ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.4K 4.8K 30

199 မှ စတင်သည်။ More

Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-199

3.5K 137 0
By Miracle_Phyu97

အခန်း(၁၉၉) – ဒါက ဘယ်လိုဖြစ်သွားရတာလဲ (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

စျေးနှုန်းကို အခြားသူများ မမြင်နိုင်သောကြောင့် လျှို့ဝှက်လေလံပွဲတွင် လေလံဆွဲခြင်းသည် ရန်လိုမှုအနည်းငယ်သာ ရှိပေလိမ့်မည်။

နောက်နေ့မွန်းလွဲပိုင်းအချိန်တွင် လေလံအောင်ပွဲရလဒ်များ ထွက်လာသည်။ ဖန့်ကျွင်းရုံသည် သူမရွေးချယ်ထားသည့် ကျောက်အရိုင်းတုံး ဆယ်တုံးအနက် ခုနစ်တုံးကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပြီး ၁၆မီလီယံ ကုန်ကျခဲ့သည်။ သူမ အရမ်းစိတ်ကျေနပ်သွားသည်။

Duchess Capetပေးတဲ့ စျေးနှုန်းမြင့်မားမှုကြောင့် လျှို့ဝှက်လေလံပွဲမှ ကျောက်အရိုင်းတုံး ၂၆တုံးကို သူမလက်ထဲမှာ သိမ်းပိုက်ထားခဲ့နိုင်သည်။

သုံးရက်မြောက်နေ့မှ အစစ်အမှန်လေလံပွဲကို ကျင်းပမည်ဖြစ်သည်။

ဖန့်ကျွင်းရုံသည် လေလံပွဲစျေးနှုန်းများကို တစ်ချက်စစ်ဆေးကြည့်လိုက်ရာ အနိမ့်ဆုံး ယွမ် ၃မီလီယံမှ စတင်လေလံစွဲဆိုရမည်ကို တွေ့လိုက်ရသည်။

လူအိုကြီးကောကြောင့် ဖန့်ကျွင်းရုံသည် Duchess Capetနှင့် တစ်တန်းတည်း ထိုင်ခွင့်ရခဲ့ပြီး လေလံပွဲကြည့်ရှုရာနေရာ အတော်လေး ကောင်းမွန်သော အနေအထားတွင် ရှိနေသည်။

နံနက်ကိုးနာရီတွင် လေလံပွဲ စတင်ခဲ့သည်။

ဖန့်ကျွင်းရုံသည် ပထမဆုံးလေလံတင်သည့် ကျောက်အရိုင်းတုံးကို သဘောမကျသောကြောင့် တစ်ယောက်ပြီး တစ်ယောက် လေလံဆွဲနေတာကို ထိုင်ကြည့်နေခဲ့သည်။ ဒုတိယအကြိမ် လေလံတင်သည့် ကျောက်အရိုင်းတုံးအတွက် စတင်စျေးခေါ်ဆိုမှုမှာ ၄.၂မီလီယံဖြစ်ပြီး နောက်ဆုံးတွင် ၁၃မီလီယံဖြင့် ရောင်းချနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုကျောက်အရိုင်းတုံးထဲတွင် ကျောက်စိမ်းအပိုင်းအစများဖြင့်သာ ပြည့်နှက်နေ၍ လေလံနိုင်သူအတွက် ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။

ဆဌမ‌အကြိမ် လေလံတင်သည့် ကျောက်အရိုင်းတုံးသည် ဖန့်ကျွင်းရုံ၏ အာရုံကို ဆွဲ‌ဆောင်နိုင်ခဲ့သည်။ သူမသည် ထိုကျောက်အရိုင်းတုံးကို စိတ်ဝင်စားပြီး ထိုကျောက်အရိုင်းတုံးကို လေလံစခေါ်သည့်စျေးနှုန်းမှာ ၁.၃မီလီယံဖြစ်သည်။

ဖန့်ကျွင်းရုံသည် ၃မီလီယံ စျေးဆိုလိုက်သည်။ သူမသည် အနည်းငယ် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် သူမ၏ဆုံးဖြတ်ချက်ကို ပြသရာရောက်ပြီး လူအချို့ကို ‌နောက်ဆုတ်စေနိုင်သည်။ အထူးသဖြင့် ဒါက အစပိုင်းလေလံတင်သည့် အရိုင်းတုံးသာ ဖြစ်လေသည်။ အကောင်းဆုံး ကျောက်အရိုင်းတုံးတစ်ခု မဟုတ်သေးပါဘူး။

