ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...
Par Swae_Nyoe
100K 13.9K 162
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... Plus
Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Part 32
1K 206 4
Par Swae_Nyoe
32 01
အပိုင်း (၃၂)
ကျန်းကျိရင်၏ ကိရိယာများအားလုံးသည် Item Store မှ ရထားခြင်းဖြစ်သည်။ ဤအချိန်တွင် ဂိမ်းထဲမှကဲ့သို့ပင် အားလုံ သူ့ကိုယ်ပေါ်တွင် ရှိသေးသော်လည်း ကြောင်အသွင်ပြောင်းသွားသည်နှင့် မမြင်ရအောင် ပျောက်ကွယ်သွားသည်။ သို့သော် သူဝတ်ဆင်ထားသော အဝတ်အစားများမှာ အခြေစိုက်စခန်းမှ ဖြစ်ပြီး အသွင်ပြောင်းခန်းထဲတွင် ကျန်ခဲ့ကာ စခန်းမှ ပေးထားသော ဆက်သွယ်ရေးစက်နှင့် သေနတ်တို့သည်လည်း ထိုအထဲတွင် ကျန်ခဲ့သည်။
ကျန်းကျိရင် သူ့ကို ရှာမတွေ့၍ အဖွဲ့သားများ စိုးရိမ်နေမည်ကို တွေးမိသွားသည်။ ပထမဆုံးသူသည် အထိတ်ထိတ်အလန့်လန့်ဖြင့် သူ၏ ကြောင်လက်သည်းလေးများကို သုံးကာ မက်ဆေ့ချ်တစ်စောင်ရိုက်၍ လောင်ကျူနှင့် အားမုတို့ထံသို့ ဆက်သွယ်ရေးစက်မှ တစ်ဆင့်ပို့လိုက်သည်။
မက်ဆေ့ထဲတွင် ရေးထားသည်မှာ
"ကျွန်တော် အဆင်ပြေတယ် လွတ်လည်းလွတ်လာတယ် အခုတော့ ကျွန်တော် တစ်နေရာမှာ နေရဦးမယ် ယိုးခွင်ကို သတိထားပါ"
သူလွတ်လာသည့်သတင်းမှသာ အဖွဲ့သားများ စိတ်အေးမည်ဖြစ်သည်။ သို့သော် သူသည် လွတ်လာလည်း ဤအခြေအနေဖြင့် ပြန်မသွားနိုင်သေးပေ။
မက်ဆေ့ချ်ပို့ပြီးနောက် ဇွန်ဘီဘော့စ်ကို ကြည့်လိုက်ပြီး ယင်ရှောက်ရှန်းကဲ့သို ကလေးဆန်ဆန်အပြုအမူလေး လုပ်လိုက်လေသည်။ တရွတ်ဆွဲ၍ ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်ပြီးမှ သေအောင်လန့်သွားသည်။
ကြောင်တစ်ကောင်အနေဖြင့် ဤအခန်းမှ ဓာတ်ခွဲခန်းပေါက်ထိ သွားရမည့် လမ်းမှာ တကမ္ဘာလောက်ဝေးသည်ဟု ခံစားလိုက်မိသည်။ ကျန်းကျိရင်မှာ ဒူးများချောင်လာပြီး နှစ်ခါလောက် ဒူးထောက်ကျသွားခဲ့သေးသည်။
ကံကောင်းစွာဖြင့် ဤနေရာတွင် မည်သူမျှ မရှိသောကြောင့် သူ့ပုံရိပ်လေး ထိခိုက်မည်ကို စိတ်မပူရပေ။ သူသည် ထမရပ်ခင် ရှေ့သို့ နည်းနည်းရောက်ရောက် လှိမ့်သွားလိုက်သေးသည်။ ဆက်၍ လျှောက်သွားချိန်တွင် ဝမ်းနည်းလွန်း၍ စိတ်မထိန်းနိုင်စွာ "အောင်းဝ်" ဟု အော်မိသည်မှာ အခါခါပင်။
