Zawgyi
အပိုင္း (၁၉၂၁) – သ႐ုပ္မွန္
သူ၏ ေတာင္းဆိုခ်က္မွာ အနည္းငယ္လြန္သည္ကို ဟြားယြိသိသည္။ သူ တို႔သည္ သူမဆီမွ ႏွင္းမႈိပြင့္ယူလိုက္သူမ်ားျဖစ္ၿပီး သူတို႔ကို တစ္စိတ္တစ္ပိုင္း ေပးသည္ကပင္ ၾကင္နာလြန္းေနၿပီျဖစ္သည္။ သူတို႔ လိုသေလာက္ အရင္ယူၿပီး ေတာ့ က်န္တာကို ဘာလို႔သူမကို ေပးရမွာလဲ။
သို႔ေသာ္ ေခါင္းေဆာင္ကို ကုသရန္ ႏွင္းမႈိပြင့္ မည္မွ်လိုအပ္သည္ကို သူတို႔ အမွန္တကယ္ပင္မသိေပ။ သူတို႔သည္ ေသခ်ာေအာင္ တစ္ခုလုံးယူသြားရန္ လို သည္။
သူတို႔သည္ သူမ၏ အေျဖကို အတန္ၾကာသည္အထိ ေစာင့္ေနၿပီး ရွီမာယူယူ သေဘာမတူႏိုင္ဟု ထင္လိုက္သည့္အခ်ိန္တြင္ သူမ ေခါင္းညိတ္ၿပီး ေျပာေလသည္ "အခုေတာ့ ကြၽန္မလည္း လုပ္စရာမရွိဘူးျဖစ္ေနတာ ရွင္တို႔နဲ႔ လိုက္ၿပီး ၾကည့္တာေပါ့"
ဟြားမ်ိဳးႏြယ္မွလူမ်ားသည္ ယေန႔ေသရေတာ့မည္အထင္ႏွင့္ ေမွ်ာ္လင့္ ခ်က္ကို စြန႔္လႊတ္ၿပီးသားျဖစ္သည္။ သူတို႔ကို ကယ္မည့္လူေပၚလာၿပီး သူမ သည္ ႏွင္းမႈိပြင့္ကိုပင္ ေပးလာလိမ့္မည္ဟု ဘယ္ေသာအခါမွ ထင္မထားေပ။
ဟြားယြိသည္ ဒဏ္ရာအျပင္းအထန္ရထားကာ ကိစၥတစ္ခုလုံးကို သူ တစ္ေယာက္တည္းႏွင့္ ေတာင့္ခံခဲ့သည္။ သူမဆီမွ တိက်ေသာ အေျဖရေသာ အခါ စိတ္လႈပ္ရွားမႈမ်ားႏွင့္ တင္းမာမႈမ်ားမွာ ခ်က္ခ်င္းပင္ေျပေလ်ာ့သြားသျဖင့္ ခ်က္ခ်င္းပင္ ေမ့လဲသြားေလသည္။
"ဦးေလး"
ဟြားယြင္သည္ သူ႔ကို တြဲလိုက္သည္ႏွင့္ တျခားသူမ်ားလည္း သူ႔အနားကို အျမန္ဝိုင္းလာကာ ခ်က္ခ်င္းပင္ ေဆးမ်ားတိုက္ၾကသည္။
ရွီမာယူယူသည္ ေဘးတြင္သာ ရပ္ေနကာ ကူညီရန္ ရည္႐ြယ္ခ်က္ရွိမေန ေပ။ ဟြားမ်ိဳးႏြယ္သည္ မိသားစုႀကီးတစ္ခုျဖစ္ရာ ေဆးမ်ားမွာလည္း သက္ ေရာက္မႈေကာင္းသည္။ ခဏအၾကာတြင္ ဟြားယြိ သတိျပန္လည္လာသည္။""
"ဦးေလး ဘယ္လိုေနလဲ" သူမ်က္လုံးပြင့္လာသည္ကို ျမင္ေသာအခါ ဟြားယြင္သည္ ပူပန္စြာေမးေလသည္။
"အဆင္ေျပတယ္ ျမန္ျမန္ ႏွင္းမႈိပြင့္ကိုယူလိုက္ အဲဒါမွ ေခါင္းေဆာင္ကို ျဖစ္ႏိုင္သေလာက္ ျမန္ျမန္ကယ္ႏိုင္မွာ" ဟြားယြိ၏ အသံမွာ အားနည္းေန၏။ သို႔ေသာ္ သူ၏အသက္ရႈပုံမွာ တည္ၿငိမ္လာသည္။
ဟြားယြင္သည္ ဟြားယြိကို တြဲခိုင္းထားၿပီး ေက်ာက္စိမ္းေသတၱာတစ္လုံး ထုတ္ကာ ေက်ာက္စိမ္းကတ္ေၾကးထုတ္ၿပီး ႏွင္းမႈိပြင့္ကိုျဖတ္လိုက္ၿပီးေနာက္ ေက်ာက္စိမ္းေသတၱာထဲသို႔ ဂ႐ုတစိုက္ထည့္လိုက္သည္။ ထို႔ေနာက္ ဟြားယြိကို ျပသလိုက္သည္။
"ေတာ္တယ္ ေကာင္းေကာင္းေလး ျဖတ္ထားတာပဲ" ဟြားယြိ၏ မ်က္ႏွာ သည္ ၿပဳံးလာသည္ "အခု ျပန္ၾကမယ္"
"ဒါေပမဲ့ ဦးေလး ဒဏ္ရာရထားတယ္..."
