အခန်း (၁၅) ရုတ်တရက် မတော်တဆမှုများ
လင်းချီ ၏ ဆိုင်လေးမှာ ပို၍ပို၍ ကျော်ကြားလာသည်။ မိုက်စတား မိသားစု၏ သခင်မလေးနှစ်ယောက်မှာလည်း သူ့ကို ကူညီ၍ ကြော်ငြာပေးကြသည်။မြင့်မြတ်မိသားစု၏ သခင်လေးများမှာလည်း ညီအမနှစ်ယောက်၏ သွေးဆောင်ဖျားယောင်းမှုအောက်တွင် နောက်တစ်ခါ ထပ်၍လာစားချင်ကြသည်။
ထို့နောက် လင်းချီ၏ ၀င်ငွေမှာ ဖြည်းညှင်းစွာ တိုးပွားနေပြီး သူ၏ ပန်းတိုင်နှင့်လည်း နီးသထက် နီးလာလေသည်။သုံးရက်မြောက်နေ့တွင် လင်းချီ၏ အမဲသားစတိတ်ခ်မှာ တစ်မြို့လုံးကျော်ကြားသွားတော့သည်။လူတိုင်း လင်းချီ၏ စတိတ်ခ် ကို တစ်ခါလောက်တော့ အနည်းဆုံး မြည်းစမ်းဖူးကြသည်။ ၎င်းမှာ အတော်လေး ထင်ရှားသော စားဖွယ်တစ်မျိုးဖြစ်သည်။
၎င်းနောက် လင်းချီ စနစ်အဆင့်မြှင့်ရန် ပိုက်ဆံ လုံလောက်ပြီဖြစ်၍ စနစ်ထဲသို့ စိတ်လှုပ်ရှားစွာ ၀င်ရောက်လိုက်ပြီး အဆင့်မြင့်တင်လိုက်သည်။
[ဒင်! ...စနစ် အဆင့်မြင့်နေဆဲ.........]
[ဒင်! ..စနစ်ကို အောင်မြင်စွာ အဆင့်မြင့်တင်ပြီးပါပြီ
အဆင့်(၂)ကို ဖွင့်ပြီး - မှော်ဖားမွှေကြော်၊ မီးတောက်ကြက်ကင်၊ လန်းဆန်းစေတဲ့ အချိုရည်]
[ဒင်! အဆင့်မြှင့်တင်ခြင်းအတွက် ပိုင်ရှင်အား လက်ဆောင်အိတ်ချီးမြှင့်ပြီးပါပြီ ]
[အဆင့်မြှင့် လက်ဆောင်အိတ် - စွမ်းအားတိုး သကြားလုံး ၊ ပေါက်ကွဲ အမဲသားလုံး၊ အရိုးထွင်ပြီးကြက် (×၁၀၀) ၊ ဖားပြုပ်(×၁၀၀)]
[T/N : (Bullfrogs )အမေရိကန်ဖားတစ်မျိုးဖြစ်ပြီး စားလို့ရပါတယ်]
စနစ် အဆင့်မြင့်ပြီးသောအခါ လင်းချီ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
ထို့နောက် မြို့မှထွက်၍ စမ်းသပ်မှုကို ကျော်ဖြတ်ရန် သူ၏ခရီးစဥ်ကို စတင်တော့သည်။
ထိုအချိန်တွင် လီယိုနာ့ဒ် မိသားစု၊ယွီမိသားစုနှင့် အခြားသောမိသားစုငယ်လေးများ မပါသောကြောင့် အတော်လေး တိတ်ဆိတ်နေသည်။ လင်းချီလည်း ထို တိတ်ဆိတ်မှုကို အသားမကျသေးပေ။
မြေပုံလမ်းကြောင်းနောက်လိုက်ရင်း လင်းချီစိတ်ပေါ့ပါးနေသည်။ သီချင်းလေးညည်းရင်း ပေါ့ပါးစွာ လမ်းလျှောက်နေခဲ့သည်။
သို့သော်လည်း မကြာမီတွင် မတော်တဆ ဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့ရသည်။
လင်းချီ တောင်ခြေသို့ လျှောက်သွားလိုက်သောအခါ ရွှံ့ထူသောလမ်းကို တွေ့လိုက်ရသည်။ထိုလမ်းပေါ်တွင် လူများစွာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့ဟန် တူသည်။ထို့နောက် လင်းချီ ကျကျန်နေခဲ့သော သံချပ်ကာ အစိတ်အပိုင်းတစ်ချို့ကို တွေ့လိုက်ရသည်။ အစောင့်ခေါင်းဆောင်က သံချပ်ကာကို ဂရုတစိုက် စူးစမ်းလိုက်ပြီးနောက် မျက်နှာ အမူအရာမှာ ချက်ချင်း မဲမှောင်သွားသည်။
"ဒါ...ဒါ ယွီမိသားစုအစောင့်တွေရဲ့ သံချပ်ကာပဲ "
သူပြောပြီး မကြာမီ အစောင့်များအားလုံး မျက်နှာဖြူဆုတ်သွားကြပြီး ကြောက်လန့်၍ တုန်ရီနေကြတော့သည်။
လင်းချီ မေးစေ့ကိုထိ၍ ပတ်၀န်းကျင်ကို တစ်ချက်စူးစမ်းလိုက်သည်။
ယွီမိသားစုရဲ့ သံချပ်ကာတွေက သည်မှာ...ဒါပေမဲ့ လူတွေက ဘယ်မှာလဲ
လင်းချီ ပို၍ စိတ်ပူလာသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒီမှာ တစ်ခုခု ဖြစ်ခဲ့ပုံဘဲ..ဒါပေမဲ့ ဖြစ်တဲ့ အချိန် ငါတို့လည်း ရှိမနေတော့ သဲလွန်စက ရှာလို့မရဘူး..."
