ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 14K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 34

1K 187 0
By Swae_Nyoe

34 01

အပိုင်း (၃၄)

ကျန်းကျိရင်သည် ဤသုံးရက်တာ စောင့်ကြည့်လေ့လာမှုတွင် သူ၏ ဘော့စ်ယင်က မည်သည့်အလုပ်ကိုမှ သင့်တင့်လျောက်ပတ်စွာ မလုပ်နိုင်ဟု ကောက်ချက်ချမိသည်။

ပထမဆုံး ယင်ညန်သည် တစ်နေ့လုံး ဘာတစ်ခုမှ မလုပ်ပေ။ သူလုပ်သည့် ဒုတိယတစ်ခုမှာ ကြောင်ကိုဟိုလှည့်လိုက် သည်လှည့်လိုက် ဆော့ရင်ဆော့ မဟုတ်လျှင် ကြောင်နှင့်အတူ ဆော့မည်။ ဤသို့ဖြင့် ကျန်းကျိရင်သည် ဘော့စ်၏ နယ်ဖတ်ခြင်းဒဏ်ကို သုံးရက်လောက်ခံရပါတော့သည်။

ယင်ညန်သည် သူ့အပေါ်တွင် တကယ်ကို စိတ်ရှည်လှသည်။ နေ့လည်ခင်း သူ့ကို အစာကျွေးနေစဉ်တွင် ယင်ညန်က သူ့လက်ဖဝါးသေးသေးလေးကို ကုန်းကိုက်လာသည်။ ကျန်းကျိရင် အလွန်စိတ်တိုသွားပြီး မစားတော့ဘဲ ယင်ညန်၏ မျက်နှာကို သွားမပေါက်သေးသော သွားဖုံးဖြင့် ပြေးကိုက်တော့သည်။ ယင်ညန်မှာ နည်းနည်းလေးမှ စိတ်မဆိုးသွားပါချေ။ ထိုအစား ထီဆုကြီးပေါက်သလို ပျော်သွားသေးကာ မျက်နှာတည်ကြီးဖြင့် သူ၏ နောက်ထပ် လက်တစ်ဖက်ကို ပြောင်းကိုက်ပါတော့သည်။

သုံးရက်မြောက်ညတွင် ကျန်းကျိရင် မည်သို့မျှ ဆက်၍ ထိုင်မနေနိင်တော့ပေ။ သီအိုရီများအရ ယနေ့သည် သူလူအဖြစ် ပြန်ပြောင်းရမည့် နောက်ဆုံးနေ့ဖြစ်သည်။

ယင်ညန်က ဘာမှမသိသော ခပ်ဆိုးဆိုးကြောင်လေးကို သည်းညည်းခံပြီး အလိုလိုက်သည်ဆိုရုံဖြင့် ကျနးကျိရင်ကို သည်းခံပေးလိမ့်မည်ဟု မပြောနိုင်ပေ။ သူသာ မိသွားလျှင် အကျိုးဆက်က ကြောက်စရာအလွန်ကောင်းပေလိမ့်မည်။ ဤသည်ကို တွေးကြည့်လျှင် ကျန်းကျိရင်လေး စိတ်ဓာတ်ကျသွားသည်။

တစ်ချိန်တည်းမှာပင် ဤနေရာမှ မည်သို့ထွက်ရမည်ကို စိုးရိမ်လာသည်။ အဆုံးတွင် သူ့ကိုယ်သူသာ နှစ်သိမ့်ပေးနိုငသည်။

'အများဆုံး ငါလေး နောက်တစ်ခါသေသွားရုံပါပဲကွာ ပြီးရင် ပြန်ရှင်လာမှာပဲ ဖိုက်တိုး'

သို့ဆိုလျှင်တောင်..... သူသည် နည်းနည်းလေး တွန့်ဆုတ်နေပါသေးသည်။

မှောင်မည်းသွားသည့် အချိန်တွင် ယင်ညန်သည် သူ့ကိုဖက်၍ အိပ်ရာပေါ်တွင် အိပ်ရန် အဆင်သင့်ဖြစ်နေလေပြီ။ ကျန်းကျိရင် သူ၏ နှလုံးသားထဲမှ ငြိမ့်ညောင်းသော ခံစားချက်ကို မနည်းထိန်းထားရသည်။ ယင်ညန်ကိုယ်ပေါ်သို့ တွားတက်သွားပြီး ပေါ်နေသော လည်ပင်းလေးကို လျက်လိုက်သည်။

"ဝမ့်အန်း မီမီ"

ကျန်းကျိရင် နူးညံ့သော အသံသေးသေးလေးနှင့် ပြန်ပြောသည်။

"အောင်းဝ်"

အခန်းတစ်ခုလုံး ရုတ်တရက် မှောင်မည်းသွားသည်။ အလင်းရောင်ဟူ၍ ပြတင်းပေါက်မှ ဝင်လာသော လရောင်ဖျော့ဖျော့သာ ရှိပြီး လော်ရယ်ပင်ကြီးများ၏ လေတိုက်ရာမှ ထွက်လာသော အသံများသာ ရှိတော့သည်။ ယင်ညန်ကဲ့သို့ ဗီလိန်ဘော့စ်တစ်ယောက်သည် ခြင်တစ်ကောင်ပင် ဝင်မလာနိုင်သော မြေအောက်ဓာတ်ခွဲခန်းလိုနေရာမျိုးတွင် နေသင့်သည်။

သို့သော် တကယ်တမ်းတွင် ယင်ညန်သည် အခြေစိုက်စခန်းထဲရှိ နှစ်ထပ်အဆောက်အဦးတစ်ခုတွင်သာ နေခဲ့သည်။ သူ၏ အိပ်ခန်းသည် ဒုတိယထပ်တွင် ရှိသည်။ နေရောင်ရော လရောင်ပါ ရနိုင်မည့် နေရာဖြစ်သောကြောင့် နေရာမှန်ကို ရွေးချယ်ထားသည်ဟု ဆိုရမည်။

ဤကမ္ဘာပျက်ကပ်တွင် လူတိုင်းသည် အကြောက်တရားကိုသာ အဖော်ပြု၍ နေထိုင်ကြရသည်။ အစောင့်အကြပ်ကောင်းကောင်းရှိသည့် အခြေစိုက်စခန်းကြီးများတွင်ပင်လျှင် ညတိုင်း မအိပ်ခင်တိုင်းတွင် ဇွန်ဘီများ အိပ်မောကျနေစဉ် ဝင်မလာနိုင်စေရန် တံခါးများ ပြတင်းပေါက်များ သေချာပိတ်ပြီး မပြီး အထပ်ထပ်အခါခါ လိုက်စစ်ကြပြီးမှ အိပ်ကြရသည်။

ထို့အပြင် ကမ္ဘာပျက်ကပ်ကြီး၏ လက်သည်က ဤသို့ ရိုးရှင်းပြီး စိတ်အနှောက်အယှက်ကင်းကင်းဖြင့် သာသာယာယာနေနေရသည်မှာ လုံးဝ မတရားပေ။

'ဒီဝံပုလွေဆိုးကြီးကတော့....'

ကျန်းကျိရင် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။ ၐ

'ငါ ဘယ်လိုလုပ်ပြီးတော့များ သူ့ကို ကြိုက်နိုင်ရတာလဲ'

'ဒါပေမဲ့ သူ့ကို ကြိုက်တယ် သူ့ကိုပဲ ကြိုက်တယ်'

တစ်ခါတစ်ရံတွင် အကယ်၍ ဝိုင်ကသာ တကယ်ကြီး သူတို့၏ ကမ္ဘာကို ပျက်စီးသွားစေပြီး ကမ္ဘာပျက်ကပ်ကို ဖြစ်စေသည့်သူ အမှန်သာ ဖြစ်ခဲ့လျှင်

34 02

သူသည်လည်း တစ်ခြားသူများကဲ့သို့ပင် သူ(ယင်ညန်)ကို ကြောက်ရွံ့ပြီး မုန်းတီးနေမိလောက်မည်ဟု ကျန်းကျိရင် တွေးမိလေသည်။