မလိုအပ်သော ပြဿနာများကို မဖိတ်ခေါ်မိစေရန် ကျန်းကျိရင်သည် ချက်ချင်းပြန်မပြောင်းမိဖို့ သူ့ကိုယ်သူ ဆုံးမနေရသည်။ ထို့ကြောင့် ထွက်ပေါက်ကို မြင်သည်နှင့် အပျော်လွန်ပြီး ထခုန်မိလေတော့သည်။
ကျန်းကျိရင် သူ၏ ခြေပုတိုလေးများဖြင့် ထွက်ပေါက်ဆီသို့ အတင်းမြန်မြန်ပြေးသွားသော်လည်း သူ၏ ခြေလှမ်းများက သူ့ခန္ဓာကိုယ်ထက် ရှည်လျားနေသည်ကို စိတ်မကောင်းစွာ သိလိုက်ရသည်။ အာရုံဦးက သူ့ရှေ့မှာပင်။ ထို့အပြင် ကျန်းကျိရင်သည် မည်သည့်အကြောင်းနှင့်မှ ဇွန်ဘီဘော့စ် သူ့နောက်လိုက်မလာနိုင်တော့ကြောင်း တွေးလိုက်ပြီး ဆက်၍ တွန့်ဆုတ်မနေတော့ဘဲ Item Store ကို ပထမဆုံး အနေနှင့် ဖွင့်လိုက်သည်။ သို့သော်
"Found"
ကျန်းကျိရင် "........."
သူဤနေရာတွင် လဝက်လောက်နေခဲ့သည်။ သို့သော် အမှန်မှာ တကယ့်အစစ်အမှန်ကမ္ဘာတွင် တစ်ညသာ ကုန်သွားသေးသည်။ ဤ item store ကို သုံးရက်အတွင်း ပြင်ဆင်၍ ပြီးမည် မပြီးမည် မည်သူက သိပါမည်နည်း။
'ငါ အခု သုံးရက်လုံး ကြောင်ဖြစ်နေတော့မှာလား'
'ကမ္ဘာပျက်ကပ်မှာ လူသားချင်းစာနာစိတ်တောင် မရှိကြတော့တာ ဘယ်သူက တစ်ချိန်လုံး ပိုးမွေးသလို မွေးနေရမဲ့ ကြောင်ကို အသက်ရှင်အောင် မွေးမှာတုန်း'
ကျန်းကျိရင် စိတ်ဆိုးစွာဖြင့် နောက်လှည့်လိုက်ပြီး ပါးစပ်ကလည်း ဆက်တိုက် စကားတွေ ပြောနေသည်။
"အောင်းဝ်"
ထို့နောက်တွင် သူ့ကိုယ်ပေါ်သို့ အရိပ်တစ်ခု ကျလာသည်။ ကျန်းကျိရင် လန့်သွားသည်။ သူ၏ ခေါင်းသေးသေးလေးကို သံသယရှိသည့် ငမိုက်သားလေးပုံပေါက်စွာ မော့ကြည့်လိုက်သော်လည်း အနက်ရောင်ရှူးဖိနပ်များနှင့် ဘောင်းဘီရှည်နက်နက်များကိုသာ မြင်နိုင်သည်က ခက်သည်။
'.... ရှည်လိုက်တာ'
ထိုလူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ထံသို့ လက်ကို ဆန့်လိုက်သည်။
"အသေးလေး ဒီမှာ ဘာလို့ တစ်ယောက်ထဲ နေနေတာလဲ"
32 02
အသံသည် အလွန်ကို နားထောင်၍ ကောင်းသော်လည်း မည်သည့် ခံစားချက်မှ မပါပေ။ သူသည် ကြောင်ကလေးကို သူ၏ လက်ဖဝါးများနှင့် ပွေ့ယူလိုက်ပြီး သူ့ရှေ့သို့ လှည့်ပေးလိုက်ကာ ကြောင်ကလေး၏ မျက်လုံး ဝိုင်းဝိုင်း နက်နက်များနှင့် အကြည့်ချင်းဆုံအောင် လိုက်ကြည့်သည်။
