အခန်း (၂၀၉) - အခု တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီလား (၁)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
လီရှင်းယွင် အရမ်းဒေါသထွက်သွားပြီး ကျောင်းဖိုရမ်ကိုဖွင့်ကာ ထိုပို့စ်ကို စတင်ဖတ်ကြည့်လိုက်သည်။ ထိုပို့စ်ကို စီးပွားရေးဌာန စတုတ္တနှစ်ကျောင်းသား လီကျွင်းရုံမှ ထပ်ဖြည့်ခဲ့သည်။ သူက မူရင်းပို့စ်ကို ရည်ညွှန်းထားရုံသာမက သူမတို့နှစ်ဦးစလုံး Bentleyကားအတွင်းသို့ ဝင်သွားပုံကို အထူးသဖြင့် လီရှင်းယွင်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရသည့်ပုံကို တွဲတင်ထားခဲ့သည်။
လီရှင်းယွင်က ဒီလူကို သိရှိခြင်းမရှိသလို သူမက သူ့ကို ဘယ်တုန်းက စိတ်ဆိုးအောင် လုပ်ခဲ့မိလဲဆိုတာကိုပင် သေချာမသိခဲ့ဘူး။ သို့သော် စီးပွားရေးဌာနမှ ပြောသောအခါတွင် သူမအား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော ကုန်းယိလင်းကို အမှတ်ရခဲ့မိသည်။
ဒါက သူနဲ့ သက်ဆိုင်နိုင်မလား။ ဒါက ဖြစ်နိုင်မယ့်ပုံပဲ။ သူမက သူ့ကို ဘာလုပ်ခဲ့မိလို့လဲ။ သူမက သူ့ကို ငြင်းဆန်လိုက်ရုံသာ လုပ်ခဲ့သည်လေ။
သူမသည် သူမမိခင်ဖြစ်သူရဲ့ စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့ပြီး ဒီမတော်တဆမှုအကြောင်းကို ပြောပြလိုက်သည်။ သူမမိခင်က ခေါင်းညိတ်ပြီးတော့ ပြောလိုက်သည်။ "အမေ ဒီအကြောင်းကို သိပြီးပြီ၊ သိပ်မကြာခင်မှာ ရှင်းလင်းချက် တင်ပေးမယ်။"
လီရှင်းယွင်က အနည်းငယ် အံ့အားသင့်သွားပြီးနောက်တော့ ထိုအကြောင်းကို နားလည်သွားသည်။ "ကျေးဇူးပါ မေမေ" ဒါက အဓိပ္ပါယ်ရှိတယ်။ ဒီသတင်းက လူကြိုက်အများဆုံးစာရင်းမှာ ပါဝင်နေပြီ။ သဘာဝအားဖြင့် တစ်စုံတစ်ယောက်က သူမအမေကို ဒီသတင်းအား ပြောပြခဲ့လိမ့်မည်။
ဖန့်ကျွင်းရုံက ပြောလိုက်သည်။ "ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိတယ်ဆိုတာ သေချာတယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ပြန်လည်ဝေမျှတဲ့ အကြိမ်ရေပေါင်း တစ်သောင်းကျော်လောက်ရှိတဲ့ အခြားအကြောင်းပြချက် မရှိဘူး။"