သို့သော် အစကတည်းက ဝိုင်လုပ်ခဲ့သမျှ အားလုံးသည် သူ့အတွက်တော့ မှားယွင်းနေသည့်အရာများသာ ဖြစ်သည်။ ဂိမ်းရေးဆွဲသူတို့က ဇာတ်ကြောင်းကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး တကယ့်တရားခံမှာ ဂိမ်းရေးသူများသာ ဖြစသ်ည်။ ထို့ကြောင့် သူ သူ့(ယင်ညန်)ကိုကြိုက်သည်။ သူဘာလုပ်ခဲ့ခဲ့ ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏ ကာရိုက်တာကို ချထားသော ဆက်တင်က အလွန်ပင် ဆွဲဆောင်မှုရှိသည်ဟုပင် တွေးခဲ့မိသေးသည်။

ယခုတွင်ပင် ဤလောကသို့ ရောက်လာပြီး တကယ်ကြီး သက်ရှိထင်ရှားရှိနေသော ယင်ညန်ကနို တွေ့လိုက်ရချိန်တွင် သူ၏ သူ့(ယင်ညန်)အပေါ်ထားသော ခံစားချက်များနှင့် ခံယူချက်များက နှလုံးသားထဲတွင် စစ်မှန်စွာ တည်ရှိနှင့်ပြီးဖြစ်ရာ ပြောင်းလဲဖို့ အလွန်ခက်ခဲလေသည်။

သူ့အတွက်တော့ တကယ့်ကမ္ဘာအစစ်တွင် နေ့တိုင်း မနက်ကိုးနာရီမှ ညခုနှစ်နာရီအထိ အလုပ်လုပ်ရသည်။ နေ့တိုင်း မနက်ရှစ်နာရှီတွင် မြေအောက်ရထားမှထွက်၍ ဘော့စ်ကို အမြဲသတိထားနေရကာ အချိန်မှန် လစာအတွက် ဘဏ်ကတ်ကို စစ်ဆေးရသည်။ အလုပ်လုပ်လာသည်မှာ ဆယ်နှစ်ကျော် ကြာပြီဖြစ်သော်လည်း အိမ်တစ်လုံး မပိုင်သေး။ ကားတစ်စီးလောက် ဝယ်ရန် တတ်နိုင်သော်လည်း ယဉ်ကြောပိတ်သည့်ဒဏ်ကို သူမခံနိုင်။

နှစ်နာရီလောက်ကြာပြီးနောက် ကျန်းကျိရင် ယင်ညန်အိပ်ပျော်သွားလောက်ပြီဟု တွေးမိသည်။ ထို့ကြောင့် စောင်အောက်မှ အသာလေး လှိမ့်ထွက်လိုက်ပြီး ဖြည်းဖြည်းချင်း ရွေ့သွားကာ နောက်ဆုံးတွင် အိပ်ရာအစွန်ထိ ရောက်လာနိုင်သွားသည်။ ထို့နောက် အိပ်ရာပေါ်မှ ခုန်ချရန် အသင့်အနေအထား ပြင်လိုက်သည်။

ရလဒ်ကတော့ သူ လုံးဝ ခုန်မချရဲပေ။

လွန်ခဲ့သော နှစ်ရက်လုံးလုံး ယင်ညန်ကသာ သူ့ကို ချီ၍ ချပေးခြင်း ဖြစ်သည်။ ထို့ကြောင့်သူ့အတွက် အရမ်းမြင့်မြင့်နေရာများကို ခုန်တက် ခုန်ချ စရာမလိုခဲ့ပေ။ ကျန်းကျိရင် မည်းမှောင်နေသော မျက်နှာဖြင့် ကြမ်းပြင်ကို စိုက်ကြည့်နေပြီး နောက်ဆုံးတွင် မျက်စိစုံမှိတ်၍ ခုန်ချလိုက်တော့သည်။

ကျန်းကျိရင်လေးသည် ကြမ်းပြင်ပေါ်သို့ နှာခေါင်းနင့်ကျသွားပြီး မတရားခံလိုက်ရသလို ခံစားရသည်။ ဤအသံကို ကြားသောအခါ မနည်းကို အိပ်ချင်ယောင်ဆောင်ပြီး ထမကြည့်မိရန် ထိန်းချုပ်နေရသော ယင်ညန် ရင်တထိတ်ထိတ်ဖြစ်သွားသည်။ သူ့ကလေးလေး၏ နှာခေါင်းလေးကို အနာသက်သာအောင် ပွတ်သပ်ပေးချင်သည်။

ဤအရာများကို ဘာမှမသိသော ကျန်းကျိရင်အတွက် သူ့နှာခေါင်းလေးကို လက်ဖဝါးပိစိလေးဖြင့် ပွတ်နေသည်။ လရောင်အောက်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ယင်ညန်ကို နောက်ဆုံးအနေနှင့် ပြန်လှည့်မကြည့်ဘဲ မနေနိုင်ပေ။ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ခြေပုတိုလေးများဖြင့် ထွက်ပြေးသွားတော့သည်။

သူ၏ ခြေတိုတိုလေးများကား အားနည်းလွန်းလှရာ တကယ်ကြီး ဆယ်လှမ်းထက် ပိုမလျှောက်နိုင်ပေ။ လတ်တလောတွင် သူ့ကို ဘယ်သွားသွား ဘော့စ်ကသာ ချီသွားလေရာ သူ့မှာ ကြောင်အနေအထားဖြင့် လမ်းလျှောက်မကြည့်ရသေးပေ။

အလွန်အမင်းစိတ်ပူနေသော ယင်ညန်သည် သူ့နောက်မှာ တိတ်တိတ်လေး လိုက်ကြည့်နေသည်။

ကျန်းကျိရင်ကို မြင်လျှင် တကယ်ကြီး ပြေးသွားပြီး လက်မောင်းများကြားထဲ ပွေ့ချီထားလိုက်ချင်စိတ်တို့ တဖွားဖွားပေါ်လာသည်။ သို့သော် အကယ်၍ သူသာ ယခုနေ ပေါ်လာလိုက်မည်ဆိုလျှင် သူ၏ ကျိရင်လေးမှာ လန့်ဖျတ်သွားနိုင်ပြီး အကြောက်လွန်သွားကာ ကိစ္စများ ရှုပ်ထွေးသွားနိုင်သည်။

သို့သော် သူက အလွန်စိုးရိမ်နေမိလေရာ......

'ထပ်ပြီး လဲကျသွားဦးမလား...... ဒါနဲ့ဆို ခုနှစ်ခေါက်တောင်ရှိနေပြီ.....သတိထား အဲ့နားမှာ နံရံကြီး...မင်းရှေ့က မှန်တံခါးကို ဝင်မတိုက်လိုက်နဲ့ အား.....ရပြီ ဝင်တိုက်လိုက်ပြီပဲ..... ကျိရင်လေး တအားနာသွားတဲ့ပုံပဲ....အောက်ထပ်ကို ဆင်းဖို့ တအားကို ကြိုးစားနေရရှာတာ....ဒါပေမဲ့ ဒီကလေး လှေကားဆင်းထားကို ဖင်လေးလိမ်လိမ်ပြီး ဆင်းနေတာ...အား... ချစ်စရာကောင်းလိုက်တာ...ဟမ်း မင်းသာ ကိုယ့်ကို တောင်းဆိုရင် ကိုယ်မင်းကို ချီပြီး ပို့ပေးမှာပေါ့ကွာ'

သို့သော် ကျန်းကျိရင်တွင် ယင်ညန်ကို အကူအညီတောင်းမည့် စိတ်ကူးမရှိသည်မှာ သေချာသည့်ဟိုဘက်ပင် လွန်နေသေးသည်။

ယင်ညန်သည် မှိန်ဖျော့နေသော မျက်ဝန်းတို့နှင့် နောက်မှ တိတ်တိတ်လေး လိုက်နေရုံသာ တတ်နိုင်သည်။ ကျန်းကျိရင် နောက်ဆုံးတွင် ပထမထပ်သို့ အောင်အောင်မြင်မြင် ရောက်သွားနိုင်ပြီဖြစ်ကာ နာရီဝက်ကြာသွားသည်ကိုတော့ ထည့်မပြောကြနဲ့ပေါ့လေ။

34 03

ထို့နောက် သူသည် ဂိတ်ပေါက်သို့ ပျော်ရွှင်စွာဖြင့် ပြေးသွားပြီး စခန်းထဲမှ ချောမွေ့စွာ ထွက်သွားလေတော့သည်။ သူအရမ်းကို ချောချောမွေ့မွေ့ထွက်သွားနိုင်သည်မှာ အလွန်ကို မယုံနိုင်စရာ ကောင်းလှသည်။ မသိလျှင် ကြောင်ပုံစံပြောင်းပြီး အိမ်မှ ထွက်ပြေးမည်ဆိုလျှင်ပင် ဤမျှလောက် ချောမွေ့မည် မဟုတ်ပေ။