ထိုအချိန်တွင် ကင်းထောက်လွှတ်ထားသော အစောင့်တစ်ယောက်မှ အော်၍ပြေးလာသည်။
"တောင်ပေါ်မှာ ဓားပြတွေရှိတယ်....တောင်ပေါ်မှာ ဓားပြတွေ....."
"ဘာကြီး....ဓားပြတွေ?"
အစောင့်ခေါင်းဆောင်မှာ ဝိရောဓိဖြစ်သွားပြီး လင်းချီကို မေးလိုက်သည်။"သခင်လေး တောင်ပေါ်မှာ ဓားပြတွေ ရှိတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"
"ကျွန်တော်ကတော့ အခြားလမ်းကနေသွားဖို့ အကြံပြုချင်တယ် ယွီမိသားစုရဲ့ သံချပ်ကာတွေ တွေ့ရပုံထောက်ရင် သေချာပေါက်သူ့တို့ အသတ်ခံလိုက်ရပြီပဲ"
လင်းချီ ခေါင်းငြိမ့်လိုက်သည်။"အမှန်ဘဲ...ဒီယွီမိသားစုရဲ့ အစောင့်တွေက သေချာရွေးချယ်ထားတဲ့ လက်ရွေးစင်တွေ သူတို့တောင် ဓားပြတွေ လက်ထဲ ကျဆုံးသွားတယ်ဆိုတော့ ငါစိုးရိမ်မိတာက အဲ့ဓားပြတွေက အရမ်းသန်မာတဲ့ စစ်သည်တစ်အုပ်ဖြစ်နေမှာကိုပဲ"
"သခင်လေးပြောသလိုဆို ကျုပ်တို့ လမ်းကြောင်းပြောင်းပြီးသွားသင့်တယ်ပေါ့"
လင်းချီ အနည်းငယ် တုန့်ဆိုင်းသွားပြီး ဖြည်းညင်းစွာပြောလိုက်သည်။
"တကယ်လို့ ငါတို့ တခြားလမ်းက သွားလိုက်မယ်ဆိုရင် သူတို့ကို ကူညီဖို့ ဘယ်သူမှ ရောက်မလာတော့ဘူးမလား"
အစောင့်ခေါင်းဆောင် ကြက်သေသေသွားသည်။
ထို့နောက် ရယ်မောချင်စိတ်ကို ထိန်း၍ "သခင်လေး...ယှဉ်ပြိုင်သူ တစ်ယောက်လျော့ရင် ပြိုင်ဘက် တစ်ယောက် လျော့တာပဲ မဟုတ်လား"
လင်းချီ အနည်းငယ် စိတ်မတင်မကျ ဖြစ်နေသည်။သို့သော်လည်း သေချာ ဆုံးဖြတ်ပြီးနောက် "စမ်းသပ်မှုပါ၀င်တဲ့ တခြားသူတွေကော ရှိသေးလား"
"တခြားမြို့ကနေ ကိုယ်စားပြု ယှဉ်ပြိုင်သူတွေတော့ ရှိသေးတယ် ...ပြီးတော့ အင်ပါယာ ဘုရင်မင်းမြတ်ရဲ့ စေလွှတ်ခြင်းခံရတဲ့ ကျွမ်းကျင်သူတွေလည်း ရှိတယ်"
လင်းချီ မျက်ဆံလှန်လိုက်ပြီး အများကြီး မစဉ်းစားတော့ပဲ "သူတို့ကို ဆန့်ကျင်ဖို့ဆို ငါတို့ဘက်မှာ လူအများကြီးရှိဖို့ လိုတယ် ...သူတို့ကို သွားကယ်ရအောင်"
"သခင်လေး..သေချာ စဉ်းစားပြီးပြီလား"
"အဓိပ္ပာယ်မရှိတာတွေ ပြောတာရပ်လိုက်ပြီး တောင်ပေါ်တက်ဖို့ ပြင်တော့"
အစောင့်များအားလုံးက လင်းချီ၏ အမိန့်ကို နာခံကြသည်။ သူတို့မှာ အစောင့်အုပ်စုလေးသာ။ အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့လာပါက သူတို့သခင်လေးကို ကျိန်းသေ ကာကွယ်နိုင်လိမ့်မည်ဟု မသေချာပေ။
သို့သော်လည်း လင်းချီက သူတို့ကို လွန်စွာ ယုံကြည်ဆဲ ဖြစ်သည်။ တကယ်တမ်းကျ သူ့ကိုယ်သူပဲ အားကိုးတာဆိုပေမယ့်ပေါ့။
တောင်ပေါ်တက်ပြီးနောက် လူများ တရွတ်တိုက် ဆွဲခေါ်ခံထားရသော ခြေရာများကို တွေ့ရသည်။လင်းချီ တစ်ချက်ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။
"ဒီအရာတွေက တောင်ပေါ်ကို တရွတ်တိုက် ဆွဲခေါ်ခံသွားရတဲ့ အစောင့်တွေရဲ့ ခြေရာပဲဖြစ်မယ်"
" အိုး..သေစမ်း..ဓါးပြတွေက သူတို့ကို ကျွန်ပြုဖို့ ခေါ်သွားတယ်လို့တော့ မပြောနဲ့.."
လင်းချီ ခေါင်းငြိမ့်လိုက်သည်။ "ဖြစ်နိုင်တယ် ဒါကြောင့် လူတိုင်း သတိထားနေကြ.."
လူတိုင်း တောင်ပတ်၀န်းကျင်တွင် ဆက်လက်ရှာဖွေနေကြသော်လည်း မည်သည့်သဲလွန်စကိုမျှ မရရှိပေ။
လင်းချီ ကင်းထောက် တပ်သားကို မေးလိုက်သည်။
"မင်းပြောတော့ တောင်ပေါ်မှာ ဓားပြရှိတယ်ဆို ငါတို့ တောင်ပေါ်တောင် ရောက်တော့မယ် ဘာလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိရတာလဲ"
အစောင့်လည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြလိုက်သည်။ "သည်အစေခံလည်း မသေချာပါဘူး ဘာလို့ဆို တောင်ပေါ်တက်လမ်းမှာ လမ်းခွဲတွေ အများကြီးရှိတယ်လေ ဘယ်တောင်ထိပ်မှာ ဓားပြတွေရှိလဲ ဆိုတာ မေ့သွားပြီ"
လမ်းနှင့် ဆက်သွယ်ထားသော တောင်ထိပ်မှာ ရှစ်ခုအထိရှိသည်။ လင်းချီ သူတို့ကို အဘယ်သို့ ရှာရမည်နည်း။ ထို့ပြင် သူလည်း စမ်းသပ်မှု အလယ်တွင်သာ ရှိသေးသည်။
"ဟင်း....ဘယ်လောက်တောင် ဒုက္ခပေးလိုက်လဲ"
လင်းချီ ခဏ နားနေရန် ရပ်လိုက်ပြီး အစောင့်များကိုလည်း အင်အားပြန်လည် ဖြည့်တင်းရန် အမဲသားစတိတ်ခ်များ ဝေပေးလိုက်သည်။
ထိုနောက် တောင်ပေါ်သို့ တစ်ဖန်ပြန်လည် လိုက်ရှာကြသည်။ သို့သော်လည်း ဤတစ်ခေါက်တွင် သူတို့ တစ်ခုခုကို တွေ့ရှိသွားတော့သည်။
"သခင်လေး ကြည့်လိုက်...ဟိုမှာ ခြေရာတွေ"
လင်းချီ သွားကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းငါ့ကို လူတစ်ယောက်ရဲ့ ဖိနပ်တွေက ဒီလောက်ကြီးတယ်လို့ ပြောနေတာလား"
ခြေရာများအရ ထိုလူမှာ သေချာပေါက် ဧရာမလူသန်ကြီး ဖြစ်ရပေမည်။
"ထင်ရှားတဲ့ မိသားစုကြီး နှစ်ခုက လူတွေက ဒီကိစ္စကို ကိုင်တွယ်နိုင်ပါတယ် သခင်လေး ဘာလို့ ကျွန်တော်တို့ စမ်းသပ်မှုကို ဆက်ပြီး မလုပ်ဆောင်မှာလဲ"
"မရဘူး .. ပြဿနာတွေကို ရှောင်လွှဲတာ ငါတို့ လင်းမိသားစုရဲ့ ပုံစံမဟုတ်ဘူး"
လင်းချီ ခြေရာအကြီးများနောက်လိုက်ရင်း တဖြည်းဖြည်း သွေးရာများကိုပါ တွေ့လာရသည်။
"သွေးက သိပ်မခြောက်သေးဘူး ဆိုလိုချင်တာက သူတို့ အဝေးကြီး မရောက်နိုင်သေးဘူးဆိုတာပဲ"
လင်းချီ ရှေ့သို့ ဆက်လက်လိုက်သွားခဲ့သည်။
ရုတ်တရက် ဆည်းဆာတောင်ထိပ်တွင် ဓားပြများ တည်ဆောက်ထားသော ခံတပ်အကြီးစားကို မြင်တွေ့လိုက်ရပြီး သောက်စားနေသည့် အသံများကို အဝေးမှပင် ကြားနေရသည်။
"အကိုကြီးလူသာက အရမ်းစွမ်းတာဘဲ ကျုပ်တို့ ပိုင်နက်ထဲကို ကျူးကျော်လာသူတွေကို တစ်ချက်ထဲနဲ့ နှိမ်နင်းပစ်လိုက်တာ"
"အကိုကြီးက ပြိုင်ဘက်ကင်းပါတယ်လို့ ငါမင်းကို မပြောဖူးဘူးလား"
သူတို့၏ ခေါင်းဆောင်ကို မြှောက်ပင့်သံများကြားတော့ လင်းချီ လူး၀စ်နှင့် ယွီမုန့်ကို ဖမ်းဆီးသွားသူမှာ သူတို့ပြောနေသော လူသာဖြစ်မည်ဟု ယူဆလိုက်သည်။
လူသာ...