ထိုအကြောင်းကိုတွေးရင်း သူမ အရမ်းဒေါသထွက်သွားသည်။ သူမ ချစ်မြတ်နိုးသည့် မိန်းကလေးနှစ်ဦးသည် အခြားသူများ၏ အကျိုးအကြောင်း မသိရှိပဲ ဝေဖန်အပြစ်တင်တာတွေကို ခံစားခဲ့ရသည်။ သူမသည် သူမ၏ ရှေ့နေ့မှတစ်ဆင့် အဆိုးရွားဆုံး ဝေဖန်အပြစ်ဆိုသူများထံ စာပို့ခဲ့ပြီး တရားစွဲဆိုရန် စီစဥ်ခဲ့သည်။ အင်တာနက်ပေါ်တွင် ရေးသားတာ ဖြစ်သောကြောင့် ဒီလူတေက သူတို့စိတ်ကြိုက် ပြုလုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေ ရှိနေတာမျိုးကို သူမ လက်မခံနိုင်ဘူး။
"ကျေးဇူးပြုပြီး ကျုံးရီကိုပါ သွားခေါ်လာခဲ့ပေးဦး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမအမြင်ကိုလည်း အမေ သိချင်သေးတယ်။"
လီရှင်းယွင်သည် ခေါင်းညိတ်လိုက်ပြီး ကျုံးရီကို အမြန်သွားခေါ်လိုက်သည်။ ကျုံးရီသည်လည်း သိပ်ပျော်ရွှင်နေပုံမပေါ်ဘူး။ သူမလည်း ဒီအကြောင်းအား သိရှိထားပုံပေါ်သည်။ ဒါက ပုံမှန်ပါပဲ၊ သူမရဲ့ အထောက်အထားကို မှတ်ချက်တွင် တိုက်ရိုက် ဖော်ပြခဲ့သည်။ သူမရဲ့ ဝေ့ပေါ်အကောင့်ကိုပင် ရှာတွေ့ခဲ့ကြပြီး သူမအကောင့်အောက်ရှိ မှတ်ချက်များကိုပင် လုံးဝမဖတ်ရှုနိုင်ခဲ့ပါ။
"ငါ တောင်းပန်ပါတယ်။ ငါက ဒီကိစ္စထဲ နင့်ကို ဆွဲသွင်းမိတဲ့လူပါပဲ။" ကျုံးရီရဲ့အသံဟာ အနည်းငယ် အက်ကွဲနေခဲ့သည်။
လီရှင်းယွင်က သူမနှာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အဲ့လို မပြောပါနဲ့။ ငါကသာ နင့်ကို ဒီကိစ္စထဲ ဆွဲသွင်းမိတာ ဖြစ်နိုင်တယ်။"
သူတို့နှစ်ဦးသည် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ဖန့်ကျွင်းရုံက ကျုံးရီကို မော့ကြည့်ကာ မေးမြန်းလိုက်သည်။ "ကျုံးရီ မင်း ဘယ်လိုထင်လဲ။ မင်းအတိတ်ကအကြောင်းကို ငြင်းပယ်ချင်ရင် ငါ ကြိုးကြာဖြူရဲ့သူဌေး နဥ်ချင်းနဲ့ သွားဆွေးနွေးလို့ရတယ်။"
ဖန့်ကျွင်းရုံသည် နဥ်ချင်းနှင့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားပြီး သူတို့နှစ်ဦးဟာ စီးပွားရေးလုပ်ငန်းအချို့တွင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသည်။ နဥ်ချင်းက သူမကို ဒီလိုမျိုး သေးငယ်တဲ့ မျက်နှာသာပေးမှုမျိုးကို စကားထဲပင် ထည့်ပြောစရာ မလိုအပ်ပေ။
ကျုံးရီက အသက်ပြင်းပြင်းရှုလိုက်သည်။ သူမရဲ့ မွေးစားအမေကို မြင်လိုက်ရသည့်အချိန်မှာ သူမရဲ့ မတည်ငြိမ်တဲ့ စိတ်ခံစားချက်တွေဟာ လျော့ပါးသက်သာသွားခဲ့သည်။ သူမနှုတ်ခမ်းကို အသာကိုက်ကာ သူမရဲ့အသွင်သည် မဆိုင်းမတွနှင့် ရုန်းကန်နေမှုများ ပြည့်နှက်နေခဲ့သည်။ နောက်ဆုံး၌ သူမခေါင်းခါလိုက်ကာ ဆုံးဖြတ်ချက် ပြတ်သားသော အသွင်ဖြင့် ပြောလိုက်သည်။ "ဟင့်အင်း၊ ဒီအကြောင်းကို ငြင်းစရာ မလိုအပ်ပါဘူး။"