သူ၏ လက်ရှိကြောင်ပုံစံဖြင့် လုံခြုံရေးတံခါးကို ဖွင့်နိုင်ဖို့မှာ ပို၍ပင် မလွယ်ကူပေ။

မမျှောလင့်ထားသည်မှာ Item Storeသည် ယခုထက်ထိ အလုပ်မလုပ်သေးပေ။ ကံကောင်းစွာဖြင့် သူသည် တစ်ချိန်က ပျံသန်းအဆောင်များကို တစ်ခါတည်း အများကြီးဝယ်၍ သိမ်းထားခဲ့မိသည်။ ဤအချိန်တွင် အဆောင်များထုတ်၍ သုံးရတော့မည်။

အဖြူရောင်အလင်းတစ်ချက်ပေါ်လာပြီး ကြောင်ကလေးတစ်ကောင် ရင်းနှီးနေသော လူငယ်လေးအဖြစ်အပြောင်းသွားသည်ကို ယင်ညန် စောင့်ကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးပြီး မဖော်ပြနိုင်သော ခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည်။ သူသည် တစ်လောကလုံးကို လစ်လျူရှုထားပြီး တစ်ယောက်တည်းသာ နေခဲ့သော်လည်း ဤလူသားလေးကြောင့် ကမ္ဘာကြီး၏ မတူညီသော ရသစုံ အတွေးအမြင်သစ်များ အရသာများကို ခံစားတတ်လာခဲ့သည်။

အကြိမ်ထောင်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ဖူးသည့်အတိုင်း သူထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ စခန်းထဲမှ အရာအားလုံးသည်လည်း အရင်အတိုင်းပင်။ ကျန်းကျိရင် ပျောက်သွားမှုကြောင့် လှိုင်းထန်သွားတာမျိုးလည်း မရှိပေ။

ဤသို့သော နေ့စဉ်နေ့တိုင်း လူများပျောက်သွားပြီး ထိုပျောက်သွားသည့် ဖြစ်ရပ်များက မထူဆန်းတော့သည့် ကမ္ဘာကြီးတွင် မျှော်လင့်ချက်စခန်းသည်လည်း အရင်အတိုင်း ပုံမှန်လည်ပတ်နေသည်။ တပ်ခွဲလေး၏ ခေါင်းဆောင်သာလျှင် ကျန်းကျိရင် မရှိတော့သည့်နောက် အဖွဲ့သားများကို မည်သို့စီမံရမည်ကို တွေးနေခဲ့သည်။ အဖွဲ့သုံးမှ လူများကို တစ်ခြားနေရာသို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အဖွဲ့သုံးမှ အဖွဲ့သားများက သူတို့၏ ကပ္ပတိန်က သေချာပေါက် မကြာခင်တွင် ပြန်လာမှာဟူ၍ ခုခံနေကြရာ ထပ်ပြီး စိတ်အနှောက်အယှက် ဖြစ်ခံမနေတော့ပေ။

တပ်ခွဲလေး၏ ခေါင်းဆောင်သည် သူ၏ ကိုယ်ပိုင်ကိစ္စများကိုသာ အာရုံစိုက်ပြီး ကိုယ့်ကို ထိခိုက်လာမည့် ကိစ္စများကို ကြောက်ရွံ့ကာ တစ်ပါးသူအတွက် ဘာမှ မလုပ်ပေးချင်သည့် လူစားမျိုးဖြစ်သည်။ သူသည် လုံးဝကို သူ့အတွက်သူ တွေး၍ ရှင်သန်နေသူဖြစ်ပြီး ခေါင်းဆောင်နေရာယူထားရခြင်းမှာ မက်လောက်စရာ ရင်းမြစ်များနှင့် အနေချောင်သည့် ခေါင်းဆောင်တစ်ယောက်၏ ရပိုင်ခွင့် အခွင့်အလမ်းများကြောင့်သာဖြစ်သည်။

သို့သော် ကမ္ဘာပျက်ကပ်တွင် သူသည် သူ့ကိုယ်သူ ဆိုးသည်ဟုတော့ လုံးဝမထင်ခဲ့ပေ။ အားလုံးက သူလိုကိုယ်လို တကိုယ်ကောင်းသမားများသာ အသက်ရှင်ကျန်တော့သည် မဟုတ်ပါလား။

ထို့ကြောင့် ကျန်းကျိရင် ပြန်လာလာ မလာာ သူ့ကိစ္စမဟုတ်သောကြောင့် အတွေးများမနေတော့ပေ။ ထို့အပြင် ကျန်းကျိရင် တစ်ယောက်ပဲ အဘယ့်ကြောင့် ပြန်မရောက်လာရသည့် အကြောင်းကိုလည်း မစုံစမ်းခဲ့ပေ။

အဖွဲ့နှစ်၏ သဘောထားများသည်လည်း ဆိုးရွားသည်ထက် ဆိုးရွားလာသည်။ သူတို့သည် ကျန်းကျိရင် ပြန်ရောက်လာသည်ကို မြင်လျှင် အနည်းငယ် အံ့ဩသွားကြပြီး သူတို့၏ အမှားတို့ကို မပေါ်စေရန်အတွက် သူများကို ပိုတိုးပြီး ကဲ့ရဲ့ပြစ်တင်ခြင်းတို့ ပြုလုပ်လာကြသည်။ ဤလူသည် သူတို့ကြောင့် သူ၏ အသက်ကို

34 04

ဆုံးရှုံးလုနီးပါးဖြစ်သွားသည်ကို လုံးဝ ဂရုမစိုက်ကြပေ။ ဇွန်ဘီနှင့်သာ အမိခံလိုက်ရလျှင် အသေဆိုးနှင့် သေသွားနိုင်သည်ကိုလည်း အရေးမလုပ်ကြ။

ကျန်းကျိရင်သည်လည်း အစီအစဉ်ချနေခဲ့သည်။ ထိုသူများနှင့် မည်သို့ ရင်ဆိုင်ဆက်ဆံရမည်ကို အချိန်ပြည့် တွေးနေသည်။ သူ သူတို့ကို မမုန်းခဲ့ပေ။ ယိုးခွင်၏ စိတ်စွမ်းအားဖြင့် အတိုက်ခိုက်ခံရပြီး မြေနံရံများနှင့် နွယ်ပင်များက သူနှင့်ဇွန်ဘီကို တစ်ချိန်တည်း ပိတ်လှောင်လိုက်သည့် အချိန်တွင်တော့ သူတို့ကို သေစေချင်မိခဲ့သည်။

သို့သော် ထိုနောက်ပိုင်း စိတ်ငြိမ်သွားသည့်အချိန်တွင် ကြောက်လန့်လာခဲ့သည်။ သူသည် သူ့အသက်ကို ကာကွယ်လိုသောကြောင့် တစ်ပါးသူကို မုန်းတီးပြီး လက်စားချေကာ သေစေချင်ခဲ့သည်။ သူ့တွင် မည်သို့သော စိတ်ဓာတ်မျိုး ဝင်နေပါသနည်း။

တစ်ဖက်လူများက တကယ်ကို အပြစ်ပေးရန် ထိုက်တန်နေလျှင်ပင် သူ၏ အတွင်းစိတ်ထဲတွင် လူတိုင်းကို ငြိမ်းချမ်းပြီးတည်ငြိမ်ကာ သမာသမတ်ကျသော လူ့အသိုင်းအဝိုင်းတွင် နေစေလိုသော ဆန္ဒတို့က ရှိနေဆဲပင်။

လူတစ်ယောက်သည် တရားမျှတသော ဆုံးဖြတ်ချက်ကို လက်ခံသင့်ပြီး တရားခွင်တွင် မျှတစွာ လျှောက်လဲခွင့်ရှိသင့်သည်။ ထိုလူကို မုန်းတီးနေသောကြောင့် သူ့ဆန္ဒအတိုင်း တစ်ဖက်စောင်းနင်း စီရင်မည့်အစား တရားမျှတသော အဆုံးအဖြတ်ကိုသာ လက်ခံသင့်သည်။

