ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.6K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-207

786 109 0
By Miracle_Phyu97

အခန်း (၂၀၇) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ကျုံးရီနှင့် ကျန်းယာ့ကောတို့ နောက်ပိုင်းတွင် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်မှာ အချစ်ရေးအပြင် ထိုအကြောင်းရင်းဟာလည်း တစ်ပိုင်းတစ်စ ပါဝင်နေပေသည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ သူမ ဒီလိုမျိုး ဖြစ်သွားခဲ့သည်မှာ ကျန်းယာ့ကောက အတိုင်းအတာတစ်ခုထိ ပတ်သက်ဆက်နွယ်နေကြောင်းကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် အခုဘဝတွင် ကျုံးရီနှင့် ကျန်းယာ့ကောတို့သည် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်မှာ ကြာခဲ့ပြီ။ သူမသည် လီရှစ်ကျီကို မချစ်မြတ်နိုးခဲ့သလို သူမ အဖွားဖြစ်သူ၏ ကျန်းမာရေးသည်လည်း ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။ သူမဟာ သူမရဲ့ အရင်ဘဝတုန်းကနဲ့ မတူညီတဲ့ လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနေခဲ့ပြီ။

ကျုံးရီက အနည်းငယ် အံ့အားသင့်သွားပေမယ့် သူမက အပြုံးလေးဖြင့် စကားဆိုလိုက်သည်။ "ဟုတ် ကောင်းပါပြီ။ အရင်နှစ်တုန်းက ကျွန်မတို့ နှစ်ယောက်ပဲ အမြဲတမ်း ရှိနေခဲ့ရတာ။ ပျော်စရာကောင်းပေမယ့် နည်းနည်းတော့ အထီးကျန်တယ်။"

"ကျွန်မအဖွားက နှစ်သစ်ကူးအကြို ညစာစားပွဲ ပြုလုပ်တဲ့ နေရာမှာ အရမ်းတော်တယ်။ သူမ ငယ်ငယ်တုန်းက စားဖိုမှုးတစ်ယောက် ဖြစ်ခဲ့တာလေ။" သူမသည် သူမ အဖွားဖြစ်သူရဲ့ အကောင်းဆုံး ဟင်းလျာများအကြောင်းကို ပြောပြခဲ့သည်။

ဖန့်ကျွင်းရုံတောင်မှာ ကလေးနှစ်ယောက် အိမ်ပြန်ရောက်လာတဲ့ အချိန်ကျမှ ရုတ်တရတ် အိမ်ဆိုသည့် အဓိပ္ပာယ် ပြည့်ဝသွားသလို ခံစားလိုက်ရသည်။

သူမသမီးလေး တဖြည်းဖြည်း အရွယ်ရောက်လာတာကို စောင့်ကြည့်ဖို့ အချိန်များများ သုံးသင့်တယ်လို့ တွေးမိခဲ့သည်။

***

လီရှင်းယွင်သည် အိမ်ပြန်ရောက်ပြီးနောက် ဘာမှ မလုပ်တော့ပဲ အနားယူတော့သည်။ ကျုံးရီနှင့် သူမသည် သူမတို့ရဲ့ ပါရမီရှင်ကြယ်ပွင့် ရွေးချယ်မည့် အစီအစဥ်အကြောင်းကို ဘယ်လိုကျင်းပကြမလဲဆိုတာကို အသေးစိတ် ဆွေးနွေးကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း မတူတာတွေ ကြုံရသည့်အခါမျိုးမှာ ဖန့်ကျွင်းရုံအား သူတို့နှစ်ယောက်ရဲ့ ဒိုင်လူကြီးအဖြစ် ဆုံးဖြတ်စေခဲ့သည်။

ဖန့်ကျွင်းရုံက ထိုနယ်ပယ်အကြောင်း အများကြီး မသိပဲ အပေါ်ယံလောက်သာ သိရှိလေသည်။ သူမကို သူတို့ရဲ့ တရားသူကြီးအဖြစ် ဆောင်ရွက်ခိုင်းခြင်းသည် သူတို့ကို မှားယွင်းသော လမ်းကြောင်းပေါ်သို့ ဦးတည်စေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ပါရမီရှင်ကြယ်ပွင့်များ ရွေးချယ်သည့် အစီအစဥ်များနှင့် ပတ်သက်၍ အတွေ့အကြုံများရှိခဲ့ပြီး သူတို့နှင့် သက်ဆိုင်ရာ နယ်ပယ်မှ ဒါရိုက်တာ အနည်းငယ်ကို သိရှိပြီး သူမရဲ့ သမီးများအား သူတို့နှင့် ဆက်သွယ်ရမည့် အချက်အလက်များအား ပေးခဲ့လေသည်။ ထိုနည်းဖြင့် သူတို့ကို စိတ်ပျော်ရွှင်စေခဲ့သည်။

လီရှင်းယွင်သည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ရရှိပြီးနောက် ကျုံးရီနှင့် ပျော်ရွှင်စွာ ဆွေးနွေးရန် ပြန်လာခဲ့သည်။

တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ လီရှင်းယွင်သည် သူငယ်ချင်းတစ်ယောက်ဆီကနေ ရုတ်တရတ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

"ရှင်းယွင် ရေပန်းအစားဆုံးစာရင်းက ပို့စ်တစ်ခုကို သွားကြည့်စမ်းပါ။ အဲ့တာက နင့်ကားနဲ့ တူသလိုပဲ။"

"အရူးအချို့က နင့်ကားကို ဓာတ်ပုံရိုက်ခဲ့ပြီး အခု အဲ့တာက ရေပန်းအစားဆုံးစာရင်း ရောက်နေပြီ။"

"နင် ရှင်းလင်းချက်တစ်ခု တင်သင့်တယ်။ နင့်ရဲ့ ကျော်ကြားမှုကို ပျက်စီးဖို့ ကြိုးစားနေတဲ့ မကောင်းတဲ့လူတွေက အမြဲရှိနေလိမ့်မယ်။"

လီရှင်းယွင်က ဘာဖြစ်နေတာလဲ ဆိုတာကို လုံးဝ နားမလည်ပေမယ့် သူမသည် အသေးစိတ် အကြောင်းအရာကို မေးမြန်းခဲ့ပြီး သူမကိုယ်တိုင် အွန်လိုင်းပေါ်တွင် ရှာကြည့်ခဲ့သည်။

လျင်မြန်စွာပင် ရေပန်းအစားဆုံးစာရင်း၏ ထိပ်ဆုံးမှာရှိတဲ့ သတင်းဆောင်းပါးသည် သူမရှေ့တွင် ပေါ်လာခဲ့သည်။

[နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ အပြင်ဖက်မှာ ရပ်တန့်ထားသည့် ဇိမ်ခံကားတစ်စီး၊ နာမည်ကြီးတက္ကသိုလ်က အမျိုးသမီးကျောင်းသူတွေက အကျင့်ပျက်နေကြပြီလား။]

နာမည်ကြီးတက္ကသိုလ်နှင့် ဇိမ်ခံကားများ ကိုယ်တိုင်ကပင် အာရုံစိုက်မှုများစွာကို ဆွဲ‌ဆောင်နိုင်သည့်အရာများ ဖြစ်နေကြပြီ။ အလွန်ဆွဲ‌ဆောင်မှုရှိသော ခေါင်းစဥ်ကို တပ်လိုက်ခြင်းအားဖြင့် ထိုဆောင်းပါးကို ဖတ်ရှုသူ များစွာ ရရှိစေခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ ထိုသတင်းဆောင်းပါးအောက်ရှိ မှတ်ချက်များကို ကြည့်လျှင် အလွန် အမြင်ကွဲနေတာမျိုးတွေကို တွေ့ရသည်။ အငြင်းပွားမှုများသည် အလွန်အစွန်းရောက်စွာ ပြောဆိုကြသည်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်း မဆိုင်ရသည့်အတွက်ကြောင့် အင်တာနက်ပေါ်က စကားများစွာသည် အလွန်အစွန်းရောက်ကြသည်။ သူတို့သည် အဖြူ အမည်း မကွဲပြားပဲ အဓိပ္ပါယ်မရှိတာတွေကို လျှာအရိုးမရှိတိုင်း ပြောဆိုကြသည်။

ဆောင်းပါးတွင် တင်ထားသော ဇိမ်ခံကားသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမတို့ မိသားစုပိုင်ကားဖြစ်ကြောင်း ပြောနိုင်သည်။ အထူးသဖြင့် ကားအနောက် ပြတင်းပေါက်တွင် ချိတ်ဆွဲထားသော အရုပ်သည် သူမကိုယ်တိုင် အရုပ်ကောက်စက်မှာ ကောက်ယူရရှိခဲ့သော အရုပ်လေးဖြစ်လေသည်။

ကျစ်...

ဘယ်အရူးကများ ဒီလိုတင်ရတာလဲ။

လီရှင်းယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်တွင် နှစ်ဖက်စလုံးမှ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေမှုများ အများအပြား ရှိခဲ့ကြသည်။

[ငါ ဆင်းရဲသားတွေကို မလှောင်ပြောင်ပေမယ့် ပြည့်တန်ဆာတွေကိုတော့ စက်ဆုပ်ရွံ့ရှာတယ်။ လူတစ်ဦးရဲ့ ပညာရေး အောင်မြင်မှုက သူ့ရဲ့ ကိုယ်ပိုအကျင့်စရိုက်ကို ကိုယ်စားမပြုဘူး။ အပြင်မှာ လူတော်တော်များများက ဖြတ်လမ်းနည်းကို လိုက်ကြတယ်။]

[ဒီဇိမ်ခံကားကို ကြည့်လိုက်ပါ။ မင်း သူတို့ကို ဖမ်းဆုပ်နိုင်ရင် မင်း တစ်သက်လုံး ငွေကြေးအတွက် စိတ်ပူနေစရာ မလိုအပ်တော့ဘူး။]

[မင်း ဆယ်နှစ်တာ ရုန်းကန်ကြိုးစားမှု နည်းပါးသွားစေရုံသာမက မင်းရဲ တစ်သက်တာလုံးအတွက် အစားအသောက်လက်မှတ်ကိုလည်း ရရှိသွားစေလိမ့်မယ်။ ဒီလိုမျိုး တက္ကသိုလ်ကောင်းကောင်းလည်း တတ်နိုင်တယ်ဆိုတာက ပင်ကိုယ်အရည်အချင်းရှိပြီး ဥာဏ်လည်းကောင်းတယ်လို့ ဆိုလိုတာပဲ။ သင့်တင့်တဲ့ရုပ်ရည်လည်း ရှိတဲ့ဟာကို ကိုယ့်ဘာသာကိုယ် ရပ်တည်ရတာ ပိုမကောင်းဘူးလား။]

[ဒီနေရာမှာ ရေးသားထားတဲ့ မှတ်ချက်များအားလုံးက အရမ်းစက်ဆုပ်ဖွယ်ကောင်းတာပဲ။ ဒီကားက သူတို့ရဲ့ကလေးတွေကို လိုက်ပို့တဲ့ တစ်စုံတစ်ယောက်ရဲ့ မိသားစုပိုင်ကားလည်း ဖြစ်နိုင်တာပဲလေ။ ချဥ်စူးနေမှုက ဖန်သားပြင်ပေါ်မှတစ်ဆင့် ခံစားလို့ ရနေတယ်။]

[ငါတို့ကျောင်းမှာလည်း အဲ့လိုမျိုးပဲ။ အပတ်စဥ်တိုင်း အနုပညာဌာနက မိန်းကလေးတွေကို ဇိမ်ခံကားတွေနဲ့ လာကြိုတဲ့သူတွေ အများကြီးရှိတယ်။ လူတိုင်းမှာ သူတို့ကိုယ်ပိုင် ရည်မှန်းချက် ကိုယ်စီရှိကြတယ်လို့ပဲ ငါ ပြောနိုင်ပါတယ်။]

**********************************

Zawgyi

အခန္း (၂၀၇) - သူတို႔ကို ပစ္မွတ္ထားတယ္ဆိုတာ သိသာထင္႐ွားသည္ (၂)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

က်ံဳးရီႏွင့္ က်န္းယာ့ေကာတို႔ ေနာက္ပိုင္းတြင္ ဆက္ဆံေရး ျပတ္ေတာက္သြားခဲ့သည္မွာ အခ်စ္ေရးအျပင္ ထိုအေၾကာင္းရင္းဟာလည္း တစ္ပိုင္းတစ္စ ပါဝင္ေနေပသည္။ အျခားတစ္စိတ္တစ္ပိုင္းမွာ သူမ ဒီလိုမ်ိဳး ျဖစ္သြားခဲ့သည္မွာ က်န္းယာ့ေကာက အတိုင္းအတာတစ္ခုထိ ပတ္သက္ဆက္ႏြယ္ေနေၾကာင္းကို ေတြ႕႐ွိခဲ့ေသာေၾကာင့္ ျဖစ္သည္။

သို႔ေသာ္ အခုဘဝတြင္ က်ံဳးရီႏွင့္ က်န္းယာ့ေကာတို႔သည္ ဆက္ဆံေရး ျပတ္ေတာက္သြားခဲ့သည္မွာ ၾကာခဲ့ၿပီ။ သူမသည္ လီ႐ွစ္က်ီကို မခ်စ္ျမတ္ႏိုးခဲ့သလို သူမ အဖြားျဖစ္သူ၏ က်န္းမာေရးသည္လည္း ပိုပိုၿပီး ေကာင္းမြန္လာခဲ့သည္။ သူမဟာ သူမရဲ႕ အရင္ဘဝတုန္းကနဲ႔ မတူညီတဲ့ လမ္းေၾကာင္းတစ္ခုေပၚသို႔ ေရာက္႐ွိေနခဲ့ၿပီ။

က်ံဳးရီက အနည္းငယ္ အံ့အားသင့္သြားေပမယ့္ သူမက အျပဳံးေလးျဖင့္ စကားဆိုလိုက္သည္။ "ဟုတ္ ေကာင္းပါၿပီ။ အရင္ႏွစ္တုန္းက ကြၽန္မတို႔ ႏွစ္ေယာက္ပဲ အၿမဲတမ္း ႐ွိေနခဲ့ရတာ။ ေပ်ာ္စရာေကာင္းေပမယ့္ နည္းနည္းေတာ့ အထီးက်န္တယ္။"

"ကြၽန္မအဖြားက ႏွစ္သစ္ကူးအႀကိဳ ညစာစားပြဲ ျပဳလုပ္တဲ့ ေနရာမွာ အရမ္းေတာ္တယ္။ သူမ ငယ္ငယ္တုန္းက စားဖိုမႈးတစ္ေယာက္ ျဖစ္ခဲ့တာေလ။" သူမသည္ သူမ အဖြားျဖစ္သူရဲ႕ အေကာင္းဆုံး ဟင္းလ်ာမ်ားအေၾကာင္းကို ေျပာျပခဲ့သည္။

ဖန္႔ကြၽင္း႐ုံေတာင္မွာ ကေလးႏွစ္ေယာက္ အိမ္ျပန္ေရာက္လာတဲ့ အခ်ိန္က်မွ ႐ုတ္တရတ္ အိမ္ဆိုသည့္ အဓိပၸာယ္ ျပည့္ဝသြားသလို ခံစားလိုက္ရသည္။

