System Ku Kue
DiDiGeGe080510
10.9K 800 81
ကဲဒီတစ်ခါarcရေးပီနော်... Еще
Real Life
arc-(1.1)ရှောင်းကျန့်
arc-(1.2)
😊Hello!!!😊
arc-(1.3)
Happy New Year
arc-(1.5)
arc-(1.4)
arc-(1.6)
arc-(1.7)End
ဇာတ်ကောင်မိတ်ဆက်
arc-(2.1) မူယောင်း
arc-(2.2)
arc-(2.3)
arc-(2.4)
arc-(2.5)
arc-(2.6)+(2.7)
arc-(2.8)
arc-(2.9)🔞
arc-(2.11)end
arc-(2.10)
273 22 1
DiDiGeGe080510
Zawgyi
"ကိုကိုမူယောင်း!
"အာ့!သေပါပြီ
ချော့နေရတော့သည်။
ထောက်ခံတော့သည်။
"ငါခါးနာနေလို့
"ယွန်နာ လာလာ အစ်ကိုမူယောင်းကဘာမှမဖြစ်ဘူး
လာလာ
"အယ်လိုရာ အာ ဟ ငါ့ကိုမဆွဲနဲ့ဟငါကိုကိုမူယောင်းကို
မေးနေတယ်လေ
"ရတယ် ရတယ်မလိုဘူး
လေကူညီချင်လို့...အမေ့! ဂျွန်ဘာလို့ငါ့ကိုလာပွေ့တာလဲ
"မဟုတ်သေးဘူးလေဗျာ...
"လာပါအချစ်လေးရယ်လာလာ
ထပ်မံထွက်လာပြန်သည်။
ခင်ဗျားကခွေးလား
အသက်ငယ်လေးရယ်
"မေးလေအသက်ငယ်ရဲ့
ခုတော့မပေါ်လာသေးဘူး
"ဟင်..
"ယေး.......ဂုဏ်ပြုပါတယ်×10
စောင့်ကြည့်နေကြတာ
"ဟုတ်တယ် ဟုတ်တယ်
"ဟုတ်တယ်ဟုတ်တယ်
"ပြီးရင်လဲပြန်ကြတော့
ထွက်ခွာသွားတော့သည်။
...
'မင်ဆန်းဟာ လုပ်တာလား
'သြော်
လာကြည့်လှည့်ပါအုံး...ဒီမှာGameထဲရောက်ပြီး
လာကယ်မှာပါ
"အမလေး နင့်ဂျွန်ကငါတို့ကိုလာမကယ်ပါဘူး
"အင်း ဟုတ်တယ်
ဆူညံနေတာပဲ
ဘယ်လိုလူတွေလဲ
"အင်း ဟုတ်တယ်
ကြိုက်နေတာလား
"အင်းဟုတ်တယ်
!ဖြန်း!
"လင်းယန် ငါဘာမှမဖြစ်ဘူး ငါ့ကိုရိုက်တဲ့ပါးတစ်ချက်အတွက်
ချစ်လာမှာမှမဟုတ်တာ
"မင်းသွားသေလိုက်တော့
!ဒိုင်း!
လွင့်စင်သွားတော့သည်။
................
Author-Khoon Nge🍁
Uni
"ကိုကိုမူယောင်း!