ထို့ကြောင့် ယိုးခွင်နှင့် တစ်ခြားသူများကို မြင်ခဲ့သော အချိန်တွင်ပင် သူသည် ဒေါသထွက်သော်လည်း သတ်ပစ်ချင်လောက်သည့် အမုန်းတရားများတော့ မရှိပေ။ ဤသည်မှာ ကြင်နာသည်းခံခြင်း မဟုတ်သလို သနားညှာတာခြင်းလည်း မဟုတ်ပေ။ သူ့စိတ်ထဲတွင် ထည့်ဖို့ကို မတန်သောကြောင့် ဖြစ်သည်။

သူသည် ပြန်လည်ပြင်ဆင်ပြီးဖြစ်သော Item Store ကို လိုက်လံကြည့်ရှုနေပြီး ရှောင်ကျင်းက ဘေးမှ နေ၍ လတ်တလော ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ပြောပြနေသည်။

"စကားမစပ် ကပ္ပတိန် ကျွန်တော်ကြားခဲ့တာ ဒီနေ့နေ့လည်ကျရင် စခန်းကို အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်မယ်တဲ့၊ အဲဒီထဲက တစ်ယောက်က ကျွန်တော်တို့ လူငယ်ပိုင်းထဲက အထူးချွန်ဆုံးသုတေသနပညာရှင်တဲ့ဗျ ပြောကြတာတော့ ကမ္ဘာပျက်ကပ်မတိုင်ခင်က သူနဲ့ဝိုင်နဲ့က ပြိုင်ဘက်တွေတဲ့ အဲဒီသူက ကမ္ဘာပျက်ကပ်ကို အဆုံးသတ်ပေးမဲ့ နည်းလမ်းကို ရှာပေးနိုင်တယ်ဆိုပြီး ကမ္ဘာပျက်ကပ်ရဲ့ မျှော်လင့်ချက်ဆိုပြီး နာမည်တွေကို ကြီးနေတာပဲ ပြီးတော့ အဲဒီသူက အဆင့်ခြောက် စိတ်စွမ်းအားရှင်တဲ့ အရမ်းကို သန်မာတာပဲနော် သူက လူသားမျိုးနွယ် တကျော့ပြန်ခေါင်းမော့လာနိုင်ဖို့ မဟာမိတ်ထူထောင်ဖို့ လုပ်နေတာတဲ့ ပြီးတော့ အမှန်တရားဘက်တော်သားတွေအပေါ်မှာ ကောင်းကောင်းကြီး လွှမ်းမိုးထားနိုင်တဲ့သူတဲ့ သူက အခုဆို မိုးတိမ်မဟာမိတ်အဖွဲ့ရယ် အခြေစိုက်စခန်း နံပါတ်တစ်ရယ် တစ်ခြား အဓိက အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု သွားနေတာတဲ့ အခု သူသွားမဲ့နေရာက တကျော့ပြန်အခြေစိုက်စခန်းကိုတဲ့ သူ့ခရီးအလယ်လောက်မှာ ကျွန်တော်တို့ အခြေစိုက်စခန်းကို ဝင်မယ်တဲ့ အဲဒါ ဒီနေ့လည်ကျရင် ခေါင်းဆောင်တွေအားလုံး သူ့ကို သွားတွေ့ရမှာ"

ရှောင်ကျင်းက ပြောသည်။

ကျန်းကျိရင်မှာ စိတ်မဝင်စားသော အကြောင်းအရာဖြစ်သောကြောင့် သေချာနားမထောင်မိရာ အသေးစိတ် မကြားလိုက်ပေ။ ထို့ကြောင့် သူတို့ကို ပင်ပန်းလာ၍ တရေးအိပ်ဦးမည်ဆိုကာ ပြန်ခိုင်းလိုက်တော့သည်။

သူတကယ့်ကမ္ဘာအစစ်သို့ ပြန်ရောက်သောအခါ နေ့လည်တွင် စခန်းကိုလာမည့် အရေးကြီးဧည့်သည် မည်သူဆိုသည်ကို တရားဝင်ဝဘ်ဆိုက်ကိုသွား၍ စပ်စုချင်စိတ် လုံးဝမရှိနေပေ။ ဂိမ်းကမ္ဘာထဲမှ ရှောင်ကျင်းထံမှ နားထောင်ပြီးသည်နှင့် "သူ" ဆိုသောသူ မည်မျှ တော်ကြောင်းကောင်းကြောင်း သူသိနေတာ လုံလောက်ပြီဖြစ်သည်။

သူ့အလုပ်ပြီးသည်နှင့် ဂိမ်းထဲသို့ ဝင်လိုက်သည်။ သုံးရက်လောက် အချင်းချင်း ရင်းနှီးစွာ နေထိုင်ခဲ့ပြီးနောက် ကျန်းကျိရင်သည် သူတော့ ယင်ညန်ကို ပိုပိုပြီး လိုချင်တပ်မက်လာသည်ကို သိလိုက်ရသည်။ ခနလေးသာ အတူရှိခဲ့သော်လည်း ခွဲနေရသောအခါ လွမ်းသည့်ဒဏ်က လုံးဝ သည်းမခံနိုင်စရာပင်။

တစ်ဖက်လူ မည်သို့တွေးမည်ကို သူမသိပေ။ ကွန်ပျူတာရှေ့မှ ထိုင်ခုံတွင် ခြေပစ်လက်ပစ် မှီထိုင်နေပြီး ဖွင့်ထားသော <Tomorrow> စခရင်ကို ငေးမောနေကာ ပျော်ရွှင်ခဲ့ရသော အချိန်များကို ပြန်တွေးနေခဲ့သည်။

ဤအချိန်တွင် ယင်ညန်သည် သူ၏ အပြုအမူများကို မကြာခင်တွင် တွေ့ရပေတော့မည်။

သူ(ယင်ညန်)သည်လည်း သူ(ကျန်းကျိရင်)၏ ခံစားချက်များနှင့် ထပ်တူညီသော ခံစားချက်များ ရှိနေသည်လေ.....

............................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

34 01
အပိုင္း (၃၄)

က်န္းက်ိရင္သည္ ဤသုံးရက္တာ ေစာင့္ၾကည့္ေလ့လာမႈတြင္ သူ၏ ေဘာ့စ္ယင္က မည္သည့္အလုပ္ကိုမွ သင့္တင့္ေလ်ာက္ပတ္စြာ မလုပ္ႏိုင္ဟု ေကာက္ခ်က္ခ်မိသည္။

ပထမဆုံး ယင္ညန္သည္ တစ္ေန႔လုံး ဘာတစ္ခုမွ မလုပ္ေပ။ သူလုပ္သည့္ ဒုတိယတစ္ခုမွာ ေၾကာင္ကိုဟိုလွည့္လိုက္ သည္လွည့္လိုက္ ေဆာ့ရင္ေဆာ့ မဟုတ္လွ်င္ ေၾကာင္ႏွင့္အတူ ေဆာ့မည္။ ဤသို႔ျဖင့္ က်န္းက်ိရင္သည္ ေဘာ့စ္၏ နယ္ဖတ္ျခင္းဒဏ္ကို သုံးရက္ေလာက္ခံရပါေတာ့သည္။

ယင္ညန္သည္ သူ႔အေပၚတြင္ တကယ္ကို စိတ္ရွည္လွသည္။ ေန႔လည္ခင္း သူ႔ကို အစာေကြၽးေနစဥ္တြင္ ယင္ညန္က သူ႔လက္ဖဝါးေသးေသးေလးကို ကုန္းကိုက္လာသည္။ က်န္းက်ိရင္ အလြန္စိတ္တိုသြားၿပီး မစားေတာ့ဘဲ ယင္ညန္၏ မ်က္ႏွာကို သြားမေပါက္ေသးေသာ သြားဖုံးျဖင့္ ေျပးကိုက္ေတာ့သည္။ ယင္ညန္မွာ နည္းနည္းေလးမွ စိတ္မဆိုးသြားပါေခ်။ ထိုအစား ထီဆုႀကီးေပါက္သလို ေပ်ာ္သြားေသးကာ မ်က္ႏွာတည္ႀကီးျဖင့္ သူ၏ ေနာက္ထပ္ လက္တစ္ဖက္ကို ေျပာင္းကိုက္ပါေတာ့သည္။

