..........
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်။
လူမျိုး အစုံ ဝင်ထွက်သွားလာနေသော လေဆိပ်အတွင်းရှိ ခရီးသည် ကြိုသော နေရာ၌ ဆိုင်းဘုတ်လေးနှစ်ခုကိုင်ကာ ရောက်နေသော
23နှစ်အရွယ် ကောင်လေး နှစ်ယောက် ။
~~~~
" အိုက်လမင်းသာ .မင်းရဲ့ လူက ဒီနေ့ ရောက်မှာရော ဟုတ်ရဲ့လား "
" ဟုတ်ပါတယ်ဆို "
" ငါတို့ရှေ့က ဆိုက်သွားတဲ့ လေယာဉ်ပဲ ဘယ်နှစင်း ရှိနေပြီလဲ မင်းလူက ပါကို ပါမလာသေးဘူး "
" နောက် လေယာဉ်နဲ့ နေမှာပေါ့ "
" ညလုံးပေါက် စောင့်နေရင်တောင် ရောက်လာပါ့မလား မသိဘူး! "
စိုင်းဟန်လျှမ်းမှာ လမင်းဘေးတွင် ဆိုင်းဘုတ်ကိုင်ကာ တစ်ယောက်တည်း ထိုင်လိုက်ထလိုက်နှင့် စိတ်မရှည်စွာ ပွစိရွတ်နေပြီ ဖြစ်၏။
တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် အလုပ်ဝင်နေပြီဖြစ်သော ဟန်လျှမ်းမှာ မိုင်းနောင်တွင် တစ်ယောက်တည်း ကျန်ခဲ့သော
လမင်းကို မောင့်ကိုလာကြိုမည့် အရေး၊ ရန်ကုန်ကို တစ်ယောက်တည်း လည်လည်ဝယ်ဝယ် မသွားတတ်မလာတတ်သော လမင်းအား စိတ်မချသည်မို့
ခွင့်ယူကာ မိုင်းနောင်ထိ လာကြိုပေးပြီး ရန်ကုန်အထိပါ လမင်းနဲ့အတူ မောင့်ကို ကြိုပေးနေရခြင်း။
" မင်းလက်ထဲက ဆိုင်းဘုတ်ကြီး ကို ချထားလိုက်ပါတော့
သူများတွေက မင်းဟာကြီး ကြည့်ပြီး ပြုံးစိစိနဲ့ "
" မင်းပဲ ရေးပေးထားပြီးတော့ ! "
လမင်းမှာ ခရီးသည်လေယာဉ် တစ်ခါ ဆိုက်လို့ ခရီးသည်တွေ ကိုယ်ဆီထွက်လာတိုင်း ဟန်လျှမ်းရေးပေးထားသော ဆိုင်းဘုတ်ပြားအား မြှောက်ပြထားကာ မောင့်အားရှာရသည်မို့။
ဆိုင်းဘုတ်ပြားကို ရင်ဝယ် ကပ်ထားလိုက်၊ မြှောက်ထားလိုက်နှင့်
တစ်ယောက်တည်း မညောင်းနိုင် ၊ မပင်ပန်းနိုင်။ လမင်းမှာ ထိုင်တောင် မထိုင်နိုင်ပါ။ တစ်ခါမှ လေဆိပ်လို နေရာမျိုးကိုမရောက်ဖူးတာမို့ ခရီးသည်များ ထွက်လာမည့် အပေါက်ဝကိုလည်း မျက်နှာမလွှဲရဲ။ မောင်နဲ့ လွှဲသွားမည်ဟု အစိုးရိမ်လွန်နေခြင်းကြောင့် ဖြစ်သည်။
စိုင်းဟန်လျှမ်းမှာ ဆိုင်းဘုတ်ပြားလေးကို ခေါင်းပေါ်တင်ကာ ငုတ်တုတ်ထိုင်ရင်း ရှုံ့မဲ့နေလေပြီ။ မတတ်နိုင်ပါ လမင်းရဲ့ ချစ်ရသူ
မောင် လိုက်ပါလာသော လေယာဉ်မှ မဆိုက်သေးပဲ။