မူယောင်းလဲခါးအောက်ပိုင်းကလှုပ်မရတာကြောင့်
ကုတင်ပေါ်ထိုင်နေစဉ်ယွန်နာတစ်ယောက်သူ့ဆီပြေးဝင်လာတာကြောင့်ရုတ်တရက်ဘာမှမလုပ်နိုင်ပဲဖြစ်သွားရသည်။
"အာ့!သေပါပြီ
ယွန်နာပြေးဖက်လိုက်တဲ့အရှိန်ရောသူ့ပေါ်ကျလာတဲ့ခန္တာကိုယ်
အလေးချိန်ကြောင့်ပါခါးကစူးကနဲနာကျင်မှုကြောင့်
မျက်ရည်တွေပါဝဲတက်လာတော့သည်။
"ဟင့်...ဂျယ်ယွန်း နာသွားပြီး အီးဟီး
ဂျယ်ယွန်းလဲသူ့အသက်ငယ်ရဲ့အသံကြောင့်ပြေးလာကာ
မျက်ရည်တွေနဲ့ဖြစ်နေတဲ့မူယောင်းကိုရင်ခွင်ထဲထည့်ဖက်ကာ
ချော့နေရတော့သည်။
"အသက်ငယ်လေးအရမ်းနာသွားလားဟင် တိတ်တိတ်နော်ကလေးလေး ကျွတ်ကျွတ်
"ကိုကိုမူယောင်း နေမကောင်းလို့ဆိုလို့
ယွန်နာတို့ကစိတ်ပူလို့လာကြည့်တာ
ဘာဖြစ်တာလဲဟင်ဒဏ်ရာရထားလို့လားနာသွားတာက
"ဟုတ်တယ်နော် အစ်ကိုမူယောင်းဘယ်နားဒဏ်ရာရထားတာလဲဟင်
ယွန်နာနဲ့အတူမင်ဆန်းဂီကသာစူစမ်းတဲ့အကြည့်တွေနဲ့
ထောက်ခံတော့သည်။
သူတို့အခန်းထဲကိုလူစုံတက်စုံပင်ရောက်ချလာတာဖြစ်သည်။
ယွန်နာနဲ့အယ်လိုရာ မင်ဆန်းဂီနဲ့ဂျွန် လင်းယန်နဲ့အတူ
အင်ဟန်ကလဲကော်ကပ်ထားသလိုပင်ပါလာသည်။
"မင်းတို့ကဘာလာလုပ်ကြတာလဲ
"မနက်ကကျွန်တော်တစ်ခေါက်လာသေးတယ်
ခေါင်းဆောင်ကပြောတယ်အစ်ကိုမူယောင်းနေမကောင်းလို့
အိပ်နေတယ်တဲ့အဲ့ဒါကြောင့်ပြန်သွားပြီး
သူတို့ကိုသွားခေါ်လာတာ ဒါနဲ့အစ်ကိုကဘာဖြစ်တာလဲ
"ငါခါးနာနေလို့
"ခါးနာတယ်ဟုတ်လား တစ်ခုခုလေးပင်တာ မ မိလို့လား
"အိပ်ရင်းနဲ့ဖြစ်တာလား တိုက်ခိုက်ရင်းနဲ့ဖြစ်တာလား
အကုန်လိုက်မေးနေတဲ့ယွန်နာနဲ့မင်ဆန်းဂီကြောင့်
မူယောင်းစိတ်ညစ်လာရတော့သည်။
"ယြန္နာ လာလာ အစ်ကိုမူယောင်းကဘာမှမဖြစ်ဘူး
ခုလဲသက်သာနေပြီပဲ သူနားပါစေအုံး
လူနာနားမှာလူအုံနေတာမကောင်းဘူးလေ
လာလာ
"အယ္လိုရာ အာ ဟ ငါ့ကိုမဆွဲနဲ့ဟငါကိုကိုမူယောင်းကို
မေးနေတယ်လေ
အလိုက်သိတဲ့အယ်လိုရာကယွန်နာကိုဆွဲခေါ်သွားတာကြောင့်
ပါးစပ်ကအော်ရင်းပါသွားတော့သည်။
"ဟင် ဘာလို့အယ်လိုရာကအတင်ဆွဲခေါ်သွားတာလဲ
အစ်ကိုမူယောင်းခါးဘယ်နားကနာတာလဲ
ကျွန်တော်ဘာကူညီပေးရမလဲ
"ရတယ် ရတယ္မလိုဘူး
"အစ်ကိုရယ်အားမနာပါနဲ့အစ်ကိုကကျွန်တော်တို့ကျေးဇူးရှင်
လေကူညီချင်လို့...အေမ့! ဂျွန်ဘာလို့ငါ့ကိုလာပွေ့တာလဲ
ခုပြန်ချပေး အား...!ငါပြောလို့မပီးသေးပူး
ငါ့ကိုခုအောက်ချပေး ဂျွန်!...အား..!