"ကျွန်မ အဲဒီမှာ အလုပ်လုပ်ခဲပေမယ့် ကျွန်မခန္ဓာကိုယ်ကို မရောင်းချခဲ့ဘူး၊ နောင်တရစရာ ဘာတစ်ခုကိုမှလည်း ကျွန်မ မလုပ်ခဲ့ဘူး။"
သူမကို နှိမ့်ချလိုသောသူများသည် ဤဖြစ်ရပ်မျိုး ကြုံတွေ့ရသည်ဖြစ်စေ မကြုံတွေ့ခဲ့ရသည်ဖြစ်စေ သူမကို နှိမ့်ချပြောဆိုမှာပင် ဖြစ်သည်။ သူမကို ယုံကြည်တဲ့လူတွေက သူမကို ကျောခိုင်းသွားမှာ မဟုတ်ဘူး။ သူမက ဒီအဖြစ်အပျက်ကို သူမရဲ့ ဘဝတစ်ဆစ်ချိုးကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းတစ်ရပ်လို့သာ ရှုမြင်ခဲ့သည်။ ရှင်းယွင်ကို ဒီကိစ္စထဲ ဆွဲထည့်ခံလိုက်ရသောကြောင့် သူမမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူမ ထိုနေရာတွင် အလုပ်လုပ်ကိုင်ခဲ့တာကို နောင်တရခြင်း မရှိပါ။ အဲဒီအချိန်တုန်းက သူမအဖွားဖြစ်သူဟာ အပြင်းဖျားခဲ့ပြီး သူမသည်လည်း ကောလိပ်ကျောင်းသူတစ်ဦးသာ ဖြစ်သည်။ မြင့်မားလှသော ဆေးဖိုးဝါးခများကို ပေးချေနိုင်ရန် အခြားနည်းလမ်းကို သူမ မတွေးနိုင်ခဲ့ပေ။
ဖန့်ကျွန်းရုံက သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ဒီလိုရိုးရှင်းသော အပြူအမူလေးကတင် ကျုံးရီအား မျက်ရည်ကျစေခဲ့သည်။ အင်တာနက်ပေါ်တွင် မကောင်းသော စကားများကို မြင်တွေ့ခဲ့ရသော်လည်း သူမ မျက်ရည်မကျခဲ့ဘူး။ ထိုလူများကြောင့် မျက်ရည်ကျရတာ မထိုက်တန်ဘူး။
သူမခေါင်းပေါ်က နွေးထွေးမှုလေးကို ခံစားလိုက်ရသောအခါ သူမမျက်ဝန်းမှာ မျက်ရည်များ ကျဆင်းလာခဲ့သည်။
"ကောင်းပြီ၊ စိတ်မပူပါနဲ့။ အမေက သမီးအတွက် ဒီကိစ္စတွေကို ဖြေရှင်းပေးမယ်။"
ကျုံးရီက မျက်တောင်ခတ်ပြီး သူမမျက်ရည်များကို သိမ်းဆည်းလိုက်သည်။ သူမ မွေးစားခံလိုက်ရကတည်းက သူမဟာ အရမ်းကံကောင်းတယ်လို့ ခံစားရပြီး တစ်ချိန်တည်းမှာပင် ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။ သူမသည် တစ်နေ့မှာ သူမရဲ့ကံကောင်းမှုလေးဟာ ပျောက်ကွယ်သွားပြီး သူမရဲ့ အတိတ်နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားမှာကို စိုးရိမ်ပူပန်ခဲ့မိသည်။
"အင်း" သူမ ပြောချင်သည့် စကားတွေ အများကြီး ရှိပေမယ့် ထုတ်မပြောနိုင်ခဲ့ဘူး။ နောက်ဆုံး၌ ထိုစကားအားလုံးက စကားလုံးတစ်ခုတည်း အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမကို ခြောက်လှန့်နေခဲ့သော အမည်မသိသော ကြောက်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။
