အခန်း(၁၄) အောက်ခြေခံလူတန်းစားအဖြစ် တွေ့ကြုံခံစားခြင်း
"ကောင်စုတ်လေး..ငါတို့ မှော်ကုန်သွယ်ရေးအဖွဲ့အစည်းက မြို့ထဲမှာ အရာအားလုံးကို မထိန်းချုပ်နိုင်ပေမဲ့ သာမန်လူတစ်ယောက်ကို သတ်ဖို့ဆိုရင်တော့ အသာလေးဘဲ...!"
သူ၏ စကားလုံးများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး မာန်တက်နေသော လင်းချီ၏ အမူအရာကို အောက်ဆုံးသို့ ထိုးကျသွားစေသည်။ လင်းချီ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "လုံး၀ကို မယုံနိုင်စရာဘဲ...ကျုပ် အရင်က တစ်ခါမှ မခြိမ်းခြောက်ခံရဖူးဘူး"
မော့ထ် နှာခေါင်းရှုံ့လိုက်သည်။ "မင်းက ဆိုင်ဖွင့်စားနေတဲ့ ဘာမှမဟုတ်တဲ့ကောင်ပါကွ ...တစ်ယောက်ယောက် မင်းကို လာပြီး ကူညီမယ်လို့ ထင်နေလား"
"သူ့ကို ဖမ်းလိုက်စမ်း"
မှော်ဆရာနှစ်ယောက်မှ လင်းချီရှေ့သို့ ရုတ်ချည်း ရောက်ရှိသွားပြီး အတင်းအကြပ် ဖမ်းတော့မည့် အချိန်တွင်
"ကောင်စုတ်လေး ..ငါမင်းကို နောက်ထပ် အခွင့်အရေးပေးလိုက်မယ် မင်း ငါ့ကို ဒီမှော်ကန်စွန်းဥတွေ ရောင်းမလား ဒါမှမဟုတ် ဒီမြို့ကနေ ထွက်သွားမလား...!"
မော့ထ် နောက်ဆုံး သတိပေးချက်ကို ပြောလိုက်သည်။လင်းချီမှာ လျစ်လျူရှုဆဲပင်။မှော်ဆရာ နှစ်ဦးမှာ သူနှင့် လွန်စွာ နီးကပ်နေသော်လည်း တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ။
"သူ့ဆိုင်ကို ဖျက်စီးပစ်လိုက်..."
မော့ထ် အမိန့်ပေးလိုက်သည်နှင့် မှော်ဆရာနှစ်ဦးမှာ သူတို့၏ တာ၀န်ကို စတင်လုပ်ဆောင်တော့သည်။
သို့သော်လည်း သူတို့ မန္တန် မရွတ်ဆိုမှီ မြောက်များစွာသော အစောင့်များက သူ့တို့ကို ရုတ်တရက် ၀ိုင်းရံလိုက်သည်။
"အာ...ဘာ...ဘာတွေဖြစ်ကုန်တာလဲ"
မော့ထ်က သံချပ်ကာ ၀တ်ဆင်ထားသော အစောင့်များစွာကို မြင်သောအခါ ချက်ချင်း ရှုပ်ထွေးသွားသည်။ အစောင့်ခေါင်းဆောင် သူ့ဆီ ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်သောအခါ
"အာ...မင်းက..."
"လင်းမိသားစုရဲ့ အစောင့်ခေါင်းဆောင်"
"လင်းမိသားစု ...မင်းပြောချင်တာက ဆန်းသစ်လမြို့တော်က လင်းမိသားစုလား"
မော့ထ်၏ မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံး ပေါ်လာသည်။အစောင့်ခေါင်းဆောင်မှ ခေါင်းမော့ကာ တစ်ချက်ကြည့်လာခဲ့သည်။
"အမှန်ဘဲ..."
ဆန်းသစ်လမြို့တော်ရှိ ကုန်သွယ်ရေး ဈေးကွက်၏ ရှယ်ယာ အများစုကို လင်းမိသားစုမှ ချုပ်ကိုင်ထားသည်။ ထို့ကြောင့် မှော်ကုန်သွယ်ရေး လုပ်ငန်းစု၏ ဥက္ကဌမှာ လင်းမိသားစုကို အလွန်ပင် ရိုသေလေးစားရသည်။
သူ့ရှေ့မှ လူမှာ လင်းမိသားစု၏ အစောင့်ခေါင်းဆောင်သာဖြစ်သော်လည်း စကားကို နှိမ့်ချစွာပြောလိုက်သည်။
"အိုး..ဒါပေါ့ သခင်လေးလင်းကလည်း ဒီတစ်ခါ စမ်းသပ်မှုမှာ ပါဝင်ယှဉ်ပြိုင်တယ်လို့ ကြားမိတယ် သူ့ကို ဘာလို့မတွေ့မိတာလဲ..."
အစောင့်ခေါင်းဆောင်မှာ စိတ်ရှုပ်ထွေးသွားသည်။
"မင်း..ငါတို့ သခင်လေးကို တကယ် မသိဘူးလား"
"ကျုပ် လင်းမိသားစုရဲ့ ကြီးမြတ်မှုတွေကို ကြားမိတာကြာပါပြီ ဒါပေမယ့် ဆက်ခံသူကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး"
အစောင့်ခေါင်းဆောင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ဆတ်ခနဲ ပြောလိုက်သည်။"ခင်ဗျား သေချာပေါက် သခင်လေးကို မြင်ဖူးပါတယ်"
"အာ..သခင်လေးကို တွေ့တာတော့ ကျွန်တော် မမှတ်မိလိုက်ဘူး"
မော့ထ် ကြက်သေသေသွားသည်။သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ပို၍ပို၍ ရှုပ်ထွေးလာသည်။ သူခေါင်းကို ကုတ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"နားထောင်ပါဦးခင်ဗျ လေးစားစွာနဲ့ဘဲ ကျုပ်တော့ တစ်ခါမှ လင်းသခင်လေးကို မတွေ့ဖူးဘူးဆိုတာ သေချာပါတယ် ခင်ဗျ"
"မဟုတ်ဘူး..မြင်ဖူးတယ်ဆိုတာ မင်းကိုယ်မင်းတောင် သိမှာ မဟုတ်ဘူး"
ထိုအချိန်တွင် လင်းချီ ကန်စွန်းဥအချို့ကို ဝါးရင်း မော့ထ်ရှေ့တွင် ရပ်လိုက်သည်။
"ကောင်စုတ်လေး..ဒီကိုဘာလာလုပ်တာလဲ..ထွက်သွားစမ်း..!"
လင်းချီအပေါ် မော့ထ်၏ သဘောထားမှာ လွန်စွာ ဆိုးရွားလေသည်။ နောက်ဆုံးတွင်တော့ သာမန်လူများမှာ သူ့အတွက်တော့ အောက်တန်းစားများကဲ့သို့ပင်။
"မင်းသူ့ကို အဲ့လို ဆက်ဆံဝံ့တယ်ပေါ့"သူ၏ သခင်လေး အော်ဟစ်ခံရသည်ကို မြင်သောအခါ အစောင့်ခေါင်းဆောင်မှာ စိတ်တိုသွားပြီး သူ၏ဓားကို ဆွဲထုတ်လုနီးပါးဖြစ်သွားသည်။
"အရှင်ရယ် စိတ်လျှော့ပါ ဒေါသထွက်စရာမလိုပါဘူး ကျုပ် ဒီ ကောင်စုတ်လေးကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ့မယ်" မော့ထ်က အစောင့်ခေါင်းဆောင်၏ မျက်နှာသာပေးမှုကို ရရှိရန် အရူးတစ်ယောက်ကဲ့သို့ ဆက်လက် မျက်နှာချိုသွေးနေဆဲ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် အစောင့်ခေါင်းဆောင်မှာ သူ၏လည်ပင်းကို ဆွဲဆောင့်လိုက်ပြီး ကြမ်းကြုတ်စွာဖြင့် "မင်းရဲ့ အသုံးမ၀င်တဲ့ ဦးနှောက်ကို သုံးပြီး သေချာကြည့်လိုက်စမ်း ဒါ..လင်းမိသားစုရဲ့ သခင်လေးပဲ"
"ဗျာ........"
ထိုစကားလုံးများမှာ သူ၏ နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ မြည်ဟီးသွားပြီး မျက်နှာ ဖြတ်ရိုက်ခံရသလို
ခံစားလိုက်ရသည်။
"သူ..သူက လင်းသခင်လေး...."
လင်းချီ ရယ်ချင်သလိုဖြစ်ပြီး ခေါင်းရမ်းလိုက်သည်။
"ငါ..တကယ့်ကို ပြောစရာစကားမရှိ တော့ဘူး"
မော့ထ်၏ အမူအရာမှာ ကြောက်စရာကောင်းနေပြီး မယုံကြည်နိုင်မှုများနှင့် ရောနှောနေသည်။
'လင်းမိသားစုရဲ့ သခင်လေးက ဒီမှာတကယ်ပဲ ဆိုင်လာဖွင့်ပြီး ကန်စွန်းဥတွေ ရောင်းနေတယ်ပေါ့ ဘယ်သူက ယုံနိုင်မှာလဲ'
သို့သော်လည်း အမှန်တရားက သူ့ရှေ့မှောက်တွင် ရှိသည်။ အစောင့်များအားလုံးမှာ လင်းချီကို အလွန် ရိုသေလေးစားနေကြပြီး ထိုသို့ပြုလုပ်ခြင်းက မော့ထ်၏ ကိုယ်ကိုတောင့်တင်းစေသည်။
"ခွင့် ..ခွင့်လွှတ်ပါ သခင်လေး..ကျုပ် မှားခဲ့မိပါတယ်"
ယခု မော့ထ် အကြောက်ဆုံးမှာ လင်းမိသားစုက သူ၏ ကုန်သွယ်ရေးလုပ်ငန်းစုများနှင့် ပူးပေါင်းမှုအား ဖျက်သိမ်းမည်ကိုပင်။ ဖျက်သိမ်းပါက သူ၏ အနာဂတ်တွင် အကျိုးသက်ရောက်မှုများမှာ လွန်စွာ ပြင်းထန်နိုင်သည်။
သို့သော်လည်း လင်းချီမှာ သူ့မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စိတ်မ၀င်စားပေ။ ယခု သူအဖြစ်ချင်ဆုံးမှာ စနစ်ကို အဆင့်မြင့်တင်ဖို့ရာ ငွေရှာရန်ဖြစ်သည်။
သို့သော်လည်း ထိုကောင်မှာ သူ၏ စည်းကို ကျော်ခဲ့သောကြောင့် သင်ခန်းစာတစ်ခုတော့ ပေးရပေမည်။
"ဒီလိုလုပ်ပါလား..ခုကစပြီး ငါ့ကို ကန်စွန်းဥတွေ ကူရောင်းပေးမယ်ဆိုရင် မင်းကို ခွင့်လွှတ်ပေးမယ်"
"ဟမ်..."