အတင်းတွေကူညီပါ့မယ်ပြောနေတဲ့မင်ဆန်းဂီကိုဂျွန်ကဆွဲပွေ့ပြီးခေါ်သွားတာကြောင့်အော်ဟစ်ဆူညံကာပြန်ပါသွားတော့သည်။
"အစ်ကိုမူယောင်းရဲ့ဒဏ်ရာကပြောလို့မရတဲ့နေရာမှဖြစ်နေလို့လားဟင် ဘယ်လိုဖြစ်တာလဲဟင်
လင်းယန်ကအူကြောင်ကြောင်မျက်နှာနဲ့အနားကိုကပ်လာကာ
ခပ်တိုးတိုးမေးလာတာကြောင့်မူယောင်းမှာဘာပြန်ဖြေရမှန်းကိုမသိဖြစ်နေရတော့သည်။
"လင်းယန်လေး ကိုယ့်ရဲ့ပူတူတူး အူကြူကြူးလေး
ကလေးသေးသေးလေး လာလာ ကိုယ်တို့ပြန်ကြမယ်နော်
သူနေမကောင်းတာကပြောလို့မရလို့ဖြစ်မယ်
မသိချင်နေပါနဲ့အချစ်လေးရယ်နော် လာကိုယ်တို့ပြန်ကြမယ်
သူလဲအဆင်ပြေနေတာပဲလေနော်
"မဟုတ်သေးဘူးလေဗျာ...
"လာပါအချစ်လေးရယ်လာလာ
အင်ဟန်လဲလင်းယန်ကိုဆွဲကာအခန်းပြင်သို့ထွက်သွားတော့သည်။
"ဟူး....တော်သေးတာပေါ့ကယ်တင်ရှင်ကိုယ်စီပါလာလို့
မဟုတ်ရင်ဘယ်အထိထိုင်ပြီးစပ်စုနေကြမလဲမသိဘူး
"မနက်ကမင်ဆန်းဂီကကိုယ့်ကိုမေးလို့ပြောလိုက်တာ
အဲ့ဒါကိုသူကလူပြန်ခေါ်ပြီးအခန်းထဲဝင်သွားကြတာ
ကိုယ်လဲအခန်းရှေ့ရောက်မှလူသံတွေကြားလို့
အပြေးဝင်လာတာကလေးလေးကငိုနေတော့
ကိုယ့်မှာစိတ်ပူသွားတာ
"ယွန်နာကပြေးဖက်လိုက်တော့တအားနာသွားတာ
မျက်ရည်တွေထိန်းလို့ကိုမရတော့ဘူး
အဲ့ဒါခင်ဗျားကြောင့် ညကနာနေတာတောင်မပျောက်သေးဘူး
မနက်ကျတော့ထပ်လုပ်သေးတယ်သတောင်းစားကြီး
မျက်စောင်းလေးထိုးပြီးသူ့ကိုရန်တွေ့နေတဲ့
သူ့ချစ်ရသူလေးကြောင့်
ဂျယ်ယွန်းမှာအသဲယားပြီးစူထော်နေတဲ့နှုတ်ခမ်းလေးကို
စိတ်မထိန်းနိုင်ပဲကိုက်ပစ်လိုက်တော့အသံစွာစွာလေး
ထပ်မံထွက်လာပြန်သည်။
"ခင်ဗျားဘာဖြစ်နေတာလဲ လူကိုကိုက်ပဲကိုက်နေတယ်
ခင်ဗျားကခွေးလား
"မင်းကိုက်ခွင့်ရဖို့ခွေးဖြစ်ရမယ်ဆိုလဲအဖြစ်ခံလိုက်ပါ့မယ်
အသက်ငယ်လေးရယ်
[ကျွတ်ကျွတ်ကျွတ် အချစ်နွံနစ်နေကြတာပဲကယ်တင်လို့
လုံးဝမရတော့ဘူး သနားစရာကောင်းလိုက်ကြတာ]
Ku Kueက ကုတင်ခြေရင်းနားမှာပက်လက်လေးလှန်ကာ
တရားကျနေတဲ့လေသံနဲ့ပြောလာသည်။
'မင်းတောင်အဲ့လို့နစ်စရာနွံရှိလို့လားKu Kueလေးရယ်
[မလိုတာပါHostရယ် ကျွန်တော့ဘဝလေးသိပ်အေးချမ်းတယ်]
"ဂျယ်ယွန်း...ခင်ဗျားကိုမေးစရာရှိတယ်
"မေးလေအသက်ငယ်ရဲ့
"သားရဲတွေထပ်မပေါ်လာသေးဘူးလား
"ဟင့်အင်း မပေါ်လာသေးဘူး အရင်ကဆိုအဆင့်တစ်ခုပြီးရင်
နောက်တစ်ဆင့်တက်ပြီးသားရဲတွေချက်ချင်းပေါ်လာတာ
ခုတော့မပေါ်လာသေးဘူး
"Final Bossပေါ်လာဖို့နီးလာလို့ထင်တယ်
"ကိုယ်လဲအဲ့လိုထင်တာပဲ... အသက်ငယ်..
