ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

Af Miracle_Phyu97

40.2K 4.8K 30

199 မှ စတင်သည်။ Mere

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-208

796 108 0
Af Miracle_Phyu97

အခန်း (၂၀၈) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လီရှင်းယွင်သည် တစ်ခဏ‌လောက် တုံ့ဆိုင်းနေပြီး သူမအမေထံမှ ကားကို တောင်းဖို့ ပြောသင့် မပြောသင့် စဥ်းစားကြည့်ခဲ့သည်။ ဒီလို မကောင်းတဲ့ ခန့်မှန်းချက်အချို့ကို ဂရုစိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ် သူမတို့မိသားစုပိုင် ကိုယ်ပိုင်ကားနဲ့ ကျောင်းသွား ကျောင်းပြန်တာ ဘာမှားလို့လဲ။

သူမသည် ပင်မစာမျက်နှာကို ပြန်လည်ဆန်းသစ်လိုက်ပြီး မူလပို့စ်က ပို့စ်အသစ်တစ်ခု တင်ထားတာကို သတိပြုမိခဲ့သည်။ ဒီတစ်ခါမှာတော့ သူမနှင့် ကျုံးရီတို့ ကားအတွင်းသို့ ဝင်သွားသည့်ပုံကို တင်ထားခဲ့တာ ဖြစ်သည်။ လီရှင်းယွင်ကို ဒေါသထွက်စေသည့်အရာမှာ ထိုဓာတ်ပုံထဲတွင် ကျုံးရီ၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်နိုင်နေသောကြောင့် ဖြစ်သည်။ ထိုဓာတ်ပုံထဲတွင် သူမရဲ့ နောက်ကျောသာ ပါဝင်ပေမယ့် ကျောင်းတွင် သူမနဲ့ ကျုံးရီတို့၏ ဆက်ဆံရေးကို လူတိုင်း သိကြသည်။ ဒီပုံထဲမှ နောက်တစ်ယောက်ဟာ သူမဖြစ်ကြောင်း အခြားသူတွေသိဖို့ သိပ်မခက်ပါဘူး။

သူတို့ ပစ်မှတ်ထားခြင်း ခံရတယ်ဆိုတာ သိသာထင်ရှားလှသည်။

[ကြဲချလိုက်တဲ့ ဖရဲသီးကို ငါ တွေ့လိုက်ရလို့ ငါ အရမ်းအံ့အားသင့်သွားတယ်။ ငါ ဒီမှာ အေးအေးဆေးဆေး ဖရဲသီး ထိုင်စားနေတာကို ငါနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ရဲ့ ဖရဲသီးဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ပုံထဲကလူကို ငါသိတယ်။ သူမက ငါတို့ကျောင်းက ဌာနပန်းပွင့်လေးပဲ။ အရမ်းလှတယ်။ အပြင်မှာ ပိုလှတယ်။ အပြင်မှာ ပုံထဲကထက် အဆ ၁၀၀လောက် ပိုလှတယ်။ သူမ ‌ကျောင်းတက်စတုန်းကတော့ သူမမိသားစုက စီးပွားရေး အခြေအနေ မကောင်းတဲ့ပုံပဲ။ သူမ ဝတ်တဲ့ အဝတ်အစားတွေက ‌စျေးပေါမှန်း သိသာတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်ကနေစပြီးတော့ သူမရဲ့ ဝတ်စားဆင်ယင်မှုက ရုတ်တရတ် မြင့်မားလာခဲ့တယ်။ ပြောကြတာကတော့ သူမကို ချမ်းသာတဲ့ မိသားစုတစ်ခုက မွေးစားခဲ့တယ်လို့ ကြားတယ်။ လူတိုင်းက သူမကို ထီပေါက်တယ်လို့ထင်ပြီး ထိုအချိန်က သူမကိ အလွန် မနာလိုဖြစ်ခဲ့ကြတယ်။]

