ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

101K 14.1K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
Part 96
Part 97
Completed in Telegram

Part 31

1.1K 198 0
By Swae_Nyoe

31 01

အပိုင်း (၃၁) အသွင်ပြောင်းခြင်း

သို့နင့် ကျန်းကျိရင်နှင့် ဤနေရာသို့ နောက်မှရောက်လာကြသော ကျန်သူများအားလုံးတို့သည် အဖွဲ့နှစ်ကို ဖြေရှင်းနိုင်မည့် အခွင့်အရေးမရခင်အထိ သည်းခံ၍သာ ဆက်နေကြသည်၊ မကြာခင်တွင် သူတို့နှစ်သင်းလုံးကို အတူလုပ်ရမည့် တာဝန်တစ်ခု ချပေးခဲ့သည်။ တာဝန်မှာ မြောက်ဘက်တွင် စခန်းမှ အသစ်ရှာတွေ့ထားသော မြေအောက်စွန့်ပစ်ဓာတ်ခွဲခန်းကို သွား၍ လေ့လာရှင်းလင်းရန် ဖြစ်သည်။

မွန်းစတားများနှင့် အန္တာရာယ်နယ်မြေ အများစုမှာ ဂိမ်းထဲတွင် ဤသို့သော စွန့်ပစ်ဓာတ်ခွဲခန်းများမှ ထွက်လာကြခြင်းဖြစ်သည်။ ဂိမ်း၏ အချိန်တို့က ယခုတကယ့်ကမ္ဘာအစစ်နှင့် မတူသည့်အလျောက် ကျန်းကျိရင်သည် ယခုသွားမည့်နေရာမှ ဂိမ်းမှ ပေးသော နယ်မြေဟုတ်မဟုတ် မသေချာပေ။

ကမ္ဘာကြီး၏ အဆုံးသတ်တွင် နေ့ရက်တိုင်းသည် ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ကြုံနေရပြီး အဆိုးဆုံးမှာ ချက်ချင်းမဖြေရှင်းလျှင် မဖြစ်သည့် ပဟေဠိများက ပေါ်ပေါ်လာတတ်ခြင်းဖြစ်သည်။ လူတိုင်းသည် နယ်မြေများကို ဖြေရှင်းဖော်ထုတ်ဖို့ အားသန်ကြသည်။ မျှော်လင့်ချက်အခြေစိုက်စခန်းကဲ့သို့ အခြေစိုက်စခန်းကြီးများတွင် ကိုယ်ပိုင် သုတေသနဌာနများ ရှိကြသည်။

ဤမတိုင်မှီက ဓာတ်ခွဲခန်းအတွင်းရှိ ဇွန်ဘီအများစုကို ရှင်းလင်းရန် အဖွဲ့နှစ်ကို စေလွတ်ခဲ့သည်။ ကျန်းကျိရင်သည်လည်း ပုန်းကွယ်နေသော အန္တာရာယ်ရှိမရှိ သွား၍ စစ်ဆေးရသည်။ ဇွန်ဘီများနှင့် အန္တာရာယ်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပြီးကာမှသာ သုတေသနပညာရှင်များက ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ရောက်ပြီး တန်ဖိုးရှိသော အချက်အလက်များနှင့် စာရွက်စာတမ်းများကို အန္တာရာယ်ကင်းကင်း ယူဆောင်နိုင်မည်ဖြစ်သည်။

ဓာတ်ခွဲခန်းကို မြေအောက်ထဲတွင် တည်ဆောက်ထားပြီး ဝင်ပေါက်မှာ တက္ကသိုလ်တစ်ခု၏ သာမန် အုပ်ချုပ်ရေးရုံးခန်းအဖြစ် ဖုန်းကွယ်ထားသည်။ ကျန်းကျိရင်သည် ဤဖွံ့ဖြိုးတိုးတက်လာသည့် ဇာတ်ကြောင်းကို ခပ်ပါးပါး ရင်းနှီးနေသလိုလိုရှိသည်။

ကစားသမားများ နယ်မြေတစ်ခုကို ဝင်ရောက်မကစားမှိတွင် ပြသသည့် ကာတွန်းသရုပ်ဖော်ပုံနှင့် တူနေသည်။ ကစားသမားများသည် စွန့်ပစ်ထားသော အုပ်ချုပ်ရေးအဆောက်အဦးထဲသို့ ဝင်ရောက်နိုင်ပြီးနောက်တွင် မျဉ်းတစ်ကြောင်းအလား ကျဉ်းမြောင်းသော လမ်းမှတစ်ဆင့် မြေအောက်ဓာတ်ခွဲခန်းထဲသို့ ဝင်နိုင်သည်။

ဤအကြံက ဖြစ်နိုင်ကြောင်း သူမြေအောက်ထဲ ရောက်သွားသည်နှင့် အတည်ပြုလိုက်နိုင်သည်။ ရင်းနှီးကျွမ်းဝင်လှသော လမ်းဆုံလမ်းခွကို မြင်လိုက်ရသည်။ ဘယ်တစ်ဖက် ညာတစ်ဖက် လမ်းနှစ်လမ်းနှင့် အလယ်တည့်တည့်တွင် စုန်းမီးတောက်ကဲ့သို့ အစိမ်းရောင် လမ်းပြမီးက လင်းနေသည်။

ဤအချိန်တွင် အဝင်စတွင် တိတ်တဆိတ် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြေအောက်ထဲတွင် ရပ်နေကြသော မည်သူမှ မသိလိုက်ကြပေ။ ထိုသူသည် သူတို့ယခုလေးတင် ဝင်သွားသော ကွေ့ကောက်သော လှေကားများနှင့်လုပ်ထားသည့် ဝင်ပေါက်မှ ခနကြာအောင် ကြည့်နေပြီးနောက် ပျောက်ကွယ်သွားသည်။

အဖွဲ့နှစ်ဖွဲ့သည် လုံးဝကို လိုက်လျောညီထွေ မဖြစ်သည့်အပြင် ကျန်းကျိရင်သည်လည်း ယဉ်ကျေးမနေတော့ပေ။ တိုက်ရိုက်ပဲ သူ့လူများကို ဦးဆောင်၍ ဘယ်ဖက်လမ်းဆီသို့ ဝင်သွားတော့သည်။ ကစားသမားတစ်ယောက်၏ အတွေ့အကြုံကို အခြေခံ၍ ဘယ်ဖက်လမ်းသို့ သွားခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင်လည်း လမ်းနှစ်ခုက တစ်နေရာတွင် ဆုံမည်မှာ သေချာသည်။ သို့သော် ဘယ်ဖက်လမ်းကား ထောင်ချောက်များနှင့် မွန်းစတားများ နည်းလေသည်။ ဂိမ်းထဲတွင် နယ်မြေများသည် ၎င်းတို့၏ များပြားလှသော ထောင်ချောက်များနှင့် မွန်းစတားများကြောင့် နာမည်ကျော်သည်။ မဟုတ်လျှင်လည်း များမြောင်လှသော ဇွန်ဘီများ ရှိတတ်သည်။