ကျန်းကျိရင် ရုတ်တရက် အမြင့်ကြီးရောက်အောင် အမြှောက်ခံလိုက်ရပြီး မိုးပေါ်သို့ ပျံလိုက်ရသလို ခံစားရသည်။ ကူကယ်ရာမဲ့စွာဖြင့် "အောင်းဝ်" ဟု အော်လိုက်မိတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခြေလက်သေးသေးလေး လေးဖက်ဖြင့် ထိုလူ၏ လက်ကို ဖိချလိုက်ပြီး ခေါင်းဝပ်၍ ထိုလူ၏ လက်ဖဝါးထက်တွင် ကြုံ့ကြုံ့လေး ဝပ်နေတော့သည်။
'ရှက်စရာကောင်းလိုက်တာဟေး'
အရာအားလုံး တည်ငြိမ်သွားချိန်တွင် ကျန်းကျိရင် ရှက်ရှက်ဖြင့် တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။ ထို့အပြင် ထိုသူ မည်သူဖြစ်ဖြစ် အနာဂတ်တွင် ထိုသူနှင့် ဘယ်သောအခါမှ မတွေ့တော့ဟု ကျိတ်၍ ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွ် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်သွားတော့သည်။
မျက်နှာသည် အစက်အပြောက်ကင်းစင်ကာ အလွန်လှပပြီး လုံးဝကို အတုအယောင် ဖန်တီးထားသော မျက်နှာမျိုးကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်သည်နှင့် အတုကြီးမှန်း သိသာသည်ဟု ပြောရမည့် မျက်နှာမျိုးဖြစ်သည်။
ဤမျက်နှာသည် သူအလွန်ကိုမှ သိပါသော အကြိမ်ထောင်ပေါင်းများစွာ မြင်ဖူးခဲ့ပါသော မျက်နှာဖြစ်သည်။
'ဝိုင်'
'ဒီတော့ ငါ ခုနလေးက ပြောခဲ့တဲ့ စကားတွေ ပြန်ယူလို့ရသေးတယ်မလား'
'မဟုတ်ဘူး ပြန်ယူလိုက်ပြီ'
ဤသည်မှာ လက်ရှိတွင် ကျန်းကျိရင် တွေးနိုင်သော တစ်ခုတည်းသော အတွေးပါလေ။
-------------------------
တာ့တောက်နှင့် တစ်ခြားသူများသည် ကပ္ပတိန်၏ အမိန့်ကို နာခံစွာဖြင့် လုံးဝ လှည့်မကြည့်ဘဲ ပြေးထွက်လာကြသည်။ သို့သော် နောက်တွင် သူတို့စောင့်စားနေသော ကပ္ပတိန်အစား အဖွဲ့နှစ်ကိုသာ တွေ့လိုက်ရလေသည်။ ရှောင်ကျင်းကတော့ ယိုးခွင် တစ်ခုခု လုပ်လိုက်သည်ဟုသာ တစ်ထစ်ချ သတ်မှတ်လိုက်ပြီး ရန်ဖြစ်လုနီးနီးပင်။
အဖွဲ့နှစ်ကတော့ သူတို့ကို လစ်လျူရှုထားသည်။ ယိုးခွင်၏ အမြင်တွင် ဤအဖွဲ့ထဲ ကျန်းကျိရင်တစ်ယောက်သာ အထူးစွမ်းရည်ရှိပြီး အဆင့်လေး အဆင့်ရှိသူဖြစ်သည်။ တစ်ခြားသူများအားလုံးမှာ သာမန်ပျမ်းမျှ အရည်အချင်းများသာ ဖြစ်သ်ည။ ကျန်းကျိရင် မရှိသ၍ ကျန်သူများအားလံဒးူ ကြောက်ပြီး မကြာခင်တွင် ငြိမ်သက်သွားမည်ဟု ထင်ထားသည်။ အဖွဲ့လည်း ပျက်သွားမည်ဟု တွေးလိုက်မိချိန်တွင် အလွန်ကို ကျေနပ်သွားမိတော့သည်။