"ကိစၥမရွိဘူး.. ေခါင္းေဆာင္ကို ကယ္ဖို႔က ပိုအေရးႀကီးတယ္" ဟြားယြိ ျပန္ေျဖေလသည္။ ရွီမာယူယူမွ ႏွင္းမႈိပြင့္၏ အျမစ္ကိုႏႈတ္လိုက္သည္ကို သူ ျမင္ေသာအခါ သူမ၏ ထင္ျမင္ခ်က္ကိုလည္း သိခ်င္သည္။
သူမ ပုံစံမွာ ျဖတ္သြားသည့္ငန္းမ်ား၏ အေမြးကိုႏႈတ္လိုက္သလိုပင္။ သူမ က အျမစ္ကိုေတာင္ ခ်မ္းသာမေပးတဲ့ အာဏာရွင္ႀကီးမ်ားလား။
ဟြားမ်ိဳးႏြယ္မွလူမ်ားသည္ ဟြားယြိ၏ အၾကည့္ေနာက္သို႔ လိုက္ၾကည့္ရာ ညစ္ေပေနေသာ လက္မ်ားျဖင့္ ရပ္ေနေသာ ရွီမာယူယူကို ေတြ႕လိုက္ရေလ သည္။ သူမသည္ လက္ထဲတြင္ အျမစ္ကိုကိုင္ထားၿပီး မ်က္ႏွာမွာလည္း ၿပဳံးေန သည္။
ႏွင္းမႈိပြင့္သည္ အသုံးမဝင္လွဟု ေျပာခ်င္သည္။ သို႔ေသာ္ သူမ သိမ္းလိုက္ သည္ကိုျမင္ေသာအခါ ေျပာမည့္စကားမ်ား ႏႈတ္ခမ္းဖ်ားေရာက္လာၿပီးမွ ျပန္ မ်ိဳသိပ္လိုက္သည္။
သူမသည္ သူတို႔ကို ႏွင္းမႈိပြင့္ တစ္စိတ္တစ္ပိုင္းေပးခဲ့ရာ ဤအခ်ိန္တြင္ သူ ေျပာခြင့္ဘာမွမရွိေပ။ သူမ အျမစ္ကိုႀကိဳက္လွ်င္ယဓႏိုင္သည္။ သို႔ေသာ္ ေနာင္ တစ္ခ်ိန္ ထိုအျမစ္သည္ အသုံးဝင္သည့္ေနရာမရွိသည္ကို သိသြားသည့္အခ်ိန္မွ စိတ္မပ်က္ရန္ကိုသာ ေမွ်ာ္လင့္မိသည္။
ဟြားမ်ိဳးႏြယ္မ်ားမသိသည္မွာ သူမသည္ အျမစ္ကို အလဟႆ သိမ္း လိုက္သည္မဟုတ္ေပ။ သူမသည္ ဝိညာဥ္ေလးဆီသို႔ေပးလိုက္ျခင္းျဖစ္သည္။ ထိုႏွင္းမႈိပြင့္ကို ဝိညာဥ္ေစတီအတြင္းတြင္ စိုက္ပ်ိဳးပါက ျဖစ္ထြန္းမည္ဟု ဝိညာဥ္ ေလးေျပာျခင္းေၾကာင့္ျဖစ္သည္။
ဟြားယြိသည္ မတ္တတ္ထကာ ရွီမာယူယူအား လွည့္ေျပာေလသည္ "အခု က်ဳပ္တို႔ ျပန္ၾကေတာ့မလို႔.. ဒီမွာ တျခားလုပ္ဖို႔လိုေသးတာရွိလား"
"မရွိပါဘူး ရွင္လမ္းေလွ်ာက္ႏိုင္ရင္ အခုပဲသြားလို႔ရပါတယ္" ရွီမာယူယူ ျပန္ေျဖလိုက္သည္။
"ဒါဆိုလည္း အခုပဲသြားၾကတာေပါ့" ဟြားယြိသည္ ဤေနရာတြင္ စီနီယာ အက်ဆုံးျဖစ္သည္။ သူသြားမည္ဟု ေျပာသျဖင့္ တျခားသူမ်ားသည္ ျငင္းစရာ မရွိေပ "ဪ ဟုတ္သားပဲ က်ဳပ္တို႔ ေက်းဇူးရွင္ရဲ႕နာမည္ကိုေတာင္ မေမးရ ေသးဘူး"
ရွီမာယူယူသည္ လွည့္ထြက္ၿပီးေလွ်ာက္ေနၿပီျဖစ္သည္။ အေနာက္မွ ေမး သံကိုၾကားလိုက္ေသာအခါ ျပန္လွည့္မၾကည့္ဘဲ ျပန္ေျဖေလသည္ "ကြၽန္မ နာမည္က ရွီမာယူယူပါ ကြၽန္မနဲ႔အတူပါတဲ့သူေတြက ကြၽန္မသူငယ္ခ်င္းေတြပါ"
"ရွီ.. ရွီမာယူယူ.. အဲဒါက..."