နောက်ဆုံး ဆုံမှတ်တွင် ထောင်ချောက်မျိုးစုံရှိသည့် အခန်းကျယ်ကြီး ရှိမည်ဖြစ်ပြီး အဆင့်ငါး အဆိပ်ဇွန်ဘီ ဘော့စ်လည်း ရှိနေမှာဖြစ်သည်။ သို့သော် အဖွဲ့နှစ်က ဤနေရာသို့ ရောက်ခဲ့ပြီးဖြစ်သည့်အလျောက် ဘော့စ်ကို ရှင်းပစ်ခဲ့ပြီးလောက်ပြီဟု ထင်ထားသည်။

ခုနှစ်ယောက်အဖွဲ့သည် လမ်းတလျောက်တွင် အလွန်ချောမွေ့နေသည်။ သူတို့သည် တစ်ချို့သော သိသာပြီး လွယ်ကူသော ထောင်ချောက်များကို တွေ့သည်နှင့် ချက်ချင်း တန်းရှင်းပစ်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည် ထောင့်များတွင် ပုန်းနေသော ဇွန်ဘီ နှစ်ကောင်သုံးကောင်ကိုလည်း သတ်ခဲ့သည်။

ကျန်းကျိရင် အံ့ဩသွားသည်။ သူတို့ရှေ့တွင် ရှိနေသည်မှာ လမ်းဆုံးကြီးဖြစ်နေသည်။

တာ့တောက်က ပြောသည်။

31 02

"ကပ္ပတိန် ဒါက လမ်းဆုံးတာလား ကျွန်တော်တို့ နောက်ပြန်လှည့်ပြီး ပြန်တင်ပြကြမှာလား"

ထိုအခါမှ ကျန်းကျိရင်သည် သူမေ့နေခဲ့သော အသေးစိတ်အချက်တို့ကို ပြန်သတိရသွားသည်။ လမ်းဆုံမှ လမ်းခွဲနှစ်ခုသည် စက်ဝိုင်းပုံ ဆက်ထားခြင်းဖြစ်ပြီး အလယ်တွင်ပြန်ဆုံကြမည်ဖြစ်သည်။ ဝင်ပေါက်နှစ်ခု အချိုးညီညီချိတ်ဆက်ထားသော နေရာမှာ ဘော့စ်ရှိနေမည့် နေရာဖြစ်သော်လည်း ဘော့စ်ရှိရာ အခန်းကို ဝင်နိုင်မည့် ဝင်ပေါက်ကို ဖုံးကွယ်ထားကာ သူတို့ဖွင့်ချင်လျှင် ခလုတ်ရှာရမည်ဖြစ်သည်။

ဂိမ်းဆော့နေကျ ကစားသမားတစ်ယောက်အတွက် ဤသို့သော အချက်အလက်များနှင့် ရင်းနှီးနေသည်မှာ သာမန်သာ ဖြစ်ပြီး အိုင်ကျူစစ်သလို ထောင်ချောက်များ ဟိုဟိုသည်သည် ချထားခြင်းက အသေးအဖွဲများသာ ဖြစ်သည်။ ကျန်းကျိရင်သည်ပင် မြင်နေကျဖြစ်ပြီး မထူးဆန်းသော ကိစ္စဖြစ်နေသောကြောင့် ရုတ်တရက် မမှတ်မိဖြစ်သွားသည်။

ယခုတွင် လမ်းက ဖြတ်မရနိုင်ဖြစ်နေပြီး ကြည့်ရသည်မှာ အဖွဲ့နှစ်သည် ခလုတ်ကို ရှာမတွေ့ခဲ့တာ ဖြစ်နိုင်သည်။ ထိုအဆင့်ငါးဇွန်ဘီသည် သူတို့ကို လမ်းဆုံးတွင် စောင့်နေပေလိမ့်မည်။ သူတို့၏ လက်နက်များကသာ ကောင်းကင်ကို အံတုနိုင်သည့် လက်နက်များမဟုတ်လျှင် သာမန်လူများအနေနှင့် ဘော့စ်ကို လုံးဝ စိန်သွားမခေါ်သင့်ပေ။ ဤသည်မှာ <Tomorrow>ဂိမ်းကို ကစားသူတိုင်း သိထားရမည့် အချက်ဖြစ်သည်။

"သွား ပြန်သွားကြစို့"

ကျန်းကျိရင် နောက်လှည့်လိုက်သည်နှင့် ရှောင်ကျင်းပြောသည်ကို ကြားလိုက်ရသည်။

"ကပ္ပတိန် ဒီခလုတ်က ဘာကြီးလဲ"

ကျန်းကျိရင်နှင့် အားခုန်း နှစ်ယောက်လုံး အသည်းအသန် အော်ချလိုက်သည်။

"မထိလိုက်နဲ့"

သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။ အသက်နှစ်ဆယ်ပြည့်တော့မည့် ဤဝက်ဝံကြီးကဲ့သို့ ကောင်ငယ်လေးသည် သူ့လက်ကို ဖိချလိုက်ပြီးမှ ပြောလာခြင်းဖြစ်သည်။ ထို့နောက် သူ၏ အစ်မဖြစ်သူနှင့် ကပ္ပတိန်ကို ကြောင်အအ ကြည့်လိုက်ပြီး ငိုချတော့မည့် အသံလေးဖြင့်

"ကျွန်တော် ဘာဖြစ်သွားတာလဲ မသိဘူး ကျွန်တော်က ဒီအတိုင်းလေး ကြည့်နေတာ နောက်တော့ နောက်တော့ အသံတစ်ခုက ကျွန်တော့်ကို ဖိချလိုက်ဖို့ တိုက်တွန်းနေတဲ့အတိုင်းပဲ အဲတာနဲ့...."

အဆင့်နိမ့်သေးသော စိတ်စွမ်းအားရှင်တစ်ယောက်အနေနှင့် ရှောင်ကျင်းသည် ပတ်ဝန်းကျင်မှ စိတ်လွှမ်းမိုးမှုများ အခံရနိုင်ဆုံးသော သူဖြစ်သည်။ ထိုနည်းလည်းကောင်းပင် စိတ်စွမ်းအားရှင်များသည် တစ်ခြားသူများထက် ခလုတ်များနှင့် ထောင်ချောက်များ လျှို့ဝှက်ထားသည့်အရာများကို ရှာဖွေနိုင်စွမ်း ရှိကြသည်။

တံခါးပွင့်သံနှင့်အတူ အတွင်းမှ ဇွန်ဘီ၏ ဟိန်းဟောက်သံကိုလည်း ကြာလိုက်ရပြီး အသစ်ပွင့်လာသော လမ်းဆီမှ လူများ၏ အော်ဟစ်သံကိုလည်းကြားလိုက်ရသည်။ ကြည့်ရသည်မှာ အဖွဲ့နှစ်သည် သူတို့ထက် ပို၍ မြန်မြန် ရောက်သွားသည့်ပုံပင်။ ထို့အပြင် သူတို့သည် ခလုတ်ကို ရှာတွေ့ခဲ့သည်သာမက ဇွန်ဘီကိုပါ ရန်သွားစလိုက်သည်ထင်၏။

"ပြေး ပြေးတော့ နောက်လှည့်မကြည့်နဲ့"

ကျန်းကျိရင် သူ၏ အဖွဲ့သားများကို အော်ပြောလိုက်ပြီး မြန်မြန် ထွက်ပြေးခိုင်းသည်။ တိုက်ပွဲများစွာတိုက်ခိုက်လာပြီးသော အတွေ့အကြုံရင့် အဖွဲ့သားများလည်း စည်းလုံးကာ လိုက်လျောညီထွေ တုံ့ပြန်နိင်ကြသည်။ သူတို့သည် ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ကပ္ပတိန်၏ စကားကို နာခံကာ ချက်ချင်း ပြေးထွက်ကြသည်။

သိပ်မကြာခင်တွင် အဖွဲ့နှစ်သည် ဇွန်ဘီဘော့စ်၏ ဖိတိုက်ခြင်းကို ခံနေရတော့သည်။ သူတို့သည် လမ်းသစ်လမ်း ပွင့်လာသည်ကို မြင်သောအခါ မျက်လုံးများက တောက်ပလာကြသည်။ ထိုလမ်းဘက်သို့ ပြေးဝင်သွားကြပြီး ဘော့စ်ကလည်း သူတို့နောက်က တောက်လျှောက်လိုက်လာသည်။

အဖွဲ့နှစ်ဖွဲ့သည် ယခုဆိုလျှင် ဆယ်မီတာလောက်သာ ဝေးတော့သည်။ ကျန်းကျိရင်မှာ သူတို့ကို ဂရုမစိုက်ဘဲ ရအောင်အားစိုက်ပြေးသည်။ တကယ့်ကမ္ဘာအစစ် <Tomorrow>'သည် နည်းနည်းလေးမှ မကောင်းပေ။ မွန်းစတားတစ်ကောင်ကို ရန်သွားစမိလျှင် ထိုမွန်းစတားသည် သင့်နောက်သို့ ဆက်တိုက် လိုက်နေမည်ဖြစ်သည်။

"ကျန်းကျိရင်"

အသံတစ်ခုက ရုတ်တရက် စိတ်ထဲတွင် ကြားလာသည်။ ကျန်းကျိရင်၏ ခြေလှမ်းများ ရပ်သွားသည်။ ချက်ချင်း သူသည် ခေါင်းကွဲသွားတော့မလို ကိုက်လာပြီး သည်းမခံနိုင်လောက်အောင် နာကျင်လာသည်။ ဤနေရာတွင် ယိုးခွင်သာလျှင် သူ့ကို တိုက်ခိုက်နိုင်မည့် စိတ်စွမ်းအား ရှိသူဖြစ်သည်။

31 03

ကျန်းကျိရင်သည် ယိုးခွင် သူ့ကို ဤသို့သော အချိန်မျိုးတွင် တိုက်ခိုက်လိမ့်မည်ဟု လုံးဝ ထင်မထားပေ။ သူ၏ နားလည်မှုအရဆိုလျှင် အဖွဲ့နှစ်ဖွဲ့သည် အချင်းချင်း ရိုင်းပြပြီး မတည့်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် အသေသတ်လောက်မည့် ရန်စမျိုးမရှိပေ။ အဆင့်ငါး အဆိပ်ဇွန်ဘီကို မရှင်းလင်းရသေးသည်ကို သိခဲ့ရချိန်တွင် သူသည် တစ်ခြားအဖွဲ့ကို သတိထားဖို့ သတိပေးရန် မသိစိတ်က တွေးမိခဲ့သည်။ သို့သော် တစ်ခြားတစ်ဖက်ကတော့ သူနှင့် အတော်လေး အတွေးတို့ ဆန့်ကျင်ဘက်ဖြစ်နေပုံရသည်။

ဤအခိုက်အတန့်တွင် အဖွဲ့နှစ်သည် ကျ်နးကျိရင်ကို မှီလာပြီး ခနနှင့် ကျော်သွားတော့သည်။ မီးစွမ်းအားရှင်သည်လည်း သူ့ကို ဝင်တိုက်သွားသေးသည်။ တစ်ချိန်တည်းမှာပင် အဖွဲ့နှစ်မှ မြေစွမ်းအားရှင်နှင့် သစ်သားစွမ်းအားရှင်တို့သည် အတူတကွ အရံအတားတစ်ခု ဖန်တီးပြီး ပြေးလာကြသည်။

ထူထဲသော မြေနံရ့ကြီးနှင့် နွယ်ပင်များ အုံလိုက်ကြီးက မြေကြီးထဲမှ ထိုးထွက်လာကာ ဇွန်ဘီနှင့် အဖွဲ့နှစ်ကို ပိုင်းခြားလိုက်လေတော့သည်။ သို့သော် သူတို့သည် ကျန်းကျိရင်ကို လုံးဝ ထည့်မစဉ်းစားပေ။ အလွန်တရာကို တမင်တကာမှန်း သိသာစွာဖြင့် ကျန်းကျိရင်နှင့် ဇွန်ဘီတို့ကို အတူတူ ပိတ်မိသွားစေသည်။

ဇွန်ဘီသည် ပိတ်မိသွားသည်ကို သိသွားသည်နှင့် ဒေါသတကြီး မြေနံရံကို တွန်းထိုးရိုက်ပုတ်တော့သည်။ သို့သော် ဆက်ပြီး နံရံကို ရိုက်ပုတ်နေမည့်အစား ကျန်းကျိရင်ထံသို့ အာရုံပြောင်းသွားသည်။ ကျန်းကျိရင် အဆင့်ငါး အဆိပ်ဇွန်ဘီနှင့် လုံးဝကို မတိုက်ခိုက်ချင်ပါ။ ဤနယ်မြေထဲမှ ထွက်ခွာရန်မှာ ဘော့စ်ကို တိုက်ခိုက်သည့် နည်းလမ်းတစ်ခုသာ ရှိသည်။

လုံးဝကို မမှတ်မိချင် အသုံးမပြုချင်သည့် တစ်ခြားနည်းလမ်းတစ်ခုလည်း ရှိသည်။ ဆုံးဖြတ်ရတော့မည့် အခိုက်အတန့် ရောက်လာချိန်တွင် ကျန်းကျိရင် ရေခဲချွန်တစ်ခု ပစ်လဝ်၍ မူလက ဘော့စ်ရှိနေသည့် အခန်းကျယ်ကြီးဆီသို့ ဦးတည်၍ ပြေးသွားတော့သည်။

