မှော်ကုန်းမြေမှအစားအစာထောက်ပံ...

By Miracle-101

23.4K 2.2K 36

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] More

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
✨️

Chapter 20

619 64 4
By Miracle-101

အခန်း(၂၀) လေနက်ခံတပ်ထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်း
   
    "မဖြစ်နိုင်တာ"
    လင်းချီမှ ဖြစ်နိုင်ခြေရှိတာတို့ကို စဉ်းစားနေသည်။ အကင်တွေက ခြေထောက်ပေါက်ပြီးများ ထွက်ပြေးသွားတာလား။
   
    ထို့ပြင် တစ်ဖွဲ့လုံး ရှိနေပါသော်လည်း မည်သူမျှ ဘာဖြစ်သွားကြောင်း မမြင်လိုက်ရတာက သူ့ကို သံသယ ဖြစ်ပေါ်စေသည်။

    "ကြည့်လိုက်"
   
    သတိပေးသံ‌ကြောင့် လူတိုင်းအပြေးအလွှား သွားကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ကျန်ခဲ့သည့် နောက်ဆုံးသော ကန်စွန်းဥတို့ကို တွေ့လိုက်ရသည်။
   
     လင်းချီသည် ထိုကန်စွန်းဥကို ကောက်ကိုင်ကြည့်ရန်အတွက် ထိုင်ချလိုက်သည်။ ဤသည်မှာ သူ့၏ မှော်ကန်စွန်းဥပင်။ ဒါပေမဲ့ ဘယ်သူက စားလိုက်တာလဲ။

    မြေပြင်ပေါ်ရှိ ကန်စွန်းဥများ‌နောက် လိုက်သွားရာမှ ထူးဆန်းသော ခြေရာများကို တွေ့လိုက်ရသည်။
   
    "ဒီမှာ ခြေရာတွေ"
   
    ယွီမုန့် နှင့် လူး၀စ်တို့မှာ သူတို့ညွှန်ပြရာကို ကြည့်လိုက်ပြီး မကောင်းဆိုးဝါးသားရဲ၏ ခြေရာ ဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။
   
    'မိစ္ဆာသားရဲဆိုရင်တောင် ဘယ်လိုပုံစံမျိုးလဲ ငှက်ပုံစံ သားရဲအမျိုးအစားလား ဒါမှမဟုတ် ‌ခြေလေးချောင်း သတ္တဝါမျိုးလား '
   
    ဘာတွေဖြစ်နေတာလဲဟ
   
    စခန်းသို့‌ ပြန်ရောက်သောအခါ လူတိုင်း၏ အမူအရာများမှ လေးနက်နေသည်။ လင်းချီသည် သူ့နောက်မှ တစ်ခုခု လိုက်နေသည်ဟု ခံစားနေရသော်လည်း ထိုသတ္တဝါမှာ သူ့ကို ကိုယ်ထင်မပြရဲဘဲ အမှောင်ထဲတွင် ပုန်းနေခဲ့သည်။
   
    လူသာမှ လူတိုင်းကို နိုးနိုးကြားကြား ရှိနေရန် သတိပေးလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ‌ခြေရာများမှာ တိုက်ဆိုင်မှု မဖြစ်နိုင်သောကြောင့်ပင်။

    ထိုည၌ မည်သူမျှ လျှောက်မသွားရဲကြပေ။သူတို့အားလုံး လုံခြုံသောနေရာတစ်ဝိုက်တွင်သာ သွားရဲကြသည်။

    ‌နောက်တစ်နေ့ နံနက်စောစောတွင် လူတိုင်း မည်သည့် မူမမှန်မှုမျိုးကိုမျှ မတွေ့ရ‌။ ကြည့်ရသည်မှာ သူတို့အားလုံး ညက ဘာမှ မဟုတ်သည်ကို စိတ်ပူနေမိကြပုံပင်။
   
    ထို့နောက် ပစ္စည်းများ သိမ်းဆည်း၍ လေနက်ရဲတိုက်သို့ တစ်ဖန် ပြန်လည် ဦးတည်သွားကြတော့သည်။

    တွက်ချက်မှုများအရ သူတို့နောက်တစ်နာရီတွင် လေနက်ရဲတိုက်သို့ ရောက်ရှိလိမ့်မည်။
   
    ထိုနေရာမှာ နိဗ္ဗာန်ဘုံ မဟုတ် ။ မြို့ထဲတွင် မည်သူမျှ မတိုက်ခိုက်ရဟူသော  စည်းမျဉ်းတစ်ခုသာရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ စည်းကမ်းချိုးဖောက်ပါက လူကြီးလူငယ် ကျား၊ မ  မရွေး အပြစ်ပေးခံရမည်။
   
    မြို့ကောင်းတစ်မြို့ဟု ထင်ရသော်လည်း စည်းမျဉ်းမှာ မြို့ထဲ၌သာ အကျုံး၀င်ပြီး မြို့နယ်စပ်ဘက်ခြမ်းများတွင်တော့  အသုံးမ၀င်ပေ။ နံရံ၏ အခြားတစ်ဖက်သို့‌ ရောက်သွားသည်နှင့် သင်သေလော၊ ရှင်လော မည်သူမျှ ဂရုစိုက်မည် မဟုတ်ပေ။
   
    ထို့ကြောင့် လေနက်ရဲတိုက်၏ အပြင်ဘက်တွင် စိတ်တိုင်းကျ သ-တ်ဖြတ်နိုင်သည်။ အဖမ်းခံရမှာကို ကြောက်စရာမလိုပေ။
   
    သူတို့ လေနက်ရဲတိုက်သို့ ရောက်ခါနီးတွင် မှော်ဆရာအချို့နှင့် ဆုံတွေ့လိုက်ရသည်။ ထိုသူများ၏ ၀တ်စုံမှာ တမူထူးခြားနေပြီး အစောင့်များကို တွေ့သော်လည်း အလေးမထားဘဲ စိတ်တိုင်းကျ ပြုမူနေကြသည်။
   
    "ဟျောင့်တွေ ..ကြည့်ကြစမ်း.. ဒီမှာ အလန်းလေးကွ.."
   
    "မှော်တုတ်တံပါလား..သူလည်း ငါတို့လို မှော်ဆရာတစ်ယောက်ပဲ နေမှာ"
   
    "ခုမှ မှော်ပညာသင်ခါစလေးကိုများကွာ..."
   
    ထိုမှော်ဆရာများမှာ တေလေဂျပိုးများကဲ့သို့ တစ်ကမ္ဘာလုံးကို ဂရုမစိုက်ဘဲ ယွီမုန့်ဆီသို့  လျှောက် လာခဲ့ကြသည်။
   
    "ကောင်မလေး မှော်ပညာ သင်ချင်လား ကိုယ့်ကိုသင်ပေးစေချင်လား"
    ယွီမုန့်မှ သူမ၏ခေါင်းကို ဆန့်ကျင်ဘက်သို့လှည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
   
    "သွားစမ်းပါ"
   
    "အိုး...ကြည့်စမ်းပါအုံး သူမက စိတ်ကြီးတာပဲ"
   
    ထိုမှော်ဆရာများ တဖြည်းဖြည်း နီးကပ်လာသောအခါ ယွီမိသားစု၏ အစောင့်များမှ တားလိုက်ပြီး"ငါတို့ရဲ့ သခင်မလေးက စမ်းသပ်မှုမှာ ပါ၀င်နေတာမလို့ ကျေးဇူးပြုပြီး...မနှောင့်ယှက်ရင်ကောင်းမယ်"
   
    "လေမှော်ပညာ: လေဆင်နှာမောင်းတိုက်ခတ်ခြင်း"
   
   ထိုမှော်ဆရာအဖွဲ့၏ ခေါင်းဆောင်မှ မန္တန်ရွတ်ဆိုလိုက်သောအခါ အစောင့်၏ ‌ခြေထောက်အောက်ခြေတွင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်သို့ လွင့်ထွက်သွားစေသည်။
  
    "နင်....."
    ယွီမုန့် ထိုမှော်ဆရာများထံမှ ရန်လိုမှုကို ခံစားမိသည်နှင့် တိုက်ခိုက်ရန်အတွက် သူမ၏ မှော်ကြိမ်လုံးကို ထုတ်လိုက်သည်။
   
    သို့သော်လည်း သူမရှေ့တွင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။
   
    တစ်ယောက်မှ မမျှော်လင့်ထားခဲ့သော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။
   
    သူမရှေ့တွင် ရပ်နေသော ပုံရိပ်က လင်းချီ ဖြစ်မည်ဟု ထင်ထားကြသော်လည်း အမှန်တကယ် ရပ်နေသူမှာ  လူး၀စ်ပင်။
   
    "ဒီက လူကြီးမင်းတို့က လေနက်ခံတပ်ထဲကနေ လာခဲ့ကြတာ မဟုတ်လား.."
    လူး၀စ်မှ ပြုံးပြီး မေးလိုက်သည်။
   
    "အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ ထွက်သွားစမ်းပါ မဟုတ်ရင် မင်းပါ လေပေါ် မြှောက်တက်သွားမယ်"

လူး၀စ် စိတ်မဆိုးခဲ့ပေ။ သူ့ကိုကြည့်ရသည်မှာ လုံး၀ကွဲပြားသော လူတစ်ယောက်ကဲ့သို့ပင်။ ထို့နောက် ခေါင်းကို ‌မော့၍ ယုံကြည်ချက် အပြည့်ဖြင့် မေးလိုက်သည်။
"မင်းတို့က လေနက်ခံတပ်ကဆိုမှတော့ ချားလ် လီယိုနာ့ဒ်ကို သိမှာပေါ့"
   
    ထိုမှော်ဆရာများ ဆွံ့အသွားကြသည်။ ထို့နောက် သူတို့ အချင်းချင်းပြန်ကြည့်လိုက်ကြပြီး "သူက လေနက်ရဲတိုက်အရှင်ရဲ့ အစောင့်လေ ဘယ်သူက မသိဘဲနေမှာလဲ"