"ဟင်..
"အပြင်ရောက်ရင်ကိုယ်တို့လက်ထပ်ကြမလား
ဂျယ်ယွန်းရဲ့ရုတ်တရက်အပြောကြောင့်မူယောင်းလဲကြောင်သွားပြီးပြုံးလိုက်ကာ..
"ခင်ဗျားကလက်ထပ်ခွင့်တောင်းနေတာလား
ဂျယ်ယွန်းလဲမူယောင်းအမေးကြောင့်ကုတင်အောက်ဆင်းကာ
ဒူးထောက်လိုက်ပြီးမူယောင်းလက်ကလေးကိုကိုင်ကာ
သူ့အိပ်ထဲကပန်းပွင့်လေးနဲ့လုပ်ထားနဲ့လက်စွတ်လေးကိုထုတ်လာသည်။
"ဟုတ်တယ် ကိုယ့်ကိုလက်ထပ်မလားအသက်ငယ်လေး
ခုကတော့လက်စွတ်မရှိသေးဘူးကိုယ်လုပ်ထားတဲ့ဒီလက်စွတ်လေးနဲ့လက်ထပ်ခွင့်တောင်းပါရစေနော်
မူယောင်းလဲပြုံးလိုက်ပြီး
"အင်း ခင်ဗျားကိုကျွန်တော်လက်ထပ်မယ်
ဂျယ်ယွန်းလဲအောင်နိုင်သူအပြုံးဖြင့်မူယောင်းကိုသူ့ရဲ့
ကိုယ်တိုင်လုပ်လက်စွတ်လေးကိုဝတ်ပေးပြီး
လက်ကလေးကိုကိုင်ကာဖွဖွလေးအနမ်းပေးလိုက်သည်။
"ယေး.......ဂုဏ်ပြုပါတယ်10
သံပြိုင်ထအော်တဲ့အသံဗြဲကြောင့်မူယောင်းကိုယ်လေး
တုန်သွားကာလန့်သွားရတော့သည်။
"မင်းတို့တွေဘယ်လိုပြန်ရောက်လာကြတာလဲ
ခုနမှအခန်းထဲကထွက်သွားတဲ့ခြောက်ယောက်အပြင်
ဂျီဟိုတို့Tommyတို့အတွဲနှစ်တွဲပါ ပါလာကြသည်။
"ကျွန်တော်တို့ကခုထိကိုမပြန်ရသေးတာအစ်ကိုမူယောင်းရဲ့
ပြီးတော့အစ်ကိုဂျီဟိုတို့ကလဲအစ်ကိုမူယောင်းဆီလာကြတာ
ကျွန်တော်တို့ကအစ်ကိုဘာဖြစ်တာလဲသိချင်လို့စောင့်ကြည့်နေကြတာအဲ့ဒါနဲ့အစ်ကိုဂျီဟိုတို့ကလဲရောပြီး
စောင့်ကြည့်နေကြတာ
ခုလိုလက်ထပ်ခွင့်တောင်းတဲ့ပွဲနဲ့ကြုံရမယ်မထင်ထားဘူး
"ဟုတ်တယ် ဟုတ်တယ်
"အိုက်စ် မိုက်လိုက်တာကိုကိုမူယောင်းကတကယ့်
လင်ကောင်းသားကိုရထားတာပဲ အု..အူ..အူး..