ယခုအချိန်တွင် သူတို့နှင့် ရန်လာဖြစ်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာသည့် လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ယိုးခွင်မှာ မထိန်းနိုင်တော့ဘဲ အလွန်တရာကို အထင်အမြင်သေးစွာဖြင့် ပြောလိုက်မိသည်။
"မင်းတို့ကပ္ပတိန် ဘယ်မှာရှိလဲ ငါက ဘယ်လိုလုပ်သိမှာလဲ"
လောင်ကျူနှင့် အားခုန်းတို့ နှစ်ယောက်သည် စိတ်ခံစားမှုပြင်းထန်နေပြီး ဒေါသကြီးနေသော ရှောင်ကျင်းကို တားလိုက်ကြသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ ကပ္ပတိန်ကျန်းကို ရှာရန်ဖြစ်သည်။
သို့သော် သူတို့သည် ယိုးခွင်တွင် ပြဿနတာရှိသည်ဟု ထင်မိကြသည်။ အနည်းဆုံးတော့ တစ်ချို့က သိနေကြပြီးဖြစ်သည်။ လိကျွင်းနှင့် တာ့တောက်တို့က နောက်တစ်ကြိမ် အောက်ဆင်း၍ ရှာရန် လုပ်နေချိန်တွင် အားမုနှင့် လောင်ကျူတို့က ယိုးခွင်တို့အဖွဲ့ကို ထွက်မသွားနိုင်စေရန် လမ်းပိတ်ထားသည်။
နှစ်ဖွဲ့လုံး မတိုးသာမဆုတ်သာ ဖြစ်နေကြချိန်တွင် လောင်ကျူသည် သူ၏ ဆက်သွယ်ရေးစက်က မီးနှစ်ကြိမ်လောက် လင်းလာသည်ကို မြင်လိုက်ရသည်။
'ဒါ ကပ္ပတိန်ဆီကပဲ'
"ကျွန်တော် အဆင်ပြေတယ် လွတ်လည်းလွတ်လာတယ် အခုတော့ ကျွန်တော် တစ်နေရာမှာ နေရဦးမယ် ယိုးခွင်ကို သတိထားပါ"
ယိုးခွင်၏ နာမည်သည် စာလုံးပေါင်းမှားနေခဲ့သည်။
'ထူးဆန်းလိုက်တာ ကပ္ပတိန်က ဘယ်တုန်းကမှ စာလုံးပေါင်းမမှားတတ်ပါဘူး'
32 03
အားမုသည်လည်း တစ်ချိန်တည်းကြည့်မိခဲ့ပြီး. သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အချင်းချင်း နှစ်ယောက်စလုံး မက်ဆေ့ချ်ရခဲ့ကြောင်း နားလည်ကြသည်။
ကျန်းကျိရင်နှင့်ပတ်သတ်၍ များစွာသော ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ဥပမာပေးရလျှင် သူတို့ပထမဆုံး အတူလုပ်သော မစ်ရှင်တွင် ကျန်းကျိရင်သည် အလွန်အားနည်းလှသော ကြက်ပေါက်ကလေးများကဲ့သို့ သူတို့ကို ဦးဆောင်၍ စိတ်စွမ်းအားဇွန်ဘီကို သတ်ခဲ့သည်။ နောက်တစ်ခုသည် သေသွားပြီး အသက်ပြန်ရှင်လာကာ သူတို့အားလုံးကို ဘေးကင်းစေခဲ့သည်။ ................