"၃ မီလီယံ နောက်ထပ် ‌စျေးထပ်ပေးမယ့်သူ ရှိသေးလား။"

"၃ မီလီယံ တစ်ကြိမ် ၃ မီလီယံ နှစ်ကြိမ်... အိုး ၃.၈မီလီယံ ဧည့်သည်နံပါတ် ၄၆က စျေးထပ်ပေးပါတယ်။"

ဧည့်သည်နံပါတ် ၄၆လား။

ဖန့်ကျွင်းရုံက လှည့်ကြည့်လိုက်တော့ သူမရဲ့နောက်နှစ်တန်းအကွာလောက်မှာ ထိုင်နေတဲ့ ပိုင်ရှစ်ယွင်က သူမကို ခပ်ပြုံးပြုံးကြည့်နေတာကို တွေ့လိုက်ရသည်။ သူမ ဒါကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါသည်။

ဖန့်ကျွင်းရုံ မျက်မှောင်ကြုတ်သွားသည်။။ ဒါဆို ငါတို့ ဒီကျောက်အရိုင်းတုံးကို စျေးကစားရတော့မှာလား။ ဒီ‌ကျောက်အရိုင်းတုံးထဲက ကျောက်စိမ်းက အနည်းဆုံး ၂၀မီလီယံခန့် တန်ကြေးရှိသည်။ ထို့အပြင် ပိုင်ရှစ်ယွင်က ဒါကို သူမနှင့်အတူ စျေးလိုက်ပေးနိုင်မယ်လို့ သူမ မယုံကြည်ဘူး။ သူမ၏ပိုက်ဆံများသည် သူမကိုယ်ပိုင်ငွေဖြစ်သောကြောင့် သူမ ကြိုက်နှစ်သက်သော အရာများအတွက် အသုံးပြုနိုင်သည်။ အခြားတစ်ဖက်တွင်မူ ပိုင်ရှစ်ယွင်က အလွန်အကျွံ့သုံးစွဲမိတယ်ဆိုရင် သူမခင်ပွန်းကို ဖြေရှင်းချက်ပေးရပေမည်။

ဖန့်ကျွင်းရုံသည် စျေးနှုန်းထပ်တိုးပေးသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ "၇မီလီယံ ဧည့်သည်နံပါတ် ၁၂က ထပ်တိုးပေးပါတယ်။"

ဧည့်သည်နံပါတ် ၁၂သည် Duchess Capetဖြစ်သည်။ သူမသည် ဖန့်ကျွင်းရုံဖက်သို့ လှည့်ကြည့်ပြီး "ကျေးဇူးတင်စရာ မလိုပါဘူး" လို့ သူမကို ပြောသည်။

ဒီလိုပုံစံမျိုးက ကျားမပြောင်းပြန်ဇာတ်လမ်းမျိုးထဲက စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသော CEOတစ်ဦးသည် အမျိုးသမီးဇာတ်လိုက်အတွက် အမြောက်စာဇာတ်ကောင်အချို့ကို ငွေကြေးဖြင့် ရိုက်ချလိုက်သော ပြီးပြည့်စုံသောမြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဖန့်ကျွင်းရုံသည် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသော်လည်း Duchess Capetရသွားသည်က ကောင်းမွန်တယ်လို့ သူမ ခံစားမိသည်။ ထို့ကြောင့် သူမသည် Duchess Capetနှင့်အတူ ‌လေလံစျေး ဆက်လက်မမြင့်တော့ပေ။

ပိုင်ရှစ်ယွင်သည်လည်း Duchess Capet၏ ကြွယ်ဝချမ်းသာမှုကို သိနားလည်သည်။ သူမသည် Duchess Capetကို ကျော်နိုင်လိမ့်မည်မဟုတ်ပေ။ အမှန်တော့ သူမသည် Duchess Capetနှင့်အတူ စျေးလိုက်ပေးလျှင် သူမကို စော်ကားရာ ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူမသည် မကျေနပ်သော မျက်နှာဖြင့် လက်လျှော့လိုက်သည်။ ထို‌ကျောက်အရိုင်းတုံးသည် နောက်ဆုံးတွင် Duchess Capet လေလံအောင်ခဲ့သည်။