သုံးရက္ေျမာက္ညတြင္ က်န္းက်ိရင္ မည္သို႔မွ် ဆက္၍ ထိုင္မေနနိင္ေတာ့ေပ။ သီအိုရီမ်ားအရ ယေန႔သည္ သူလူအျဖစ္ ျပန္ေျပာင္းရမည့္ ေနာက္ဆုံးေန႔ျဖစ္သည္။

ယင္ညန္က ဘာမွမသိေသာ ခပ္ဆိုးဆိုးေၾကာင္ေလးကို သည္းညည္းခံၿပီး အလိုလိုက္သည္ဆို႐ုံျဖင့္ က်နးက်ိရင္ကို သည္းခံေပးလိမ့္မည္ဟု မေျပာႏိုင္ေပ။ သူသာ မိသြားလွ်င္ အက်ိဳးဆက္က ေၾကာက္စရာအလြန္ေကာင္းေပလိမ့္မည္။ ဤသည္ကို ေတြးၾကည့္လွ်င္ က်န္းက်ိရင္ေလး စိတ္ဓာတ္က်သြားသည္။

တစ္ခ်ိန္တည္းမွာပင္ ဤေနရာမွ မည္သို႔ထြက္ရမည္ကို စိုးရိမ္လာသည္။ အဆုံးတြင္ သူ႔ကိုယ္သူသာ ႏွစ္သိမ့္ေပးႏိုငသည္။

'အမ်ားဆုံး ငါေလး ေနာက္တစ္ခါေသသြား႐ုံပါပဲကြာ ၿပီးရင္ ျပန္ရွင္လာမွာပဲ ဖိုက္တိုး'

သို႔ဆိုလွ်င္ေတာင္..... သူသည္ နည္းနည္းေလး တြန႔္ဆုတ္ေနပါေသးသည္။

ေမွာင္မည္းသြားသည့္ အခ်ိန္တြင္ ယင္ညန္သည္ သူ႔ကိုဖက္၍ အိပ္ရာေပၚတြင္ အိပ္ရန္ အဆင္သင့္ျဖစ္ေနေလၿပီ။ က်န္းက်ိရင္ သူ၏ ႏွလုံးသားထဲမွ ၿငိမ့္ေညာင္းေသာ ခံစားခ်က္ကို မနည္းထိန္းထားရသည္။ ယင္ညန္ကိုယ္ေပၚသို႔ တြားတက္သြားၿပီး ေပၚေနေသာ လည္ပင္းေလးကို လ်က္လိုက္သည္။

"ဝမ့္အန္း မီမီ"

က်န္းက်ိရင္ ႏူးညံ့ေသာ အသံေသးေသးေလးႏွင့္ ျပန္ေျပာသည္။

"ေအာင္းဝ္"

အခန္းတစ္ခုလုံး ႐ုတ္တရက္ ေမွာင္မည္းသြားသည္။ အလင္းေရာင္ဟူ၍ ျပတင္းေပါက္မွ ဝင္လာေသာ လေရာင္ေဖ်ာ့ေဖ်ာ့သာ ရွိၿပီး ေလာ္ရယ္ပင္ႀကီးမ်ား၏ ေလတိုက္ရာမွ ထြက္လာေသာ အသံမ်ားသာ ရွိေတာ့သည္။ ယင္ညန္ကဲ့သို႔ ဗီလိန္ေဘာ့စ္တစ္ေယာက္သည္ ျခင္တစ္ေကာင္ပင္ ဝင္မလာႏိုင္ေသာ ေျမေအာက္ဓာတ္ခြဲခန္းလိုေနရာမ်ိဳးတြင္ ေနသင့္သည္။

သို႔ေသာ္ တကယ္တမ္းတြင္ ယင္ညန္သည္ အေျခစိုက္စခန္းထဲရွိ ႏွစ္ထပ္အေဆာက္အဦးတစ္ခုတြင္သာ ေနခဲ့သည္။ သူ၏ အိပ္ခန္းသည္ ဒုတိယထပ္တြင္ ရွိသည္။ ေနေရာင္ေရာ လေရာင္ပါ ရႏိုင္မည့္ ေနရာျဖစ္ေသာေၾကာင့္ ေနရာမွန္ကို ေ႐ြးခ်ယ္ထားသည္ဟု ဆိုရမည္။

ဤကမာၻပ်က္ကပ္တြင္ လူတိုင္းသည္ အေၾကာက္တရားကိုသာ အေဖာ္ျပဳ၍ ေနထိုင္ၾကရသည္။ အေစာင့္အၾကပ္ေကာင္းေကာင္းရွိသည့္ အေျခစိုက္စခန္းႀကီးမ်ားတြင္ပင္လွ်င္ ညတိုင္း မအိပ္ခင္တိုင္းတြင္ ဇြန္ဘီမ်ား အိပ္ေမာက်ေနစဥ္ ဝင္မလာႏိုင္ေစရန္ တံခါးမ်ား ျပတင္းေပါက္မ်ား ေသခ်ာပိတ္ၿပီး မၿပီး အထပ္ထပ္အခါခါ လိုက္စစ္ၾကၿပီးမွ အိပ္ၾကရသည္။

ထို႔အျပင္ ကမာၻပ်က္ကပ္ႀကီး၏ လက္သည္က ဤသို႔ ႐ိုးရွင္းၿပီး စိတ္အေႏွာက္အယွက္ကင္းကင္းျဖင့္ သာသာယာယာေနေနရသည္မွာ လုံးဝ မတရားေပ။

'ဒီဝံပုေလြဆိုးႀကီးကေတာ့....'

က်န္းက်ိရင္ စိတ္ထဲမွ က်ိတ္၍ က်ိန္ဆဲလိုက္မိသည္။ ၐ

'ငါ ဘယ္လိုလုပ္ၿပီးေတာ့မ်ား သူ႔ကို ႀကိဳက္ႏိုင္ရတာလဲ'

'ဒါေပမဲ့ သူ႔ကို ႀကိဳက္တယ္ သူ႔ကိုပဲ ႀကိဳက္တယ္'

တစ္ခါတစ္ရံတြင္ အကယ္၍ ဝိုင္ကသာ တကယ္ႀကီး သူတို႔၏ ကမာၻကို ပ်က္စီးသြားေစၿပီး ကမာၻပ်က္ကပ္ကို ျဖစ္ေစသည့္သူ အမွန္သာ ျဖစ္ခဲ့လွ်င္

34 02
သူသည္လည္း တစ္ျခားသူမ်ားကဲ့သို႔ပင္ သူ(ယင္ညန္)ကို ေၾကာက္႐ြံ႕ၿပီး မုန္းတီးေနမိေလာက္မည္ဟု က်န္းက်ိရင္ ေတြးမိေလသည္။

သို႔ေသာ္ အစကတည္းက ဝိုင္လုပ္ခဲ့သမွ် အားလုံးသည္ သူ႔အတြက္ေတာ့ မွားယြင္းေနသည့္အရာမ်ားသာ ျဖစ္သည္။ ဂိမ္းေရးဆြဲသူတို႔က ဇာတ္ေၾကာင္းကို ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး တကယ့္တရားခံမွာ ဂိမ္းေရးသူမ်ားသာ ျဖစသ္ည္။ ထို႔ေၾကာင့္ သူ သူ႔(ယင္ညန္)ကိုႀကိဳက္သည္။ သူဘာလုပ္ခဲ့ခဲ့ ဂ႐ုမစိုက္ေပ။ ဆန႔္က်င္ဘက္အေနႏွင့္ သူ၏ ကာ႐ိုက္တာကို ခ်ထားေသာ ဆက္တင္က အလြန္ပင္ ဆြဲေဆာင္မႈရွိသည္ဟုပင္ ေတြးခဲ့မိေသးသည္။

ယခုတြင္ပင္ ဤေလာကသို႔ ေရာက္လာၿပီး တကယ္ႀကီး သက္ရွိထင္ရွားရွိေနေသာ ယင္ညန္ကႏို ေတြ႕လိုက္ရခ်ိန္တြင္ သူ၏ သူ႔(ယင္ညန္)အေပၚထားေသာ ခံစားခ်က္မ်ားႏွင့္ ခံယူခ်က္မ်ားက ႏွလုံးသားထဲတြင္ စစ္မွန္စြာ တည္ရွိႏွင့္ၿပီးျဖစ္ရာ ေျပာင္းလဲဖို႔ အလြန္ခက္ခဲေလသည္။