ယနေ့အချိန်များတွင် အဖွဲ့သားများအားလုံးသည် ကျန်းကျိရင်ကို လုံးဝ ဥသုံ မျက်စိမှိတ် ယုံကြည်ကြသူများ ဖြစ်လာခဲ့သည်။ သူတို့၏ မသိစိတ်ထဲတွင် သူတို့ကပ္ပတိန်က အဆင်ပြေကို ပြေလိမ့်မည်။ သူတို့၏ ကပ္ပတိန်တွင် အမြဲတမ်း လွတ်လမ်းတစ်ခု ရှိမည်သေချာသည်။ သူတို့၏ ကပ္ပတိန် သေဆုံးသွားလျှင်ပင် သေချာပေါက် အသက်ပြန်ရှင်လာပြီး သူတို့ဆီ ပြန်လာလိမ့်မည်။
ထိုလူနှစ်ယောက် လမ်းပိတ်ထားသည်ကို ဖယ်ပေးလိုက်သည်နှင့် အဖွဲ့နှစ်က ချက်ချင်း ထွက်သွားတော့သည်။ လောင်ကျူကတော့ သူတို့ကို တစ်စက်မှ ဂရုမစိုက်နေတော့ဘဲ တာ့တောက်ကို ခေါ်၍ ကျန်းကျိရင်ပို့လိုက်သော မက်ဆေ့ချ် အဓိပ္ပာယ်ကို ဖော်ကြည့်သည်။
အတန်ကြာအောင် ညှိနှိုင်းကြပြီးနောက် အားလုံး ကပ္ပတိန်မှာခဲ့သည့်အတိုင်း ဘာမှမဖြစ်သလို နေနေဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ကပ္ပတိန် မည်သည့်နေရာတွင် ရှိနေမည်ကို စိုးရိမ်နေကြရင်း စခန်းဆီသို့ ပြန်သွားခဲ့သည်။
ထို့နောက် သူတို့ထွက်သွားပြီးနောက် လူတစ်ယောက် ပေါ်လာပြီး မြေအောက်ဓာတ်ခွဲခန်းထဲသို့ ဝင်သွားခဲ့သည်ကို မသလိုက်ကြတော့ပေ။ ထိုလူသည် မြေအောက်ထပ်သို့ တိတ်ဆိတ်အေးဆေးစွာ လျှောက်ဝင်သွားသည်။ ငါးမိနစ်ကြာကြီးနောက် ကြောင်တစ်ကောင်သယ်ပြီး ပြန်ထွက်လာသည်။
----------------------------
ယင်ညန်သည် ကျန်းကျိရင်ကို သူ၏ နှလုံးသားနှင့် အနီးဆုံးနေရာဖြစ်သော လေကာအင်္ကျီဘယ်ဘက်ရင်ဖက်ရှိ အိတ်ကပ်ထဲကို ထည့်ထားသည်။ သူ၏ လက်တစ်ဖက်က အိတ်ကပ်ကို စိတ်ချရချင်သည့်အလား အပေါ်မှ အုပ်ကိုင်ထားသေးသည်။
ကျန်းကျိရင်ကတော့ သူအသက်ရှူလိုက်တိုင်း ယင်ညန်၏ ကိုယ်သင်းနံ့တို့ကသာ နှာခေါင်းထဲ ပြည့်နေကြောင်း ခံစားမိလေတော့သည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် နာနာခံခံလေး ယင်ညန်၏ အိတ်ကပ်ထဲ ငြိမ်သက်နေတော့သည်။
ကမ္ဘာကြီးကို မျက်နှာပြရန် အဆင်သင့်မဖြစ်သေးသလို ခံစားရသည်။
ယင်ညန်သည် အာကာသစွမ်းရည်ကို အသုံးပြု၍ ကျန်းကျိရင်အား သူ၏ စခန်းသို့ ခေါ်သွားသည်။ ထို့နောက် ကြောင်ကလေးကို အိတ်ထဲမှ ထုတ်၍ သူ့ခုတင်ပေါ်သို့ တင်ပေးလိုက်သည်။ သူသည် ကြောင်ကလေးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး
"လိမ္မာနော် ဒီမှာခနနေဲ့ ကိုယ် မင်းစားဖို့ တစ်ခုခု သွားယူလိုက်ဦးမယ်"
ကျန်းကျိရင် ရှက်ရွံ့စွာဖြင့် အခန်းကို လိုက်ကြည့်ပြီး စပ်စုသည်။ ဤအျိန်တွင် ကပ္ပတိန်ကျန်း၏ စိတ်ထဲတွင် ချန်ထားခဲ့ရသော သူ၏ အဖွဲ့သားများနှင့် ယင်ရှောက်ရှန်းတို့ကို တွေးကို မတွေးမိတော့သည်။
ဤသို့ဖြင့် ဝိုင် ခေါ်ရာသို့ လိုက်ခဲ့ခြင်းသည် ချစ်ရသူ၏ စခန်းသို့ လိုက်၍ အနားတွင် နေရမည့် အခွင့်အရေးသည် ဤတစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးဖြစ်သည်။
'ဘယ်သူကများ ဒေါက်တာဝိုင်က "ထုံထိုင်းနေတဲ့ သွေးအေးသတ္တဝါ"တို့ "နှလုံးသားမရှိတဲ့ အေးစက်တဲ့လူ" တို့ဆိုပြီး ပြောခဲ့ကြတာလဲ မသိဘူး။ သူက ကြောင်လေးတစ်ကောင်အပေါ်တောင် ဒီလောက်ကြင်နာတတ်တာ....'