သူမသမီးေလး တျဖည္းျဖည္း အ႐ြယ္ေရာက္လာတာကို ေစာင့္ၾကည့္ဖို႔ အခ်ိန္မ်ားမ်ား သုံးသင့္တယ္လို႔ ေတြးမိခဲ့သည္။

***

လီ႐ွင္းယြင္သည္ အိမ္ျပန္ေရာက္ၿပီးေနာက္ ဘာမွ မလုပ္ေတာ့ပဲ အနားယူေတာ့သည္။ က်ံဳးရီႏွင့္ သူမသည္ သူမတို႔ရဲ႕ ပါရမီ႐ွင္ၾကယ္ပြင့္ ေ႐ြးခ်ယ္မည့္ အစီအစဥ္အေၾကာင္းကို ဘယ္လိုက်င္းပၾကမလဲဆိုတာကို အေသးစိတ္ ေဆြးေႏြးၾကသည္။ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ အျမင္ခ်င္း မတူတာေတြ ၾကဳံရသည့္အခါမ်ိဳးမွာ ဖန္႔ကြၽင္း႐ုံအား သူတို႔ႏွစ္ေယာက္ရဲ႕ ဒိုင္လူႀကီးအျဖစ္ ဆုံးျဖတ္ေစခဲ့သည္။

ဖန္႔ကြၽင္း႐ုံက ထိုနယ္ပယ္အေၾကာင္း အမ်ားႀကီး မသိပဲ အေပၚယံေလာက္သာ သိ႐ွိေလသည္။ သူမကို သူတို႔ရဲ႕ တရားသူႀကီးအျဖစ္ ေဆာင္႐ြက္ခိုင္းျခင္းသည္ သူတို႔ကို မွားယြင္းေသာ လမ္းေၾကာင္းေပၚသို႔ ဦးတည္ေစလိမ့္မည္။ မည္သို႔ပင္ဆိုေစကာမူ သူမသည္ ပါရမီ႐ွင္ၾကယ္ပြင့္မ်ား ေ႐ြးခ်ယ္သည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ အေတြ႕အၾကဳံမ်ား႐ွိခဲ့ၿပီး သူတို႔ႏွင့္ သက္ဆိုင္ရာ နယ္ပယ္မွ ဒါ႐ိုက္တာ အနည္းငယ္ကို သိ႐ွိၿပီး သူမရဲ႕ သမီးမ်ားအား သူတို႔ႏွင့္ ဆက္သြယ္ရမည့္ အခ်က္အလက္မ်ားအား ေပးခဲ့ေလသည္။ ထိုနည္းျဖင့္ သူတို႔ကို စိတ္ေပ်ာ္႐ႊင္ေစခဲ့သည္။

လီ႐ွင္းယြင္သည္ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္ကို ရ႐ွိၿပီးေနာက္ က်ံဳးရီႏွင့္ ေပ်ာ္႐ႊင္စြာ ေဆြးေႏြးရန္ ျပန္လာခဲ့သည္။

တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္မွာ လီ႐ွင္းယြင္သည္ သူငယ္ခ်င္းတစ္ေယာက္ဆီကေန ႐ုတ္တရတ္ ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရ႐ွိခဲ့သည္။

"႐ွင္းယြင္ ေရပန္းအစားဆုံးစာရင္းက ပို႔စ္တစ္ခုကို သြားၾကည့္စမ္းပါ။ အဲ့တာက နင့္ကားနဲ႔ တူသလိုပဲ။"

"အ႐ူးအခ်ိဳ႕က နင့္ကားကို ဓာတ္ပုံ႐ိုက္ခဲ့ၿပီး အခု အဲ့တာက ေရပန္းအစားဆုံးစာရင္း ေရာက္ေနၿပီ။"

"နင္ ႐ွင္းလင္းခ်က္တစ္ခု တင္သင့္တယ္။ နင့္ရဲ႕ ေက်ာ္ၾကားမႈကို ပ်က္စီးဖို႔ ႀကိဳးစားေနတဲ့ မေကာင္းတဲ့လူေတြက အၿမဲ႐ွိေနလိမ့္မယ္။"

