ားစုသည္ က်ံဳးရီ၏ ကိုယ္‌ေရးကိုယ္တာသုံး ေဝ့ေပၚအေကာင့္ေအာက္တြင္ ဆဲဆိုေသာ စကားမ်ားကို ေရးသားခဲ့ၾကေသာ္လည္း ယခုအခါတြင္ သူမရဲ႕ ကံေကာင္းမႈအခ်ိဳ႕ကို ရ႐ွိပိုင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ကာ သူမရဲ႕ေဝ့ေပၚအေကာင့္ေအာက္သို႔ ေရာက္႐ွိလာၾကသည္။

ဖန္႔ကြၽင္း႐ုံသည္ က်ံဳးရီက တစ္ခ်ိန္တုန္းက ႀကိဳးၾကာျဖဴကလပ္တြင္ အလုပ္လုပ္ခဲ့ဖူးတာကို ျငင္းဆိုျခင္း မ႐ွိေသာ္လည္း ဒီအေၾကာင္းအား ခေရေစ့တြင္းက် လိုက္လံ႐ွင္းျပရန္ မလိုအပ္ေပ။ က်ံဳးရီသည္ သူမရဲ႕ေမြးစားသမီးအျဖစ္ လူတိုင္းအား ေၾကာ္ျငာခဲ့ၿပီး သူမအေပၚ မေကာင္းေသာ စကားလုံး ေျပာဆိုခဲ့ၾကေသာ သူမ်ားက ဒါကို မယုံၾကည္ခဲ့ၾကေပ။

အဆုံး၌ ဖန္႔ကြၽင္း႐ုံက ဘယ္သူလဲ။ သူမ၏ အသားတင္ ပိုင္ဆိုင္မႈသည္ ယြမ္ ၃၀ ဘီလီယံေက်ာ္႐ွိမယ္လို႔ ခန္႔မွန္းထားျခင္း ခံရသူတစ္ေယာက္ျဖစ္သည္။ ဒီလိုလူမ်ိဳးက မေကာင္းတဲ့ စ႐ိုက္မ်ိဳး ပိုင္ဆိုင္ထားသူတစ္ေယာက္ကို ဘယ္လိုလုပ္ၿပီး ေမြးစားခဲ့မွာလဲ။ သူမကို သေဘာက်႐ုံျဖင့္ ေမြးစားခဲ့မွာ မဟုတ္သလို မေမြးစားခင္ ေနာက္ေၾကာင္းကို ေသခ်ာေပါက္ စစ္ေဆးၾကည့္ခဲ့မွာ မဟုတ္ပါလား။

က်ံဳးရီကို သူေဌးတစ္ဦးမွ ေမြးစားခဲ့ရင္ ပိုမိုမေရရာတဲ့ ခန္႔မွန္းခ်က္ေတြ အမ်ားႀကီး ႐ွိေကာင္း ႐ွိေပလိမ့္မည္။ ဒါေပမယ့္ ဖန္႔ကြၽင္း႐ုံကေတာ့ သူမအနားပတ္လည္တြင္ လတ္ဆတ္ေသာ အသားမ်ား မ႐ွားပါးသည့္အျပင္ သူမသည္ လိင္ကြဲမ်ားကိုသာ ႀကိဳက္ႏွစ္သက္သည့္ သာမာန္အမ်ိဳးသမီးတစ္ဦး ျဖစ္သည္။ ဆိုလိုသည္မွာ က်ံဳးရီကို သမီးေလးလို ခ်စ္ျမတ္ႏိုးေသာေၾကာင့္ ေမြးစားထားျခင္း ျဖစ္ေလသည္။

သူမရဲ႕ ေဝ့ေပၚ‌ေအာက္တြင္ သူမကို ဆဲဆိုခဲ့ၾကသူအားလုံးသည္ ဖန္႔ကြၽင္း႐ုံထံမွ ေ႐ွ႕ေန႔လႊဲေျပာင္းစာကို လက္ခံရမည္ကို စိုးရိမ္ေသာေၾကာင့္ သူတို႔ေရးသားထားေသာ စကားလုံးကို ျပန္ဖ်က္ရန္ အေျပးအလႊားသြားခဲ့ၾကသည္။

Fortsett å les

You'll Also Like

399K 77.8K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
54.4K 5.7K 61
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
78.3K 9.3K 121
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...
14.4K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant