အခန်း(၂၀၅) - သူမကို လိုက်လံပိုးပမ်းနေသမျှ တစ်ချိန်လုံးဟာ ဟာသတစ်ခုပဲ ဖြစ်ပေသည် (၃)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
သူ့အသိုင်းအဝိုင်းထဲက လူတော်တော်များများကပင် သူ့ကို မိန်းကလေးတစ်ယောက်ကိုတောင် မလိုက်နိုင်ဘူးလို့ လှောင်ပြောင်နေကြပြီ။ သူက လူအများ လှောင်ရယ်စရာ ဖြစ်လာပေလိမ့်မည်။
သူက မျက်လွှာချရင်း အပြစ်ကင်းစင်တဲ့ အသွင်ဖြင့် "သူမမှာ ချစ်သူကောင်လေး မရှိသေးသရွေ့ ငါ့မှာ မျှော်လင့်ချက် ရှိပါသေးတယ်။" လို့ ဆိုသည်။
ရှစ်လုလုက တစ်ခုခု ပြန်ပြောတော့မယ့်အချိန်တွင် ပိန်ပါးသော ပုံရိပ်လေးတစ်ခု အနားသို့ ရောက်လာတာကို တွေ့လိုက်ရသည်။ သူမရဲ့အသွင်သည် မီးကဲ့သို့ တောက်ပပြီး သူမရဲ့ အနည်းငယ် ကောက်သော ဆံပင်များက ပင်လယ်သမုဒ္ဒရာကဲ့သို့ပင်။ သူမက အခြားသူတွေရဲ့ အကြည့်တွေကို ဆွဲဆောင်သွားစေနိုင်သည်။
ကျုံးရီက သူမကို ပြုံးပြလိုက်သည်။ "ရှင်းယွင် အပေါ်မှာ ရှိတယ်မလား။"
ရှစ်လုလုသည် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ကျုံးရီရဲ့ အပြုံးက သူမကို ဆွဲဆောင်နေဆဲဖြစ်သည်။ သူမ ကျုံးရီကိုမြင်တဲ့အချိန်တိုင်း အရမ်းလှတယ်လို့ ခံစားရတယ်။ လီရှင်းယွင်သည် အလွန်လှပသော်လည်း သဘာဝအားဖြင့် ခုခံနိုင်စွမ်းရှိသည်။ သူမက ကုန်းယိလင်းကို လျစ်လျူရှုလိုက်ပြီး ကျုံးရီကို ပြောလိုက်သည်။ "အပေါ်ထပ်ကို အတူတူ သွားကြရအောင်။"
ကျုံးရီက ပြောသည်။ "ကျွန်မ သစ်သီးအချို့ ဝယ်လာခဲ့တယ်။ ကျွန်မတို့ အတူတူ စားကြရအောင်။"
"အစ်မကျုံးရီက အရမ်းသဘောကောင်းတာပဲ။"
"ဘာဖြစ်နေတာလဲ။" သူ့သူငယ်ချင်းက သူ့ကို ပုတ်လိုက်သည်။ "မင်း ဘာတွေ စဥ်းစားနေတာလဲ။ မင်း ပစ်မှတ်အသစ်ကို ပြောင်းချင်နေတာလား။ လီရှင်းယွင်ရဲ့ အစ်မက ဒီလောက်တောင် ချောလိမ့်မယ်လို့ မထင်ဘူး။ သူတို့က လုံးဝ ကွဲပြားခြားနားတဲ့ အလှတွေ ပိုင်ဆိုင်ထားကြတာပဲ။"
"တိတ်စမ်း" ကုန်းယိလင်းက အရမ်းပျော်နေပုံ မပေါက်ဘူး။ "ငါ သူမကို အရင်က တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ ခံစားရတယ်။ သူမကြည့်ရတာ တော်တော်လေး ရင်းနှီးနေတယ်။"
"ဒါက သာမာန်ပဲလေ။ ဒီလိုချောမောတဲ့ မိန်းကလေးမျိုးက မမေ့နိုင်စရာပဲလေ။ ငါတို့ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဖူးတာ ဖြစ်နိုင်တယ်။"
ကုန်းယိလင်းသည် သူ့မှတ်ဥာဏ် အစိတ်အပိုင်းထဲတွင် သူမပုံရိပ်ကို အတင်းပြန်ရှာခဲ့သည်။ သူ လက်လျှော့လိုက်တော့မည့်အချိန်တွင် သူမကို အမှတ်ရသွားသည်။
ဒီမိန်းကလေးက ကြိုးကြာဖြူမှာ အလုပ်လုပ်ဖူးတဲ့ မိန်းကလေး မဟုတ်ဘူးလား။ ကျုံးရီရဲ့ ရုပ်ရည်အသွင်အပြင်က အလွန်ဆွဲဆောင်မှုရှိတာမို့ သူမက သူ့ကို အထင်ကြီးစရာကောင်းတဲ့ အမြင်တစ်ခု ချန်ထားခဲ့သည်။ ယခုမူ သူမသည် အရင်ကထက် ပိုပိုလှပနေကာ ပိုဆွဲဆောင်မှုရှိလာသည်။ သူမသည် နည်းနည်း ရှက်တတ်လာပြီး ပိုပြီးသဘာဝဆန်လာသည်။
နောက်ပိုင်း သူ ကြိုးကြာဖြူသို့ သွားရောက်လည်ပတ်သောအခါတွင် သူမသည် ကြိုးကြာဖြူမှ အလုပ်ထွက်သွားခဲ့ပြီဖြစ်သည်ဟု သိရှိခဲ့ရသည်။ သူမအား မည်သည့်နေရာသို့ ပြောင်းရွှေ့သွားတာလဲဆိုတာကို သူ လိုက်လံစုံစမ်းကြည့်ခဲ့သော်လည်း သိရှိခဲ့ခြင်း မရှိပေ။ သူမက တစ်စုံတစ်ယောက်ထံမှ ငွေကြေးထောက်ပံ့တာကို ခံရပြီး အဲ့ဒီနေရာမှာ ဆက်လက် အလုပ်မလုပ်တော့တာ ဖြစ်နိုင်သည်ဟု သူတို့ ယူဆခဲ့ကြသည်။
သူ့မျက်နှာဟာ ချက်ချင်းပင် မှုန်မှိုင်းသွားခဲ့သည်။
ဘာကို အစ်မလဲ။ အရင်တုန်းက အဲ့လိုနေရာမျိုးမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အစ်မတစ်ယောက်လား။ လီရှင်းယွင်ကိုကြည့်ရတာ ငွေကြေး လိုအပ်နေပုံမပေါ်ဘူး၊ သူမက သူ့ကို ငွေကြေးအကြောင်း မမေးခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒါဆိုရင် သူမက သူမရဲ့အလုပ်ရှင်ကို စော်ကားမိမှာကို စိုးရိမ်နေလို့ မဟုတ်လား။ သူမကို လိုက်လံပိုးပမ်းခဲ့သည့် အချိန်တစ်ခုလုံး ဟာသတစ်ခုသာ ဖြစ်ခဲ့သည်။
ကုန်းယိလင်းသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်သလို ခံစားလိုက်ရပြီး ပျို့အန်ချင်စိတ်ဟာ သူ့ဝမ်းဗိုက်တစ်လျှောက် ပျို့တက်လာခဲ့သည်။
သူ့ရှေ့မှောက်တွင် လီရှင်းယွင်က တရားမျှတ၊ ချမ်းသာကြွယ်ဝပြီး ချောမောလှပသော အဆင်းရှိသည့် အထက်တန်းစား အသိုင်းအဝိုင်းမှ မိန်းမပျိုတစ်ယောက်အသွင် ဘယ်လို ဟန်ဆောင်ဝံ့တာလဲ။ သူမသည် သူမကိုယ်သူမ အထက်တန်းစား မိန်းမပျိုအဖြစ် တကယ်ပဲ မှတ်ယူထားပြီး ဒီလို ဟန်ဆောင်ရဲတာလား။ သူမသည် သူ့ကို ဘယ်တော့မှ ခင်မင်ရင်းနှီးခွင့် မပေးခဲ့ချေ။ သူမက သူ့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး သူ့အပေါင်းအသင်းများရဲ့ လှောင်ပြောင်သရော်ခြင်းကို ခံရစေသည်။
ကုန်းယိလင်းသည် ဒေါသအရမ်းထွက်ပြီး ရယ်မောလိုက်သည်။ သူ့အံသွားများကို တင်းတင်းကြိတ်ထားမိသည်။ သူ့ကို သဘောကျတဲ့ မိန်းကလေးတွေအားလုံးက သူ့ရဲ့ အခုအချိန်မှာ ဖြစ်ပေါ်နေသည့် ရုပ်သွင်ကိုမြင်ရင် သူတို့အိမ်မက်ထဲမှပုံရိပ်က ပျက်စီးသွားလိမ့်မယ်။ သူက ထိုနေရာမှာပင် မတ်တပ်ရပ်နေခဲ့ပြီး အေးစက်နေတဲ့ အကြည့်တွေဖြင့် မိန်းကလေးအိပ်ဆောင်ကို မော့ကြည့်လိုက်သည်။
ခဏအကြာတွင် ကျုံးရီနှင့် လီရှင်းယွင်တို့သည် ခရီးဆောင်သေတ္တာတစ်လုံးကို ဆွဲကာ တစ်ယောက်နှင့် တစ်ယောက် စကားပြောဆို ရယ်မောကာ ဆင်းလာကြသည်။ မတူညီတဲ့ သွင်ပြင်နဲ့ အလှလေးနှစ်ယောက်ဟာ အတူတူ လမ်းလျှောက်လာကြသည်။
ကုန်းယိလင်းက သူ့အတွေးတွေက ပိုသေချာလာတယ်လို့ ခံစားရပြီး သူ တစ်လျှောက်လုံး အရူးလုပ်ခံရတယ်လို့ ခံစားခဲ့ရသည်။ သူ သိသော အခြားချမ်းသာသည့် မိန်းကလေးများအားလုံးသည် သူတို့ကို အခုချက်ချင်း ကူညီလုပ်ကိုင်ပေးမည့် အစေခံများစွာ ရှိကြလိမ့်မည်။ ဘယ်သူကမှ သူတို့ရဲ့ ကိုယ်ပိုင်ခရီးဆောင်သေတ္တာကို သယ်သွားကြမှာလဲ။
လီရှင်းယွင်သည် ပြုံးရယ်နေရာမှ သူ့ကို မြင်တွေ့လိုက်ရသောအခါတွင် သူမမျက်နှာက ပျက်ယွင်းသွားသည်။ သူမနှင့် ကျုံးရီသည် သက်တူရွယ်တူ ဖြစ်သော်လည်း သူမရဲ့ ဖျတ်လတ်တက်ကြွသည့်အသွင်က သူမကို ပိုငယ်တယ်ဟု လူအများကို အမြဲခံစားမိစေသည်။ သူမမျက်နှာပျက်ယွင်းသွားသောအခါတွင် သူမရဲ့ အမူအရာကင်းမဲ့သည့် မျက်နှာအသွင်အပြင်က သူမကို အရုပ်မလေးနှင့် တူသွားစေခဲ့သည်။
"မင်း ငါ့ကို တကယ်ပဲ မကြိုက်ဘူးလား။" ဟု ကုန်းယိလင်းက လေးနက်သည့်အသံဖြင့် မေးလိုက်သည်။
လီရှင်းယွင်က သူ့ကို အကြိမ်ကြိမ် အခါခါ ငြင်းပယ်ခဲ့သည်။ သူ့ရဲ့ ဇွဲလုံ့လက သူမကို စိတ်မလှုပ်ရှားစေပဲ စိတ်ပျက်ခြင်းကိုသာ ခံစားရစေသည်။ ထုံးစံအတိုင်း သူမရဲ့လေသံက မကြည်သာဘူး။ "လက်လျှော့လိုက်ပါ။ ဒီတစ်သက်လုံး မဖြစ်နိုင်ဘူး။" ဟု ပြောလိုက်သည်။
