35 01
အပိုင်း (၃၅)
ပုံမှန်လုပ်နေကျအတိုင်း ကျန်းကျိရင် ယင်ညန်အား အဆုံးမရှိသော စာများပို့၍ စကားပြောတော့သည်။
"ခင်များ ဒီနှစ်ရက်အတွင်း မွေးထားတဲ့ ကြောင်လေးက ကျွန်တော်ဖြစ်နေမယ်လို့ လုံးဝ မျှော်လင့်မထားဘူး ဟုတ်တယ်မလား"
သူရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး အလျင်စလို စာရိုက်လိုက်သည်။
"ဒီနေ့ခေတ်မှာ တိရစ္ဆာန်တွေက သူတို့လိုချင်တဲ့ တစ်စုံတစ်ခု ဖြစ်အောင် ပြောင်းနိုင်ကြတယ်လေ ကျွန်တော့်ကို စိတ်ထဲ ထားမနေနဲ့ ခင်များ တစ်ခြား တိရစ္ဆာန်သေးသေးလေးတွေ ကောက်လာပြီး အိမ်ခေါ်သွားသေးလား အဲဒီဘယ်ကမှန်းမသိတဲ့ဟာလေးတွေနဲ့ လုံးဝ အတူတူမအိပ်နဲ့နော်.....အထူးသဖြင့် သူတို့ရှေ့မှာ ရေမချိုးရဘူး.."
"ဒါပေမဲ့ ကျွန်တော်လေ ခင်များက အဲလို အကောင်သေးသေးလေးတွကို ချစ်တတ်လိမ့်မယ်လို့ လုံးဝ မထင်ထားဘူး.. ကျွန်တော့်မှာလည်း ကြောင်လေး တစ်ကောင်ရှိတယ် အဲတာလေးကို ကျွန်တော်နဲ့ အတူတူ မွေးကြမယ်လေ ကျွန်တော့်ကို နောက်ထပ် ကြောင်တစ်ကောင်လို့ ထပ်မတွေးနဲ့တော့နော် ပြီးတော့ မီမီလို့လဲ မခေါ်နဲ့တော့ ကျွန်တော်တို့ မိသားစုထဲမှာ တကယ့်ကြောင်အစစ်က တစ်ကောင်ပဲ ရှိတယ် "ဒေါက်တာဝိုင်နဲ့ ကျန်းကျိရင်တို့ရဲ့ သားသားလေး" သူ့ကို အိမ်နာမည် "ယင်ရှောက်ရှန်း"လို့ ခေါ်လို့ရတယ်"
"အရမ်းကို စိတ်ပျက်စရာကောင်းတာ သိလား ကျွန်တော်လေ အခုထိ ယိုးခွင်နဲ့ တစ်ခြားသူတွေနဲ့ ဘယ်လို ဆက်လုပ်ရမလဲကို မသိတော့ဘူး"
"ဒီနေ့ ဖောက်သည်တစ်ယောက်လာတယ် ဘော့စ်က ကျွန်တော့်ကို အဲဒီဖောက်သည်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ သယ်ခိုင်း မိတ္တူတွေ ကူးခိုင်းလုပ်ခဲ့ပေမဲ့ အဲဒီဖောက်သည်ကို ရှောင်လိက ရသွားတယ်........ဒါပေမဲ့ ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး...."
ကျန်းကျိရင် ရုတ်တရက် စာရိုက်နေသည်ကို ရပ်လိုက်ပြီး ဂိမ်းထဲမှ သူ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ ကျောပိုးအိတ်၏ ပထမဆုံး သိုလှောင်ဘူးနေရာလွတ်ထဲတွင် ထည့်ထားသော လက်စွပ်ကို ကြည့်လိုက်ပြီး တိတ်တိတ်လေး ပြန်ပိတ်လိုက်သည်။
တကယ့် ယင်ညန်အစစ်ကို သူတွေ့ခဲ့သည်။ လူအစစ်သည် တကယ့်ကို ချည်းကပ်ဖို့ ခက်ခဲသည့်ပုံမပေါ်သလို သူ့ကိုယ်သူလည်း ဂရုမစိုက်သည့် လူမျိုးဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် သူ(ကျန်းကျိရင်)သည် ကြောင်တစ်ကောင်သာ ဖြစ်နေသည် ဆိုပေမဲ့လည်း...
ကျန်းကျိရင် နှုတ်ခမ်းကိုက်၍ မျက်လွှာချကာ စာရိုက်သည်။
"ကျွန်တော် ပျော်တဲ့အချိန်ကျမှပဲ ခင်များကို လက်စွပ်ပေးတော့မယ်"
'တကယ်လို့ တစ်နေ့မှာ ကျွန်တော်က ခင်များကို လက်စွပ်ပေးခဲ့မယ်ဆိုရင်...'
ရုတ်တရက် မျှော်လင့်ချက်ဟုတ်ပုံမပေါ်သော ငွေရောင်မျှော်လင့်ချက် တစ်ခုက နှလုံးသားမည်သည့်နေရာကမှန်း မသိ တိုးထွက်လာသည်။ မူလနှလုံးသားလေးက လမ်းလွှဲသွားပုံရသည်။
"ဝိုင် ကျွန်တော် ခင်များကို အရမ်းလွမ်းတာပဲ...."