သူ႔အတြက္ေတာ့ တကယ့္ကမာၻအစစ္တြင္ ေန႔တိုင္း မနက္ကိုးနာရီမွ ညခုႏွစ္နာရီအထိ အလုပ္လုပ္ရသည္။ ေန႔တိုင္း မနက္ရွစ္နာရွီတြင္ ေျမေအာက္ရထားမွထြက္၍ ေဘာ့စ္ကို အၿမဲသတိထားေနရကာ အခ်ိန္မွန္ လစာအတြက္ ဘဏ္ကတ္ကို စစ္ေဆးရသည္။ အလုပ္လုပ္လာသည္မွာ ဆယ္ႏွစ္ေက်ာ္ ၾကာၿပီျဖစ္ေသာ္လည္း အိမ္တစ္လုံး မပိုင္ေသး။ ကားတစ္စီးေလာက္ ဝယ္ရန္ တတ္ႏိုင္ေသာ္လည္း ယဥ္ေၾကာပိတ္သည့္ဒဏ္ကို သူမခံႏိုင္။

ႏွစ္နာရီေလာက္ၾကာၿပီးေနာက္ က်န္းက်ိရင္ ယင္ညန္အိပ္ေပ်ာ္သြားေလာက္ၿပီဟု ေတြးမိသည္။ ထို႔ေၾကာင့္ ေစာင္ေအာက္မွ အသာေလး လွိမ့္ထြက္လိုက္ၿပီး ျဖည္းျဖည္းခ်င္း ေ႐ြ႕သြားကာ ေနာက္ဆုံးတြင္ အိပ္ရာအစြန္ထိ ေရာက္လာႏိုင္သြားသည္။ ထို႔ေနာက္ အိပ္ရာေပၚမွ ခုန္ခ်ရန္ အသင့္အေနအထား ျပင္လိုက္သည္။

ရလဒ္ကေတာ့ သူ လုံးဝ ခုန္မခ်ရဲေပ။

လြန္ခဲ့ေသာ ႏွစ္ရက္လုံးလုံး ယင္ညန္ကသာ သူ႔ကို ခ်ီ၍ ခ်ေပးျခင္း ျဖစ္သည္။ ထို႔ေၾကာင့္သူ႔အတြက္ အရမ္းျမင့္ျမင့္ေနရာမ်ားကို ခုန္တက္ ခုန္ခ် စရာမလိုခဲ့ေပ။ က်န္းက်ိရင္ မည္းေမွာင္ေနေသာ မ်က္ႏွာျဖင့္ ၾကမ္းျပင္ကို စိုက္ၾကည့္ေနၿပီး ေနာက္ဆုံးတြင္ မ်က္စိစုံမွိတ္၍ ခုန္ခ်လိုက္ေတာ့သည္။

က်န္းက်ိရင္ေလးသည္ ၾကမ္းျပင္ေပၚသို႔ ႏွာေခါင္းနင့္က်သြားၿပီး မတရားခံလိုက္ရသလို ခံစားရသည္။ ဤအသံကို ၾကားေသာအခါ မနည္းကို အိပ္ခ်င္ေယာင္ေဆာင္ၿပီး ထမၾကည့္မိရန္ ထိန္းခ်ဳပ္ေနရေသာ ယင္ညန္ ရင္တထိတ္ထိတ္ျဖစ္သြားသည္။ သူ႔ကေလးေလး၏ ႏွာေခါင္းေလးကို အနာသက္သာေအာင္ ပြတ္သပ္ေပးခ်င္သည္။

ဤအရာမ်ားကို ဘာမွမသိေသာ က်န္းက်ိရင္အတြက္ သူ႔ႏွာေခါင္းေလးကို လက္ဖဝါးပိစိေလးျဖင့္ ပြတ္ေနသည္။ လေရာင္ေအာက္တြင္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနေသာ ယင္ညန္ကို ေနာက္ဆုံးအေနႏွင့္ ျပန္လွည့္မၾကည့္ဘဲ မေနႏိုင္ေပ။ သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ရင္း ေျခပုတိုေလးမ်ားျဖင့္ ထြက္ေျပးသြားေတာ့သည္။

သူ၏ ေျခတိုတိုေလးမ်ားကား အားနည္းလြန္းလွရာ တကယ္ႀကီး ဆယ္လွမ္းထက္ ပိုမေလွ်ာက္ႏိုင္ေပ။ လတ္တေလာတြင္ သူ႔ကို ဘယ္သြားသြား ေဘာ့စ္ကသာ ခ်ီသြားေလရာ သူ႔မွာ ေၾကာင္အေနအထားျဖင့္ လမ္းေလွ်ာက္မၾကည့္ရေသးေပ။

အလြန္အမင္းစိတ္ပူေနေသာ ယင္ညန္သည္ သူ႔ေနာက္မွာ တိတ္တိတ္ေလး လိုက္ၾကည့္ေနသည္။

က်န္းက်ိရင္ကို ျမင္လွ်င္ တကယ္ႀကီး ေျပးသြားၿပီး လက္ေမာင္းမ်ားၾကားထဲ ေပြ႕ခ်ီထားလိုက္ခ်င္စိတ္တို႔ တဖြားဖြားေပၚလာသည္။ သို႔ေသာ္ အကယ္၍ သူသာ ယခုေန ေပၚလာလိုက္မည္ဆိုလွ်င္ သူ၏ က်ိရင္ေလးမွာ လန႔္ဖ်တ္သြားႏိုင္ၿပီး အေၾကာက္လြန္သြားကာ ကိစၥမ်ား ရႈပ္ေထြးသြားႏိုင္သည္။

သို႔ေသာ္ သူက အလြန္စိုးရိမ္ေနမိေလရာ......

'ထပ္ၿပီး လဲက်သြားဦးမလား...... ဒါနဲ႔ဆို ခုႏွစ္ေခါက္ေတာင္ရွိေနၿပီ.....သတိထား အဲ့နားမွာ နံရံႀကီး...မင္းေရွ႕က မွန္တံခါးကို ဝင္မတိုက္လိုက္နဲ႔ အား.....ရၿပီ ဝင္တိုက္လိုက္ၿပီပဲ..... က်ိရင္ေလး တအားနာသြားတဲ့ပုံပဲ....ေအာက္ထပ္ကို ဆင္းဖို႔ တအားကို ႀကိဳးစားေနရရွာတာ....ဒါေပမဲ့ ဒီကေလး ေလွကားဆင္းထားကို ဖင္ေလးလိမ္လိမ္ၿပီး ဆင္းေနတာ...အား... ခ်စ္စရာေကာင္းလိုက္တာ...ဟမ္း မင္းသာ ကိုယ့္ကို ေတာင္းဆိုရင္ ကိုယ္မင္းကို ခ်ီၿပီး ပို႔ေပးမွာေပါ့ကြာ'

သို႔ေသာ္ က်န္းက်ိရင္တြင္ ယင္ညန္ကို အကူအညီေတာင္းမည့္ စိတ္ကူးမရွိသည္မွာ ေသခ်ာသည့္ဟိုဘက္ပင္ လြန္ေနေသးသည္။

ယင္ညန္သည္ မွိန္ေဖ်ာ့ေနေသာ မ်က္ဝန္းတို႔ႏွင့္ ေနာက္မွ တိတ္တိတ္ေလး လိုက္ေန႐ုံသာ တတ္ႏိုင္သည္။ က်န္းက်ိရင္ ေနာက္ဆုံးတြင္ ပထမထပ္သို႔ ေအာင္ေအာင္ျမင္ျမင္ ေရာက္သြားႏိုင္ၿပီျဖစ္ကာ နာရီဝက္ၾကာသြားသည္ကိုေတာ့ ထည့္မေျပာၾကနဲ႔ေပါ့ေလ။
34 03
ထို႔ေနာက္ သူသည္ ဂိတ္ေပါက္သို႔ ေပ်ာ္႐ႊင္စြာျဖင့္ ေျပးသြားၿပီး စခန္းထဲမွ ေခ်ာေမြ႕စြာ ထြက္သြားေလေတာ့သည္။ သူအရမ္းကို ေခ်ာေခ်ာေမြ႕ေမြ႕ထြက္သြားႏိုင္သည္မွာ အလြန္ကို မယုံႏိုင္စရာ ေကာင္းလွသည္။ မသိလွ်င္ ေၾကာင္ပုံစံေျပာင္းၿပီး အိမ္မွ ထြက္ေျပးမည္ဆိုလွ်င္ပင္ ဤမွ်ေလာက္ ေခ်ာေမြ႕မည္ မဟုတ္ေပ။