ကျန်းကျိရင် ရလာသည့် အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ဘော့စ်၏ အိပ်ရာပေါ်တွင် လူးလိမ့်တော့သည်။ ခေါင်းအုံးနားသို့ ရောက်သွားသောအခါ ရုတ်တရက် သူ့ဘက်သို့ လှည့်ထားသည့် စားပွဲပေါ်မှ မှန်တစ်ချပ်ကို တွေ့လိုက်ရသည်။
သူ ယခု မည်သို့ဖြစ်နေသည်ကို သေချာ ဂရုတစိုက် ကြည့်လိုက်သည်။
ဖြူဖွေးနေသော ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေသည့် လှပသည့် ကြောင်ဖြူလေးသည် မှန်ကို မမှိတ်မသုန် နာနာခံခံ ပုံစံလေးဖြင့် စိုက်ကြည့်နေသည်။ အလုံးစုံ သေချာကြည့်ပြီးနောက် ကျန်းကျိရင်သည် သူက ယင်ရှောက်ရှန်းနှင့် တစ်ပုံစံတည်းဖြစ်သည်ကို သိလိုက်သည်။ သို့သော် သူသည် ယင်ရှောက်ရှန်းထက် နည်းနည်းလေး ပိုကြီးလေသည်။
ယင်ရှောက်ရှန်းမှာ သူ၏ လက်ဖဝါးလောက်သာ ကြီးပြီး သူကတော့ မီနီအိုင်ပတ်ဒ် လောက် ရှိသည်။ သူ၏ မျက်လုံးများကလည်း မူလက မျက်လုံးများကဲ့သို့အနက်ရောင်သာ ဖြစ်သည်။ သူ၏ နဖူးထက်တွင် ကျနေသော
32 04
ဦးစမုတ်လို ဆံပင်လေးသည်လည်း အရောင်မတူပေ။ ရေခဲပြာရောင်နှင့် ဆင်သော်လည်း ယင်ရှောက်ရှန်းနှင့် အတိအကျ မတူပေ။
ကျန်းကျိရင် သူ့ခေါင်းပေါ်ရှိ ဆံပင်အရောင်ကို သေချာမြင်ရရန် ကြိုးစားပြီး အိပ်ရာဘေးသို့ တဖြည်းဖြည်းချင်း တိုးလာသည်။ သို့သော် သူ့မှာ ယခုထိ ရှင်းရှင်းလင်းလင်း မမြင်ရသေး။ သူ့ရှေ့ခြေသည်းလေးများဖြင့် အိပ်ရာခင်းကို ဆွဲကုတ်ပြီး ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။
ရလဒ်ကတော့ အလွန်အကျွံ ဆန့်လိုက်ခြင်းကြောင့် ကြမ်းပြင်ပေါ်သို့ လှိမ့်ကျသွားခြင်းပါလေ။ ကျန်းကျိရင် ပြုတ်ကျပြီဆိုသည့် အသိတစ်ခုသာ ရှိတော့ပြီး လက်လေးနှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ထားမိသွားသည်။
'ငါလေး အရမ်းသနားစရာကောင်းလိုက်တာ'
'ဒီလို သေးသေးကွေးကွေးဖြစ်နေတာ သနားစရာကောင်းလိုက်တာ'
အိပ်ရာပေါ်မှ ပြုတ်ကျခြင်းသည်ပင်လျှင် သူ့အတွက် ကြီးမားသည့် ဒုက္ခတစ်ခု ဖြစ်လာသည်။
'ငါ့ရဲ့ ရှောက်ရှန်းလေး ဒီလိုဘဝမျိုးနဲ့ ဘယ်လိုများ ရှင်သန်နေတာပါလိမ့်'