လီ႐ွင္းယြင္က ဘာျဖစ္ေနတာလဲ ဆိုတာကို လုံးဝ နားမလည္ေပမယ့္ သူမသည္ အေသးစိတ္ အေၾကာင္းအရာကို ေမးျမန္းခဲ့ၿပီး သူမကိုယ္တိုင္ အြန္လိုင္းေပၚတြင္ ႐ွာၾကည့္ခဲ့သည္။

လ်င္ျမန္စြာပင္ ေရပန္းအစားဆုံးစာရင္း၏ ထိပ္ဆုံးမွာ႐ွိတဲ့ သတင္းေဆာင္းပါးသည္ သူမေ႐ွ႕တြင္ ေပၚလာခဲ့သည္။

[နာမည္ႀကီးတကၠသိုလ္တစ္ခုရဲ႕ အျပင္ဖက္မွာ ရပ္တန္႔ထားသည့္ ဇိမ္ခံကားတစ္စီး၊ နာမည္ႀကီးတကၠသိုလ္က အမ်ိဳးသမီးေက်ာင္းသူေတြက အက်င့္ပ်က္ေနၾကၿပီလား။]

နာမည္ႀကီးတကၠသိုလ္ႏွင့္ ဇိမ္ခံကားမ်ား ကိုယ္တိုင္ကပင္ အာ႐ုံစိုက္မႈမ်ားစြာကို ဆြဲ‌ေဆာင္ႏိုင္သည့္အရာမ်ား ျဖစ္ေနၾကၿပီ။ အလြန္ဆြဲ‌ေဆာင္မႈ႐ွိေသာ ေခါင္းစဥ္ကို တပ္လိုက္ျခင္းအားျဖင့္ ထိုေဆာင္းပါးကို ဖတ္႐ႈသူ မ်ားစြာ ရ႐ွိေစခဲ့သည္မွာ အံ့ၾသစရာ မဟုတ္ပါ။ ထိုသတင္းေဆာင္းပါးေအာက္႐ွိ မွတ္ခ်က္မ်ားကို ၾကည့္လွ်င္ အလြန္ အျမင္ကြဲေနတာမ်ိဳးေတြကို ေတြ႕ရသည္။ အျငင္းပြားမႈမ်ားသည္ အလြန္အစြန္းေရာက္စြာ ေျပာဆိုၾကသည္။ လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာခ်င္း မဆိုင္ရသည့္အတြက္ေၾကာင့္ အင္တာနက္ေပၚက စကားမ်ားစြာသည္ အလြန္အစြန္းေရာက္ၾကသည္။ သူတို႔သည္ အျဖဴ အမည္း မကြဲျပားပဲ အဓိပၸါယ္မ႐ွိတာေတြကို လွ်ာအ႐ိုးမ႐ွိတိုင္း ေျပာဆိုၾကသည္။

ေဆာင္းပါးတြင္ တင္ထားေသာ ဇိမ္ခံကားသည္ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ သူမတို႔ မိသားစုပိုင္ကားျဖစ္ေၾကာင္း ေျပာႏိုင္သည္။ အထူးသျဖင့္ ကားအေနာက္ ျပတင္းေပါက္တြင္ ခ်ိတ္ဆြဲထားေသာ အ႐ုပ္သည္ သူမကိုယ္တိုင္ အ႐ုပ္ေကာက္စက္မွာ ေကာက္ယူရ႐ွိခဲ့ေသာ အ႐ုပ္ေလးျဖစ္ေလသည္။

က်စ္...