    "မင်းတို့သူ့ကို သိတယ်ဆိုတာက ကောင်းတာ‌ပေါ့ အခု ငါကကော ဘယ်သူလို့ထင်လဲ"
   
    လူး၀စ် သူ၏ နောက်ခံကို ကြေညာ လိုက်သည်။
    "ငါ လူး၀စ်က ဆန်းသစ်လမြို့ လီယိုနာ့ဒ် မိသားစုရဲ့ သခင်လေးပဲ ချားလ် လီယိုနာ့ဒ်က ငါ့ဦးလေး မင်းတို့ထဲက ဘယ်သူငါ့ကို စော်ကားရဲလဲ .. စော်ကားရဲရင် ငါ့ဦးလေးကို ပြန်တိုင်မယ်.. "
   
    နောက်ဆုံးတော့ လူတိုင်း လူး၀စ် ဘာကြောင့် ဒီလောက် ရဲရင့်နေလဲ ဆိုတာ နားလည်သွားသည်။
    'လေနက်ရဲတိုက်မှာ သူ့ကို ကာကွယ်ပေးမဲ့သူ ရှိလို့ကိုး'
   
    ပထမတော့ သူတို့လည်း မယုံကြည်သေးပေ။ သို့သော်လည်း လီယိုနာ့ဒ်မိသားစုနှင့် ယွီမိသားစု၏ အစောင့်များ ပြင်ဆင်ထားသော ကြီးမားလှသည့် ဖွဲ့စည်းပုံကို မြင်သောအခါ သူတို့ထွက်ခွာသွားကြတော့သည်။
   
    "မေ့လိုက်တော့ နည်းနည်းလေးပျော်ဖို့လောက် အတွက်နဲ့ သူတို့ကို မစော်ကားနဲ့တော့ "
   
    "သူပြောတာသာ မှန်မယ်ဆိုရင်တော့ ငါကြားဖူးတာ မြို့အရှင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က လူတွေက ဒေါသကြီးတယ်တဲ့ သူတို့နဲ့ သွားမရှုပ်တာကောင်းမယ်"
   
    သူတို့ မစဉ်းစားဘဲ မပြုမူရဲပေ။ ထို့ကြောင့် သူတို့ ခေါင်းငုံ့လိုက်ပြီး ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။
    "ကျုပ် ...ကျုပ်တို့ တောင်းပန်ပါတယ်"
   
    "လစ်စမ်း..."
    လူး၀စ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့စိတ်ထဲတွင် သိမ်းဆည်းထားသော ဒေါသအားလုံးကို လွှတ်ထုတ်လိုက်သည်။
   
    ‌ထိုအုပ်စုလည်း ခေါင်းငုံ့၍ ထွက်ပြေးသွားကြသည်။
   
    လူး၀စ်လည်း ယွီမုန့်ဘက်သို့ ကြည့်ကာ ပြုံးပြလိုက်ပြီး
    "ယွီမုန့်....တွေ့လား လေနက်ရဲတိုက်ကိုလာတာက ငါ့ပိုင်နက်ဆီ ပြန်လာသလိုပဲ ငါ့နာမည်ကိုသာပြောလိုက် ဘယ်သူမှ မင်းကို မနှောက်ယှက်ရဲတော့ဘူး"
   
    ရုတ်တရက် လူအများအပြား လူး၀စ်ကို ဝိုင်းရံလာကြသည်။
   
    လူတိုင်း လူး၀စ်တွင် ဝင့်ကြွားစရာမရှိဘဲ သူ့ဦးလေး မြို့အရှင်၏ ကိုယ်ရံတော်ဟူသော နောက်ခံကြောင့်သာ မိမိုက်သလို ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သတိထားမိကြသည်။
   
    ဒီလိုနှင့် သူတို့လည်း ခံတပ် အတွင်းရှိ မြို့ထဲသို့ ၀င်လာခဲ့ကြသည်။ လေနက်ခံတပ်မှာ ငြိမ်းချမ်းပြီး စည်ကားနေသော လမ်းများမှာ ဆူညံသံများနှင့် သက်၀င်လှုပ်ရှားနေသည်။ လင်းချီသည် လည်း တစ်ခြားမြို့မှလာသော ယှဉ်ပြိုင်သူများအားလုံး ခံတပ်သို့ ရောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
   
    ကြည့်ရသည်မှာ အခြားသော ပြိုင်ပွဲ၀င်များမှာလည်း အလွန်သန်မာပုံပေါ်သည်။
   
    "ခဏနားဖို့ ဟိုတယ် ရှာလိုက်ကြရအောင်" လူသာက ပြောလိုက်သည်။
   
    အစောင့်ဘက်ခြမ်းတွင် အစောင့်များနားနေတည်းခိုရန် နေရာရှိပြီး လင်းချီနှင့် အခြားသော ယှဉ်ပြိုင်သူများမှာတော့ ဗဟိုမြို့တော်ရှိ အဓိက တည်းခိုဆောင်တွင် အနားယူကြသည်။

    လူး၀စ်မှာ သူ့ဦးလေးက ဤနေရာတွင် အာဏာ အတော်အတန် ရှိသောကြောင့် တခြားသော ယှဉ်ပြိင်သူများကို ဂရုစိုက်မနေဘဲ အခန်းတစ်ခန်း ယူလိုက်သည်။ ယွီမုန့် လည်း ထိုအတိုင်းပင်။
   
    လင်းချီမှာတော့ အခန်းယူခါနီးတွင် တစ်စုံတစ်ယောက်မှ သူ့အား မှော်တုတ်တံနှင့် တားဆီးခြင်းကိုခံလိုက်ရသည်။
    "နေဦး.."
   