ဤအဆိပ်ဇွန်ဘီ၏ တိုက်ခိုက်နှုန်းနှင့် ခုခံနှုန်းတို့က အလွန်အားကောင်းသည်။ ထို့အပြင် ဤဇွန်ဘီတွင် အဆိပ်၏ ဖျက်ဆီးအားက ရှိနေသေးသည်။ သို့သော် အရှိန်ကတော့ မမြန်လှ။

ကျန်းကျိရင် အခန်းကျယ်ဆီသို့ အောင်အောင်မြင်မြင်ပြေးသွားနိုင်ခဲ့သည်။ အကြည့်တစ်ချက်နှင့်ပင် အခန်းဘယ်ဖက်ထောင့်တွင် အသွင်ပြောင်းအခန်းငယ်တစ်ခုကို မြင်လိုက်ပြီး နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ ထိုအထဲသို့ ခုန်ဝင်လိုက်တော့သည်။

ဤသည်မှာ ဂိမ်းထဲမှ ဂိမ်းတစ်မျိုးပင်။ ဂိမ်းတစ်ခုသည် ဖျော်ဖြေရေးအမျိုးအစားစုံစုံလင်လင် ပါဝင်သင့်သည်ဟု လူတိုင်းက လက်ခံထားပြီး အထူးသဖြင့် "စိတ်ကူးယဉ်" ဂိမ်း ဟူသည့် အမျိုးအစားတွင်ဖြစ်သည်။ ဂိမ်းမှ ချပေးထားသော ဤဘော့စ်ကို တိုက်ခိုက်ရခြင်းသည် အလွန်မုန်းစရာကောင်းပြီး ကစားသမားများမှာ မလွတ်မြောက်နိုင်တော့သည့် အခြေအနေမျိုးရှိလာလျှင် ကစားသမားသည် ဤအသွင်ပြောင်းခန်းထဲတွင် ဝင်ရပ်လိုက်ရုံဖြင့် လွတ်မြောက်နိုင်မည်ဖြစ်သည်။ သူတို့သည် မြင်နေကျအဖြစ်ဆုံး ပုံမှန်အကျဆုံး တိရစ္ဆာန်အကောင်ငယ်လေးများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအကောင်လေးများမှာလည်း ဂိမ်းထဲမှ မွန်းစတားလေးများသာ ဖြစ်သည်။

ဇွန်ဘီဘော့စ်သည် ကစားသမားများ တိရစ္ဆာန်ဖြစ်သွားလျှင် မတိုက်ခိုက်တော့ပေ။ ဂိမ်းကုမ္ပဏီသည် ဤသို့ ကစားသမားများ ရွေးချယ်စရာမရှိဘဲ တိရစ္ဆာန်အဖြစ် ပြောင်းရမည့် အခြေအနေကို အလွန်နှစ်ခြိုက်ပုံရသည်။

သီအိုရီများအရ ဤသို့သော တိရစ္ဆာန်အနေအထားဖြင့် ကစားသမားများမှာ သုံးရက်တိုင်တိုင် နေထိုင်ရမည်ဖြစ်သည်။ သို့သော် မောလ်ထဲတွင် မူရင်းအသွင်ပြောင်းဆေးလည်း ရှိကာ အလွန်ဈေးပေါသည်။ ဆေးတစ်လုံးလျှင် တစ်ပြားသာဖြစ်ပြီး ၎င်းသည် ကစားသမားများ လူသားအသွင်ပြန်ယူနိုင်စေလိမ့်မည်။

ထို့ကြောင့်လည်း ကျန်းကျိရင် တိရစ္ဆာန်အဖြစ် အသွင်ပြောင်းပြီး ထွက်ပြေးရန် ရွေးချယ်ရဲခြင်းဖြစ်သည်။

အဆိပ်ဇွန်ဘီမှာ ရန်သူနောက်သို့ လိုက်၍ အခန်းဆီပြန်ရောက်လာသော်လည်း ပစ်မှတ်က ပျောက်သွားပြန်သည်။ အခန်းထဲသို့ လှည့်ပတ်ရှာပြီးနောက် စိတ်တိုစွာ ဟိန်းဟောက်သည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်အမွှေးလုံးသေးသေးလေး တစ်လုံး အသွင်ပြောင်းအခန်းထဲမှ တွားသွားထွက်လာသည်။ ၎င်းသည် အသွင်ပြောင်းခန်းနားတွင် "အောင်းဝ် အောင်းဝ်" အော်နေသော်လည်း ဇွန်ဘီဘော့စ်၏ အာရုံစိုက်မှုကို သေးသေးမှ မရခဲ့ပေ။

ကျန်းကျိရင် ".......... အောင်းဝ်"

......................................

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

31 01
အပိုင္း (၃၁) အသြင္ေျပာင္းျခင္း

သို႔နင့္ က်န္းက်ိရင္ႏွင့္ ဤေနရာသို႔ ေနာက္မွေရာက္လာၾကေသာ က်န္သူမ်ားအားလုံးတို႔သည္ အဖြဲ႕ႏွစ္ကို ေျဖရွင္းႏိုင္မည့္ အခြင့္အေရးမရခင္အထိ သည္းခံ၍သာ ဆက္ေနၾကသည္၊ မၾကာခင္တြင္ သူတို႔ႏွစ္သင္းလုံးကို အတူလုပ္ရမည့္ တာဝန္တစ္ခု ခ်ေပးခဲ့သည္။ တာဝန္မွာ ေျမာက္ဘက္တြင္ စခန္းမွ အသစ္ရွာေတြ႕ထားေသာ ေျမေအာက္စြန႔္ပစ္ဓာတ္ခြဲခန္းကို သြား၍ ေလ့လာရွင္းလင္းရန္ ျဖစ္သည္။

မြန္းစတားမ်ားႏွင့္ အႏၲာရာယ္နယ္ေျမ အမ်ားစုမွာ ဂိမ္းထဲတြင္ ဤသို႔ေသာ စြန႔္ပစ္ဓာတ္ခြဲခန္းမ်ားမွ ထြက္လာၾကျခင္းျဖစ္သည္။ ဂိမ္း၏ အခ်ိန္တို႔က ယခုတကယ့္ကမာၻအစစ္ႏွင့္ မတူသည့္အေလ်ာက္ က်န္းက်ိရင္သည္ ယခုသြားမည့္ေနရာမွ ဂိမ္းမွ ေပးေသာ နယ္ေျမဟုတ္မဟုတ္ မေသခ်ာေပ။