သူသည် မောက်စ်ကိုသုံး၍ အဗာတာသေးသေးလေးကို ထိန်းချုပ်ကာ ငြိမ်သက်နေသော လူသေးသေးလေးကို သွားဖက်စေလိုက်သည်။
---------------------
ကျန်းကျိရင် နိုးလာချိန်တွင် <Tomorrow> ကမ္ဘာတွင် ညနေငါးနာရီထိုး ဖြစ်သည်။ နွေးထွေးသော လိမ္မော်ရောင် နေရောင်တို့က အခန်းထဲ ဖြာကျနေပြီး တိတ်ဆိတ်စွာ အခန်းကို သန့်စင်ပေးနေဟန်ဖြင့် လင်းထိန်နေစေသည်။ သူ တံခါးကို တွန်းဖွင့်လိုက်သည်။ စခန်းသည် ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေပြီး ပို၍လည်း သန့်ရှင်းသပ်ရပ်နေသည်။ လူတိုင်းသည် ဟိုသည်ပြေးလွှားနေကြပြီး တိုးတိုးနှင့်စကားပြောနေကြသည်။
ကျန်းကျိရင် တာ့တောက်ကို သွားရှာသည်။ သူရှာတွေ့သောအချိန်တွင် တာ့တောက်သည် လောင်ကျူနှင့် ရှောင်ကျင်းတို့နှင့် အတူရှိနေကြကာ ရေနွေးသောက်ရင်း စကားပြောနေကြသည်။ ကမ္ဘာပျက်ကပ်တွင် လူများသည် လက်ဖက်ရည် သို့မဟုတ် အရက်ဝိုင်းတည်ပြီး စကားစမြည်ပြောကြသည့်အစား ရေနွေးအိုးတည်ပြီး ရေနွေးသောက်ရင်း စကားပြောကြသည်။
သူဝင်လာသည်ကို မြင်သော် လောင်ကျူက သူ့အတွက် တစ်ခွက်ထည့်ပေးပြီး နှုတ်ဆက်လာသည်။
35 02
"ကပ္ပတိန် တစ်ခွက်တစ်ဖလားလောက် သောက်ကြရအောင်လေ"
ကျန်းကျိရင် ခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်သည်။
"ဒီနေ့ဘာလို့ တအား တိတ်ဆိတ်နေတာလဲ"
ရှောင်ကျင်းက ပြောသည်။
"အဲဒါ ကျွန်တော် ကပ္ပတိန်ကို အရင်ကပြောဖူးတဲ့ အရေးကြီးဧည့်သည်တွေ လာမှာမို့လို့လေ ခေါင်းဆောင်တွေနဲ့ တစ်ခြား ရာထူးကြီးတဲ့သူတွေ အားလုံး အဲဒီလူတွေကို နှုတ်ဆက်ဖို့ ထွက်သွားကြပြီ ကျွန်တော်တို့လို ပမွှားလေးတွက ကိုယ့်နေရာကိုယ်သိပြီး ငြိမ်ငြိမ်နေရမယ်လေ မဟုတ်ရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်မှာ"
"အိုး"
ကျန်းကျိရင် ထိုအတိုင်းသာ တုံ့ပြန်လိုက်ပြီး လိကျွင်း ဒဏ်ရာရခဲ့သည်ကို ကြားမိသည်။
"ဒီနေ့ လိကျွင်းနဲ့ ကျွန်တော်တို့ကို တစ်ခြားအဖွဲ့တစ်ခုက လာငှားတာလေ ကျွန်တော်တို့ နေ့လည်ကပဲ ပြန်ရောက်တာ လိကျွင်းက ဒစ်ရာရသွားတယ်ဆိုပေမဲ့ တအားကြီး မပြင်းပါဘူး လက်ကျိုးသွားတာ အခုတော့ အခန်းပြန်ပြီး ပြန်ကောင်းလာအောင် နားနေတယ်"
တာ့တောက်က ပြောသည်။
"ကျွန်တော် သူ့ကို သွားကြည့်လိုက်ဦးမယ်"
ကျန်းကျိရင် ထရပ်လိုက်သည်။
"ကျွန်တော်လည်း လိုက်မယ်"
ရှောင်ကျင်းနှင့် လောင်ကျူတို့ကလည်း သွားချင်နေကြသည်။ တာ့တောက်မှာ နေ့တစ်ဝက်လုံး အလုပ်လုပ်ပြီး၍ ပင်ပန်းသည်ဆိုကာ မသွားတော့ပေ။ တံခါးဖွင့်၍ သူတို့ကို လိုက်ပို့ပြီး အိပ်လိုက်တော့သည်။
လိကျွင်းသည် ပြည်သူ့ရင်ပြင်တစ်ဖက်ရှိ အခြားအဆောက်အအုံတစ်ခုတွင် နေထိုင်သည်။ သူ့ထံသွားရန် ကျန်းကျိရင် ပြည်သူ့ရင်ပြင်ကို ဖြတ်လျှောက်ဖို့ လိုသည်။ ရှေ့မှ သွားနေသော လောင်ကျူ ရုတ်တရက် ရပ်သွားသည်။ သူတို့နှင့် သိပ်မဝေးသော နေရာမှ လူတစ်စုကို လှည့်၍ လက်ညှိုးထိုးပြသည်။
"အဲတာ ဧည့်သည်အသစ်တွေနေမှာ ကပ္ပတိန် ကျွန်တော်တို့ မသွားခင် သူတို့အရင်ဖြတ်သွားခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်နော်"
ကျန်းကျိရင် ခေါင်းညိတ်သည်။
သာမန်လူများနှင့်ယှဉ်လျှင် စွမ်းအားရှင်များ၏ အာရုံခြောက်ပါးက ပို၍ တိုးတက်ကောင်းမွန်လာသည်။ တိကျမှုစွမ်းရည်ရှိသော ကျန်းကျိရင်က ပို၍ ကောင်းသည်ဟု ပြောရမည်။ သူ့အမြင်အာရုံသည် ထိပ်တန်းအဆင့်ဖြစ်နေပြီး သူတို့၏ မျက်နှာများကို ကြည်လင်ပြတ်သားစွာ မြင်ရသည်။