ယွန်နာဆီကထူးဆန်းတဲ့ရယ်သံကြီးထွက်ပေါ်လာတော့သည်။
"ဒါဆိုမင်းတို့ကသူများအတွဲကိုချောင်းတာပေါ့ဟုတ်လား
"ချောင်းတာမဟုတ်ပါဘူးနော်ကျွန်တော်တို့က
အစ်ကိုမူယောင်းကိုစိတ်ပူလို့ပါ နော်
"ဟုတ်တယ်ဟုတ်တယ်
"ပြီးရင်လဲပြန်ကြတော့
ဂျယ်ယွန်းအသံကြားတော့မှထူးဆန်းတဲ့အသံတွေပျောက်ဆုံးသွားတော့သည်။
"ဟီးဟီး ခေါင်းဆောင်အဲ့ဒါဆိုယွန်နာတို့ပြန်လိုက်အုံးမယ်နော်
ဟိဟိ လာလာ သူငယ်ချင်းတို့ပြန်ကြမယ်
ယွန်နာတစ်ယောက် မြင်းဟီးသလိုတဟီးဟီးနဲ့ရှေ့ဆုံးမှဦးဆောင်ကာ
ပြန်ထွက်သွားတော့သည်။သူ့နောက်မှအားလုံးလဲပြန်လည်
ထွက်ခွာသွားတော့သည်။
လက်ထပ်ခွင့်တောင်းတဲ့ပွဲလေးဟာလဲ မထင်မှတ်ပဲ
စည်ကားသိုက်မြိုက်စွာအထမြောက်သွားလေတော့သည်။
"တောက်...မူယောင်းနင်ကသေသင့်တဲ့ကောင်
ငါ့အစီအစဉ်အမြန်ဆုံးစမှဖြစ်တော့မယ်
မင်ဆန်းဟာရဲ့ကျိမ်းဝါးသံကိုတော့အပျော်တွေကိုယ်စီနဲ့ဖြစ်နေသည့်မည်သူကမျှမကြားလိုက်ကြပါ။
...
အဆောက်အဦးအပျက်ကြီးတစ်ခုထဲတွင်ဖြစ်သည်။
တစ်ကိုယ်လုံးနီးပါကြိုးတုတ်ခံထားရတဲ့လူတစ်စုနှင့်
သူတို့ကိုစောင့်ကြည့်နေတဲ့လူများလဲရှိနေသည်။
'ဒါကဘယ်လိုဖြစ်ရတာတုန်းSystem
[ဟီးဟီး Hostအဖမ်းခံလိုက်ရတာလေ]
'တစ်ကိုယ်လုံးနီးပါကြိုးနဲ့တုတ်ထားမှတော့အဖမ်းခံရမှန်းသိတာပေါ့ ဘယ်သူကတော့ပျော်ပွဲစားခေါ်လာတယ်လို့
ထင်တော့မှာလဲ ငါ့Systemဖြစ်ပြီး
ငါအန္တရာယ်ဖြစ်တော့မယ်ဆိုတာကြိုမသိဘူးလား
[သိတော့သိတယ်လေHostရဲ့Hostလည်ပင်းကိုမေ့ဆေးအပ်လာစိုက်တဲ့အချိန်ကျွန်တော်သိပြီးချက်ချင်းအော်လိုက်တာ]
'သြော် အေးပေါ့ ငါကSpider Manလေ
လက်ကနေပင့်ကူမျှင်ထုတ်ပြီးနံရံတွယ်တက်ပြီးရှောင်ပစ်လိုက်မှာဆိုတော့
[တစ်ခါတလေမှားမိတာကိုHostကလဲစိတ်ချည်းပဲ ဝွန်း]
'မင်ဆန်းဟာ လုပ္တာလား
[ဟုတ်ပါတယ်Hostအဖွဲ့ကတော့အရင်ကတော့
အင်ဟန် အဖွဲ့လေ ခုတော့အင်ဟန်ကအချစ်မှာနစ်မြောပြီး
သူတို့အဖွဲ့ကခေါင်းဆောင်မရှိတော့ဘူး
မင်ဆန်းဟာကသူတို့နဲ့ပေါင်းပြီးHostတို့ကိုဖမ်းတာ
ဖမ်းတာကတော့Hostနဲ့လင်းယန်ကိုပဲဒါပေမယ့်