[OMG. ဒီကောင်မလေးက ငါတို့ကျောင်းက အထက်တန်းစားတစ်ဦးပဲ။ ငါ သူမကို အရမ်းသဘောကျတာလေ။ ဒါက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ။ အိုး... ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊ အတန်းဖော်ရေ QAQ]

[ဘာကို မွေးစားတာလဲ။ ခေတ်သစ် အမြှောင်မယားပဲ ဖြစ်မှာပေါ့။ သူမမှာ အရှက်မရှိဘူးလား။ သူမရဲ့ မိဘတွေကရော ဒီအကြောင်းကို သိရဲ့လား။]

[အိုး... ငါ ဒီကောင်မလေးကို ခဏခဏ မြင်ဖူးတယ်။ သူမက ငါတို့ဌာနပန်းပွင့်လေးရဲ့ အစ်မဖြစ်ပြီး သူမကို တွေ့ဖို့ မကြာခဏ လာလေ့ရှိတယ်။ သူမက တကယ့်ကိုလှတဲ့ မိန်းကလေးပဲ။ ဒါကို လုံးဝ မမျှော်လင့်ထားဘူး။]

[အိုး... ကျုံးရီလား။ သူမက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် မဟုတ်လား။ ငါက ဒီအလုပ်ကနေ ထွက်ပြီးပြီဆိုပေမယ့် သူမက ငါ့အရင် အလုပ်ကနေ ထွက်သွားခဲ့တယ်။ သူမကို ချမ်းသာတဲ့လူတစ်ယောက်က အလုပ်ခန့်တယ်လို့ ငါယူဆတယ်။ ဒီလိုမျိုး နေရာမျိုးမှာ အလုပ်လုပ်ခဲ့တဲ့လူကို ဘယ်သူကများ မွေးစားမှာလဲ။ ဒါက ညစ်ပတ်တယ်လို့ မထင်ဘူးလား။ သူမကတော့ သူမကိုယ်သူမ ကောင်းတယ်လို့ပဲ ပြောမှာပေါ့။ တစ်ယောက်ယောက်ကများ ငါ လိမ်ပြောနေတယ်လို့ထင်ရင် ငါ့မှာ သူမ ကြိုးကြာဖြူကလပ်မှာ လုပ်တုန်းက ရိုက်ထားတဲ့ပုံတစ်ပုံရှိတယ်။ ဒီမှာကြည့်။]

ထိုဓာတ်ပုံသည် ကျုံးရီနှင့် အခြားမိန်းကလေးတစ်ဦးတို့ ကြိုးကြာဖြူကလပ်တွင် ရိုက်ထားသောပုံဖြစ်လေသည်။

ချက်ချင်းပင် အခြားတစ်ယောက်မှ ကြိုးကြာဖြူကလပ်က မည်သည့်နေရာမျိုး ဖြစ်သည်ကို ရှာဖွေခဲ့ပြီး ဓာတ်ပုံက အစစ်အမှန် ဟုတ် မဟုတ်ကို အကဲဖြတ်ခဲ့သည်။ ထိုဓာတ်ပုံသည် မူရင်းပိုစတာမှ လိုအပ်သော သက်သေအထောက်အထားများကို ကူညီပံ့ပိုးထားပြီး ကျုံးရီနှင့် လီရှင်းယွင်တို့သည် နာမည်ကြီးတက္ကသိုလ်မှ အမျိုးသမီးကျောင်းသူများ ဖြစ်ကြတယ်ဆိုတာကို မီးမောင်းထိုးပြထားသည်။

ဒီလိုနဲ့ မှတ်ချက်တွေဟာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့သည်။

လီရှင်းယွင်သည် ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားထားသော မှတ်ချက်များကို ကြည့်ရင်း ငါးဖယ်တစ်ကောင်လို ဒေါသထွက်သွားခဲ့သည်။