နောက်ပိုင်းလေလံတင်သည့်တစ်လျှောက်တွင် ဖန့်ကျွင်းရုံ မျက်စိကျသည့် ကျောက်အရိုင်းတုံးတိုင်းကို ပိုင်ရှစ်ယွင်က လေလံပြိုင်ပေးလေ့ရှိသည်။ ထို့နောက် Duchess Capetသည်လည်း လေလံပြိုင်ပေးခဲ့ပြီး နောက်ဆုံးတွင် Duchess Capetသာ ရရှိသွားခဲ့သည်။

ထိုဖြစ်စဥ်သည် ထူးဆန်းသော အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဖန့်ကျွင်းရုံ စိတ်ဝင်စားသည့် မည်သည့်ကျောက်အရိုင်းတုံးကိုမဆို လူတိုင်း လက်‌ရှောင်ပေးကြပြီး ဒီရန်ပွဲထဲသို့ သူတို့မပါဝင်လိုသောကြောင့် နောက်ဆုတ်သွားကြသည်။

အကြိမ်အနည်းငယ်ကြာပြီးနောက် ဖန့်ကျွင်းရုံသည် သူမ၏ထိန်းချုပ်နိုင်စွမ်း လျော့ကျသွားခဲ့သည်။

သူမသည် ၁၀မီလီယံ‌လောက် စျေးစခေါ်ပြီး ချီစွမ်းအင်နည်းပါးသော ကျောက်အရိုင်းတုံးအချို့ကို သတိပြုမိလိုက်သည်။ ထိုကျောက်အရိုင်းတုံးများက ပိုင်ရှစ်ယွင်အတွက် အလွန်ပြီးပြည့်စုံလေသည်။ အကယ်၍ သူမသည် ပိုင်ရှစ်ယွင်ကို ယွမ် မီလီယံ ၁၀၀လောက် မဖြုန်းတီးမိစေဘူးဆိုရင် သူမမျိုးရိုးနာမည်ကို ဖန့်လို့ မခေါ်တော့ဘူး။

ဒ့ါကြောင့် သူမက အခြားသူတွေ မျက်စိကျတဲ့ ကျောက်အရိုင်းတုံးတွေကို ကြိုက်နှစ်သက်သလား။ ဒါဆိုရင် ဒါကိုယူလိုက်စမ်းပါ။

ဖန့်ကျွင်းရုံသည် သူမခေါင်းကိုငုံ့ကာ Duchess Capetထံ သူမနှင့်အတူ ပါဝင်ကစားပေးရန် အချက်ပြလိုက်သည်။ အနည်းဆုံး နောက်ထပ်လေလံဆွဲမည့် ကျောက်အရိုင်းတုံးများကို ပါဝင်လေလံမဆွဲစေချင်ဘူး။ သူမသည် ပိုင်ရှစ်ယွင်ကို ပျက်စီးဆုံးရှုံးသွားစေချင်သော်လည်း Duchess Capetကို မနစ်နာစေချင်ပါ။

**********************************

Zawgyi

အခန္း(၁၉၉) – ဒါက ဘယ္လိုျဖစ္သြားရတာလဲ (၃)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

ေစ်းႏႈန္းကို အျခားသူမ်ား မျမင္ႏိုင္ေသာေၾကာင့္ လွ်ိဳ႕ဝွက္ေလလံပြဲတြင္ ေလလံဆြဲျခင္းသည္ ရန္လိုမႈအနည္းငယ္သာ ႐ွိေပလိမ့္မည္။

ေနာက္ေန႔မြန္းလြဲပိုင္းအခ်ိန္တြင္ ေလလံေအာင္ပြဲရလဒ္မ်ား ထြက္လာသည္။ ဖန္႔ကြၽင္း႐ုံသည္ သူမေ႐ြးခ်ယ္ထားသည့္ ေက်ာက္အ႐ိုင္းတုံး ဆယ္တုံးအနက္ ခုနစ္တုံးကို ေအာင္ျမင္စြာ ဝယ္ယူႏိုင္ခဲ့ၿပီး ၁၆မီလီယံ ကုန္က်ခဲ့သည္။ သူမ အရမ္းစိတ္ေက်နပ္သြားသည္။