'မဟုတ်ဘူး ယင်ရှောက်ရှန်းက တအား ဆော့တာ တစ်မီတာကျော်မြင့်တဲ့ ပြတင်းပေါက်ကနေတောင် ခုန်ချရဲတာ ငါ့လောက် အသုံးမကျ မဖြစ်ဘူး'
အဆုံးတွင် ကျန်းကျိရင် ကုတင်ပေါ်မှ ပြုတ်မကျလိုက်ပေ။
အခန်းထဲသို့ ဝင်ဝင်လာခြင်း ယင်ညန်မှာ ပြုတ်ကျလုလု ကျန်းကျိရင်ကို တွေ့သွားပြီး အသည်းအသန် ပြေးဖမ်းပါတော့သည်။ ညာဖက်လက်ကို ဆန့်လိုက်ပြီး ကြောင်ကလေးကို ဖမ်း၍ ရင်ဘက်နားကပ်ကာ ပွေ့ထားလိုက်၏။ သူ၏ ဘယ်ဖက်လက်ထဲမှာ စားစရာပန်းကန်ကို အောက်ချထားလိုက်ပြီး ကြောင်ကလေးကို ပွတ်သပ်ပေးသည်။
ကျန်းကျိရင်မှာ ထိတ်လန့်သွားပြီး သူ့ကို ဖမ်းလိုက်သည့် လူအား မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် စိုက်ကြည့်နေမိသည်။ သူသည် အမေပျောက်နေသော ကလေးလေး မိခင်ကို ပြန်ရှာတွေ့သွားသကဲ့သို့ ကြည့်နေမိမှန်း သူ့ကိုယ်သူ သတိမထားမိသေးပါချေ။ သူ့ပုံရိပ်သူ လုံးဝ ဂရုမစိုက်တော့ပေ။ သူသည် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ပြုမူတော့ပြီး ယင်ညန်ကို မျက်နှာငယ်လေးနှင့် ကြည့်၍ ဝမ်းနည်းနေကြောင်း ပြောတော့သည်။ သို့သော် သူ့ပါးစပ်က ထွက်သမျှမှာ "အောင်းဝ်" ဟူသော အသံလေးသာ ဖြစ်နေသည်က စိတ်မကောင်းစရာပင်။
ဘာအတွက်နဲ့များ အမြင်ကောင်းအောင် ပုံရိပ်ကို ဂရုစိုက်နေရပါမည်နည်း။
ယခုအချိန်တွင် သူဘယ်သူဆိုတာ မည်သူကမျှ မသိသည်လေ။
ဤသို့သော အထူးကုသမှုပေးနေသည်ကို အခွင့်ကောင်းမဘူလိုက်လျှင် နှမြောစရာဖြစ်သွားနိုင်သည်။
ကျန်းကျိရင် တွေးလိုက်ပြီး ယင်ညန်ကို သေချာလေ့လာရန် ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ဟု တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
သူ၏ မှီခိုလိုစိတ်အပြည့်နှင့် အသံကို နားထောင်ပြီး ယင်ညန်သည် ရုတ်တရက် ခေါင်းငုံ့လာပြီး သူ့လည်ပင်းနောက်ဖက်ကို ညင်သာစွာ နမ်းလိုက်လေသည်။
ကျန်းကျိရင် ရုတ်တရက် အေးခဲသွားသည်။ သို့သော် ယင်ညန် တိုးတိုးလေး ပြောသည်ကို ကြားလိုက်ရသည်။
"မီမီ အဆင်ပြေပါတယ် မင်းကို ဆိုးတယ်ဆိုပြီး ကိုယ်က ဆူမှာ မဟုတ်ပါဘူး နော်"
ကျန်းကျိရင် တောင့်ခနဲဖြစ်သွားပြန်သည်။
"......."