ရှေ့ဆုံးမှ တစ်ယောက်သည် စခန်းခေါင်းဆောင်ဖြစ်သည်။ မတိုင်ခင် ကျန်းကျိရင် ထိုသူကို တစ်ခေါက်မြင်ဖူးထားသည်။ နောက်တွင် စခန်းမှ တစ်ခြားသော အဆင့်မြင့် ခေါင်းဆောင်များ ဖြစ်ကြကာ တပ်ခွဲအသီးသီး၏ ခေါင်းဆောင်များလည်း ပါသေးသည်။ တစ်ခြားသော အုပ်စုကတော့ သူမသိသည့် မျက်နှာများဖြစ်သည်။
သေချာပေါက် ထိုမျက်နှာသစ်များသည် ဧည့်သည်များသာ ဖြစ်ရမည်။
ထင်သာမြင်သာရှိလှသော လူငယ်တစ်ယောက်က ခေါင်းဆောင်နှင့် လမ်းလျှောက်ရင်း စကားပြောနေသည်။ သူ့တွင် နူးညံ့သိမ်မေ့သော မျက်နှာပေါက်မျိုးရှိပြီး ခေါင်းဆောင်နှင့် ချောမွေ့စွာ စကားပြောနေနိုင်သည်။ သူတို့ရှေ့တွင် တစ်ခြားသူတစ်ယောက်၏ လမ်းညွှန်မှုအောက်တွင် စိတ်ပါလက်ပါ လျှောက်လှမ်းပုံပေါက်သော လူတစ်ဘောက်ရှိသည်။
သူ့မျက်နှာသည် ရေခဲတုံးကဲ့သို့ အေးစက်နေပြီး သူ၏ အနက်ရောင်မျက်ဝန်းများက လူတိုင်းကို မိုင်ထောင်ချီလွင့်သွားအောင် လုပ်မည့်အလား ပို၍ပင် အေးစက်နေသည်။ ထိုလူက ရှေ့မှ ဦးဆောင်၍ လျှောက်နေပြီး လူငယ်နှင့် စကားပြောနေသော ခေါင်းဆောင်က ထိုသူကို တစ်ချိန်လုံး ခိုးကြည့်နေသည်။
ကျန်းကျိရင်မှာ စိတ်တစ်ခုလုံး ဗလာဖြစ်သွားအောင် ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ ဘာမှမတွေးနိုင်အောင် ဗလာဖြစ်သွားသည်။
အလွန်အံ့အားသင့်လွန်း၍ ဘာပြောရမှန်းကို မသိတော့ပေ။၊
'ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ဒီလောက် ပွင့်ပွင့်လင်းလင်းကြီး ပေါ်လာရဲရတာလဲ'
35 03
သို့သော် သူ့မျက်နှာကတော့ ပုံမှန်အတိုင်း တည်တံ့နေဆဲပါပေ။ ထိုအုပ်စုမှာ လမ်းလျှောက်လာရင်း တဖြည်းဖြည်းနှင့် ကျန်းကျိရင်နားသို့ပင် ရောက်လာနေပြီဖြစ်သည်။ ကျန်းကျိရင်သည် လူငယ်လေးက အလွန်ကို မြင်သာလောက်အောင် စိတ်လှုပ်ရှားနေသော စခန်းခေါင်းဆောင်ကို နှစ်သိမ့်သလို သေချာစွာ ပြောသည့်အသံကို ကြားလိုက်ရသည်။
"မစ်စတာလျန် ဒေါက်တာယင်က အရင်တုန်းထဲက ဒီလိုမျိုးပါပဲ ခင်များ....ခင်များ....စိတ်ဆိုးနေတယ်လို့ မထင်ပါနဲ့ သူကအရင်ထဲက ဒီပုံစံမို့လို့ပါ"
မျှော်လင့်ချက်စခန်းခေါင်းဆောင်က ပြာပြာသလဲဖြစ်သွားပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"မဖြစ်ပါဘူး မဖြစ်ပါဘူး ဒေါက်တာယင်က လူသားမျိုးနွယ် တကျော့ပြန်ဦးထောင်လာဖို့ ကြီးမားတဲ့ စွမ်းဆောင်မှုကြီး လုပ်ပေးထားတာ ကျွန်တော်က ဒေါက်တာ့ကို အမြဲတမ်း အရမ်းလေးစားနေတာ ဒီနေ့ ကျွန်တော်က သူ့ကိုမြင်တော့ အရမ်းအံ့ဩသွားမိတာ ငယ်သေးတော့လေ သူက တကယ့်ကို အရည်အချင်းရှိတဲ့ ပါရမီအပြည့်နဲ့ လူငယ်လေးပဲဗျာ"
ထိုမျိုးရိုးနာမည်ကို ကြားသွားသော ကျန်းကျိရင်မှာ ဆက်၍ မထိန်းနိုင်တော့ပေ။ သူတို့ ဝေးဝေးမရောက်သေးခင် လောင်ကျူဘက်သို့လှည့်၍ မေးလိုက်သည်။
"အစ်ကိုကျူ ဒေါက်တာယင်ရဲ့ နာမည်က ဘယ်သူတဲ့လဲ"
လောင်ကျူက ခေါင်းယမ်းလိုက်ပြီး
"ဒါ ကျွန်တော်လည်း မသိဘူးရော"
ရှောင်ကျင်းက ဝင်ပြောလိုက်သည်။
"ကျွန်တော်သိတယ် ကျွန်တော်သိတယ် ကျွန်တော်သူတို့ပြောတာ ကြားလိုက်တယ် ယင်ညန် ထင်တယ်"
ကျန်းကျိရင် "..........."
'ဘော့စ်'
'သူ တကယ်ကြီး မျိုးရိုးနာမည်လည်းမပြောင်း နာမည်လဲ မပြောင်းဘဲ ပေါ်လာရအောင် တအားတွေ သတ္တိကောင်းနေတာပဲ'
ဂိမ်းရေးဆွဲသူများသည် ယင်ညန်ကို ဆက်တင်ချခဲ့ချိန်တွင် စွမ်းရည်အားလုံးကို အဆင့်အမြင့်ဆုံးအဆင့်အထိ ကျွမ်းကျင်သူဟူသည့် ဆက်တင်မျိုးချပေးခဲ့ပြီး "အသွင်ပြောင်း" စွမ်းရည်ကိုလည်း ပေးခဲ့သည်။ သူသည် ဤစွမ်းရည်ကြောင့် တိရစ္ဆာန်များ တစ်ခြားသော ပစ္စည်းများ လူများအသွင်ယူနိုင်ပြီး အသွင်ပြောင်းစွမ်းရည်သည်လည်း အဆင့်မြင့်ဆုံးဖြစ်သောကြောင့် မည်သို့မျှ ပေါ်သွားနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ကျန်းကျိရင်၏ အတွေးထဲတွင် ဘော့စ်သည် တစ်ခြားတစ်ယောက်အသွင်ပြောင်း၍ ပေါ်လာသင့်သည်။ သို့မှသာ တစ်ခြားသူများထံတွင် အလွယ်တကူ မမိသွားမှာဖြစ်သည်။