ဟန်လျှမ်းပြောသလိုပင် ဆိုင်းဘုတ်ပြားကိုင်ကာ အပေါက်ဝဆီ တမျှော်မျှော်ဖြစ်နေသော လမင်းကို ဖြတ်သွားဖြတ်လာ လူများက
ကြည့်ကာ တချို့မှာ ပေါ်တင် ကြည့်ပြီး ရယ်သွားကြသလို၊ တချို့ကတော့ ပြုံးစိစိ ။ အမျိုးသမီး တွေကတော့ အဆိုးဆုံးပင်။
လမင်း မျက်မှောင်ကလေး ကြုံ့ကာ ရင်ဘတ်၌ ကပ်လျက် ကိုင်ထား
သော ဆိုင်းဘုတ်ပြားလေးအား ကိုယ့်ဘက် ပြန်လှည့်ကာ ရေးထားသော စာသားကို ပြန်ဖတ်ကြည့်မိသည်။
* ပြုတ်မနူးတဲ့ ဥကြီးရေ ~~လမင်း ဒီမှာ *
emoji လေးပါသော စာသားလေးသာ။
ဘာများရယ်စရာပါလို့လဲ ။ ကိုယ့်ကောင်လေး ကိုယ်ကြိုဆိုတဲ့ စာလေးရေးထားတာကို ။ ဟန်လျှမ်းက လေဆိပ်မှာသွားကြိုရင် သူများနဲ့ မတူတဲ့ idea ကို အသုံးချပြီး မြင်သာအောင် ရေးတတ်ရတယ် ဆိုတာနဲ့ပဲ လမင်းလည်း
ကိုယ့်ဟာကိုယ်ဆို မရေးတတ်တာမို့
သူငယ်ချင်းအကူအညီနဲ့ ရေးထားတဲ့ဟာလေးက ဘယ်နားကများ
ပြုံးစိစိဖြစ်စရာပါလို့လဲနော်။ တစ်ကယ်ပါပဲ။
"အိုက်လျှမ်း ! ပြုတ်မနူးတဲ့ ဥကြီးဆိုတာ ဘာကိုပြောတာလဲ "
"အမ်! "
ဒုက္ခပါပဲ ။ အစကတည်းက Welcome ပါ ခန့်စေထွဋ်နောင် ဆိုရင် ပြီးနေပြီကို အမြင်ကတ်ပုဒ်မနဲ့ မကျေနပ်တာတွေစုပြီး
ဂျင်းထည့်လိုက်ကာမှပဲ ကိုယ့်အထဲပြန်ဝင်ပြီး စပ်စပ်ခါနေရတော့မယ့် အဖြစ်။
သူ့ ဘဲကို သူ့ဘာသာ ကြိုမယ်ထင်လို့ပေါ့။ ဒီလို အဖော်ခေါ်ပြီး
လေဆိပ်မှာ အတူတူ ကြိုခိုင်းမယ်မှန်းသိရင် ရေးပေးပါ့မလားလို့။
*သန့် ရေ~~~ဟန်လျှမ်း ကို လာကယ်ပါအုန်း * လို့သာ မက်ဆေ့ပို့လိုက်ရသည်။ လမင်း ဟာကြီး ရောက်လာလို့ ဒီဆိုင်းဘုတ်က ဘယ်သူ့လက်ချက်လဲ မေးရင် ဘယ်အပေါက်ကပြေးရမှန်း မသိလို့။
"အိုက်လျှမ်း! ..."
"ဟမ် ~~ဟမ်! ဘာလဲ "
" မျက်နှာကြီး ရှုံ့မဲ့ပြီး ဘာတွေ တွေးနေတာလဲ "
"စိတ်ညစ်လို့ပေါ့ လို့ ...."
" မောင်က ရောက်တော့မှာပါ စောင့်ရတာ အရမ်းကြာလို့လား
ပျင်းနေပြီလား ဟင်..."
စိုင်းဟန်လျှမ်း ကိုယ့်အရှေ့မှာ ငုတ်တုတ်လေး ထိုင်ချလာကာ
မျက်နှာငယ်နှင့် ပြောလာသော သူငယ်ချင်းကြောင့် ခေါင်းသာ
ယမ်းပြလိုက်သည်။ ထို့နောက်....
" မင်း လက်ထဲက ဘုတ်ပြားကြီး ပစ်လိုက်ပါတော့ကွာ "
"ဘာလို့လဲ ..."
" အဲ့တာကြီးက ဟိုလေ ...."
ထိုစဉ် ~~~ လေယာဉ် ဆိုက်ရောက်ပြီဖြစ်ကြောင်း ကြေငြာသံကို ကြားလိုက်ရသည်ကြောင့် ဟန်လျှမ်း စကားမဆုံးသေးခင် လမင်းဟာ ခေါင်းကလေး ဆက်ခနဲထောင်လာကာ မျက်လုံးအရောင်လေးတွေဟာ တောက်သွား၏။ ဟန်လျှမ်းနှင့် မျက်နှာချင်းဆိုင် ငုတ်တုတ်ထိုင်နေရာမှ ချက်ချင်းထရပ်ကာ
ဟန်လျှမ်းရေးပေးထားသည့် ဗရုတ်သုတ်ခ ဆိုင်းဘုတ်ပြားကို မြှောက်၍ကိုင်ကာ မျှော်တလင့်လင့် လုပ်နေပြန်၏။
စိုင်းဟန်လျှမ်းမျက်နှာမှာတော့ အီးမှန်ထားသလို ရှုံ့မဲ့ နေပြီ။
ခရီးသည် တစ်ဦးပြီး တစ်ဦး ထွက်လာသည့်ကြားမှ မောင့်ကို လမင်း အသေအချာရှာနေမိ၏။ သိပ်မကြာလိုက်ပါ။
ငှက်ခါးရောင် T-shirt ကို ဒူးနှင့် ပေါင် နေရာတို့တွင် အပြဲပါသော ဂျင်း ကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်လာပြီး ထင်းထွက်နေသည့် အရပ်ခပ်မြင့်မြင့်နှင့် ထွက်ပေါက်မှ တစ်ယောက်တည်း Luggageဆွဲကာထွက်လာသည့် မောင့်ကို မြင်သည်နှင့်
လမင်းမှာ လက်ထဲ ကိုင်ထားသော ဆိုင်းဘုတ်ပြားအား မြင့်နိုင်သမျှ
မြင့်အောင် မြှောက်ပြကာ လူဟာလည်း ခုန်ပေါက်နေသလို
နှုတ်မှလည်း မောင့်ကို မနားတမ်းအော်ခေါ်နေမိ၏။
" မောင့်!...မောင်! လမင်း ဒီမှာ ! "
တစ်ယောက်တည်း ခုန်ပေါက်ကာ ဆိုင်းဘုတ်ပြားမြှောက်ပြ၍
အသံဝင်မတတ် အော်ခေါ်နေသော လမင်းကို မောင်ဟာ မြင်သွားပြီး တစ်ခဏမျှ အံ့ဩကာ ကြည့်နေလေသည်။ မကြာပါ
မောင့် အိတ်ကို ထားခဲ့ကာ လမင်းအနား မောင်ဟာ မပြေးရုံတမယ်
ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာ၏။ မောင့် ခြေလှမ်းတွေဟာ
အလျင်လို နေသလို ခပ်သွက်သွက်။ လမင်းဟာလည်း မောင့်အနားကို ရောက်နိုင်ဖို့ ခြေလှမ်းတွေက အပြေးတစ်ပိုင်း လှမ်းနေလေပြီ။
~~~~~~
ခန့်စေ အသေးလေးကို ပြန်ရောက်မည့်နေ့ကိုသာ ပြောပြဖြစ်ထားသည်ကြောင့် ရှမ်းပြည်ကနေ ရန်ကုန်အထိ သူ့ကို ဒီလို လာကြိုလိမ့်မည်ဟု မထင်ခဲ့မိတာ၊ မမျှော်လင့်မိတာ အမှန်ပါ။
ခေါ်နေကြ အသံလေးကို နားထဲ အဆက်မပြတ်ကြားနေရသည်မို့
အယောင်ယောင်အမှားမှားဖြင့် ဝေ့ဝဲ ကာ ကြည့်မိတော့
သူ့ အသေးလေးက တစ်ကယ်ကို ခုန်ပေါင်ပြီး အော်နေတာဖြစ်သည်။
အိမ်မက်များလား ။ တစ်ကယ်ဆို ဒါကို သူ အိမ်မက်လို့ မသတ်မှတ်ချင်ပါ။ ပြောမပြတတ်အောင် လွမ်းနေရပြီမို့ ။
ဒယ်ဒီ့လူတွေကိုသာ လာကြိုဖို့ လွှတ်လိုက်သည် ဆိုသည်မို့ ဒယ်ဒီ့ဆီ ဝင်ပြီးသည်နှင့် ရှမ်းပြည်မှာ ကျန်ခဲ့တဲ့ လမင်းဆီ တန်းပြန်ဖို့သာ
သူ စီစဉ်ထားတာ။ သူ့အသေးလေးက ဒီလို surprise လုပ်လိမ့်မယ်လို့ မထင်ခဲ့မိတာ အမှန်ပါ။
အသံကြားလိုက်သည်မို့ အသေအချာ ကြည့်ပါသော်လည်း အိပ်မက်မဟုတ်။ သူ့ အသေးလေး ဆိုတာ သေချာသည်မို့
အမြန်ဆုံး နီးနိုင်သမျှ နီးအောင် လှမ်းနေသော ခြေလှမ်းတွေဟာ
သွက်လွန်းနေသည်မို့ ယိုင်တော့မလိုပင်။
သူ့ချစ်ရသူဟာ သူ့ဆီ လက်ကလေး နှစ်ဖက် ဆန့်တန်းကာ ပြေးလာနေသည်မို့ ။
"အင့်! ..."
နီးသည်ထပ် နီးလာသည်နှင့် မလွှတ်ပေးချင်တော့လောက်အောင်
ရင်ခွင်ထဲ မြုပ်နေအောင် ဆွဲဖက်ထားလိုက်တော့၏။
ဒီ ခပ်သေးသေး ကိုယ်လုံးလေးကို သူ ဘယ်လောက်တောင် လွမ်းခဲ့လိုက်ရသလဲ။ အမေကို ဆုံးရှူံးရပြီးကတည်းက တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ သူ့အသေးလေးက ဘယ်လောက်တောင် တစ်ယောက်တည်း အားငယ်နေခဲ့မလဲ။ ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားတဲ့ အသေးလေးက ဘယ်လောက်တောင် သူခိုဝင်နေကြ ဒီရင်ခွင်ကို တောင်းတ နေခဲ့သလဲ အတွေးတွေနဲ့တောင် လိုက်မမှီနိုင်တာမို့
တင်းကြပ်စွာ ပြန်ဖက်ထားရင်း ရှန်ပူနံ့လေး သင်းနေသော
ခပ်အုပ်အုပ် ဆံနွယ်များကြား လွမ်းခဲ့ရသမျှ အတိုးချကာ နှာခေါင်းအား နှစ်မြုပ်ရင်း အကြိမ်ကြိမ်း နမ်းရှုံ့ နေမိ၏။
ရင်ခွင်ထဲက အသေးလေးဟာလည်း သူ့ကိုမြင်မှ တင်းထားသမျှ လျှော့ချလိုက်သလိုပင် ခန္ဓာကိုယ်လေးဟာ တသိမ့်သိမ့် တုန်ယင်ကာ
ငိုနေပြီမို့ ...
" မငိုပါနဲ့ မောင် မင်းအနား ပြန်လာပြီလေ "
" ဟီး~~~~~ မောင့်ကို လမင်း အရမ်းလွမ်းနေတာ "
ရင်ခွင်ထဲက အသေးလေးဟာ ဟီးခနဲ အားရပါးရငိုချကာ ပြောလာသည်မို့
" မောင်လည်း လွမ်းတာပေါ့ အခုတော့ မငိုပါနဲ့တော့
မောင့်ကို မျက်နှာလေး ပြပါအုန်း "
" ဟင့်အင်း ဖက်ထားအုန်းမှာ "
" ဟုတ်လို့လား အားရပါးရ ငိုပြီး နှပ်ချေးတွေ ထွက်ကုန်လို့
မလိမ့်တပတ်နဲ့ မောင့် ရင်ခွင်ထဲမှာ ခိုးသုတ်နေတာ မဟုတ်ဘူးလား "
" ဘာနှပ်ချီးမှ မထွက်ပါဘူးနော် !! "
ထို အသေးလေး အငိုတိတ်အောင် စကားရှာပြီး ပြောလိုက်တာ အသုံးဝင်ပါသည်။ မကျေနပ်စွာပင် မျက်စောင်းကလေး ရွယ်ကာ ခေါင်းထောင်ကာ ခပ်စွာစွာပင် ပြန်ပြောလာ၏။ ခါး၌ တင်းကြပ်စွာ ဖက်ထားသော သူ့လက်ကလေးတွေကိုတော့ မလွှတ်ပေးခဲ့ပါ။
"တိတ်တော့ မငိုနဲ့တော့ ငိုရင်လှတာလဲ မဟုတ်ပဲနဲ့ "
" မောင်! "
"ကဲ~~~~ ဒီနေ့ အလွမ်းဇာတ်လမ်းရိုက်လို့ ပြီးကြအုန်းမှာလား
စောင့်နေရတာ ၁နာရီ ပြည့်တော့မယ် တစ်ကယ်ပါပဲ ! "
လမင်းအနောက်မှ ခပ်စူးစူး အသံကို ကြားလိုက်ရသည်မို့ အနောက်အား လှည့်ကြည့်မိတော့ လက်ကို ဟန်ပါပါ ပိုက်ကာ
အထာကြီးနှင့် ပြောနေသော ဟန်လျှမ်း။ အနောက်တွင် လမင်း တစ်ခါမှ မမြင်ဖူးသော ဦးလေးကြီး နှစ်ယောက်ကဟန်လျှမ်းအနောက်တွင် ရပ်လျက်။
မောင့်ကို ပြန်မော့ကြည့်မိတော့ မောင်ဟာ ဟန်လျှမ်းကို စိုက်ကြည့်နေရင်းမှ ....
" ဒီ ချီးထုတ်က ဘာလိုက်လုပ်တာတုန်း "
"........" ။
ဟန်လျှမ်းမှာ ခန့်စေထွဋ်နောင်ကို မြင်ရင်ပဲ ငယ်ငယ်ကလို အော်တို ကြောက်ချီးပန်းချင်နေပြီ။ ဒီကတုံး အကျင့်ကိုက အရင်တိုင်းပဲ။ စိုင်းဟန်လျှမ်းတို့ကို မြင်ရင် သူ့ငယ်နိုင်လိုပဲ ဟောက်လား ငေါက်လားနဲ့ သူ့ဟာကျတော့ လေသံကတစ်မျိုး။ အမျိုးမျိုး ဆယ့်နှစ်မျိုး ချင်းသုပ်ကောင်။
စိတ်ထဲမှာတော့ အားရှိပါးရှိ ကြုံးဝါးလိုက်၏။
* သန့်စင်ထွန်း နဲ့ ယူပြီးမှ ပဲဟင်းထဲ ဝမ်းနုတ်ဆေးထည့်ချက်ပြီး
ထမင်းဖိတ်ကျွေးအုန်းမယ် * ဆိုတာပါပဲ။ တစ်ကယ်တမ်းမှာ ဘာအသံမှ ထပ်မထွက်ရဲ။ အားကိုးစရာ ကိုယ့်လူမှ မပါတာ။
" အိုက်လျှမ်းက လမင်းကို လာစောင့်ကူတာပါ မောင်ရဲ့ "
" သာသာယာယာ မကြည်နူးရဘူး ပုဇင်းရင်ကွဲ အသံနဲ့
တစ်ကယ့် အဖျက်ကောင် "
"......."
ဪ~~~
ကျေးဇူးမတင် ဖင်လှန်ပြ ဆိုတဲ့စကား ကြားဖူးတယ်မလား။
ငါ့သူငယ်ချင်း ထွန်းလမင်းသာ ရဲ့ ဘဲက
သူ့ ဖင်ဖြူတယ်ဆိုတိုင်း ကျေးဇူးမတင် ဖင်လှန်ပြတဲ့ကောင်။
သူ့ဟာလေးကို တောင်ကြီးကနေ မိုင်းနောင်အထိ သွားကြိုပြီး
မိုင်းနောင်ကနေ ရန်ကုန်အထိ ခွင့်ယူပြီးတောင် လာပို့ပေးထားတာကို လှန်ပြနေလိုက်တာများ......
ဒေါသတွေ ထွက်လွန်းလို့ ကိုယ့်ရည်းစား ဖင်ကိုပဲ ပြေးပြေးပြီး
လှန်ကြည့်ချင်တော့တယ်။
ကျေးဇူးကန်းတဲ့ကောင် ဖင်လှန်ပြတာပဲကြည့်နေစရာလား။
ကိုယ့်လူ ဖင်ပဲ လှန်ကြည့်တော့မှာပေါ့။
နယ်နယ်ရရ ဖင်မှ မဟုတ်ပဲ ဆရာဝန်ဖင်ကွ ။ ဆရာဝန်ဖင်။
တစ်ယောက်တည်း ကြုံးဝါးလို့ မဆုံးသေး ။ နားထဲ ဝင်လာသော အမေးစကားကြောင့် ရှေ့တစ်ပတ်ကမှ ညှပ်ထားသော ဆံပင်တွေပင် တစ်ချောင်းချင်း ထောင်ထ သွားသလိုပင်။ ကြက်သီးများထကာ လူဟာ မလုံမလဲ နှင့် ပြေးပေါက်ရှာရတော့မလိုလို။
" ဒါနဲ့ မောင့်လမင်း ကိုင်ထားတဲ့ ဘုတ်ပြားမှာ ဘာရေးထားတာလဲ "
>>>>>><<<<<<
မနေ့က upမလို့ပါပဲ လိုင်းကောင်းတာကို စောင့်နေရင်းနဲ့ အိပ်ပျော်သွားတယ်ရှင် ။
-pont-00-