**********************************
Zawgyi
အခန္း(၂၀၅) - သူမကို လိုက္လံပိုးပမ္းေနသမွ် တစ္ခ်ိန္လုံးဟာ ဟာသတစ္ခုပဲ ျဖစ္ေပသည္ (၃)
စာေရးသူ - Zhái Miāo (宅喵)
ဘာသာျပန္သူ - No Noe ( Miracle_Phyu97)
သူ႕အသိုင္းအဝိုင္းထဲက လူေတာ္ေတာ္မ်ားမ်ားကပင္ သူ႕ကို မိန္းကေလးတစ္ေယာက္ကိုေတာင္ မလိုက္ႏိုင္ဘူးလို႔ ေလွာင္ေျပာင္ေနၾကၿပီ။ သူက လူအမ်ား ေလွာင္ရယ္စရာ ျဖစ္လာေပလိမ့္မည္။
သူက မ်က္လႊာခ်ရင္း အျပစ္ကင္းစင္တဲ့ အသြင္ျဖင့္ "သူမမွာ ခ်စ္သူေကာင္ေလး မ႐ွိေသးသေ႐ြ႕ ငါ့မွာ ေမွ်ာ္လင့္ခ်က္ ႐ွိပါေသးတယ္။" လို႔ ဆိုသည္။
႐ွစ္လုလုက တစ္ခုခု ျပန္ေျပာေတာ့မယ့္အခ်ိန္တြင္ ပိန္ပါးေသာ ပုံရိပ္ေလးတစ္ခု အနားသို႔ ေရာက္လာတာကို ေတြ႕လိုက္ရသည္။ သူမရဲ႕အသြင္သည္ မီးကဲ့သို႔ ေတာက္ပၿပီး သူမရဲ႕ အနည္းငယ္ ေကာက္ေသာ ဆံပင္မ်ားက ပင္လယ္သမုဒၵရာကဲ့သို႔ပင္။ သူမက အျခားသူေတြရဲ႕ အၾကည့္ေတြကို ဆြဲေဆာင္သြားေစႏိုင္သည္။
က်ံဳးရီက သူမကို ျပဳံးျပလိုက္သည္။ "႐ွင္းယြင္ အေပၚမွာ ႐ွိတယ္မလား။"
႐ွစ္လုလုသည္ မိန္းကေလးတစ္ေယာက္ ျဖစ္ေသာ္လည္း က်ံဳးရီရဲ႕ အျပဳံးက သူမကို ဆြဲေဆာင္ေနဆဲျဖစ္သည္။ သူမ က်ံဳးရီကိုျမင္တဲ့အခ်ိန္တိုင္း အရမ္းလွတယ္လို႔ ခံစားရတယ္။ လီ႐ွင္းယြင္သည္ အလြန္လွပေသာ္လည္း သဘာဝအားျဖင့္ ခုခံႏိုင္စြမ္း႐ွိသည္။ သူမက ကုန္းယိလင္းကို လ်စ္လ်ဴ႐ႈလိုက္ၿပီး က်ံဳးရီကို ေျပာလိုက္သည္။ "အေပၚထပ္ကို အတူတူ သြားၾကရေအာင္။"
က်ံဳးရီက ေျပာသည္။ "ကြၽန္မ သစ္သီးအခ်ိဳ႕ ဝယ္လာခဲ့တယ္။ ကြၽန္မတို႔ အတူတူ စားၾကရေအာင္။"
"အစ္မက်ံဳးရီက အရမ္းသေဘာေကာင္းတာပဲ။"
"ဘာျဖစ္ေနတာလဲ။" သူ႕သူငယ္ခ်င္းက သူ႕ကို ပုတ္လိုက္သည္။ "မင္း ဘာေတြ စဥ္းစားေနတာလဲ။ မင္း ပစ္မွတ္အသစ္ကို ေျပာင္းခ်င္ေနတာလား။ လီ႐ွင္းယြင္ရဲ႕ အစ္မက ဒီေလာက္ေတာင္ ေခ်ာလိမ့္မယ္လို႔ မထင္ဘူး။ သူတို႔က လုံးဝ ကြဲျပားျခားနားတဲ့ အလွေတြ ပိုင္ဆိုင္ထားၾကတာပဲ။"
"တိတ္စမ္း" ကုန္းယိလင္းက အရမ္းေပ်ာ္ေနပုံ မေပါက္ဘူး။ "ငါ သူမကို အရင္က တစ္ေနရာရာမွာ ေတြ႕ဖူးတယ္လို႔ ခံစားရတယ္။ သူမၾကည့္ရတာ ေတာ္ေတာ္ေလး ရင္းႏွီးေနတယ္။"