ကမာၻႀကီး၏ အဆုံးသတ္တြင္ ေန႔ရက္တိုင္းသည္ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ႏွင့္ ႀကဳံေနရၿပီး အဆိုးဆုံးမွာ ခ်က္ခ်င္းမေျဖရွင္းလွ်င္ မျဖစ္သည့္ ပေဟဠိမ်ားက ေပၚေပၚလာတတ္ျခင္းျဖစ္သည္။ လူတိုင္းသည္ နယ္ေျမမ်ားကို ေျဖရွင္းေဖာ္ထုတ္ဖို႔ အားသန္ၾကသည္။ ေမွ်ာ္လင့္ခ်က္အေျခစိုက္စခန္းကဲ့သို႔ အေျခစိုက္စခန္းႀကီးမ်ားတြင္ ကိုယ္ပိုင္ သုေတသနဌာနမ်ား ရွိၾကသည္။

ဤမတိုင္မွီက ဓာတ္ခြဲခန္းအတြင္းရွိ ဇြန္ဘီအမ်ားစုကို ရွင္းလင္းရန္ အဖြဲ႕ႏွစ္ကို ေစလြတ္ခဲ့သည္။ က်န္းက်ိရင္သည္လည္း ပုန္းကြယ္ေနေသာ အႏၲာရာယ္ရွိမရွိ သြား၍ စစ္ေဆးရသည္။ ဇြန္ဘီမ်ားႏွင့္ အႏၲာရာယ္မ်ားကို ျပည့္ျပည့္ဝဝ ေျဖရွင္းၿပီးကာမွသာ သုေတသနပညာရွင္မ်ားက ဓာတ္ခြဲခန္းအတြင္းသို႔ ဝင္ေရာက္ၿပီး တန္ဖိုးရွိေသာ အခ်က္အလက္မ်ားႏွင့္ စာ႐ြက္စာတမ္းမ်ားကို အႏၲာရာယ္ကင္းကင္း ယူေဆာင္ႏိုင္မည္ျဖစ္သည္။

ဓာတ္ခြဲခန္းကို ေျမေအာက္ထဲတြင္ တည္ေဆာက္ထားၿပီး ဝင္ေပါက္မွာ တကၠသိုလ္တစ္ခု၏ သာမန္ အုပ္ခ်ဳပ္ေရး႐ုံးခန္းအျဖစ္ ဖုန္းကြယ္ထားသည္။ က်န္းက်ိရင္သည္ ဤဖြံ႕ၿဖိဳးတိုးတက္လာသည့္ ဇာတ္ေၾကာင္းကို ခပ္ပါးပါး ရင္းႏွီးေနသလိုလိုရွိသည္။

ကစားသမားမ်ား နယ္ေျမတစ္ခုကို ဝင္ေရာက္မကစားမွိတြင္ ျပသသည့္ ကာတြန္းသ႐ုပ္ေဖာ္ပုံႏွင့္ တူေနသည္။ ကစားသမားမ်ားသည္ စြန႔္ပစ္ထားေသာ အုပ္ခ်ဳပ္ေရးအေဆာက္အဦးထဲသို႔ ဝင္ေရာက္ႏိုင္ၿပီးေနာက္တြင္ မ်ဥ္းတစ္ေၾကာင္းအလား က်ဥ္းေျမာင္းေသာ လမ္းမွတစ္ဆင့္ ေျမေအာက္ဓာတ္ခြဲခန္းထဲသို႔ ဝင္ႏိုင္သည္။

ဤအႀကံက ျဖစ္ႏိုင္ေၾကာင္း သူေျမေအာက္ထဲ ေရာက္သြားသည္ႏွင့္ အတည္ျပဳလိုက္ႏိုင္သည္။ ရင္းႏွီးကြၽမ္းဝင္လွေသာ လမ္းဆုံလမ္းခြကို ျမင္လိုက္ရသည္။ ဘယ္တစ္ဖက္ ညာတစ္ဖက္ လမ္းႏွစ္လမ္းႏွင့္ အလယ္တည့္တည့္တြင္ စုန္းမီးေတာက္ကဲ့သို႔ အစိမ္းေရာင္ လမ္းျပမီးက လင္းေနသည္။

ဤအခ်ိန္တြင္ အဝင္စတြင္ တိတ္တဆိတ္ ပုံရိပ္တစ္ခု ေပၚလာသည္ကို ေျမေအာက္ထဲတြင္ ရပ္ေနၾကေသာ မည္သူမွ မသိလိုက္ၾကေပ။ ထိုသူသည္ သူတို႔ယခုေလးတင္ ဝင္သြားေသာ ေကြ႕ေကာက္ေသာ ေလွကားမ်ားႏွင့္လုပ္ထားသည့္ ဝင္ေပါက္မွ ခနၾကာေအာင္ ၾကည့္ေနၿပီးေနာက္ ေပ်ာက္ကြယ္သြားသည္။

အဖြဲ႕ႏွစ္ဖြဲ႕သည္ လုံးဝကို လိုက္ေလ်ာညီေထြ မျဖစ္သည့္အျပင္ က်န္းက်ိရင္သည္လည္း ယဥ္ေက်းမေနေတာ့ေပ။ တိုက္႐ိုက္ပဲ သူ႔လူမ်ားကို ဦးေဆာင္၍ ဘယ္ဖက္လမ္းဆီသို႔ ဝင္သြားေတာ့သည္။ ကစားသမားတစ္ေယာက္၏ အေတြ႕အႀကဳံကို အေျခခံ၍ ဘယ္ဖက္လမ္းသို႔ သြားခဲ့ျခင္းျဖစ္သည္။

မဟုတ္လွ်င္လည္း လမ္းႏွစ္ခုက တစ္ေနရာတြင္ ဆုံမည္မွာ ေသခ်ာသည္။ သို႔ေသာ္ ဘယ္ဖက္လမ္းကား ေထာင္ေခ်ာက္မ်ားႏွင့္ မြန္းစတားမ်ား နည္းေလသည္။ ဂိမ္းထဲတြင္ နယ္ေျမမ်ားသည္ ၎တို႔၏ မ်ားျပားလွေသာ ေထာင္ေခ်ာက္မ်ားႏွင့္ မြန္းစတားမ်ားေၾကာင့္ နာမည္ေက်ာ္သည္။ မဟုတ္လွ်င္လည္း မ်ားေျမာင္လွေသာ ဇြန္ဘီမ်ား ရွိတတ္သည္။

ေနာက္ဆုံး ဆုံမွတ္တြင္ ေထာင္ေခ်ာက္မ်ိဳးစုံရွိသည့္ အခန္းက်ယ္ႀကီး ရွိမည္ျဖစ္ၿပီး အဆင့္ငါး အဆိပ္ဇြန္ဘီ ေဘာ့စ္လည္း ရွိေနမွာျဖစ္သည္။ သို႔ေသာ္ အဖြဲ႕ႏွစ္က ဤေနရာသို႔ ေရာက္ခဲ့ၿပီးျဖစ္သည့္အေလ်ာက္ ေဘာ့စ္ကို ရွင္းပစ္ခဲ့ၿပီးေလာက္ၿပီဟု ထင္ထားသည္။