ဟြားမ်ိဳးႏြယ္မွလူမ်ားသည္ ေၾကာင္စီစီျဖစ္သြားၾကကာ ထိုေနရာတြင္ပင္ ေအးခဲေနၿပီး လႈပ္မရၾကေပ။
"ရွင္.. ရွင္က မင္းသမီးေလးလား" ဟြားယြင္သည္ ထိုမိန္းကေလး၏ ေက်ာျပင္ကို ၾကည့္ရသည္ကိုပင္ ေၾကာက္လန႔္လာသည္။ အေစာက သူမ မေလးမစားျပဳမူသည္ကို ျပန္ေတြးၿပီးခ်က္ခ်င္းပင္ ပ်ာယာခတ္သြားသည္။
"သြားၾကမယ္ ရွင္တို႔ကို ေစာင့္ဖို႔ အခ်ိန္ေတြအမ်ားႀကီးမရွိဘူး" ရွီမာယူယူ သည္ ဝူလင္းယူႏွင့္တျခားသူမ်ားဆီသို႔ ေလွ်ာက္သြားေလသည္။ ဝူလင္းယူ သည္ သဘာဝက်က်ပင္ သူမ၏လက္မ်ားကို ဆုပ္ကိုင္လိုက္သည္။
"အစ္ကို တည္ေဆာက္မႈကို ဖ်က္ႏိုင္မလား" ရွီမာယူယူ ေမးလိုက္သည္။
"မင္းက မူလလမ္းအတိုင္း မသြားခ်င္ဘူးလား" သူမ ေခါင္းညိတ္လိုက္ သည္ကိုျမင္ေသာအခါ ဝိညာဥ္စြမ္းအင္စုည္းၿပီး တည္ေဆာက္မႈကို တစ္ခ်က္ တည္းတိုက္ခိုက္လိုက္ရာ ခ်က္ခ်င္းပင္ လမ္းပြင့္သြားေလသည္။
ရွီမာယူယူႏွင့္ တျခားသူမ်ားသည္ ေနာက္မွလိုက္သြားၾကသည္။ ထိုအရာ ကို ဟြားမ်ိဳးႏြယ္မွလူမ်ား ျမင္ေသာအခါ အျမန္ပင္ ေနာက္မွလိုက္ၾကသည္။ အားလုံးထြက္သြားၿပီးေနာက္ တည္ေဆာက္မႈသည္ အလိုလိုျပန္ပိတ္သြားေလ သည္။
"ရွင္တို႔ သားရဲပ်ံေတြပါတယ္မလား" ရွီမာယူယူသည္ ဟြားယြင္ကို ေမး လိုက္သည္။
ဟြားယြင္ ေခါင္းညိတ္ေလသည္ "ဟုတ္ကဲ့ ပါပါတယ္"
ရွီမာယူယူသည္ မိုယြိဘက္သို႔ လွည့္ၾကည့္ၿပီးေနာက္ ၿပဳံးၿပီးေျပာေလ သည္ "မိုယြိ ငွက္နီေလးကို ဆင့္ေခၚလိုက္ပါလား အဲဒါစီးရတာ ပိုသက္ေတာင့္ သက္သာျဖစ္တယ္"
ရွီမာယူယူ မိုယြိ၏ နာမည္ကိုေခၚလိုက္သည္ကို ၾကားလိုက္ခ်ိန္တြင္ နာမည္တူသည့္လူျဖစ္မွာပါဟု ဟြားမ်ိဳးႏြယ္မွလူမ်ား ထင္လိုက္ၾကသည္။ သို႔ေသာ္ ဝင္းဝင္းေတာက္ေနသည့္ ငွက္နီႀကီးကိုျမင္လိုက္ေသာအခါ ထိုလူ သည္ နာမည္ႀကီး သခင္ႀကီးမိုယြိျဖစ္ေၾကာင္းကို ခ်က္ခ်င္းေသခ်ာသြားသည္။
ရွီမာယူယူကဲ့သို႔ ထင္ရွားလွေသာဂုဏ္သတင္းႏွင့္လူသည္ သူတို႔အေရွ႕ တြင္ရွိေနရာ မိုယြိ၏ သ႐ုပ္မွန္ကိုလည္း သံသယဝင္စရာအေၾကာင္းမရွိေပ။ သို႔ေသာ္ သူကဲ့သို႔ ဒ႑ာရီဆန္လွေသာလူမွာ သူတို႔ေရွ႕သို႔ ေပၚလာမည္ဟု ထင္ မထားသျဖင့္ ႏွလုံးမ်ား ခုန္ထြက္လာမတတ္ခံစားရေလသည္။
သူတို႔သည္ ဟြားမ်ိဳးႏြယ္မွလူမ်ားကို ဦးေဆာင္ခိုင္းၿပီး ငွက္နီေလးသည္ သူတို႔ကို အေနာက္ဖ်ားေဒသမွ အေနာက္ဖ်ားၿမိဳ႕သို႔ေခၚသြားေလသည္။
ဟြားမ်ိဳးႏြယ္၏ သားရဲပ်ံသည္ ေႏွးသည္ဟု ဆိုမရေပ။ သို႔ေသာ္ ငွက္နီ ေလး၏ အရွိန္ႏွင့္ယွဥ္လွ်င္ ေႏွးသည္ဟု ေျပာ၍ရသည္။
အေနာက္ဖ်ားၿမိဳ႕အျပင္သို႔ ေရာက္ေသာအခါ မိုယြိသည္ ငွက္နီေလးကို သိမ္းလိုက္သည္။ မဟုတ္လွ်င္ ၿမိဳ႕ထဲဝင္လိုက္ခ်ိန္တြင္ မလိုအပ္သည့္ ျပႆနာ မ်ားကို ဆြဲေခၚသလိုျဖစ္သြားႏိုင္သည္။
"မင္းသမီးေလး သခင္ႀကီးမိုယြိ ယြင္အာက ဒီၿမိဳ႕ထဲက အႀကီးဆုံး တည္းခိုေဆာင္ကို ေခၚသြားေပးပါလိမ့္မယ္" ဟြားယြိက သူတို႔ကို ေျပာေလ သည္။
"မလိုေတာ့ပါဘူး ကြၽန္မတို႔ ရွင္တို႔အိမ္ေတာ္ကို လိုက္လာခဲ့လိုက္ပါမယ္" ရွီမာယူယူ ျပန္ေျဖေလသည္။
"ဒါဆိုလည္း ႂကြပါ"
ၿပီးခဲ့သည့္ရက္ သူတို႔ျပန္လာသည့္လမ္းတြင္ ဟြားယြိသည္ ဒဏ္ရာမ်ား အေတာ္အတန္ သက္သာလာၿပီျဖစ္ရာ ပုံမွန္အတိုင္းျပန္ျဖစ္သြားသျဖင့္ ငရဲဝသို႔ ေရာက္ခဲ့သည္မွာ မသိသာေတာ့ေပ။
ရွီမာယူယူႏွင့္ တျခားသူမ်ားသည္ ၿမိဳ႕အလယ္တြင္တည္ရွိေသာ ဟြား အိမ္ေတာ္သို႔ လိုက္သြားၾကသည္။ ၿမိဳ႕အလယ္တြင္ရွိသည္မွာ အေနာက္ဖ်ား ေဒသတြင္ သူတို႔အဆင့္အတန္းမွာ မနိမ့္လွဟု ျပသေနသည္။
"ဟြားယြိ ဟြားယြင္ ျပန္လာၾကၿပီလား ႏွင္းမႈိပြင့္ကို ေတြ႕ခဲ့ၾကလား" ဟြားယြိႏွင့္ တူသည့္ အျပာရင့္ဝတ္ထားေသာ အမ်ိဳးသားတစ္ေယာက္ႏွင့္ အိမ္ေတာ္၏ ပင္မတံခါးဝတြင္ ေတြ႕ရာ ခ်က္ခ်င္းပင္ စိုးရိမ္စြာေမးေလသည္။
"ကြၽန္ေတာ္တို႔ ႏွင္းမႈိပြင့္ရလာပါတယ္ ဒါေပမဲ့ လမ္းမွာ ျပႆနာတခ်ိဳ႕ ေတာ့ျဖစ္ခဲ့တယ္" ဟြားယြိ ျပန္ေျဖေလသည္ "အစ္ကိုႀကီး ေခါင္းေဆာင္ ဘယ္လိုေနလဲ"
"ၾကက္ဥခြံေပၚေလွ်ာက္ေနရသလိုပဲ.. ႏွင္းမႈိပြင့္ေတြ႕လာၿပီဆိုမွေတာ့ သူတို႔ကို ျမန္ျမန္ေပးလိုက္ပါ" ဟြားရွင္း၏ မ်က္ႏွာမွာ တင္းမာေနရာ အေျခအေနတစ္ခုခု လြဲမွားသြားမည္ကို ေၾကာက္႐ြံ႕ေနသည္။
"ယြင္အာ ႏွင္းမႈိပြင့္ကို သခင္ႀကီးဆီသြားေပးလိုက္" ဟြားယြိ ေျပာလိုက သည္။
"ဟုတ္ကဲ့ပါ ဦးေလး"
ႏွင္းမႈိပြင့္၏ အမ်ားဆုံးအပိုင္းမွာ ရွီမာယူယူပိုင္သျဖင့္ တျခားလူမ်ားမွ ျဖဳန္းတီးလိုက္ပါက သူမအတြက္ မေကာင္းႏိုင္ေပ။
သူမ၏ သ႐ုပ္မွန္ေၾကာင့္ ဟြားယြိသည္ သူမ၏စိတ္ထဲမွအေတြးကို ထင္ေၾကးမေပးရဲသျဖင့္ ဟြားယြင္ကို ေခၚသြားခိုင္းလိုက္သည္။
ဟြားရွင္းသည္ တျဖည္းျဖည္းေသးေသးသြားေသာ သူတို႔၏ ေက်ာျပင္ကို ၾကည့္ၿပီး ေမးလိုက္သည္ "ဟြားယြိ အဲလူေတြက..."
"အစ္ကိုႀကီး သူတို႔က မင္းသမီးေလးနဲ႔ သခင္ႀကီးမိုယြိပါ"
"ဘာေျပာလိုက္တယ္" ဟြားရွင္းသည္ ထိုသတင္းေၾကာင့္ ထိတ္လန႔္သြား သည္ "မင္းသမီးေလးနဲ႔ သခင္ႀကီးမိုယြိတို႔က ဘာလို႔ ငါတို႔အိမ္ေတာ္ကိုလာၾက တာလဲ"
"ဒီခရီးမွာ အမ်ားႀကီးျဖစ္ပ်က္သြားတယ္.. မင္းသမီးေလးေၾကာင့္သာ မဟုတ္ရင္ ကြၽန္ေတာ္တို႔ေတြ ေဝ့ရွင္းသတ္တာ ခံရေတာ့မလို႔" ဟြားယြိသည္ အစ္ကိုႀကီးျဖစ္သူကို ေျပာျပေလသည္ "ေျပာစရာရွိေသးတယ္ ေဝ့မ်ိဳးႏြယ္နဲ႔ က်န္းမ်ိဳးႏြယ္ကိစၥပဲ"
"ဒါဆိုရင္ အရင္ဆုံးအႀကီးအကဲေတြကို စုလိုက္ေတာ့ မင္းတို႔ အေဝး ေရာက္ေနတုန္း မ်ိဳးႏြယ္မွာလည္း ကိစၥေတြျဖစ္သြားတယ္ ေနာက္မွ အကုန္ ေဆြးေႏြးၾကတာေပါ့"
.....
ရွီမာယူယူသည္ ဟြားမ်ိဳးႏြယ္၏ ေခါင္းေဆာင္ကို ျမင္ေသာအခါ အလိုလို ပင္ မ်က္ေမွာင္ၾကဳတ္မိသည္။ သူသည္ အနည္းငယ္ ထူးဆန္းေနသည္။ သူမ မိုယြိကိုၾကည့္လိုက္ရာ မိုယြိသည္လည္း ထိုအေတြးကိုေတြးေနသည့္ပုံပင္။
Unicode
အပိုင်း (၁၉၂၁) – သရုပ်မှန်
သူ၏ တောင်းဆိုချက်မှာ အနည်းငယ်လွန်သည်ကို ဟွားယွိသိသည်။ သူ တို့သည် သူမဆီမှ နှင်းမှိုပွင့်ယူလိုက်သူများဖြစ်ပြီး သူတို့ကို တစ်စိတ်တစ်ပိုင်း ပေးသည်ကပင် ကြင်နာလွန်းနေပြီဖြစ်သည်။ သူတို့ လိုသလောက် အရင်ယူပြီး တော့ ကျန်တာကို ဘာလို့သူမကို ပေးရမှာလဲ။
သို့သော် ခေါင်းဆောင်ကို ကုသရန် နှင်းမှိုပွင့် မည်မျှလိုအပ်သည်ကို သူတို့ အမှန်တကယ်ပင်မသိပေ။ သူတို့သည် သေချာအောင် တစ်ခုလုံးယူသွားရန် လို သည်။
သူတို့သည် သူမ၏ အဖြေကို အတန်ကြာသည်အထိ စောင့်နေပြီး ရှီမာယူယူ သဘောမတူနိုင်ဟု ထင်လိုက်သည့်အချိန်တွင် သူမ ခေါင်းညိတ်ပြီး ပြောလေသည် "အခုတော့ ကျွန်မလည်း လုပ်စရာမရှိဘူးဖြစ်နေတာ ရှင်တို့နဲ့ လိုက်ပြီး ကြည့်တာပေါ့"
ဟွားမျိုးနွယ်မှလူများသည် ယနေ့သေရတော့မည်အထင်နှင့် မျှော်လင့် ချက်ကို စွန့်လွှတ်ပြီးသားဖြစ်သည်။ သူတို့ကို ကယ်မည့်လူပေါ်လာပြီး သူမ သည် နှင်းမှိုပွင့်ကိုပင် ပေးလာလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မထားပေ။
ဟွားယွိသည် ဒဏ်ရာအပြင်းအထန်ရထားကာ ကိစ္စတစ်ခုလုံးကို သူ တစ်ယောက်တည်းနှင့် တောင့်ခံခဲ့သည်။ သူမဆီမှ တိကျသော အဖြေရသော အခါ စိတ်လှုပ်ရှားမှုများနှင့် တင်းမာမှုများမှာ ချက်ချင်းပင်ပြေလျော့သွားသဖြင့် ချက်ချင်းပင် မေ့လဲသွားလေသည်။
"ဦးလေး"
ဟွားယွင်သည် သူ့ကို တွဲလိုက်သည်နှင့် တခြားသူများလည်း သူ့အနားကို အမြန်ဝိုင်းလာကာ ချက်ချင်းပင် ဆေးများတိုက်ကြသည်။
ရှီမာယူယူသည် ဘေးတွင်သာ ရပ်နေကာ ကူညီရန် ရည်ရွယ်ချက်ရှိမနေ ပေ။ ဟွားမျိုးနွယ်သည် မိသားစုကြီးတစ်ခုဖြစ်ရာ ဆေးများမှာလည်း သက် ရောက်မှုကောင်းသည်။ ခဏအကြာတွင် ဟွားယွိ သတိပြန်လည်လာသည်။""
"ဦးလေး ဘယ်လိုနေလဲ" သူမျက်လုံးပွင့်လာသည်ကို မြင်သောအခါ ဟွားယွင်သည် ပူပန်စွာမေးလေသည်။
"အဆင်ပြေတယ် မြန်မြန် နှင်းမှိုပွင့်ကိုယူလိုက် အဲဒါမှ ခေါင်းဆောင်ကို ဖြစ်နိုင်သလောက် မြန်မြန်ကယ်နိုင်မှာ" ဟွားယွိ၏ အသံမှာ အားနည်းနေ၏။ သို့သော် သူ၏အသက်ရှုပုံမှာ တည်ငြိမ်လာသည်။
ဟွားယွင်သည် ဟွားယွိကို တွဲခိုင်းထားပြီး ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ကာ ကျောက်စိမ်းကတ်ကြေးထုတ်ပြီး နှင်းမှိုပွင့်ကိုဖြတ်လိုက်ပြီးနောက် ကျောက်စိမ်းသေတ္တာထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ ထို့နောက် ဟွားယွိကို ပြသလိုက်သည်။
"တော်တယ် ကောင်းကောင်းလေး ဖြတ်ထားတာပဲ" ဟွားယွိ၏ မျက်နှာ သည် ပြုံးလာသည် "အခု ပြန်ကြမယ်"
"ဒါပေမဲ့ ဦးလေး ဒဏ်ရာရထားတယ်..."
"ကိစ္စမရှိဘူး.. ခေါင်းဆောင်ကို ကယ်ဖို့က ပိုအရေးကြီးတယ်" ဟွားယွိ ပြန်ဖြေလေသည်။ ရှီမာယူယူမှ နှင်းမှိုပွင့်၏ အမြစ်ကိုနှုတ်လိုက်သည်ကို သူ မြင်သောအခါ သူမ၏ ထင်မြင်ချက်ကိုလည်း သိချင်သည်။
သူမ ပုံစံမှာ ဖြတ်သွားသည့်ငန်းများ၏ အမွေးကိုနှုတ်လိုက်သလိုပင်။ သူမ က အမြစ်ကိုတောင် ချမ်းသာမပေးတဲ့ အာဏာရှင်ကြီးများလား။
ဟွားမျိုးနွယ်မှလူများသည် ဟွားယွိ၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ ညစ်ပေနေသော လက်များဖြင့် ရပ်နေသော ရှီမာယူယူကို တွေ့လိုက်ရလေ သည်။ သူမသည် လက်ထဲတွင် အမြစ်ကိုကိုင်ထားပြီး မျက်နှာမှာလည်း ပြုံးနေ သည်။
နှင်းမှိုပွင့်သည် အသုံးမဝင်လှဟု ပြောချင်သည်။ သို့သော် သူမ သိမ်းလိုက် သည်ကိုမြင်သောအခါ ပြောမည့်စကားများ နှုတ်ခမ်းဖျားရောက်လာပြီးမှ ပြန် မျိုသိပ်လိုက်သည်။
သူမသည် သူတို့ကို နှင်းမှိုပွင့် တစ်စိတ်တစ်ပိုင်းပေးခဲ့ရာ ဤအချိန်တွင် သူ ပြောခွင့်ဘာမှမရှိပေ။ သူမ အမြစ်ကိုကြိုက်လျှင်ယဓနိုင်သည်။ သို့သော် နောင် တစ်ချိန် ထိုအမြစ်သည် အသုံးဝင်သည့်နေရာမရှိသည်ကို သိသွားသည့်အချိန်မှ စိတ်မပျက်ရန်ကိုသာ မျှော်လင့်မိသည်။
ဟွားမျိုးနွယ်များမသိသည်မှာ သူမသည် အမြစ်ကို အလဟဿ သိမ်း လိုက်သည်မဟုတ်ပေ။ သူမသည် ဝိညာဉ်လေးဆီသို့ပေးလိုက်ခြင်းဖြစ်သည်။ ထိုနှင်းမှိုပွင့်ကို ဝိညာဉ်စေတီအတွင်းတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမည်ဟု ဝိညာဉ် လေးပြောခြင်းကြောင့်ဖြစ်သည်။
ဟွားယွိသည် မတ်တတ်ထကာ ရှီမာယူယူအား လှည့်ပြောလေသည် "အခု ကျုပ်တို့ ပြန်ကြတော့မလို့.. ဒီမှာ တခြားလုပ်ဖို့လိုသေးတာရှိလား"
"မရှိပါဘူး ရှင်လမ်းလျှောက်နိုင်ရင် အခုပဲသွားလို့ရပါတယ်" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း အခုပဲသွားကြတာပေါ့" ဟွားယွိသည် ဤနေရာတွင် စီနီယာ အကျဆုံးဖြစ်သည်။ သူသွားမည်ဟု ပြောသဖြင့် တခြားသူများသည် ငြင်းစရာ မရှိပေ "ဪ ဟုတ်သားပဲ ကျုပ်တို့ ကျေးဇူးရှင်ရဲ့နာမည်ကိုတောင် မမေးရ သေးဘူး"
ရှီမာယူယူသည် လှည့်ထွက်ပြီးလျှောက်နေပြီဖြစ်သည်။ အနောက်မှ မေး သံကိုကြားလိုက်သောအခါ ပြန်လှည့်မကြည့်ဘဲ ပြန်ဖြေလေသည် "ကျွန်မ နာမည်က ရှီမာယူယူပါ ကျွန်မနဲ့အတူပါတဲ့သူတွေက ကျွန်မသူငယ်ချင်းတွေပါ"
"ရှီ.. ရှီမာယူယူ.. အဲဒါက..."
ဟွားမျိုးနွယ်မှလူများသည် ကြောင်စီစီဖြစ်သွားကြကာ ထိုနေရာတွင်ပင် အေးခဲနေပြီး လှုပ်မရကြပေ။
"ရှင်.. ရှင်က မင်းသမီးလေးလား" ဟွားယွင်သည် ထိုမိန်းကလေး၏ ကျောပြင်ကို ကြည့်ရသည်ကိုပင် ကြောက်လန့်လာသည်။ အစောက သူမ မလေးမစားပြုမူသည်ကို ပြန်တွေးပြီးချက်ချင်းပင် ပျာယာခတ်သွားသည်။
"သွားကြမယ် ရှင်တို့ကို စောင့်ဖို့ အချိန်တွေအများကြီးမရှိဘူး" ရှီမာယူယူ သည် ဝူလင်းယူနှင့်တခြားသူများဆီသို့ လျှောက်သွားလေသည်။ ဝူလင်းယူ သည် သဘာဝကျကျပင် သူမ၏လက်များကို ဆုပ်ကိုင်လိုက်သည်။
"အစ်ကို တည်ဆောက်မှုကို ဖျက်နိုင်မလား" ရှီမာယူယူ မေးလိုက်သည်။
"မင်းက မူလလမ်းအတိုင်း မသွားချင်ဘူးလား" သူမ ခေါင်းညိတ်လိုက် သည်ကိုမြင်သောအခါ ဝိညာဉ်စွမ်းအင်စုည်းပြီး တည်ဆောက်မှုကို တစ်ချက် တည်းတိုက်ခိုက်လိုက်ရာ ချက်ချင်းပင် လမ်းပွင့်သွားလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် နောက်မှလိုက်သွားကြသည်။ ထိုအရာ ကို ဟွားမျိုးနွယ်မှလူများ မြင်သောအခါ အမြန်ပင် နောက်မှလိုက်ကြသည်။ အားလုံးထွက်သွားပြီးနောက် တည်ဆောက်မှုသည် အလိုလိုပြန်ပိတ်သွားလေ သည်။
"ရှင်တို့ သားရဲပျံတွေပါတယ်မလား" ရှီမာယူယူသည် ဟွားယွင်ကို မေး လိုက်သည်။
ဟွားယွင် ခေါင်းညိတ်လေသည် "ဟုတ်ကဲ့ ပါပါတယ်"
ရှီမာယူယူသည် မိုယွိဘက်သို့ လှည့်ကြည့်ပြီးနောက် ပြုံးပြီးပြောလေ သည် "မိုယွိ ငှက်နီလေးကို ဆင့်ခေါ်လိုက်ပါလား အဲဒါစီးရတာ ပိုသက်တောင့် သက်သာဖြစ်တယ်"
ရှီမာယူယူ မိုယွိ၏ နာမည်ကိုခေါ်လိုက်သည်ကို ကြားလိုက်ချိန်တွင် နာမည်တူသည့်လူဖြစ်မှာပါဟု ဟွားမျိုးနွယ်မှလူများ ထင်လိုက်ကြသည်။ သို့သော် ဝင်းဝင်းတောက်နေသည့် ငှက်နီကြီးကိုမြင်လိုက်သောအခါ ထိုလူ သည် နာမည်ကြီး သခင်ကြီးမိုယွိဖြစ်ကြောင်းကို ချက်ချင်းသေချာသွားသည်။
ရှီမာယူယူကဲ့သို့ ထင်ရှားလှသောဂုဏ်သတင်းနှင့်လူသည် သူတို့အရှေ့ တွင်ရှိနေရာ မိုယွိ၏ သရုပ်မှန်ကိုလည်း သံသယဝင်စရာအကြောင်းမရှိပေ။ သို့သော် သူကဲ့သို့ ဒဏ္ဍာရီဆန်လှသောလူမှာ သူတို့ရှေ့သို့ ပေါ်လာမည်ဟု ထင် မထားသဖြင့် နှလုံးများ ခုန်ထွက်လာမတတ်ခံစားရလေသည်။
သူတို့သည် ဟွားမျိုးနွယ်မှလူများကို ဦးဆောင်ခိုင်းပြီး ငှက်နီလေးသည် သူတို့ကို အနောက်ဖျားဒေသမှ အနောက်ဖျားမြို့သို့ခေါ်သွားလေသည်။
ဟွားမျိုးနွယ်၏ သားရဲပျံသည် နှေးသည်ဟု ဆိုမရပေ။ သို့သော် ငှက်နီ လေး၏ အရှိန်နှင့်ယှဉ်လျှင် နှေးသည်ဟု ပြော၍ရသည်။
အနောက်ဖျားမြို့အပြင်သို့ ရောက်သောအခါ မိုယွိသည် ငှက်နီလေးကို သိမ်းလိုက်သည်။ မဟုတ်လျှင် မြို့ထဲဝင်လိုက်ချိန်တွင် မလိုအပ်သည့် ပြဿနာ များကို ဆွဲခေါ်သလိုဖြစ်သွားနိုင်သည်။
"မင်းသမီးလေး သခင်ကြီးမိုယွိ ယွင်အာက ဒီမြို့ထဲက အကြီးဆုံး တည်းခိုဆောင်ကို ခေါ်သွားပေးပါလိမ့်မယ်" ဟွားယွိက သူတို့ကို ပြောလေ သည်။
"မလိုတော့ပါဘူး ကျွန်မတို့ ရှင်တို့အိမ်တော်ကို လိုက်လာခဲ့လိုက်ပါမယ်" ရှီမာယူယူ ပြန်ဖြေလေသည်။
"ဒါဆိုလည်း ကြွပါ"
ပြီးခဲ့သည့်ရက် သူတို့ပြန်လာသည့်လမ်းတွင် ဟွားယွိသည် ဒဏ်ရာများ အတော်အတန် သက်သာလာပြီဖြစ်ရာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသဖြင့် ငရဲဝသို့ ရောက်ခဲ့သည်မှာ မသိသာတော့ပေ။
ရှီမာယူယူနှင့် တခြားသူများသည် မြို့အလယ်တွင်တည်ရှိသော ဟွား အိမ်တော်သို့ လိုက်သွားကြသည်။ မြို့အလယ်တွင်ရှိသည်မှာ အနောက်ဖျား ဒေသတွင် သူတို့အဆင့်အတန်းမှာ မနိမ့်လှဟု ပြသနေသည်။
"ဟွားယွိ ဟွားယွင် ပြန်လာကြပြီလား နှင်းမှိုပွင့်ကို တွေ့ခဲ့ကြလား" ဟွားယွိနှင့် တူသည့် အပြာရင့်ဝတ်ထားသော အမျိုးသားတစ်ယောက်နှင့် အိမ်တော်၏ ပင်မတံခါးဝတွင် တွေ့ရာ ချက်ချင်းပင် စိုးရိမ်စွာမေးလေသည်။
"ကျွန်တော်တို့ နှင်းမှိုပွင့်ရလာပါတယ် ဒါပေမဲ့ လမ်းမှာ ပြဿနာတချို့ တော့ဖြစ်ခဲ့တယ်" ဟွားယွိ ပြန်ဖြေလေသည် "အစ်ကိုကြီး ခေါင်းဆောင် ဘယ်လိုနေလဲ"
"ကြက်ဥခွံပေါ်လျှောက်နေရသလိုပဲ.. နှင်းမှိုပွင့်တွေ့လာပြီဆိုမှတော့ သူတို့ကို မြန်မြန်ပေးလိုက်ပါ" ဟွားရှင်း၏ မျက်နှာမှာ တင်းမာနေရာ အခြေအနေတစ်ခုခု လွဲမှားသွားမည်ကို ကြောက်ရွံ့နေသည်။
"ယွင်အာ နှင်းမှိုပွင့်ကို သခင်ကြီးဆီသွားပေးလိုက်" ဟွားယွိ ပြောလိုက သည်။
"ဟုတ်ကဲ့ပါ ဦးလေး"
နှင်းမှိုပွင့်၏ အများဆုံးအပိုင်းမှာ ရှီမာယူယူပိုင်သဖြင့် တခြားလူများမှ ဖြုန်းတီးလိုက်ပါက သူမအတွက် မကောင်းနိုင်ပေ။
သူမ၏ သရုပ်မှန်ကြောင့် ဟွားယွိသည် သူမ၏စိတ်ထဲမှအတွေးကို ထင်ကြေးမပေးရဲသဖြင့် ဟွားယွင်ကို ခေါ်သွားခိုင်းလိုက်သည်။
ဟွားရှင်းသည် တဖြည်းဖြည်းသေးသေးသွားသော သူတို့၏ ကျောပြင်ကို ကြည့်ပြီး မေးလိုက်သည် "ဟွားယွိ အဲလူတွေက..."
"အစ်ကိုကြီး သူတို့က မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိပါ"
"ဘာပြောလိုက်တယ်" ဟွားရှင်းသည် ထိုသတင်းကြောင့် ထိတ်လန့်သွား သည် "မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိတို့က ဘာလို့ ငါတို့အိမ်တော်ကိုလာကြ တာလဲ"
"ဒီခရီးမှာ အများကြီးဖြစ်ပျက်သွားတယ်.. မင်းသမီးလေးကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့တွေ ဝေ့ရှင်းသတ်တာ ခံရတော့မလို့" ဟွားယွိသည် အစ်ကိုကြီးဖြစ်သူကို ပြောပြလေသည် "ပြောစရာရှိသေးတယ် ဝေ့မျိုးနွယ်နဲ့ ကျန်းမျိုးနွယ်ကိစ္စပဲ"
"ဒါဆိုရင် အရင်ဆုံးအကြီးအကဲတွေကို စုလိုက်တော့ မင်းတို့ အဝေး ရောက်နေတုန်း မျိုးနွယ်မှာလည်း ကိစ္စတွေဖြစ်သွားတယ် နောက်မှ အကုန် ဆွေးနွေးကြတာပေါ့"
.....
ရှီမာယူယူသည် ဟွားမျိုးနွယ်၏ ခေါင်းဆောင်ကို မြင်သောအခါ အလိုလို ပင် မျက်မှောင်ကြုတ်မိသည်။ သူသည် အနည်းငယ် ထူးဆန်းနေသည်။ သူမ မိုယွိကိုကြည့်လိုက်ရာ မိုယွိသည်လည်း ထိုအတွေးကိုတွေးနေသည့်ပုံပင်။