သူမရဲ့ အခန်းဖော် ရှစ်လုလုသည်လည်း သူမကို ဖုန်းခေါ်ဆိုခဲ့သည်။ "ရှင်းယွင် ငါတို့ကျောင်းဖိုရမ်က ပို့စ်ကို နင် မြင်ပြီးပြီလား။ တစ်ယောက်ယောက်က နင်နဲ့ ကျုံးရီကို သူဌေးအချို့က စပွန်ဆာပေးထားတဲ့ အကြောင်း စီးပွားရေးဌာနက အစ်ကိုတစ်ယောက် ပို့စ်တင်ထားတာကို ငါတွေ့လိုက်ရတယ်။ နင် မြန်မြန်ဖြေရှင်းသင့်တယ်။ Bentleyကားနဲ့ ပတ်သက်တဲ့ သတင်းကရော ဘာလဲ။"

လီရှင်းယွင်သည် တဖြည်းဖြည်း ဒေါသပိုပိုကြီးလာခဲ့သည်။ ပထမတော့ သူမသည် ကျုံးရီကို ပစ်မှတ်ထားတာလို့ ထင်ခဲ့သည်။ တစ်ယောက်ယောက်က ကျောင်းဖိုရမ်တွင် သူမနာမည်ကို တင်ခဲ့သောကြောင့် သူမက ဒီကိစ္စအားလုံးရဲ့ တကယ့်ပစ်မှတ်ဖြစ်ကြောင်း သေချာသွားခဲ့ပြီ။

လီရှင်းယွင်က သူမဒေါကို ထိန်းလိုက်ရင်း ပြောလိုက်သည်။ "ဘယ်က အလုပ်ရှင်လဲ။ အဲ့တာ ငါ့အမေပဲ။ အဲ့ကားက ငါ့အမေရဲ့ကားပဲ။"

"ငါ့မိသားစုက မကြာခင်မှာ ရှင်းလင်းချက် ထုတ်ပြန်လိမ့်မယ်။ ဒီလူတွေက အင်တာနက်ပေါ်မှာ ရေးချင်တာရေးလို့ရတယ်များ တကယ်ထင်နေကြတာလား။"

"ဒါဆို ငါ ငါတို့ကျောင်းဖိုရမ်ထဲ နင့်အတွက် ရှင်းလင်းချက် ထုတ်လိုက်မယ်၊ ဒီလူတွေက အဓိပ္ပါယ်မရှိတာတွေ အရမ်းပြောနေကြတယ်။ ငါ အဲ့စာတွေကို ဖတ်နေရင်းနဲ့ အရမ်းဒေါသထွက်လာတယ်။ စီးပွားရေးဌာနကလူနဲ့ နင် ဘယ်လိုမုန်းတီးမှုတွေ ရှိနေတာလဲ။" ရှစ်လုလုက သူမ ပြောချင်တာတွေ ပြောပြီးနောက် မကြာခင်မှာပဲ ဖုန်းချလိုက်သည်။

**********************************

Zawgyi

အခန္း (၂၀၈) - သူတို႔ကို ပစ္မွတ္ထားတယ္ဆိုတာ သိသာထင္႐ွားသည္ (၃)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

လီ႐ွင္းယြင္သည္ တစ္ခဏ‌ေလာက္ တုံ႔ဆိုင္းေနၿပီး သူမအေမထံမွ ကားကို ေတာင္းဖို႔ ေျပာသင့္ မေျပာသင့္ စဥ္းစားၾကည့္ခဲ့သည္။ ဒီလို မေကာင္းတဲ့ ခန္႔မွန္းခ်က္အခ်ိဳ႕ကို ဂ႐ုစိုက္သင့္တယ္။ ဘာပဲျဖစ္ျဖစ္ သူမတို႔မိသားစုပိုင္ ကိုယ္ပိုင္ကားနဲ႔ ေက်ာင္းသြား ေက်ာင္းျပန္တာ ဘာမွားလို႔လဲ။