ခုႏွစ္ေယာက္အဖြဲ႕သည္ လမ္းတေလ်ာက္တြင္ အလြန္ေခ်ာေမြ႕ေနသည္။ သူတို႔သည္ တစ္ခ်ိဳ႕ေသာ သိသာၿပီး လြယ္ကူေသာ ေထာင္ေခ်ာက္မ်ားကို ေတြ႕သည္ႏွင့္ ခ်က္ခ်င္း တန္းရွင္းပစ္ႏိုင္ခဲ့သည္။ ထို႔အျပင္ သူတို႔သည္ ေထာင့္မ်ားတြင္ ပုန္းေနေသာ ဇြန္ဘီ ႏွစ္ေကာင္သုံးေကာင္ကိုလည္း သတ္ခဲ့သည္။

က်န္းက်ိရင္ အံ့ဩသြားသည္။ သူတို႔ေရွ႕တြင္ ရွိေနသည္မွာ လမ္းဆုံးႀကီးျဖစ္ေနသည္။

တာ့ေတာက္က ေျပာသည္။
31 02
"ကပၸတိန္ ဒါက လမ္းဆုံးတာလား ကြၽန္ေတာ္တို႔ ေနာက္ျပန္လွည့္ၿပီး ျပန္တင္ျပၾကမွာလား"

ထိုအခါမွ က်န္းက်ိရင္သည္ သူေမ့ေနခဲ့ေသာ အေသးစိတ္အခ်က္တို႔ကို ျပန္သတိရသြားသည္။ လမ္းဆုံမွ လမ္းခြဲႏွစ္ခုသည္ စက္ဝိုင္းပုံ ဆက္ထားျခင္းျဖစ္ၿပီး အလယ္တြင္ျပန္ဆုံၾကမည္ျဖစ္သည္။ ဝင္ေပါက္ႏွစ္ခု အခ်ိဳးညီညီခ်ိတ္ဆက္ထားေသာ ေနရာမွာ ေဘာ့စ္ရွိေနမည့္ ေနရာျဖစ္ေသာ္လည္း ေဘာ့စ္ရွိရာ အခန္းကို ဝင္ႏိုင္မည့္ ဝင္ေပါက္ကို ဖုံးကြယ္ထားကာ သူတို႔ဖြင့္ခ်င္လွ်င္ ခလုတ္ရွာရမည္ျဖစ္သည္။

ဂိမ္းေဆာ့ေနက် ကစားသမားတစ္ေယာက္အတြက္ ဤသို႔ေသာ အခ်က္အလက္မ်ားႏွင့္ ရင္းႏွီးေနသည္မွာ သာမန္သာ ျဖစ္ၿပီး အိုင္က်ဴစစ္သလို ေထာင္ေခ်ာက္မ်ား ဟိုဟိုသည္သည္ ခ်ထားျခင္းက အေသးအဖြဲမ်ားသာ ျဖစ္သည္။ က်န္းက်ိရင္သည္ပင္ ျမင္ေနက်ျဖစ္ၿပီး မထူးဆန္းေသာ ကိစၥျဖစ္ေနေသာေၾကာင့္ ႐ုတ္တရက္ မမွတ္မိျဖစ္သြားသည္။

ယခုတြင္ လမ္းက ျဖတ္မရႏိုင္ျဖစ္ေနၿပီး ၾကည့္ရသည္မွာ အဖြဲ႕ႏွစ္သည္ ခလုတ္ကို ရွာမေတြ႕ခဲ့တာ ျဖစ္ႏိုင္သည္။ ထိုအဆင့္ငါးဇြန္ဘီသည္ သူတို႔ကို လမ္းဆုံးတြင္ ေစာင့္ေနေပလိမ့္မည္။ သူတို႔၏ လက္နက္မ်ားကသာ ေကာင္းကင္ကို အံတုႏိုင္သည့္ လက္နက္မ်ားမဟုတ္လွ်င္ သာမန္လူမ်ားအေနႏွင့္ ေဘာ့စ္ကို လုံးဝ စိန္သြားမေခၚသင့္ေပ။ ဤသည္မွာ <Tomorrow>ဂိမ္းကို ကစားသူတိုင္း သိထားရမည့္ အခ်က္ျဖစ္သည္။

"သြား ျပန္သြားၾကစို႔"

က်န္းက်ိရင္ ေနာက္လွည့္လိုက္သည္ႏွင့္ ေရွာင္က်င္းေျပာသည္ကို ၾကားလိုက္ရသည္။

"ကပၸတိန္ ဒီခလုတ္က ဘာႀကီးလဲ"

က်န္းက်ိရင္ႏွင့္ အားခုန္း ႏွစ္ေယာက္လုံး အသည္းအသန္ ေအာ္ခ်လိုက္သည္။

"မထိလိုက္နဲ႔"

သို႔ေသာ္ အလြန္ေနာက္က်သြားၿပီျဖစ္သည္။ အသက္ႏွစ္ဆယ္ျပည့္ေတာ့မည့္ ဤဝက္ဝံႀကီးကဲ့သို႔ ေကာင္ငယ္ေလးသည္ သူ႔လက္ကို ဖိခ်လိုက္ၿပီးမွ ေျပာလာျခင္းျဖစ္သည္။ ထို႔ေနာက္ သူ၏ အစ္မျဖစ္သူႏွင့္ ကပၸတိန္ကို ေၾကာင္အအ ၾကည့္လိုက္ၿပီး ငိုခ်ေတာ့မည့္ အသံေလးျဖင့္

"ကြၽန္ေတာ္ ဘာျဖစ္သြားတာလဲ မသိဘူး ကြၽန္ေတာ္က ဒီအတိုင္းေလး ၾကည့္ေနတာ ေနာက္ေတာ့ ေနာက္ေတာ့ အသံတစ္ခုက ကြၽန္ေတာ့္ကို ဖိခ်လိုက္ဖို႔ တိုက္တြန္းေနတဲ့အတိုင္းပဲ အဲတာနဲ႔...."