**********************************
Zawgyi
အခန္း (၂၀၉) - အခု ေတာင္းပန္ဖို႔ အရမ္းေနာက္က်သြားၿပီလား (၁)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)
လီ႐ွင္းယြင္ အရမ္းေဒါသထြက္သြားၿပီး ေက်ာင္းဖိုရမ္ကိုဖြင့္ကာ ထိုပို႔စ္ကို စတင္ဖတ္ၾကည့္လိုက္သည္။ ထိုပို႔စ္ကို စီးပြားေရးဌာန စတုတၱႏွစ္ေက်ာင္းသား လီကြၽင္း႐ုံမွ ထပ္ျဖည့္ခဲ့သည္။ သူက မူရင္းပို႔စ္ကို ရည္ၫႊန္းထား႐ုံသာမက သူမတို႔ႏွစ္ဦးစလုံး Bentleyကားအတြင္းသို႔ ဝင္သြားပုံကို အထူးသျဖင့္ လီ႐ွင္းယြင္၏ မ်က္ႏွာကို ႐ွင္း႐ွင္းလင္းလင္း ျမင္ရသည့္ပုံကို တြဲတင္ထားခဲ့သည္။
လီ႐ွင္းယြင္က ဒီလူကို သိ႐ွိျခင္းမ႐ွိသလို သူမက သူ႕ကို ဘယ္တုန္းက စိတ္ဆိုးေအာင္ လုပ္ခဲ့မိလဲဆိုတာကိုပင္ ေသခ်ာမသိခဲ့ဘူး။ သို႔ေသာ္ စီးပြားေရးဌာနမွ ေျပာေသာအခါတြင္ သူမအား စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့ေသာ ကုန္းယိလင္းကို အမွတ္ရခဲ့မိသည္။
ဒါက သူနဲ႔ သက္ဆိုင္ႏိုင္မလား။ ဒါက ျဖစ္ႏိုင္မယ့္ပုံပဲ။ သူမက သူ႕ကို ဘာလုပ္ခဲ့မိလို႔လဲ။ သူမက သူ႕ကို ျငင္းဆန္လိုက္႐ုံသာ လုပ္ခဲ့သည္ေလ။
သူမသည္ သူမမိခင္ျဖစ္သူရဲ႕ စာၾကည့္ခန္းထဲသို႔ ဝင္သြားခဲ့ၿပီး ဒီမေတာ္တဆမႈအေၾကာင္းကို ေျပာျပလိုက္သည္။ သူမမိခင္က ေခါင္းညိတ္ၿပီးေတာ့ ေျပာလိုက္သည္။ "အေမ ဒီအေၾကာင္းကို သိၿပီးၿပီ၊ သိပ္မၾကာခင္မွာ ႐ွင္းလင္းခ်က္ တင္ေပးမယ္။"
လီ႐ွင္းယြင္က အနည္းငယ္ အံ့အားသင့္သြားၿပီးေနာက္ေတာ့ ထိုအေၾကာင္းကို နားလည္သြားသည္။ "ေက်းဇူးပါ ေမေမ" ဒါက အဓိပၸါယ္႐ွိတယ္။ ဒီသတင္းက လူႀကိဳက္အမ်ားဆုံးစာရင္းမွာ ပါဝင္ေနၿပီ။ သဘာဝအားျဖင့္ တစ္စုံတစ္ေယာက္က သူမအေမကို ဒီသတင္းအား ေျပာျပခဲ့လိမ့္မည္။
ဖန္႔ကြၽင္း႐ုံက ေျပာလိုက္သည္။ "ဒီကိစၥရဲ႕ ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ ႐ွိတယ္ဆိုတာ ေသခ်ာတယ္။ ဒီေလာက္ အခ်ိန္တိုေလးအတြင္းမွာ ျပန္လည္ေဝမွ်တဲ့ အႀကိမ္ေရေပါင္း တစ္ေသာင္းေက်ာ္ေလာက္႐ွိတဲ့ အျခားအေၾကာင္းျပခ်က္ မ႐ွိဘူး။"