ဟိုနှစ်ယောက်ကHostတို့ကိုလိုက်ကယ်ရင်း
သူတို့ပါအဖမ်းခံလိုက်ရတာ]
'လင်းယန်ကိုဘာလို့ဖမ်းချင်တာလဲ
[သူတို့ခေါင်းဆောင်အင်ဟန်ကိုပြန်လိုချင်လို့လေ
သူတို့ရဲ့အခုလက်ရှိခေါင်းဆောင်ဖြစ်နေတဲ့တစ်ယောက်က
အင်ဟန်ကိုသဘောကျနေတာဟိုကလင်းယန်ကိုပဲ
ကော်ကပ်သလိုကပ်နေတော့လင်းယန်ကိုပစ်မှတ်ထားတာလေ]
'သြော်
မူယောင်းတို့အပြင်မှာရှိနေတုန်းမူယောင်းနဲ့လင်းယန်ကို
မေ့ဆေးအပ်နဲ့အပစ်ခံရပြီးသတိလစ်သွားချိန်မှာ
လူတစ်စုကဖမ်းခေါ်တာကြောင့်မင်ဆန်းဂီနဲ့ယွန်နာကဝင်ဆွဲရာမှနှစ်ယောက်လုံးကိုသတိလစ်အောင်ရိုက်ပြီးရောပြီးခေါ်လာခံခဲ့ရတာဖြစ်သည်။
"ဗြဲ....အမလေးအမေရဲ့ အမေ့သမီးလေးရဲ့အဖြစ်ကို
လာကြည့်လှည့်ပါအုံး...ဒီမွာGameထဲရောက်ပြီး
ဒုက္ခရောက်နေပါတယ်ဆို ပြန်ပေးကဆွဲခံရသေး
အမေရယ် အမေ့ချွေးမလောင်းလေးကိုတောင်
သမီးအမေ့ဆီကိုခေါ်လာမပြနိုင်တော့ပါဘူးထင်ပါရဲ့ အင့် ဟင့် အီး...ရွှတ်
"ယွန်နာရယ် တိတ်တိတ်နေစမ်းပါ စိတ်ညစ်ပါတယ်ဆို
နားကငြီးသေး နင့်လိုကျားကျားယားယားမိန်းမသားက
ငိုနေလဲဘယ်သူကမှသနားပြီးလွှတ်မပေးဘူး
"လင်းယန် နင်ငါ့ကိုရန်စနေတာလားနင်စဉ်းစားကြည့်စမ်း
ဇာတ်လမ်းတွေထဲမှာအဖမ်းခံရရင်လေ
စတိုင်ကျကျနဲ့ထိုင်ခုန်လေးမှာကြိုးလေးနဲ့ချည်ထားတာ
ခုတော့ဖြင့်ကြမ်းပေါ်မှာဖြစ်သလိုထား ထားတယ်
ကြိုးကလဲတစ်ကိုလုံးနီးပါချည်ထားတာ
"ပွစိပွစိနဲ့နားငြီးလိုက်တာ ဂျွန်ကငါတို့ကိုဒီတိုင်းမထားပါဘူး
လာကယ်မှာပါ
"အမေလး နင့်ဂျွန်ကငါတို့ကိုလာမကယ်ပါဘူး
နင်ပါလို့သာမြေလှန်ရှာပါ ငါတို့ဆိုရင်တော့
ခွေးစားစား ကျီးထိုးထိုးပဲထားမှာ နော့်လင်းယန်ရာ
"အင်း ဟုတ်တယ်
လူဆိုးတွေဆီမှာအဖမ်းခံထားရတာတောင်
ပိကျိပိကျိနဲ့ ဆူညံနေတာကြောင့်
အစောင့်တစ်ယောက်ကမနေနိုင်ပဲထအော်တော့သည်။
"ဟေ့ မင်းတို့ကိုအပျော်ခရီးခေါ်လာတယ်ထင်နေတာလား
ဆူညံနေတာပဲ
"အောင်မယ် ဖမ်းလဲဖမ်းထားသေးတယ်
မင်းကငါတို့ကိုဘာလုပ်ချင်တာလဲပြောစမ်းပါ
"အေးလေ ရှင်ကဘာမို့လို့လဲ လာစမ်းပါ
ကျွန်မကိုကြိုးဖြည်ပေးလိုက်စမ်းပါ
အယ်လိုရာကိုသွားခေါ်ပြီးအကုန်ရိုက်သတ်ခိုင်းပစ်လိုက်မယ်