သို့သော် ယင်ညန်ကတော့ ဘာတစ်ခုမှ ပြောင်းလဲမထားပေ။ သူ့တွင် အလွန်အကျွံ ပြီးပြည့်စုံသည့် မျက်နှာရှိနေဆဲဖြစ်ပြီး စခန်းတလျှောက် ကိန်းကြီးခမ်းကြီး ဘုရင်တိုင်းခန်းလှည့်သလို လှည့်နေသေးသည်။
ကျန်းကျိရင်ကတော့ တွေးလေ တွေးလေ ရတက်မအေးလေ ဖြစ်နေတော့သည်။
လက်ရှိ ဂိမ်းဇာတ်ကြောင်းတွင်ပင် တရားမျှတမှုဘက်မှ မည်သည့် NPC ကမှ ဒေါက်တာဝိုင်၏ နာမည်အရင်းကို မသိကြသလို သူ၏ပုံပန်းသွင်ပြင်ကိုလည်း မသိကြ။ သူအသက်ဘယ်လောက်ရှိမှန်း မသိကြသလို ယောက်ျားလား မိန်းမလားပင် မသိပေ။
ကစားသမားများကသာ ဂိမ်းတရားဝင်ဝဘ်ဆိုက်ကို ဝင်ကြည့်၍ သိကြခြင်းဖြစ်ပြီး ဂိမ်းကုမ္ပဏီဘက်မှလည်း ပရိုမိုးရှင်း ရုပ်ရှင်များနင့် ဂိမ်းအန်နီမေးရှင်များတွင် ဒေါက်တာဝိုင်ကို ပြည့်စုံစွာ သရုပ်ဖော်ပေးကြပြီး ဝိုင်၏ ဇာတ်ကောင်ကို မိတ်ဆက်ပေးခဲ့သည်။
ထို့ကြောင့် သီအိုရီများအရ ယင်ညန် ဤသို့ ပေါ်လာလျှင်ပင် ဘာပြဿနာမှ ရှိမှာ မဟုတ်ပေ။
'ဒါပေမဲ့.... အခု ဒေါက်တာဝိုင်က သူ့ကိုယ်သူ တရားမျှတမှုဘက်တော်သား လေးစားစရာကောင်းလိုက်တဲ့ အနာဂတ်မျှော်လင့်ချက်လေး ဟန်ဆောင်ပြီး ဒီဘက်ကို လာကျူးကျော်နေတယ်လေ....'
ကျန်းကျိရင် ဤသို့ ဒရာမာဆန်လှသည့် အဖြစ်မျိုး ဂိမ်းထဲတွင် တစ်ခါမှ ပေါ်မလာဖူးကြောင်း သူ့ကျောပိုးအိတ်ထဲမှ လက်စွပ်နှင့် လောင်းရဲသည်။
ကျန်းကျိရင် အတွေးထဲ နစ်နေသည်။ ရှောင်ကျင်းက သူ့ကို တွန်းလိုက်ပြီး
35 04
"ကပ္ပတိန် ကပ္ပတိန် ဘာမှားနေလို့လဲ"
ကျန်းကျိရင် ခေါင်းယမ်းလိုက်ပြီး
"ဘာမှ မဟုတ်ပါဘူး"
ရှောင်ကျင်းက သူ့ကို တံတောင်နှင့်တွက်လိုက်ရင်း
"ကပ္ပတိန် ကပ္ပတိန် အဲဒီလူကို မသိဘူးလား ဟုတ်လား ဒေါက်တာယင်ကိုပြောတာ"
ကျ်နးကျိရင် ခေါင်းယမ်းလိုက်သည်။ သူ မလိမ်ပါ။ ယခု ကျန်းကျိရင်အနေနှင့် တကယ်ပဲ သူ့ကို မသိပါ။ ဒေါက်တာယင်အနေနဲ့ဖြစ်စေ ဝိုင်အနေနဲ့ဖြစ်စေ သူ့ကို မသိသေးပါ။
ရှောင်ကျင်းက မှန်း၍ပြောသည်။
"ကျွန်တော်သိသားပဲ ကပ္ပတိန် သူ့ကို မသိလောက်ပါဘူးဆို ဒါပေမဲ့ ခုနက ကပ္ပတိန် ငေးသွားတုန်းက အဲဒီလူက ကျွန်တော်တို့ကို တမင်တကာ လှည့်ကြည့်သွားတယ်ထင်တယ် သိလား"
ကျန်းကျိရင် "............အို.."
အရေးမကြီးပါ။
သူက ဘော့စ်ကို သွား၍ စိုက်ကြည့်မိသူဖြစ်ပြီး ကြည့်မိသည်ကလည်း သေချာပေါက် တစ်ချက်ကြည့်ရုံသာ မဟုတ်။
ဘော့စ်က ပြန်ကြည့်သွားလျှင်လည်း သူ့တွင် ဆုံးရှုံးစရာ ဘာမှ မရှိပေ။
.......................................
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
35 01
အပိုင္း (၃၅)
ပုံမွန္လုပ္ေနက်အတိုင္း က်န္းက်ိရင္ ယင္ညန္အား အဆုံးမရွိေသာ စာမ်ားပို႔၍ စကားေျပာေတာ့သည္။
"ခင္မ်ား ဒီႏွစ္ရက္အတြင္း ေမြးထားတဲ့ ေၾကာင္ေလးက ကြၽန္ေတာ္ျဖစ္ေနမယ္လို႔ လုံးဝ ေမွ်ာ္လင့္မထားဘူး ဟုတ္တယ္မလား"
သူ႐ုတ္တရက္ တစ္စုံတစ္ခုကို ေတြးမိလိုက္ၿပီး အလ်င္စလို စာ႐ိုက္လိုက္သည္။
"ဒီေန႔ေခတ္မွာ တိရစာၦန္ေတြက သူတို႔လိုခ်င္တဲ့ တစ္စုံတစ္ခု ျဖစ္ေအာင္ ေျပာင္းႏိုင္ၾကတယ္ေလ ကြၽန္ေတာ့္ကို စိတ္ထဲ ထားမေနနဲ႔ ခင္မ်ား တစ္ျခား တိရစာၦန္ေသးေသးေလးေတြ ေကာက္လာၿပီး အိမ္ေခၚသြားေသးလား အဲဒီဘယ္ကမွန္းမသိတဲ့ဟာေလးေတြနဲ႔ လုံးဝ အတူတူမအိပ္နဲ႔ေနာ္.....အထူးသျဖင့္ သူတို႔ေရွ႕မွာ ေရမခ်ိဳးရဘူး.."
