A Lover of Mafia ( Complete )

By sunray9597

115K 5.9K 3.5K

အိုမီဂါတွေကို စောက်ရမ်းမုန်းတယ်..( ကင်မ်ထယ်ယောင်း ) ဂျွန် တို့က ဘယ်သူမှ မကြောက်တတ်ဘူး ဟွန့် (ဂျွန်ဂျောင်ဂု ) ... More

A LOVER OF MAFIA (INTRO)
Part -1
Part -2
Part -3
‌မေးမြန်းခြင်း💜💜💜💜💜
Part -4
Part -5
Part -6
Part -7
Birthday wish 🎂
Part -8
Part-9
Part -10 ⚠️
Part -11
Part -12
Part -13
Part -14⚠️
Part -15
Telegram group
Part -16
Part -17
Part -18
Part -20
Part -21
Part -22
Part -23
Part -24
Part-25
Part -26
Part -27⚠️
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part -34
Part-35
Part -36
Part -37
Part -38
Part -39( Final )

Part -19

2.5K 134 48
By sunray9597

# Unicode #

" ဧကရီ..အသင် တို့ကို အမိန့်ပေးတယ် ဧကရီ့ရဲ့ တိုင်းပြည်ထဲကို ခိုးဝင်လာတာ ပြစ်မှုမြောက်တာမို့ အပြစ်လျော့စေချင်ရင် အသင်တို့ လူကိုယ်တိုင်ထွက်ပြီး ဧကရီ့ကို တောင်းပန်ပါ..."

ဧကရီရဲ့ တယောသံလို ချိုသာလှတဲ့ အသံလေးအဆုံးမှာထွက်ပေါ်လာတဲ့ လူ လေးဦး..
တည်ငြိမ်ရင့်ကျတ်ပြီး ယောကျာ်းပီသတဲ့ အသွင်နဲ့ ခန့်ညားတဲ့ ရုပ်ရည်တွေနဲ့ အရောင်ဝါထွက်နေတဲ့လူတွေ က သာမန်လူဖြစ်ပုံမရပေ...

တလှမ်းချင်းစီ လျှောက်လာပုံက မာန်အပြည့်နဲ့ ကေသရာဇာ ခြင်္သေ့တွေ အလားပင်..

သူတို့လည်း ကျောချင်းကပ်လျက်မှ ဧကရီရဲ့ ဘေးနားမှာ နေရာယူကာ အသင့်‌အနေထားပြင်ပြီး တိုက်ခိုက်ဖို့ စောင့်နေလိုက်သည်။

ညို့ချက်ပြင်းပြီး ဆွဲအားကောင်းတဲ့ မျက်လုံးပိုင်ရှင်တွေကြောင့် သူ့တို့ရဲ့ ရင်‌ထဲမှာ လှိုင်းလေးတွေ လှုပ်ခတ်သွားသည်မှာအမှန်ပင်...မမှိတ်မသုန်စိုက်ကြည့်နေတဲ့ အကြည့်ပိုင်ရှင်တွေရဲ့ ခြေလှမ်းများက သူတို့ ရှေ့ သုံးတောင်( ရှေးခတ်အတိုင်းအတာ ) အကွာအဝေးမှာရပ်သွားသည်။

အကြည့်တွေကတော့ မရပ်သေးဘဲ စူးစိုက်ပြီးကြည့်နေကကတာကြောင့် သူတို့ နေရခက်လာ၏။

" အ..အသင်တို့က ဘယ်သူလဲ..! "

တိတ်ဆိတ်မှုကို ဖြိုခွင်းရန် Jasmine က မေးလိုက်သည်။

" အသင်တို့က စန္ဒကူးမျိုးနွယ်စုက မဟုတ်တန်ရာ..အသင်တို့က အခြားတိုင်းတစ်ပါးမျိုးနွယ်ဝင်ဖြစ်ရမည်..အဘယ် မျိုးနွယ်စုကလဲ.."

Gardenia ကလည်း လူလေးယောက်ရဲ့ ရုပ်အသွင်ကို ကြည့်ပြီး မေးလိုက်သည်။

" အဘယ် အကြောင်းကြောင်းကြောင့်..အကျွန်ုပ်တို့ နယ်စပ်တောအုပ်ကို ရောက်နေရပါသနည်း.."

Lotus လည်း ထပ်ပြီးမေးလိုက်သည်။ဧကရီက ဘာမှ ဝင်မပြောဘဲ တစ်ခုခုကို စဉ်းစားနေပုံရ၏။

" ကျွန်ုပ်တို့က နတ်ဝံပုလွေ မျိုးနွယ်စုကပါ.."

အသားဖြူလွန်းသည့် တစ်ယောက်ရဲ့ အဖြေကြောင့် ဧကရီ အပါအဝင် သူတို့ကပါ အံ့ဩသွားသည်။နတ်ဝံပုလွေ ဆိုတာ werewolves မျိုးနွယ်စုတွေရဲ့ အကြီးအကဲမျိုးနွယ်ဝင်တွေပင်...ဒါကြောင့်လည်း ထိုလူတွေရဲ့ ရုပ်ရည်နဲ့ ကိုယ်ရောင်ဝါက ထူးဆန်းနေတာကို..

" ကျွန်ုပ် နာမည်က မင်ယွန်ဂီ ပါ.. သူက ကင်မ်နမ်ဂျွန်း..သူက ဂျောင်ဟိုဆော့..ဒါကတော့ ကျွန်ုပ်တို့ မျိုးနွယ်စုရဲ့ ဧကရာဇ် ကင်မ်ထယ်ယောင်း.."

နာမည်ကြီး werewolves စစ်သူရဲကောင်းတွေမို့ ပိုလို့တောင်အံ့ဩရပြန်သည်။

" ဘာကြောင့် ကျွန်ုပ်တို့ ရေကစားနေတာကို ချောင်းကြည့်နေရတာပါလဲ..လူကြီးမင်းတို့..ဒါဟာ ယောကျာ်းကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့ မညီမျှဘူးဆိုတာ မသိလေရော့! "

Jasmine က ပြန်ပြောလိုက်တော့ လေးယောက်သား အပြုံးကိုယ်စီနဲ့ ပြန်ကြည့်လာ၏။

" ကျွန်ုပ်တို့က ဒီက ဧကရီနဲ့ တွေ့ဆုံဖို့လာခဲ့ရင်း တောအုပ်က ရေကန်နားမှာ ရေသောက်ဆင်းဖို့ အလာမှာ ဒီက မိန်းမပျိုလေးတို့ ရေဆော့နေတာတွေ့လို့ ပြန်ဖို့လုပ်နေတာပါ..ဒါပေမဲ့ မိန်းမပျိူလေးတို့က အတင်းထွက်လာခိုင်းတာနဲ့ရော..ဧကရီရဲ့ အမိန့်လို့ကြားလိုက်ရတာနဲ့ပေါင်းပြီး ထွက်လာတာပါ.."

နမ်ဂျွန်းက ဖြေရှင်းချင်ထုတ်ပြလိုက်ဝောာ့ သူတို့ရှေ့က မိန်းမလှလေးတွေက ခေါင်းတငြိမ့်ငြိမ့်နဲ့ အသိမှတ်ပြုလာသည်။

" ကျွန်ုပ်တို့ တောင်းပန်ပါတယ် ဧကရီနဲ့ မိန်းကလေးတို့ "

ဟိုဆော့က တောင်းပန်စကားဆိုတော့ ဧကရီလည်း ဘာမှ မပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။

" အသင်တို့က ဧကရီနဲ့ တွေ့ဆုံးဖို့လာခဲ့တာဆို..အဘယ်အရေးကြောင့်တုန်း!! "

" ကျွန်ုပ်တို့ ဧကရီ့ နန်းဆောင်ရောက်မှ ပြောပြပါ့မယ် ဧကရီ.."

ယွန်ဂီက ဧကရီတို့ကို ရေစိုဝတ်တွေနဲ့ အချိန်ကြာကြီး မရှိစေချင်တာကြောင့် နန်းတော် အမြန်ရောက်ဖို့ ပြောလိုက်သည်။ဘာကြောင့်ဆို ဧကရီနဲ့ မိန်းကလေးတွေ ဝတ်ထားတဲ့ ဝတ်ရုံဟာ ရေစိုနေတာကြောင့် အသားမှာ ကပ်နေသဖြင့် မိန်းမတို့ရဲ့ ရှုက်ဖိုကြီးငယ်များကို အတိုင်းသားမြင်နေရတာကြောင့်ပင်...

" ဒါဆို ဧကရီတို့ နန်းဆောင်ပြန်ကြွကြတာပေါ့..."

" ဟုတ်ကဲ့ပါ ဧကရီ.."

ဧကရီလည်း ဘာမှ မပြောဘဲ သူတို့ရဲ့အ‌ပေါ်ဝတ်ရုံကို သေချာပြန်ချည်လိုက်ကြသည်။

" အခုထိ ဧကရီ ကျွန်တော့်တို့ကို မိတ်မဆက်ပေးသေးဘူးနော်.."

" အာ~..ဟုတ်သားဘဲ..ဧကရီ မေ့နေတာ..သေချာနားထောင်ကြကွဲ့..ဆံပင် ပန်းရောင်နဲ့ တစ်‌ယောက်က စောင့်ရှောက်သူ Jasmine... ဆံပင် ငွေရောင်နဲ့က ကာကွယ်သူ Lotus ...နောက်ဆုံးတစ်ယောက်က တံတိုင်းစွမ်းအားရှင် Gardenia.."

ဧကရီက ‌ချိုသာသည့်အသံနှင့် စိတ်ရှည်စွာ မိတ်ဆက်ပေးလာတာကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်။ဧကရီက ကြားဖူးတာထက် အများကြီးပိုလှကာ နူးညံ့လွန်းလှသည်။

"ကျွန်ုပ်တို့ အစောင့်ရှောက်သုံးယောက်ရဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်..တံတိုင်းစွမ်းအားရှင်က မှော်ကျောက်နဲ့ ဧကရီ့ကို ကာကွယ်ပေးတဲ့ ကြီးမားတဲ့ တံတိုင်းကြီးနဲ့ တူတဲ့ စောင့်ရှောက်သူလို့လည်းကြားဖူးပါတယ်.."

ဟိုဆော့က သူကြားဖူးတဲ့ စန္ဒကူး စောင့်ရှောက်သူတွေရဲ့ အကြောင်းကို ပြောပြလိုက်သည်။စောင့်ရှောက်သူတွေကလည်း ဧကရီပြီးရင် အလှဆုံး အိုမီဂါတွေပင်..

" အသင်တို့မှာ မြင်းပါတယ်မလား အကျွန်ုပ်တို့ လမ်းပြမယ် အကျွန်ုပ်တို့ မြင်းနောက်က လိုက်ခဲ့ပါ."

Gardenia က ဧကရီရဲ့ ဝတ်ရုံလွှာ အပေါ်ကနေ တန်ဖိုးကြီး ရွှေချည်ထိုး ပိုးထည်လွှာကို လွှမ်းခြုံပေးလိုက်ရင်း ပြောလိုက်သည်။‌ေရစိုဝတ်‌ေကြာင့် မမြင်အပ်တဲ့ နေရာက အလှတွေ ပေါ်လွင်ကာ အရိုင်းဆန်ဆန်လှနေတဲ့ ဧကရီ့ကြောင့် ခြုံပေးလိုက်ခြင်းပင် သူတို့ အပြန်ကြရင် ဧည့်သည်ပါလာတာမို့ မြို့တော်ထဲက ပတ်ပြန်ရမည်ဖြစ်သောကြောင့်ပင်....

" အသင်တို့ရော ပိုးထည်လွှာတွေ ပါကြလား.."

" ပါပါတယ် ဧကရီ.."

ဧကရီ့ အမေးကို ‌သူတို့ဖြေလိုက်တော့ ဧကရီက ခေါင်းငြိမ့်ပြပြီး ရေတွေကိုသာ ငေးမောနေသည်။

အားလုံးပြင်ဆင်ပြီးကြတော့ သူတို့ မြို့တော်ထဲကနေ ပတ်ပြန်ကြ၏။ဧကရီ ပြန်လာတာကို သိတဲ့ မြို့သားတွေကလမ်းမထက်မှာ ပန်းပွင့်တွေ ကြဲချပေးကြသည်။

နန်းတော်ကို ရောက်တော့ ဧသည်တွေကို ဧည့်သည်ဆောင်ကို ခေါ်သွားစေကာ အနားယူစေလိုက်သည်။ပြီးမှ သူတို့လည်း အဆောင်အသီးသီးကို ပြန်ပြီး ရေချိုး အနားယူလိုက်သည်။

~

~

~

ထယ်ယောင်းတို့က ဧကရီရဲ့ ကျောက်ရတနာကို လေ့လာဖို့နဲ့ ကျောက်ရတနာနဲ့ ပတ်သတ်ပြီး ဧကရီမှာ အန္တရာယ်ရှိနိုင်တာကြောင့် ကောင်းကင်က နတ်ဘုရားတွေရဲ့ ခိုင်းစေချက်နဲ့ သူ့ရဲ့ တိုင်းပြည်ကို ခမည်းတော်ကို ခေတ္တ အုပ်ချုပ်စေပြီး ထွက်လာတာပင်..


ရေကန်နားရောပ်တော့ ကြားလိုက်ရတဲ့ ရယ်သံလွင်လွင်လေးတွေကြောင့် အလိုလို လေးယောက်သား ခြေလှမ်းတွေ ဦးတည်မိသွားသည်။ရေကန်ရောက်တော့ ရေထဲမှာ ဆော့ကစားနေကြတဲ့ မိန်းမပျိူလေးတွေထဲက ရွှေအိုရောင် ဆံနွယ်နဲ့ တစ်ယောက်ကြောင့် သူ့ရဲ့ ရင်အစုံက မိုးကြိုးပစ်သလို တဒိုင်းဒိုင်း နဲ့ အော်မြည်ကာ ထွက်သွားဖို့ မေ့လျော့နေမိ၏။

သူတို့ရှိတာကို သိတဲ့ မိန်းကလေးတွေက ထွက်လာ‌ဖို့ ပြောနေရာမှ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်လေးပြောလိုက်တဲ့ ဧကရီရဲ့ အမိန့်ဟူသော စကားလေးကြောင့် သူလည်း ကျန်တဲ့သူတွေကို မျက်နှာရိပ်ပြပြီး ထွက်လာလိုက်သည်။အရမ်းလှတဲ့ အိုမီဂါလေးက ဧကရီ ဖြစ်လိမ့်မည်ဟုတော့ သူမထင်မှတ်ထားပေ..အစက တာဝန်အရ စောင့်ရှောက်ဖို့ လာခဲ့ပေမဲ့ အခုတော့ သူ့နှလုံးသားရဲ့ ဆန္ဒအရ သူ့ရဲ့ ဧကရီလေးကို သူစောင့်ရှောက်ပေးမည်...

~

~

" Lotus.. Lotus..ခဏလေးပါဗျ! "

အနောက်ကနေ သူ့နာမည်ကို ခေါ်ကာ စောင့်ခိုင်းတာကြောင့် သူလှည့်ကြည့်လိုက်တော့ သူတို့ တောအုပ်ထဲက ခေါ်လာတဲ့ werewolf စစ်သူကြီး မင်ယွန်ဂီပင်...

မှေးကျဉ်းကျဉ်း မျက်လုံးတွေက စူးရဲတောက်ပကာ ဖြူဖွေးလွနိးသည့်အသားရည်က သွေးမရှိသည့်တိုင်ဖြစ်နေတာတောင် တစ်မျိုးကြည့်ကောင်းကာ ဆွဲအားပိုပြီး ရင်ဖိုစရာ ယောက်ျားပင်..

* ဟမ်! ငါ...ငါအခု တခြားယောကျာ်းပျိုအကြောင်းတွေးပြီးရင်ခုန်နေတာလား..*

အတွေးတွေကို သတိထားမိတော့ မျက်နှာလေးနီရဲလာကာ..ရှက်သွေးကြွယ်သွားတဲ့ Lotus ပင်...

" ကျွန်ုပ် နန်းဆောင်ထဲ လှည့်ပတ်ကြည့်ရှု့ရင်း Lotus ကိုတွေ့လိုက်လို့ .."

သူ့ကို ရွှန်းရွှန်းစားစား ပြုံးကြည့်ပြီးပြောလာတဲ့ စစ်သူကြီးမင်ကြောင့် အနေရခက်စွာ ပါးမို့လေးနှစ်ဖက်ရဲတက်လာပြီး စကားပြောပြီး ဖြေဖျောက်ဖို့လုပ်လိုက်သည်။

" အကျွန်ုပ် ဘာကူညီပေးရမလဲ စစ်သူကြီးမင်.."

" အဟွန်းးး တကယ်ကူညီချင်ရင် အကျွန်ုပ်ရဲ့ နှလုံးသားကိုသာ ကူညီပေးပါ..ရင်ဘတ်ထဲက အကောင်က ပြောနေတယ်.. Lotus ရဲ့ မေတ္တာသာ မရရင် ‌သေဖွယ်ရာသာ ရှိပါတော့တယ်တဲ့.."

မိမိရဲ့ မျက်နှာကို ပြုံးပြုံးကြီးကြည့်ကာ ပြောလာတဲ့ စစ်သူကြီး စကားကြောင့် Lotus ရဲ့ မျက်နှာလေး ခရမ်းချဉ်သီးအလားနီရဲသွားသည်။တွေ့တာ တစ်ရက်တောင်မပြည့်သေးဘဲ ချစ်ခွင့်ပန်ခံရတာကြောင့် လည်း အံ့ဩသွားသည်။

" စစ်..စစ်သူကြီးမင်..ဘာ..ဘာကို ဆိုလိုတာလဲဟင်.."

ယွန်ဂီကတော့ သူ့ရှေ့မှာ အရှက်သည်းစွာမေးလာတဲ့ အိုမီဂါလေးကြောင့် နှလုံးသားက အရည်ပျော်ရင်းပျော်နေရတော့၏။

" ကျွန်ုပ် Lotus ကို ချစ်ခွင့်ပန်နေတာပါ.."

" ရှင်! "

Lotus မှာ တုံးတိကြီးပြောချလာတဲ့ ယွန်ဂီကြောင့် ပိုပြီးတော့ ရှက်သွေးဖြာလာသည်။

" မ..မစောလွန်းဘူးလား.."

လက်ဖဝါးလေးနှစ်ဖက်ကို ပွတ်ချေပြီး လေသံတိုးတိုးလေးနဲ့ ပြောလာတဲ့ အမျိုးသမီးလေးကြောင့် ချစ်အားပိုရပြန်သည်

" မစောလွန်းဘူး..Lotus..သင့်ကို စတွေ့တဲ့ စက္ကန့်ပိုင်းလေးထဲက ကျွန်ုပ်ဘဝ..ကျွန်ုပ် အချစ်က သင့်ဆီမှာ ထာဝရ ပေးအပ်ဖို့ လုံလောက်ပြီးသားမို့ မစောလွန်းပါဘူး....ပြွတ်စ် *"

ပွတ်ချေနေတဲ့လက်ဖဝါးလေးနှစ်ဖက်ကို အသာယူပြီး နမ်းရှိုက်ကာ ပြောလိုက်တော့ အံ့ဩရိပ်လေးတေါနဲ့အတူ ရှက်စိတ်ကြောင့် နီရဲသွားတဲ့ နားရွက် ထိပ်ဖျားလေးတွေကြောင့် ချစ်စရာလေးဖြစ်နေတော့သည်။

" လွှတ်~..လွှတ်ပါ..တခြားသူတွေ မြင်သွားရင် မသင့်တော်ပါဘူး စစ်..စစ်သူကြီးမင်.."

လက်ကို ရုန်းလာတဲ့ အိုမီဂါလေးကြောင့် ယွန်ဂီ လွှတ်ပေးလိုက်သည်

" ကျွန်ုပ်က အသင့်မျက်နှာလေးကို ကြည့်ပြီးရှင်သန်တော့မှာမလို့ သင့်တော်တာတွေ မသင့်တော်တာတွေ မသိတော့ပါ...ကျွန်ုပ်သိတာ..သိချင်တာ Lotus ရဲ့ mate အဖြစ် လက်ခံပေးဖို့ဘဲ.."

" ကျွန်ုပ် စဉ်း..စဥ်းစားပါရစေအုံး အခုတော့..သွား..သွားခွင့်ပြုပါအုံး "

အရှက်သည်းစွာပြောပြီး ပြေးထွက်သွားတဲ့ အိုမီဂါလေးကြောင့် ယွန်ဂီ နေရာမှာ ပြုံးလျက်သာ ကျန်ခဲ့တော့၏။

* ဟက်! တချိန်ကျရင် Lotus ရဲ့ နှုတ်ဖျားကနေ ကျွန်ုပ်ကို ချစ်ပါတယ်လို့ ပြောလာစေရမယ်..*

ကြာညိုရနံ့ ကျန်ခဲ့တဲ့ သူ့ရဲ့ လက်ဖြူဖြူတွေကို နမ်းရှိုက်ပြီး စိတ်ထဲက ရေရွတ်လိုက်သည်။


~

~

~

လပြည့်ညမို့ ကောင်းကင်က လမင်းကြီးက ထိန်ထိန်သာနေ၏။ကြယ်ရောင်တွေ ထွန်းလင်းကာ အလှပန်းချီကားတစ်ချပ်နှယ် လှပလွန်းသည်။အိပ်ဆောင် အပြောင်းလဲကြောင့် ‌မအိပ်ပျော်နေသေးတဲ့ သူ့အဖို့ ကောင်းကင်က လမင်းကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။

သူ့ရဲ့ မျက်လုံးတွေက ကြာပန်းတွေ အပြည့်ရှိတဲ့ ရေကန်ဘေးက တံတားလေးကို ရောက်သွားတော့ အရောင်တောက်သွား၏။
လေထဲ တပိုင်းတစလွှင့်နေတဲ့ ရွှေရောင်ဆံချည်မျှင်လေးတွေနဲ့ သေးသွယ်တဲ့ နောက်ကျောပြင်အလှကို တွေ့လိုက်ရတာကြောင့် ဘယ်သူမှန်းသိကာ ‌သူကိူယ်တိုင်တောင် သတိမထားမိဘဲ ခြေလှမ်းတွေက တံတားဆီ ဦးတည်သွားသည်။

သူ တံတားပေါ ခြေထောက်လေးတွဲလောင်းချကာ ထိုင်ပြီး ကန်ရေပြင်မှာ ထင်ဟပ်နေတဲ့ လရောင်ကို ငေးကြည့်နေတုန်း လေထဲ ဝှေ့လာတဲ့ သစ်မွှေးရနံ့ကြောင့် လှည့်ကြည့်လိုက်တော့ ဧကရာဇ်ဖြစ်နေ၏။

" အရှင်~.."

နီရဲရွှန်းစိုကာ ပန်းသွေးရောင်ကြွနေတဲ့ နှုတ်ခမ်းသားလေးတွေက အံကျလာတဲ့သူ့အတွက် နာမ်စား သေးသေးလေးက အရှင်တဲ့..ချိုသာပြီး နားဝင်ပီယံရှိလွန်းလှတဲ့ အသံလေးကြောင့် ရင်ထဲ လိပ်ပြာတစ်သောင်းဝဲပျံသွားသလိုပင်...

အံ့ဩနေတဲ့ မျက်လုံးလေးတွေက ကြယ်ရောင်တွေနဲ့ အပြိင်ရွှန်းလက်တောက်ပနေကာ..ပင်လယ်ရေကြည်မှာ နေရောင်ထင်ဟပ်နေသလိုပင်..သွေးကေကာစိမ်းလေးတွေ ယှက်ဖြာနေတဲ့ ပါးဖောင်းဖောင်းလေးတွေက လရောင်အောက်မှာ ဝင်းပနေသည်။

သူ့ရှေ့မှာ ရှိတဲ့ ဧကရီက နတ်ဘုရားရဲ့ သမီးတော်ဆိုတဲ့ အတိုင်း လှပလွန်းလှ၏။သူ့နှလုံးသားရဲ့ ဧကရီက အတိုင်းထက်အလွန် နူးညံ့ကာ လှပလွန်းသည်။


" ဧကရီ~.."

ယောကျာ်းဆန်ဆန် အသံနဲ့ တိုးညင်းစွာခေါ်လာတဲ့ ဧကရာဇ်ရဲ့ အသံက ခရုသင်းသံလို သာယာနာပျော်ဖွယ်ရှိလှ၏။

" စက်တော်ခေါ်လို့ မပျော်ဘူးလား အရှင်.."

" နေရာ အပြောင်းလဲကြောင့် ကိုယ်တော်..မကျိန်းစက်နိုင်တာပါ.."

ဧကရာဇ်က ဧကရီ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်တော့ ဧကရီက ခေါင်းသာငြိမ့်ပြပြီး ကန်ရေပြင်ကို ပြန်လည်ငေးကြည့်နေသည်။


" ဧကရီ..ကိုယ်တော် ဘယ်အရေးကြောင့် ရောက်လာတယ်လို့ ထင်ပါသလဲ..."

" ကျိန်းသေပေါက်..ဧကရီရဲ့ ကျောက်ရတနာကြောင့်မလား.."


ဧကရီက ရေပြင်ကို ငေးကြည့်ရင်း တည်ငြိမ်စွာပြောလာသည်။

" ဟုတ်တယ် ဧကရီ..နောက် သုံးပတ် အတွင်းမှာ ဧကရီနဲ့ ကျောက်ရတနာ အန္တရာယ်ရှိနေတာမို့ နတ်ဘုရားက ကိုယ်တော့်ကို ဧကရီ့ကို စောင့်ရှောက်ဖို့ သေလွှတ်လိုက်တာ.."


သူ့စကားကြောင့် ညိုးငယ်နေတဲ့ အကြည့်လေးတွေနဲ့ ကြည့်လာတဲ့ ဧကရီ..

" အရှင်..ဖြစ်နိုင်ရင် ကျွန်ုပ် ဦးခေါင်းထိပ်မှာရှိတဲ့ ရတနာကို ယူဆောင်သွားပါလား..ဒီရတနာကို ဧကရီ စောင့်ရှောက်နိုင်မယ် မထင်ဘူး.."


" ဘာကြောင့် အဲ့လို ထင်ရတာလဲ ဧကရီ..ဧကရီကသာ ကျောက်ရတနာကို စောင့်ရှောက်နိုင်တဲ့ တစ်ဦးတည်းသောသူ..ကျောက်ရတနာနဲ့ ထိုက်တန်တဲ့ တစ်ဦးတည်းသော သူမို့ နတ်ဘုရားက လက်ဆောင်ပေးလိုက်တာလေ.."

" ဒါပေမဲ့ အရှင်..ဧကရီကြောင့် မျိုးနွယ်ဝင်တွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်.."


" မစိုးရိမ်ပါနဲ့ ဧကရီ ကိုယ်တော် ဧကရီနဲ့ ဧကရီ့ မျိုးနွယ်စုကို သေချာကာကွယ်ပေးပါ့မယ် ..."

မျက်နှာနုနုလေးကို သေချာစိုက်ကြည့်ပြီး ပြောလိုက်တော့ ရှက်ရိပ်သန်းသွားသည့် အပြုံးလေးနဲ့ မျက်နှာနားကျနေတဲ့ ဆံနွယ်အချို့ကို နားရွက်ကြားညှပ်ကာ ခပ်တိုးတိုးလေး ..

" ကျေးဇူးအများကြီး တင်ပါတယ် အရှင်.."

နှစ်ယောက်သား အချိန်တစ်ခုကြာတဲ့ အထိ ထိုနေရာမှာ ထိုင်နေခဲ့ကြသည်။

မသိစိတ်ထဲက wereiတွေက ရင်းနှီးနေသောကြောင့် သူတို့ အချင်းချင်း တစ်ယောက်အနားမှာ တစ်ယောက်ရှိရင် ပိုပြီး စိတ်သက်သာရာရကာ မသိမသာ pheromones တွေ ထုတ်လွှင့်နေကြ၏။လရောင်အောက်က လေထု‌ထဲမှာ ပျံ့လွှင့်နေတဲ့ သစ်မွှေးနဲ့ စန္ဒကူး ရနံ့လွှင်လွှင်လေးတွေက ရှုရှိုက်ရသူအဖို့ စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်သည်။

~

~

~

နန်းတော်ရဲ့ လျှို့ဝှက်နေရာမှာ ဧကရီ ၊ ဧကရာဇ်နဲ့ စောင့်ရှောက်သူတွေ လျှို့ဝှက် တွေ့ဆုံနေကြသည်။

" ဒါဆိုရင် ဝံပုလွေနက် မျိုးနွယ်စု ခေါင်းဆောင်က ဧကရီ့ ဆီက မှော်ကျောက် ကို လုဖို့ ကြံစည်နေတာပေါ့..အသင်တို့ သတင်းအတိအကျကို ဘယ်ကနေ သိလာခဲ့တာပ.."

Gardenia မေးတော့ ဧကရာဇ်တို့ ခေါင်းငြိမ့်ပြကြ၏။


" အကျွန်ုပ်တို့ကို နတ်ဘုရားတာဝန်ပေးတည်းက ဧကရာဇ်က တိုင်းပြည်အနှံ့ အထောက်တော်တွေ လွှတ်ပြီးစုံစမ်းခိုင်စခဲ့တာ..သတင်းမှားမဟုတ်တာကြောင့် သတိထားနေစေချင်တယ်..သူက ဘယ်လို အကြံစည်နဲ့ ဧကရီ့ဆီက ကျောက်ရတနာကို ယူမယ်မှန်း မခန့်မှန်းနိုင်ကြဘူး.."

နတ်ဝံပုလွေ မျိုးနွယ်စုရဲ့ အကြံပေးအမတ် ကင်မ်နမ်ဂျွန်းကပြောတော့ အားလုံးခေါင်းထဲ အတွေးတွေ တန်းစီကုန်၏။အန္တရာယ်က မမြင်နိုင်တာကြောင့် ဧကရီကို အချိန်ပြည့်စောင့်ရှောက်ရမည်။

" ဧကရီ ဒီနေ့က စပြီး ကျွန်တော်မျိုးမတို့ အနားမှာ အချိန်ပြည့်နေခွင့်ပေးပါ..ကျွန်တော်မျိုးမတို့ ဧကရီ့ကို စိတ်မချဘူး ဧကရီ ဘယ်သွားသွား ကျွန်တော်မျိုးမတို့ထဲက တစ်ဦးပါမှ သွားတော်မူပါ.."


Jasmine ၏ အကြံပြုချက်ကို ကျန်တဲ့ နှစ်ယောက်ကလည်း ထောက်ခံသဖြင့် ..

" ဧကရီ~.. Jasmine ပြောသလို လုပ်ခွင့်ပေးပါ.."


သူတို့ခွင့်တောင်းတော့ ဧကရီက ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားပြီးမှ ..


" ကောင်းပြီလေ...ဧကရီ့အနားမှာ နေကြပေါ့..ဧကရီလည်း အသင်တို့ မပါဘဲ ဘယ်မှ မသွားဘူး အသင်တို့ ကျေနပ်ပါလေစ.."

ဧကရီ့ ဆီက ထိုစကားကြားရတော့ သူတို့ပျော်သွားသည်။


" ဒီနေ့ကစပြီး ကျွန်ုပ်တို့တွေရဲ့ အစွမ်းတွေကို တိုးတက်အောင် လေ့ကျင့်ထားမှဖြစ်မယ် ရဋ်သူ့ရဲ့ စွမ်းအားကို မခန့်မှန်းမိကြဘူးဆိုတော့ ကြိုတင်လေ့ကျင့်ထားမှ တော်ကာကျမယ်.."


နတ်ဝံပုလွေမျိုးနွယ်ရဲ့ ပြည်တွင်းရေးအမတ် ဟိုဆော့က ပြောသည့်စကားကို အားလုံးကထောက်ခံကြသဖြင့် ဧကရာဇ်က လုပ်ဖို့ ခွင့်ပေးလိုက်၏။

" ကောင်းပြီ ကိုယ်တော် ခွင့်ပြုတယ် ဒီနေ့ကစပြီး လေ့ကျင့်ဖို့လုပ်ကြပြီးတော့..စစ်သူကြီးမင်..ကိုယ်တော်တို့ တိုင်းပြည်ကို စာလွှာပို့ပြီး စစ်သည်တစ်သောင်းစေလွှတ်ခိုင်းထားလိုက်! "



အမိန့်ပေးလာတဲ့ သူတို့ရဲ့ ဧကရာဇ်ကြောင့် လက်နှစ်ဖက် ‌ကိုရှေ့ယှက်ကာ ခေါင်းငုံ့ပြီး နာခံရ၏။


" အမိန့်အတိုင်းပါ ဧကရာဇ်..အကျွန်ုပ် ‌စာပို့ငှက်နဲ့ စာလွှာပါလိုက်ပါမယ်.."


စစ်သူကြီးကအမိန့်နာခံပြီး ပြောတော့ ဧကရာဇ်လည်း ‌ခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်၏။ဒီတော့မှ ခေါင်းပြန်လည်မော့လာတဲ့ စစ်သူကြီးမင်..




" ပြီးတော့ ဒီက စစ်သည်တွေကို စစ်သူကြီးနဲ့ အတူ ဧကရီ့ရဲ့ လူတစ်ဦးက ကြီးကြပ်ပြီး လေ့ကျင့်ပေးစေချင်တယ်.."

ဧကရာဇ်က ဧကရီ့ကို ကြည့်ပြီး ခွင့်တောင်းလိုက်တော့...


" အရှင့် သဘောအတိုင်းပါ..ဧကရီရဲ့ အမျိုးသမီး စစ်သည်တေယ် Lotus က တိုက်ခိုက်ရည် အကျွမ်းကျင်ဆုံးဘဲ...Lotus ..စစ်သူကြီးမင့်ကို ကူညီပေးလိုက်ပါ.."


ဧကရီရဲ့ အမိန့် မမည်တဲ့ စကားကြောင့် Lotus ငြင်းလို့မရနိုင်..

" ကျွန်ုပ် ကူညီလိုက်ပါ့မယ် ဧကရီ.."


" ဒါဆို လူစုခွဲကြတာပေါ့ "

ဧကရီက အရင်ပြောပြီး ထသွားတာကြောင့် သူတို့လည်း အသီးသီးထကာ ပြန်လိုက်ကြသည်။ဧကရီ့ရဲ့ ပုံစံကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံရ၏။

စိတ်မရှုပ်ရင်လည်း ဘယ်နေမလဲ...အခု တစ်ခေါက် ရန်သူက အင်အားကြီးလောက်တာမို့ နတ်ဘုရားကတောင် သူကို စောင့်ရှောက်ဖို့ တခြားမျိုးနွယ်စုက လူတွေကို စေလွှတ်လိုက်တာမလား..

အခု အချိန် အစစအရာရာ သတိထားရမည့် အချိန်ပင်..


~


~


~

နောက်နှစ်ပိုင်းလောက်ဆို နောက်ကြောင်းပြန်လို့ ပြီးပါပြီနော်..အချစ်ကြမ်းတဲ့ သခင်ကြီးနဲ့ ခပ်စွာစွာ အိုမီဂါလေး တို့ဆီ ပြန်ရောက်ပါတော့မယ်...



သဲငယ်လေး‌တို့ ပေးတဲ့ အားတွေကြောင့် နေကောင်းသွားပါပြီ..ချောင်းလေးဘဲ ဆိုးတော့တယ်...အားလုံးကို ကျေးဇူးတင်ပါတယ်နော်💙💙💙



Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜






______________________________________



# Zawgyi #

" ဧကရီ..အသင္ တို႔ကို အမိန႔္ေပးတယ္ ဧကရီ႕ရဲ႕ တိုင္းျပည္ထဲကို ခိုးဝင္လာတာ ျပစ္မႈေျမာက္တာမို႔ အျပစ္ေလ်ာ့ေစခ်င္ရင္ အသင္တို႔ လူကိုယ္တိုင္ထြက္ၿပီး ဧကရီ႕ကို ေတာင္းပန္ပါ..."

ဧကရီရဲ႕ တေယာသံလို ခ်ိဳသာလွတဲ့ အသံေလးအဆုံးမွာထြက္ေပၚလာတဲ့ လူ ေလးဦး..
တည္ၿငိမ္ရင့္က်တ္ၿပီး ေယာက်ာ္းပီသတဲ့ အသြင္နဲ႕ ခန႔္ညားတဲ့ ႐ုပ္ရည္ေတြနဲ႕ အေရာင္ဝါထြက္ေနတဲ့လူေတြ က သာမန္လူျဖစ္ပုံမရေပ...

တလွမ္းခ်င္းစီ ေလွ်ာက္လာပုံက မာန္အျပည့္နဲ႕ ေကသရာဇာ ျခေသၤ့ေတြ အလားပင္..

သူတို႔လည္း ေက်ာခ်င္းကပ္လ်က္မွ ဧကရီရဲ႕ ေဘးနားမွာ ေနရာယူကာ အသင့္‌အေနထားျပင္ၿပီး တိုက္ခိုက္ဖို႔ ေစာင့္ေနလိုက္သည္။

ညို႔ခ်က္ျပင္းၿပီး ဆြဲအားေကာင္းတဲ့ မ်က္လုံးပိုင္ရွင္ေတြေၾကာင့္ သူ႕တို႔ရဲ႕ ရင္‌ထဲမွာ လွိုင္းေလးေတြ လႈပ္ခတ္သြားသည္မွာအမွန္ပင္...မမွိတ္မသုန္စိုက္ၾကည့္ေနတဲ့ အၾကည့္ပိုင္ရွင္ေတြရဲ႕ ေျခလွမ္းမ်ားက သူတို႔ ေရွ႕ သုံးေတာင္( ေရွးခတ္အတိုင္းအတာ ) အကြာအေဝးမွာရပ္သြားသည္။

အၾကည့္ေတြကေတာ့ မရပ္ေသးဘဲ စူးစိုက္ၿပီးၾကည့္ေနကကတာေၾကာင့္ သူတို႔ ေနရခက္လာ၏။

" အ..အသင္တို႔က ဘယ္သူလဲ..! "

တိတ္ဆိတ္မႈကို ၿဖိဳခြင္းရန္ Jasmine က ေမးလိုက္သည္။

" အသင္တို႔က စႏၵကူးမ်ိဳးႏြယ္စုက မဟုတ္တန္ရာ..အသင္တို႔က အျခားတိုင္းတစ္ပါးမ်ိဳးႏြယ္ဝင္ျဖစ္ရမည္..အဘယ္ မ်ိဳးႏြယ္စုကလဲ.."

Gardenia ကလည္း လူေလးေယာက္ရဲ႕ ႐ုပ္အသြင္ကို ၾကည့္ၿပီး ေမးလိုက္သည္။

" အဘယ္ အေၾကာင္းေၾကာင္းေၾကာင့္..အကြၽန္ုပ္တို႔ နယ္စပ္ေတာအုပ္ကို ေရာက္ေနရပါသနည္း.."

Lotus လည္း ထပ္ၿပီးေမးလိုက္သည္။ဧကရီက ဘာမွ ဝင္မေျပာဘဲ တစ္ခုခုကို စဥ္းစားေနပုံရ၏။

" ကြၽန္ုပ္တို႔က နတ္ဝံပုေလြ မ်ိဳးႏြယ္စုကပါ.."

အသားျဖဴလြန္းသည့္ တစ္ေယာက္ရဲ႕ အေျဖေၾကာင့္ ဧကရီ အပါအဝင္ သူတို႔ကပါ အံ့ဩသြားသည္။နတ္ဝံပုေလြ ဆိုတာ werewolves မ်ိဳးႏြယ္စုေတြရဲ႕ အႀကီးအကဲမ်ိဳးႏြယ္ဝင္ေတြပင္...ဒါေၾကာင့္လည္း ထိုလူေတြရဲ႕ ႐ုပ္ရည္နဲ႕ ကိုယ္ေရာင္ဝါက ထူးဆန္းေနတာကို..

" ကြၽန္ုပ္ နာမည္က မင္ယြန္ဂီ ပါ.. သူက ကင္မ္နမ္ဂြၽန္း..သူက ေဂ်ာင္ဟိုေဆာ့..ဒါကေတာ့ ကြၽန္ုပ္တို႔ မ်ိဳးႏြယ္စုရဲ႕ ဧကရာဇ္ ကင္မ္ထယ္ေယာင္း.."

နာမည္ႀကီး werewolves စစ္သူရဲေကာင္းေတြမို႔ ပိုလို႔ေတာင္အံ့ဩရျပန္သည္။

" ဘာေၾကာင့္ ကြၽန္ုပ္တို႔ ေရကစားေနတာကို ေခ်ာင္းၾကည့္ေနရတာပါလဲ..လူႀကီးမင္းတို႔..ဒါဟာ ေယာက်ာ္းေကာင္းတစ္ေယာက္ရဲ႕ အဂၤါရပ္နဲ႕ မညီမွ်ဘူးဆိုတာ မသိေလေရာ့! "

Jasmine က ျပန္ေျပာလိုက္ေတာ့ ေလးေယာက္သား အၿပဳံးကိုယ္စီနဲ႕ ျပန္ၾကည့္လာ၏။

" ကြၽန္ုပ္တို႔က ဒီက ဧကရီနဲ႕ ေတြ႕ဆုံဖို႔လာခဲ့ရင္း ေတာအုပ္က ေရကန္နားမွာ ေရေသာက္ဆင္းဖို႔ အလာမွာ ဒီက မိန္းမပ်ိဳေလးတို႔ ေရေဆာ့ေနတာေတြ႕လို႔ ျပန္ဖို႔လုပ္ေနတာပါ..ဒါေပမဲ့ မိန္းမပ်ိဴေလးတို႔က အတင္းထြက္လာခိုင္းတာနဲ႕ေရာ..ဧကရီရဲ႕ အမိန႔္လို႔ၾကားလိုက္ရတာနဲ႕ေပါင္းၿပီး ထြက္လာတာပါ.."

နမ္ဂြၽန္းက ေျဖရွင္းခ်င္ထုတ္ျပလိုက္ေဝာာ့ သူတို႔ေရွ႕က မိန္းမလွေလးေတြက ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ အသိမွတ္ျပဳလာသည္။

" ကြၽန္ုပ္တို႔ ေတာင္းပန္ပါတယ္ ဧကရီနဲ႕ မိန္းကေလးတို႔ "

ဟိုေဆာ့က ေတာင္းပန္စကားဆိုေတာ့ ဧကရီလည္း ဘာမွ မေျပာဘဲ ေခါင္းသာညိတ္ျပလိုက္၏။

" အသင္တို႔က ဧကရီနဲ႕ ေတြ႕ဆုံးဖို႔လာခဲ့တာဆို..အဘယ္အေရးေၾကာင့္တုန္း!! "

" ကြၽန္ုပ္တို႔ ဧကရီ႕ နန္းေဆာင္ေရာက္မွ ေျပာျပပါ့မယ္ ဧကရီ.."

ယြန္ဂီက ဧကရီတို႔ကို ေရစိုဝတ္ေတြနဲ႕ အခ်ိန္ၾကာႀကီး မရွိေစခ်င္တာေၾကာင့္ နန္းေတာ္ အျမန္ေရာက္ဖို႔ ေျပာလိုက္သည္။ဘာေၾကာင့္ဆို ဧကရီနဲ႕ မိန္းကေလးေတြ ဝတ္ထားတဲ့ ဝတ္႐ုံဟာ ေရစိုေနတာေၾကာင့္ အသားမွာ ကပ္ေနသျဖင့္ မိန္းမတို႔ရဲ႕ ရႈက္ဖိုႀကီးငယ္မ်ားကို အတိုင္းသားျမင္ေနရတာေၾကာင့္ပင္...

" ဒါဆို ဧကရီတို႔ နန္းေဆာင္ျပန္ႂကြၾကတာေပါ့..."

" ဟုတ္ကဲ့ပါ ဧကရီ.."

ဧကရီလည္း ဘာမွ မေျပာဘဲ သူတို႔ရဲ႕အ‌ေပၚဝတ္႐ုံကို ေသခ်ာျပန္ခ်ည္လိုက္ၾကသည္။

" အခုထိ ဧကရီ ကြၽန္ေတာ့္တို႔ကို မိတ္မဆက္ေပးေသးဘူးေနာ္.."

" အာ~..ဟုတ္သားဘဲ..ဧကရီ ေမ့ေနတာ..ေသခ်ာနားေထာင္ၾကကြဲ႕..ဆံပင္ ပန္းေရာင္နဲ႕ တစ္‌ေယာက္က ေစာင့္ေရွာက္သူ Jasmine... ဆံပင္ ေငြေရာင္နဲ႕က ကာကြယ္သူ Lotus ...ေနာက္ဆုံးတစ္ေယာက္က တံတိုင္းစြမ္းအားရွင္ Gardenia.."

ဧကရီက ‌ခ်ိဳသာသည့္အသံႏွင့္ စိတ္ရွည္စြာ မိတ္ဆက္ေပးလာတာေၾကာင့္ ထယ္ေယာင္းၿပဳံးလိုက္မိသည္။ဧကရီက ၾကားဖူးတာထက္ အမ်ားႀကီးပိုလွကာ ႏူးညံ့လြန္းလွသည္။

"ကြၽန္ုပ္တို႔ အေစာင့္ေရွာက္သုံးေယာက္ရဲ႕ ဂုဏ္သတင္းကို ၾကားဖူးပါတယ္..တံတိုင္းစြမ္းအားရွင္က ေမွာ္ေက်ာက္နဲ႕ ဧကရီ႕ကို ကာကြယ္ေပးတဲ့ ႀကီးမားတဲ့ တံတိုင္းႀကီးနဲ႕ တူတဲ့ ေစာင့္ေရွာက္သူလို႔လည္းၾကားဖူးပါတယ္.."

ဟိုေဆာ့က သူၾကားဖူးတဲ့ စႏၵကူး ေစာင့္ေရွာက္သူေတြရဲ႕ အေၾကာင္းကို ေျပာျပလိုက္သည္။ေစာင့္ေရွာက္သူေတြကလည္း ဧကရီၿပီးရင္ အလွဆုံး အိုမီဂါေတြပင္..

" အသင္တို႔မွာ ျမင္းပါတယ္မလား အကြၽန္ုပ္တို႔ လမ္းျပမယ္ အကြၽန္ုပ္တို႔ ျမင္းေနာက္က လိုက္ခဲ့ပါ."

Gardenia က ဧကရီရဲ႕ ဝတ္႐ုံလႊာ အေပၚကေန တန္ဖိုးႀကီး ေ႐ႊခ်ည္ထိုး ပိုးထည္လႊာကို လႊမ္းၿခဳံေပးလိုက္ရင္း ေျပာလိုက္သည္။‌ေရစိုဝတ္‌ေၾကာင့္ မျမင္အပ္တဲ့ ေနရာက အလွေတြ ေပၚလြင္ကာ အရိုင္းဆန္ဆန္လွေနတဲ့ ဧကရီ႕ေၾကာင့္ ၿခဳံေပးလိုက္ျခင္းပင္ သူတို႔ အျပန္ၾကရင္ ဧည့္သည္ပါလာတာမို႔ ၿမိဳ႕ေတာ္ထဲက ပတ္ျပန္ရမည္ျဖစ္ေသာေၾကာင့္ပင္....