အစောင့်ကဒေါသတကြီးအော်လိုက်သော်လည်းမကြောက်သည့်အပြင်မင်ဆန်းဂီနဲ့ယွန်နာကအပြိုင်အဆိုင်ရန်ပြန်တွေ့နေကြသေးသည်။
"လူကြည့်တော့ခွေးပစ်တဲ့တုတ်လောက်နဲ့
လူမိုက်လိုလိုဘာလိုလိုလာလုပ်မနေနဲ့
လာစမ်းပါကြိုးဖြည်ပေးလိုက်စမ်းပါ
မင်းတို့အကုန်လုံးကိုငါတစ်ယောက်ထဲ
သတ်ပစ်နိုင်တယ်သဘောပေါက်
လင်းယန်ကလဲခြိမ်းခြောက်စကားဆိုလာသည်။
"မင်းတို့ကိုဘယ်သူခိုင်းတာလဲခိုင်းတဲ့သူနဲ့ငါမြန်မြန်
စာရင်းရှင်းချင်လှပြီ အချိန်ကိုမလေးစားဘူး
ဘယ်လိုလူတွေလဲ
"မူယောင်း နင်ကသေရမယ့်လူဖြစ်နေတာတောင်
လေသံကကျယ်နေတုန်းနော်
သူတို့အခြေတင်စကားပြောနေကြတုန်းမင်ဆန်းဟာနဲ့အတူ
လူတစ်ယောက်ဝင်လာကြသည်။
"ဘယ်သူသေရမလဲသိရမှာပေါ့ ငါကအမြဲလေသံမာတယ်လေ
ငါကဘယ်သူ့ကိုမှဂရုမစိုက်တာ အထူးသဖြင့်နင်တို့လို
ဘာအစွမ်းအစမှမရှိပဲအာကျယ်နေတဲ့သူမျိုးဆို
ပိုလို့တောင်ဂရုမစိုက်သေး
"ငါ့နာမည်ကJ အင်ဟန်ရဲ့သူငယ်ချင်းသူလားလင်းယန်ဆိုတာ
မင်ဆန်းဟာဘေးကအမျိုးသားကလင်းယန်ကိုကြည့်ကာမေးလာသည်။
"အင်း ဟုတ်တယ်
"ချစ်တော့ချစ်စရာလေးပဲ မျက်နှာလေးက
အကြောတင်းမယ့်ပုံလေးပဲ အင်ဟန်က
အဲ့လိုပုံစံလေးကြိုက်မယ်လို့မသိခဲ့ဘူး
ကျွန်တော်ကသူ့အပေါ်အမြဲအလျှော့ပေးလို့သူကမကြိုက်တာများလား
"ကိုကိုမူယောင်း အဲ့ဦးလေးကြီးကအစ်ကိုအင်ဟန်ကို
ကြိုက်နေတာလား
ယွန်နာနဲ့မင်ဆန်းဂီကအနားကိုကပ်လာပြီးစပ်စုလာကြသည်။
"အင်းဟုတ်တယ်
"ဟယ်...ငါတို့လင်းယန်လေးခြေဖျားတောင်မမှီပဲနဲ့များ
"အေးလေနော် သူလဲချောတော့ချောပါတယ်
ဒါပေမယ့်လင်းယန်ကိုမမှီတာတော့သေချာတယ်
"ဒီမှာဦးလေး လင်းယန်ကိုဖမ်းတာကအစ်ကိုအင်ဟန်က
ခင်ဗျားကိုမကြိုက်လို့လင်းယန်ကိုဒုက္ခပေးချင်လို့ပေါ့ဟုတ်လား
"ဆိုပါတော့ သူမရှိရင်အင်ဟန်ကငါ့ဆီပြန်လာမှာ
ဒါနဲ့ငါနဲ့အင်ဟန်ကအသက်အတူတူပါပဲ
ဦးလေးလို့တော့မခေါ်သင့်ဘူးထင်တာပဲ
"အယ်..အစ်ကိုအင်ဟန်နဲ့အသက်တူတာလား
ရင့်လိုက်တာနော် အစ်ကိုအင်ဟန်မကြိုက်တာလဲမပြောနဲ့
ယွန်နာ့သူငယ်ချင်း လင်းယန်နဲ့ယှဉ်လို့ကိုမရတာနော်
!ဖြန်း!