သူမသည္ ပင္မစာမ်က္ႏွာကို ျပန္လည္ဆန္းသစ္လိုက္ၿပီး မူလပို႔စ္က ပို႔စ္အသစ္တစ္ခု တင္ထားတာကို သတိျပဳမိခဲ့သည္။ ဒီတစ္ခါမွာေတာ့ သူမႏွင့္ က်ံဳးရီတို႔ ကားအတြင္းသို႔ ဝင္သြားသည့္ပုံကို တင္ထားခဲ့တာ ျဖစ္သည္။ လီ႐ွင္းယြင္ကို ေဒါသထြက္ေစသည့္အရာမွာ ထိုဓာတ္ပုံထဲတြင္ က်ံဳးရီ၏ မ်က္ႏွာကို ျပတ္ျပတ္သားသား ျမင္ႏိုင္ေနေသာေၾကာင့္ ျဖစ္သည္။ ထိုဓာတ္ပုံထဲတြင္ သူမရဲ႕ ေနာက္ေက်ာသာ ပါဝင္ေပမယ့္ ေက်ာင္းတြင္ သူမနဲ႔ က်ံဳးရီတို႔၏ ဆက္ဆံေရးကို လူတိုင္း သိၾကသည္။ ဒီပုံထဲမွ ေနာက္တစ္ေယာက္ဟာ သူမျဖစ္ေၾကာင္း အျခားသူေတြသိဖို႔ သိပ္မခက္ပါဘူး။

သူတို႔ ပစ္မွတ္ထားျခင္း ခံရတယ္ဆိုတာ သိသာထင္႐ွားလွသည္။

[ႀကဲခ်လိုက္တဲ့ ဖရဲသီးကို ငါ ေတြ႕လိုက္ရလို႔ ငါ အရမ္းအံ့အားသင့္သြားတယ္။ ငါ ဒီမွာ ေအးေအးေဆးေဆး ဖရဲသီး ထိုင္စားေနတာကို ငါနဲ႔ ရင္းႏွီးတဲ့သူတစ္ေယာက္ရဲ႕ ဖရဲသီးျဖစ္ေနလိမ့္မယ္လို႔ ငါ မထင္ထားခဲ့ဘူး။ ပုံထဲကလူကို ငါသိတယ္။ သူမက ငါတို႔ေက်ာင္းက ဌာနပန္းပြင့္ေလးပဲ။ အရမ္းလွတယ္။ အျပင္မွာ ပိုလွတယ္။ အျပင္မွာ ပုံထဲကထက္ အဆ ၁၀၀ေလာက္ ပိုလွတယ္။ သူမ ‌ေက်ာင္းတက္စတုန္းကေတာ့ သူမမိသားစုက စီးပြားေရး အေျခအေန မေကာင္းတဲ့ပုံပဲ။ သူမ ဝတ္တဲ့ အဝတ္အစားေတြက ‌ေစ်းေပါမွန္း သိသာတယ္။ ၿပီးခဲ့တဲ့ စာသင္ႏွစ္ကေနစၿပီးေတာ့ သူမရဲ႕ ဝတ္စားဆင္ယင္မႈက ႐ုတ္တရတ္ ျမင့္မားလာခဲ့တယ္။ ေျပာၾကတာကေတာ့ သူမကို ခ်မ္းသာတဲ့ မိသားစုတစ္ခုက ေမြးစားခဲ့တယ္လို႔ ၾကားတယ္။ လူတိုင္းက သူမကို ထီေပါက္တယ္လို႔ထင္ၿပီး ထိုအခ်ိန္က သူမကိ အလြန္ မနာလိုျဖစ္ခဲ့ၾကတယ္။]

[OMG. ဒီေကာင္မေလးက ငါတို႔ေက်ာင္းက အထက္တန္းစားတစ္ဦးပဲ။ ငါ သူမကို အရမ္းသေဘာက်တာေလ။ ဒါက ေတာ္ေတာ္ စိတ္ပ်က္ဖို႔ ေကာင္းတာပဲ။ အိုး... ဘာျဖစ္လို႔ ဒီလိုလုပ္ရတာလဲ၊ အတန္းေဖာ္ေရ QAQ]