    လင်းချီ အမူအရာ ပြောင်းသွားသည်။လင်းချီ လှည့်ကြည့်လိုက်သောအခါ သူ့ကို တားဆီးသူက မှော်၀တ်ရုံကို ‌၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိနေသော ကောင်လေးတစ်ယောက် ဖြစ်သည်။
   
    "မင်းက ဆန်းသစ်လမြို့တော်က လင်းမိသားစုရဲ့ သခင်လေး ဟုတ်တယ်မလား"
   
    "အမှန်ဘဲ ခင်များက ဘာလိုချင်လို့လဲ ကျုပ်ကို ဒီမှော်တုတ်တံ လက်ဆောင် ပေးချင်နေတယ်လို့တော့ မပြောနဲ့နော်"
    လင်းချီ တည်ငြိမ်စွာ ရယ်မောလိုက်သည်။
   
    "မင်း တကယ် ဒီကို ရောက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး"
    လူငယ်လေး၏ စကားမှာ ဟောခန်းထဲရှိ လူအားလုံးကို ရယ်မောသွားစေသည်။
   
    "အမှန်တိုင်းပြောရရင် လင်းမိသားစုရဲ့ ဆန်ကုန်မြေလေးလို့နာမည်ကြီးနေတဲ့  သခင်လေးလင်းက ရဲတိုက်ကို တကယ်ကြီး ရောက်လာနိုင်လိမ့်မယ်လို့ တကယ် မထင်ထားဘူး ဒါလုံး၀ကို သောက်ဆန်းကြီးပဲ "
   
    သူ့ဘေးနားရှိ လူတစ်ချို့က ရယ်လိုက်ပြီး "သူဒီရောက်ဖို့ တခြားယှဉ်ပြိုင်သူတွေဆီ မှီခိုခဲ့ရတာနေမှာပေါ့ ဟားဟား....."
   
    လင်းချီ၏ ဂုဏ်သတင်းများမှာ မေးလ်ဒေသတစ်ခွင်လုံး တိုင်းသိပြည်သိပင်။ လင်းမိသားစု၏ သခင်‌လေးမှာ ဘာမှအသုံးမကျသော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းနီးပါးသိကြသည်။ ဒါတောင် သူက စမ်းသပ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ဖို့ ရောက်လာခဲ့သည်တဲ့။
   
    သူ့လိုလူမျိုးက ဤစမ်းသပ်ပွဲတွင် ရှင်သန်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

••••••••••
Paid pdf fileရှိပါတယ်နော် အပိုင်း40 အထိကို 800ksထဲပါရှင့်

•••••••••••
အခန္း(၂၀) ေလနက္ခံတပ္ထဲသို႔ ပထမဆုံးအႀကိမ္ဝင္ေရာက္ျခင္း
   
    "မျဖစ္ႏိုင္တာ"
    လင္းခ်ီမွ ျဖစ္ႏိုင္ေျခရွိတာတို႔ကို စဥ္းစားေနသည္။ အကင္ေတြက ေျခေထာက္ေပါက္ၿပီးမ်ား ထြက္ေျပးသြားတာလား။
   
    ထို႔ျပင္ တစ္ဖြဲ႕လုံး ရွိေနပါေသာ္လည္း မည္သူမွ် ဘာျဖစ္သြားေၾကာင္း မျမင္လိုက္ရတာက သူ႔ကို သံသယ ျဖစ္ေပၚေစသည္။

    "ၾကည့္လိုက္"
   
    သတိေပးသံ‌ေၾကာင့္ လူတိုင္းအေျပးအလႊား သြားၾကည့္လိုက္ေသာအခါ ေျမျပင္ေပၚတြင္ က်န္ခဲ့သည့္ ေနာက္ဆုံးေသာ ကန္စြန္းဥတို႔ကို ေတြ႕လိုက္ရသည္။
   
     လင္းခ်ီသည္ ထိုကန္စြန္းဥကို ေကာက္ကိုင္ၾကည့္ရန္အတြက္ ထိုင္ခ်လိုက္သည္။ ဤသည္မွာ သူ႔၏ ေမွာ္ကန္စြန္းဥပင္။ ဒါေပမဲ့ ဘယ္သူက စားလိုက္တာလဲ။

    ေျမျပင္ေပၚရွိ ကန္စြန္းဥမ်ား‌ေနာက္ လိုက္သြားရာမွ ထူးဆန္းေသာ ေျခရာမ်ားကို ေတြ႕လိုက္ရသည္။
   
    "ဒီမွာ ေျခရာေတြ"
   