သူ၏ လက္ရွိေၾကာင္ပုံစံျဖင့္ လုံၿခဳံေရးတံခါးကို ဖြင့္ႏိုင္ဖို႔မွာ ပို၍ပင္ မလြယ္ကူေပ။

မေမွ်ာလင့္ထားသည္မွာ Item Storeသည္ ယခုထက္ထိ အလုပ္မလုပ္ေသးေပ။ ကံေကာင္းစြာျဖင့္ သူသည္ တစ္ခ်ိန္က ပ်ံသန္းအေဆာင္မ်ားကို တစ္ခါတည္း အမ်ားႀကီးဝယ္၍ သိမ္းထားခဲ့မိသည္။ ဤအခ်ိန္တြင္ အေဆာင္မ်ားထုတ္၍ သုံးရေတာ့မည္။

အျဖဴေရာင္အလင္းတစ္ခ်က္ေပၚလာၿပီး ေၾကာင္ကေလးတစ္ေကာင္ ရင္းႏွီးေနေသာ လူငယ္ေလးအျဖစ္အေျပာင္းသြားသည္ကို ယင္ညန္ ေစာင့္ၾကည့္ေနခဲ့သည္။ သူ၏ မ်က္ဝန္းမ်ားတြင္ ရႈပ္ေထြးၿပီး မေဖာ္ျပႏိုင္ေသာ ခံစားခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။ သူသည္ တစ္ေလာကလုံးကို လစ္လ်ဴရႈထားၿပီး တစ္ေယာက္တည္းသာ ေနခဲ့ေသာ္လည္း ဤလူသားေလးေၾကာင့္ ကမာၻႀကီး၏ မတူညီေသာ ရသစုံ အေတြးအျမင္သစ္မ်ား အရသာမ်ားကို ခံစားတတ္လာခဲ့သည္။

အႀကိမ္ေထာင္ေပါင္းမ်ားစြာ ျဖစ္ပ်က္ခဲ့ဖူးသည့္အတိုင္း သူထြက္သြားသည္ကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့သည္။ စခန္းထဲမွ အရာအားလုံးသည္လည္း အရင္အတိုင္းပင္။ က်န္းက်ိရင္ ေပ်ာက္သြားမႈေၾကာင့္ လႈိင္းထန္သြားတာမ်ိဳးလည္း မရွိေပ။

ဤသို႔ေသာ ေန႔စဥ္ေန႔တိုင္း လူမ်ားေပ်ာက္သြားၿပီး ထိုေပ်ာက္သြားသည့္ ျဖစ္ရပ္မ်ားက မထူဆန္းေတာ့သည့္ ကမာၻႀကီးတြင္ ေမွ်ာ္လင့္ခ်က္စခန္းသည္လည္း အရင္အတိုင္း ပုံမွန္လည္ပတ္ေနသည္။ တပ္ခြဲေလး၏ ေခါင္းေဆာင္သာလွ်င္ က်န္းက်ိရင္ မရွိေတာ့သည့္ေနာက္ အဖြဲ႕သားမ်ားကို မည္သို႔စီမံရမည္ကို ေတြးေနခဲ့သည္။ အဖြဲ႕သုံးမွ လူမ်ားကို တစ္ျခားေနရာသို႔ ပို႔ရန္ ဆုံးျဖတ္လိုက္သည္။ သို႔ေသာ္ အဖြဲ႕သုံးမွ အဖြဲ႕သားမ်ားက သူတို႔၏ ကပၸတိန္က ေသခ်ာေပါက္ မၾကာခင္တြင္ ျပန္လာမွာဟူ၍ ခုခံေနၾကရာ ထပ္ၿပီး စိတ္အေႏွာက္အယွက္ ျဖစ္ခံမေနေတာ့ေပ။

တပ္ခြဲေလး၏ ေခါင္းေဆာင္သည္ သူ၏ ကိုယ္ပိုင္ကိစၥမ်ားကိုသာ အာ႐ုံစိုက္ၿပီး ကိုယ့္ကို ထိခိုက္လာမည့္ ကိစၥမ်ားကို ေၾကာက္႐ြံ႕ကာ တစ္ပါးသူအတြက္ ဘာမွ မလုပ္ေပးခ်င္သည့္ လူစားမ်ိဳးျဖစ္သည္။ သူသည္ လုံးဝကို သူ႔အတြက္သူ ေတြး၍ ရွင္သန္ေနသူျဖစ္ၿပီး ေခါင္းေဆာင္ေနရာယူထားရျခင္းမွာ မက္ေလာက္စရာ ရင္းျမစ္မ်ားႏွင့္ အေနေခ်ာင္သည့္ ေခါင္းေဆာင္တစ္ေယာက္၏ ရပိုင္ခြင့္ အခြင့္အလမ္းမ်ားေၾကာင့္သာျဖစ္သည္။

သို႔ေသာ္ ကမာၻပ်က္ကပ္တြင္ သူသည္ သူ႔ကိုယ္သူ ဆိုးသည္ဟုေတာ့ လုံးဝမထင္ခဲ့ေပ။ အားလုံးက သူလိုကိုယ္လို တကိုယ္ေကာင္းသမားမ်ားသာ အသက္ရွင္က်န္ေတာ့သည္ မဟုတ္ပါလား။

ထို႔ေၾကာင့္ က်န္းက်ိရင္ ျပန္လာလာ မလာာ သူ႔ကိစၥမဟုတ္ေသာေၾကာင့္ အေတြးမ်ားမေနေတာ့ေပ။ ထို႔အျပင္ က်န္းက်ိရင္ တစ္ေယာက္ပဲ အဘယ့္ေၾကာင့္ ျပန္မေရာက္လာရသည့္ အေၾကာင္းကိုလည္း မစုံစမ္းခဲ့ေပ။

အဖြဲ႕ႏွစ္၏ သေဘာထားမ်ားသည္လည္း ဆိုး႐ြားသည္ထက္ ဆိုး႐ြားလာသည္။ သူတို႔သည္ က်န္းက်ိရင္ ျပန္ေရာက္လာသည္ကို ျမင္လွ်င္ အနည္းငယ္ အံ့ဩသြားၾကၿပီး သူတို႔၏ အမွားတို႔ကို မေပၚေစရန္အတြက္ သူမ်ားကို ပိုတိုးၿပီး ကဲ့ရဲ႕ျပစ္တင္ျခင္းတို႔ ျပဳလုပ္လာၾကသည္။ ဤလူသည္ သူတို႔ေၾကာင့္ သူ၏ အသက္ကို

34 04
ဆုံးရႈံးလုနီးပါးျဖစ္သြားသည္ကို လုံးဝ ဂ႐ုမစိုက္ၾကေပ။ ဇြန္ဘီႏွင့္သာ အမိခံလိုက္ရလွ်င္ အေသဆိုးႏွင့္ ေသသြားႏိုင္သည္ကိုလည္း အေရးမလုပ္ၾက။

က်န္းက်ိရင္သည္လည္း အစီအစဥ္ခ်ေနခဲ့သည္။ ထိုသူမ်ားႏွင့္ မည္သို႔ ရင္ဆိုင္ဆက္ဆံရမည္ကို အခ်ိန္ျပည့္ ေတြးေနသည္။ သူ သူတို႔ကို မမုန္းခဲ့ေပ။ ယိုးခြင္၏ စိတ္စြမ္းအားျဖင့္ အတိုက္ခိုက္ခံရၿပီး ေျမနံရံမ်ားႏွင့္ ႏြယ္ပင္မ်ားက သူႏွင့္ဇြန္ဘီကို တစ္ခ်ိန္တည္း ပိတ္ေလွာင္လိုက္သည့္ အခ်ိန္တြင္ေတာ့ သူတို႔ကို ေသေစခ်င္မိခဲ့သည္။

သို႔ေသာ္ ထိုေနာက္ပိုင္း စိတ္ၿငိမ္သြားသည့္အခ်ိန္တြင္ ေၾကာက္လန႔္လာခဲ့သည္။ သူသည္ သူ႔အသက္ကို ကာကြယ္လိုေသာေၾကာင့္ တစ္ပါးသူကို မုန္းတီးၿပီး လက္စားေခ်ကာ ေသေစခ်င္ခဲ့သည္။ သူ႔တြင္ မည္သို႔ေသာ စိတ္ဓာတ္မ်ိဳး ဝင္ေနပါသနည္း။