[ဘာကို ေမြးစားတာလဲ။ ေခတ္သစ္ အေျမႇာင္မယားပဲ ျဖစ္မွာေပါ့။ သူမမွာ အ႐ွက္မ႐ွိဘူးလား။ သူမရဲ႕ မိဘေတြကေရာ ဒီအေၾကာင္းကို သိရဲ႕လား။]

[အိုး... ငါ ဒီေကာင္မေလးကို ခဏခဏ ျမင္ဖူးတယ္။ သူမက ငါတို႔ဌာနပန္းပြင့္ေလးရဲ႕ အစ္မျဖစ္ၿပီး သူမကို ေတြ႕ဖို႔ မၾကာခဏ လာေလ့႐ွိတယ္။ သူမက တကယ့္ကိုလွတဲ့ မိန္းကေလးပဲ။ ဒါကို လုံးဝ မေမွ်ာ္လင့္ထားဘူး။]

[အိုး... က်ံဳးရီလား။ သူမက ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ မဟုတ္လား။ ငါက ဒီအလုပ္ကေန ထြက္ၿပီးၿပီဆိုေပမယ့္ သူမက ငါ့အရင္ အလုပ္ကေန ထြက္သြားခဲ့တယ္။ သူမကို ခ်မ္းသာတဲ့လူတစ္ေယာက္က အလုပ္ခန္႔တယ္လို႔ ငါယူဆတယ္။ ဒီလိုမ်ိဳး ေနရာမ်ိဳးမွာ အလုပ္လုပ္ခဲ့တဲ့လူကို ဘယ္သူကမ်ား ေမြးစားမွာလဲ။ ဒါက ညစ္ပတ္တယ္လို႔ မထင္ဘူးလား။ သူမကေတာ့ သူမကိုယ္သူမ ေကာင္းတယ္လို႔ပဲ ေျပာမွာေပါ့။ တစ္ေယာက္ေယာက္ကမ်ား ငါ လိမ္ေျပာေနတယ္လို႔ထင္ရင္ ငါ့မွာ သူမ ႀကိဳးၾကာျဖဴကလပ္မွာ လုပ္တုန္းက ႐ိုက္ထားတဲ့ပုံတစ္ပုံ႐ွိတယ္။ ဒီမွာၾကည့္။]

ထိုဓာတ္ပုံသည္ က်ံဳးရီႏွင့္ အျခားမိန္းကေလးတစ္ဦးတို႔ ႀကိဳးၾကာျဖဴကလပ္တြင္ ႐ိုက္ထားေသာပုံျဖစ္ေလသည္။

ခ်က္ခ်င္းပင္ အျခားတစ္ေယာက္မွ ႀကိဳးၾကာျဖဴကလပ္က မည္သည့္ေနရာမ်ိဳး ျဖစ္သည္ကို ႐ွာေဖြခဲ့ၿပီး ဓာတ္ပုံက အစစ္အမွန္ ဟုတ္ မဟုတ္ကို အကဲျဖတ္ခဲ့သည္။ ထိုဓာတ္ပုံသည္ မူရင္းပိုစတာမွ လိုအပ္ေသာ သက္ေသအေထာက္အထားမ်ားကို ကူညီပံ့ပိုးထားၿပီး က်ံဳးရီႏွင့္ လီ႐ွင္းယြင္တို႔သည္ နာမည္ႀကီးတကၠသိုလ္မွ အမ်ိဳးသမီးေက်ာင္းသူမ်ား ျဖစ္ၾကတယ္ဆိုတာကို မီးေမာင္းထိုးျပထားသည္။