    ယြီမုန႔္ ႏွင့္ လူး၀စ္တို႔မွာ သူတို႔ၫႊန္ျပရာကို ၾကည့္လိုက္ၿပီး မေကာင္းဆိုးဝါးသားရဲ၏ ေျခရာ ျဖစ္မည္ဟု ခန႔္မွန္းခဲ့ၾကသည္။
   
    'မိစာၦသားရဲဆိုရင္ေတာင္ ဘယ္လိုပုံစံမ်ိဳးလဲ ငွက္ပုံစံ သားရဲအမ်ိဳးအစားလား ဒါမွမဟုတ္ ‌ေျခေလးေခ်ာင္း သတၱဝါမ်ိဳးလား '
   
    ဘာေတြျဖစ္ေနတာလဲဟ
   
    စခန္းသို႔‌ ျပန္ေရာက္ေသာအခါ လူတိုင္း၏ အမူအရာမ်ားမွ ေလးနက္ေနသည္။ လင္းခ်ီသည္ သူ႔ေနာက္မွ တစ္ခုခု လိုက္ေနသည္ဟု ခံစားေနရေသာ္လည္း ထိုသတၱဝါမွာ သူ႔ကို ကိုယ္ထင္မျပရဲဘဲ အေမွာင္ထဲတြင္ ပုန္းေနခဲ့သည္။
   
    လူသာမွ လူတိုင္းကို ႏိုးႏိုးၾကားၾကား ရွိေနရန္ သတိေပးလိုက္သည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ‌ေျခရာမ်ားမွာ တိုက္ဆိုင္မႈ မျဖစ္ႏိုင္ေသာေၾကာင့္ပင္။

    ထိုည၌ မည္သူမွ် ေလွ်ာက္မသြားရဲၾကေပ။သူတို႔အားလုံး လုံၿခဳံေသာေနရာတစ္ဝိုက္တြင္သာ သြားရဲၾကသည္။

    ‌ေနာက္တစ္ေန႔ နံနက္ေစာေစာတြင္ လူတိုင္း မည္သည့္ မူမမွန္မႈမ်ိဳးကိုမွ် မေတြ႕ရ‌။ ၾကည့္ရသည္မွာ သူတို႔အားလုံး ညက ဘာမွ မဟုတ္သည္ကို စိတ္ပူေနမိၾကပုံပင္။
   
    ထို႔ေနာက္ ပစၥည္းမ်ား သိမ္းဆည္း၍ ေလနက္ရဲတိုက္သို႔ တစ္ဖန္ ျပန္လည္ ဦးတည္သြားၾကေတာ့သည္။

    တြက္ခ်က္မႈမ်ားအရ သူတို႔ေနာက္တစ္နာရီတြင္ ေလနက္ရဲတိုက္သို႔ ေရာက္ရွိလိမ့္မည္။
   
    ထိုေနရာမွာ နိဗၺာန္ဘုံ မဟုတ္ ။ ၿမိဳ႕ထဲတြင္ မည္သူမွ် မတိုက္ခိုက္ရဟူေသာ  စည္းမ်ဥ္းတစ္ခုသာရွိသည္။ အကယ္၍ တစ္စုံတစ္ေယာက္မွ စည္းကမ္းခ်ိဳးေဖာက္ပါက လူႀကီးလူငယ္ က်ား၊ မ  မေ႐ြး အျပစ္ေပးခံရမည္။
   
    ၿမိဳ႕ေကာင္းတစ္ၿမိဳ႕ဟု ထင္ရေသာ္လည္း စည္းမ်ဥ္းမွာ ၿမိဳ႕ထဲ၌သာ အက်ဳံး၀င္ၿပီး ၿမိဳ႕နယ္စပ္ဘက္ျခမ္းမ်ားတြင္ေတာ့  အသုံးမ၀င္ေပ။ နံရံ၏ အျခားတစ္ဖက္သို႔‌ ေရာက္သြားသည္ႏွင့္ သင္ေသေလာ၊ ရွင္ေလာ မည္သူမွ် ဂ႐ုစိုက္မည္ မဟုတ္ေပ။
   
    ထို႔ေၾကာင့္ ေလနက္ရဲတိုက္၏ အျပင္ဘက္တြင္ စိတ္တိုင္းက် သ-တ္ျဖတ္ႏိုင္သည္။ အဖမ္းခံရမွာကို ေၾကာက္စရာမလိုေပ။
   
    သူတို႔ ေလနက္ရဲတိုက္သို႔ ေရာက္ခါနီးတြင္ ေမွာ္ဆရာအခ်ိဳ႕ႏွင့္ ဆုံေတြ႕လိုက္ရသည္။ ထိုသူမ်ား၏ ၀တ္စုံမွာ တမူထူးျခားေနၿပီး အေစာင့္မ်ားကို ေတြ႕ေသာ္လည္း အေလးမထားဘဲ စိတ္တိုင္းက် ျပဳမူေနၾကသည္။
   
    "ေဟ်ာင့္ေတြ ..ၾကည့္ၾကစမ္း.. ဒီမွာ အလန္းေလးကြ.."
   
    "ေမွာ္တုတ္တံပါလား..သူလည္း ငါတို႔လို ေမွာ္ဆရာတစ္ေယာက္ပဲ ေနမွာ"
   
    "ခုမွ ေမွာ္ပညာသင္ခါစေလးကိုမ်ားကြာ..."
   
    ထိုေမွာ္ဆရာမ်ားမွာ ေတေလဂ်ပိုးမ်ားကဲ့သို႔ တစ္ကမာၻလုံးကို ဂ႐ုမစိုက္ဘဲ ယြီမုန႔္ဆီသို႔  ေလွ်ာက္ လာခဲ့ၾကသည္။
   
    "ေကာင္မေလး ေမွာ္ပညာ သင္ခ်င္လား ကိုယ့္ကိုသင္ေပးေစခ်င္လား"
    ယြီမုန႔္မွ သူမ၏ေခါင္းကို ဆန႔္က်င္ဘက္သို႔လွည့္ရင္း ေအးစက္စြာ ေျပာလိုက္သည္။
   
    "သြားစမ္းပါ"
   
    "အိုး...ၾကည့္စမ္းပါအုံး သူမက စိတ္ႀကီးတာပဲ"
   
    ထိုေမွာ္ဆရာမ်ား တျဖည္းျဖည္း နီးကပ္လာေသာအခါ ယြီမိသားစု၏ အေစာင့္မ်ားမွ တားလိုက္ၿပီး"ငါတို႔ရဲ႕ သခင္မေလးက စမ္းသပ္မႈမွာ ပါ၀င္ေနတာမလို႔ ေက်းဇူးျပဳၿပီး...မေႏွာင့္ယွက္ရင္ေကာင္းမယ္"
   
    "ေလေမွာ္ပညာ: ေလဆင္ႏွာေမာင္းတိုက္ခတ္ျခင္း"
   
   ထိုေမွာ္ဆရာအဖြဲ႕၏ ေခါင္းေဆာင္မွ မႏၲန္႐ြတ္ဆိုလိုက္ေသာအခါ အေစာင့္၏ ‌ေျခေထာက္ေအာက္ေျခတြင္ ေလဆင္ႏွာေမာင္းတစ္ခု ျဖစ္ေပၚလာၿပီး ေကာင္းကင္ထက္သို႔ လြင့္ထြက္သြားေစသည္။
  
    "နင္....."
    ယြီမုန႔္ ထိုေမွာ္ဆရာမ်ားထံမွ ရန္လိုမႈကို ခံစားမိသည္ႏွင့္ တိုက္ခိုက္ရန္အတြက္ သူမ၏ ေမွာ္ႀကိမ္လုံးကို ထုတ္လိုက္သည္။
   
    သို႔ေသာ္လည္း သူမေရွ႕တြင္ ႐ုတ္တရက္ ပုံရိပ္တစ္ခု ေပၚလာသည္။
   
    တစ္ေယာက္မွ မေမွ်ာ္လင့္ထားခဲ့ေသာ အေျခအေနတစ္ခု ေပၚေပါက္လာခဲ့သည္။
   
    သူမေရွ႕တြင္ ရပ္ေနေသာ ပုံရိပ္က လင္းခ်ီ ျဖစ္မည္ဟု ထင္ထားၾကေသာ္လည္း အမွန္တကယ္ ရပ္ေနသူမွာ  လူး၀စ္ပင္။
   
    "ဒီက လူႀကီးမင္းတို႔က ေလနက္ခံတပ္ထဲကေန လာခဲ့ၾကတာ မဟုတ္လား.."
    လူး၀စ္မွ ၿပဳံးၿပီး ေမးလိုက္သည္။
   
    "အဲ့တာ မင္းနဲ႔ ဘာဆိုင္လို႔လဲ ထြက္သြားစမ္းပါ မဟုတ္ရင္ မင္းပါ ေလေပၚ ေျမႇာက္တက္သြားမယ္"

လူး၀စ္ စိတ္မဆိုးခဲ့ေပ။ သူ႔ကိုၾကည့္ရသည္မွာ လုံး၀ကြဲျပားေသာ လူတစ္ေယာက္ကဲ့သို႔ပင္။ ထို႔ေနာက္ ေခါင္းကို ‌ေမာ့၍ ယုံၾကည္ခ်က္ အျပည့္ျဖင့္ ေမးလိုက္သည္။
"မင္းတို႔က ေလနက္ခံတပ္ကဆိုမွေတာ့ ခ်ားလ္ လီယိုနာ့ဒ္ကို သိမွာေပါ့"
   
    ထိုေမွာ္ဆရာမ်ား ဆြံ႕အသြားၾကသည္။ ထို႔ေနာက္ သူတို႔ အခ်င္းခ်င္းျပန္ၾကည့္လိုက္ၾကၿပီး "သူက ေလနက္ရဲတိုက္အရွင္ရဲ႕ အေစာင့္ေလ ဘယ္သူက မသိဘဲေနမွာလဲ"

    "မင္းတို႔သူ႔ကို သိတယ္ဆိုတာက ေကာင္းတာ‌ေပါ့ အခု ငါကေကာ ဘယ္သူလို႔ထင္လဲ"
   
    လူး၀စ္ သူ၏ ေနာက္ခံကို ေၾကညာ လိုက္သည္။
    "ငါ လူး၀စ္က ဆန္းသစ္လၿမိဳ႕ လီယိုနာ့ဒ္ မိသားစုရဲ႕ သခင္ေလးပဲ ခ်ားလ္ လီယိုနာ့ဒ္က ငါ့ဦးေလး မင္းတို႔ထဲက ဘယ္သူငါ့ကို ေစာ္ကားရဲလဲ .. ေစာ္ကားရဲရင္ ငါ့ဦးေလးကို ျပန္တိုင္မယ္.. "
   
    ေနာက္ဆုံးေတာ့ လူတိုင္း လူး၀စ္ ဘာေၾကာင့္ ဒီေလာက္ ရဲရင့္ေနလဲ ဆိုတာ နားလည္သြားသည္။
    'ေလနက္ရဲတိုက္မွာ သူ႔ကို ကာကြယ္ေပးမဲ့သူ ရွိလို႔ကိုး'
   
    ပထမေတာ့ သူတို႔လည္း မယုံၾကည္ေသးေပ။ သို႔ေသာ္လည္း လီယိုနာ့ဒ္မိသားစုႏွင့္ ယြီမိသားစု၏ အေစာင့္မ်ား ျပင္ဆင္ထားေသာ ႀကီးမားလွသည့္ ဖြဲ႕စည္းပုံကို ျမင္ေသာအခါ သူတို႔ထြက္ခြာသြားၾကေတာ့သည္။
   
    "ေမ့လိုက္ေတာ့ နည္းနည္းေလးေပ်ာ္ဖို႔ေလာက္ အတြက္နဲ႔ သူတို႔ကို မေစာ္ကားနဲ႔ေတာ့ "
   
    "သူေျပာတာသာ မွန္မယ္ဆိုရင္ေတာ့ ငါၾကားဖူးတာ ၿမိဳ႕အရွင္ရဲ႕ ကိုယ္ရံေတာ္တပ္ဖြဲ႕က လူေတြက ေဒါသႀကီးတယ္တဲ့ သူတို႔နဲ႔ သြားမရႈပ္တာေကာင္းမယ္"
   
    သူတို႔ မစဥ္းစားဘဲ မျပဳမူရဲေပ။ ထို႔ေၾကာင့္ သူတို႔ ေခါင္းငုံ႔လိုက္ၿပီး ယဥ္ေက်းစြာ ေတာင္းပန္လိုက္သည္။
    "က်ဳပ္ ...က်ဳပ္တို႔ ေတာင္းပန္ပါတယ္"
   
    "လစ္စမ္း..."
    လူး၀စ္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး သူ႔စိတ္ထဲတြင္ သိမ္းဆည္းထားေသာ ေဒါသအားလုံးကို လႊတ္ထုတ္လိုက္သည္။
   
    ‌ထိုအုပ္စုလည္း ေခါင္းငုံ႔၍ ထြက္ေျပးသြားၾကသည္။
   
    လူး၀စ္လည္း ယြီမုန႔္ဘက္သို႔ ၾကည့္ကာ ၿပဳံးျပလိုက္ၿပီး
    "ယြီမုန႔္....ေတြ႕လား ေလနက္ရဲတိုက္ကိုလာတာက ငါ့ပိုင္နက္ဆီ ျပန္လာသလိုပဲ ငါ့နာမည္ကိုသာေျပာလိုက္ ဘယ္သူမွ မင္းကို မေႏွာက္ယွက္ရဲေတာ့ဘူး"
   
    ႐ုတ္တရက္ လူအမ်ားအျပား လူး၀စ္ကို ဝိုင္းရံလာၾကသည္။
   
    လူတိုင္း လူး၀စ္တြင္ ဝင့္ႂကြားစရာမရွိဘဲ သူ႔ဦးေလး ၿမိဳ႕အရွင္၏ ကိုယ္ရံေတာ္ဟူေသာ ေနာက္ခံေၾကာင့္သာ မိမိုက္သလို ဟန္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သတိထားမိၾကသည္။
   
    ဒီလိုႏွင့္ သူတို႔လည္း ခံတပ္ အတြင္းရွိ ၿမိဳ႕ထဲသို႔ ၀င္လာခဲ့ၾကသည္။ ေလနက္ခံတပ္မွာ ၿငိမ္းခ်မ္းၿပီး စည္ကားေနေသာ လမ္းမ်ားမွာ ဆူညံသံမ်ားႏွင့္ သက္၀င္လႈပ္ရွားေနသည္။ လင္းခ်ီသည္ လည္း တစ္ျခားၿမိဳ႕မွလာေသာ ယွဥ္ၿပိဳင္သူမ်ားအားလုံး ခံတပ္သို႔ ေရာက္ေနၿပီျဖစ္ေၾကာင္း သတိထားမိလိုက္သည္။
   
    ၾကည့္ရသည္မွာ အျခားေသာ ၿပိဳင္ပြဲ၀င္မ်ားမွာလည္း အလြန္သန္မာပုံေပၚသည္။
   
    "ခဏနားဖို႔ ဟိုတယ္ ရွာလိုက္ၾကရေအာင္" လူသာက ေျပာလိုက္သည္။
   
    အေစာင့္ဘက္ျခမ္းတြင္ အေစာင့္မ်ားနားေနတည္းခိုရန္ ေနရာရွိၿပီး လင္းခ်ီႏွင့္ အျခားေသာ ယွဥ္ၿပိဳင္သူမ်ားမွာေတာ့ ဗဟိုၿမိဳ႕ေတာ္ရွိ အဓိက တည္းခိုေဆာင္တြင္ အနားယူၾကသည္။

    လူး၀စ္မွာ သူ႔ဦးေလးက ဤေနရာတြင္ အာဏာ အေတာ္အတန္ ရွိေသာေၾကာင့္ တျခားေသာ ယွဥ္ၿပိင္သူမ်ားကို ဂ႐ုစိုက္မေနဘဲ အခန္းတစ္ခန္း ယူလိုက္သည္။ ယြီမုန႔္ လည္း ထိုအတိုင္းပင္။
   
    လင္းခ်ီမွာေတာ့ အခန္းယူခါနီးတြင္ တစ္စုံတစ္ေယာက္မွ သူ႔အား ေမွာ္တုတ္တံႏွင့္ တားဆီးျခင္းကိုခံလိုက္ရသည္။
    "ေနဦး.."
   
    လင္းခ်ီ အမူအရာ ေျပာင္းသြားသည္။လင္းခ်ီ လွည့္ၾကည့္လိုက္ေသာအခါ သူ႔ကို တားဆီးသူက ေမွာ္၀တ္႐ုံကို ‌၀တ္ဆင္ထားၿပီး မ်က္ႏွာေပၚတြင္ အၿပဳံးႀကီးတစ္ခု ရွိေနေသာ ေကာင္ေလးတစ္ေယာက္ ျဖစ္သည္။
   
    "မင္းက ဆန္းသစ္လၿမိဳ႕ေတာ္က လင္းမိသားစုရဲ႕ သခင္ေလး ဟုတ္တယ္မလား"
   
    "အမွန္ဘဲ ခင္မ်ားက ဘာလိုခ်င္လို႔လဲ က်ဳပ္ကို ဒီေမွာ္တုတ္တံ လက္ေဆာင္ ေပးခ်င္ေနတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္"
    လင္းခ်ီ တည္ၿငိမ္စြာ ရယ္ေမာလိုက္သည္။
   
    "မင္း တကယ္ ဒီကို ေရာက္လာမယ္လို႔ ငါမေမွ်ာ္လင့္ထားဘူး"
    လူငယ္ေလး၏ စကားမွာ ေဟာခန္းထဲရွိ လူအားလုံးကို ရယ္ေမာသြားေစသည္။
   
    "အမွန္တိုင္းေျပာရရင္ လင္းမိသားစုရဲ႕ ဆန္ကုန္ေျမေလးလို႔နာမည္ႀကီးေနတဲ့  သခင္ေလးလင္းက ရဲတိုက္ကို တကယ္ႀကီး ေရာက္လာႏိုင္လိမ့္မယ္လို႔ တကယ္ မထင္ထားဘူး ဒါလုံး၀ကို ေသာက္ဆန္းႀကီးပဲ "
   
    သူ႔ေဘးနားရွိ လူတစ္ခ်ိဳ႕က ရယ္လိုက္ၿပီး "သူဒီေရာက္ဖို႔ တျခားယွဥ္ၿပိဳင္သူေတြဆီ မွီခိုခဲ့ရတာေနမွာေပါ့ ဟားဟား....."
   
    လင္းခ်ီ၏ ဂုဏ္သတင္းမ်ားမွာ ေမးလ္ေဒသတစ္ခြင္လုံး တိုင္းသိျပည္သိပင္။ လင္းမိသားစု၏ သခင္‌ေလးမွာ ဘာမွအသုံးမက်ေသာ လူတစ္ေယာက္ျဖစ္ေၾကာင္း လူတိုင္းနီးပါးသိၾကသည္။ ဒါေတာင္ သူက စမ္းသပ္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေရာက္လာခဲ့သည္တဲ့။
   
    သူ႔လိုလူမ်ိဳးက ဤစမ္းသပ္ပြဲတြင္ ရွင္သန္ရန္မွာ မျဖစ္ႏိုင္လုနီးပါးပင္။

••••••••••
Paid pdf fileရွိပါတယ္ေနာ္ အပိုင္း40 အထိကို 800ksထဲပါရွင့္

Continue Reading

You'll Also Like

32K 3.2K 104
Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိ...
133K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
1.4K 216 8
I don't own this novel. It's a fun translation. All Credit to Original Author and English Translator. Chapter_87+11extra
4.9K 468 33
ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့သည်။ ဆဋ္ဌမမြောက်မင်းသား လီယင်လား..။ ၂၁ရာစုက အိုတာခု လီယ...