တစ္ဖက္လူမ်ားက တကယ္ကို အျပစ္ေပးရန္ ထိုက္တန္ေနလွ်င္ပင္ သူ၏ အတြင္းစိတ္ထဲတြင္ လူတိုင္းကို ၿငိမ္းခ်မ္းၿပီးတည္ၿငိမ္ကာ သမာသမတ္က်ေသာ လူ႔အသိုင္းအဝိုင္းတြင္ ေနေစလိုေသာ ဆႏၵတို႔က ရွိေနဆဲပင္။

လူတစ္ေယာက္သည္ တရားမွ်တေသာ ဆုံးျဖတ္ခ်က္ကို လက္ခံသင့္ၿပီး တရားခြင္တြင္ မွ်တစြာ ေလွ်ာက္လဲခြင့္ရွိသင့္သည္။ ထိုလူကို မုန္းတီးေနေသာေၾကာင့္ သူ႔ဆႏၵအတိုင္း တစ္ဖက္ေစာင္းနင္း စီရင္မည့္အစား တရားမွ်တေသာ အဆုံးအျဖတ္ကိုသာ လက္ခံသင့္သည္။

ထို႔ေၾကာင့္ ယိုးခြင္ႏွင့္ တစ္ျခားသူမ်ားကို ျမင္ခဲ့ေသာ အခ်ိန္တြင္ပင္ သူသည္ ေဒါသထြက္ေသာ္လည္း သတ္ပစ္ခ်င္ေလာက္သည့္ အမုန္းတရားမ်ားေတာ့ မရွိေပ။ ဤသည္မွာ ၾကင္နာသည္းခံျခင္း မဟုတ္သလို သနားညႇာတာျခင္းလည္း မဟုတ္ေပ။ သူ႔စိတ္ထဲတြင္ ထည့္ဖို႔ကို မတန္ေသာေၾကာင့္ ျဖစ္သည္။

သူသည္ ျပန္လည္ျပင္ဆင္ၿပီးျဖစ္ေသာ Item Store ကို လိုက္လံၾကည့္ရႈေနၿပီး ေရွာင္က်င္းက ေဘးမွ ေန၍ လတ္တေလာ ျဖစ္ပ်က္သြားသည့္ အေၾကာင္းအရာမ်ားကို ေျပာျပေနသည္။

"စကားမစပ္ ကပၸတိန္ ကြၽန္ေတာ္ၾကားခဲ့တာ ဒီေန႔ေန႔လည္က်ရင္ စခန္းကို အေရးႀကီးတဲ့ ဧည့္သည္ေတြ ေရာက္မယ္တဲ့၊ အဲဒီထဲက တစ္ေယာက္က ကြၽန္ေတာ္တို႔ လူငယ္ပိုင္းထဲက အထူးခြၽန္ဆုံးသုေတသနပညာရွင္တဲ့ဗ် ေျပာၾကတာေတာ့ ကမာၻပ်က္ကပ္မတိုင္ခင္က သူနဲ႔ဝိုင္နဲ႔က ၿပိဳင္ဘက္ေတြတဲ့ အဲဒီသူက ကမာၻပ်က္ကပ္ကို အဆုံးသတ္ေပးမဲ့ နည္းလမ္းကို ရွာေပးႏိုင္တယ္ဆိုၿပီး ကမာၻပ်က္ကပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ဆိုၿပီး နာမည္ေတြကို ႀကီးေနတာပဲ ၿပီးေတာ့ အဲဒီသူက အဆင့္ေျခာက္ စိတ္စြမ္းအားရွင္တဲ့ အရမ္းကို သန္မာတာပဲေနာ္ သူက လူသားမ်ိဳးႏြယ္ တေက်ာ့ျပန္ေခါင္းေမာ့လာႏိုင္ဖို႔ မဟာမိတ္ထူေထာင္ဖို႔ လုပ္ေနတာတဲ့ ၿပီးေတာ့ အမွန္တရားဘက္ေတာ္သားေတြအေပၚမွာ ေကာင္းေကာင္းႀကီး လႊမ္းမိုးထားႏိုင္တဲ့သူတဲ့ သူက အခုဆို မိုးတိမ္မဟာမိတ္အဖြဲ႕ရယ္ အေျခစိုက္စခန္း နံပါတ္တစ္ရယ္ တစ္ျခား အဓိက အေျခစိုက္စခန္းေတြ တစ္ခုၿပီးတစ္ခု သြားေနတာတဲ့ အခု သူသြားမဲ့ေနရာက တေက်ာ့ျပန္အေျခစိုက္စခန္းကိုတဲ့ သူ႔ခရီးအလယ္ေလာက္မွာ ကြၽန္ေတာ္တို႔ အေျခစိုက္စခန္းကို ဝင္မယ္တဲ့ အဲဒါ ဒီေန႔လည္က်ရင္ ေခါင္းေဆာင္ေတြအားလုံး သူ႔ကို သြားေတြ႕ရမွာ"

ေရွာင္က်င္းက ေျပာသည္။

က်န္းက်ိရင္မွာ စိတ္မဝင္စားေသာ အေၾကာင္းအရာျဖစ္ေသာေၾကာင့္ ေသခ်ာနားမေထာင္မိရာ အေသးစိတ္ မၾကားလိုက္ေပ။ ထို႔ေၾကာင့္ သူတို႔ကို ပင္ပန္းလာ၍ တေရးအိပ္ဦးမည္ဆိုကာ ျပန္ခိုင္းလိုက္ေတာ့သည္။

သူတကယ့္ကမာၻအစစ္သို႔ ျပန္ေရာက္ေသာအခါ ေန႔လည္တြင္ စခန္းကိုလာမည့္ အေရးႀကီးဧည့္သည္ မည္သူဆိုသည္ကို တရားဝင္ဝဘ္ဆိုက္ကိုသြား၍ စပ္စုခ်င္စိတ္ လုံးဝမရွိေနေပ။ ဂိမ္းကမာၻထဲမွ ေရွာင္က်င္းထံမွ နားေထာင္ၿပီးသည္ႏွင့္ "သူ" ဆိုေသာသူ မည္မွ် ေတာ္ေၾကာင္းေကာင္းေၾကာင္း သူသိေနတာ လုံေလာက္ၿပီျဖစ္သည္။

သူ႔အလုပ္ၿပီးသည္ႏွင့္ ဂိမ္းထဲသို႔ ဝင္လိုက္သည္။ သုံးရက္ေလာက္ အခ်င္းခ်င္း ရင္းႏွီးစြာ ေနထိုင္ခဲ့ၿပီးေနာက္ က်န္းက်ိရင္သည္ သူေတာ့ ယင္ညန္ကို ပိုပိုၿပီး လိုခ်င္တပ္မက္လာသည္ကို သိလိုက္ရသည္။ ခနေလးသာ အတူရွိခဲ့ေသာ္လည္း ခြဲေနရေသာအခါ လြမ္းသည့္ဒဏ္က လုံးဝ သည္းမခံႏိုင္စရာပင္။

တစ္ဖက္လူ မည္သို႔ေတြးမည္ကို သူမသိေပ။ ကြန္ပ်ဴတာေရွ႕မွ ထိုင္ခုံတြင္ ေျခပစ္လက္ပစ္ မွီထိုင္ေနၿပီး ဖြင့္ထားေသာ <Tomorrow> စခရင္ကို ေငးေမာေနကာ ေပ်ာ္႐ႊင္ခဲ့ရေသာ အခ်ိန္မ်ားကို ျပန္ေတြးေနခဲ့သည္။

ဤအခ်ိန္တြင္ ယင္ညန္သည္ သူ၏ အျပဳအမူမ်ားကို မၾကာခင္တြင္ ေတြ႕ရေပေတာ့မည္။

သူ(ယင္ညန္)သည္လည္း သူ(က်န္းက်ိရင္)၏ ခံစားခ်က္မ်ားႏွင့္ ထပ္တူညီေသာ ခံစားခ်က္မ်ား ရွိေနသည္ေလ.....

............................

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။


Continue Reading

You'll Also Like

750K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
257K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...