ဒီလိုနဲ႔ မွတ္ခ်က္ေတြဟာ ခ်က္ခ်င္းဆိုသလိုပင္ ေပါက္ကြဲသြားခဲ့သည္။

လီ႐ွင္းယြင္သည္ ႐ုန္႔ရင္းၾကမ္းတမ္းစြာ ေရးသားထားေသာ မွတ္ခ်က္မ်ားကို ၾကည့္ရင္း ငါးဖယ္တစ္ေကာင္လို ေဒါသထြက္သြားခဲ့သည္။

သူမရဲ႕ အခန္းေဖာ္ ႐ွစ္လုလုသည္လည္း သူမကို ဖုန္းေခၚဆိုခဲ့သည္။ "႐ွင္းယြင္ ငါတို႔ေက်ာင္းဖိုရမ္က ပို႔စ္ကို နင္ ျမင္ၿပီးၿပီလား။ တစ္ေယာက္ေယာက္က နင္နဲ႔ က်ံဳးရီကို သူေဌးအခ်ိဳ႕က စပြန္ဆာေပးထားတဲ့ အေၾကာင္း စီးပြားေရးဌာနက အစ္ကိုတစ္ေယာက္ ပို႔စ္တင္ထားတာကို ငါေတြ႕လိုက္ရတယ္။ နင္ ျမန္ျမန္ေျဖ႐ွင္းသင့္တယ္။ Bentleyကားနဲ႔ ပတ္သက္တဲ့ သတင္းကေရာ ဘာလဲ။"

လီ႐ွင္းယြင္သည္ တျဖည္းျဖည္း ေဒါသပိုပိုႀကီးလာခဲ့သည္။ ပထမေတာ့ သူမသည္ က်ံဳးရီကို ပစ္မွတ္ထားတာလို႔ ထင္ခဲ့သည္။ တစ္ေယာက္ေယာက္က ေက်ာင္းဖိုရမ္တြင္ သူမနာမည္ကို တင္ခဲ့ေသာေၾကာင့္ သူမက ဒီကိစၥအားလုံးရဲ႕ တကယ့္ပစ္မွတ္ျဖစ္ေၾကာင္း ေသခ်ာသြားခဲ့ၿပီ။

လီ႐ွင္းယြင္က သူမေဒါကို ထိန္းလိုက္ရင္း ေျပာလိုက္သည္။ "ဘယ္က အလုပ္႐ွင္လဲ။ အဲ့တာ ငါ့အေမပဲ။ အဲ့ကားက ငါ့အေမရဲ႕ကားပဲ။"

"ငါ့မိသားစုက မၾကာခင္မွာ ႐ွင္းလင္းခ်က္ ထုတ္ျပန္လိမ့္မယ္။ ဒီလူေတြက အင္တာနက္ေပၚမွာ ေရးခ်င္တာေရးလို႔ရတယ္မ်ား တကယ္ထင္ေနၾကတာလား။"

"ဒါဆို ငါ ငါတို႔ေက်ာင္းဖိုရမ္ထဲ နင့္အတြက္ ႐ွင္းလင္းခ်က္ ထုတ္လိုက္မယ္၊ ဒီလူေတြက အဓိပၸါယ္မ႐ွိတာေတြ အရမ္းေျပာေနၾကတယ္။ ငါ အဲ့စာေတြကို ဖတ္ေနရင္းနဲ႔ အရမ္းေဒါသထြက္လာတယ္။ စီးပြားေရးဌာနကလူနဲ႔ နင္ ဘယ္လိုမုန္းတီးမႈေတြ ႐ွိေနတာလဲ။" ႐ွစ္လုလုက သူမ ေျပာခ်င္တာေတြ ေျပာၿပီးေနာက္ မၾကာခင္မွာပဲ ဖုန္းခ်လိုက္သည္။

Fortsæt med at læse

You'll Also Like

27K 2.4K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
77.4K 7.3K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
3.4K 227 7
🚨18+Warning🚨 #just fan translation #all credit to original authur and Eng translator #wakeupastheCinderella'sstepsister
6.9K 377 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...