"မင်းကစကားပြောတာယဉ်ကျေးမှုကိုမရှိဘူးပဲ
ယွန်နာကိုမင်ဆန်းဟာကပါးကိုရိုက်လိုက်တာဖြစ်သည်။
"ကျွန်တော့်သူငယ်ချင်းကိုမထိနဲ့!
"လင်းယန် ငါဘာမွမျဖစ္ဘူး ငါ့ကိုရိုက်တဲ့ပါးတစ်ချက်အတွက်
အဲ့မိန်မအပြစ်ခံရလိမ့်မယ်
"မင်ဆန်းဟာ ခင်ဗျားကအရမ်းယုတ်မာတာပဲ
ဘယ်လိုမိန်းမလဲ ခင်ဗျားလိုမိန်းမကိုအစ်မတော်လိုက်ရတာကျွန်တော့်ဘဝအတွက်အကြီးဆုံးကံဆိုးမှုပဲ
"ငါကလဲနင်နဲ့ဘာမှမတော်ချင်ပါဘူး
ငါ့ဘဝရဲ့အရာရာကိုနင်ကလုယူသွားခဲ့တာ
ငါကနင့်ကိုလဲသတ်မှာပဲ မင်ဆန်းဂီ
"မင်ဆန်းဟာ! မဆိုင်တဲ့သူတွေကိုနင်ထိစရာမလိုဘူး
နင်ကငါနဲ့ပဲရှင်းရမှာ..
"ဟက်နင့်ကိုလဲငါကသတ်မှာပဲ တစ်ယောက်မှအရှင်မထားဘူး
"အရူးတွေပဲခင်ဗျားတို့တွေက ကျွန်တော်တို့သေသွားလဲ
ကျွန်တော်တို့ကိုချစ်တဲ့သူတွေကခင်ဗျားတို့ကို
ခ်စ္လာမွာမွမဟုတ္တာ
'Ku Kue ဂျယ်ယွန်းတို့လာနေပြီလား
[လာနေပြီHostဒီနားကိုရောက်လာပြီ]
"ဟက်..လင်းယန် မင်းကဒီလိုအခြေအနေမှာတောင်
တည်ငြိမ်နေနိုင်သေးတယ်နော် မင်းကိုငါသတ်တဲ့အခါလည်း
တည်ငြိမ်နေနိုင်လားကြည့်အုံးမယ်
Jကပြောပြီးဆိုသေနတ်ကိုလင်းယန်ကိုချိန်လိုက်တယ်
"မင်းသွားသေလိုက်တော့
!ဒိုင်း!
သေနတ်သံနဲ့အတူ သွေးတချို့ဟာလဲတိုက်ကြမ်းပြင်ကို
လွင့်စင်သွားတော့သည်။
................
ဟဲလို...မျက်ရိုးတွေကိုက်လို့စာကိုနဲနဲချင်းပဲရိုက်နိုင်လို့
နောက်ကျနေတာပါရှင့် စောင့်ရစေမိလို့တောင်းပန်ပါတယ်နော်
အရှည်ကြီးရေးပေးထားပါတယ်နော်😚
Author-Khoon Nge🍁
Продолжить чтение
Вам также понравится
186K 5.1K 43
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
199K 19.2K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
671K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
147K 4.9K 100
'How I obsessively adore you' ˏˋ°•*⁀➷ started➛30/03/2024 finished➛ ˏˋ°•*⁀➷ cover by me x