Duchess Capetေပးတဲ့ ေစ်းႏႈန္းျမင့္မားမႈေၾကာင့္ လွ်ိဳ႕ဝွက္ေလလံပြဲမွ ေက်ာက္အ႐ိုင္းတုံး ၂၆တုံးကို သူမလက္ထဲမွာ သိမ္းပိုက္ထားခဲ့ႏိုင္သည္။

သုံးရက္ေျမာက္ေန႔မွ အစစ္အမွန္ေလလံပြဲကို က်င္းပမည္ျဖစ္သည္။

ဖန္႔ကြၽင္း႐ုံသည္ ေလလံပြဲေစ်းႏႈန္းမ်ားကို တစ္ခ်က္စစ္ေဆးၾကည့္လိုက္ရာ အနိမ့္ဆုံး ယြမ္ ၃မီလီယံမွ စတင္ေလလံစြဲဆိုရမည္ကို ေတြ႕လိုက္ရသည္။

လူအိုႀကီးေကာေၾကာင့္ ဖန္႔ကြၽင္း႐ုံသည္ Duchess Capetႏွင့္ တစ္တန္းတည္း ထိုင္ခြင့္ရခဲ့ၿပီး ေလလံပြဲၾကည့္႐ႈရာေနရာ အေတာ္ေလး ေကာင္းမြန္ေသာ အေနအထားတြင္ ႐ွိေနသည္။

နံနက္ကိုးနာရီတြင္ ေလလံပြဲ စတင္ခဲ့သည္။

ဖန္႔ကြၽင္း႐ုံသည္ ပထမဆုံးေလလံတင္သည့္ ေက်ာက္အ႐ိုင္းတုံးကို သေဘာမက်ေသာေၾကာင့္ တစ္ေယာက္ၿပီး တစ္ေယာက္ ေလလံဆြဲေနတာကို ထိုင္ၾကည့္ေနခဲ့သည္။ ဒုတိယအႀကိမ္ ေလလံတင္သည့္ ေက်ာက္အ႐ိုင္းတုံးအတြက္ စတင္ေစ်းေခၚဆိုမႈမွာ ၄.၂မီလီယံျဖစ္ၿပီး ေနာက္ဆုံးတြင္ ၁၃မီလီယံျဖင့္ ေရာင္းခ်ႏိုင္ခဲ့သည္။

မည္သို႔ပင္ဆိုေစကာမူ ထိုေက်ာက္အ႐ိုင္းတုံးထဲတြင္ ေက်ာက္စိမ္းအပိုင္းအစမ်ားျဖင့္သာ ျပည့္ႏွက္ေန၍ ေလလံႏိုင္သူအတြက္ ဆိုး႐ြားေသာ ဆုံးျဖတ္ခ်က္ျဖစ္သည္ဟု သူမ ခံစားခဲ့ရသည္။

ဆဌမ‌အႀကိမ္ ေလလံတင္သည့္ ေက်ာက္အ႐ိုင္းတုံးသည္ ဖန္႔ကြၽင္း႐ုံ၏ အာ႐ုံကို ဆြဲ‌ေဆာင္ႏိုင္ခဲ့သည္။ သူမသည္ ထိုေက်ာက္အ႐ိုင္းတုံးကို စိတ္ဝင္စားၿပီး ထိုေက်ာက္အ႐ိုင္းတုံးကို ေလလံစေခၚသည့္ေစ်းႏႈန္းမွာ ၁.၃မီလီယံျဖစ္သည္။

ဖန္႔ကြၽင္း႐ုံသည္ ၃မီလီယံ ေစ်းဆိုလိုက္သည္။ သူမသည္ အနည္းငယ္ ပိုမိုျမင့္မားေသာေစ်းႏႈန္းျဖင့္ စတင္ရန္ ဆုံးျဖတ္လိုက္သည္။ ဤနည္းအားျဖင့္ သူမ၏ဆုံးျဖတ္ခ်က္ကို ျပသရာေရာက္ၿပီး လူအခ်ိဳ႕ကို ‌ေနာက္ဆုတ္ေစႏိုင္သည္။ အထူးသျဖင့္ ဒါက အစပိုင္းေလလံတင္သည့္ အ႐ိုင္းတုံးသာ ျဖစ္ေလသည္။ အေကာင္းဆုံး ေက်ာက္အ႐ိုင္းတုံးတစ္ခု မဟုတ္ေသးပါဘူး။

"၃ မီလီယံ ေနာက္ထပ္ ‌ေစ်းထပ္ေပးမယ့္သူ ႐ွိေသးလား။"

