💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--13}
**************💘*************
နံနက်ခင်းသည် ဆောင်းအငွေ့အသက်ကြောင့် အေးစက်စက်ဖြစ်နေဆဲ
သို့သော် အဖြူရောင်စံအိမ်ထဲရှိ ကမ္ဘာဦးမှာတော့
မအေးချမ်းနိုင်။
ဘာကြောင့်ဆို သားဖြစ်သူဖုန်းကို ခေါ်မရ၍
မအေးချမ်းနိုင်သည့် စိတ်ကိုသယ်ဆောင်လျက် ခြေလှမ်းတွေက မျိုးရိုးဂုဏ် စံအိမ်ဆီသို့
" သားစိုင်း...သားစိုင်းရှိလား မမချို "
" အေး...ရှိတယ်လေ ကမ္ဘာ ! ခဏနေ ဆင်းလာ
လိမ့်မယ် ... ဘာဖြစ်လို့လဲ "
" သားက...အိမ်ပြန်မလာဘူး မမချို !
ကျွန်တော် ဖုန်းဆက်တော့ ဖုန်းမကိုင်ဘူးဗျာ !
ကျွန်တော် အရမ်းစိတ်ပူလို့ပါ !
လိုက်သွားချင်ပေမယ့် သား ငြိုငြင်မှာ စိုးလို့ "
သားဇောဖြင့် ပူပန်နေတာတောင် နုနယ်မှုတွေ ပျောက်ဆုံးမသွားတဲ့ ကမ္ဘာ့ကို ကြည့်ရင်း
" သားရစ်လေးက...ကော်ဖီဆိုင်မှာပဲ အိပ်တာလေ!
ခဏတော့ ဒီအတိုင်း ကြည့်နေလိုက်ပါ ကမ္ဘာ !
တစ်ပတ်လောက်ကြာမှ လိုက်သွားပေါ့ "
" ဟုတ်ကဲ့...ကျွန်တော် အဲ့လိုပဲလုပ်ပါ့မယ် "
" မနက်စာစားသွားဦးလေ...ကမ္ဘာ "
" ဟုတ်တယ်...မင်းပုံကြည့်ရတာ ဖြူဖျော့နေပြီ !
အဲ့လောက်ထိ စိတ်ကို မလျှော့ချပါနဲ့ ကမ္ဘာရာ !
လာ...မနက်စာစားသွား !
သားရစ်လေးက ခဏကောက်နေတာပါကွာ "
ကိုကြီးထင်နှင့် မမချို အတင်းခေါ်နေတာမို့ ကမ္ဘာ
မနက်စာဝိုင်းဆီ ပါလာရတော့သည်။
" စား...ကမ္ဘာ !
စိတ်မကောင်းတာလည်း စိတ်မကောင်းတာပေါ့
ကျန်းမာရေးလည်း ဂရုစိုက်မှပေါ့ ဟယ် "
" ဒါနဲ့...ကမ္ဘာ !
မင်း ဒီရက်ထဲ ကုမ္ပဏီကိစ္စတွေကို အာကာနဲ့ပဲ
လွှဲထားတယ် မဟုတ်လား !
အရေးကြီးတဲ့ ကိစ္စတွေပဲ မင်းလုပ်တာလို့ တစ်နေ့
က dinner ပွဲတစ်ခုမှာ အာကာနဲ့တွေ့လို့ ပြောတယ်
အရမ်းကြီး ဖိအားမထားပါနဲ့ကွာ !
ကလေးက စိတ်ဆိုးတုန်းခဏပါ "
" ဟုတ်ကဲ့ပါ...ကိုကြီးထင် နဲ့ မမချို ပြောတာကို
ကျွန်တော် နားလည်ပါတယ် !
ဒါပေမယ့် ....."