"ဒါေပမဲ့ ကြၽန္ေတာ္ေလ ခင္မ်ားက အဲလို အေကာင္ေသးေသးေလးတြကို ခ်စ္တတ္လိမ့္မယ္လို႔ လုံးဝ မထင္ထားဘူး.. ကြၽန္ေတာ့္မွာလည္း ေၾကာင္ေလး တစ္ေကာင္ရွိတယ္ အဲတာေလးကို ကြၽန္ေတာ္နဲ႔ အတူတူ ေမြးၾကမယ္ေလ ကြၽန္ေတာ့္ကို ေနာက္ထပ္ ေၾကာင္တစ္ေကာင္လို႔ ထပ္မေတြးနဲ႔ေတာ့ေနာ္ ၿပီးေတာ့ မီမီလို႔လဲ မေခၚနဲ႔ေတာ့ ကြၽန္ေတာ္တို႔ မိသားစုထဲမွာ တကယ့္ေၾကာင္အစစ္က တစ္ေကာင္ပဲ ရွိတယ္ "ေဒါက္တာဝိုင္နဲ႔ က်န္းက်ိရင္တို႔ရဲ႕ သားသားေလး" သူ႔ကို အိမ္နာမည္ "ယင္ေရွာက္ရွန္း"လို႔ ေခၚလို႔ရတယ္"
"အရမ္းကို စိတ္ပ်က္စရာေကာင္းတာ သိလား ကြၽန္ေတာ္ေလ အခုထိ ယိုးခြင္နဲ႔ တစ္ျခားသူေတြနဲ႔ ဘယ္လို ဆက္လုပ္ရမလဲကို မသိေတာ့ဘူး"
"ဒီေန႔ ေဖာက္သည္တစ္ေယာက္လာတယ္ ေဘာ့စ္က ကြၽန္ေတာ့္ကို အဲဒီေဖာက္သည္နဲ႔ပတ္သက္တဲ့ ပစၥည္းေတြ သယ္ခိုင္း မိတၱဴေတြ ကူးခိုင္းလုပ္ခဲ့ေပမဲ့ အဲဒီေဖာက္သည္ကို ေရွာင္လိက ရသြားတယ္........ဒါေပမဲ့ ကိစၥမရွိပါဘူး ကိစၥမရွိပါဘူး...."
က်န္းက်ိရင္ ႐ုတ္တရက္ စာ႐ိုက္ေနသည္ကို ရပ္လိုက္ၿပီး ဂိမ္းထဲမွ သူ၏ ေက်ာပိုးအိတ္ကို ဖြင့္လိုက္သည္။ ေက်ာပိုးအိတ္၏ ပထမဆုံး သိုေလွာင္ဘူးေနရာလြတ္ထဲတြင္ ထည့္ထားေသာ လက္စြပ္ကို ၾကည့္လိုက္ၿပီး တိတ္တိတ္ေလး ျပန္ပိတ္လိုက္သည္။
တကယ့္ ယင္ညန္အစစ္ကို သူေတြ႕ခဲ့သည္။ လူအစစ္သည္ တကယ့္ကို ခ်ည္းကပ္ဖို႔ ခက္ခဲသည့္ပုံမေပၚသလို သူ႔ကိုယ္သူလည္း ဂ႐ုမစိုက္သည့္ လူမ်ိဳးျဖစ္ေနသည္။ သူ႔မ်က္လုံးထဲတြင္ သူ(က်န္းက်ိရင္)သည္ ေၾကာင္တစ္ေကာင္သာ ျဖစ္ေနသည္ ဆိုေပမဲ့လည္း...
က်န္းက်ိရင္ ႏႈတ္ခမ္းကိုက္၍ မ်က္လႊာခ်ကာ စာ႐ိုက္သည္။
"ကြၽန္ေတာ္ ေပ်ာ္တဲ့အခ်ိန္က်မွပဲ ခင္မ်ားကို လက္စြပ္ေပးေတာ့မယ္"
'တကယ္လို႔ တစ္ေန႔မွာ ကြၽန္ေတာ္က ခင္မ်ားကို လက္စြပ္ေပးခဲ့မယ္ဆိုရင္...'
႐ုတ္တရက္ ေမွ်ာ္လင့္ခ်က္ဟုတ္ပုံမေပၚေသာ ေငြေရာင္ေမွ်ာ္လင့္ခ်က္ တစ္ခုက ႏွလုံးသားမည္သည့္ေနရာကမွန္း မသိ တိုးထြက္လာသည္။ မူလႏွလုံးသားေလးက လမ္းလႊဲသြားပုံရသည္။
"ဝိုင္ ကြၽန္ေတာ္ ခင္မ်ားကို အရမ္းလြမ္းတာပဲ...."
သူသည္ ေမာက္စ္ကိုသုံး၍ အဗာတာေသးေသးေလးကို ထိန္းခ်ဳပ္ကာ ၿငိမ္သက္ေနေသာ လူေသးေသးေလးကို သြားဖက္ေစလိုက္သည္။
---------------------
က်န္းက်ိရင္ ႏိုးလာခ်ိန္တြင္ <Tomorrow> ကမာၻတြင္ ညေနငါးနာရီထိုး ျဖစ္သည္။ ေႏြးေထြးေသာ လိေမၼာ္ေရာင္ ေနေရာင္တို႔က အခန္းထဲ ျဖာက်ေနၿပီး တိတ္ဆိတ္စြာ အခန္းကို သန႔္စင္ေပးေနဟန္ျဖင့္ လင္းထိန္ေနေစသည္။ သူ တံခါးကို တြန္းဖြင့္လိုက္သည္။ စခန္းသည္ ပုံမွန္ထက္ ပို၍ တိတ္ဆိတ္ေနၿပီး ပို၍လည္း သန႔္ရွင္းသပ္ရပ္ေနသည္။ လူတိုင္းသည္ ဟိုသည္ေျပးလႊားေနၾကၿပီး တိုးတိုးႏွင့္စကားေျပာေနၾကသည္။
က်န္းက်ိရင္ တာ့ေတာက္ကို သြားရွာသည္။ သူရွာေတြ႕ေသာအခ်ိန္တြင္ တာ့ေတာက္သည္ ေလာင္က်ဴႏွင့္ ေရွာင္က်င္းတို႔ႏွင့္ အတူရွိေနၾကကာ ေရေႏြးေသာက္ရင္း စကားေျပာေနၾကသည္။ ကမာၻပ်က္ကပ္တြင္ လူမ်ားသည္ လက္ဖက္ရည္ သို႔မဟုတ္ အရက္ဝိုင္းတည္ၿပီး စကားစျမည္ေျပာၾကသည့္အစား ေရေႏြးအိုးတည္ၿပီး ေရေႏြးေသာက္ရင္း စကားေျပာၾကသည္။
သူဝင္လာသည္ကို ျမင္ေသာ္ ေလာင္က်ဴက သူ႔အတြက္ တစ္ခြက္ထည့္ေပးၿပီး ႏႈတ္ဆက္လာသည္။
35 02
"ကပၸတိန္ တစ္ခြက္တစ္ဖလားေလာက္ ေသာက္ၾကရေအာင္ေလ"
က်န္းက်ိရင္ ေခါင္းညိတ္ၿပီး ဝင္ထိုင္လိုက္သည္။
"ဒီေန႔ဘာလို႔ တအား တိတ္ဆိတ္ေနတာလဲ"
ေရွာင္က်င္းက ေျပာသည္။
"အဲဒါ ကြၽန္ေတာ္ ကပၸတိန္ကို အရင္ကေျပာဖူးတဲ့ အေရးႀကီးဧည့္သည္ေတြ လာမွာမို႔လို႔ေလ ေခါင္းေဆာင္ေတြနဲ႔ တစ္ျခား ရာထူးႀကီးတဲ့သူေတြ အားလုံး အဲဒီလူေတြကို ႏႈတ္ဆက္ဖို႔ ထြက္သြားၾကၿပီ ကြၽန္ေတာ္တို႔လို ပမႊားေလးတြက ကိုယ့္ေနရာကိုယ္သိၿပီး ၿငိမ္ၿငိမ္ေနရမယ္ေလ မဟုတ္ရင္ ကြၽန္ေတာ္တို႔ပဲ ဒုကၡေရာက္မွာ"
"အိုး"
က်န္းက်ိရင္ ထိုအတိုင္းသာ တုံ႔ျပန္လိုက္ၿပီး လိကြၽင္း ဒဏ္ရာရခဲ့သည္ကို ၾကားမိသည္။
"ဒီေန႔ လိကြၽင္းနဲ႔ ကြၽန္ေတာ္တို႔ကို တစ္ျခားအဖြဲ႕တစ္ခုက လာငွားတာေလ ကြၽန္ေတာ္တို႔ ေန႔လည္ကပဲ ျပန္ေရာက္တာ လိကြၽင္းက ဒစ္ရာရသြားတယ္ဆိုေပမဲ့ တအားႀကီး မျပင္းပါဘူး လက္က်ိဳးသြားတာ အခုေတာ့ အခန္းျပန္ၿပီး ျပန္ေကာင္းလာေအာင္ နားေနတယ္"
တာ့ေတာက္က ေျပာသည္။
"ကြၽန္ေတာ္ သူ႔ကို သြားၾကည့္လိုက္ဦးမယ္"
က်န္းက်ိရင္ ထရပ္လိုက္သည္။
"ကြၽန္ေတာ္လည္း လိုက္မယ္"
ေရွာင္က်င္းႏွင့္ ေလာင္က်ဴတို႔ကလည္း သြားခ်င္ေနၾကသည္။ တာ့ေတာက္မွာ ေန႔တစ္ဝက္လုံး အလုပ္လုပ္ၿပီး၍ ပင္ပန္းသည္ဆိုကာ မသြားေတာ့ေပ။ တံခါးဖြင့္၍ သူတို႔ကို လိုက္ပို႔ၿပီး အိပ္လိုက္ေတာ့သည္။
လိကြၽင္းသည္ ျပည္သူ႔ရင္ျပင္တစ္ဖက္ရွိ အျခားအေဆာက္အအုံတစ္ခုတြင္ ေနထိုင္သည္။ သူ႔ထံသြားရန္ က်န္းက်ိရင္ ျပည္သူ႔ရင္ျပင္ကို ျဖတ္ေလွ်ာက္ဖို႔ လိုသည္။ ေရွ႕မွ သြားေနေသာ ေလာင္က်ဴ ႐ုတ္တရက္ ရပ္သြားသည္။ သူတို႔ႏွင့္ သိပ္မေဝးေသာ ေနရာမွ လူတစ္စုကို လွည့္၍ လက္ညႇိဳးထိုးျပသည္။
"အဲတာ ဧည့္သည္အသစ္ေတြေနမွာ ကပၸတိန္ ကြၽန္ေတာ္တို႔ မသြားခင္ သူတို႔အရင္ျဖတ္သြားခိုင္းလိုက္တာ ေကာင္းမယ္ထင္တယ္ေနာ္"
က်န္းက်ိရင္ ေခါင္းညိတ္သည္။
သာမန္လူမ်ားႏွင့္ယွဥ္လွ်င္ စြမ္းအားရွင္မ်ား၏ အာ႐ုံေျခာက္ပါးက ပို၍ တိုးတက္ေကာင္းမြန္လာသည္။ တိက်မႈစြမ္းရည္ရွိေသာ က်န္းက်ိရင္က ပို၍ ေကာင္းသည္ဟု ေျပာရမည္။ သူ႔အျမင္အာ႐ုံသည္ ထိပ္တန္းအဆင့္ျဖစ္ေနၿပီး သူတို႔၏ မ်က္ႏွာမ်ားကို ၾကည္လင္ျပတ္သားစြာ ျမင္ရသည္။