ထိုအေၾကာင္းကိုေတြးရင္း သူမ အရမ္းေဒါသထြက္သြားသည္။ သူမ ခ်စ္ျမတ္ႏိုးသည့္ မိန္းကေလးႏွစ္ဦးသည္ အျခားသူမ်ား၏ အက်ိဳးအေၾကာင္း မသိ႐ွိပဲ ေဝဖန္အျပစ္တင္တာေတြကို ခံစားခဲ့ရသည္။ သူမသည္ သူမ၏ ေ႐ွ႕ေန႔မွတစ္ဆင့္ အဆိုး႐ြားဆုံး ေဝဖန္အျပစ္ဆိုသူမ်ားထံ စာပို႔ခဲ့ၿပီး တရားစြဲဆိုရန္ စီစဥ္ခဲ့သည္။ အင္တာနက္ေပၚတြင္ ေရးသားတာ ျဖစ္ေသာေၾကာင့္ ဒီလူေတက သူတို႔စိတ္ႀကိဳက္ ျပဳလုပ္ႏိုင္တယ္ဆိုတဲ့ အေတြးမ်ိဳးေတြ ႐ွိေနတာမ်ိဳးကို သူမ လက္မခံႏိုင္ဘူး။
"ေက်းဇူးျပဳၿပီး က်ံဳးရီကိုပါ သြားေခၚလာခဲ့ေပးဦး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူမအျမင္ကိုလည္း အေမ သိခ်င္ေသးတယ္။"
လီ႐ွင္းယြင္သည္ ေခါင္းညိတ္လိုက္ၿပီး က်ံဳးရီကို အျမန္သြားေခၚလိုက္သည္။ က်ံဳးရီသည္လည္း သိပ္ေပ်ာ္႐ႊင္ေနပုံမေပၚဘူး။ သူမလည္း ဒီအေၾကာင္းအား သိ႐ွိထားပုံေပၚသည္။ ဒါက ပုံမွန္ပါပဲ၊ သူမရဲ႕ အေထာက္အထားကို မွတ္ခ်က္တြင္ တိုက္႐ိုက္ ေဖာ္ျပခဲ့သည္။ သူမရဲ႕ ေဝ့ေပၚအေကာင့္ကိုပင္ ႐ွာေတြ႕ခဲ့ၾကၿပီး သူမအေကာင့္ေအာက္႐ွိ မွတ္ခ်က္မ်ားကိုပင္ လုံးဝမဖတ္႐ႈႏိုင္ခဲ့ပါ။
"ငါ ေတာင္းပန္ပါတယ္။ ငါက ဒီကိစၥထဲ နင့္ကို ဆြဲသြင္းမိတဲ့လူပါပဲ။" က်ံဳးရီရဲ႕အသံဟာ အနည္းငယ္ အက္ကြဲေနခဲ့သည္။
လီ႐ွင္းယြင္က သူမႏွာေခါင္းကို ပြတ္သပ္ကာ ေျပာလိုက္သည္။ "အဲ့လို မေျပာပါနဲ႔။ ငါကသာ နင့္ကို ဒီကိစၥထဲ ဆြဲသြင္းမိတာ ျဖစ္ႏိုင္တယ္။"
သူတို႔ႏွစ္ဦးသည္ စာၾကည့္ခန္းထဲသို႔ ဝင္လာခဲ့သည္။ ဖန္႔ကြၽင္း႐ုံက က်ံဳးရီကို ေမာ့ၾကည့္ကာ ေမးျမန္းလိုက္သည္။ "က်ံဳးရီ မင္း ဘယ္လိုထင္လဲ။ မင္းအတိတ္ကအေၾကာင္းကို ျငင္းပယ္ခ်င္ရင္ ငါ ႀကိဳးၾကာျဖဴရဲ႕သူေဌး နဥ္ခ်င္းနဲ႔ သြားေဆြးေႏြးလို႔ရတယ္။"
ဖန္႔ကြၽင္း႐ုံသည္ နဥ္ခ်င္းႏွင့္ ဆက္ဆံေရးေကာင္းကို ပိုင္ဆိုင္ထားၿပီး သူတို႔ႏွစ္ဦးဟာ စီးပြားေရးလုပ္ငန္းအခ်ိဳ႕တြင္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ႐ွိသည္။ နဥ္ခ်င္းက သူမကို ဒီလိုမ်ိဳး ေသးငယ္တဲ့ မ်က္ႏွာသာေပးမႈမ်ိဳးကို စကားထဲပင္ ထည့္ေျပာစရာ မလိုအပ္ေပ။
က်ံဳးရီက အသက္ျပင္းျပင္း႐ႈလိုက္သည္။ သူမရဲ႕ ေမြးစားအေမကို ျမင္လိုက္ရသည့္အခ်ိန္မွာ သူမရဲ႕ မတည္ၿငိမ္တဲ့ စိတ္ခံစားခ်က္ေတြဟာ ေလ်ာ့ပါးသက္သာသြားခဲ့သည္။ သူမႏႈတ္ခမ္းကို အသာကိုက္ကာ သူမရဲ႕အသြင္သည္ မဆိုင္းမတြႏွင့္ ႐ုန္းကန္ေနမႈမ်ား ျပည့္ႏွက္ေနခဲ့သည္။ ေနာက္ဆုံး၌ သူမေခါင္းခါလိုက္ကာ ဆုံးျဖတ္ခ်က္ ျပတ္သားေသာ အသြင္ျဖင့္ ေျပာလိုက္သည္။ "ဟင့္အင္း၊ ဒီအေၾကာင္းကို ျငင္းစရာ မလိုအပ္ပါဘူး။"