"ဒါက သာမာန္ပဲေလ။ ဒီလိုေခ်ာေမာတဲ့ မိန္းကေလးမ်ိဳးက မေမ့ႏိုင္စရာပဲေလ။ ငါတို႔ တစ္ခ်ိန္ခ်ိန္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံဖူးတာ ျဖစ္ႏိုင္တယ္။"
ကုန္းယိလင္းသည္ သူ႕မွတ္ဥာဏ္ အစိတ္အပိုင္းထဲတြင္ သူမပုံရိပ္ကို အတင္းျပန္႐ွာခဲ့သည္။ သူ လက္ေလွ်ာ့လိုက္ေတာ့မည့္အခ်ိန္တြင္ သူမကို အမွတ္ရသြားသည္။
ဒီမိန္းကေလးက ႀကိဳးၾကာျဖဴမွာ အလုပ္လုပ္ဖူးတဲ့ မိန္းကေလး မဟုတ္ဘူးလား။ က်ံဳးရီရဲ႕ ႐ုပ္ရည္အသြင္အျပင္က အလြန္ဆြဲေဆာင္မႈ႐ွိတာမို႔ သူမက သူ႕ကို အထင္ႀကီးစရာေကာင္းတဲ့ အျမင္တစ္ခု ခ်န္ထားခဲ့သည္။ ယခုမူ သူမသည္ အရင္ကထက္ ပိုပိုလွပေနကာ ပိုဆြဲေဆာင္မႈ႐ွိလာသည္။ သူမသည္ နည္းနည္း ႐ွက္တတ္လာၿပီး ပိုၿပီးသဘာဝဆန္လာသည္။
ေနာက္ပိုင္း သူ ႀကိဳးၾကာျဖဴသို႔ သြားေရာက္လည္ပတ္ေသာအခါတြင္ သူမသည္ ႀကိဳးၾကာျဖဴမွ အလုပ္ထြက္သြားခဲ့ၿပီျဖစ္သည္ဟု သိ႐ွိခဲ့ရသည္။ သူမအား မည္သည့္ေနရာသို႔ ေျပာင္းေ႐ႊ႕သြားတာလဲဆိုတာကို သူ လိုက္လံစုံစမ္းၾကည့္ခဲ့ေသာ္လည္း သိ႐ွိခဲ့ျခင္း မ႐ွိေပ။ သူမက တစ္စုံတစ္ေယာက္ထံမွ ေငြေၾကးေထာက္ပံ့တာကို ခံရၿပီး အဲ့ဒီေနရာမွာ ဆက္လက္ အလုပ္မလုပ္ေတာ့တာ ျဖစ္ႏိုင္သည္ဟု သူတို႔ ယူဆခဲ့ၾကသည္။
သူ႕မ်က္ႏွာဟာ ခ်က္ခ်င္းပင္ မႈန္မိႈင္းသြားခဲ့သည္။
ဘာကို အစ္မလဲ။ အရင္တုန္းက အဲ့လိုေနရာမ်ိဳးမွာ အလုပ္လုပ္ခဲ့ဖူးတဲ့ အစ္မတစ္ေယာက္လား။ လီ႐ွင္းယြင္ကိုၾကည့္ရတာ ေငြေၾကး လိုအပ္ေနပုံမေပၚဘူး၊ သူမက သူ႕ကို ေငြေၾကးအေၾကာင္း မေမးခဲ့တာ အံ့ၾသစရာ မ႐ွိပါဘူး။ ဒါဆိုရင္ သူမက သူမရဲ႕အလုပ္႐ွင္ကို ေစာ္ကားမိမွာကို စိုးရိမ္ေနလို႔ မဟုတ္လား။ သူမကို လိုက္လံပိုးပမ္းခဲ့သည့္ အခ်ိန္တစ္ခုလုံး ဟာသတစ္ခုသာ ျဖစ္ခဲ့သည္။
ကုန္းယိလင္းသည္ ယင္ေကာင္တစ္ေကာင္ကို မ်ိဳခ်လိုက္သလို ခံစားလိုက္ရၿပီး ပ်ိဳ႕အန္ခ်င္စိတ္ဟာ သူ႕ဝမ္းဗိုက္တစ္ေလွ်ာက္ ပ်ိဳ႕တက္လာခဲ့သည္။
သူ႕ေ႐ွ႕ေမွာက္တြင္ လီ႐ွင္းယြင္က တရားမွ်တ၊ ခ်မ္းသာႂကြယ္ဝၿပီး ေခ်ာေမာလွပေသာ အဆင္း႐ွိသည့္ အထက္တန္းစား အသိုင္းအဝိုင္းမွ မိန္းမပ်ိဳတစ္ေယာက္အသြင္ ဘယ္လို ဟန္ေဆာင္ဝံ့တာလဲ။ သူမသည္ သူမကိုယ္သူမ အထက္တန္းစား မိန္းမပ်ိဳအျဖစ္ တကယ္ပဲ မွတ္ယူထားၿပီး ဒီလို ဟန္ေဆာင္ရဲတာလား။ သူမသည္ သူ႕ကို ဘယ္ေတာ့မွ ခင္မင္ရင္းႏွီးခြင့္ မေပးခဲ့ေခ်။ သူမက သူ႕ကို အႀကိမ္ႀကိမ္ ျငင္းဆန္ခဲ့ၿပီး သူ႕အေပါင္းအသင္းမ်ားရဲ႕ ေလွာင္ေျပာင္သေရာ္ျခင္းကို ခံရေစသည္။