" အသင္တို႔ေရာ ပိုးထည္လႊာေတြ ပါၾကလား.."

" ပါပါတယ္ ဧကရီ.."

ဧကရီ႕ အေမးကို ‌သူတို႔ေျဖလိုက္ေတာ့ ဧကရီက ေခါင္းၿငိမ့္ျပၿပီး ေရေတြကိုသာ ေငးေမာေနသည္။

အားလုံးျပင္ဆင္ၿပီးၾကေတာ့ သူတို႔ ၿမိဳ႕ေတာ္ထဲကေန ပတ္ျပန္ၾက၏။ဧကရီ ျပန္လာတာကို သိတဲ့ ၿမိဳ႕သားေတြကလမ္းမထက္မွာ ပန္းပြင့္ေတြ ႀကဲခ်ေပးၾကသည္။

နန္းေတာ္ကို ေရာက္ေတာ့ ဧသည္ေတြကို ဧည့္သည္ေဆာင္ကို ေခၚသြားေစကာ အနားယူေစလိုက္သည္။ၿပီးမွ သူတို႔လည္း အေဆာင္အသီးသီးကို ျပန္ၿပီး ေရခ်ိဳး အနားယူလိုက္သည္။

~

~

~

ထယ္ေယာင္းတို႔က ဧကရီရဲ႕ ေက်ာက္ရတနာကို ေလ့လာဖို႔နဲ႕ ေက်ာက္ရတနာနဲ႕ ပတ္သတ္ၿပီး ဧကရီမွာ အႏၱရာယ္ရွိနိုင္တာေၾကာင့္ ေကာင္းကင္က နတ္ဘုရားေတြရဲ႕ ခိုင္းေစခ်က္နဲ႕ သူ႕ရဲ႕ တိုင္းျပည္ကို ခမည္းေတာ္ကို ေခတၱ အုပ္ခ်ဳပ္ေစၿပီး ထြက္လာတာပင္..


ေရကန္နားေရာပ္ေတာ့ ၾကားလိုက္ရတဲ့ ရယ္သံလြင္လြင္ေလးေတြေၾကာင့္ အလိုလို ေလးေယာက္သား ေျခလွမ္းေတြ ဦးတည္မိသြားသည္။ေရကန္ေရာက္ေတာ့ ေရထဲမွာ ေဆာ့ကစားေနၾကတဲ့ မိန္းမပ်ိဴေလးေတြထဲက ေ႐ႊအိုေရာင္ ဆံႏြယ္နဲ႕ တစ္ေယာက္ေၾကာင့္ သူ႕ရဲ႕ ရင္အစုံက မိုးႀကိဳးပစ္သလို တဒိုင္းဒိုင္း နဲ႕ ေအာ္ျမည္ကာ ထြက္သြားဖို႔ ေမ့ေလ်ာ့ေနမိ၏။

သူတို႔ရွိတာကို သိတဲ့ မိန္းကေလးေတြက ထြက္လာ‌ဖို႔ ေျပာေနရာမွ ေ႐ႊအိုေရာင္ဆံႏြယ္ပိုင္ရွင္ေလးေျပာလိုက္တဲ့ ဧကရီရဲ႕ အမိန႔္ဟူေသာ စကားေလးေၾကာင့္ သူလည္း က်န္တဲ့သူေတြကို မ်က္ႏွာရိပ္ျပၿပီး ထြက္လာလိုက္သည္။အရမ္းလွတဲ့ အိုမီဂါေလးက ဧကရီ ျဖစ္လိမ့္မည္ဟုေတာ့ သူမထင္မွတ္ထားေပ..အစက တာဝန္အရ ေစာင့္ေရွာက္ဖို႔ လာခဲ့ေပမဲ့ အခုေတာ့ သူ႕ႏွလုံးသားရဲ႕ ဆႏၵအရ သူ႕ရဲ႕ ဧကရီေလးကို သူေစာင့္ေရွာက္ေပးမည္...

~

~

" Lotus.. Lotus..ခဏေလးပါဗ်! "

အေနာက္ကေန သူ႕နာမည္ကို ေခၚကာ ေစာင့္ခိုင္းတာေၾကာင့္ သူလွည့္ၾကည့္လိုက္ေတာ့ သူတို႔ ေတာအုပ္ထဲက ေခၚလာတဲ့ werewolf စစ္သူႀကီး မင္ယြန္ဂီပင္...

ေမွးက်ဥ္းက်ဥ္း မ်က္လုံးေတြက စူးရဲေတာက္ပကာ ျဖဴေဖြးလြနိးသည့္အသားရည္က ေသြးမရွိသည့္တိုင္ျဖစ္ေနတာေတာင္ တစ္မ်ိဳးၾကည့္ေကာင္းကာ ဆြဲအားပိုၿပီး ရင္ဖိုစရာ ေယာက္်ားပင္..

* ဟမ္! ငါ...ငါအခု တျခားေယာက်ာ္းပ်ိဳအေၾကာင္းေတြးၿပီးရင္ခုန္ေနတာလား..*

အေတြးေတြကို သတိထားမိေတာ့ မ်က္ႏွာေလးနီရဲလာကာ..ရွက္ေသြးႂကြယ္သြားတဲ့ Lotus ပင္...

" ကြၽန္ုပ္ နန္းေဆာင္ထဲ လွည့္ပတ္ၾကည့္ရႈ႕ရင္း Lotus ကိုေတြ႕လိုက္လို႔ .."

သူ႕ကို ႐ႊန္း႐ႊန္းစားစား ၿပဳံးၾကည့္ၿပီးေျပာလာတဲ့ စစ္သူႀကီးမင္ေၾကာင့္ အေနရခက္စြာ ပါးမို႔ေလးႏွစ္ဖက္ရဲတက္လာၿပီး စကားေျပာၿပီး ေျဖေဖ်ာက္ဖို႔လုပ္လိုက္သည္။

" အကြၽန္ုပ္ ဘာကူညီေပးရမလဲ စစ္သူႀကီးမင္.."

" အဟြန္းးး တကယ္ကူညီခ်င္ရင္ အကြၽန္ုပ္ရဲ႕ ႏွလုံးသားကိုသာ ကူညီေပးပါ..ရင္ဘတ္ထဲက အေကာင္က ေျပာေနတယ္.. Lotus ရဲ႕ ေမတၱာသာ မရရင္ ‌ေသဖြယ္ရာသာ ရွိပါေတာ့တယ္တဲ့.."

မိမိရဲ႕ မ်က္ႏွာကို ၿပဳံးၿပဳံးႀကီးၾကည့္ကာ ေျပာလာတဲ့ စစ္သူႀကီး စကားေၾကာင့္ Lotus ရဲ႕ မ်က္ႏွာေလး ခရမ္းခ်ဥ္သီးအလားနီရဲသြားသည္။ေတြ႕တာ တစ္ရက္ေတာင္မျပည့္ေသးဘဲ ခ်စ္ခြင့္ပန္ခံရတာေၾကာင့္ လည္း အံ့ဩသြားသည္။

" စစ္..စစ္သူႀကီးမင္..ဘာ..ဘာကို ဆိုလိုတာလဲဟင္.."

ယြန္ဂီကေတာ့ သူ႕ေရွ႕မွာ အရွက္သည္းစြာေမးလာတဲ့ အိုမီဂါေလးေၾကာင့္ ႏွလုံးသားက အရည္ေပ်ာ္ရင္းေပ်ာ္ေနရေတာ့၏။

" ကြၽန္ုပ္ Lotus ကို ခ်စ္ခြင့္ပန္ေနတာပါ.."

" ရွင္! "

Lotus မွာ တုံးတိႀကီးေျပာခ်လာတဲ့ ယြန္ဂီေၾကာင့္ ပိုၿပီးေတာ့ ရွက္ေသြးျဖာလာသည္။

" မ..မေစာလြန္းဘူးလား.."

လက္ဖဝါးေလးႏွစ္ဖက္ကို ပြတ္ေခ်ၿပီး ေလသံတိုးတိုးေလးနဲ႕ ေျပာလာတဲ့ အမ်ိဳးသမီးေလးေၾကာင့္ ခ်စ္အားပိုရျပန္သည္

" မေစာလြန္းဘူး..Lotus..သင့္ကို စေတြ႕တဲ့ စကၠန႔္ပိုင္းေလးထဲက ကြၽန္ုပ္ဘဝ..ကြၽန္ုပ္ အခ်စ္က သင့္ဆီမွာ ထာဝရ ေပးအပ္ဖို႔ လုံေလာက္ၿပီးသားမို႔ မေစာလြန္းပါဘူး....ႁပြတ္စ္ *"

ပြတ္ေခ်ေနတဲ့လက္ဖဝါးေလးႏွစ္ဖက္ကို အသာယူၿပီး နမ္းရွိုက္ကာ ေျပာလိုက္ေတာ့ အံ့ဩရိပ္ေလးေတါနဲ႕အတူ ရွက္စိတ္ေၾကာင့္ နီရဲသြားတဲ့ နား႐ြက္ ထိပ္ဖ်ားေလးေတြေၾကာင့္ ခ်စ္စရာေလးျဖစ္ေနေတာ့သည္။

" လႊတ္~..လႊတ္ပါ..တျခားသူေတြ ျမင္သြားရင္ မသင့္ေတာ္ပါဘူး စစ္..စစ္သူႀကီးမင္.."

