ချစ်ချင်လို့ ချစ်တာ ( Complet...

De -Pont-00

346K 14.2K 361

ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက... Mais

အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
Photo
21
22
23
24
25
26
27
28
29
No update
29. (ZawGyi)
30
30 (ZawGyi)
31
31 (ZawGyi )
A/N
32
32(ZawGyi )
33
33(ZawGyi )
☘️
34
34(ZawGyi )
35
35(ZawGyi )
Hello
36
36(ZawGyi)
37
37(ZawGyi )
38
38(ZawGyi )
FB acc & page
39
39(ZawGyi )
40
40(Zawgyi)
41
41(Zawgyi)
42
42( ZawGyi)
43
43(Zawgyi)
44
44(Zawgyi)
45
46
46(Zawgyi)
47
47(Zawgyi)
No update
48
48(ZawGyi)
49
49(ZawGyi )
50
50(ZawGyi)
51
(51) Zawgyi
52
52(Zawgyi)
53 -1. (final)
53-1(final) Zawgyi
53-2 (final)
53-2(final) Zawgyi
Extra (1)
Extra (1) ZawGyi

45(Zawgyi)

1K 17 2
De -Pont-00

A/N) .. ထိပ်ဆုံးမှာ စကားကြော နည်းနည်း ရှည်လိုက်ရလို့ အားနာရပါတယ်။ သည်းခံပြီးဖတ်ပေးပါနော်။

ပုံ့ရဲ့ အခု Fiction လေးကို review page 2ခုဆီကနေ
review လှလှလေးတွေရခဲ့ပါတယ်။

ပုံ့ ရေးသမျှကို မငြီးမငြူ ဖတ်ပေးတဲ့ သူတွေထဲကပဲ review တောင်းပေးကြတယ် ထင်ပါတယ်။ ပုံ့ အနေနဲ့သာဆို
ရေးသမျှကို ဒီမှာပဲထားခဲ့တာပါ။ ပုံ့ficတွေနဲ့ ပတ်သက်ပြီး ပုံ့ accကို သယ်သွားတာမျိုး၊ ဈေးဗန်းခင်းတာမျိုးတောင် မလုပ်ပါဘူး။
Gpမှာ နှစ်ခါလားပဲ postတစ်ခုနဲ့ လင့်ချပေးခဲ့တာ။ခဏခဏ ဆိုရင်
အမြင်ကတ်မှာဆိုးတာလည်းပါတာပေါ့။
ဒီမှာ ပုံ့ပြချင်တဲ့ ပုံလေးတွေ ပြမရလို့ page မှာပဲ သပ်သပ် သိချင်တဲ့သူ အဆင်ပြေပြေ ကြည့်လို့ရအောင် တင်ပေးထားရုံပါပဲ။ အဲ့လိုလေးတွေ လုပ်ပေးဖြစ်ရုံကလွဲရင် ပုံ့က တိတ်တိတ်လေးပဲ နေတဲ့သူပါ။ဘာလို့လည်းဆိုတော့ review နဲ့ ပတ်သတ်ပြီး
ပုံ့မှာ စိတ်ဒဏ်ရာသေးသေးလေး ရှိနေလို့ပါ။ ပုံ့ plotပြန်ချိန်းဖို့ unထားတဲ့ Need to believe. in love လေးကို ပုံ့ ရေးဖြစ်တာ 2021ကပါ။ အဲ့တုန်းက ဘာရယ်မဟုတ်ပါဘူး
သူငယ်ချင်းက review သွားတောင်းပါလား pageတွေမှာ ။
သူတို့ လုပ်ပေးတယ် ဆိုလို့ သွားပြောကြည့်တော့ pageက ပုံ့ပေးတဲ့ linkကနေ ပုံ့ Wattpad accကို ဝင်ကြည့်တာ followers
20ပဲ ရှိလို့ပါတဲ့။ ၊နာမည်မကြီးတဲ့ Author ရဲ့ ficမို့ သူတို့ စဉ်းစားအုန်းမယ် ဆိုပြီး စကားလှလှနဲ့ ပုံ့ တောင်းဆိုမှုကို ငြင်းခဲ့ကြတာပါ။ အဲ့နောက်ပိုင်း ပုံ့ ကိုယ့်ဘာသာ တစ်ယောက်တည်း ကြိတ်ပြီးပဲ ရေးပါတယ်။ ပြောခဲ့ဖူးသလိုပါပဲ ပုံ့ followers, vote
မမက်ပါဘူး ။ ပုံ့ အရေးအသားကို ကောင်း၏ဆိုး၏ ဝေဖန်ပေးပြီး
ရေးသမျှ ဖတ်ပေး၊ ဝေဖန်ပေးတဲ့သူကိုပဲ မက်မောတာပါ။
Followers တစ်ယောက်ပဲရှိရင်တောင် ပုံ့ရေးတာတွေ သူဖတ်ပေးနေရင် ပုံ့ သူဖတ်ဖို့ အမြဲ ရေးပေးနေဖြစ်မယ် ထင်ပါတယ်။ ပုံ့ပျော်ရွှင်ရာ ရပ်ဝန်းဟာ များပြားကျယ်ပြန့်နေဖို့ မလိုပါဘူး။ စစ်မှန်မှုတွေ ဝန်းရံနေရင်သာ ပျော်ပါပြီ။