ဓားပြများ၏ ခေါင်းဆောင်ဖြစ်ပြီး အစစ်အမှန် အဆင့်မြင့် ဓားသခင်တစ်ယောက်လည်းဖြစ်သည်။ လူး၀စ်ကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ပြီး ယွီမုန့်နှင့် တိုက်ခိုက်သောအခါတွင်တောင် ခွန်အားကို မထိန်ချန်ထားခဲ့ပေ။ မျက်စိတစ်မှိတ် အတွင်းတွင် ဆက်ခံသူ နှစ်ယောက်လုံး အဖမ်းခံလိုက်ရသည်။
ထိုအချိန်တွင် လူး၀စ်နှင့် ယွီမုန့်မှာ ခံတပ်အတွင်းရှိ လှောင်အိမ်ထဲတွင် အဖမ်းခံထားရသည်။လူးဝစ်မှာ မျှော်လင့်ချက်မဲ့သော အနေအထားသို့ ရောက်ရှိနေပြီး လွှတ်ပေးရန် စတင်တောင်းပန်တော့သည်။
"သူတော်ကောင်းကြီးတို့...ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ..ကျုပ်ခင်များတို့နဲ့ ပူးပေါင်းပါ့မယ်....မဟုတ်ဘူး ကျုပ်ခင်များတို့ရဲ့ လက်အောက်ခံလုပ်ပေးပါ့မယ် အဲ့လို မဖြစ်နိုင်ရင်တောင် ကျုပ်ကို ခွေးတစ်ကောင်လို ဆက်ဆံလည်း ရပါတယ် ..မသတ်ရင် ပြီးတာပါဘဲ"
ယွီမုန့် လူး၀စ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သိသာစွာပင် သူမ လူး၀စ်ကို လုံး၀ စိတ်ပျက်သွားသည်။
ဓားပြများအားလုံး သူတို့ကို ဂရုမစိုက်ပေ။ သူတို့၏ အကိုကြီး လူသာ သာလျင် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။
လူသာမှာ စိတ်ကောင်း၀င်နေသည်။ အထူးသဖြင့် ထိုကဲ့သို့ အလှပဂေးလေးကို ဖမ်းဆီးပြီးနောက်တွင်ဖြစ်သည်။။
"ဟားဟား...ညီကိုတို့ အဲ့ကောင်ကို ဒီည ဖျော်ဖြေတဲ့အနေနဲ့ သတ်လိုက်ကြမယ် ဟိုရဲ့ အလှပဂေးလေးကတော့ ခုကစပြီး ငါ့မိန်းမပဲကွ ဟားဟား.... "
~~~
အခန္း (၁၅) ႐ုတ္တရက္ မေတာ္တဆမႈမ်ား
လင္းခ်ီ ၏ ဆိုင္ေလးမွာ ပို၍ပို၍ ေက်ာ္ၾကားလာသည္။ မိုက္စတား မိသားစု၏ သခင္မေလးႏွစ္ေယာက္မွာလည္း သူ႔ကို ကူညီ၍ ေၾကာ္ျငာေပးၾကသည္။ျမင့္ျမတ္မိသားစု၏ သခင္ေလးမ်ားမွာလည္း ညီအမႏွစ္ေယာက္၏ ေသြးေဆာင္ဖ်ားေယာင္းမႈေအာက္တြင္ ေနာက္တစ္ခါ ထပ္၍လာစားခ်င္ၾကသည္။
ထို႔ေနာက္ လင္းခ်ီ၏ ၀င္ေငြမွာ ျဖည္းညႇင္းစြာ တိုးပြားေနၿပီး သူ၏ ပန္းတိုင္ႏွင့္လည္း နီးသထက္ နီးလာေလသည္။သုံးရက္ေျမာက္ေန႔တြင္ လင္းခ်ီ၏ အမဲသားစတိတ္ခ္မွာ တစ္ၿမိဳ႕လုံးေက်ာ္ၾကားသြားေတာ့သည္။လူတိုင္း လင္းခ်ီ၏ စတိတ္ခ္ ကို တစ္ခါေလာက္ေတာ့ အနည္းဆုံး ျမည္းစမ္းဖူးၾကသည္။ ၎မွာ အေတာ္ေလး ထင္ရွားေသာ စားဖြယ္တစ္မ်ိဳးျဖစ္သည္။
၎ေနာက္ လင္းခ်ီ စနစ္အဆင့္ျမႇင့္ရန္ ပိုက္ဆံ လုံေလာက္ၿပီျဖစ္၍ စနစ္ထဲသို႔ စိတ္လႈပ္ရွားစြာ ၀င္ေရာက္လိုက္ၿပီး အဆင့္ျမင့္တင္လိုက္သည္။
[ဒင္! ...စနစ္ အဆင့္ျမင့္ေနဆဲ.........]
[ဒင္! ..စနစ္ကို ေအာင္ျမင္စြာ အဆင့္ျမင့္တင္ၿပီးပါၿပီ
အဆင့္(၂)ကို ဖြင့္ၿပီး - ေမွာ္ဖားေမႊေၾကာ္၊ မီးေတာက္ၾကက္ကင္၊ လန္းဆန္းေစတဲ့ အခ်ိဳရည္]
[ဒင္! အဆင့္ျမႇင့္တင္ျခင္းအတြက္ ပိုင္ရွင္အား လက္ေဆာင္အိတ္ခ်ီးျမႇင့္ၿပီးပါၿပီ ]
[အဆင့္ျမႇင့္ လက္ေဆာင္အိတ္ - စြမ္းအားတိုး သၾကားလုံး ၊ ေပါက္ကြဲ အမဲသားလုံး၊ အ႐ိုးထြင္ၿပီးၾကက္ (×၁၀၀) ၊ ဖားျပဳပ္(×၁၀၀)]
[T/N : (Bullfrogs )အေမရိကန္ဖားတစ္မ်ိဳးျဖစ္ၿပီး စားလို႔ရပါတယ္]
စနစ္ အဆင့္ျမင့္ၿပီးေသာအခါ လင္းခ်ီ စိတ္သက္သာရာရသလို ခံစားလိုက္ရသည္။
ထို႔ေနာက္ ၿမိဳ႕မွထြက္၍ စမ္းသပ္မႈကို ေက်ာ္ျဖတ္ရန္ သူ၏ခရီးစဥ္ကို စတင္ေတာ့သည္။
ထိုအခ်ိန္တြင္ လီယိုနာ့ဒ္ မိသားစု၊ယြီမိသားစုႏွင့္ အျခားေသာမိသားစုငယ္ေလးမ်ား မပါေသာေၾကာင့္ အေတာ္ေလး တိတ္ဆိတ္ေနသည္။ လင္းခ်ီလည္း ထို တိတ္ဆိတ္မႈကို အသားမက်ေသးေပ။
ေျမပုံလမ္းေၾကာင္းေနာက္လိုက္ရင္း လင္းခ်ီစိတ္ေပါ့ပါးေနသည္။ သီခ်င္းေလးညည္းရင္း ေပါ့ပါးစြာ လမ္းေလွ်ာက္ေနခဲ့သည္။
သို႔ေသာ္လည္း မၾကာမီတြင္ မေတာ္တဆ ျဖစ္ရပ္တစ္ခုႏွင့္ ႀကဳံခဲ့ရသည္။
လင္းခ်ီ ေတာင္ေျခသို႔ ေလွ်ာက္သြားလိုက္ေသာအခါ ႐ႊံ႕ထူေသာလမ္းကို ေတြ႕လိုက္ရသည္။ထိုလမ္းေပၚတြင္ လူမ်ားစြာ ျပင္းထန္ေသာ တိုက္ပြဲမ်ား ျဖစ္ခဲ့ဟန္ တူသည္။ထို႔ေနာက္ လင္းခ်ီ က်က်န္ေနခဲ့ေသာ သံခ်ပ္ကာ အစိတ္အပိုင္းတစ္ခ်ိဳ႕ကို ေတြ႕လိုက္ရသည္။ အေစာင့္ေခါင္းေဆာင္က သံခ်ပ္ကာကို ဂ႐ုတစိုက္ စူးစမ္းလိုက္ၿပီးေနာက္ မ်က္ႏွာ အမူအရာမွာ ခ်က္ခ်င္း မဲေမွာင္သြားသည္။
"ဒါ...ဒါ ယြီမိသားစုအေစာင့္ေတြရဲ႕ သံခ်ပ္ကာပဲ "
သူေျပာၿပီး မၾကာမီ အေစာင့္မ်ားအားလုံး မ်က္ႏွာျဖဴဆုတ္သြားၾကၿပီး ေၾကာက္လန႔္၍ တုန္ရီေနၾကေတာ့သည္။
လင္းခ်ီ ေမးေစ့ကိုထိ၍ ပတ္၀န္းက်င္ကို တစ္ခ်က္စူးစမ္းလိုက္သည္။
ယြီမိသားစုရဲ႕ သံခ်ပ္ကာေတြက သည္မွာ...ဒါေပမဲ့ လူေတြက ဘယ္မွာလဲ
လင္းခ်ီ ပို၍ စိတ္ပူလာသည္။ အသက္ျပင္းျပင္းရႉလိုက္ၿပီး "ဒီမွာ တစ္ခုခု ျဖစ္ခဲ့ပုံဘဲ..ဒါေပမဲ့ ျဖစ္တဲ့ အခ်ိန္ ငါတို႔လည္း ရွိမေနေတာ့ သဲလြန္စက ရွာလို႔မရဘူး..."
ထိုအခ်ိန္တြင္ ကင္းေထာက္လႊတ္ထားေသာ အေစာင့္တစ္ေယာက္မွ ေအာ္၍ေျပးလာသည္။
"ေတာင္ေပၚမွာ ဓားျပေတြရွိတယ္....ေတာင္ေပၚမွာ ဓားျပေတြ....."
"ဘာႀကီး....ဓားျပေတြ?"
အေစာင့္ေခါင္းေဆာင္မွာ ဝိေရာဓိျဖစ္သြားၿပီး လင္းခ်ီကို ေမးလိုက္သည္။"သခင္ေလး ေတာင္ေပၚမွာ ဓားျပေတြ ရွိတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ဘယ္လို လုပ္ၾကမလဲ"
"ကြၽန္ေတာ္ကေတာ့ အျခားလမ္းကေနသြားဖို႔ အႀကံျပဳခ်င္တယ္ ယြီမိသားစုရဲ႕ သံခ်ပ္ကာေတြ ေတြ႕ရပုံေထာက္ရင္ ေသခ်ာေပါက္သူ႔တို႔ အသတ္ခံလိုက္ရၿပီပဲ"
လင္းခ်ီ ေခါင္းၿငိမ့္လိုက္သည္။"အမွန္ဘဲ...ဒီယြီမိသားစုရဲ႕ အေစာင့္ေတြက ေသခ်ာေ႐ြးခ်ယ္ထားတဲ့ လက္ေ႐ြးစင္ေတြ သူတို႔ေတာင္ ဓားျပေတြ လက္ထဲ က်ဆုံးသြားတယ္ဆိုေတာ့ ငါစိုးရိမ္မိတာက အဲ့ဓားျပေတြက အရမ္းသန္မာတဲ့ စစ္သည္တစ္အုပ္ျဖစ္ေနမွာကိုပဲ"
"သခင္ေလးေျပာသလိုဆို က်ဳပ္တို႔ လမ္းေၾကာင္းေျပာင္းၿပီးသြားသင့္တယ္ေပါ့"
လင္းခ်ီ အနည္းငယ္ တုန႔္ဆိုင္းသြားၿပီး ျဖည္းညင္းစြာေျပာလိုက္သည္။
"တကယ္လို႔ ငါတို႔ တျခားလမ္းက သြားလိုက္မယ္ဆိုရင္ သူတို႔ကို ကူညီဖို႔ ဘယ္သူမွ ေရာက္မလာေတာ့ဘူးမလား"
အေစာင့္ေခါင္းေဆာင္ ၾကက္ေသေသသြားသည္။
ထို႔ေနာက္ ရယ္ေမာခ်င္စိတ္ကို ထိန္း၍ "သခင္ေလး...ယွဥ္ၿပိဳင္သူ တစ္ေယာက္ေလ်ာ့ရင္ ၿပိဳင္ဘက္ တစ္ေယာက္ ေလ်ာ့တာပဲ မဟုတ္လား"
လင္းခ်ီ အနည္းငယ္ စိတ္မတင္မက် ျဖစ္ေနသည္။သို႔ေသာ္လည္း ေသခ်ာ ဆုံးျဖတ္ၿပီးေနာက္ "စမ္းသပ္မႈပါ၀င္တဲ့ တျခားသူေတြေကာ ရွိေသးလား"
"တျခားၿမိဳ႕ကေန ကိုယ္စားျပဳ ယွဥ္ၿပိဳင္သူေတြေတာ့ ရွိေသးတယ္ ...ၿပီးေတာ့ အင္ပါယာ ဘုရင္မင္းျမတ္ရဲ႕ ေစလႊတ္ျခင္းခံရတဲ့ ကြၽမ္းက်င္သူေတြလည္း ရွိတယ္"
လင္းခ်ီ မ်က္ဆံလွန္လိုက္ၿပီး အမ်ားႀကီး မစဥ္းစားေတာ့ပဲ "သူတို႔ကို ဆန႔္က်င္ဖို႔ဆို ငါတို႔ဘက္မွာ လူအမ်ားႀကီးရွိဖို႔ လိုတယ္ ...သူတို႔ကို သြားကယ္ရေအာင္"
"သခင္ေလး..ေသခ်ာ စဥ္းစားၿပီးၿပီလား"
"အဓိပၸာယ္မရွိတာေတြ ေျပာတာရပ္လိုက္ၿပီး ေတာင္ေပၚတက္ဖို႔ ျပင္ေတာ့"
အေစာင့္မ်ားအားလုံးက လင္းခ်ီ၏ အမိန႔္ကို နာခံၾကသည္။ သူတို႔မွာ အေစာင့္အုပ္စုေလးသာ။ အကယ္၍ အႏၲရာယ္ႏွင့္ ႀကဳံေတြ႕လာပါက သူတို႔သခင္ေလးကို က်ိန္းေသ ကာကြယ္ႏိုင္လိမ့္မည္ဟု မေသခ်ာေပ။
သို႔ေသာ္လည္း လင္းခ်ီက သူတို႔ကို လြန္စြာ ယုံၾကည္ဆဲ ျဖစ္သည္။ တကယ္တမ္းက် သူ႔ကိုယ္သူပဲ အားကိုးတာဆိုေပမယ့္ေပါ့။
ေတာင္ေပၚတက္ၿပီးေနာက္ လူမ်ား တ႐ြတ္တိုက္ ဆြဲေခၚခံထားရေသာ ေျခရာမ်ားကို ေတြ႕ရသည္။လင္းခ်ီ တစ္ခ်က္ခြဲျခမ္းစိတ္ျဖာၾကည့္လိုက္သည္။
"ဒီအရာေတြက ေတာင္ေပၚကို တ႐ြတ္တိုက္ ဆြဲေခၚခံသြားရတဲ့ အေစာင့္ေတြရဲ႕ ေျခရာပဲျဖစ္မယ္"
" အိုး..ေသစမ္း..ဓါးျပေတြက သူတို႔ကို ကြၽန္ျပဳဖို႔ ေခၚသြားတယ္လို႔ေတာ့ မေျပာနဲ႔.."
လင္းခ်ီ ေခါင္းၿငိမ့္လိုက္သည္။ "ျဖစ္ႏိုင္တယ္ ဒါေၾကာင့္ လူတိုင္း သတိထားေနၾက.."
လူတိုင္း ေတာင္ပတ္၀န္းက်င္တြင္ ဆက္လက္ရွာေဖြေနၾကေသာ္လည္း မည္သည့္သဲလြန္စကိုမွ် မရရွိေပ။
လင္းခ်ီ ကင္းေထာက္ တပ္သားကို ေမးလိုက္သည္။
"မင္းေျပာေတာ့ ေတာင္ေပၚမွာ ဓားျပရွိတယ္ဆို ငါတို႔ ေတာင္ေပၚေတာင္ ေရာက္ေတာ့မယ္ ဘာလို႔ ေခြးတစ္ေကာင္ ေၾကာင္တစ္ၿမီးမွ မရွိရတာလဲ"
အေစာင့္လည္း ကူကယ္ရာမဲ့စြာ ေခါင္းယမ္းျပလိုက္သည္။ "သည္အေစခံလည္း မေသခ်ာပါဘူး ဘာလို႔ဆို ေတာင္ေပၚတက္လမ္းမွာ လမ္းခြဲေတြ အမ်ားႀကီးရွိတယ္ေလ ဘယ္ေတာင္ထိပ္မွာ ဓားျပေတြရွိလဲ ဆိုတာ ေမ့သြားၿပီ"
လမ္းႏွင့္ ဆက္သြယ္ထားေသာ ေတာင္ထိပ္မွာ ရွစ္ခုအထိရွိသည္။ လင္းခ်ီ သူတို႔ကို အဘယ္သို႔ ရွာရမည္နည္း။ ထို႔ျပင္ သူလည္း စမ္းသပ္မႈ အလယ္တြင္သာ ရွိေသးသည္။
"ဟင္း....ဘယ္ေလာက္ေတာင္ ဒုကၡေပးလိုက္လဲ"
လင္းခ်ီ ခဏ နားေနရန္ ရပ္လိုက္ၿပီး အေစာင့္မ်ားကိုလည္း အင္အားျပန္လည္ ျဖည့္တင္းရန္ အမဲသားစတိတ္ခ္မ်ား ေဝေပးလိုက္သည္။
ထိုေနာက္ ေတာင္ေပၚသို႔ တစ္ဖန္ျပန္လည္ လိုက္ရွာၾကသည္။ သို႔ေသာ္လည္း ဤတစ္ေခါက္တြင္ သူတို႔ တစ္ခုခုကို ေတြ႕ရွိသြားေတာ့သည္။
"သခင္ေလး ၾကည့္လိုက္...ဟိုမွာ ေျခရာေတြ"
လင္းခ်ီ သြားၾကည့္လိုက္ေသာအခါ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။
"မင္းငါ့ကို လူတစ္ေယာက္ရဲ႕ ဖိနပ္ေတြက ဒီေလာက္ႀကီးတယ္လို႔ ေျပာေနတာလား"
ေျခရာမ်ားအရ ထိုလူမွာ ေသခ်ာေပါက္ ဧရာမလူသန္ႀကီး ျဖစ္ရေပမည္။
"ထင္ရွားတဲ့ မိသားစုႀကီး ႏွစ္ခုက လူေတြက ဒီကိစၥကို ကိုင္တြယ္ႏိုင္ပါတယ္ သခင္ေလး ဘာလို႔ ကြၽန္ေတာ္တို႔ စမ္းသပ္မႈကို ဆက္ၿပီး မလုပ္ေဆာင္မွာလဲ"
"မရဘူး .. ျပႆနာေတြကို ေရွာင္လႊဲတာ ငါတို႔ လင္းမိသားစုရဲ႕ ပုံစံမဟုတ္ဘူး"
လင္းခ်ီ ေျခရာအႀကီးမ်ားေနာက္လိုက္ရင္း တျဖည္းျဖည္း ေသြးရာမ်ားကိုပါ ေတြ႕လာရသည္။
"ေသြးက သိပ္မေျခာက္ေသးဘူး ဆိုလိုခ်င္တာက သူတို႔ အေဝးႀကီး မေရာက္ႏိုင္ေသးဘူးဆိုတာပဲ"
လင္းခ်ီ ေရွ႕သို႔ ဆက္လက္လိုက္သြားခဲ့သည္။
႐ုတ္တရက္ ဆည္းဆာေတာင္ထိပ္တြင္ ဓားျပမ်ား တည္ေဆာက္ထားေသာ ခံတပ္အႀကီးစားကို ျမင္ေတြ႕လိုက္ရၿပီး ေသာက္စားေနသည့္ အသံမ်ားကို အေဝးမွပင္ ၾကားေနရသည္။
"အကိုႀကီးလူသာက အရမ္းစြမ္းတာဘဲ က်ဳပ္တို႔ ပိုင္နက္ထဲကို က်ဴးေက်ာ္လာသူေတြကို တစ္ခ်က္ထဲနဲ႔ ႏွိမ္နင္းပစ္လိုက္တာ"
"အကိုႀကီးက ၿပိဳင္ဘက္ကင္းပါတယ္လို႔ ငါမင္းကို မေျပာဖူးဘူးလား"
သူတို႔၏ ေခါင္းေဆာင္ကို ေျမႇာက္ပင့္သံမ်ားၾကားေတာ့ လင္းခ်ီ လူး၀စ္ႏွင့္ ယြီမုန႔္ကို ဖမ္းဆီးသြားသူမွာ သူတို႔ေျပာေနေသာ လူသာျဖစ္မည္ဟု ယူဆလိုက္သည္။
လူသာ...
ဓားျပမ်ား၏ ေခါင္းေဆာင္ျဖစ္ၿပီး အစစ္အမွန္ အဆင့္ျမင့္ ဓားသခင္တစ္ေယာက္လည္းျဖစ္သည္။ လူး၀စ္ကို တစ္ခ်က္တည္းျဖင့္ အႏိုင္ယူလိုက္ၿပီး ယြီမုန႔္ႏွင့္ တိုက္ခိုက္ေသာအခါတြင္ေတာင္ ခြန္အားကို မထိန္ခ်န္ထားခဲ့ေပ။ မ်က္စိတစ္မွိတ္ အတြင္းတြင္ ဆက္ခံသူ ႏွစ္ေယာက္လုံး အဖမ္းခံလိုက္ရသည္။
ထိုအခ်ိန္တြင္ လူး၀စ္ႏွင့္ ယြီမုန႔္မွာ ခံတပ္အတြင္းရွိ ေလွာင္အိမ္ထဲတြင္ အဖမ္းခံထားရသည္။လူးဝစ္မွာ ေမွ်ာ္လင့္ခ်က္မဲ့ေသာ အေနအထားသို႔ ေရာက္ရွိေနၿပီး လႊတ္ေပးရန္ စတင္ေတာင္းပန္ေတာ့သည္။
"သူေတာ္ေကာင္းႀကီးတို႔...ကြၽန္ေတာ့္ကို မသတ္ပါနဲ႔ဗ်ာ..က်ဳပ္ခင္မ်ားတို႔နဲ႔ ပူးေပါင္းပါ့မယ္....မဟုတ္ဘူး က်ဳပ္ခင္မ်ားတို႔ရဲ႕ လက္ေအာက္ခံလုပ္ေပးပါ့မယ္ အဲ့လို မျဖစ္ႏိုင္ရင္ေတာင္ က်ဳပ္ကို ေခြးတစ္ေကာင္လို ဆက္ဆံလည္း ရပါတယ္ ..မသတ္ရင္ ၿပီးတာပါဘဲ"
ယြီမုန႔္ လူး၀စ္ကို အထင္အျမင္ေသးစြာ ၾကည့္လိုက္သည္။ သိသာစြာပင္ သူမ လူး၀စ္ကို လုံး၀ စိတ္ပ်က္သြားသည္။
ဓားျပမ်ားအားလုံး သူတို႔ကို ဂ႐ုမစိုက္ေပ။ သူတို႔၏ အကိုႀကီး လူသာ သာလ်င္ သူတို႔၏ ကံၾကမၼာကို ဆုံးျဖတ္ေပးႏိုင္သည္။
လူသာမွာ စိတ္ေကာင္း၀င္ေနသည္။ အထူးသျဖင့္ ထိုကဲ့သို႔ အလွပေဂးေလးကို ဖမ္းဆီးၿပီးေနာက္တြင္ျဖစ္သည္။။
"ဟားဟား...ညီကိုတို႔ အဲ့ေကာင္ကို ဒီည ေဖ်ာ္ေျဖတဲ့အေနနဲ႔ သတ္လိုက္ၾကမယ္ ဟိုရဲ႕ အလွပေဂးေလးကေတာ့ ခုကစၿပီး ငါ့မိန္းမပဲကြ ဟားဟား.... "
~~~