ေရွ႕ဆုံးမွ တစ္ေယာက္သည္ စခန္းေခါင္းေဆာင္ျဖစ္သည္။ မတိုင္ခင္ က်န္းက်ိရင္ ထိုသူကို တစ္ေခါက္ျမင္ဖူးထားသည္။ ေနာက္တြင္ စခန္းမွ တစ္ျခားေသာ အဆင့္ျမင့္ ေခါင္းေဆာင္မ်ား ျဖစ္ၾကကာ တပ္ခြဲအသီးသီး၏ ေခါင္းေဆာင္မ်ားလည္း ပါေသးသည္။ တစ္ျခားေသာ အုပ္စုကေတာ့ သူမသိသည့္ မ်က္ႏွာမ်ားျဖစ္သည္။
ေသခ်ာေပါက္ ထိုမ်က္ႏွာသစ္မ်ားသည္ ဧည့္သည္မ်ားသာ ျဖစ္ရမည္။
ထင္သာျမင္သာရွိလွေသာ လူငယ္တစ္ေယာက္က ေခါင္းေဆာင္ႏွင့္ လမ္းေလွ်ာက္ရင္း စကားေျပာေနသည္။ သူ႔တြင္ ႏူးညံ့သိမ္ေမ့ေသာ မ်က္ႏွာေပါက္မ်ိဳးရွိၿပီး ေခါင္းေဆာင္ႏွင့္ ေခ်ာေမြ႕စြာ စကားေျပာေနႏိုင္သည္။ သူတို႔ေရွ႕တြင္ တစ္ျခားသူတစ္ေယာက္၏ လမ္းၫႊန္မႈေအာက္တြင္ စိတ္ပါလက္ပါ ေလွ်ာက္လွမ္းပုံေပါက္ေသာ လူတစ္ေဘာက္ရွိသည္။
သူ႔မ်က္ႏွာသည္ ေရခဲတုံးကဲ့သို႔ ေအးစက္ေနၿပီး သူ၏ အနက္ေရာင္မ်က္ဝန္းမ်ားက လူတိုင္းကို မိုင္ေထာင္ခ်ီလြင့္သြားေအာင္ လုပ္မည့္အလား ပို၍ပင္ ေအးစက္ေနသည္။ ထိုလူက ေရွ႕မွ ဦးေဆာင္၍ ေလွ်ာက္ေနၿပီး လူငယ္ႏွင့္ စကားေျပာေနေသာ ေခါင္းေဆာင္က ထိုသူကို တစ္ခ်ိန္လုံး ခိုးၾကည့္ေနသည္။
က်န္းက်ိရင္မွာ စိတ္တစ္ခုလုံး ဗလာျဖစ္သြားေအာင္ ထိတ္လန႔္သြားသည္။ ဤအခိုက္အတန႔္တြင္ သူ႔စိတ္ထဲ ဘာမွမေတြးႏိုင္ေအာင္ ဗလာျဖစ္သြားသည္။
အလြန္အံ့အားသင့္လြန္း၍ ဘာေျပာရမွန္းကို မသိေတာ့ေပ။၊
'ဘယ္လိုလုပ္ၿပီး ဒီေနရာမွာ ဒီေလာက္ ပြင့္ပြင့္လင္းလင္းႀကီး ေပၚလာရဲရတာလဲ'
35 03
သို႔ေသာ္ သူ႔မ်က္ႏွာကေတာ့ ပုံမွန္အတိုင္း တည္တံ့ေနဆဲပါေပ။ ထိုအုပ္စုမွာ လမ္းေလွ်ာက္လာရင္း တျဖည္းျဖည္းႏွင့္ က်န္းက်ိရင္နားသို႔ပင္ ေရာက္လာေနၿပီျဖစ္သည္။ က်န္းက်ိရင္သည္ လူငယ္ေလးက အလြန္ကို ျမင္သာေလာက္ေအာင္ စိတ္လႈပ္ရွားေနေသာ စခန္းေခါင္းေဆာင္ကို ႏွစ္သိမ့္သလို ေသခ်ာစြာ ေျပာသည့္အသံကို ၾကားလိုက္ရသည္။
"မစ္စတာလ်န္ ေဒါက္တာယင္က အရင္တုန္းထဲက ဒီလိုမ်ိဳးပါပဲ ခင္မ်ား....ခင္မ်ား....စိတ္ဆိုးေနတယ္လို႔ မထင္ပါနဲ႔ သူကအရင္ထဲက ဒီပုံစံမို႔လို႔ပါ"
ေမွ်ာ္လင့္ခ်က္စခန္းေခါင္းေဆာင္က ျပာျပာသလဲျဖစ္သြားၿပီး ယဥ္ေက်းစြာ ေျပာလိုက္သည္။
"မျဖစ္ပါဘူး မျဖစ္ပါဘူး ေဒါက္တာယင္က လူသားမ်ိဳးႏြယ္ တေက်ာ့ျပန္ဦးေထာင္လာဖို႔ ႀကီးမားတဲ့ စြမ္းေဆာင္မႈႀကီး လုပ္ေပးထားတာ ကြၽန္ေတာ္က ေဒါက္တာ့ကို အၿမဲတမ္း အရမ္းေလးစားေနတာ ဒီေန႔ ကြၽန္ေတာ္က သူ႔ကိုျမင္ေတာ့ အရမ္းအံ့ဩသြားမိတာ ငယ္ေသးေတာ့ေလ သူက တကယ့္ကို အရည္အခ်င္းရွိတဲ့ ပါရမီအျပည့္နဲ႔ လူငယ္ေလးပဲဗ်ာ"
ထိုမ်ိဳး႐ိုးနာမည္ကို ၾကားသြားေသာ က်န္းက်ိရင္မွာ ဆက္၍ မထိန္းႏိုင္ေတာ့ေပ။ သူတို႔ ေဝးေဝးမေရာက္ေသးခင္ ေလာင္က်ဴဘက္သို႔လွည့္၍ ေမးလိုက္သည္။
"အစ္ကိုက်ဴ ေဒါက္တာယင္ရဲ႕ နာမည္က ဘယ္သူတဲ့လဲ"
ေလာင္က်ဴက ေခါင္းယမ္းလိုက္ၿပီး
"ဒါ ကြၽန္ေတာ္လည္း မသိဘူးေရာ"
ေရွာင္က်င္းက ဝင္ေျပာလိုက္သည္။
"ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္သူတို႔ေျပာတာ ၾကားလိုက္တယ္ ယင္ညန္ ထင္တယ္"
က်န္းက်ိရင္ "..........."