လက္ကို ႐ုန္းလာတဲ့ အိုမီဂါေလးေၾကာင့္ ယြန္ဂီ လႊတ္ေပးလိုက္သည္

" ကြၽန္ုပ္က အသင့္မ်က္ႏွာေလးကို ၾကည့္ၿပီးရွင္သန္ေတာ့မွာမလို႔ သင့္ေတာ္တာေတြ မသင့္ေတာ္တာေတြ မသိေတာ့ပါ...ကြၽန္ုပ္သိတာ..သိခ်င္တာ Lotus ရဲ႕ mate အျဖစ္ လက္ခံေပးဖို႔ဘဲ.."

" ကြၽန္ုပ္ စဥ္း..စဥ္းစားပါရေစအုံး အခုေတာ့..သြား..သြားခြင့္ျပဳပါအုံး "

အရွက္သည္းစြာေျပာၿပီး ေျပးထြက္သြားတဲ့ အိုမီဂါေလးေၾကာင့္ ယြန္ဂီ ေနရာမွာ ၿပဳံးလ်က္သာ က်န္ခဲ့ေတာ့၏။

* ဟက္! တခ်ိန္က်ရင္ Lotus ရဲ႕ ႏႈတ္ဖ်ားကေန ကြၽန္ုပ္ကို ခ်စ္ပါတယ္လို႔ ေျပာလာေစရမယ္..*

ၾကာညိုရနံ႕ က်န္ခဲ့တဲ့ သူ႕ရဲ႕ လက္ျဖဴျဖဴေတြကို နမ္းရွိုက္ၿပီး စိတ္ထဲက ေရ႐ြတ္လိုက္သည္။


~

~

~

လျပည့္ညမို႔ ေကာင္းကင္က လမင္းႀကီးက ထိန္ထိန္သာေန၏။ၾကယ္ေရာင္ေတြ ထြန္းလင္းကာ အလွပန္းခ်ီကားတစ္ခ်ပ္ႏွယ္ လွပလြန္းသည္။အိပ္ေဆာင္ အေျပာင္းလဲေၾကာင့္ ‌မအိပ္ေပ်ာ္ေနေသးတဲ့ သူ႕အဖို႔ ေကာင္းကင္က လမင္းကို အေၾကာင္းမဲ့ ေငးၾကည့္ေနမိသည္။

သူ႕ရဲ႕ မ်က္လုံးေတြက ၾကာပန္းေတြ အျပည့္ရွိတဲ့ ေရကန္ေဘးက တံတားေလးကို ေရာက္သြားေတာ့ အေရာင္ေတာက္သြား၏။
ေလထဲ တပိုင္းတစလႊင့္ေနတဲ့ ေ႐ႊေရာင္ဆံခ်ည္မွ်င္ေလးေတြနဲ႕ ေသးသြယ္တဲ့ ေနာက္ေက်ာျပင္အလွကို ေတြ႕လိုက္ရတာေၾကာင့္ ဘယ္သူမွန္းသိကာ ‌သူကိူယ္တိုင္ေတာင္ သတိမထားမိဘဲ ေျခလွမ္းေတြက တံတားဆီ ဦးတည္သြားသည္။

သူ တံတားေပါ ေျခေထာက္ေလးတြဲေလာင္းခ်ကာ ထိုင္ၿပီး ကန္ေရျပင္မွာ ထင္ဟပ္ေနတဲ့ လေရာင္ကို ေငးၾကည့္ေနတုန္း ေလထဲ ေဝွ႕လာတဲ့ သစ္ေမႊးရနံ႕ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ဧကရာဇ္ျဖစ္ေန၏။

" အရွင္~.."

နီရဲ႐ႊန္းစိုကာ ပန္းေသြးေရာင္ႂကြေနတဲ့ ႏႈတ္ခမ္းသားေလးေတြက အံက်လာတဲ့သူ႕အတြက္ နာမ္စား ေသးေသးေလးက အရွင္တဲ့..ခ်ိဳသာၿပီး နားဝင္ပီယံရွိလြန္းလွတဲ့ အသံေလးေၾကာင့္ ရင္ထဲ လိပ္ျပာတစ္ေသာင္းဝဲပ်ံသြားသလိုပင္...

အံ့ဩေနတဲ့ မ်က္လုံးေလးေတြက ၾကယ္ေရာင္ေတြနဲ႕ အၿပိင္႐ႊန္းလက္ေတာက္ပေနကာ..ပင္လယ္ေရၾကည္မွာ ေနေရာင္ထင္ဟပ္ေနသလိုပင္..ေသြးေကကာစိမ္းေလးေတြ ယွက္ျဖာေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြက လေရာင္ေအာက္မွာ ဝင္းပေနသည္။

သူ႕ေရွ႕မွာ ရွိတဲ့ ဧကရီက နတ္ဘုရားရဲ႕ သမီးေတာ္ဆိုတဲ့ အတိုင္း လွပလြန္းလွ၏။သူ႕ႏွလုံးသားရဲ႕ ဧကရီက အတိုင္းထက္အလြန္ ႏူးညံ့ကာ လွပလြန္းသည္။


" ဧကရီ~.."

ေယာက်ာ္းဆန္ဆန္ အသံနဲ႕ တိုးညင္းစြာေခၚလာတဲ့ ဧကရာဇ္ရဲ႕ အသံက ခ႐ုသင္းသံလို သာယာနာေပ်ာ္ဖြယ္ရွိလွ၏။

" စက္ေတာ္ေခၚလို႔ မေပ်ာ္ဘူးလား အရွင္.."

" ေနရာ အေျပာင္းလဲေၾကာင့္ ကိုယ္ေတာ္..မက်ိန္းစက္နိုင္တာပါ.."

ဧကရာဇ္က ဧကရီ႕ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ေျပာလိုက္ေတာ့ ဧကရီက ေခါင္းသာၿငိမ့္ျပၿပီး ကန္ေရျပင္ကို ျပန္လည္ေငးၾကည့္ေနသည္။


" ဧကရီ..ကိုယ္ေတာ္ ဘယ္အေရးေၾကာင့္ ေရာက္လာတယ္လို႔ ထင္ပါသလဲ..."

" က်ိန္းေသေပါက္..ဧကရီရဲ႕ ေက်ာက္ရတနာေၾကာင့္မလား.."


ဧကရီက ေရျပင္ကို ေငးၾကည့္ရင္း တည္ၿငိမ္စြာေျပာလာသည္။

" ဟုတ္တယ္ ဧကရီ..ေနာက္ သုံးပတ္ အတြင္းမွာ ဧကရီနဲ႕ ေက်ာက္ရတနာ အႏၱရာယ္ရွိေနတာမို႔ နတ္ဘုရားက ကိုယ္ေတာ့္ကို ဧကရီ႕ကို ေစာင့္ေရွာက္ဖို႔ ေသလႊတ္လိုက္တာ.."


သူ႕စကားေၾကာင့္ ညိုးငယ္ေနတဲ့ အၾကည့္ေလးေတြနဲ႕ ၾကည့္လာတဲ့ ဧကရီ..

" အရွင္..ျဖစ္နိုင္ရင္ ကြၽန္ုပ္ ဦးေခါင္းထိပ္မွာရွိတဲ့ ရတနာကို ယူေဆာင္သြားပါလား..ဒီရတနာကို ဧကရီ ေစာင့္ေရွာက္နိုင္မယ္ မထင္ဘူး.."


" ဘာေၾကာင့္ အဲ့လို ထင္ရတာလဲ ဧကရီ..ဧကရီကသာ ေက်ာက္ရတနာကို ေစာင့္ေရွာက္နိုင္တဲ့ တစ္ဦးတည္းေသာသူ..ေက်ာက္ရတနာနဲ႕ ထိုက္တန္တဲ့ တစ္ဦးတည္းေသာ သူမို႔ နတ္ဘုရားက လက္ေဆာင္ေပးလိုက္တာေလ.."

" ဒါေပမဲ့ အရွင္..ဧကရီေၾကာင့္ မ်ိဳးႏြယ္ဝင္ေတြ ဒုကၡေရာက္မွာ စိုးရိမ္တယ္.."


" မစိုးရိမ္ပါနဲ႕ ဧကရီ ကိုယ္ေတာ္ ဧကရီနဲ႕ ဧကရီ႕ မ်ိဳးႏြယ္စုကို ေသခ်ာကာကြယ္ေပးပါ့မယ္ ..."

မ်က္ႏွာႏုႏုေလးကို ေသခ်ာစိုက္ၾကည့္ၿပီး ေျပာလိုက္ေတာ့ ရွက္ရိပ္သန္းသြားသည့္ အၿပဳံးေလးနဲ႕ မ်က္ႏွာနားက်ေနတဲ့ ဆံႏြယ္အခ်ိဳ႕ကို နား႐ြက္ၾကားညွပ္ကာ ခပ္တိုးတိုးေလး ..

" ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အရွင္.."

ႏွစ္ေယာက္သား အခ်ိန္တစ္ခုၾကာတဲ့ အထိ ထိုေနရာမွာ ထိုင္ေနခဲ့ၾကသည္။

မသိစိတ္ထဲက wereiေတြက ရင္းႏွီးေနေသာေၾကာင့္ သူတို႔ အခ်င္းခ်င္း တစ္ေယာက္အနားမွာ တစ္ေယာက္ရွိရင္ ပိုၿပီး စိတ္သက္သာရာရကာ မသိမသာ pheromones ေတြ ထုတ္လႊင့္ေနၾက၏။လေရာင္ေအာက္က ေလထု‌ထဲမွာ ပ်ံ့လႊင့္ေနတဲ့ သစ္ေမႊးနဲ႕ စႏၵကူး ရနံ႕လႊင္လႊင္ေလးေတြက ရႈရွိုက္ရသူအဖို႔ စိတ္ၾကည္ႏူးမႈကို ေပးစြမ္းနိုင္သည္။

~

~

~

နန္းေတာ္ရဲ႕ လွ်ို႔ဝွက္ေနရာမွာ ဧကရီ ၊ ဧကရာဇ္နဲ႕ ေစာင့္ေရွာက္သူေတြ လွ်ို႔ဝွက္ ေတြ႕ဆုံေနၾကသည္။

" ဒါဆိုရင္ ဝံပုေလြနက္ မ်ိဳးႏြယ္စု ေခါင္းေဆာင္က ဧကရီ႕ ဆီက ေမွာ္ေက်ာက္ ကို လုဖို႔ ႀကံစည္ေနတာေပါ့..အသင္တို႔ သတင္းအတိအက်ကိဳ ဘယ္ကေန သိလာခဲ့တာပ.."

Gardenia ေမးေတာ့ ဧကရာဇ္တို႔ ေခါင္းၿငိမ့္ျပၾက၏။


" အကြၽန္ုပ္တို႔ကို နတ္ဘုရားတာဝန္ေပးတည္းက ဧကရာဇ္က တိုင္းျပည္အႏွံ႕ အေထာက္ေတာ္ေတြ လႊတ္ၿပီးစုံစမ္းခိုင္စခဲ့တာ..သတင္းမွားမဟုတ္တာေၾကာင့္ သတိထားေနေစခ်င္တယ္..သူက ဘယ္လို အႀကံစည္နဲ႕ ဧကရီ႕ဆီက ေက်ာက္ရတနာကို ယူမယ္မွန္း မခန႔္မွန္းနိုင္ၾကဘူး.."

နတ္ဝံပုေလြ မ်ိဳးႏြယ္စုရဲ႕ အႀကံေပးအမတ္ ကင္မ္နမ္ဂြၽန္းကေျပာေတာ့ အားလုံးေခါင္းထဲ အေတြးေတြ တန္းစီကုန္၏။အႏၱရာယ္က မျမင္နိုင္တာေၾကာင့္ ဧကရီကို အခ်ိန္ျပည့္ေစာင့္ေရွာက္ရမည္။

" ဧကရီ ဒီေန႕က စၿပီး ကြၽန္ေတာ္မ်ိဳးမတို႔ အနားမွာ အခ်ိန္ျပည့္ေနခြင့္ေပးပါ..ကြၽန္ေတာ္မ်ိဳးမတို႔ ဧကရီ႕ကို စိတ္မခ်ဘဴး ဧကရီ ဘယ္သြားသြား ကြၽန္ေတာ္မ်ိဳးမတို႔ထဲက တစ္ဦးပါမွ သြားေတာ္မူပါ.."


Jasmine ၏ အႀကံျပဳခ်က္ကို က်န္တဲ့ ႏွစ္ေယာက္ကလည္း ေထာက္ခံသျဖင့္ ..

" ဧကရီ~.. Jasmine ေျပာသလို လုပ္ခြင့္ေပးပါ.."


သူတို႔ခြင့္ေတာင္းေတာ့ ဧကရီက ေခါင္းငုံ႕ကာ တစ္ခုခုကို စဥ္းစားၿပီးမွ ..


" ေကာင္းၿပီေလ...ဧကရီ႕အနားမွာ ေနၾကေပါ့..ဧကရီလည္း အသင္တို႔ မပါဘဲ ဘယ္မွ မသြားဘူး အသင္တို႔ ေက်နပ္ပါေလစ.."

ဧကရီ႕ ဆီက ထိုစကားၾကားရေတာ့ သူတို႔ေပ်ာ္သြားသည္။


" ဒီေန႕ကစၿပီး ကြၽန္ုပ္တို႔ေတြရဲ႕ အစြမ္းေတြကို တိုးတက္ေအာင္ ေလ့က်င့္ထားမွျဖစ္မယ္ ရဋ္သူ႕ရဲ႕ စြမ္းအားကို မခန႔္မွန္းမိၾကဘူးဆိုေတာ့ ႀကိဳတင္ေလ့က်င့္ထားမွ ေတာ္ကာက်မယ္.."


နတ္ဝံပုေလြမ်ိဳးႏြယ္ရဲ႕ ျပည္တြင္းေရးအမတ္ ဟိုေဆာ့က ေျပာသည့္စကားကို အားလုံးကေထာက္ခံၾကသျဖင့္ ဧကရာဇ္က လုပ္ဖို႔ ခြင့္ေပးလိုက္၏။

" ေကာင္းၿပီ ကိုယ္ေတာ္ ခြင့္ျပဳတယ္ ဒီေန႕ကစၿပီး ေလ့က်င့္ဖို႔လုပ္ၾကၿပီးေတာ့..စစ္သူႀကီးမင္..ကိုယ္ေတာ္တို႔ တိုင္းျပည္ကို စာလႊာပို႔ၿပီး စစ္သည္တစ္ေသာင္းေစလႊတ္ခိုင္းထားလိုက္! "



အမိန႔္ေပးလာတဲ့ သူတို႔ရဲ႕ ဧကရာဇ္ေၾကာင့္ လက္ႏွစ္ဖက္ ‌ကိုေရွ႕ယွက္ကာ ေခါင္းငုံ႕ၿပီး နာခံရ၏။


" အမိန႔္အတိုင္းပါ ဧကရာဇ္..အကြၽန္ုပ္ ‌စာပို႔ငွက္နဲ႕ စာလႊာပါလိုက္ပါမယ္.."


စစ္သူႀကီးကအမိန႔္နာခံၿပီး ေျပာေတာ့ ဧကရာဇ္လည္း ‌ေခါင္းၿငိမ့္ကာ အသိအမွတ္ျပဳလိုက္၏။ဒီေတာ့မွ ေခါင္းျပန္လည္ေမာ့လာတဲ့ စစ္သူႀကီးမင္..




" ၿပီးေတာ့ ဒီက စစ္သည္ေတြကို စစ္သူႀကီးနဲ႕ အတူ ဧကရီ႕ရဲ႕ လူတစ္ဦးက ႀကီးၾကပ္ၿပီး ေလ့က်င့္ေပးေစခ်င္တယ္.."

ဧကရာဇ္က ဧကရီ႕ကို ၾကည့္ၿပီး ခြင့္ေတာင္းလိုက္ေတာ့...


" အရွင့္ သေဘာအတိုင္းပါ..ဧကရီရဲ႕ အမ်ိဳးသမီး စစ္သည္ေတယ္ Lotus က တိုက္ခိုက္ရည္ အကြၽမ္းက်င္ဆုံးဘဲ...Lotus ..စစ္သူႀကီးမင့္ကို ကူညီေပးလိုက္ပါ.."


ဧကရီရဲ႕ အမိန႔္ မမည္တဲ့ စကားေၾကာင့္ Lotus ျငင္းလို႔မရနိုင္..

" ကြၽန္ုပ္ ကူညီလိုက္ပါ့မယ္ ဧကရီ.."


" ဒါဆို လူစုခြဲၾကတာေပါ့ "

ဧကရီက အရင္ေျပာၿပီး ထသြားတာေၾကာင့္ သူတို႔လည္း အသီးသီးထကာ ျပန္လိုက္ၾကသည္။ဧကရီ႕ရဲ႕ ပုံစံၾကည့္ရတာ စိတ္ရႈပ္ေထြးေနပုံရ၏။

စိတ္မရႈပ္ရင္လည္း ဘယ္ေနမလဲ...အခု တစ္ေခါက္ ရန္သူက အင္အားႀကီးေလာက္တာမို႔ နတ္ဘုရားကေတာင္ သူကို ေစာင့္ေရွာက္ဖို႔ တျခားမ်ိဳးႏြယ္စုက လူေတြကို ေစလႊတ္လိုက္တာမလား..

အခု အခ်ိန္ အစစအရာရာ သတိထားရမည့္ အခ်ိန္ပင္..


~


~


~

ေနာက္ႏွစ္ပိုင္းေလာက္ဆို ေနာက္ေၾကာင္းျပန္လို႔ ၿပီးပါၿပီေနာ္..အခ်စ္ၾကမ္းတဲ့ သခင္ႀကီးနဲ႕ ခပ္စြာစြာ အိုမီဂါေလး တို႔ဆီ ျပန္ေရာက္ပါေတာ့မယ္...



သဲငယ္ေလး‌တို႔ ေပးတဲ့ အားေတြေၾကာင့္ ေနေကာင္းသြားပါၿပီ..ေခ်ာင္းေလးဘဲ ဆိုးေတာ့တယ္...အားလုံးကို ေက်းဇူးတင္ပါတယ္ေနာ္💙💙💙



Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜



Continue Reading

You'll Also Like

1.2M 62.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
211K 16K 37
(Zawgyi) ညီအစ္​ကို၇​ေယာက္​ၾကားက ျဖဴစင္​​ေသာသံ​ေယာဇဥ္​​ေတြ အနစ္​နာခံမႈ​ေတြနဲ႕ ၅၂၈ခ်စ္​ျခင္​း​ေမတၱာ​ကို ပုံ​ေဖာ္​သြားမည္​့စိတ္​ကူးယဥ္​ဇာတ္​လမ္​း​ေလးတစ္...
2.4K 52 8
The day before the final challenge Chris sends Zoey and Mal to Boney Island for two weeks to find the supposed secret of the island.... will they fin...
14K 927 10
Tay has insomnia, and New works at an 'Open 24x7' Bakery. Tay stays up for entire night most of the time, driving himself insane trying to complete h...