ပြီးတော့ reader လေး တစ်ယောက်က သူ review သွားတောင်းထားတာ အခုထိမပေးသေးလို့ဆိုပြီး ပုံ့ကို မြန်မြန် complete ဖြစ်အောင် ရေးပေးပါလား ဆိုပြီး လာပြောပါတယ်။
Complete ဖြစ်ဖို့က လိုပါသေးတယ်။ ပုံ့က အေးအေးဆေးဆေးလေးပဲ သွားဖို့ အစကတည်းက plotချထားလို့ပါ။ နှစ်သက်လို့ review လေး သွားတောင်းပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

နောက်တစ်ယောက်က နင့်ficက မုဆိုးမလေး မဂင်္ဂါထပ် ဆိုးနေပြီ စာအုပ်ထုတ်ရင် ဘယ်လိုလုပ်မှာလဲ ပြောလာပါတယ်😅
စာအုပ်ထုတ်ဖြစ်ဖို့ ရည်ရွယ်ပြီး ရေးခဲ့တာမဟုတ်တာမို့
အပိုင်းတွေက 50ကျော်ပြီး မနည်းမနော ဖြစ်နေမှာ အသေအချာပါပဲရှင်။ completeသွားရင်တောင် စိတ်ကူးပေါက်တိုင်း extraတွေ လာလာရေးတင်ဖြစ်မှာမို့ ဒီficနဲ့ ပတ်သတ်ပြီး စာအုပ်ကိစ္စက လုံးဝကို Noပါရှင်။ ပုံ့ ဖန်တီးမှုလေးတွေက စာအုပ်ဆိုတဲ့စကားလုံးအောက်ရောက်ဖို့ အရည်အသွေးတွေ အများကြီးနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။

...................


Relationshipတစ်ခုမှာ နာကျင်ခြင်း၊ လွမ်းဆွေးခြင်းနတ္ထိ သာဆိုရင် ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်း ဖြစ်နိုင်ပါ့မလား။

ချစ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲတွေ အများကြီး ရှိတယ်တဲ့ ။

ချစ်မိပြီ ဆိုရင် သဝန်တိုတတ်လာမယ်၊ စိတ်ဆိုးတတ်လာမယ်၊
စိတ်ကောက်တတ်လာမယ် ၊ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ
စကားများတာမျိုး ဖြစ်တတ်လာမယ်တဲ့။

မောင်နဲ့ တွဲလာတဲ့ နှစ်တွေအတွင်းမှာ လမင်းဘက်က မောင့်အပေါ်
မသိမသာရော၊ သိသိသာသာပါ ဆိုးပြခဲ့တာတွေ ရှိတာပေါ့။
မောင့်ဘက်က သဝန်တိုသလို လမင်းဘက်ကလည်း သဝန်တိုတာတွေ ရှိခဲ့ဖူးသလို ၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခိုက်အတန့်တွေမှာ မောင်နဲ့ စကားများပြီး အဆက်အသွယ် ဖြတ်ခဲ့တဲ့ ရက်လေးတွေလည်း ရှိခဲ့ဖူးတယ်။
ဒီလို ကိစ္စတွေ ဖြစ်လာတိုင်း ပြေလည်ချိန်တန် ပြေလည်ဖို့ မောင့်ဘက်က အရင် အလျော့ပေးခဲ့တာတွေ ချည်းပါပဲ။

ဒေါသကြီးပြီး ပေါက်ကွဲလွယ်တတ်တဲ့ မောင်ဟာ လမင်းကြောင့်ပဲ
စိတ်ရှည် သည်းခံတတ်နေပြီ။

တစ်နှစ်ငယ်တဲ့ မောင့်အပေါ် ဆိုးချင်တိုင်းဆိုးတာ မောင် ချစ်မှန်းသိလို့ ဆိုသလို မောင့်ကို ချစ်လို့ပဲ ဆိုးမိတာ။