'ေဘာ့စ္'
'သူ တကယ္ႀကီး မ်ိဳး႐ိုးနာမည္လည္းမေျပာင္း နာမည္လဲ မေျပာင္းဘဲ ေပၚလာရေအာင္ တအားေတြ သတၱိေကာင္းေနတာပဲ'
ဂိမ္းေရးဆြဲသူမ်ားသည္ ယင္ညန္ကို ဆက္တင္ခ်ခဲ့ခ်ိန္တြင္ စြမ္းရည္အားလုံးကို အဆင့္အျမင့္ဆုံးအဆင့္အထိ ကြၽမ္းက်င္သူဟူသည့္ ဆက္တင္မ်ိဳးခ်ေပးခဲ့ၿပီး "အသြင္ေျပာင္း" စြမ္းရည္ကိုလည္း ေပးခဲ့သည္။ သူသည္ ဤစြမ္းရည္ေၾကာင့္ တိရစာၦန္မ်ား တစ္ျခားေသာ ပစၥည္းမ်ား လူမ်ားအသြင္ယူႏိုင္ၿပီး အသြင္ေျပာင္းစြမ္းရည္သည္လည္း အဆင့္ျမင့္ဆုံးျဖစ္ေသာေၾကာင့္ မည္သို႔မွ် ေပၚသြားႏိုင္မည္မဟုတ္ေပ။
ထို႔ေၾကာင့္ က်န္းက်ိရင္၏ အေတြးထဲတြင္ ေဘာ့စ္သည္ တစ္ျခားတစ္ေယာက္အသြင္ေျပာင္း၍ ေပၚလာသင့္သည္။ သို႔မွသာ တစ္ျခားသူမ်ားထံတြင္ အလြယ္တကူ မမိသြားမွာျဖစ္သည္။
သို႔ေသာ္ ယင္ညန္ကေတာ့ ဘာတစ္ခုမွ ေျပာင္းလဲမထားေပ။ သူ႔တြင္ အလြန္အကြၽံ ၿပီးျပည့္စုံသည့္ မ်က္ႏွာရွိေနဆဲျဖစ္ၿပီး စခန္းတေလွ်ာက္ ကိန္းႀကီးခမ္းႀကီး ဘုရင္တိုင္းခန္းလွည့္သလို လွည့္ေနေသးသည္။
က်န္းက်ိရင္ကေတာ့ ေတြးေလ ေတြးေလ ရတက္မေအးေလ ျဖစ္ေနေတာ့သည္။
လက္ရွိ ဂိမ္းဇာတ္ေၾကာင္းတြင္ပင္ တရားမွ်တမႈဘက္မွ မည္သည့္ NPC ကမွ ေဒါက္တာဝိုင္၏ နာမည္အရင္းကို မသိၾကသလို သူ၏ပုံပန္းသြင္ျပင္ကိုလည္း မသိၾက။ သူအသက္ဘယ္ေလာက္ရွိမွန္း မသိၾကသလို ေယာက္်ားလား မိန္းမလားပင္ မသိေပ။
ကစားသမားမ်ားကသာ ဂိမ္းတရားဝင္ဝဘ္ဆိုက္ကို ဝင္ၾကည့္၍ သိၾကျခင္းျဖစ္ၿပီး ဂိမ္းကုမၸဏီဘက္မွလည္း ပ႐ိုမိုးရွင္း ႐ုပ္ရွင္မ်ားနင့္ ဂိမ္းအန္နီေမးရွင္မ်ားတြင္ ေဒါက္တာဝိုင္ကို ျပည့္စုံစြာ သ႐ုပ္ေဖာ္ေပးၾကၿပီး ဝိုင္၏ ဇာတ္ေကာင္ကို မိတ္ဆက္ေပးခဲ့သည္။
ထို႔ေၾကာင့္ သီအိုရီမ်ားအရ ယင္ညန္ ဤသို႔ ေပၚလာလွ်င္ပင္ ဘာျပႆနာမွ ရွိမွာ မဟုတ္ေပ။
'ဒါေပမဲ့.... အခု ေဒါက္တာဝိုင္က သူ႔ကိုယ္သူ တရားမွ်တမႈဘက္ေတာ္သား ေလးစားစရာေကာင္းလိုက္တဲ့ အနာဂတ္ေမွ်ာ္လင့္ခ်က္ေလး ဟန္ေဆာင္ၿပီး ဒီဘက္ကို လာက်ဴးေက်ာ္ေနတယ္ေလ....'
က်န္းက်ိရင္ ဤသို႔ ဒရာမာဆန္လွသည့္ အျဖစ္မ်ိဳး ဂိမ္းထဲတြင္ တစ္ခါမွ ေပၚမလာဖူးေၾကာင္း သူ႔ေက်ာပိုးအိတ္ထဲမွ လက္စြပ္ႏွင့္ ေလာင္းရဲသည္။
က်န္းက်ိရင္ အေတြးထဲ နစ္ေနသည္။ ေရွာင္က်င္းက သူ႔ကို တြန္းလိုက္ၿပီး
35 04
"ကပၸတိန္ ကပၸတိန္ ဘာမွားေနလို႔လဲ"
က်န္းက်ိရင္ ေခါင္းယမ္းလိုက္ၿပီး
"ဘာမွ မဟုတ္ပါဘူး"
ေရွာင္က်င္းက သူ႔ကို တံေတာင္ႏွင့္တြက္လိုက္ရင္း
"ကပၸတိန္ ကပၸတိန္ အဲဒီလူကို မသိဘူးလား ဟုတ္လား ေဒါက္တာယင္ကိုေျပာတာ"
က်္နးက်ိရင္ ေခါင္းယမ္းလိုက္သည္။ သူ မလိမ္ပါ။ ယခု က်န္းက်ိရင္အေနႏွင့္ တကယ္ပဲ သူ႔ကို မသိပါ။ ေဒါက္တာယင္အေနနဲ႔ျဖစ္ေစ ဝိုင္အေနနဲ႔ျဖစ္ေစ သူ႔ကို မသိေသးပါ။
ေရွာင္က်င္းက မွန္း၍ေျပာသည္။
"ကြၽန္ေတာ္သိသားပဲ ကပၸတိန္ သူ႔ကို မသိေလာက္ပါဘူးဆို ဒါေပမဲ့ ခုနက ကပၸတိန္ ေငးသြားတုန္းက အဲဒီလူက ကြၽန္ေတာ္တို႔ကို တမင္တကာ လွည့္ၾကည့္သြားတယ္ထင္တယ္ သိလား"
က်န္းက်ိရင္ "............အို.."
အေရးမႀကီးပါ။
သူက ေဘာ့စ္ကို သြား၍ စိုက္ၾကည့္မိသူျဖစ္ၿပီး ၾကည့္မိသည္ကလည္း ေသခ်ာေပါက္ တစ္ခ်က္ၾကည့္႐ုံသာ မဟုတ္။
ေဘာ့စ္က ျပန္ၾကည့္သြားလွ်င္လည္း သူ႔တြင္ ဆုံးရႈံးစရာ ဘာမွ မရွိေပ။
.......................................
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။