'အခု သူ ဘယ်သူ့ကို မီမီလို့ ပြောလိုက်တာလဲ ဘယ်သူ့ကို ဒီလိုခေါ်လိုက်တာလဲ ခုနှစ်နှစ်အောက် ကလေးမလေးတွေဘဲ သူတို့ကြောင်ကို ဒီလိုနာမည်မျိုးပေးတာ ဟုတ်ပြီလား ဘယ်သူက ဘော့စ်ကို ကြောင်တစ်ကောင် ကောက်ရရင် မီမီ လို့ နာမည်ပေးရမယ်လို့ သင်ပေးလိုက်တာလဲ'
သူ့ကြောင်ကလေးကိုဆိုလျှင် သူ မည်မျှ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းသော နာမည်မျိုးဖြစ်သည့် "ဒေါက်တာဝိုင်နှင့် ကျန်းကျိရင်တို့ရဲ့ သားသားလေး" လို့ နာမည်ပေးခဲ့သည်လေ။
အလွန်ကို အဆင့်မြင့်ပြီး ကြည့်လိုက်သည်နှင့် အင်အားကြီးမှန်း သိသာလှသော ဘော့စ်ကြီးက အဘယ့်ကြောင့် ကြောင်တစ်ကောင်ကို "မီမီ" ဟု နာမည်ပေးရသနည်း။
32 05
ဝမ်းနည်းနေသော မျက်နှာလေးနှင့် ကြောင်ကလေးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် မျက်မှောင်ကုတ်သွားသည်။ အကြောင်းအရင်းကို တွေးကြည့်ပြီးနောက် ကျန်းကျိရင်၏ နားရွက်ကလေးကို ထိ၍ နှစ်သိမ့်သလို ပြောလိုက်သည်။
"မီမီက လိမ္မာပါတယ်"
ကျန်းကျိရင် ခုနလေးက ဘာလုပ်ချင်နေခဲ့သည်ကို တွေးကြည့်ဖို့ အချိန်ခနယူလိုက်ရသည်။ တွေးမိသွားပြီးသည်နှင့် ထရပ်၍ စားပွဲပေါ်မှ မှန်ကိုယူပြီး ကျန်းကျိရင် ရှေ့တွင် ထောင်ပေးလိုက်သည်။
"ဒါလိုချင်တာမလား"
ကျန်းကျိရင် ရှက်ရွံ့စွာဖြင့် အမြှီးလေး တယမ်းယမ်းဖြစ်သွားသည်။ ယင်ညန်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်ပြီး သူ့ခေါင်းက ဆံပင်ကလေးကို စိတ်တိုင်းကျကြည့်တော့သည်။
ခေါင်းပေါ်တွင် ဦးစမုတ်သေးသေးလေး နှစ်ခုရှိသည်။ တစ်ခုမှာ ရေခဲပြာရောင်ဖြစ်ပြီး တစ်ခုမှာ ခဲရောင်ဖြစ်သည်။ ဤနှစ်ခုက သူ၏ စွမ်းရည်ကို ကိုယ်စားပြုပုံရသည်။ သူ့နောက်တွင် ရပ်နေသော ယင်ညန်သည် သူ၏ အမွှေးလေးများကို ညင်သာစွာပွတ်ပေးပြီး တိုးတိုးလေး ပြောလိုက်သည်။
"မီမီက ကြည့်လို့အကောင်းဆုံးပဲ"
ကျန်းကျိရင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လိုက်ဘဲ နူးနူးညံ့ညံ့လေး အသံပေးလိုကု်မိသည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်၏ ပုံရိပ်သည် မှန်ထဲတွင် ရောင်ပြန်ဟပ်နေပြီး တစ်နည်းတစ်ဖုံ လိုက်ဖက်ညီနေသလို ခံစားရစေသည်။
ဘော့စ်ယင်က ဒါလေးက သူ၏ ကျိရင် ဆိုသည်ကိုသိနေပါသလား။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
32 01
အပိုင်း (၃၂)
"Found"
ကျန်းကျိရင် "........."
"အောင်းဝ်"
'.... ရှည်လိုက်တာ'
32 02
'ဝိုင်'
-------------------------
'ဒါ ကပ္ပတိန်ဆီကပဲ'
32 03
----------------------------
32 04
"......."
32 05
"မီမီက လိမ္မာပါတယ်"
"ဒါလိုချင်တာမလား"
Continuer la Lecture
Vous Aimerez Aussi
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
6.4K 813 5
. . . ရေးသူ စွဲ့ညို့
7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
72.7K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...