အဆင့္နိမ့္ေသးေသာ စိတ္စြမ္းအားရွင္တစ္ေယာက္အေနႏွင့္ ေရွာင္က်င္းသည္ ပတ္ဝန္းက်င္မွ စိတ္လႊမ္းမိုးမႈမ်ား အခံရႏိုင္ဆုံးေသာ သူျဖစ္သည္။ ထိုနည္းလည္းေကာင္းပင္ စိတ္စြမ္းအားရွင္မ်ားသည္ တစ္ျခားသူမ်ားထက္ ခလုတ္မ်ားႏွင့္ ေထာင္ေခ်ာက္မ်ား လွ်ိဳ႕ဝွက္ထားသည့္အရာမ်ားကို ရွာေဖြႏိုင္စြမ္း ရွိၾကသည္။

တံခါးပြင့္သံႏွင့္အတူ အတြင္းမွ ဇြန္ဘီ၏ ဟိန္းေဟာက္သံကိုလည္း ၾကာလိုက္ရၿပီး အသစ္ပြင့္လာေသာ လမ္းဆီမွ လူမ်ား၏ ေအာ္ဟစ္သံကိုလည္းၾကားလိုက္ရသည္။ ၾကည့္ရသည္မွာ အဖြဲ႕ႏွစ္သည္ သူတို႔ထက္ ပို၍ ျမန္ျမန္ ေရာက္သြားသည့္ပုံပင္။ ထို႔အျပင္ သူတို႔သည္ ခလုတ္ကို ရွာေတြ႕ခဲ့သည္သာမက ဇြန္ဘီကိုပါ ရန္သြားစလိုက္သည္ထင္၏။

"ေျပး ေျပးေတာ့ ေနာက္လွည့္မၾကည့္နဲ႔"

က်န္းက်ိရင္ သူ၏ အဖြဲ႕သားမ်ားကို ေအာ္ေျပာလိုက္ၿပီး ျမန္ျမန္ ထြက္ေျပးခိုင္းသည္။ တိုက္ပြဲမ်ားစြာတိုက္ခိုက္လာၿပီးေသာ အေတြ႕အႀကဳံရင့္ အဖြဲ႕သားမ်ားလည္း စည္းလုံးကာ လိုက္ေလ်ာညီေထြ တုံ႔ျပန္နိင္ၾကသည္။ သူတို႔သည္ ဘာျဖစ္ေနသည္ကို ရွင္းရွင္းလင္းလင္း မသိၾကေသာ္လည္း ကပၸတိန္၏ စကားကို နာခံကာ ခ်က္ခ်င္း ေျပးထြက္ၾကသည္။

သိပ္မၾကာခင္တြင္ အဖြဲ႕ႏွစ္သည္ ဇြန္ဘီေဘာ့စ္၏ ဖိတိုက္ျခင္းကို ခံေနရေတာ့သည္။ သူတို႔သည္ လမ္းသစ္လမ္း ပြင့္လာသည္ကို ျမင္ေသာအခါ မ်က္လုံးမ်ားက ေတာက္ပလာၾကသည္။ ထိုလမ္းဘက္သို႔ ေျပးဝင္သြားၾကၿပီး ေဘာ့စ္ကလည္း သူတို႔ေနာက္က ေတာက္ေလွ်ာက္လိုက္လာသည္။

အဖြဲ႕ႏွစ္ဖြဲ႕သည္ ယခုဆိုလွ်င္ ဆယ္မီတာေလာက္သာ ေဝးေတာ့သည္။ က်န္းက်ိရင္မွာ သူတို႔ကို ဂ႐ုမစိုက္ဘဲ ရေအာင္အားစိုက္ေျပးသည္။ တကယ့္ကမာၻအစစ္ <Tomorrow>'သည္ နည္းနည္းေလးမွ မေကာင္းေပ။ မြန္းစတားတစ္ေကာင္ကို ရန္သြားစမိလွ်င္ ထိုမြန္းစတားသည္ သင့္ေနာက္သို႔ ဆက္တိုက္ လိုက္ေနမည္ျဖစ္သည္။

"က်န္းက်ိရင္"

အသံတစ္ခုက ႐ုတ္တရက္ စိတ္ထဲတြင္ ၾကားလာသည္။ က်န္းက်ိရင္၏ ေျခလွမ္းမ်ား ရပ္သြားသည္။ ခ်က္ခ်င္း သူသည္ ေခါင္းကြဲသြားေတာ့မလို ကိုက္လာၿပီး သည္းမခံႏိုင္ေလာက္ေအာင္ နာက်င္လာသည္။ ဤေနရာတြင္ ယိုးခြင္သာလွ်င္ သူ႔ကို တိုက္ခိုက္ႏိုင္မည့္ စိတ္စြမ္းအား ရွိသူျဖစ္သည္။
31 03
က်န္းက်ိရင္သည္ ယိုးခြင္ သူ႔ကို ဤသို႔ေသာ အခ်ိန္မ်ိဳးတြင္ တိုက္ခိုက္လိမ့္မည္ဟု လုံးဝ ထင္မထားေပ။ သူ၏ နားလည္မႈအရဆိုလွ်င္ အဖြဲ႕ႏွစ္ဖြဲ႕သည္ အခ်င္းခ်င္း ႐ိုင္းျပၿပီး မတည့္ၾကေသာ္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္ အေသသတ္ေလာက္မည့္ ရန္စမ်ိဳးမရွိေပ။ အဆင့္ငါး အဆိပ္ဇြန္ဘီကို မရွင္းလင္းရေသးသည္ကို သိခဲ့ရခ်ိန္တြင္ သူသည္ တစ္ျခားအဖြဲ႕ကို သတိထားဖို႔ သတိေပးရန္ မသိစိတ္က ေတြးမိခဲ့သည္။ သို႔ေသာ္ တစ္ျခားတစ္ဖက္ကေတာ့ သူႏွင့္ အေတာ္ေလး အေတြးတို႔ ဆန႔္က်င္ဘက္ျဖစ္ေနပုံရသည္။

ဤအခိုက္အတန႔္တြင္ အဖြဲ႕ႏွစ္သည္ က်္နးက်ိရင္ကို မွီလာၿပီး ခနႏွင့္ ေက်ာ္သြားေတာ့သည္။ မီးစြမ္းအားရွင္သည္လည္း သူ႔ကို ဝင္တိုက္သြားေသးသည္။ တစ္ခ်ိန္တည္းမွာပင္ အဖြဲ႕ႏွစ္မွ ေျမစြမ္းအားရွင္ႏွင့္ သစ္သားစြမ္းအားရွင္တို႔သည္ အတူတကြ အရံအတားတစ္ခု ဖန္တီးၿပီး ေျပးလာၾကသည္။

ထူထဲေသာ ေျမနံရ႕ႀကီးႏွင့္ ႏြယ္ပင္မ်ား အုံလိုက္ႀကီးက ေျမႀကီးထဲမွ ထိုးထြက္လာကာ ဇြန္ဘီႏွင့္ အဖြဲ႕ႏွစ္ကို ပိုင္းျခားလိုက္ေလေတာ့သည္။ သို႔ေသာ္ သူတို႔သည္ က်န္းက်ိရင္ကို လုံးဝ ထည့္မစဥ္းစားေပ။ အလြန္တရာကို တမင္တကာမွန္း သိသာစြာျဖင့္ က်န္းက်ိရင္ႏွင့္ ဇြန္ဘီတို႔ကို အတူတူ ပိတ္မိသြားေစသည္။