"၃ မီလီယံ တစ္ႀကိမ္ ၃ မီလီယံ ႏွစ္ႀကိမ္... အိုး ၃.၈မီလီယံ ဧည့္သည္နံပါတ္ ၄၆က ေစ်းထပ္ေပးပါတယ္။"

ဧည့္သည္နံပါတ္ ၄၆လား။

ဖန္႔ကြၽင္း႐ုံက လွည့္ၾကည့္လိုက္ေတာ့ သူမရဲ႕ေနာက္ႏွစ္တန္းအကြာေလာက္မွာ ထိုင္ေနတဲ့ ပိုင္႐ွစ္ယြင္က သူမကို ခပ္ျပဳံးျပဳံးၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ သူမ ဒါကို ရည္႐ြယ္ခ်က္႐ွိ႐ွိ ျပဳလုပ္ခဲ့တယ္ဆိုတာ သိသာထင္႐ွားပါသည္။

ဖန္႔ကြၽင္း႐ုံ မ်က္ေမွာင္ၾကဳတ္သြားသည္။။ ဒါဆို ငါတို႔ ဒီေက်ာက္အ႐ိုင္းတုံးကို ေစ်းကစားရေတာ့မွာလား။ ဒီ‌ေက်ာက္အ႐ိုင္းတုံးထဲက ေက်ာက္စိမ္းက အနည္းဆုံး ၂၀မီလီယံခန္႔ တန္ေၾကး႐ွိသည္။ ထို႔အျပင္ ပိုင္႐ွစ္ယြင္က ဒါကို သူမႏွင့္အတူ ေစ်းလိုက္ေပးႏိုင္မယ္လို႔ သူမ မယုံၾကည္ဘူး။ သူမ၏ပိုက္ဆံမ်ားသည္ သူမကိုယ္ပိုင္ေငြျဖစ္ေသာေၾကာင့္ သူမ ႀကိဳက္ႏွစ္သက္ေသာ အရာမ်ားအတြက္ အသုံးျပဳႏိုင္သည္။ အျခားတစ္ဖက္တြင္မူ ပိုင္႐ွစ္ယြင္က အလြန္အကြၽံ႕သုံးစြဲမိတယ္ဆိုရင္ သူမခင္ပြန္းကို ေျဖ႐ွင္းခ်က္ေပးရေပမည္။

ဖန္႔ကြၽင္း႐ုံသည္ ေစ်းႏႈန္းထပ္တိုးေပးသည့္အသံတစ္ခုကို ၾကားလိုက္ရသည္။ "၇မီလီယံ ဧည့္သည္နံပါတ္ ၁၂က ထပ္တိုးေပးပါတယ္။"

ဧည့္သည္နံပါတ္ ၁၂သည္ Duchess Capetျဖစ္သည္။ သူမသည္ ဖန္႔ကြၽင္း႐ုံဖက္သို႔ လွည့္ၾကည့္ၿပီး "ေက်းဇူးတင္စရာ မလိုပါဘူး" လို႔ သူမကို ေျပာသည္။

ဒီလိုပုံစံမ်ိဳးက က်ားမေျပာင္းျပန္ဇာတ္လမ္းမ်ိဳးထဲက စိုးမိုးျခယ္လွယ္ႏိုင္စြမ္း႐ွိေသာ CEOတစ္ဦးသည္ အမ်ိဳးသမီးဇာတ္လိုက္အတြက္ အေျမာက္စာဇာတ္ေကာင္အခ်ိဳ႕ကို ေငြေၾကးျဖင့္ ႐ိုက္ခ်လိုက္ေသာ ၿပီးျပည့္စုံေသာျမင္ကြင္းတစ္ခု ျဖစ္ေပလိမ့္မည္။

ဖန္႔ကြၽင္း႐ုံသည္ အနည္းငယ္ ကူကယ္ရာမဲ့သလို ခံစားလိုက္ရေသာ္လည္း Duchess Capetရသြားသည္က ေကာင္းမြန္တယ္လို႔ သူမ ခံစားမိသည္။ ထို႔ေၾကာင့္ သူမသည္ Duchess Capetႏွင့္အတူ ‌ေလလံေစ်း ဆက္လက္မျမင့္ေတာ့ေပ။