ဒါဟာ မောင်နဲ့လမင်းကြားကရော ချစ်တတ်သူတွေ ကြားမှာပါ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းအောက်က ခေါင်းစဉ်ခွဲ တွေ ပါပဲ။

ဝေးနေရရင်တောင် လမင်းအပေါ်ထားတဲ့ မောင့်အချစ်က သံသယဖြစ်ဖွယ် မရှိခဲ့ပါ။

~~~~~~


Ring..

လမင်း ဘော်ဒါဆောင်မှ စစ်ဆေးသော စာမေးပွဲ အဖြေလွှာများအား စစ်ဆေးနေစဉ် မက်ဆေ့ခ်ျဝင်သံနှင့်
တစ်ပြိုင်နက်တည်း လင်းလာသော ဖုန်းမျက်နှာပြင်ကြောင့် ကြည့်လိုက်ရာ မောင့်ဆီက ပို့လာတဲ့ စာတို ။

.." Happy 5years anniversaryပါ မောင့်လမင်း " 

မောင်ပို့လာတဲ့စာတိုအား ဖတ်ပြီး စိတ်လိုလက်ရ ပြုံးမိသည်။
ထို့နောက် မောင့်ဆီ စာတို ပြန်ပို့လိုက်၏။


.." ဟုတ်    5years anniversary ပါ
           မောင် မအိပ်သေးဘူးလား "


" မနက်ဖြန် ပိတ်ရက်လေ မောင့်လမင်းရဲ့  "


"  အင်းပါ ... ညနက်ပြီး အိပ်တော့လေ "

" ကိုထွန်းလမင်းသာ တို့က လူကို အတင်းအိပ်ခိုင်းနေတာပဲ
         တခြား ဘာမှ မပြောတတ်တော့ဘူးလား "


"   ပြောတတ်တာ ပြောကြေးဆိုရင် မောင့်ကိုချစ်တယ်၊
         လွမ်းတယ်၊ သတိရတယ် ၊ တွေ့ချင်တယ်  ဒါပဲ ပြောချင်တာ "

လမင်း ပို့လိုက်တဲ့ စာသည်  မောင်ဖတ်ပြီးကြောင်း ပြပေမယ့်
မောင့်ဆီက ပြန်စာ မလာ။ ထိုအစား video callခေါ်လာသောကြောင့်  လမင်း ပြုံးကာ ချက်ချင်းကိုင်လိုက်သည်နှင့် screen ပေါ်၌ ပေါ်လာသော
မောင့် မျက်နှာချောချောအား အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုပဲ ငေးကြည့်နေမိသည်။

အထက်တန်းကျောင်းသားဘဝတုန်းက မြင်နေကြ မောင့်ဆံပင်ဟာ
မည်းနက်နေခဲ့ပြီး အမြဲလိုလို တိုကပ်ကပ်ညှပ်ထားတတ်၏။
စတွေ့ခါစ မောင် ၈တန်းကျောင်းသားအရွယ်ကဆို 2cmတောင် မပြည့်ချင်တဲ့ ကတုံးပေါက်ကေ နဲ့မို့  မောင့်ပုံစံဟာ ဂျစ်တီးဂျစ်ကန်။

၁၈နှစ်ပြည့်ပြီးပြီ ဖြစ်သော မောင့်ပုံစံသည် တွဲလာသည့် နှစ်တွေအတွင်း တစ်စတစ်စ ပြောင်းလဲလာခဲ့ပြီး နဂို ရှည်သည့်အရပ်က ၆ပေစွန်းစွန်း အထိ ရှည်လာခဲ့သလို
ကျန်းမာရေးအတွက် အားကစားလိုက်စားသော မောင့် ခန္ဓာကိုယ်ဟာဖြင့် ကျယ်ပြန့်သော ကျောပြင်၊ရင်အုပ်ကျယ်ကျယ်နှင့်
ခပ်တောင့်တောင့် ဖြစ်လာကာ အရင်က ခပ်တိုတိုဆံပင်တို့ဟာ
ဘေးကိုသာ ကပ်၍ ပါးကာ အလယ်ခွဲ၍ခပ်အုပ်အုပ်ပုံစံဖြစ်အောင်
ပုံသွင်းထားပြီး ငွေမှင်ရောင်ကို ပါးပါးလေး ဆိုးထားပုံမှာ
မောင့်ရဲ့ မဖြူမညိုသော အသားအရေနှင့် ပနံသင့်နေတာမို့

တစ်ဖက် screen ၌ ပြုံးလျက် ကြည့်နေပါသော မောင့် မျက်နှာမှ အစိတ်အပိုင်းတစ်ခုချင်းဆီ ကို လမင်း လွမ်းရသော ပမာဏနှင့် ညီမျှအောင် ကြည့်နေမိ၏။

" အဟွန်း...မောင် ခန့်တာ ချောတာ  မောင်သိတာမို့ အဲ့လောက်မကြည့်နဲ့ "

အရေးထဲ ကိုယ့်ဘက်ကိုယ်ယှက် နေတဲ့ လိပ်ကြီးကြောင့် လမင်း
နှာခေါင်းလေး ရှုံ့ပြကာ မျက်စောင်းထိုးလိုက်၏။


"လွမ်းလို့ပေါ့  လွမ်းလို့ကြည့်တာလေ  လိပ်ကြီးရဲ့ "


"လွမ်းနေရဲ့သားနဲ့ အတင်းအိပ်ခိုင်းတာ ဘယ်သူလဲ "


"ခန့်စေထွဋ်နောင် ရဲ့  အသဲတုံးလေး နေမှာပေါ့ "

"ဟား ..ဟား... "

လမင်းအပြောကြောင့် မောင်ဟာ ခေါင်းကိုမော့ရင်း သဘောတကျ ရယ်မောလေ၏။ ထိုအရာကိုပဲ လမင်းမှာ မေးလေးထောက်ကာ ပြုံးကြည့်နေမိ၏။

" မောင် .."

"ဟွန်~~"

ပြုံးစစနှင့် မေးဆက်ကာ ထူးရင်း screen ရှေ့ နီးသည်ထက် နီးလာအောင် ကပ်၍ နားထောင်နေသော မောင့်အား

" လမင်း မောင်နဲ့ ဒီလို မဝေးချင်တော့ဘူး "

" အင်း...ခဏပဲ မောင်တို့ ဒါပြီးရင် ထပ်မဝေးတော့ဘူး နော် "

" မောင့်ကို အရမ်း လွမ်းနေပြီ သိလား "

" မောင်က ပိုလွမ်းတယ် "


"ဟင့်အင်း လမင်းက ပိုလွမ်းတာ အမြဲတမ်း ကျန်နေခဲ့ရလို့ "


" မောင်တို့ ဝေးနေရတာ တစ်သက်တာ နီးစပ်နိုင်ဖို့ အတွက်ပဲ မဟုတ်ဘူးလား မောင့် အချစ် "


"အင်း ! "

Screen ထက်က မောင့်မျက်နှာကို ကြည့်ကာ စကားတွေ ပြောနေရင်းတောင် အတိုင်းအစမဲ့အောင် လွမ်းလာရတာမို့
မျက်ရည်များဟာ ဝေ့သီလာ၏။ ဒါကို မောင်က မြင်ပြန်တော့...


"မငိုပါနဲ့ကွာ မောင့်ကို အခုချက်ချင်း မင်းဆီ မိုင်ထောင်ချီ နှင်ပြီး
အပြေးလာချင်စိတ်ပေါက်အောင် မငိုပါနဲ့ "

"......."

" မောင့် ဘဝထဲကို မင်းလှလှပပလေး ဝင်လာနိုင်ဖို့ ၊ အခက်အခဲမရှိ
  ခိုဝင်နိုင်ဖို့ ၊ မောင် မင်းကို အပြည့်အဝကာကွယ်နိုင်ဖို့ မောင် ကြိုးစားနေတာမို့  မောင် ထပ်ပြီးတောင်းဆိုပါရစေ
မောင့်ကို မောင့် လမင်းက စောင့်နေပေးပါ"

" အင်း ... ပြန်လာရင် သူများကို တာဝန်ယူရမယ်မှတ်  "

စူပုတ်ပုတ် မျက်နှာလေးနှင့် နှုတ်ခမ်းကို ဆူကာ ပြောလာသော
အသေးလေးကြောင့် မျက်ခုံးတို့ကို ပင့်ကာ ဘာမှ မသိသလို ပြန်မေးတော့ တစ်ဖက် Screen မှ ပစ်လွှတ်လိုက်သော မျက်စောင်းလှလှလေး။


" ဘာလို့တုန်း လမင်းရဲ့ "


" မောင်   သူများကိုစိတ်ဆိုးတုန်းက အတင်းနမ်းပြီး သူများအခန်းထဲ တစ်ညအိပ်သွားတယ်လေ "


"နမ်းရုံပဲလေ မောင် ဘာမှမလုပ်ခဲ့ရပါဘူး "


"  မရပါဘူး "


"   တော်ရုံပဲ အသည်းယားအောင်လုပ်  အခုချက်ချင်း ထပြန်လာမိလိမ့်မယ် "


" ပြန်လာလည်း လမင်းအတွက် အရှုံးမရှိပါဘူးလေ နော်...."

"......."

နှုတ်ခမ်းကို ဖွဖွ ကိုက်ကာ ကြည့်နေသော မောင့်ကို လမင်း လျှာထုတ်ကာ ပြောင်ပြရင်း Endဖို့သာ ပြောလိုက်၏။

" အိပ်တော့နော် အသည်းနှလုံး ၊ အာဘွား မွချိ ဟီး..."

မောင့် အပြောကို မစောင့်ပဲ endလိုက်ကာ line ပါ တစ်ခါတည်း
ပိတ်လိုက်၏။ မဟုတ်လျှင် မောင်က မအိပ်ပဲ ဂျစ်တိုက်ကာ ခေါ်နေမည်ကို သိတာကြောင့်ပင်။

မောင်ဟာ ဆယ်တန်း resultသိရကတည်းက မောင့် အဖေ၏ တောင်းဆိုချက်ကြောင့် ကနေဒါတွင် ကျောင်းသွားတတ်နေခြင်းဖြစ်၏။

မောင်နှင့် လမင်း၏ အကြောင်းကို မောင့် အဖေတို့ဘက်ကရော
လမင်းတို့ဘက်ကပါ သိသွားသည်မို့  အကွက် မြင်လွန်းတဲ့ မောင့်အဖေဟာ တောင်းဆိုမှု ဆိုတာထပ် အပေးအယူ သဘောဖြင့်
မောင့်အား ပညာသင် လွှတ်ခြင်းဖြစ်၏။ ဒါဟာလည်း
နိုင်ငံခြားတွင် ဘွဲ့ယူကာ ပြန်လာသည်နှင့် လုပ်ငန်းအားလုံး လက်လွှဲယူခိုင်းသလို  ပြီးလျှင် အရာရာတိုင်းဟာ မောင့်စိတ်တိုင်းကျ ဖြစ်စေရမည် ဆိုတာမျိုး။ လမင်းနှင့် သဘောမတူနိုင်လို့ ထိုသို့ လုပ်သည်တော့ မဟုတ်။ သားတစ်ယောက်အပေါ် အများကြီးမျှော်မှန်းထားသော ဖခင်တစ်ယောက်၏ မျှော်လင့်ချက်ကို လမင်းနားလည်ပါ၏။ ဒါကြောင့်လည်း
မောင်နဲ့ လမင်းရဲ့ ချစ်ခြင်းကို လက်ခံကြိုဆိုပေးကြသော သူတွေအပေါ် ဘာမှ ထပ်ပြီး အတွန့်မတက်ချင်တာကြောင့်ပါ။

မောင်တို့သူငယ်ချင်းလေးယောက်ထဲမှာ မောင်နဲ့ ဝဏ္ဏဦးဟာ
နိုင်ငံရပ်ခြားမှာ ကျောင်းတတ်နေသလို၊ ကျန်နှစ်ယောက်ဖြစ်သော
သန့်စင်ထွန်းနှင့် အိုက်တွမ်ဟာ ဆေးမှတ်မှီသည်မို့ ဆေးကျောင်း တတ်ရင်းသာ ကျန်ခဲ့၏။ သို့သော် အချင်းချင်း အဆက်အသွယ် မပြတ်ကြ။

ဆေးမှတ် မမှီ၍ ဆေးကျောင်းနှင့် ဝေးခဲ့ရသော အိုက်လျှမ်းကတော့
ဆေးကျောင်းသားကို ရည်းစားတော်ထားပြီမို့ မြှောက်ကြွမြှောက်ကြွ။ အိုက်လျှမ်းကိုယ်တိုင်က Nursingတတ်နေသည်မို့ နှစ်ဦးသား လိုက်ဖက်လွန်းပါသည်။

စိုင်းဟန်လျှမ်းတို့ရဲ့ အသစ်စက်စက် ရည်းစားလေးဟာ အခြားသူတော့မဟုတ် သန့်စင်ထွန်းပါပဲ။

>>>>><<<<<

Update နောက်ကျတာမို့ အကြွေးဆပ်တဲ့အနေနဲ့ မနက်ဖြန် ထပ်လာခဲ့ပါ့မယ်ရှင့်။

-pont-00-




Continue lendo

Você também vai gostar

288K 7.6K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
569K 37.2K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
625K 60K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
780K 25.1K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...