ဇြန္ဘီသည္ ပိတ္မိသြားသည္ကို သိသြားသည္ႏွင့္ ေဒါသတႀကီး ေျမနံရံကို တြန္းထိုး႐ိုက္ပုတ္ေတာ့သည္။ သို႔ေသာ္ ဆက္ၿပီး နံရံကို ႐ိုက္ပုတ္ေနမည့္အစား က်န္းက်ိရင္ထံသို႔ အာ႐ုံေျပာင္းသြားသည္။ က်န္းက်ိရင္ အဆင့္ငါး အဆိပ္ဇြန္ဘီႏွင့္ လုံးဝကို မတိုက္ခိုက္ခ်င္ပါ။ ဤနယ္ေျမထဲမွ ထြက္ခြာရန္မွာ ေဘာ့စ္ကို တိုက္ခိုက္သည့္ နည္းလမ္းတစ္ခုသာ ရွိသည္။

လုံးဝကို မမွတ္မိခ်င္ အသုံးမျပဳခ်င္သည့္ တစ္ျခားနည္းလမ္းတစ္ခုလည္း ရွိသည္။ ဆုံးျဖတ္ရေတာ့မည့္ အခိုက္အတန႔္ ေရာက္လာခ်ိန္တြင္ က်န္းက်ိရင္ ေရခဲခြၽန္တစ္ခု ပစ္လဝ္၍ မူလက ေဘာ့စ္ရွိေနသည့္ အခန္းက်ယ္ႀကီးဆီသို႔ ဦးတည္၍ ေျပးသြားေတာ့သည္။

ဤအဆိပ္ဇြန္ဘီ၏ တိုက္ခိုက္ႏႈန္းႏွင့္ ခုခံႏႈန္းတို႔က အလြန္အားေကာင္းသည္။ ထို႔အျပင္ ဤဇြန္ဘီတြင္ အဆိပ္၏ ဖ်က္ဆီးအားက ရွိေနေသးသည္။ သို႔ေသာ္ အရွိန္ကေတာ့ မျမန္လွ။

က်န္းက်ိရင္ အခန္းက်ယ္ဆီသို႔ ေအာင္ေအာင္ျမင္ျမင္ေျပးသြားႏိုင္ခဲ့သည္။ အၾကည့္တစ္ခ်က္ႏွင့္ပင္ အခန္းဘယ္ဖက္ေထာင့္တြင္ အသြင္ေျပာင္းအခန္းငယ္တစ္ခုကို ျမင္လိုက္ၿပီး နည္းနည္းေလးမွ တြန႔္ဆုတ္မေနဘဲ ထိုအထဲသို႔ ခုန္ဝင္လိုက္ေတာ့သည္။

ဤသည္မွာ ဂိမ္းထဲမွ ဂိမ္းတစ္မ်ိဳးပင္။ ဂိမ္းတစ္ခုသည္ ေဖ်ာ္ေျဖေရးအမ်ိဳးအစားစုံစုံလင္လင္ ပါဝင္သင့္သည္ဟု လူတိုင္းက လက္ခံထားၿပီး အထူးသျဖင့္ "စိတ္ကူးယဥ္" ဂိမ္း ဟူသည့္ အမ်ိဳးအစားတြင္ျဖစ္သည္။ ဂိမ္းမွ ခ်ေပးထားေသာ ဤေဘာ့စ္ကို တိုက္ခိုက္ရျခင္းသည္ အလြန္မုန္းစရာေကာင္းၿပီး ကစားသမားမ်ားမွာ မလြတ္ေျမာက္ႏိုင္ေတာ့သည့္ အေျခအေနမ်ိဳးရွိလာလွ်င္ ကစားသမားသည္ ဤအသြင္ေျပာင္းခန္းထဲတြင္ ဝင္ရပ္လိုက္႐ုံျဖင့္ လြတ္ေျမာက္ႏိုင္မည္ျဖစ္သည္။ သူတို႔သည္ ျမင္ေနက်အျဖစ္ဆုံး ပုံမွန္အက်ဆုံး တိရစာၦန္အေကာင္ငယ္ေလးမ်ားအျဖစ္ ေျပာင္းလဲသြားမည္ျဖစ္သည္။ ထိုအေကာင္ေလးမ်ားမွာလည္း ဂိမ္းထဲမွ မြန္းစတားေလးမ်ားသာ ျဖစ္သည္။

ဇြန္ဘီေဘာ့စ္သည္ ကစားသမားမ်ား တိရစာၦန္ျဖစ္သြားလွ်င္ မတိုက္ခိုက္ေတာ့ေပ။ ဂိမ္းကုမၸဏီသည္ ဤသို႔ ကစားသမားမ်ား ေ႐ြးခ်ယ္စရာမရွိဘဲ တိရစာၦန္အျဖစ္ ေျပာင္းရမည့္ အေျခအေနကို အလြန္ႏွစ္ၿခိဳက္ပုံရသည္။

သီအိုရီမ်ားအရ ဤသို႔ေသာ တိရစာၦန္အေနအထားျဖင့္ ကစားသမားမ်ားမွာ သုံးရက္တိုင္တိုင္ ေနထိုင္ရမည္ျဖစ္သည္။ သို႔ေသာ္ ေမာလ္ထဲတြင္ မူရင္းအသြင္ေျပာင္းေဆးလည္း ရွိကာ အလြန္ေဈးေပါသည္။ ေဆးတစ္လုံးလွ်င္ တစ္ျပားသာျဖစ္ၿပီး ၎သည္ ကစားသမားမ်ား လူသားအသြင္ျပန္ယူႏိုင္ေစလိမ့္မည္။

ထို႔ေၾကာင့္လည္း က်န္းက်ိရင္ တိရစာၦန္အျဖစ္ အသြင္ေျပာင္းၿပီး ထြက္ေျပးရန္ ေ႐ြးခ်ယ္ရဲျခင္းျဖစ္သည္။

အဆိပ္ဇြန္ဘီမွာ ရန္သူေနာက္သို႔ လိုက္၍ အခန္းဆီျပန္ေရာက္လာေသာ္လည္း ပစ္မွတ္က ေပ်ာက္သြားျပန္သည္။ အခန္းထဲသို႔ လွည့္ပတ္ရွာၿပီးေနာက္ စိတ္တိုစြာ ဟိန္းေဟာက္သည္။

တစ္ခ်ိန္တည္းမွာပင္ အျဖဴေရာင္အေမႊးလုံးေသးေသးေလး တစ္လုံး အသြင္ေျပာင္းအခန္းထဲမွ တြားသြားထြက္လာသည္။ ၎သည္ အသြင္ေျပာင္းခန္းနားတြင္ "ေအာင္းဝ္ ေအာင္းဝ္" ေအာ္ေနေသာ္လည္း ဇြန္ဘီေဘာ့စ္၏ အာ႐ုံစိုက္မႈကို ေသးေသးမွ မရခဲ့ေပ။

က်န္းက်ိရင္ ".......... ေအာင္းဝ္"

......................................

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continue Reading

You'll Also Like

18.8K 2.3K 29
Genre - Action , Fantasy , Romance , Xuanhuan , Yaoi , Mpreg Alternative names: 重生之极品皇子妃 Author : 叶忆落, Ye Yiluo Status in COO (Country of origin ) - ...
118K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။