ပိုင္႐ွစ္ယြင္သည္လည္း Duchess Capet၏ ႂကြယ္ဝခ်မ္းသာမႈကို သိနားလည္သည္။ သူမသည္ Duchess Capetကို ေက်ာ္ႏိုင္လိမ့္မည္မဟုတ္ေပ။ အမွန္ေတာ့ သူမသည္ Duchess Capetႏွင့္အတူ ေစ်းလိုက္ေပးလွ်င္ သူမကို ေစာ္ကားရာ က်သြားေပလိမ့္မည္။ ထို႔ေၾကာင့္ သူမသည္ မေက်နပ္ေသာ မ်က္ႏွာျဖင့္ လက္ေလွ်ာ့လိုက္သည္။ ထို‌ေက်ာက္အ႐ိုင္းတုံးသည္ ေနာက္ဆုံးတြင္ Duchess Capet ေလလံေအာင္ခဲ့သည္။

ေနာက္ပိုင္းေလလံတင္သည့္တစ္ေလွ်ာက္တြင္ ဖန္႔ကြၽင္း႐ုံ မ်က္စိက်သည့္ ေက်ာက္အ႐ိုင္းတုံးတိုင္းကို ပိုင္႐ွစ္ယြင္က ေလလံၿပိဳင္ေပးေလ့႐ွိသည္။ ထို႔ေနာက္ Duchess Capetသည္လည္း ေလလံၿပိဳင္ေပးခဲ့ၿပီး ေနာက္ဆုံးတြင္ Duchess Capetသာ ရ႐ွိသြားခဲ့သည္။

ထိုျဖစ္စဥ္သည္ ထူးဆန္းေသာ အေျခအေနတစ္ရပ္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ဖန္႔ကြၽင္း႐ုံ စိတ္ဝင္စားသည့္ မည္သည့္ေက်ာက္အ႐ိုင္းတုံးကိုမဆို လူတိုင္း လက္‌ေ႐ွာင္ေပးၾကၿပီး ဒီရန္ပြဲထဲသို႔ သူတို႔မပါဝင္လိုေသာေၾကာင့္ ေနာက္ဆုတ္သြားၾကသည္။

အႀကိမ္အနည္းငယ္ၾကာၿပီးေနာက္ ဖန္႔ကြၽင္း႐ုံသည္ သူမ၏ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့က်သြားခဲ့သည္။

သူမသည္ ၁၀မီလီယံ‌ေလာက္ ေစ်းစေခၚၿပီး ခ်ီစြမ္းအင္နည္းပါးေသာ ေက်ာက္အ႐ိုင္းတုံးအခ်ိဳ႕ကို သတိျပဳမိလိုက္သည္။ ထိုေက်ာက္အ႐ိုင္းတုံးမ်ားက ပိုင္႐ွစ္ယြင္အတြက္ အလြန္ၿပီးျပည့္စုံေလသည္။ အကယ္၍ သူမသည္ ပိုင္႐ွစ္ယြင္ကို ယြမ္ မီလီယံ ၁၀၀ေလာက္ မျဖဳန္းတီးမိေစဘူးဆိုရင္ သူမမ်ိဳး႐ိုးနာမည္ကို ဖန္႔လို႔ မေခၚေတာ့ဘူး။

ဒ့ါေၾကာင့္ သူမက အျခားသူေတြ မ်က္စိက်တဲ့ ေက်ာက္အ႐ိုင္းတုံးေတြကို ႀကိဳက္ႏွစ္သက္သလား။ ဒါဆိုရင္ ဒါကိုယူလိုက္စမ္းပါ။

ဖန္႔ကြၽင္း႐ုံသည္ သူမေခါင္းကိုငုံ႔ကာ Duchess Capetထံ သူမႏွင့္အတူ ပါဝင္ကစားေပးရန္ အခ်က္ျပလိုက္သည္။ အနည္းဆုံး ေနာက္ထပ္ေလလံဆြဲမည့္ ေက်ာက္အ႐ိုင္းတုံးမ်ားကို ပါဝင္ေလလံမဆြဲေစခ်င္ဘူး။ သူမသည္ ပိုင္႐ွစ္ယြင္ကို ပ်က္စီးဆုံး႐ႈံးသြားေစခ်င္ေသာ္လည္း Duchess Capetကို မနစ္နာေစခ်င္ပါ။

Continue Reading

You'll Also Like

110K 14.1K 101
ခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ...
12.4K 2.1K 26
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
64.2K 7.1K 78
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