"အဆင်ပြေတယ်မလား... ဒါဆို အမြန်လာတော့"
လင်းချီ သစ်ပင်အောက်တွင် ဇိမ်ရှိစွာ လဲလျောင်းနေသည်။ မှော်ကုန်သွယ်ရေး၏ ဥက္ကဌ မော့ထ် မှာတော့ သူ့ဆိုင်တွင် ကန်စွန်းဥများကို အတည်လာရောင်းပေးနေရသည်။လင်းချီလည်း မတတ်နိုင်စွာ ရယ်မောလိုက်မိသည်။
"အာ..သခင်လေး ဘာပဲဖြစ်ဖြစ် ကျွန်တော်က ကုန်သွယ်ရေးဥက္ကဌလေ အာ့ကြောင့်...."
"အိုး..ဒါဆို ခင်ဗျားက ပြန်သွားပြီး ကျုပ်အဖေနဲ့ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ဆွေးနွေးချင်တယ်ပေါ့?"
မော့ထ်၏ လေသံမှာ ချက်ချင်းပြောင်းလဲသွားပြီး သူ၏ ၀န်ဆောင်မှုပေးသော ပုံစံမှာလည်း ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားကာ ကန်စွန်းဥလာ၀ယ်သူမှန်သမျှကို အရိုသေပေးနေတော့သည်။
နေ့လည်ကျော်ပြီးနောက် မော့ထ်လည်း မှောင်ခိုဈေးသည်တစ်ဦး၏ အတွေ့အကြုံကို ခံစားလိုက်ရသည်။ သူမောပမ်း၍ သေခါနီး ဖြစ်သောကြောင့် လင်းချီမှာ သူ့ကိုတာ၀န်မှ ပြန်လွှတ်လိုက်ပြီး အနားယူခိုင်းလိုက်လေသည်။
သို့သော်လည်း သည်နေ့အတွက် ငွေအလုံအလောက် မရရှိသေးပေ။ ထို့ကြောင့် သူ၏ ပန်းတိုင်ကို ရောက်ရန် နောက်ထပ် နှစ်ရက် ခန့် ဆိုင်ထပ်ဖွင့်ရဦးမည်။
နောက်တစ်နေ့ နံနက်တွင် လီယိုနာ့ဒ် မိသားစုနှင့် ယွီမိသားစု၏ အစောင့်များမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ သူတို့ လုံလောက်အောင် အနားယူပြီး နောက် မြန်နိုင်သမျှ မြန်မြန် ထွက်ခွာချင်နေသည်။
သို့သော်လည်း လင်းချီတွင် ထွက်ခွာရန် အစီအစဉ် မရှိသေးပေ။ လူတိုင်း ထွက်ခွာဖို့ အသင့်ဖြစ်ချိန်တွင် လင်းချီမှာ တိတ်တိတ်လေး ဆိုင်ကို ခင်းကျင်းနေသည်။ သူ၏ ဆိုင်ကို နောက်တစ်ရက်ဖွင့်ရန် စီစဉ်ထားခြင်းပင်။
လူး၀စ်နှင့် ယွီမုန့် အံ့အားသင့်သွားသည်။လင်းချီ ဘာမှားနေတာလဲ။ သူ စီးပွားရေး လုပ်တာကို စွဲလမ်းသွားတာများလား။
လင်းချီမှာ သူသည် စမ်းသပ်မှု အလယ်တွင် ရောက်နေကြောင်းသိသော်လည်း ဆိုင်ဖွင့်ရန် ဆန္ဒရှိဆဲပင်။
ယွီမုန့်က လင်းချီကို ပြိုင်ဘက်တစ်ယာက်အဖြစ် မြင်သော်လည်း ကြင်နာစွာ အကြုံပြုလိုက်သည်။ "လင်းချီ နင်ငါတို့နဲ့ မလိုက်ခဲ့ဘူးဆိုရင် စမ်းသပ်ချက်ကို ကိုယ့်ဘာသာ ကျော်ဖြတ်ရမှာနော် ...ငါတို့ နင့်ကို ထိုင်ပြီး စောင့်နေမှာ မဟုတ်ဘူး "
လင်းချီ သူမ ဘာပြောရန် ကြိုးစားနေသလဲဆိုတာကို နားလည်သည်။ သူမ၏ အကူအညီကို ကမ်းလှမ်းနေပြီး သူတို့နှင့် အတူ ထွက်ခွာရန် ရွေးချယ်ခိုင်းနေသည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင် စနစ်ကို အဆင့်မြင့်ရမည်ဟူသော စိတ်တစ်ခုသာရှိသည်။ တခြားအရာအားလုံးကတော့ ဒုတိယ ဦးစားပေးပင်။
"ဒါဆို မင်းတို့တွေ အရင် သွားနှင့်လိုက် ..ငါနောက်ကနေ လိုက်ခဲ့လိုက်မယ်.."
လူး၀စ် ယွီမုန့် ဆီသို့ လျှောက်သွား၍ ပြောလိုက်သည်။ "ယွီမုန့် .. မင်းသူနဲ့ အချိန်ဖြုန်းမနေနဲ့ မင်းသူ့ကို ဖျောင်းဖျဖို့ ကြိုးစားရင်တောင် အလကားဘဲ ကိုယ်တို့နှစ်ယောက် အတူသွားပြီး စမ်းသပ်မှုကို ကျော်ဖြတ်တာ ပိုကောင်းတယ်"
ယွီမုန့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လင်းချီအပေါ် အနည်းငယ်စိတ်ပျက်မိသွားသည်။ ယွီမုန့် သူ့ကို ပြိုင်ဘက်အဖြစ်မြင်သော်လည်း လင်းချီက စမ်းသပ်မှုကို ၀တ်ကျေတမ်းကျေသာ ယှဉ်ပြိင်နေသည်။ ထိုအချက်က သူမကို ပို၍ စိတ်ပျက်သွားစေခြင်းပင်။
ယွီမုန့် ပြတ်သားစွာ တစ်ဖက်သို့ လှည့်လိုက်ပြီး လင်းချီထံသို့ စကားတစ်လုံးမျှ မပြောခဲ့တော့ပေ။ လူး၀စ်လည်း သူ့ကို အထင်သေးသော အပြုံး တစ်ချက်ပေးလိုက်သည်။
သို့သော်လည်း စမ်းသပ်မှုမှာ လင်းချီအတွက် ဘာမျှ အဓိပ္ပာယ်မရှိပေ။ စနစ်ကသာ ပထမဦးစားပေးပင်။
ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု ထွက်ခွာသွားပြီးနောက် လင်းမိသားစု အစောင့်ခေါင်းဆောင်က မေးလိုက်သည်။"သခင်လေး...ပိုက်ဆံ အရမ်းလိုနေလို့လား စမ်းသပ်မှုပြီးလို့ လင်းအိမ်တော်ကို ပြန်ရောက်ရင် သခင်လေး လိုချင်သလောက် ရနိုင်လေတယ် "
"အဲ့အချိန်ဆို နောက်ကျသွားလိမ့်မယ်"
လင်းချီ တုံးတိကြီး ဖြေလိုက်ပုံက အစောင့်ခေါင်းဆောင်ကို ပို၍ စိတ်ရှုပ်သွားစေသည်။
"စိတ်ရှည်စမ်းပါ .. ဒီနှုန်း အတိုင်းဆို နှစ်ရက်ပြီးရင် အားလုံး အဆင်ပြေပြီ"
~~~
အခန္း(၁၄) ေအာက္ေျခခံလူတန္းစားအျဖစ္ ေတြ႕ႀကဳံခံစားျခင္း
"ေကာင္စုတ္ေလး..ငါတို႔ ေမွာ္ကုန္သြယ္ေရးအဖြဲ႕အစည္းက ၿမိဳ႕ထဲမွာ အရာအားလုံးကို မထိန္းခ်ဳပ္ႏိုင္ေပမဲ့ သာမန္လူတစ္ေယာက္ကို သတ္ဖို႔ဆိုရင္ေတာ့ အသာေလးဘဲ...!"
သူ၏ စကားလုံးမ်ားမွာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး မာန္တက္ေနေသာ လင္းခ်ီ၏ အမူအရာကို ေအာက္ဆုံးသို႔ ထိုးက်သြားေစသည္။ လင္းခ်ီ မ်က္ေမွာင္ၾကဳတ္ရင္း ေျပာလိုက္သည္။ "လုံး၀ကို မယုံႏိုင္စရာဘဲ...က်ဳပ္ အရင္က တစ္ခါမွ မၿခိမ္းေျခာက္ခံရဖူးဘူး"
ေမာ့ထ္ ႏွာေခါင္းရႈံ႕လိုက္သည္။ "မင္းက ဆိုင္ဖြင့္စားေနတဲ့ ဘာမွမဟုတ္တဲ့ေကာင္ပါကြ ...တစ္ေယာက္ေယာက္ မင္းကို လာၿပီး ကူညီမယ္လို႔ ထင္ေနလား"
"သူ႔ကို ဖမ္းလိုက္စမ္း"
ေမွာ္ဆရာႏွစ္ေယာက္မွ လင္းခ်ီေရွ႕သို႔ ႐ုတ္ခ်ည္း ေရာက္ရွိသြားၿပီး အတင္းအၾကပ္ ဖမ္းေတာ့မည့္ အခ်ိန္တြင္
"ေကာင္စုတ္ေလး ..ငါမင္းကို ေနာက္ထပ္ အခြင့္အေရးေပးလိုက္မယ္ မင္း ငါ့ကို ဒီေမွာ္ကန္စြန္းဥေတြ ေရာင္းမလား ဒါမွမဟုတ္ ဒီၿမိဳ႕ကေန ထြက္သြားမလား...!"
ေမာ့ထ္ ေနာက္ဆုံး သတိေပးခ်က္ကို ေျပာလိုက္သည္။လင္းခ်ီမွာ လ်စ္လ်ဴရႈဆဲပင္။ေမွာ္ဆရာ ႏွစ္ဦးမွာ သူႏွင့္ လြန္စြာ နီးကပ္ေနေသာ္လည္း တည္ၿငိမ္ေသာ အမူအရာကို ဆက္လက္ထိန္းသိမ္းထားဆဲ။
"သူ႔ဆိုင္ကို ဖ်က္စီးပစ္လိုက္..."
ေမာ့ထ္ အမိန႔္ေပးလိုက္သည္ႏွင့္ ေမွာ္ဆရာႏွစ္ဦးမွာ သူတို႔၏ တာ၀န္ကို စတင္လုပ္ေဆာင္ေတာ့သည္။
သို႔ေသာ္လည္း သူတို႔ မႏၲန္ မ႐ြတ္ဆိုမွီ ေျမာက္မ်ားစြာေသာ အေစာင့္မ်ားက သူ႔တို႔ကို ႐ုတ္တရက္ ၀ိုင္းရံလိုက္သည္။
"အာ...ဘာ...ဘာေတြျဖစ္ကုန္တာလဲ"
ေမာ့ထ္က သံခ်ပ္ကာ ၀တ္ဆင္ထားေသာ အေစာင့္မ်ားစြာကို ျမင္ေသာအခါ ခ်က္ခ်င္း ရႈပ္ေထြးသြားသည္။ အေစာင့္ေခါင္းေဆာင္ သူ႔ဆီ ျဖည္းညင္းစြာ ေလွ်ာက္လာသည္ကို ျမင္ေသာအခါ
"အာ...မင္းက..."
"လင္းမိသားစုရဲ႕ အေစာင့္ေခါင္းေဆာင္"
"လင္းမိသားစု ...မင္းေျပာခ်င္တာက ဆန္းသစ္လၿမိဳ႕ေတာ္က လင္းမိသားစုလား"
ေမာ့ထ္၏ မ်က္ႏွာတြင္ မ်က္ႏွာခ်ိဳေသြးေသာ အၿပဳံး ေပၚလာသည္။အေစာင့္ေခါင္းေဆာင္မွ ေခါင္းေမာ့ကာ တစ္ခ်က္ၾကည့္လာခဲ့သည္။
"အမွန္ဘဲ..."
ဆန္းသစ္လၿမိဳ႕ေတာ္ရွိ ကုန္သြယ္ေရး ေဈးကြက္၏ ရွယ္ယာ အမ်ားစုကို လင္းမိသားစုမွ ခ်ဳပ္ကိုင္ထားသည္။ ထို႔ေၾကာင့္ ေမွာ္ကုန္သြယ္ေရး လုပ္ငန္းစု၏ ဥကၠဌမွာ လင္းမိသားစုကို အလြန္ပင္ ႐ိုေသေလးစားရသည္။
သူ႔ေရွ႕မွ လူမွာ လင္းမိသားစု၏ အေစာင့္ေခါင္းေဆာင္သာျဖစ္ေသာ္လည္း စကားကို ႏွိမ့္ခ်စြာေျပာလိုက္သည္။
"အိုး..ဒါေပါ့ သခင္ေလးလင္းကလည္း ဒီတစ္ခါ စမ္းသပ္မႈမွာ ပါဝင္ယွဥ္ၿပိဳင္တယ္လို႔ ၾကားမိတယ္ သူ႔ကို ဘာလို႔မေတြ႕မိတာလဲ..."
အေစာင့္ေခါင္းေဆာင္မွာ စိတ္ရႈပ္ေထြးသြားသည္။
"မင္း..ငါတို႔ သခင္ေလးကို တကယ္ မသိဘူးလား"
"က်ဳပ္ လင္းမိသားစုရဲ႕ ႀကီးျမတ္မႈေတြကို ၾကားမိတာၾကာပါၿပီ ဒါေပမယ့္ ဆက္ခံသူကိုေတာ့ တစ္ခါမွ မျမင္ဖူးေသးဘူး"
အေစာင့္ေခါင္းေဆာင္ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ဆတ္ခနဲ ေျပာလိုက္သည္။"ခင္ဗ်ား ေသခ်ာေပါက္ သခင္ေလးကို ျမင္ဖူးပါတယ္"
"အာ..သခင္ေလးကို ေတြ႕တာေတာ့ ကြၽန္ေတာ္ မမွတ္မိလိုက္ဘူး"
ေမာ့ထ္ ၾကက္ေသေသသြားသည္။သူ႔မ်က္ႏွာေပၚရွိ အမူအရာမွာ ပို၍ပို၍ ရႈပ္ေထြးလာသည္။ သူေခါင္းကို ကုတ္လိုက္ၿပီး ခါးသီးစြာ ၿပဳံးလိုက္သည္။
"နားေထာင္ပါဦးခင္ဗ် ေလးစားစြာနဲ႔ဘဲ က်ဳပ္ေတာ့ တစ္ခါမွ လင္းသခင္ေလးကို မေတြ႕ဖူးဘူးဆိုတာ ေသခ်ာပါတယ္ ခင္ဗ်"
"မဟုတ္ဘူး..ျမင္ဖူးတယ္ဆိုတာ မင္းကိုယ္မင္းေတာင္ သိမွာ မဟုတ္ဘူး"
ထိုအခ်ိန္တြင္ လင္းခ်ီ ကန္စြန္းဥအခ်ိဳ႕ကို ဝါးရင္း ေမာ့ထ္ေရွ႕တြင္ ရပ္လိုက္သည္။
"ေကာင္စုတ္ေလး..ဒီကိုဘာလာလုပ္တာလဲ..ထြက္သြားစမ္း..!"
လင္းခ်ီအေပၚ ေမာ့ထ္၏ သေဘာထားမွာ လြန္စြာ ဆိုး႐ြားေလသည္။ ေနာက္ဆုံးတြင္ေတာ့ သာမန္လူမ်ားမွာ သူ႔အတြက္ေတာ့ ေအာက္တန္းစားမ်ားကဲ့သို႔ပင္။
"မင္းသူ႔ကို အဲ့လို ဆက္ဆံဝံ့တယ္ေပါ့"သူ၏ သခင္ေလး ေအာ္ဟစ္ခံရသည္ကို ျမင္ေသာအခါ အေစာင့္ေခါင္းေဆာင္မွာ စိတ္တိုသြားၿပီး သူ၏ဓားကို ဆြဲထုတ္လုနီးပါးျဖစ္သြားသည္။
"အရွင္ရယ္ စိတ္ေလွ်ာ့ပါ ေဒါသထြက္စရာမလိုပါဘူး က်ဳပ္ ဒီ ေကာင္စုတ္ေလးကို သင္ခန္းစာ ေကာင္းေကာင္းေပးလိုက္ပါ့မယ္" ေမာ့ထ္က အေစာင့္ေခါင္းေဆာင္၏ မ်က္ႏွာသာေပးမႈကို ရရွိရန္ အ႐ူးတစ္ေယာက္ကဲ့သို႔ ဆက္လက္ မ်က္ႏွာခ်ိဳေသြးေနဆဲ။
သို႔ေသာ္လည္း ေနာက္တစ္စကၠန႔္တြင္ အေစာင့္ေခါင္းေဆာင္မွာ သူ၏လည္ပင္းကို ဆြဲေဆာင့္လိုက္ၿပီး ၾကမ္းၾကဳတ္စြာျဖင့္ "မင္းရဲ႕ အသုံးမ၀င္တဲ့ ဦးေႏွာက္ကို သုံးၿပီး ေသခ်ာၾကည့္လိုက္စမ္း ဒါ..လင္းမိသားစုရဲ႕ သခင္ေလးပဲ"
"ဗ်ာ........"
ထိုစကားလုံးမ်ားမွာ သူ၏ နားထဲတြင္ မိုးႀကိဳးပစ္သံကဲ့သို႔ ျမည္ဟီးသြားၿပီး မ်က္ႏွာ ျဖတ္႐ိုက္ခံရသလို
ခံစားလိုက္ရသည္။
"သူ..သူက လင္းသခင္ေလး...."
လင္းခ်ီ ရယ္ခ်င္သလိုျဖစ္ၿပီး ေခါင္းရမ္းလိုက္သည္။
"ငါ..တကယ့္ကို ေျပာစရာစကားမရွိ ေတာ့ဘူး"
ေမာ့ထ္၏ အမူအရာမွာ ေၾကာက္စရာေကာင္းေနၿပီး မယုံၾကည္ႏိုင္မႈမ်ားႏွင့္ ေရာေႏွာေနသည္။
'လင္းမိသားစုရဲ႕ သခင္ေလးက ဒီမွာတကယ္ပဲ ဆိုင္လာဖြင့္ၿပီး ကန္စြန္းဥေတြ ေရာင္းေနတယ္ေပါ့ ဘယ္သူက ယုံႏိုင္မွာလဲ'
သို႔ေသာ္လည္း အမွန္တရားက သူ႔ေရွ႕ေမွာက္တြင္ ရွိသည္။ အေစာင့္မ်ားအားလုံးမွာ လင္းခ်ီကို အလြန္ ႐ိုေသေလးစားေနၾကၿပီး ထိုသို႔ျပဳလုပ္ျခင္းက ေမာ့ထ္၏ ကိုယ္ကိုေတာင့္တင္းေစသည္။
"ခြင့္ ..ခြင့္လႊတ္ပါ သခင္ေလး..က်ဳပ္ မွားခဲ့မိပါတယ္"
ယခု ေမာ့ထ္ အေၾကာက္ဆုံးမွာ လင္းမိသားစုက သူ၏ ကုန္သြယ္ေရးလုပ္ငန္းစုမ်ားႏွင့္ ပူးေပါင္းမႈအား ဖ်က္သိမ္းမည္ကိုပင္။ ဖ်က္သိမ္းပါက သူ၏ အနာဂတ္တြင္ အက်ိဳးသက္ေရာက္မႈမ်ားမွာ လြန္စြာ ျပင္းထန္ႏိုင္သည္။
သို႔ေသာ္လည္း လင္းခ်ီမွာ သူ႔မိသားစု၏ စီးပြားေရးလုပ္ငန္းမ်ားကို စိတ္မ၀င္စားေပ။ ယခု သူအျဖစ္ခ်င္ဆုံးမွာ စနစ္ကို အဆင့္ျမင့္တင္ဖို႔ရာ ေငြရွာရန္ျဖစ္သည္။
သို႔ေသာ္လည္း ထိုေကာင္မွာ သူ၏ စည္းကို ေက်ာ္ခဲ့ေသာေၾကာင့္ သင္ခန္းစာတစ္ခုေတာ့ ေပးရေပမည္။
"ဒီလိုလုပ္ပါလား..ခုကစၿပီး ငါ့ကို ကန္စြန္းဥေတြ ကူေရာင္းေပးမယ္ဆိုရင္ မင္းကို ခြင့္လႊတ္ေပးမယ္"
"ဟမ္..."
"အဆင္ေျပတယ္မလား... ဒါဆို အျမန္လာေတာ့"
လင္းခ်ီ သစ္ပင္ေအာက္တြင္ ဇိမ္ရွိစြာ လဲေလ်ာင္းေနသည္။ ေမွာ္ကုန္သြယ္ေရး၏ ဥကၠဌ ေမာ့ထ္ မွာေတာ့ သူ႔ဆိုင္တြင္ ကန္စြန္းဥမ်ားကို အတည္လာေရာင္းေပးေနရသည္။လင္းခ်ီလည္း မတတ္ႏိုင္စြာ ရယ္ေမာလိုက္မိသည္။
"အာ..သခင္ေလး ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က ကုန္သြယ္ေရးဥကၠဌေလ အာ့ေၾကာင့္...."
"အိုး..ဒါဆို ခင္ဗ်ားက ျပန္သြားၿပီး က်ဳပ္အေဖနဲ႔ ဘာေတြ ျဖစ္ခဲ့လဲ ဆိုတာကို ေဆြးေႏြးခ်င္တယ္ေပါ့?"
ေမာ့ထ္၏ ေလသံမွာ ခ်က္ခ်င္းေျပာင္းလဲသြားၿပီး သူ၏ ၀န္ေဆာင္မႈေပးေသာ ပုံစံမွာလည္း ၁၈၀ ဒီဂရီေလာက္ ေျပာင္းလဲသြားကာ ကန္စြန္းဥလာ၀ယ္သူမွန္သမွ်ကို အ႐ိုေသေပးေနေတာ့သည္။
ေန႔လည္ေက်ာ္ၿပီးေနာက္ ေမာ့ထ္လည္း ေမွာင္ခိုေဈးသည္တစ္ဦး၏ အေတြ႕အႀကဳံကို ခံစားလိုက္ရသည္။ သူေမာပမ္း၍ ေသခါနီး ျဖစ္ေသာေၾကာင့္ လင္းခ်ီမွာ သူ႔ကိုတာ၀န္မွ ျပန္လႊတ္လိုက္ၿပီး အနားယူခိုင္းလိုက္ေလသည္။
သို႔ေသာ္လည္း သည္ေန႔အတြက္ ေငြအလုံအေလာက္ မရရွိေသးေပ။ ထို႔ေၾကာင့္ သူ၏ ပန္းတိုင္ကို ေရာက္ရန္ ေနာက္ထပ္ ႏွစ္ရက္ ခန႔္ ဆိုင္ထပ္ဖြင့္ရဦးမည္။
ေနာက္တစ္ေန႔ နံနက္တြင္ လီယိုနာ့ဒ္ မိသားစုႏွင့္ ယြီမိသားစု၏ အေစာင့္မ်ားမွ ထြက္ခြာရန္ ျပင္ဆင္ေနၾကသည္။ သူတို႔ လုံေလာက္ေအာင္ အနားယူၿပီး ေနာက္ ျမန္ႏိုင္သမွ် ျမန္ျမန္ ထြက္ခြာခ်င္ေနသည္။
သို႔ေသာ္လည္း လင္းခ်ီတြင္ ထြက္ခြာရန္ အစီအစဥ္ မရွိေသးေပ။ လူတိုင္း ထြက္ခြာဖို႔ အသင့္ျဖစ္ခ်ိန္တြင္ လင္းခ်ီမွာ တိတ္တိတ္ေလး ဆိုင္ကို ခင္းက်င္းေနသည္။ သူ၏ ဆိုင္ကို ေနာက္တစ္ရက္ဖြင့္ရန္ စီစဥ္ထားျခင္းပင္။
လူး၀စ္ႏွင့္ ယြီမုန႔္ အံ့အားသင့္သြားသည္။လင္းခ်ီ ဘာမွားေနတာလဲ။ သူ စီးပြားေရး လုပ္တာကို စြဲလမ္းသြားတာမ်ားလား။
လင္းခ်ီမွာ သူသည္ စမ္းသပ္မႈ အလယ္တြင္ ေရာက္ေနေၾကာင္းသိေသာ္လည္း ဆိုင္ဖြင့္ရန္ ဆႏၵရွိဆဲပင္။
ယြီမုန႔္က လင္းခ်ီကို ၿပိဳင္ဘက္တစ္ယာက္အျဖစ္ ျမင္ေသာ္လည္း ၾကင္နာစြာ အႀကဳံျပဳလိုက္သည္။ "လင္းခ်ီ နင္ငါတို႔နဲ႔ မလိုက္ခဲ့ဘူးဆိုရင္ စမ္းသပ္ခ်က္ကို ကိုယ့္ဘာသာ ေက်ာ္ျဖတ္ရမွာေနာ္ ...ငါတို႔ နင့္ကို ထိုင္ၿပီး ေစာင့္ေနမွာ မဟုတ္ဘူး "
လင္းခ်ီ သူမ ဘာေျပာရန္ ႀကိဳးစားေနသလဲဆိုတာကို နားလည္သည္။ သူမ၏ အကူအညီကို ကမ္းလွမ္းေနၿပီး သူတို႔ႏွင့္ အတူ ထြက္ခြာရန္ ေ႐ြးခ်ယ္ခိုင္းေနသည္။
သို႔ေသာ္လည္း သူ၏ စိတ္ထဲတြင္ စနစ္ကို အဆင့္ျမင့္ရမည္ဟူေသာ စိတ္တစ္ခုသာရွိသည္။ တျခားအရာအားလုံးကေတာ့ ဒုတိယ ဦးစားေပးပင္။
"ဒါဆို မင္းတို႔ေတြ အရင္ သြားႏွင့္လိုက္ ..ငါေနာက္ကေန လိုက္ခဲ့လိုက္မယ္.."
လူး၀စ္ ယြီမုန႔္ ဆီသို႔ ေလွ်ာက္သြား၍ ေျပာလိုက္သည္။ "ယြီမုန႔္ .. မင္းသူနဲ႔ အခ်ိန္ျဖဳန္းမေနနဲ႔ မင္းသူ႔ကို ေဖ်ာင္းဖ်ဖို႔ ႀကိဳးစားရင္ေတာင္ အလကားဘဲ ကိုယ္တို႔ႏွစ္ေယာက္ အတူသြားၿပီး စမ္းသပ္မႈကို ေက်ာ္ျဖတ္တာ ပိုေကာင္းတယ္"
ယြီမုန႔္ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္ၿပီး လင္းခ်ီအေပၚ အနည္းငယ္စိတ္ပ်က္မိသြားသည္။ ယြီမုန႔္ သူ႔ကို ၿပိဳင္ဘက္အျဖစ္ျမင္ေသာ္လည္း လင္းခ်ီက စမ္းသပ္မႈကို ၀တ္ေက်တမ္းေက်သာ ယွဥ္ၿပိင္ေနသည္။ ထိုအခ်က္က သူမကို ပို၍ စိတ္ပ်က္သြားေစျခင္းပင္။
ယြီမုန႔္ ျပတ္သားစြာ တစ္ဖက္သို႔ လွည့္လိုက္ၿပီး လင္းခ်ီထံသို႔ စကားတစ္လုံးမွ် မေျပာခဲ့ေတာ့ေပ။ လူး၀စ္လည္း သူ႔ကို အထင္ေသးေသာ အၿပဳံး တစ္ခ်က္ေပးလိုက္သည္။
သို႔ေသာ္လည္း စမ္းသပ္မႈမွာ လင္းခ်ီအတြက္ ဘာမွ် အဓိပၸာယ္မရွိေပ။ စနစ္ကသာ ပထမဦးစားေပးပင္။
ယြီမိသားစုႏွင့္ လီယိုနာ့ဒ္ မိသားစု ထြက္ခြာသြားၿပီးေနာက္ လင္းမိသားစု အေစာင့္ေခါင္းေဆာင္က ေမးလိုက္သည္။"သခင္ေလး...ပိုက္ဆံ အရမ္းလိုေနလို႔လား စမ္းသပ္မႈၿပီးလို႔ လင္းအိမ္ေတာ္ကို ျပန္ေရာက္ရင္ သခင္ေလး လိုခ်င္သေလာက္ ရႏိုင္ေလတယ္ "
"အဲ့အခ်ိန္ဆို ေနာက္က်သြားလိမ့္မယ္"
လင္းခ်ီ တုံးတိႀကီး ေျဖလိုက္ပုံက အေစာင့္ေခါင္းေဆာင္ကို ပို၍ စိတ္ရႈပ္သြားေစသည္။
"စိတ္ရွည္စမ္းပါ .. ဒီႏႈန္း အတိုင္းဆို ႏွစ္ရက္ၿပီးရင္ အားလုံး အဆင္ေျပၿပီ"
~~~