"ကြၽန္မ အဲဒီမွာ အလုပ္လုပ္ခဲေပမယ့္ ကြၽန္မခႏၶာကိုယ္ကို မေရာင္းခ်ခဲ့ဘူး၊ ေနာင္တရစရာ ဘာတစ္ခုကိုမွလည္း ကြၽန္မ မလုပ္ခဲ့ဘူး။"
သူမကို ႏွိမ့္ခ်လိုေသာသူမ်ားသည္ ဤျဖစ္ရပ္မ်ိဳး ၾကဳံေတြ႕ရသည္ျဖစ္ေစ မၾကဳံေတြ႕ခဲ့ရသည္ျဖစ္ေစ သူမကို ႏွိမ့္ခ်ေျပာဆိုမွာပင္ ျဖစ္သည္။ သူမကို ယုံၾကည္တဲ့လူေတြက သူမကို ေက်ာခိုင္းသြားမွာ မဟုတ္ဘူး။ သူမက ဒီအျဖစ္အပ်က္ကို သူမရဲ႕ ဘဝတစ္ဆစ္ခ်ိဳးကို ျမႇင့္တင္ေပးႏိုင္မည့္ အခြင့္အလမ္းတစ္ရပ္လို႔သာ ႐ႈျမင္ခဲ့သည္။ ႐ွင္းယြင္ကို ဒီကိစၥထဲ ဆြဲထည့္ခံလိုက္ရေသာေၾကာင့္ သူမမွာ အျပစ္႐ွိသလို ခံစားလိုက္ရသည္။
သူမ ထိုေနရာတြင္ အလုပ္လုပ္ကိုင္ခဲ့တာကို ေနာင္တရျခင္း မ႐ွိပါ။ အဲဒီအခ်ိန္တုန္းက သူမအဖြားျဖစ္သူဟာ အျပင္းဖ်ားခဲ့ၿပီး သူမသည္လည္း ေကာလိပ္ေက်ာင္းသူတစ္ဦးသာ ျဖစ္သည္။ ျမင့္မားလွေသာ ေဆးဖိုးဝါးခမ်ားကို ေပးေခ်ႏိုင္ရန္ အျခားနည္းလမ္းကို သူမ မေတြးႏိုင္ခဲ့ေပ။
ဖန္႔ကြၽန္း႐ုံက သူမေခါင္းကို ပြတ္သပ္ေပးလိုက္သည္။ ဒီလို႐ိုး႐ွင္းေသာ အျပဴအမူေလးကတင္ က်ံဳးရီအား မ်က္ရည္က်ေစခဲ့သည္။ အင္တာနက္ေပၚတြင္ မေကာင္းေသာ စကားမ်ားကို ျမင္ေတြ႕ခဲ့ရေသာ္လည္း သူမ မ်က္ရည္မက်ခဲ့ဘူး။ ထိုလူမ်ားေၾကာင့္ မ်က္ရည္က်ရတာ မထိုက္တန္ဘူး။
သူမေခါင္းေပၚက ေႏြးေထြးမႈေလးကို ခံစားလိုက္ရေသာအခါ သူမမ်က္ဝန္းမွာ မ်က္ရည္မ်ား က်ဆင္းလာခဲ့သည္။
"ေကာင္းၿပီ၊ စိတ္မပူပါနဲ႔။ အေမက သမီးအတြက္ ဒီကိစၥေတြကို ေျဖ႐ွင္းေပးမယ္။"
က်ံဳးရီက မ်က္ေတာင္ခတ္ၿပီး သူမမ်က္ရည္မ်ားကို သိမ္းဆည္းလိုက္သည္။ သူမ ေမြးစားခံလိုက္ရကတည္းက သူမဟာ အရမ္းကံေကာင္းတယ္လို႔ ခံစားရၿပီး တစ္ခ်ိန္တည္းမွာပင္ ကူကယ္ရာမဲ့သလို ခံစားခဲ့ရသည္။ သူမသည္ တစ္ေန႔မွာ သူမရဲ႕ကံေကာင္းမႈေလးဟာ ေပ်ာက္ကြယ္သြားၿပီး သူမရဲ႕ အတိတ္ေန႔ရက္မ်ားဆီသို႔ ျပန္လည္ေရာက္႐ွိသြားမွာကို စိုးရိမ္ပူပန္ခဲ့မိသည္။
"အင္း" သူမ ေျပာခ်င္သည့္ စကားေတြ အမ်ားႀကီး ႐ွိေပမယ့္ ထုတ္မေျပာႏိုင္ခဲ့ဘူး။ ေနာက္ဆုံး၌ ထိုစကားအားလုံးက စကားလုံးတစ္ခုတည္း အျဖစ္သို႔ အသြင္ေျပာင္းသြားခဲ့သည္။
ထိုအခိုက္အတန္႔တြင္ သူမကို ေျခာက္လွန္႔ေနခဲ့ေသာ အမည္မသိေသာ ေၾကာက္စိတ္မ်ား ေပ်ာက္ကြယ္သြားခဲ့သည္။