ဘယ္အ႐ူးကမ်ား ဒီလိုတင္ရတာလဲ။

လီ႐ွင္းယြင္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ယခုအခ်ိန္တြင္ ႏွစ္ဖက္စလုံးမွ တစ္ဖက္ႏွင့္ တစ္ဖက္ အျပန္အလွန္ တိုက္ခိုက္ေနမႈမ်ား အမ်ားအျပား ႐ွိခဲ့ၾကသည္။

[ငါ ဆင္းရဲသားေတြကို မေလွာင္ေျပာင္ေပမယ့္ ျပည့္တန္ဆာေတြကိုေတာ့ စက္ဆုပ္႐ြံ႕႐ွာတယ္။ လူတစ္ဦးရဲ႕ ပညာေရး ေအာင္ျမင္မႈက သူ႕ရဲ႕ ကိုယ္ပိုအက်င့္စ႐ိုက္ကို ကိုယ္စားမျပဳဘူး။ အျပင္မွာ လူေတာ္ေတာ္မ်ားမ်ားက ျဖတ္လမ္းနည္းကို လိုက္ၾကတယ္။]

[ဒီဇိမ္ခံကားကို ၾကည့္လိုက္ပါ။ မင္း သူတို႔ကို ဖမ္းဆုပ္ႏိုင္ရင္ မင္း တစ္သက္လုံး ေငြေၾကးအတြက္ စိတ္ပူေနစရာ မလိုအပ္ေတာ့ဘူး။]

[မင္း ဆယ္ႏွစ္တာ ႐ုန္းကန္ႀကိဳးစားမႈ နည္းပါးသြားေစ႐ုံသာမက မင္းရဲ တစ္သက္တာလုံးအတြက္ အစားအေသာက္လက္မွတ္ကိုလည္း ရ႐ွိသြားေစလိမ့္မယ္။ ဒီလိုမ်ိဳး တကၠသိုလ္ေကာင္းေကာင္းလည္း တတ္ႏိုင္တယ္ဆိုတာက ပင္ကိုယ္အရည္အခ်င္း႐ွိၿပီး ဥာဏ္လည္းေကာင္းတယ္လို႔ ဆိုလိုတာပဲ။ သင့္တင့္တဲ့႐ုပ္ရည္လည္း ႐ွိတဲ့ဟာကို ကိုယ့္ဘာသာကိုယ္ ရပ္တည္ရတာ ပိုမေကာင္းဘူးလား။]

[ဒီေနရာမွာ ေရးသားထားတဲ့ မွတ္ခ်က္မ်ားအားလုံးက အရမ္းစက္ဆုပ္ဖြယ္ေကာင္းတာပဲ။ ဒီကားက သူတို႔ရဲ႕ကေလးေတြကို လိုက္ပို႔တဲ့ တစ္စုံတစ္ေယာက္ရဲ႕ မိသားစုပိုင္ကားလည္း ျဖစ္ႏိုင္တာပဲေလ။ ခ်ဥ္စူးေနမႈက ဖန္သားျပင္ေပၚမွတစ္ဆင့္ ခံစားလို႔ ရေနတယ္။]

[ငါတို႔ေက်ာင္းမွာလည္း အဲ့လိုမ်ိဳးပဲ။ အပတ္စဥ္တိုင္း အႏုပညာဌာနက မိန္းကေလးေတြကို ဇိမ္ခံကားေတြနဲ႔ လာႀကိဳတဲ့သူေတြ အမ်ားႀကီး႐ွိတယ္။ လူတိုင္းမွာ သူတို႔ကိုယ္ပိုင္ ရည္မွန္းခ်က္ ကိုယ္စီ႐ွိၾကတယ္လို႔ပဲ ငါ ေျပာႏိုင္ပါတယ္။]

Continue Reading

You'll Also Like

132K 17.9K 70
Title - F**k Off This Damn Money Short Title - FOTDM Original Author - Ban Li Zi ဒုတိယမျိုးဆက်ရဲ့ကြယ်ပွင့်ဖြစ်တဲ့ လီလင်းလင်းဟာ အသက်၁၅နှစ်မှာ သူမရဲ့ဓ...
78.4K 9.3K 121
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...
27.2K 2.5K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
14.9K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant