အပိုင်း ၅ [ အခန်း 1303 ] (5)
⟨⟨အလုပ်အကြောင်းအရာ⟩⟩
လင်ပန့်ရှသည် ညအချိန်တွင် အိပ်ခန်းထဲ အေးအေးဆေးဆေး ကုန်ဆုံးခဲ့သည် ။ ညသည် ငြိမ်းချမ်းနေပြီး ဘာမှမဖြစ်ခဲ့ပေ ။
နောက်နေ့မှာတော့ သူခွန်အား ပြည့်ဝစွာ နိုးထလာခဲ့သည် ။ ဆေးကြောလိုက်ပြီး အလုပ်သွားရန်အသင့်ဖြစ်ချိန်တွင် ကျိလဲ့ရွှေ အား ဖုန်းဆက်လိုက်သည် ။
ဖုန်းဟာ အကြာကြီးဝင်နေပေမယ့် တစ်ယောက်မှမကိုင်ခဲ့ပေ ။ လင်ပန့်ရှ စိုးရိမ်နေချိန်မှာ တစ်ဖက်က ကျိလဲ့ရွှေရဲ့ တိုးဖွနေတဲ့အသံကို ကြားလိုက်ရသည် ။
ကျိလဲ့ရွှေ ဖုန်းဖြေလာတာကို ကြားတဲ့အချိန် လင်ပန့်ရှ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည် ။ "မင်္ဂလာနံနက်ခင်းပါ မနေ့ညက အိပ်ရတာ အဆင်ပြေရဲ့လား?"
"ကောင်းပါတယ်"
ကျိလဲ့ရွှေရဲ့မပီမပြင် အသံအရ သိပ်မကောင်းသလိုပင် ။
လင်ပန့်ရှမှဆိုသည် "ငါဒီနေ့ အလုပ်သွားရမှာမလို့ မနက်ဖြန်မှ မင်း ပစ္စည်းတွေ ပို့လိုက်မယ်နော်"
"ဟုတ်ပြီ"ကျိလဲ့ရွှေမှဆိုသည် ။
လင်ပန့်ရှမှ ဆိုသည် "အသံက ဘယ်လိုလုပ် အားမရှိသလိုဖြစ်နေရတာလဲ?"
"မဟုတ်ပါဘူး" ကျိလဲ့ရွှေက ဗလုံးပထွေး ပြော လာသည် ။ "ငါအတော်လေး အဆင်ပြေပါတယ် မင်းသွားလေ ပစ္စည်း တွေကို ငါ့ဆီလာပို့ဖို့ မလိုဘူးနော်"
လင်ပန့်ရှက ဟိုဟိုဒီဒီ စကားဆက်ပြောချင်သော်လည်း ဖုန်းကျသွားပြီဖြစ်သည် ။
လူကြီးတွေအတွက် ဝမ်းနည်းစရာ က ဘယ်လောက်ပဲ ကြောက်စရာကောင်းတာတွေကို ကြုံခဲ့ကြုံခဲ့ အလုပ်ကို မဖြစ်မနေ သွားရမည်ပင် ။ လင်ပန့်ရှ၏ အလုပ်က အနည်းငယ်ထူးခြားလေသည် ။ ရေခဲတိုက် ၊ အသုဘခန်း နှင့် ပတ်သက် နေသည် ။ အသုဘခန်းနှင့် ဆက်နွယ်မနေသော်လည်း သူ့ရဲ့အချိန် တော်တော်များများကို မတော်တဆများစွာမှာ ပျက်စီးနေတဲ့ခန္ဓာကိုယ်များအား ရေခဲတိုက်သို့ ပို့ရသည် ။
တိုက်ပေါ်ကနေ ခုန်ချတဲ့ အပိုင်းပိုင်းဖြစ်နေသော အလောင်းများမှာ သာမန်သာဖြစ်သည် ။ အဆိုးဆုံးအလောင်းများမှာ ဆိုးဆိုးရွားရွားတိုက်ခံရတဲ့ ကားမတော်တဆဖြစ်ပြီး တူနှင့်အထုခံထားသကဲ့သို့ ကြည့်မကောင်းပေ ။
ဒီလိုသဘာဝအရထူးခြားတဲ့အလုပ်ဖြစ်တာကြောင့် အလုပ်မှာ တောင်းဆိုချက်မများပေ ။ အမှုရှိရင်လုပ်ရပြီး အမှုမရှိလျှင် ဘာမှမလုပ်ပဲနေလို့ရသည် ။ သို့သော် ဤအလုပ်ကိုလုပ်နိုင်သူ သိပ်မရှိပေ။ လူတော်တော်များများသည် နှစ်လ သုံးလထက်ပို မလုပ်နိုင်သော်လည်း လင်ပန့်ရှဟာ သူတို့အတွက် လူထူးဆန်းတစ်ယောက်ဖြစ်သည် ။ သူသည် ဤ အလုပ်လုပ် နေသည်မှာ လုပ်သက် နှစ်နှစ် ပင်ရှိပြီဖြစ်သည် ။ ကောလိပ်မှ ဘွဲ့ရပြီးချိန်မှစ၍ သူ့အလုပ်ကို မပြောင်းသေးပေ ။ သူ့အလုပ်က ကြောက်ဖို့ကောင်းပေမယ့် အကျိုးဆက်တော့များသေးသည် ။
ဒီနေ့ လင်ပန့်ရှ ကံကောင်းနေသည် ။ သူအလုပ်စလုပ်ကတည်းက ဘာမှမကြုံခဲ့ရ သေးပေ ။ သူကျိလဲ့ရွှေကိုသတိရသွားပြီး စိတ်မချနိုင်သေးပေ ။
မနက်ကဖုန်းပြောပြီး ကတည်းက ကျိလဲ့ရွှေပျောက်နေခဲ့သည် ။ WeChat မှာလည်းပြန်မဖြေ ၊ ဖုန်းလည်းမကိုင် ၊ အပြင်မှာလည်း တိုက်ရိုက်မတွေ့ရပေ ။
လင်ပန့်ရှသည် အလုပ်ထဲတွင် အလွန် ဝမ်းနည်းနေပြီး သူအလုပ်ပြီးရင် သွားတွေ့ဖို့ တွေးလိုက်သည်။
လင်ပန့်ရှ၏ လုပ်ဖော်ကိုင်ဖက် လျိုရှီးသည် နွေးထွေးသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ရှားရှားပါးပါး မျက်မှောင်ကျုံ့နေတာမြင်တဲ့အခါ စူးစမ်းစွာ မေးလာသည် ။
"ရို့ ပန့်ရှ ဒီနေ့ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်စိုးရိမ်တဲ့ပုံပေါက်နေတာတုန်း?"
လင်ပန့်ရှမှပြောလာသည် : "ဘာမှမဖြစ်ပါဘူး"
"ဒီပုံစံကဘာမှမဖြစ်တာလား?" လျိုရှီးမှ ပြောသည် "မင်းမျက်ခုံးတွေကိုကြည့်ပါဦး ကျုံ့နေတာများ နှစ်ခုကပ်နေပြီ"
သူ ကွေးလိုက်ပြီး ပြုံးဖြဲဖြဲဖြင့် ဆိုသည် "ဘရို ဒီနေ့အားနေတာများ ဘာမှလုပ်စရာမရှိဘူးနော်~"
သူစကားပြောနေရင်း တစ်ချိန်ထဲမှာပဲ ဘေးလူကို လက်ဖြင့် ရိုက်နေသည် ။ ထိုသူကစိတ်ဆိုးစွာဖြင့် "လျိုရှီး!မင်း ငါ့အတွက် ပါးစပ်ပိတ်ထားလို့မရဘူးလား? ဘယ်စကားကမပြောရဘူးလဲ ဆိုတာ မသိဘူးလား?"
လျိုရှီးသည် မသဲကွဲစွာပြောလာသည် "အဲ့လိုမျိုးမရှိပါဘူး"
သူတို့အလုပ်တွင် မပြောအပ်တာရှိသည် ။ လုပ်စရာမရှိ ၊ အားနေသည်ဟုမပြောရပေ ။ လျိုရှီးက တော့ပြောသင့် မပြောသင့် စိတ်ထဲသိပ်မထားပေ ။
လျိုရှီး ပြောတာနာရီဝက်မကြာသေးခင်မှာပဲ ရုံးခန်းထဲရှိဖုန်းသံ မြည်လာသည် ။
တခြားလုပ်ဖော်ကိုင်ဖက် တစ်ယောက်က ဖုန်းပြောပြီးတော့ လျိုရှီးကို စိမ်းစိမ်းဝါးဝါး ကြည့်လာပြီး အေးစက်စက်လေသံဖြင့် ပြောလာသည် " ကြည့်ဦး!အလုပ် ပေါ်လာပြီ "
လျိုရှီးက "အာ?"ဟုအသံထွက်မိလိုက်ပြီး ခေါင်းကုတ်ကာ စိတ်အနှောင့်အယှက်ဖြစ်စွာပြောလိုက်သည် "ဒါဘယ်လိုတောင်ဂြိုဟ်ဆိုးလဲ!"
လင်ပန့်ရှသည် သူ၏ပခုံးကိုပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည် ။
လွန်ခဲ့တဲ့ နာရီဝက်တုန်းက သူတို့ရဲ့မြို့အကျော်မှာရှိနေတဲ့ အဝေးပြေးလမ်းပေါ်မှာယာဉ်မတော်တဆမှုအကြီးအကျယ် ဖြစ်သွားခဲ့သည် ။ စတီးတွေ တင်ထားတဲ့ကုန်တင်ကားကြီးတစ်စီးက ရုတ်တရက် ဘရိတ်မမိတော့ပေ ။ အခြေအနေမှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသည် ။
ကုန်တင်ကားကြီးနားမှာရှိနေတဲ့ ကားအသေးလေးများမှာ ပျိုးပင်များကဲ့သို့ အဖြစ်ဆိုးကြုံရပြီး အဆိုးဆုံးကတော့ ကုန်တင်ကားမှောက်ချိန်မှာ ပိသွားကြသည် ။
(ပျိုးပင်ဆိုတာ ကုန်တင်ကားနဲ့ယှဉ်ရင် ကားလေးတွေက ပျိုးပင်လောက်ဆိုပြီး ပြောတာပါ)
ကားကပြားနေပြီး ကားထဲရှိလူများမှာလည်းပြင်းထန်သည်မှာ ခန့်မှန်းရန်ပင် ခက်လှသည် ။ အဲ့အချိန်မှာပဲ အခင်းဖြစ်ရာနေရာကို နေရာချနေကြပြီး ကားလမ်းပေါ်တွင် တားဆီးရန် သံကြိုးချထားသည် ။
လင်ပန့်ရှတို့အဖွဲ့ကလဲ အဝတ်ထပ်ဝတ်လိုက်ပြီး ကားရဲ့ခေါင်းပိုင်းကနေမတော်တဆဆီ သွားနေသည် ။
ကားထဲရှိလေထုမှာ တိတ်ဆိတ်နေပြီး အားလုံး၏စိတ်အခြေအနေ မကောင်းကြပေ ။ အမှန်တိုင်းပြောရရင် ဒီအလုပ်ကိုလုပ်နေပေမဲ့လည်း ဒီလိုမတော်တဆမျိုးကိုတွေ့ပြီး ဘယ်သူမှ စိတ်အဆင်မပြေပေ ။ လင်ပန့်ရှ ဖုန်းကိုကြည့်လိုက်ချိန်မှာ ညနေ ခြောက်နာရီခွဲရှိနေပြီဖြစ်သည် ။ ကျိလဲ့ရွှေသည် သူ့ကိုစာမပြန်သေးပေ ။ လင်ပန့်ရှ သက်ပြင်းချလိုက်ပြီး သူ့ဖုန်းကို အိတ်ထဲ ပြန်ထိုးထည့်လိုက်သည် ။
တစ်နာရီကြာပြီးနောက်မှာ လင်ပန့်ရှနဲ့ လုပ်ဖော်ကိုင်ဖက်များစွာက အခင်း ဖြစ်ရာနေရာသို့ ရောက်လာသည် ။ သူတို့ရောက်လာချိန်မှာ ရဲတွေလည်းရောက်နေပြီဖြစ်သည် ။ ကရိန်းများဖြင့် ထရပ်ကားကြီးကို ဆွဲယူလိုက်ပြီး မီးသတ်သမားတွေက ကြေမွနေတဲ့ကား တွေကို စစ်နေသည် ။
လင်ပန့်ရှတို့က သူတို့ဘေးမှ ကိရိယာများဖြင့် စောင့်နေလိုက်သည် ။ ဒဏ်ရာရနေသူ ၁၂၀ ယောက်ရှိပြီး အသက်ရှူနေသေးသည် ။ အိမ်စီးကားလေးထဲမှ ဒဏ်ရာရနေသူရှိနေမည်ဟု သူတို့မထင်ထားခဲ့ ၊ မတော်တဆသည် ပြင်းထန်လွန်းပြီး အသက်ရှင်ဖို့မဖြစ်နိုင်ပေ ။
သူ့ရှေ့ရှိကားမှာ ပြားနေအောင် ကြေမွနေသည်။ အမိုးကိုဖျက်ဖွင့်လိုက်ချိန် စီးနင်းလိုက်ပါသူများက ပေါ်လာသည် ။
လူဘယ်နှစ်ယောက်ကို အဝတ်ချွတ်ပေးခဲ့ရလဲဆိုတာ သိပ်မမှတ်မိချင်တော့ ။ အနည်းဆုံး သုံးလေးယောက်ရှိသည် ။
လျိုရှီးသည် မြတ်စွာဘုရားဟု ရွတ်နေပြီး အလောင်းကိုသေချာသန့်ရှင်းနေလိုက်သည် ။ လင်ပန့်ရှလည်း နှာခေါင်းစည်းတပ်လိုက်ပြီး အလုပ်လုပ်ရန် အောက်ကိုကြည့်လိုက်သည် ။
သိပ်သည်းတဲ့အနံ့တစ်ခုက နှာခေါင်းစည်းကိုဖြတ်ပြီး သူတို့နှာခေါင်းထဲသို့ဝင်ရောက်လာခဲ့သည် ။ လင်ပန့်ရှသည် ဝမ်းနည်းပက်လက်ဖြင့် ငိုသံတစ်ခုကိုကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်ချိန်မှာ သူ့နောက်မှာလဲကျနေတဲ့ အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည် ။ ကားထဲတွင် သေသွားသည့် လူများ၏ မိသားစုဝင်ဖြစ်မည် ။ မိသားစုတစ်စုလုံးကို တစ်ချိန်ထဲမှာပဲ ဆုံးရှုံးလိုက်ရသည်ကြောင့် မျက်ရည်များစိုရွှဲနေသည် ။
"သနားပါတယ်"လျိုရှီးသည် အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည် "ဒီလိုဖြစ်သွားရတယ်လို့ ဘယ်သူလဲတောင်မခွဲနိုင်တော့ဘူး"
လင်ပန့်ရှကပြောသည် : "မပြောနဲ့တော့"
လျိုရှီး မှဆိုသည် : "အိုင်း တကယ် လူကိုခံစားရခက်စေလို့ပါကွာ"
လင်ပန့်ရှမှ ထပ်၍ "ရှူး! "ဟု အသံပြုသည် ။ လျိုရှီးလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပါးစပ်ပိတ်လိုက်တော့သည် ။
ဒီအချိန်မှာ စကားမပြောတာ အကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုဝင်ကို နှစ်သိမ့်ရာရမယ့်အစား ပိုဝမ်းနည်းစေလို့ပင် ။
လင်ပန့်ရှဟာ တစ်ဖက်က အလောင်းအိတ်ထဲ အလောင်းထည့်နေရင်း တစ်ဖက်ကလည်း အမှုအား ရဲသားကနှင့်ဆွေးနွေးနေသည်ကို နားထောင်နေလိုက်သည် ။
တကယ်တော့ မိသားစုတစ်စုက ကားနှစ်စီးနှင့် ခရီးထွက်လာတာဖြစ်ပြီး ဇနီးသည် တစ်ယောက်သာ မတော်တဆမှုကနေ လွတ်မြောက်လာသည် ။ ယောကျာ်းဖြစ်သူရယ် ကလေးရယ် သက်ကြီးတွေရယ်ကနောက်ကားကနေလိုက်လာတာကြောင့် သေခြင်းကနေမလွတ်မြောက်နိုင်ခဲ့ပေ ။
ဇနီးက မတော်တဆဖြစ်ပြီးနောက်မှာ ဆင်းလာပြီး အမြန်လာကြည့်ပေမဲ့ ဘယ်သူသိမှာလည်း လာကြည့်ချိန်မှာ ပြားနေတဲ့ကားကိုပဲ တွေ့မယ်လို့ ။
မျက်စိတစ်ချက် အပိတ်မှာတင် တစ်မိသားစုဝင်လုံး မရှိတော့ဘူး ပြောင်းလဲမှုကို ဘယ်သူကခံနိုင်မှာလဲ?
အလောင်းရဲ့အခြေအနေကို မြင်ပြီးချိန်မှာ နစ်နာသူကို လင်ပန့်ရှတို့မပြရဲတော့ပေ ။ လျှင်မြန်စွာ ကားပေါ်တင်လိုက်ပြီး ရေခဲတိုက်ကိုပို့လိုက်သည် ။
အလောင်းကို ကားပေါ်တင်ပြီးပြီးချင်းမှာပဲ ဆိုးရွားတဲ့အခြေအနေကြောင့် ငိုနေခဲ့တဲ့ အမျိုးသမီးဟာ ထတားလာသည် ။ သူမဟာ ကားရှေ့မှာ လှဲနေပြီး သွားခွင့်မပေးပေ ။ မျှော်လင့်ချက်မဲ့စွာဖြင့် ဆွဲဆွဲငင်ငင် အော်ငိုနေပြီး သူတို့ကို တစ်ခေါက်လောက်တွေ့ချင်ကြောင်း ပြောနေသည် ။
ကနဦးမှာတော့ ရဲသားဟာ တိုက်တွန်းချင်ပေမဲ့ သူမက ဆုံးဖြတ်ထားပုံပေါ်တော့ သဘောတူဖို့ပဲရှိတော့သည် ။
လင်ပန့်ရှနဲ့လျိုရှီးတို့မှာ ကားထဲတွင်ထိုင်နေရင်း နှစ်ယောက်သားအကြည့်တစ်ချက်စုံလိုက်သည် ။ သူမကိုကြည့်ခိုင်းရမှာသိပ်မကောင်းလှ ။ အမျိုးသမီး၏ အသက်နှင့်လည်း အပေးအယူမလုပ်နိုင်သဖြင့် ကားတံခါးသာဖွင့်ပေးလိုက်တော့သည် ။
အမျိုးသမီးသည် အော်ငိုနေရင်း ခြေလက်များနှင့်ကားပေါ်သို့ တွယ်တက်လာသည် ။ သူမရဲ့လက်တွေက တုန်နေပြီး အလောင်းအိတ်များကို တစ်အိတ်ပြီးတစ်အိတ် လိုက်ဖွင့်နေသည် ။ အိတ်ထဲ လူပုံတောင်မပေါ်တော့သည့် အလောင်းများကို တွေ့လိုက်ရသည် ။ အတင်းထုတ်ထားရတဲ့အတွက် အလောင်း ကောင်တစ်ခုလုံး နဂိုပုံစံသို့ပြန်မတွေ့ရ တော့ပေ ။ အကယ်၍ သာမန်လူသာ ကြည့်မယ်ဆိုရင် နေရာမှာတင် ထိုးအန်လောက်သည် ။
လွန်ကဲသည့် ဝမ်းနည်း ကြေကွဲမှုရဲ့ လှုံ့ဆော်မှုကြောင့် အမျိုးသမီးဟာ လက်ဆန့်လိုက်ကာ အလောင်းကို ဖက်ထားပြီး ပါးစပ်ကလဲ ဘာတွေအော်ငိုနေလဲမသိ ။
လင်ပန့်ရှ ရပ်နေသည်မှာ အမျိုးသမီးနှင့်ပိုနီးသောကြောင့် အမျိုးသမီးအော်နေသည်ကိုဝါးတိုးဝါးတားကြားလိုက်ရသည် ။
"အားလုံးက ငါ့အပြစ်တွေပါ ငါ့အမှားတွေပါ ငါ့အမှားတွေပါပဲ_ငါကနင်တို့ကိုသေစေခဲ့တာ_"
သူ့စိတ်ထဲထူးဆန်းမှုအချို့ရှိနေသည် ။ အမျိုးသမီးကဘာလို့ဒီလိုပြောနေရတာလဲ?ဖြစ်နိုင်တာက အမျိုးသမီးက ခရီးထွက်ချင်တာလို့? မတော်တဆဖြစ်တာ?
"သူမတစ်ယောက်ထဲ ကျန်ခဲ့တာပဲ ကြေကွဲဖွယ်ကောင်းလွန်းတယ်"လျိုရှီးက ခံစားချက်နှင့် သက်ပြင်းချလိုက်သည် ။
လင်ပန့်ရှက အမျိုးသမီးကိုအနည်းငယ် ထူးဆန်းစွာဖြင့် "သူမတစ်ယောက်ထဲ?အဲ့ဒါဆို ဟိုလူက ဘယ်သူလဲ?"
လျိုရှီးမှပြောသည် : "ဘာ?ဘယ်သူ?"
လင်ပန့်ရှ သတိထားလိုက်ပြီး အမျိုးသမီးရဲ့အနောက်ကို သေချာကြည့်လိုက်သည် ။ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်ကာ မရှင်းမလင်းပြောလာသည် ။ "ဘာမှမဟုတ်တော့ဘူး ငါမှားမြင်တာနေလိမ့်မယ်"
သူဘယ်လိုလုပ်မှားမြင်နိုင်မှာလဲ အမျိုးသမီးရဲ့ ကျောနောက်မှာ တစ်မီတာလောက်ရှည်တဲ့ နေရာမှာရှိနေသည် ။ သူတို့ရပ်နေတဲ့ဆီကို ကျောပေးထားပြီးတစ်ကိုယ်လုံး အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ထားသည် ။ ထိုလူနှင့်အမျိုးသမီးမှာ ခန္ဓာကိုယ်အရွယ်အစား သိပ်မကွာပေ ။ သူမရဲ့အနောက်မှာ ငြိမ်သက်စွာ ရပ်နေသည်မှာ အရိပ်နှင့်တောင် တူနေသေး၏ ။ အဝေးပြေးလမ်းပေါ်မှာ ရဲသားများနှင့် တာဝန်ရှိသူ တချို့သာ ရှိနေသည် ။ အဲ့ဒီအနက်ရောင်ဝတ်အမျိုးသမီးရဲ့ ရုတ်တရက်တည်ရှိမှုကသာထူးဆန်းနေသည်။ ပြီးတော့ ငိုနေတဲ့အမျိုးသမီး ပတ်လည်မှာရှိတဲ့လူတွေက ထိုလူ၏ တည်ရှိမှုကို သတိပြုမိပုံမရ ။ အားလုံးကကိုယ့်အလုပ်ကို လုပ်နေကြသည် ။
အမျိုးသမီး ငိုပြီးသွားချိန်မှာတော့ ရဲတွေကရဲကားပေါ်ကနေဆင်းလာသည် ။ သူမအား ထိန်းပေး၍ရဲကားပေါ်သို့တက်သွားသည်။ သူမနောက်မှာရှိနေတဲ့ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသမီးဟာလည်း သူတို့လှုပ်ရှားမှုအတိုင်း ရဲကားထဲသို့ဝင်သွားသည်။ သူမရဲကားထဲ ဝင်ထိုင်လိုက်ချိန်တွင် လင်ပန့်ရှ သူမ၏ မျက်နှာကိုမြင်လိုက်ရသည် ။ စိတ်ထဲတွင်အနည်းငယ် ထိန့်လန့်သွားရသည် ။ အနက်ဝတ် အမျိုးသမီးနှင့် မိသားစုဝင်များဆုံးရှုံးလိုက်ရသည့် အမျိုးသမီးမှာ နှစ်ယောက်လုံး၏ ပုံစံမှာ အတူတူပင်ဖြစ်သည် ။ သူမ၏ မျက်နှာအရောင်ကသာ စက္ကူအတိုင်း ဖြူဖျော့နေသည်မှလွဲကျန်တာအကုန်တူနေသည်။
သူမဟာ ရုပ်သေးရုပ် အတိုင်း အမျိုးသမီးက ခြေတစ်လှမ်းလှမ်းရင် ထိုသူက တစ်လှမ်း လှမ်းသည် ။အဲဒါက လင်ပန့်ရှ ထင်ယောင်ထင်မှားဖြစ် နေတယ်လို့ ခံစားမိချိန် သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုနီးလာလေလေပါပဲ...။
"ပန့်ရှ မင်းဘာကြည့်နေတာလဲ" လျိုရှီးသည် လင်ပန့်ရှကို ထူးဆန်းစွာကြည့်လိုက်သည် ။
"ဘာမှမဟုတ်ပါဘူး"လင်ပန့်ရှမှ အကြည့်ကို ပြန်သိမ်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဖုန်းကိုအကြည့်ပြန်ပို့လိုက်သည်။ "ငါတို့အရင်သွားရအောင်" ကျန်လုပ်ဖော်ကိုင်ဖက်များက အခင်းဖြစ်ပွားရာနေရာကို ရှင်းနေပြီး ယာဉ်ကြောများ ပြန်ကောင်းလာရန် ရဲတပ်ဖွဲ့ကို ကူညီရန် နေခဲ့သည် ။
"သွားမယ်"လျိုရှီး ကားစက်နှိုးလိုက်သည် ။သူတို့နှစ်ယောက် အလောင်းတွေ သယ်လာတဲ့ ကားဟာ ရေခဲတိုက်သို့ ဦးတည်လိုက်သည် ။
ကားပေါ်ထိုင်နေရင်း လင်ပန့်ရှတွင် စိတ်ပျက်မှုအချို့ရှိနေသည် ။ ဘေးဘက်ရှိလျိုရှီးလည်း စိတ်အခြေအနေ သိပ်မကောင်းပေ ။ ရင်ဘတ်ရှိ အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး လင်ပန့်ရှအား ပေးလာသည်။ လင်ပန့်ရှလည်း ခေါင်းခါလိုက်ပြီး ယဉ်ကျေးစွာငြင်းလိုက်သည် ။
လျိုရှီးဟာ တစ်လိပ်ကိုမီးညှိလိုက်ပြီး တစ်ချက်မှုတ်ထုတ်လိုက်ရင်း ပြောလာသည် "ဘာ တွေစဉ်းစားနေတာလဲ?"
"အိမ်ကကိစ္စပါ" လင်ပန့်ရှမှပြောသည်"ငါ့အခန်းဖော်က သရဲစီးနေသလိုပဲ"
လျိုရှီးမှပြောသည် "သရဲစီးတယ်?"
လင်ပန့်ရှကတွေးလိုက်ပြီး သူတို့ရဲ့ ရပ်ကွက် အကြောင်းကို လျိုရှီးအား ရှင်းပြလိုက်သည် ။သူ ပြောပြီးချိန်မှာ လျိုရှီးကပြူးကြည့်လာပြီး မင်းပြောတာတကယ်ကြီးလား?
ဒီနဂိုအလုပ်ကလဲ ကြောက်စရာကောင်းပြီးတော့ ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့နေရာမှာနေသေးတယ်? ပုံမှန်လူတွေတောင်မလုပ်နိုင်ဘူးဟ! သူနား ထောင်ပြီးချိန်မှာ လင်ပန့်ရှ မျက်နှာအမူအရာကိုတွေ့ချိန်မှာတော့ စူးစမ်းစွာဆိုလာသည် "ဒါပေမဲ့ မင်းဒါကိုသိပ်မကြောက်သလိုပဲ"
လင်ပန့်ရှမှ နှေးကွေးစွာဖြင့် ပြောလာသည် "တကယ်တော့.........ငါလည်းမကြောက်တာတော့မဟုတ်ဘူး"
"အဲ့ဒါဆို မင်း ဘာလို့နည်းနည်းတောင် မတုံ့ပြန်ရတာလဲ?"လျိုရှီးကပြောသည် "ငါ့မင်းရဲ့ အရင်လုပ် ဖော်ကိုင်ဖက် တွေဆီက ပြောသံကြားတာတော့ သူတို့ပထမဆုံးလုပ်တုန်းက အန်တာများ အချိန်အကြာကြီးပဲ ။ မင်းကဘာမှမဖြစ်ဘူးတဲ့! မင်းကျတော့ဘာလို့ ဘာမှမဖြစ်ရတာတုန်း?"
လင်ပန့်ရှ ပြောချင်ပေမယ့်ရပ် လိုက်သည် ။
လျိုရှီးက ပြောသည် : " ဘာဖြစ်လို့လဲ? ကော?ဘာလို့စကားမပြောတော့တာလဲ?"
လင်ပန့်ရှကပြောသည် : "ငါနှစ်ဝက်လောက် အသားမစားခဲ့တာရော သူတို့မင်းကိုမပြောခဲ့ဘူးလား"
လျိုရှီးခေါင်းကုတ်လိုက်သည် ။
"ငါမကြောက်တာမဟုတ်ပါဘူး........ဒီတိုင်း တုံ့ပြန်တာနှေးနေတာ" လင်ပန့်ရှက သက်ပြင်းချလိုက်ပြီး " မင်းလမ်းပေါ်သွားနေရင်း မင်းရဲ့ပခုံးကိုတစ်ယောက်ယောက်က ပုတ်လိုက်ပေမယ့်လှည့်ကြည့်လိုက်ချိန် ဘယ်သူမှမရှိရင် သာမန်လူဆိုရင် သေချာပေါက် လန့်သွားမှာ ၊ ဒါပေမယ့် ငါကတော့.......တစ်နာရီကြာမှ ကြောက်ရမှန်းသိလိမ့်မယ်"
လျိုရှီးမှ လင်ပန့်ရှကိုဆွံ့အစွာ ကြည့်နေပြီး မကောင်းဆိုးဝါးတစ်ကောင် မြင်လိုက်သလို ။
လင်ပန့်ရှမှထပ်ပြောလာသည် : " ဒီလိုအခြေအနေက အရမ်းကြာတယ် "သူ့လက်က ကားမှန်ကို ချလိုက်ပြီး ညရဲ့အေးစက်တဲ့လေကိုခံနေလိုက်သည် ။ အဲ့ဒီအချိန်မှာပဲ မိုးရွာလာပြီး ချထားတဲ့ကားမှန်ကနေ ဝင်ရောက်လာပြီး လင်ပန့်ရှ၏ မျက်မှာကိုလာရောက်ရိုက်ခတ်သည် ။
လျိုရှီးသည် ရုတ်တရက် တုန်သွားပြီး ဆိုလာသည် " အေးလိုက်တာ လင်ကောရေ ကားမှန်ကိုပိတ်လိုက်ပါတော့ "
လင်ပန့်ရှမှ အင်းဟုအသံတစ်ချက်ပြုလိုက်ပြီး မှန်ကိုတင်လိုက်သည် ။
"မင်း ဘယ်ချိန်ကစပြီး ကိုယ့်ကိုယ်ကို အဲ့လိုဆိုတာ သိသွားတာလဲ?"လျိုရှီးမှ ဆက်ပြောလိုက်သည်။
လင်ပန့်ရှမှပြောသည် : "တက္ကသိုလ် တက်တုန်းက မိန်းကလေးတစ်ယောက်က ပြောလာတယ် 'လင်ပန့်ရှ ငါ Single's day ကို တစ်ယောက်ထဲမဖြတ်သန်းချင်ဘူး"
"နောက်တော့ရော နောက်တော့ရော?" လျိုရှီးကမေးလိုက်သည် ။
လင်ပန့်ရှမှ ဆိုသည် "နောက်တော့ ငါပြောလိုက်တာက ဆယ့်တစ်နှစ်ထပ်ကို မဆင်နွှဲတာလည်းကောင်းပါတယ်"
လျိုရှီး : "......"
လင်ပန့်ရှမှဆိုသည် : "သူမက နောက်တစ်ခါထပ် ပြောလာတယ် ငါပြောလိုက်တာက မဖြစ်ဘူး!မဖြစ်ဘူး! ဆယ်တစ်နှစ်ထပ်ကလွဲရင် ဘယ်ပွဲတော်ကိုမှ မဖြတ်သန်းနိုင်ဘူး"
လျိုရှီး : "ပြီးတော့ရော?"
လင်ပန့်ရှကပြောသည် "ပြီးတော့မရှိတော့ဘူးလေ" သူကတစ်ချက်ရပ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။ "ငါပြီးခဲ့တဲ့ ဆယ့်တစ်နှစ်ထပ်ကမှ သူမဘာကိုဆိုလိုချင်လဲဆိုတာ ရုတ်တရက်နားလည်သွားတာ "
လျိုရှီး သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးပြောလာသည် "လင်ကောရ လင်ကော ငါအခုနားလည်သွားပြီး မင်းမှာ ဘာလို့ ကောင်မလေးတစ်ယောက်တောင်မရှိလဲဆိုတာ မင်းကြည့်ကြည့် ငါလိုလူတောင် ကောင်မလေးရှိတယ်!! မင်းကချောလည်း ချောပြီး စရိုက်လည်း ကောင်းတယ် ဒါပေမဲ့ နောက်ဆုံးတော့လည်း ဘေးမှာ ခြင်မပဲဝိုင်းနေတာကိုး"
လင်ပန့်ရှ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးပြောလာသည် : "မင်းမှာ ကောင်မလေးရှိတယ်? ငါမယုံဘူး!"
လျိုရှီး : "ဟဲဟဲ နောက်ရက်ကျရင် ခေါ်လာပြီး မင်းနဲ့မိတ်ဆက်ပေးမယ်!"
သူကဖြတ်လတ်စွာပြောနေရင်း အသံတစ်ခုကြားလိုက်ရသည် ။လင်ပန့်ရှအား တုံ့ဆိုင်းတုံ့ဆိုင်းကြည့်လာပြီး "လင်ကော တစ်ခုခုကြားလိုက်သေးလား?"
လင်ပန့်ရှလည်း နားထောင်ကြည့်လိုက်ပြီး "ကား နောက်ကလား?"
နှစ်ယောက်သား အကြည့်စုံလိုက်ကြသည် ။ လျိုရှီး၏ နောက်ကျောရှိ မွှေးညှင်းများထောင်လာသည် ။ ကား နောက်တွင်လူမရှိပေ ။ အပိုင်းပိုင်းဖြစ်နေသော အလောင်းများသာရှိနေသည်။ အသံမှာ တစ်စုံတစ်ယောက်က အလောင်းအိတ်ကိုကုတ်နေသံဖြစ်ပြီး ခြစ်သံမှာ လူတစ်ကိုယ်လုံးကို မျက်စိတစ်မှိတ်အတွင်း ကြက်သီးထစေသည် ။
"ငါလူး! ကားရပ်လိုက်ရမလား? ဘာကြီးလဲ?" အသံကကျယ်သထက်ကျယ်လာ သောအခါ လျိုရှီးဖင်မငြိမ်တော့ပေ ။
လီဗာပေါ် တင်ထားသည့် ခြေထောက်မှာ တုန်နေသည် ။ လင်ပန့်ရှ သူ့ပုံစံကိုမြင်လိုက်ချိန်မှာ သူဆက်မမောင်းနိုင်တော့ဘူးဆိုတာသိလိုက်သည် ။ ကားကိုဘေးချရပ်ခိုင်းလိုက်ပြီး ကိုယ်တိုင်ဆင်းကြည့်လိုက်သည် ။
လျိုရှီးက တုန်နေတဲ့အသံဖြင့် မေးလာသည် : " လင်ကော ငါရောလိုက်ကြည့်ရမလား? "
လင်ပန့်ရှမှပြောလိုက်သည် : "ရတယ်" လျိုရှီး မှာအလွန်ကြောက်နေပုံပေါ်နေပြီး ခဏဆင်းလာရင်တောင်မှ သေးထွက်ကျတော့မလိုပင် ။
လင်ပန့်ရှတစ်ချက် ခုန်ဆင်းလိုက်ပြီး တိတ်တဆိတ် ကား နောက်ခန်းဆီ ချည်းကပ်သွားသည်။ လက်ကိုဆွဲတင်လိုက်ပြီး ကားတံခါးကို ဆွဲမဖွင့်လိုက်သည် ။ အလောင်းအိတ်တချို့မှာ ပွင့်နေသည် ။ သူတို့အလောင်း တွေကို ကားပေါ်မတင်ခင် စိတ်ကောင်းစေတနာဖြင့် သေသေချာချာ ထုတ်ပိုးထည့်ထားတာဖြစ်သည် ။ မျက်စိရှေ့မှာတင် အလောင်းတွေကို အစီအရီ ပုံထားတာဖြစ်သည်။ တစ်ယောက်ယောက်က ရွှေ့ထားသလိုပင် ။ ပြီးတော့ ထူးဆန်းတဲ့အသံတွေဟာ အလောင်းအိတ်တွေထဲကနေ ထွက်လာတာဖြစ်သည် ။
လင်ပန့်ရှကားပေါ်တက်လိုက်ပြီး အလောင်းအိတ်တွေကို တင်းကျပ်စွာ အသစ်ပြန်ထုတ်လိုက်သည် ။ ပုံမှန်အခြေအနေအရ ကားကိုယ်ထည်အိတ်များသည် ယိုစိမ့်နေသော်လည်း အလောင်းများ အလွန်ထိသွားလို့လားမသိ ပေ ။ အရည်များ ဆက်လက်စိမ့်ထွက်ကာ ကားထဲသို့ ယိုစိမ့်နေသည် ။
လင်ပန့်ရှသည် အလောင်းအိတ်များကို တစ်ခုပြီးတစ်ခု ရှာဖွေနေစဉ် အသံများလည်း ရပ်သွားသည်ကို တွေ့ရသည်။ လင်ပန့်ရှသည် ခေါင်းငုံ့ကာ ဂရုတစိုက်ရှာဖွေခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။သို့သော် သူ၏မျက်လုံး ထောင့်ရှိ သေးငယ်သော အချက်တစ်ချက်ကို သူသတိပြုမိခဲ့သည်။ အောက်ခြေအိတ်၏ဇစ်မှာ ဇစ်ပွင့် နေသည်။
လျိုရှီးသည် ဤနေရာတွင် လအတော်ကြာလုပ်သက်ရှိပြီး ဇစ်ပိတ်ရန် မေ့သွားတာမဖြစ်နိုင် ။ လင်ပန့်ရှသည် ဇစ်ကို ခဏကြာအောင် စိုက်ကြည့်ပြီးနောက် ဇစ်ပိတ်ရန် လက်ကို တိတ်တဆိတ် မြှောက်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ မတ်တပ်ထရပ်ကာ ကားတံခါးကို တင်းတင်းပိတ်လိုက်သည်။
"ဘာဖြစ်နေတာလဲ၊ ဘာအသံလဲ" လင်ပန့်ရှ ပြန်ရောက်လာသည်ကို လျိုရှီးမြင်သောအခါ ထိတ်လန့်စွာမေးလိုက်သည်။
လင်ပန့်ရှမှ "ကြွက်တစ်ကောင်က ကားထဲကို ဝင်သွားတာများလှစ်ခနဲ အရိပ်ပဲမြင်လိုက်ရပြီး ပျောက်သွားတယ်။ ငါတို့အလောင်းတွေကို ပို့ရဦးမယ် အဲဒါကို မေ့ထားလိုက် ဖြည်းဖြည်းချင်း ရှာကြည့်လို့ရတယ်"
လျိုရှီး က သက်ပြင်းတစ်ချက်ချကာ "အိုး! ကြွက်တစ်ကောင်ပဲ၊ ငါ့မှာ သေအောင်ကြောက်လိုက်ရတာ..." လို့ ရေရွတ်ရင်း သူ့ကား ပေါ်မှာ ကြွက်တွေရှိတယ်ဆိုတာ သူသိကြောင်းပြောရင်းသူအရင်ဝယ်ခဲ့တဲ့ ကြွက်အဆိပ်ဟာ တကယ်ကို အသုံးမဝင်လှပါဘူး။ ကြွက်တွေ အကုန်ပုန်းပြီး ကားပေါ်တက်နေဆဲပါပဲ ။
လင်ပန့်ရှဟာ ကားမှန်ကိုချလိုက်ပြီး ညာလက်မှာ ဘောင်ပေါ်တင်ထားရင်း တိတ်ဆိတ်နေသည် ။
လျိုရှီးကထူးဆန်းစွာဖြင့်ဆိုလာသည် : " ဘာဖြစ်လို့လဲ လင်ကော?"
လင်ပန့်ရှက ခေါင်းရမ်းလိုက်ပြီး "ဘာမှမဖြစ်ပါဘူး ဆေးလိပ်နည်းနည်းသောက်ချင်လာလို့ တစ်လိပ်လောက်ပေးပါလား?"
လျိုရှီးက တဟဲဟဲရီရင်း တစ်လိပ်ကမ်းပေးလိုက်သည် ။
လင်ပန့်ရှသည် ဆေးလိပ်ဂျိုးမဟုတ်သော်လည်း တစ်ခါတရံ တစ်လိပ်လောက်သောက်တတ်သည် ။ လမ်းတစ်ဝက်လောက်ရောက်ချိန်မှာတော့ သူမျက်လုံးမှေးထားပြီး မှိန်းနေလိုက်သည် ။ ကားနောက်တွဲရှိ တစ် လျှောက်လုံးမြည်နေတဲ့ အသံတွေက လျိုရှီးကမသက်မသာဖြစ်စေသည်။ လင်ပန့်ရှကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှပြောမထွက်ပေ ။ ခြေဖျား အောက်ရှိ လီဗာကိုသာဖိနင်းနေကာ ဦးတည်ရာသို့အမြန် သွားလိုက်သည် ။
ရေခဲတိုက်သို့ရောက်ချိန်တွင် နေရာချပေးသူမှာ အထဲတွင် စောင့်နေပြီဖြစ်သည် ။
ဤသူကိုလည်း ရင်းနှီးသည် ။ ဝမ်ကျင်းချောင်ဟုခေါ်သည် ။ နေ့တိုင်း သူတို့အတူ ညနက်တဲ့အထိ အလုပ်လုပ်လာတဲ့အတွေ့အကြုံအရ ထိုသူ၏ စိတ်အခြေအနေမှာ သိပ်မကောင်းပေ ။ လျိုရှီးဟာလည်း ပြုံးစိစိဖြင့် ထိုလူအားဆေးလိပ်တစ်လိပ်ကမ်းလိုက်ပြီး စကားပြောနေလိုက်သည် ။ သူက နှေးကွေးစွာ လျှောက်လာပြီး ကား နောက်ခန်းထဲရှိ အလောင်းများကို ချဖို့ပြင်လိုက်သည် ။
တချို့ကား မတော်တဆမှုများမှာ အလောင်းခွဲစစ်ရန်လိုအပ်သော်လည်း ဒီမတော်တဆမှုမှာတော့ ရှင်းလင်းနေပြီး အလောင်းများမှာလည်း အပိုင်းပိုင်းအစစနှင့် သံသယရှိစရာမရှိသောကြောင့် အလောင်းစစ်ဖို့ရန်ကျော်လိုက်သည် ။ ရေခဲတိုက်က နေမိသားစုဝင်ကိုစောင့်နေပြီးမှ သဂြိုဟ်လို့ရမှာပင် ။
ဝမ်ကျင်းချောင်က သူတို့ကို ဒီနေ့အခြေအနေကိုမေးရင်း ကားနောက်ကို သွားနေသည် ။ လက်ကကားတွဲကို ဖွင့်နေရင်း သူတို့ကို စကားလှည့်ပြောနေသည် ။ "ပြောသံကြားတာတော့ တစ်အိမ်လုံးဆို?"
သူပြောပြီးချိန်မှာပဲ ကားတွဲထဲကို တစ်ချက်ကြည့်လိုက်သည်။ ချက်ချင်းပင် မျက်နှာပြာသွားပြီး အချိန်တစ်ခုအကြာထိ စကားမပြောနိုင်သေးပေ ။
လျိုရှီးကနေ သူ့မျက်နှာအရောင်ပြောင်းသွားချိန်မှာ ဘာဖြစ်လို့လဲဟု မေးမလို့ပဲရှိသေးသည် ။ ဝမ်ကျင်းချောင် မှ ဒေါသအပြည့်နှင့်အော်လာခဲ့သည် ။ "မင်းတို့ဘယ်လိုလုပ်လာတာလဲ!ဘယ်လိုများ ထုတ်ပိုးလာခဲ့တာ? မင့်မေတဲ့မှ__"
လျိုရှီးနှင့် လင်ပန့်ရှမှာ အဆဲခံရ၍ ခဏလောက်ငြိမ်သက်သွားပြီး နှစ် ယောက်စလုံး အရှေ့သို့သွား၍ ကားတွဲအတွင်းအားကြည့်လိုက်သည် ။
သို့သော် ကားတွင်းအခြေအနေသည် သူတို့မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်သွားခဲ့သည်။ ရှိသမျှ အလောင်းအိတ်တွေဟာ ပွင့်နေခဲ့သည် ။ အလောင်းကောင်များဟာ အတူစုပုံနေပြီး အလွန်ကျိုးပဲ့နေသောကြောင့် အသားတောင်တစ်လုံးလိုပင် ။ များစွာ သောသွေးတွေဟာလည်း ကားတွင်းတွင် နီရဲရဲဖြင့် စွန်းထင်းနေသည် ။
"ဝေါ့!!!"လျိုရှီးတစ်ချက်ကြည့်မိလိုက်တာနဲ့ တစ်ဖက်လှည့်အန်လိုက်မိသည် ။
လင်ပန့်ရှ၏ မျက်နှာအရောင်လည်းမရှိတော့ ။
"တကယ်ပဲဘာဖြစ်လို့လဲ!ဒီလိုဆို ဘယ်သူဘယ်ဝါ ဘယ်လိုခွဲမလဲ?" ဝမ်ကျင်းချောင်မှာ စိတ်တိုစွာဆိုလိုက်သည် ။ "အကုန်လုံးကိုရောရှို့ပစ်ရမှာလား!? မိသားစုဝင်က ပြဿနာလာရှာရင်ဘယ်လိုလုပ်မလဲ??"
"ဒါပေမဲ့...ဒါပေမဲ့ ငါတို့မလာခင်တုန်းက သေချာ ထုတ်ပြီးသန့်ရှင်းခဲ့တာလေ"လျိုရှီးမှာ အန်လို့ပြီးသွားချိန်တွင် ပါးစပ်ကိုသုတ်လိုက်ပြီး တုန်ယင်စွာပြောလာသည် "ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲ?.........လင်ကော လင်ကော?"
လင်ပန့်ရှသည် ကားအတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီးတိတ်ဆိတ်နေသည် ။
လျိုရှီးက ထပ်ပြောချင်ပေမယ့် ဝမ်ကျင်းချောင်မှ သဲလွန်စကိုတွေ့သွားသည် ။ လက်ကိုခါလိုက်ပြီး သူ့ကို ပါးစပ်ပိတ်ဖို့ အချက်ပြလာပြီးဆိုသည် "ရပြီ ရပြီ ငါသိပြီ မိသားစုဝင်တွေလာတဲ့အချိန် မင်းတို့ပဲရှင်းပြလိုက်တော့"
မဲမှောင်နေတဲ့ မျက်နှာနဲ့ပြောနေရင်း အသားတောင်ကို ရှင်းဖို့ လူခေါ်လိုက်သည် ။
လင်ပန့်ရှနှင့်လျိုရှီးတို့ ဇဝေဇဝါဖြင့် အသံမထွက်တော့ပဲ ဘေးဘက်တွင် ရပ်နေလိုက်သည် ။
လျိုရှီးက ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် သောက်နေလိုက်ပြီး ဆေးလိပ်ကိုင်ထားသော လက်မှာ တုန်ယင်နေသည်။ သူဟာလင်ပန့်ရှကို ခုနကကားထဲမှာ ကြားလိုက်ရတဲ့ အသံအကြောင်းလိုက်မေးချင်နေသည် ။ တကယ်ပဲကြွက်လား?ဒါပေမဲ့ လင်ပန့်ရှရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန် ပါးစပ်ထဲရောက်ပြီးသားစကားတွေကို တောင့်တင်းစွာ ပြန်မျိုချလိုက်သည် ။
ဒီဘက်မှာ ကားတွဲကို ခက်ခဲစွာ ရှင်းနေချိန် ကျန်ရစ်သူမိသားစုမှ ရဲကားပေါ်ကနေ လိုက်လာသည် ။
အခင်းဖြစ်တဲ့နေရာမှာ သူမကလွဲတစ် အိမ်လုံး ပါသွားသည် ။ သာမန်လူတွေအတွက် မယုံနိုင်စရာပေ ။ စိတ်ကိုကြီးမားတဲ့ရိုက်ခတ်မှုကြီးပင် ။
ရဲတွေကလည်း သူမရဲ့ခံစားချက်တွေကို သိမြင်ချိန်မှာ ဂရုတစိုက်နဲ့ ဒီကိုပို့ပေးသည် ။ ရေခဲတိုက်ရှိလူများသာ ရောနေတဲ့ အလောင်းအပိုင်းများဖြင့် အခက်တွေ့နေသည် ။
အမျိုးသမီးဟာ ရဲကားပေါ်ကနေ ဆင်းလာပြီး ဖရိုဖရဲဖြစ်နေသည့် ကားကိုကြည့်လာသည် ။
လျိုရှီးက ကျန်ရစ်မိသားစုရဲ့ အစွန်းရောက် တုံ့ပြန်ချက်ကို အနည်းငယ် ကြောက်သွားသည် ။ လင်ပန့်ရှနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အသံတိုးတိုးဖြင့်ဆိုလာသည် "လင်ကော ၊ ကျွန်တော်တို့ အရိုက်တော့မခံရလောက်ဘူးမလား?"
လင်ပန့်ရှမှ အသံကိုနှိမ့်ပြီးပြောလိုက်သည် "တစ်ဖက်လူက မိန်းကလေးလေ ၊ နှစ်ချက်လောက် အရိုက်ခံရလဲ ဘာမှမဖြစ်လောက်ပါဘူး"
"ဟုတ်သား"လျိုရှီးက ခါးသီးစွာပြုံးလိုက်ပြီး"အကယ်၍ ငါ့မိသားစုကဒီလိုဖြစ်သွားခဲ့ရင်လည်း လူရိုက်ချင်မှာပဲ"
ဒါပေမဲ့ သူတို့ ခန့်မှန်းချက်နှင့် လွဲသွားသည်မှာ အမျိုးသမီးက ကားထဲရှိ အခြေအနေ ကိုတွေ့သွားပြီးနောက် ဒေါသထွက် သောင်းကျန်းခြင်းမရှိခဲ့ပေ ။ သူမ၏ ဖြူစုတ်စုတ် မျက်နှာတွင် ထူးဆန်းပြီး ပုံမှန် မဟုတ်တဲ့အပြုံးတစ်ခုကို ပြုံးလာသည် ။ နှုတ်ခမ်းနီ အနီတောက်တောက်ကို ဆိုးထားပြီး ချဲ့ကားထားသောအကွေးတစ်ခု နှုတ်ခမ်းတွင်ချိတ်ဆွဲထားသည် ။ ငိုနေသလိုထင်ရပြီး ပြုံးနေပုံလည်းပေါ်ပြန်သည် ။ သူမက နှေးကွေးသော ခြေလှမ်းများနှင့် ကားဘေးကိုလျှောက်လာခဲ့ပြီး သုန်မှုန်စွာဖြင့် အလောင်းအပိုင်းအစများအား စိုက်ကြည့်လာသည် ။
ပါးစပ်ထောင့်မှ ကွေးတက်လာကာ ပြောလိုက်သည် : "နင်တို့က တကယ်ပဲ ငါ့ကို မိသားစုလို့ မသတ်မှတ်ဘူးပဲ"
"ငါတကယ်ကို မှန်နေတာပဲ"အမျိုးသမီးဆီက ရယ်သံတစ်ချက် ထွက်လာပြီး လှည့်ထွက်သွားသည် ။ အနက်ရောင်ဝတ်နဲ့အမျိုးသမီးမှာလည်း လိုက်ထွက်သွားသည် ။
သူမရဲ့နောက်မှာ ယခင်အတိုင်း လင်ပန့်ရှ အခင်းမှာတွေ့ခဲ့တဲ့ အရိပ်ပမာ တစ်ပုံစံထဲတူတဲ့သူကိုလည်း တွေ့လိုက်ရသည် ။ နှစ်ယောက်ကြားရှိ အကွာအဝေးမှာ သိသာစွာပိုနီးကပ်လာသည် ။
စာရေးသူတွင် ပြောစရာရှိပါသည် :
လျိုရှီး : " လင်ကော ဆေးလိပ်သောက်မလား? "
လင်ပန့်ရှ : ......
လျိုရှီး : "ကားနောက်တွဲမှာ ဘာရှိနေတယ် ထင်လဲ?"
လင်ပန့်ရှ : ......
လျိုရှီး : "ဒီနေ့ ရာသီဥတု နည်းနည်း အေးသလားလို့?"
လင်ပန့်ရှ : ......
လျိုရှီး :" လင်ကော ကျွန်တော်တို့ အလုပ်ဆင်းပြီ "
လင်ပန့်ရှ : သောက်မယ်!
အဆောက်အအုံအတွင်း အရိုးပြာအိုးထားခြင်းနှင့် ဆိုင်ရာ လက်တွေ့ဘဝ နောက်ခံအကြောင်းများ ပါရှိပါသည်။ သတင်းများတွင် သွားရောက်ရှာဖွေနိုင်ပါသည်။
__________________________
အလောင်းအိတ်
Zawgyi
အပိုင္း ၅ [ အခန္း 1303 ] (5)
⟨⟨အလုပ္အေၾကာင္းအရာ⟩⟩
လင္ပန႔္ရွသည္ ညအခ်ိန္တြင္ အိပ္ခန္းထဲ ေအးေအးေဆးေဆး ကုန္ဆုံးခဲ့သည္ ။ ညသည္ ၿငိမ္းခ်မ္းေနၿပီး ဘာမွမျဖစ္ခဲ့ေပ ။
ေနာက္ေန႔မွာေတာ့ သူခြန္အား ျပည့္ဝစြာ ႏိုးထလာခဲ့သည္ ။ ေဆးေၾကာလိုက္ၿပီး အလုပ္သြားရန္အသင့္ျဖစ္ခ်ိန္တြင္ က်ိလဲ့ေ႐ႊ အား ဖုန္းဆက္လိုက္သည္ ။
ဖုန္းဟာ အၾကာႀကီးဝင္ေနေပမယ့္ တစ္ေယာက္မွမကိုင္ခဲ့ေပ ။ လင္ပန႔္ရွ စိုးရိမ္ေနခ်ိန္မွာ တစ္ဖက္က က်ိလဲ့ေ႐ႊရဲ႕ တိုးဖြေနတဲ့အသံကို ၾကားလိုက္ရသည္ ။
က်ိလဲ့ေ႐ႊ ဖုန္းေျဖလာတာကို ၾကားတဲ့အခ်ိန္ လင္ပန႔္ရွ စိတ္သက္သာရာရသြားၿပီး ေျပာလိုက္သည္ ။ "မဂၤလာနံနက္ခင္းပါ မေန႔ညက အိပ္ရတာ အဆင္ေျပရဲ႕လား?"
"ေကာင္းပါတယ္"
က်ိလဲ့ေ႐ႊရဲ႕မပီမျပင္ အသံအရ သိပ္မေကာင္းသလိုပင္ ။
လင္ပန႔္ရွမွဆိုသည္ "ငါဒီေန႔ အလုပ္သြားရမွာမလို႔ မနက္ျဖန္မွ မင္း ပစၥည္းေတြ ပို႔လိုက္မယ္ေနာ္"
"ဟုတ္ၿပီ"က်ိလဲ့ေ႐ႊမွဆိုသည္ ။
လင္ပန႔္ရွမွ ဆိုသည္ "အသံက ဘယ္လိုလုပ္ အားမရွိသလိုျဖစ္ေနရတာလဲ?"
"မဟုတ္ပါဘူး" က်ိလဲ့ေ႐ႊက ဗလုံးပေထြး ေျပာ လာသည္ ။ "ငါအေတာ္ေလး အဆင္ေျပပါတယ္ မင္းသြားေလ ပစၥည္း ေတြကို ငါ့ဆီလာပို႔ဖို႔ မလိုဘူးေနာ္"
လင္ပန႔္ရွက ဟိုဟိုဒီဒီ စကားဆက္ေျပာခ်င္ေသာ္လည္း ဖုန္းက်သြားၿပီျဖစ္သည္ ။
လူႀကီးေတြအတြက္ ဝမ္းနည္းစရာ က ဘယ္ေလာက္ပဲ ေၾကာက္စရာေကာင္းတာေတြကို ႀကဳံခဲ့ႀကဳံခဲ့ အလုပ္ကို မျဖစ္မေန သြားရမည္ပင္ ။ လင္ပန႔္ရွ၏ အလုပ္က အနည္းငယ္ထူးျခားေလသည္ ။ ေရခဲတိုက္ ၊ အသုဘခန္း ႏွင့္ ပတ္သက္ ေနသည္ ။ အသုဘခန္းႏွင့္ ဆက္ႏြယ္မေနေသာ္လည္း သူ႔ရဲ႕အခ်ိန္ ေတာ္ေတာ္မ်ားမ်ားကို မေတာ္တဆမ်ားစြာမွာ ပ်က္စီးေနတဲ့ခႏၶာကိုယ္မ်ားအား ေရခဲတိုက္သို႔ ပို႔ရသည္ ။
တိုက္ေပၚကေန ခုန္ခ်တဲ့ အပိုင္းပိုင္းျဖစ္ေနေသာ အေလာင္းမ်ားမွာ သာမန္သာျဖစ္သည္ ။ အဆိုးဆုံးအေလာင္းမ်ားမွာ ဆိုးဆိုး႐ြား႐ြားတိုက္ခံရတဲ့ ကားမေတာ္တဆျဖစ္ၿပီး တူႏွင့္အထုခံထားသကဲ့သို႔ ၾကည့္မေကာင္းေပ ။
ဒီလိုသဘာဝအရထူးျခားတဲ့အလုပ္ျဖစ္တာေၾကာင့္ အလုပ္မွာ ေတာင္းဆိုခ်က္မမ်ားေပ ။ အမႈရွိရင္လုပ္ရၿပီး အမႈမရွိလွ်င္ ဘာမွမလုပ္ပဲေနလို႔ရသည္ ။ သို႔ေသာ္ ဤအလုပ္ကိုလုပ္ႏိုင္သူ သိပ္မရွိေပ။ လူေတာ္ေတာ္မ်ားမ်ားသည္ ႏွစ္လ သုံးလထက္ပို မလုပ္ႏိုင္ေသာ္လည္း လင္ပန႔္ရွဟာ သူတို႔အတြက္ လူထူးဆန္းတစ္ေယာက္ျဖစ္သည္ ။ သူသည္ ဤ အလုပ္လုပ္ ေနသည္မွာ လုပ္သက္ ႏွစ္ႏွစ္ ပင္ရွိၿပီျဖစ္သည္ ။ ေကာလိပ္မွ ဘြဲ႕ရၿပီးခ်ိန္မွစ၍ သူ႔အလုပ္ကို မေျပာင္းေသးေပ ။ သူ႔အလုပ္က ေၾကာက္ဖို႔ေကာင္းေပမယ့္ အက်ိဳးဆက္ေတာ့မ်ားေသးသည္ ။
ဒီေန႔ လင္ပန႔္ရွ ကံေကာင္းေနသည္ ။ သူအလုပ္စလုပ္ကတည္းက ဘာမွမႀကဳံခဲ့ရ ေသးေပ ။ သူက်ိလဲ့ေ႐ႊကိုသတိရသြားၿပီး စိတ္မခ်ႏိုင္ေသးေပ ။
မနက္ကဖုန္းေျပာၿပီး ကတည္းက က်ိလဲ့ေ႐ႊေပ်ာက္ေနခဲ့သည္ ။ WeChat မွာလည္းျပန္မေျဖ ၊ ဖုန္းလည္းမကိုင္ ၊ အျပင္မွာလည္း တိုက္႐ိုက္မေတြ႕ရေပ ။
လင္ပန႔္ရွသည္ အလုပ္ထဲတြင္ အလြန္ ဝမ္းနည္းေနၿပီး သူအလုပ္ၿပီးရင္ သြားေတြ႕ဖို႔ ေတြးလိုက္သည္။
လင္ပန႔္ရွ၏ လုပ္ေဖာ္ကိုင္ဖက္ လ်ိဳရွီးသည္ ေႏြးေထြးသူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ရွားရွားပါးပါး မ်က္ေမွာင္က်ဳံ႔ေနတာျမင္တဲ့အခါ စူးစမ္းစြာ ေမးလာသည္ ။
"႐ို႕ ပန႔္ရွ ဒီေန႔ဘာျဖစ္လို႔လဲ? ဘာလို႔ဒီေလာက္စိုးရိမ္တဲ့ပုံေပါက္ေနတာတုန္း?"
လင္ပန႔္ရွမွေျပာလာသည္ : "ဘာမွမျဖစ္ပါဘူး"
"ဒီပုံစံကဘာမွမျဖစ္တာလား?" လ်ိဳရွီးမွ ေျပာသည္ "မင္းမ်က္ခုံးေတြကိုၾကည့္ပါဦး က်ဳံ႔ေနတာမ်ား ႏွစ္ခုကပ္ေနၿပီ"
သူ ေကြးလိုက္ၿပီး ၿပဳံးၿဖဲၿဖဲျဖင့္ ဆိုသည္ "ဘ႐ို ဒီေန႔အားေနတာမ်ား ဘာမွလုပ္စရာမရွိဘူးေနာ္~"
သူစကားေျပာေနရင္း တစ္ခ်ိန္ထဲမွာပဲ ေဘးလူကို လက္ျဖင့္ ႐ိုက္ေနသည္ ။ ထိုသူကစိတ္ဆိုးစြာျဖင့္ "လ်ိဳရွီး!မင္း ငါ့အတြက္ ပါးစပ္ပိတ္ထားလို႔မရဘူးလား? ဘယ္စကားကမေျပာရဘူးလဲ ဆိုတာ မသိဘူးလား?"
လ်ိဳရွီးသည္ မသဲကြဲစြာေျပာလာသည္ "အဲ့လိုမ်ိဳးမရွိပါဘူး"
သူတို႔အလုပ္တြင္ မေျပာအပ္တာရွိသည္ ။ လုပ္စရာမရွိ ၊ အားေနသည္ဟုမေျပာရေပ ။ လ်ိဳရွီးက ေတာ့ေျပာသင့္ မေျပာသင့္ စိတ္ထဲသိပ္မထားေပ ။
လ်ိဳရွီး ေျပာတာနာရီဝက္မၾကာေသးခင္မွာပဲ ႐ုံးခန္းထဲရွိဖုန္းသံ ျမည္လာသည္ ။
တျခားလုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္က ဖုန္းေျပာၿပီးေတာ့ လ်ိဳရွီးကို စိမ္းစိမ္းဝါးဝါး ၾကည့္လာၿပီး ေအးစက္စက္ေလသံျဖင့္ ေျပာလာသည္ " ၾကည့္ဦး!အလုပ္ ေပၚလာၿပီ "
လ်ိဳရွီးက "အာ?"ဟုအသံထြက္မိလိုက္ၿပီး ေခါင္းကုတ္ကာ စိတ္အေႏွာင့္အယွက္ျဖစ္စြာေျပာလိုက္သည္ "ဒါဘယ္လိုေတာင္ၿဂိဳဟ္ဆိုးလဲ!"
လင္ပန႔္ရွသည္ သူ၏ပခုံးကိုပုတ္လိုက္ၿပီး ႏွစ္သိမ့္လိုက္သည္ ။
လြန္ခဲ့တဲ့ နာရီဝက္တုန္းက သူတို႔ရဲ႕ၿမိဳ႕အေက်ာ္မွာရွိေနတဲ့ အေဝးေျပးလမ္းေပၚမွာယာဥ္မေတာ္တဆမႈအႀကီးအက်ယ္ ျဖစ္သြားခဲ့သည္ ။ စတီးေတြ တင္ထားတဲ့ကုန္တင္ကားႀကီးတစ္စီးက ႐ုတ္တရက္ ဘရိတ္မမိေတာ့ေပ ။ အေျခအေနမွာ လြန္စြာ ဝမ္းနည္းဖြယ္ေကာင္းသည္ ။
ကုန္တင္ကားႀကီးနားမွာရွိေနတဲ့ ကားအေသးေလးမ်ားမွာ ပ်ိဳးပင္မ်ားကဲ့သို႔ အျဖစ္ဆိုးႀကဳံရၿပီး အဆိုးဆုံးကေတာ့ ကုန္တင္ကားေမွာက္ခ်ိန္မွာ ပိသြားၾကသည္ ။
(ပ်ိဳးပင္ဆိုတာ ကုန္တင္ကားနဲ႔ယွဥ္ရင္ ကားေလးေတြက ပ်ိဳးပင္ေလာက္ဆိုၿပီး ေျပာတာပါ)
ကားကျပားေနၿပီး ကားထဲရွိလူမ်ားမွာလည္းျပင္းထန္သည္မွာ ခန႔္မွန္းရန္ပင္ ခက္လွသည္ ။ အဲ့အခ်ိန္မွာပဲ အခင္းျဖစ္ရာေနရာကို ေနရာခ်ေနၾကၿပီး ကားလမ္းေပၚတြင္ တားဆီးရန္ သံႀကိဳးခ်ထားသည္ ။
လင္ပန႔္ရွတို႔အဖြဲ႕ကလဲ အဝတ္ထပ္ဝတ္လိုက္ၿပီး ကားရဲ႕ေခါင္းပိုင္းကေနမေတာ္တဆဆီ သြားေနသည္ ။
ကားထဲရွိေလထုမွာ တိတ္ဆိတ္ေနၿပီး အားလုံး၏စိတ္အေျခအေန မေကာင္းၾကေပ ။ အမွန္တိုင္းေျပာရရင္ ဒီအလုပ္ကိုလုပ္ေနေပမဲ့လည္း ဒီလိုမေတာ္တဆမ်ိဳးကိုေတြ႕ၿပီး ဘယ္သူမွ စိတ္အဆင္မေျပေပ ။ လင္ပန႔္ရွ ဖုန္းကိုၾကည့္လိုက္ခ်ိန္မွာ ညေန ေျခာက္နာရီခြဲရွိေနၿပီျဖစ္သည္ ။ က်ိလဲ့ေ႐ႊသည္ သူ႔ကိုစာမျပန္ေသးေပ ။ လင္ပန႔္ရွ သက္ျပင္းခ်လိုက္ၿပီး သူ႔ဖုန္းကို အိတ္ထဲ ျပန္ထိုးထည့္လိုက္သည္ ။
တစ္နာရီၾကာၿပီးေနာက္မွာ လင္ပန႔္ရွနဲ႔ လုပ္ေဖာ္ကိုင္ဖက္မ်ားစြာက အခင္း ျဖစ္ရာေနရာသို႔ ေရာက္လာသည္ ။ သူတို႔ေရာက္လာခ်ိန္မွာ ရဲေတြလည္းေရာက္ေနၿပီျဖစ္သည္ ။ ကရိန္းမ်ားျဖင့္ ထရပ္ကားႀကီးကို ဆြဲယူလိုက္ၿပီး မီးသတ္သမားေတြက ေၾကမြေနတဲ့ကား ေတြကို စစ္ေနသည္ ။
လင္ပန႔္ရွတို႔က သူတို႔ေဘးမွ ကိရိယာမ်ားျဖင့္ ေစာင့္ေနလိုက္သည္ ။ ဒဏ္ရာရေနသူ ၁၂၀ ေယာက္ရွိၿပီး အသက္ရွဴေနေသးသည္ ။ အိမ္စီးကားေလးထဲမွ ဒဏ္ရာရေနသူရွိေနမည္ဟု သူတို႔မထင္ထားခဲ့ ၊ မေတာ္တဆသည္ ျပင္းထန္လြန္းၿပီး အသက္ရွင္ဖို႔မျဖစ္ႏိုင္ေပ ။
သူ႔ေရွ႕ရွိကားမွာ ျပားေနေအာင္ ေၾကမြေနသည္။ အမိုးကိုဖ်က္ဖြင့္လိုက္ခ်ိန္ စီးနင္းလိုက္ပါသူမ်ားက ေပၚလာသည္ ။
လူဘယ္ႏွစ္ေယာက္ကို အဝတ္ခြၽတ္ေပးခဲ့ရလဲဆိုတာ သိပ္မမွတ္မိခ်င္ေတာ့ ။ အနည္းဆုံး သုံးေလးေယာက္ရွိသည္ ။
လ်ိဳရွီးသည္ ျမတ္စြာဘုရားဟု ႐ြတ္ေနၿပီး အေလာင္းကိုေသခ်ာသန႔္ရွင္းေနလိုက္သည္ ။ လင္ပန႔္ရွလည္း ႏွာေခါင္းစည္းတပ္လိုက္ၿပီး အလုပ္လုပ္ရန္ ေအာက္ကိုၾကည့္လိုက္သည္ ။
သိပ္သည္းတဲ့အနံ႔တစ္ခုက ႏွာေခါင္းစည္းကိုျဖတ္ၿပီး သူတို႔ႏွာေခါင္းထဲသို႔ဝင္ေရာက္လာခဲ့သည္ ။ လင္ပန႔္ရွသည္ ဝမ္းနည္းပက္လက္ျဖင့္ ငိုသံတစ္ခုကိုၾကားလိုက္ရသည္။ သူလွည့္ၾကည့္လိုက္ခ်ိန္မွာ သူ႔ေနာက္မွာလဲက်ေနတဲ့ အမ်ိဳးသမီးတစ္ဦးကိုေတြ႕လိုက္ရသည္ ။ ကားထဲတြင္ ေသသြားသည့္ လူမ်ား၏ မိသားစုဝင္ျဖစ္မည္ ။ မိသားစုတစ္စုလုံးကို တစ္ခ်ိန္ထဲမွာပဲ ဆုံးရႈံးလိုက္ရသည္ေၾကာင့္ မ်က္ရည္မ်ားစို႐ႊဲေနသည္ ။
"သနားပါတယ္"လ်ိဳရွီးသည္ အသံတိုးတိုးျဖင့္ေရ႐ြတ္လိုက္သည္ "ဒီလိုျဖစ္သြားရတယ္လို႔ ဘယ္သူလဲေတာင္မခြဲႏိုင္ေတာ့ဘူး"
လင္ပန႔္ရွကေျပာသည္ : "မေျပာနဲ႔ေတာ့"
လ်ိဳရွီး မွဆိုသည္ : "အိုင္း တကယ္ လူကိုခံစားရခက္ေစလို႔ပါကြာ"
လင္ပန႔္ရွမွ ထပ္၍ "ရွဴး! "ဟု အသံျပဳသည္ ။ လ်ိဳရွီးလည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ပါးစပ္ပိတ္လိုက္ေတာ့သည္ ။
ဒီအခ်ိန္မွာ စကားမေျပာတာ အေကာင္းဆုံးပဲ ဘာလို႔လဲဆိုေတာ့ ဝမ္းနည္းေၾကကြဲေနတဲ့ မိသားစုဝင္ကို ႏွစ္သိမ့္ရာရမယ့္အစား ပိုဝမ္းနည္းေစလို႔ပင္ ။
လင္ပန႔္ရွဟာ တစ္ဖက္က အေလာင္းအိတ္ထဲ အေလာင္းထည့္ေနရင္း တစ္ဖက္ကလည္း အမႈအား ရဲသားကႏွင့္ေဆြးေႏြးေနသည္ကို နားေထာင္ေနလိုက္သည္ ။
တကယ္ေတာ့ မိသားစုတစ္စုက ကားႏွစ္စီးႏွင့္ ခရီးထြက္လာတာျဖစ္ၿပီး ဇနီးသည္ တစ္ေယာက္သာ မေတာ္တဆမႈကေန လြတ္ေျမာက္လာသည္ ။ ေယာက်ာ္းျဖစ္သူရယ္ ကေလးရယ္ သက္ႀကီးေတြရယ္ကေနာက္ကားကေနလိုက္လာတာေၾကာင့္ ေသျခင္းကေနမလြတ္ေျမာက္ႏိုင္ခဲ့ေပ ။
ဇနီးက မေတာ္တဆျဖစ္ၿပီးေနာက္မွာ ဆင္းလာၿပီး အျမန္လာၾကည့္ေပမဲ့ ဘယ္သူသိမွာလည္း လာၾကည့္ခ်ိန္မွာ ျပားေနတဲ့ကားကိုပဲ ေတြ႕မယ္လို႔ ။
မ်က္စိတစ္ခ်က္ အပိတ္မွာတင္ တစ္မိသားစုဝင္လုံး မရွိေတာ့ဘူး ေျပာင္းလဲမႈကို ဘယ္သူကခံႏိုင္မွာလဲ?
အေလာင္းရဲ႕အေျခအေနကို ျမင္ၿပီးခ်ိန္မွာ နစ္နာသူကို လင္ပန႔္ရွတို႔မျပရဲေတာ့ေပ ။ လွ်င္ျမန္စြာ ကားေပၚတင္လိုက္ၿပီး ေရခဲတိုက္ကိုပို႔လိုက္သည္ ။
အေလာင္းကို ကားေပၚတင္ၿပီးၿပီးခ်င္းမွာပဲ ဆိုး႐ြားတဲ့အေျခအေနေၾကာင့္ ငိုေနခဲ့တဲ့ အမ်ိဳးသမီးဟာ ထတားလာသည္ ။ သူမဟာ ကားေရွ႕မွာ လွဲေနၿပီး သြားခြင့္မေပးေပ ။ ေမွ်ာ္လင့္ခ်က္မဲ့စြာျဖင့္ ဆြဲဆြဲငင္ငင္ ေအာ္ငိုေနၿပီး သူတို႔ကို တစ္ေခါက္ေလာက္ေတြ႕ခ်င္ေၾကာင္း ေျပာေနသည္ ။
ကနဦးမွာေတာ့ ရဲသားဟာ တိုက္တြန္းခ်င္ေပမဲ့ သူမက ဆုံးျဖတ္ထားပုံေပၚေတာ့ သေဘာတူဖို႔ပဲရွိေတာ့သည္ ။
လင္ပန႔္ရွနဲ႔လ်ိဳရွီးတို႔မွာ ကားထဲတြင္ထိုင္ေနရင္း ႏွစ္ေယာက္သားအၾကည့္တစ္ခ်က္စုံလိုက္သည္ ။ သူမကိုၾကည့္ခိုင္းရမွာသိပ္မေကာင္းလွ ။ အမ်ိဳးသမီး၏ အသက္ႏွင့္လည္း အေပးအယူမလုပ္ႏိုင္သျဖင့္ ကားတံခါးသာဖြင့္ေပးလိုက္ေတာ့သည္ ။
အမ်ိဳးသမီးသည္ ေအာ္ငိုေနရင္း ေျခလက္မ်ားႏွင့္ကားေပၚသို႔ တြယ္တက္လာသည္ ။ သူမရဲ႕လက္ေတြက တုန္ေနၿပီး အေလာင္းအိတ္မ်ားကို တစ္အိတ္ၿပီးတစ္အိတ္ လိုက္ဖြင့္ေနသည္ ။ အိတ္ထဲ လူပုံေတာင္မေပၚေတာ့သည့္ အေလာင္းမ်ားကို ေတြ႕လိုက္ရသည္ ။ အတင္းထုတ္ထားရတဲ့အတြက္ အေလာင္း ေကာင္တစ္ခုလုံး နဂိုပုံစံသို႔ျပန္မေတြ႕ရ ေတာ့ေပ ။ အကယ္၍ သာမန္လူသာ ၾကည့္မယ္ဆိုရင္ ေနရာမွာတင္ ထိုးအန္ေလာက္သည္ ။
လြန္ကဲသည့္ ဝမ္းနည္း ေၾကကြဲမႈရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ အမ်ိဳးသမီးဟာ လက္ဆန႔္လိုက္ကာ အေလာင္းကို ဖက္ထားၿပီး ပါးစပ္ကလဲ ဘာေတြေအာ္ငိုေနလဲမသိ ။
လင္ပန႔္ရွ ရပ္ေနသည္မွာ အမ်ိဳးသမီးႏွင့္ပိုနီးေသာေၾကာင့္ အမ်ိဳးသမီးေအာ္ေနသည္ကိုဝါးတိုးဝါးတားၾကားလိုက္ရသည္ ။
"အားလုံးက ငါ့အျပစ္ေတြပါ ငါ့အမွားေတြပါ ငါ့အမွားေတြပါပဲ_ငါကနင္တို႔ကိုေသေစခဲ့တာ_"
သူ႔စိတ္ထဲထူးဆန္းမႈအခ်ိဳ႕ရွိေနသည္ ။ အမ်ိဳးသမီးကဘာလို႔ဒီလိုေျပာေနရတာလဲ?ျဖစ္ႏိုင္တာက အမ်ိဳးသမီးက ခရီးထြက္ခ်င္တာလို႔? မေတာ္တဆျဖစ္တာ?
"သူမတစ္ေယာက္ထဲ က်န္ခဲ့တာပဲ ေၾကကြဲဖြယ္ေကာင္းလြန္းတယ္"လ်ိဳရွီးက ခံစားခ်က္ႏွင့္ သက္ျပင္းခ်လိုက္သည္ ။
လင္ပန႔္ရွက အမ်ိဳးသမီးကိုအနည္းငယ္ ထူးဆန္းစြာျဖင့္ "သူမတစ္ေယာက္ထဲ?အဲ့ဒါဆို ဟိုလူက ဘယ္သူလဲ?"
လ်ိဳရွီးမွေျပာသည္ : "ဘာ?ဘယ္သူ?"
လင္ပန႔္ရွ သတိထားလိုက္ၿပီး အမ်ိဳးသမီးရဲ႕အေနာက္ကို ေသခ်ာၾကည့္လိုက္သည္ ။ ႏႈတ္ခမ္းကို တင္းတင္းက်ပ္က်ပ္ ပိတ္လိုက္ကာ မရွင္းမလင္းေျပာလာသည္ ။ "ဘာမွမဟုတ္ေတာ့ဘူး ငါမွားျမင္တာေနလိမ့္မယ္"
သူဘယ္လိုလုပ္မွားျမင္ႏိုင္မွာလဲ အမ်ိဳးသမီးရဲ႕ ေက်ာေနာက္မွာ တစ္မီတာေလာက္ရွည္တဲ့ ေနရာမွာရွိေနသည္ ။ သူတို႔ရပ္ေနတဲ့ဆီကို ေက်ာေပးထားၿပီးတစ္ကိုယ္လုံး အနက္ေရာင္ ဂါဝန္ရွည္ကို ဝတ္ထားသည္ ။ ထိုလူႏွင့္အမ်ိဳးသမီးမွာ ခႏၶာကိုယ္အ႐ြယ္အစား သိပ္မကြာေပ ။ သူမရဲ႕အေနာက္မွာ ၿငိမ္သက္စြာ ရပ္ေနသည္မွာ အရိပ္ႏွင့္ေတာင္ တူေနေသး၏ ။ အေဝးေျပးလမ္းေပၚမွာ ရဲသားမ်ားႏွင့္ တာဝန္ရွိသူ တခ်ိဳ႕သာ ရွိေနသည္ ။ အဲ့ဒီအနက္ေရာင္ဝတ္အမ်ိဳးသမီးရဲ႕ ႐ုတ္တရက္တည္ရွိမႈကသာထူးဆန္းေနသည္။ ၿပီးေတာ့ ငိုေနတဲ့အမ်ိဳးသမီး ပတ္လည္မွာရွိတဲ့လူေတြက ထိုလူ၏ တည္ရွိမႈကို သတိျပဳမိပုံမရ ။ အားလုံးကကိုယ့္အလုပ္ကို လုပ္ေနၾကသည္ ။
အမ်ိဳးသမီး ငိုၿပီးသြားခ်ိန္မွာေတာ့ ရဲေတြကရဲကားေပၚကေနဆင္းလာသည္ ။ သူမအား ထိန္းေပး၍ရဲကားေပၚသို႔တက္သြားသည္။ သူမေနာက္မွာရွိေနတဲ့ အနက္ေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသမီးဟာလည္း သူတို႔လႈပ္ရွားမႈအတိုင္း ရဲကားထဲသို႔ဝင္သြားသည္။ သူမရဲကားထဲ ဝင္ထိုင္လိုက္ခ်ိန္တြင္ လင္ပန႔္ရွ သူမ၏ မ်က္ႏွာကိုျမင္လိုက္ရသည္ ။ စိတ္ထဲတြင္အနည္းငယ္ ထိန႔္လန႔္သြားရသည္ ။ အနက္ဝတ္ အမ်ိဳးသမီးႏွင့္ မိသားစုဝင္မ်ားဆုံးရႈံးလိုက္ရသည့္ အမ်ိဳးသမီးမွာ ႏွစ္ေယာက္လုံး၏ ပုံစံမွာ အတူတူပင္ျဖစ္သည္ ။ သူမ၏ မ်က္ႏွာအေရာင္ကသာ စကၠဴအတိုင္း ျဖဴေဖ်ာ့ေနသည္မွလြဲက်န္တာအကုန္တူေနသည္။
သူမဟာ ႐ုပ္ေသး႐ုပ္ အတိုင္း အမ်ိဳးသမီးက ေျခတစ္လွမ္းလွမ္းရင္ ထိုသူက တစ္လွမ္း လွမ္းသည္ ။အဲဒါက လင္ပန႔္ရွ ထင္ေယာင္ထင္မွားျဖစ္ ေနတယ္လို႔ ခံစားမိခ်ိန္ သူတို႔ႏွစ္ေယာက္ၾကားက အကြာအေဝးက ပိုနီးလာေလေလပါပဲ...။
"ပန႔္ရွ မင္းဘာၾကည့္ေနတာလဲ" လ်ိဳရွီးသည္ လင္ပန႔္ရွကို ထူးဆန္းစြာၾကည့္လိုက္သည္ ။
"ဘာမွမဟုတ္ပါဘူး"လင္ပန႔္ရွမွ အၾကည့္ကို ျပန္သိမ္းလိုက္ၿပီး ဘာမွမျဖစ္ခဲ့သလို ဖုန္းကိုအၾကည့္ျပန္ပို႔လိုက္သည္။ "ငါတို႔အရင္သြားရေအာင္" က်န္လုပ္ေဖာ္ကိုင္ဖက္မ်ားက အခင္းျဖစ္ပြားရာေနရာကို ရွင္းေနၿပီး ယာဥ္ေၾကာမ်ား ျပန္ေကာင္းလာရန္ ရဲတပ္ဖြဲ႕ကို ကူညီရန္ ေနခဲ့သည္ ။
"သြားမယ္"လ်ိဳရွီး ကားစက္ႏႈိးလိုက္သည္ ။သူတို႔ႏွစ္ေယာက္ အေလာင္းေတြ သယ္လာတဲ့ ကားဟာ ေရခဲတိုက္သို႔ ဦးတည္လိုက္သည္ ။
ကားေပၚထိုင္ေနရင္း လင္ပန႔္ရွတြင္ စိတ္ပ်က္မႈအခ်ိဳ႕ရွိေနသည္ ။ ေဘးဘက္ရွိလ်ိဳရွီးလည္း စိတ္အေျခအေန သိပ္မေကာင္းေပ ။ ရင္ဘတ္ရွိ အိတ္ကပ္ထဲမွ ေဆးလိပ္တစ္လိပ္ကို ထုတ္လိုက္ၿပီး လင္ပန႔္ရွအား ေပးလာသည္။ လင္ပန႔္ရွလည္း ေခါင္းခါလိုက္ၿပီး ယဥ္ေက်းစြာျငင္းလိုက္သည္ ။
လ်ိဳရွီးဟာ တစ္လိပ္ကိုမီးညႇိလိုက္ၿပီး တစ္ခ်က္မႈတ္ထုတ္လိုက္ရင္း ေျပာလာသည္ "ဘာ ေတြစဥ္းစားေနတာလဲ?"
"အိမ္ကကိစၥပါ" လင္ပန႔္ရွမွေျပာသည္"ငါ့အခန္းေဖာ္က သရဲစီးေနသလိုပဲ"
လ်ိဳရွီးမွေျပာသည္ "သရဲစီးတယ္?"
လင္ပန႔္ရွကေတြးလိုက္ၿပီး သူတို႔ရဲ႕ ရပ္ကြက္ အေၾကာင္းကို လ်ိဳရွီးအား ရွင္းျပလိုက္သည္ ။သူ ေျပာၿပီးခ်ိန္မွာ လ်ိဳရွီးကျပဴးၾကည့္လာၿပီး မင္းေျပာတာတကယ္ႀကီးလား?
ဒီနဂိုအလုပ္ကလဲ ေၾကာက္စရာေကာင္းၿပီးေတာ့ ဒီထက္ပိုၿပီး ေၾကာက္ဖို႔ေကာင္းတဲ့ေနရာမွာေနေသးတယ္? ပုံမွန္လူေတြေတာင္မလုပ္ႏိုင္ဘူးဟ! သူနား ေထာင္ၿပီးခ်ိန္မွာ လင္ပန႔္ရွ မ်က္ႏွာအမူအရာကိုေတြ႕ခ်ိန္မွာေတာ့ စူးစမ္းစြာဆိုလာသည္ "ဒါေပမဲ့ မင္းဒါကိုသိပ္မေၾကာက္သလိုပဲ"
လင္ပန႔္ရွမွ ေႏွးေကြးစြာျဖင့္ ေျပာလာသည္ "တကယ္ေတာ့.........ငါလည္းမေၾကာက္တာေတာ့မဟုတ္ဘူး"
"အဲ့ဒါဆို မင္း ဘာလို႔နည္းနည္းေတာင္ မတုံ႔ျပန္ရတာလဲ?"လ်ိဳရွီးကေျပာသည္ "ငါ့မင္းရဲ႕ အရင္လုပ္ ေဖာ္ကိုင္ဖက္ ေတြဆီက ေျပာသံၾကားတာေတာ့ သူတို႔ပထမဆုံးလုပ္တုန္းက အန္တာမ်ား အခ်ိန္အၾကာႀကီးပဲ ။ မင္းကဘာမွမျဖစ္ဘူးတဲ့! မင္းက်ေတာ့ဘာလို႔ ဘာမွမျဖစ္ရတာတုန္း?"
လင္ပန႔္ရွ ေျပာခ်င္ေပမယ့္ရပ္ လိုက္သည္ ။
လ်ိဳရွီးက ေျပာသည္ : " ဘာျဖစ္လို႔လဲ? ေကာ?ဘာလို႔စကားမေျပာေတာ့တာလဲ?"
လင္ပန႔္ရွကေျပာသည္ : "ငါႏွစ္ဝက္ေလာက္ အသားမစားခဲ့တာေရာ သူတို႔မင္းကိုမေျပာခဲ့ဘူးလား"
လ်ိဳရွီးေခါင္းကုတ္လိုက္သည္ ။
"ငါမေၾကာက္တာမဟုတ္ပါဘူး........ဒီတိုင္း တုံ႔ျပန္တာေႏွးေနတာ" လင္ပန႔္ရွက သက္ျပင္းခ်လိုက္ၿပီး " မင္းလမ္းေပၚသြားေနရင္း မင္းရဲ႕ပခုံးကိုတစ္ေယာက္ေယာက္က ပုတ္လိုက္ေပမယ့္လွည့္ၾကည့္လိုက္ခ်ိန္ ဘယ္သူမွမရွိရင္ သာမန္လူဆိုရင္ ေသခ်ာေပါက္ လန႔္သြားမွာ ၊ ဒါေပမယ့္ ငါကေတာ့.......တစ္နာရီၾကာမွ ေၾကာက္ရမွန္းသိလိမ့္မယ္"
လ်ိဳရွီးမွ လင္ပန႔္ရွကိုဆြံ႕အစြာ ၾကည့္ေနၿပီး မေကာင္းဆိုးဝါးတစ္ေကာင္ ျမင္လိုက္သလို ။
လင္ပန႔္ရွမွထပ္ေျပာလာသည္ : " ဒီလိုအေျခအေနက အရမ္းၾကာတယ္ "သူ႔လက္က ကားမွန္ကို ခ်လိုက္ၿပီး ညရဲ႕ေအးစက္တဲ့ေလကိုခံေနလိုက္သည္ ။ အဲ့ဒီအခ်ိန္မွာပဲ မိုး႐ြာလာၿပီး ခ်ထားတဲ့ကားမွန္ကေန ဝင္ေရာက္လာၿပီး လင္ပန႔္ရွ၏ မ်က္မွာကိုလာေရာက္႐ိုက္ခတ္သည္ ။
လ်ိဳရွီးသည္ ႐ုတ္တရက္ တုန္သြားၿပီး ဆိုလာသည္ " ေအးလိုက္တာ လင္ေကာေရ ကားမွန္ကိုပိတ္လိုက္ပါေတာ့ "
လင္ပန႔္ရွမွ အင္းဟုအသံတစ္ခ်က္ျပဳလိုက္ၿပီး မွန္ကိုတင္လိုက္သည္ ။
"မင္း ဘယ္ခ်ိန္ကစၿပီး ကိုယ့္ကိုယ္ကို အဲ့လိုဆိုတာ သိသြားတာလဲ?"လ်ိဳရွီးမွ ဆက္ေျပာလိုက္သည္။
လင္ပန႔္ရွမွေျပာသည္ : "တကၠသိုလ္ တက္တုန္းက မိန္းကေလးတစ္ေယာက္က ေျပာလာတယ္ 'လင္ပန႔္ရွ ငါ Single's day ကို တစ္ေယာက္ထဲမျဖတ္သန္းခ်င္ဘူး"
"ေနာက္ေတာ့ေရာ ေနာက္ေတာ့ေရာ?" လ်ိဳရွီးကေမးလိုက္သည္ ။
လင္ပန႔္ရွမွ ဆိုသည္ "ေနာက္ေတာ့ ငါေျပာလိုက္တာက ဆယ့္တစ္ႏွစ္ထပ္ကို မဆင္ႏႊဲတာလည္းေကာင္းပါတယ္"
လ်ိဳရွီး : "......"
လင္ပန႔္ရွမွဆိုသည္ : "သူမက ေနာက္တစ္ခါထပ္ ေျပာလာတယ္ ငါေျပာလိုက္တာက မျဖစ္ဘူး!မျဖစ္ဘူး! ဆယ္တစ္ႏွစ္ထပ္ကလြဲရင္ ဘယ္ပြဲေတာ္ကိုမွ မျဖတ္သန္းႏိုင္ဘူး"
လ်ိဳရွီး : "ၿပီးေတာ့ေရာ?"
လင္ပန႔္ရွကေျပာသည္ "ၿပီးေတာ့မရွိေတာ့ဘူးေလ" သူကတစ္ခ်က္ရပ္လိုက္ၿပီး ထပ္ျဖည့္ေျပာလိုက္သည္။ "ငါၿပီးခဲ့တဲ့ ဆယ့္တစ္ႏွစ္ထပ္ကမွ သူမဘာကိုဆိုလိုခ်င္လဲဆိုတာ ႐ုတ္တရက္နားလည္သြားတာ "
လ်ိဳရွီး သက္ျပင္းရွည္တစ္ခ်က္ခ်လိုက္ၿပီးေျပာလာသည္ "လင္ေကာရ လင္ေကာ ငါအခုနားလည္သြားၿပီး မင္းမွာ ဘာလို႔ ေကာင္မေလးတစ္ေယာက္ေတာင္မရွိလဲဆိုတာ မင္းၾကည့္ၾကည့္ ငါလိုလူေတာင္ ေကာင္မေလးရွိတယ္!! မင္းကေခ်ာလည္း ေခ်ာၿပီး စ႐ိုက္လည္း ေကာင္းတယ္ ဒါေပမဲ့ ေနာက္ဆုံးေတာ့လည္း ေဘးမွာ ျခင္မပဲဝိုင္းေနတာကိုး"
လင္ပန႔္ရွ သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေျပာလာသည္ : "မင္းမွာ ေကာင္မေလးရွိတယ္? ငါမယုံဘူး!"
လ်ိဳရွီး : "ဟဲဟဲ ေနာက္ရက္က်ရင္ ေခၚလာၿပီး မင္းနဲ႔မိတ္ဆက္ေပးမယ္!"
သူကျဖတ္လတ္စြာေျပာေနရင္း အသံတစ္ခုၾကားလိုက္ရသည္ ။လင္ပန႔္ရွအား တုံ႔ဆိုင္းတုံ႔ဆိုင္းၾကည့္လာၿပီး "လင္ေကာ တစ္ခုခုၾကားလိုက္ေသးလား?"
လင္ပန႔္ရွလည္း နားေထာင္ၾကည့္လိုက္ၿပီး "ကားတြဲကလား?"
ႏွစ္ေယာက္သား အၾကည့္စုံလိုက္ၾကသည္ ။ လ်ိဳရွီး၏ ေနာက္ေက်ာရွိ ေမႊးညႇင္းမ်ားေထာင္လာသည္ ။ ကားတြဲတြင္လူမရွိေပ ။ အပိုင္းပိုင္းျဖစ္ေနေသာ အေလာင္းမ်ားသာရွိေနသည္။ အသံမွာ တစ္စုံတစ္ေယာက္က အေလာင္းအိတ္ကိုကုတ္ေနသံျဖစ္ၿပီး ျခစ္သံမွာ လူတစ္ကိုယ္လုံးကို မ်က္စိတစ္မွိတ္အတြင္း ၾကက္သီးထေစသည္ ။
"ငါလူး! ကားရပ္လိုက္ရမလား? ဘာႀကီးလဲ?" အသံကက်ယ္သထက္က်ယ္လာ ေသာအခါ လ်ိဳရွီးဖင္မၿငိမ္ေတာ့ေပ ။
လီဗာေပၚ တင္ထားသည့္ ေျခေထာက္မွာ တုန္ေနသည္ ။ လင္ပန႔္ရွ သူ႔ပုံစံကိုျမင္လိုက္ခ်ိန္မွာ သူဆက္မေမာင္းႏိုင္ေတာ့ဘူးဆိုတာသိလိုက္သည္ ။ ကားကိုေဘးခ်ရပ္ခိုင္းလိုက္ၿပီး ကိုယ္တိုင္ဆင္းၾကည့္လိုက္သည္ ။
လ်ိဳရွီးက တုန္ေနတဲ့အသံျဖင့္ ေမးလာသည္ : " လင္ေကာ ငါေရာလိုက္ၾကည့္ရမလား? "
လင္ပန႔္ရွမွေျပာလိုက္သည္ : "ရတယ္" လ်ိဳရွီး မွာအလြန္ေၾကာက္ေနပုံေပၚေနၿပီး ခဏဆင္းလာရင္ေတာင္မွ ေသးထြက္က်ေတာ့မလိုပင္ ။
လင္ပန႔္ရွတစ္ခ်က္ ခုန္ဆင္းလိုက္ၿပီး တိတ္တဆိတ္ ကားတြဲဆီ ခ်ည္းကပ္သြားသည္။ လက္ကိုဆြဲတင္လိုက္ၿပီး ကားတံခါးကို ဆြဲမဖြင့္လိုက္သည္ ။ အေလာင္းအိတ္တခ်ိဳ႕မွာ ပြင့္ေနသည္ ။ သူတို႔အေလာင္း ေတြကို ကားေပၚမတင္ခင္ စိတ္ေကာင္းေစတနာျဖင့္ ေသေသခ်ာခ်ာ ထုတ္ပိုးထည့္ထားတာျဖစ္သည္ ။ မ်က္စိေရွ႕မွာတင္ အေလာင္းေတြကို အစီအရီ ပုံထားတာျဖစ္သည္။ တစ္ေယာက္ေယာက္က ေ႐ႊ႕ထားသလိုပင္ ။ ၿပီးေတာ့ ထူးဆန္းတဲ့အသံေတြဟာ အေလာင္းအိတ္ေတြထဲကေန ထြက္လာတာျဖစ္သည္ ။
လင္ပန႔္ရွကားေပၚတက္လိုက္ၿပီး အေလာင္းအိတ္ေတြကို တင္းက်ပ္စြာ အသစ္ျပန္ထုတ္လိုက္သည္ ။ ပုံမွန္အေျခအေနအရ ကားကိုယ္ထည္အိတ္မ်ားသည္ ယိုစိမ့္ေနေသာ္လည္း အေလာင္းမ်ား အလြန္ထိသြားလို႔လားမသိ ေပ ။ အရည္မ်ား ဆက္လက္စိမ့္ထြက္ကာ ကားထဲသို႔ ယိုစိမ့္ေနသည္ ။
လင္ပန႔္ရွသည္ အေလာင္းအိတ္မ်ားကို တစ္ခုၿပီးတစ္ခု ရွာေဖြေနစဥ္ အသံမ်ားလည္း ရပ္သြားသည္ကို ေတြ႕ရသည္။ လင္ပန႔္ရွသည္ ေခါင္းငုံ႔ကာ ဂ႐ုတစိုက္ရွာေဖြခဲ့ေသာ္လည္း ဘာမွ်မေတြ႕ခဲ့ေပ။သို႔ေသာ္ သူ၏မ်က္လုံး ေထာင့္ရွိ ေသးငယ္ေသာ အခ်က္တစ္ခ်က္ကို သူသတိျပဳမိခဲ့သည္။ ေအာက္ေျခအိတ္၏ဇစ္မွာ ဇစ္ပြင့္ ေနသည္။
လ်ိဳရွီးသည္ ဤေနရာတြင္ လအေတာ္ၾကာလုပ္သက္ရွိၿပီး ဇစ္ပိတ္ရန္ ေမ့သြားတာမျဖစ္ႏိုင္ ။ လင္ပန႔္ရွသည္ ဇစ္ကို ခဏၾကာေအာင္ စိုက္ၾကည့္ၿပီးေနာက္ ဇစ္ပိတ္ရန္ လက္ကို တိတ္တဆိတ္ ေျမႇာက္လိုက္သည္။ ထို႔ေနာက္ ဘာမွမျဖစ္သကဲ့သို႔ မတ္တပ္ထရပ္ကာ ကားတံခါးကို တင္းတင္းပိတ္လိုက္သည္။
"ဘာျဖစ္ေနတာလဲ၊ ဘာအသံလဲ" လင္ပန႔္ရွ ျပန္ေရာက္လာသည္ကို လ်ိဳရွီးျမင္ေသာအခါ ထိတ္လန႔္စြာေမးလိုက္သည္။
လင္ပန႔္ရွမွ "ႂကြက္တစ္ေကာင္က ကားထဲကို ဝင္သြားတာမ်ားလွစ္ခနဲ အရိပ္ပဲျမင္လိုက္ရၿပီး ေပ်ာက္သြားတယ္။ ငါတို႔အေလာင္းေတြကို ပို႔ရဦးမယ္ အဲဒါကို ေမ့ထားလိုက္ ျဖည္းျဖည္းခ်င္း ရွာၾကည့္လို႔ရတယ္"
လ်ိဳရွီး က သက္ျပင္းတစ္ခ်က္ခ်ကာ "အိုး! ႂကြက္တစ္ေကာင္ပဲ၊ ငါ့မွာ ေသေအာင္ေၾကာက္လိုက္ရတာ..." လို႔ ေရ႐ြတ္ရင္း သူ႔ကား ေပၚမွာ ႂကြက္ေတြရွိတယ္ဆိုတာ သူသိေၾကာင္းေျပာရင္းသူအရင္ဝယ္ခဲ့တဲ့ ႂကြက္အဆိပ္ဟာ တကယ္ကို အသုံးမဝင္လွပါဘူး။ ႂကြက္ေတြ အကုန္ပုန္းၿပီး ကားေပၚတက္ေနဆဲပါပဲ ။
လင္ပန႔္ရွဟာ ကားမွန္ကိုခ်လိုက္ၿပီး ညာလက္မွာ ေဘာင္ေပၚတင္ထားရင္း တိတ္ဆိတ္ေနသည္ ။
လ်ိဳရွီးကထူးဆန္းစြာျဖင့္ဆိုလာသည္ : " ဘာျဖစ္လို႔လဲ လင္ေကာ?"
လင္ပန႔္ရွက ေခါင္းရမ္းလိုက္ၿပီး "ဘာမွမျဖစ္ပါဘူး ေဆးလိပ္နည္းနည္းေသာက္ခ်င္လာလို႔ တစ္လိပ္ေလာက္ေပးပါလား?"
လ်ိဳရွီးက တဟဲဟဲရီရင္း တစ္လိပ္ကမ္းေပးလိုက္သည္ ။
လင္ပန႔္ရွသည္ ေဆးလိပ္ဂ်ိဳးမဟုတ္ေသာ္လည္း တစ္ခါတရံ တစ္လိပ္ေလာက္ေသာက္တတ္သည္ ။ လမ္းတစ္ဝက္ေလာက္ေရာက္ခ်ိန္မွာေတာ့ သူမ်က္လုံးေမွးထားၿပီး မွိန္းေနလိုက္သည္ ။ ကားေနာက္တြဲရွိ တစ္ ေလွ်ာက္လုံးျမည္ေနတဲ့ အသံေတြက လ်ိဳရွီးကမသက္မသာျဖစ္ေစသည္။ လင္ပန႔္ရွကို တစ္ခ်က္ၾကည့္လိုက္ၿပီး တစ္ခုခု ေျပာခ်င္ေသာ္လည္း ေနာက္ဆုံးတြင္ ဘာမွေျပာမထြက္ေပ ။ ေျခဖ်ား ေအာက္ရွိ လီဗာကိုသာဖိနင္းေနကာ ဦးတည္ရာသို႔အျမန္ သြားလိုက္သည္ ။
ေရခဲတိုက္သို႔ေရာက္ခ်ိန္တြင္ ေနရာခ်ေပးသူမွာ အထဲတြင္ ေစာင့္ေနၿပီျဖစ္သည္ ။
ဤသူကိုလည္း ရင္းႏွီးသည္ ။ ဝမ္က်င္းေခ်ာင္ဟုေခၚသည္ ။ ေန႔တိုင္း သူတို႔အတူ ညနက္တဲ့အထိ အလုပ္လုပ္လာတဲ့အေတြ႕အႀကဳံအရ ထိုသူ၏ စိတ္အေျခအေနမွာ သိပ္မေကာင္းေပ ။ လ်ိဳရွီးဟာလည္း ၿပဳံးစိစိျဖင့္ ထိုလူအားေဆးလိပ္တစ္လိပ္ကမ္းလိုက္ၿပီး စကားေျပာေနလိုက္သည္ ။ သူက ေႏွးေကြးစြာ ေလွ်ာက္လာၿပီး ကားတြဲ ထဲရွိ အေလာင္းမ်ားကို ခ်ဖို႔ျပင္လိုက္သည္ ။
တခ်ိဳ႕ကား မေတာ္တဆမႈမ်ားမွာ အေလာင္းခြဲစစ္ရန္လိုအပ္ေသာ္လည္း ဒီမေတာ္တဆမႈမွာေတာ့ ရွင္းလင္းေနၿပီး အေလာင္းမ်ားမွာလည္း အပိုင္းပိုင္းအစစႏွင့္ သံသယရွိစရာမရွိေသာေၾကာင့္ အေလာင္းစစ္ဖို႔ရန္ေက်ာ္လိုက္သည္ ။ ေရခဲတိုက္က မိသားစုဝင္ကိုေစာင့္ေနၿပီးမွ သၿဂိဳဟ္လို႔ရမွာပင္ ။
ဝမ္က်င္းေခ်ာင္က သူတို႔ကို ဒီေန႔အေျခအေနကိုေမးရင္း ကားေနာက္ကို သြားေနသည္ ။ လက္ကကားတြဲကို ဖြင့္ေနရင္း သူတို႔ကို စကားလွည့္ေျပာေနသည္ ။ "ေျပာသံၾကားတာေတာ့ တစ္အိမ္လုံးဆို?"
သူေျပာၿပီးခ်ိန္မွာပဲ ကားတြဲထဲကို တစ္ခ်က္ၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ မ်က္ႏွာျပာသြားၿပီး အခ်ိန္တစ္ခုအၾကာထိ စကားမေျပာႏိုင္ေသးေပ ။
လ်ိဳရွီးကေန သူ႔မ်က္ႏွာအေရာင္ေျပာင္းသြားခ်ိန္မွာ ဘာျဖစ္လို႔လဲဟု ေမးမလို႔ပဲရွိေသးသည္ ။ ဝမ္က်င္းေခ်ာင္ မွ ေဒါသအျပည့္ႏွင့္ေအာ္လာခဲ့သည္ ။ "မင္းတို႔ဘယ္လိုလုပ္လာတာလဲ!ဘယ္လိုမ်ား ထုတ္ပိုးလာခဲ့တာ? မင့္ေမတဲ့မွ__"
လ်ိဳရွီးႏွင့္ လင္ပန႔္ရွမွာ အဆဲခံရ၍ ခဏေလာက္ၿငိမ္သက္သြားၿပီး ႏွစ္ ေယာက္စလုံး အေရွ႕သို႔သြား၍ ကားတြဲအတြင္းအားၾကည့္လိုက္သည္ ။
သို႔ေသာ္ ကားတြင္းအေျခအေနသည္ သူတို႔ေမွ်ာ္လင့္ထားသည္ထက္ လုံးဝေက်ာ္လြန္သြားခဲ့သည္။ ရွိသမွ် အေလာင္းအိတ္ေတြဟာ ပြင့္ေနခဲ့သည္ ။ အေလာင္းေကာင္မ်ားဟာ အတူစုပုံေနၿပီး အလြန္က်ိဳးပဲ့ေနေသာေၾကာင့္ အသားေတာင္တစ္လုံးလိုပင္ ။ မ်ားစြာ ေသာေသြးေတြဟာလည္း ကားတြင္းတြင္ နီရဲရဲျဖင့္ စြန္းထင္းေနသည္ ။
"ေဝါ့!!!"လ်ိဳရွီးတစ္ခ်က္ၾကည့္မိလိုက္တာနဲ႔ တစ္ဖက္လွည့္အန္လိုက္မိသည္ ။
လင္ပန႔္ရွ၏ မ်က္ႏွာအေရာင္လည္းမရွိေတာ့ ။
"တကယ္ပဲဘာျဖစ္လို႔လဲ!ဒီလိုဆို ဘယ္သူဘယ္ဝါ ဘယ္လိုခြဲမလဲ?" ဝမ္က်င္းေခ်ာင္မွာ စိတ္တိုစြာဆိုလိုက္သည္ ။ "အကုန္လုံးကိုေရာရႈိ႕ပစ္ရမွာလား!? မိသားစုဝင္က ျပႆနာလာရွာရင္ဘယ္လိုလုပ္မလဲ??"
"ဒါေပမဲ့...ဒါေပမဲ့ ငါတို႔မလာခင္တုန္းက ေသခ်ာ ထုတ္ၿပီးသန႔္ရွင္းခဲ့တာေလ"လ်ိဳရွီးမွာ အန္လို႔ၿပီးသြားခ်ိန္တြင္ ပါးစပ္ကိုသုတ္လိုက္ၿပီး တုန္ယင္စြာေျပာလာသည္ "ဘယ္လိုလုပ္ဒီလိုျဖစ္သြားရတာလဲ?.........လင္ေကာ လင္ေကာ?"
လင္ပန႔္ရွသည္ ကားအတြင္းသို႔ တစ္ခ်က္ၾကည့္လိုက္ၿပီးတိတ္ဆိတ္ေနသည္ ။
လ်ိဳရွီးက ထပ္ေျပာခ်င္ေပမယ့္ ဝမ္က်င္းေခ်ာင္မွ သဲလြန္စကိုေတြ႕သြားသည္ ။ လက္ကိုခါလိုက္ၿပီး သူ႔ကို ပါးစပ္ပိတ္ဖို႔ အခ်က္ျပလာၿပီးဆိုသည္ "ရၿပီ ရၿပီ ငါသိၿပီ မိသားစုဝင္ေတြလာတဲ့အခ်ိန္ မင္းတို႔ပဲရွင္းျပလိုက္ေတာ့"
မဲေမွာင္ေနတဲ့ မ်က္ႏွာနဲ႔ေျပာေနရင္း အသားေတာင္ကို ရွင္းဖို႔ လူေခၚလိုက္သည္ ။
လင္ပန႔္ရွႏွင့္လ်ိဳရွီးတို႔ ဇေဝဇဝါျဖင့္ အသံမထြက္ေတာ့ပဲ ေဘးဘက္တြင္ ရပ္ေနလိုက္သည္ ။
လ်ိဳရွီးက ေဆးလိပ္တစ္လိပ္ၿပီးတစ္လိပ္ ေသာက္ေနလိုက္ၿပီး ေဆးလိပ္ကိုင္ထားေသာ လက္မွာ တုန္ယင္ေနသည္။ သူဟာလင္ပန႔္ရွကို ခုနကကားထဲမွာ ၾကားလိုက္ရတဲ့ အသံအေၾကာင္းလိုက္ေမးခ်င္ေနသည္ ။ တကယ္ပဲႂကြက္လား?ဒါေပမဲ့ လင္ပန႔္ရွရဲ႕ တည္ၿငိမ္ေနတဲ့ မ်က္ႏွာကို ျမင္လိုက္တဲ့အခ်ိန္ ပါးစပ္ထဲေရာက္ၿပီးသားစကားေတြကို ေတာင့္တင္းစြာ ျပန္မ်ိဳခ်လိုက္သည္ ။
ဒီဘက္မွာ ကားတြဲကို ခက္ခဲစြာ ရွင္းေနခ်ိန္ က်န္ရစ္သူမိသားစုမွ ရဲကားေပၚကေန လိုက္လာသည္ ။
အခင္းျဖစ္တဲ့ေနရာမွာ သူမကလြဲတစ္ အိမ္လုံး ပါသြားသည္ ။ သာမန္လူေတြအတြက္ မယုံႏိုင္စရာေပ ။ စိတ္ကိုႀကီးမားတဲ့႐ိုက္ခတ္မႈႀကီးပင္ ။
ရဲေတြကလည္း သူမရဲ႕ခံစားခ်က္ေတြကို သိျမင္ခ်ိန္မွာ ဂ႐ုတစိုက္နဲ႔ ဒီကိုပို႔ေပးသည္ ။ ေရခဲတိုက္ရွိလူမ်ားသာ ေရာေနတဲ့ အေလာင္းအပိုင္းမ်ားျဖင့္ အခက္ေတြ႕ေနသည္ ။
အမ်ိဳးသမီးဟာ ရဲကားေပၚကေန ဆင္းလာၿပီး ဖ႐ိုဖရဲျဖစ္ေနသည့္ ကားကိုၾကည့္လာသည္ ။
လ်ိဳရွီးက က်န္ရစ္မိသားစုရဲ႕ အစြန္းေရာက္ တုံ႔ျပန္ခ်က္ကို အနည္းငယ္ ေၾကာက္သြားသည္ ။ လင္ပန႔္ရွေနာက္ကို ေျခလွမ္းအနည္းငယ္ဆုတ္လိုက္ၿပီး အသံတိုးတိုးျဖင့္ဆိုလာသည္ "လင္ေကာ ၊ ကြၽန္ေတာ္တို႔ အ႐ိုက္ေတာ့မခံရေလာက္ဘူးမလား?"
လင္ပန႔္ရွမွ အသံကိုႏွိမ့္ၿပီးေျပာလိုက္သည္ "တစ္ဖက္လူက မိန္းကေလးေလ ၊ ႏွစ္ခ်က္ေလာက္ အ႐ိုက္ခံရလဲ ဘာမွမျဖစ္ေလာက္ပါဘူး"
"ဟုတ္သား"လ်ိဳရွီးက ခါးသီးစြာၿပဳံးလိုက္ၿပီး"အကယ္၍ ငါ့မိသားစုကဒီလိုျဖစ္သြားခဲ့ရင္လည္း လူ႐ိုက္ခ်င္မွာပဲ"
ဒါေပမဲ့ သူတို႔ ခန႔္မွန္းခ်က္ႏွင့္ လြဲသြားသည္မွာ အမ်ိဳးသမီးက ကားထဲရွိ အေျခအေန ကိုေတြ႕သြားၿပီးေနာက္ ေဒါသထြက္ ေသာင္းက်န္းျခင္းမရွိခဲ့ေပ ။ သူမ၏ ျဖဴစုတ္စုတ္ မ်က္ႏွာတြင္ ထူးဆန္းၿပီး ပုံမွန္ မဟုတ္တဲ့အၿပဳံးတစ္ခုကို ၿပဳံးလာသည္ ။ ႏႈတ္ခမ္းနီ အနီေတာက္ေတာက္ကို ဆိုးထားၿပီး ခ်ဲ႕ကားထားေသာအေကြးတစ္ခု ႏႈတ္ခမ္းတြင္ခ်ိတ္ဆြဲထားသည္ ။ ငိုေနသလိုထင္ရၿပီး ၿပဳံးေနပုံလည္းေပၚျပန္သည္ ။ သူမက ေႏွးေကြးေသာ ေျခလွမ္းမ်ားႏွင့္ ကားေဘးကိုေလွ်ာက္လာခဲ့ၿပီး သုန္မႈန္စြာျဖင့္ အေလာင္းအပိုင္းအစမ်ားအား စိုက္ၾကည့္လာသည္ ။
ပါးစပ္ေထာင့္မွ ေကြးတက္လာကာ ေျပာလိုက္သည္ : "နင္တို႔က တကယ္ပဲ ငါ့ကို မိသားစုလို႔ မသတ္မွတ္ဘူးပဲ"
"ငါတကယ္ကို မွန္ေနတာပဲ"အမ်ိဳးသမီးဆီက ရယ္သံတစ္ခ်က္ ထြက္လာၿပီး လွည့္ထြက္သြားသည္ ။ အနက္ေရာင္ဝတ္နဲ႔အမ်ိဳးသမီးမွာလည္း လိုက္ထြက္သြားသည္ ။
သူမရဲ႕ေနာက္မွာ ယခင္အတိုင္း လင္ပန႔္ရွ အခင္းမွာေတြ႕ခဲ့တဲ့ အရိပ္ပမာ တစ္ပုံစံထဲတူတဲ့သူကိုလည္း ေတြ႕လိုက္ရသည္ ။ ႏွစ္ေယာက္ၾကားရွိ အကြာအေဝးမွာ သိသာစြာပိုနီးကပ္လာသည္ ။
စာေရးသူတြင္ ေျပာစရာရွိပါသည္ :
လ်ိဳရွီး : " လင္ေကာ ေဆးလိပ္ေသာက္မလား? "
လင္ပန႔္ရွ : ......
လ်ိဳရွီး : "ကားေနာက္တြဲမွာ ဘာရွိေနတယ္ ထင္လဲ?"
လင္ပန႔္ရွ : ......
လ်ိဳရွီး : "ဒီေန႔ ရာသီဥတု နည္းနည္း ေအးသလားလို႔?"
လင္ပန႔္ရွ : ......
လ်ိဳရွီး :" လင္ေကာ ကြၽန္ေတာ္တို႔ အလုပ္ဆင္းၿပီ "
လင္ပန႔္ရွ : ေသာက္မယ္!
အေဆာက္အအုံအတြင္း အ႐ိုးျပာအိုးထားျခင္းႏွင့္ ဆိုင္ရာ လက္ေတြ႕ဘဝ ေနာက္ခံအေၾကာင္းမ်ား ပါရွိပါသည္။ သတင္းမ်ားတြင္ သြားေရာက္ရွာေဖြႏိုင္ပါသည္။