ကုန္းယိလင္းသည္ ေဒါသအရမ္းထြက္ၿပီး ရယ္ေမာလိုက္သည္။ သူ႕အံသြားမ်ားကို တင္းတင္းႀကိတ္ထားမိသည္။ သူ႕ကို သေဘာက်တဲ့ မိန္းကေလးေတြအားလုံးက သူ႕ရဲ႕ အခုအခ်ိန္မွာ ျဖစ္ေပၚေနသည့္ ႐ုပ္သြင္ကိုျမင္ရင္ သူတို႔အိမ္မက္ထဲမွပုံရိပ္က ပ်က္စီးသြားလိမ့္မယ္။ သူက ထိုေနရာမွာပင္ မတ္တပ္ရပ္ေနခဲ့ၿပီး ေအးစက္ေနတဲ့ အၾကည့္ေတြျဖင့္ မိန္းကေလးအိပ္ေဆာင္ကို ေမာ့ၾကည့္လိုက္သည္။
ခဏအၾကာတြင္ က်ံဳးရီႏွင့္ လီ႐ွင္းယြင္တို႔သည္ ခရီးေဆာင္ေသတၱာတစ္လုံးကို ဆြဲကာ တစ္ေယာက္ႏွင့္ တစ္ေယာက္ စကားေျပာဆို ရယ္ေမာကာ ဆင္းလာၾကသည္။ မတူညီတဲ့ သြင္ျပင္နဲ႔ အလွေလးႏွစ္ေယာက္ဟာ အတူတူ လမ္းေလွ်ာက္လာၾကသည္။
ကုန္းယိလင္းက သူ႕အေတြးေတြက ပိုေသခ်ာလာတယ္လို႔ ခံစားရၿပီး သူ တစ္ေလွ်ာက္လုံး အ႐ူးလုပ္ခံရတယ္လို႔ ခံစားခဲ့ရသည္။ သူ သိေသာ အျခားခ်မ္းသာသည့္ မိန္းကေလးမ်ားအားလုံးသည္ သူတို႔ကို အခုခ်က္ခ်င္း ကူညီလုပ္ကိုင္ေပးမည့္ အေစခံမ်ားစြာ ႐ွိၾကလိမ့္မည္။ ဘယ္သူကမွ သူတို႔ရဲ႕ ကိုယ္ပိုင္ခရီးေဆာင္ေသတၱာကို သယ္သြားၾကမွာလဲ။
လီ႐ွင္းယြင္သည္ ျပဳံးရယ္ေနရာမွ သူ႕ကို ျမင္ေတြ႕လိုက္ရေသာအခါတြင္ သူမမ်က္ႏွာက ပ်က္ယြင္းသြားသည္။ သူမႏွင့္ က်ံဳးရီသည္ သက္တူ႐ြယ္တူ ျဖစ္ေသာ္လည္း သူမရဲ႕ ဖ်တ္လတ္တက္ႂကြသည့္အသြင္က သူမကို ပိုငယ္တယ္ဟု လူအမ်ားကို အၿမဲခံစားမိေစသည္။ သူမမ်က္ႏွာပ်က္ယြင္းသြားေသာအခါတြင္ သူမရဲ႕ အမူအရာကင္းမဲ့သည့္ မ်က္ႏွာအသြင္အျပင္က သူမကို အ႐ုပ္မေလးႏွင့္ တူသြားေစခဲ့သည္။
"မင္း ငါ့ကို တကယ္ပဲ မႀကိဳက္ဘူးလား။" ဟု ကုန္းယိလင္းက ေလးနက္သည့္အသံျဖင့္ ေမးလိုက္သည္။
လီ႐ွင္းယြင္က သူ႕ကို အႀကိမ္ႀကိမ္ အခါခါ ျငင္းပယ္ခဲ့သည္။ သူ႕ရဲ႕ ဇြဲလုံ႔လက သူမကို စိတ္မလႈပ္႐ွားေစပဲ စိတ္ပ်က္ျခင္းကိုသာ ခံစားရေစသည္။ ထုံးစံအတိုင္း သူမရဲ႕ေလသံက မၾကည္သာဘူး။ "လက္ေလွ်ာ့လိုက္ပါ။ ဒီတစ္သက္လုံး မျဖစ္ႏိုင္ဘူး။" ဟု ေျပာလိုက္သည္။