" ကဲပါကွာ...ဘာမှသိပ်မတွေးနဲ့ ! စား သေချာ "
" ဟုတ်ကဲ့ "
တကယ်ဆို ဦးစိုင်းဂုဏ်ထင် နှင့် ကမ္ဘာက အသက်
14 နှစ်တောင် ကွာကြတဲ့သူတွေ
ညီတစ်ယောက်ဆိုတာထက် သားတစ်ယောက်လို
ဒီကောင်လေးကို ချစ်ခင်ရတာမို့ ခုလို အစားပျက်
အအိပ်ပျက် ဖြစ်နေတာကို တကယ်မလိုချင်
" ဟာ...အန်ကယ်လ် ရောက်နေတာပဲ "
" Morning ...အန်ကယ်လ် "
" Morning...ကိုမင်း နဲ့ သားစိုင်း !
သားတို့ ကိုကြီးရော "
" ကျွန်တော်...ရောက်ပါပြီ အန်ကယ်လ် "
" အေးပါ "
သားသုံးယောက်က ကိုယ်စီ မနက်စာစားဖို့ နေရာယူရင်း ကမ္ဘာ့ကို နှုတ်ဆက်နေကြတာက သားရစ်လေးပါ ရှိနေရင် ဘယ်လောက်ကောင်းမလဲဟု ဂုဏ်ထင် တွေးနေမိလျက်
" သားတို့ကလည်းကွာ ... !
အန်ကယ်လ်ခေါ်ရလောက်အောင်လည်း မင်းတို့
ဦးကမ္ဘာက အသက်မကြီးသေးပါဘူးကွာ "
" အေးလေ...ကိုရယ် !
ဒါပေမယ့် ကမ္ဘာက သားတို့ကို သူကိုယ်တိုင်
အန်ကယ်လို့ သုံးတော့လည်း "
" ကျွန်တော်...ငယ်မှန်းမသိချင်လို့ပါ ကိုယ့်ဖာသာ "
" ဒါဆို...ဒီနေ့ကစပြီး !
သားကတော့ ဦးးးလို့ ခေါ်မယ်လေ "
" ဟင် "
" ဦးကမ္ဘာလို့ ခေါ်မယ် ကျွန်တော်က "
စိုင်းဆီမှ ထွက်ကျလာသည့် ဦး ခေါ်သံကြောင့် ကမ္ဘာ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတာကို မည်သူမျှသတိ
မထားမိဘဲ
ကိုမင်းကပါ သူခေါ်မည့် နာမ်စားကို ရယ်သံစွက်လို့
အပြိုင်အဆိုင်ပြောနေတာ
" ကျွန်တော်က...လေးလေးလို့ပဲ ခေါ်ပါ့မယ် !
တကယ်တော့ အဲ့လိုတောင် မခေါ်သင့်လောက်ဘူး
ဒါပေမယ့် "
" ရပါတယ်ကွာ...ကိုဦးလို့ပဲ ခေါ်ပါ "
" ဟုတ်ဗျ "
ကိုယ့်ကလေးရဲ့ အဖေကို ကိုဦးလို့ ခေါ်ရမှာအနည်းငယ် တစ်မျိုးဖြစ်သော်လည်း....
နံနက်စာဝိုင်းက ကြည်နူးစရာဖြစ်နေသော်ငြား ရစ်
တစ်ယောက်လစ်လပ်နေသည့်အခါ
ရယ်သံတွေက အလိုလို ခြောက်ကပ်နေတာ အမှန်ပါလေ။
*********
" ရစ် "
" ဟင် "
" မင်း...ဒက်ဒီက မနက်က လာမေးနေတယ် !
မင်းက သူ့ဖုန်းကိုလည်း မကိုင်လို့တဲ့ "
" အင်းးး "
" မေမေ နဲ့ ဖေဖေ ကတော့ ခဏလောက် လွှတ်ပေးထားလိုက်ပါလို့ သေချာပြောပြနေ တာပဲ !
ဖုန်းတော့ ဆက်လိုက်ပါကွာ ...စိတ်ပူနေရှာတာ "
" အင်းး "
ခုထိ အင်း တစ်လုံးကလွဲပြီး ဘာမှမပြောဘဲ မုန့်ဟင်းခါးကိုသာ စိတ်ဝင်တစားထိုးသွပ် နေသည့်
ရစ်
ခံစားရတာများတော့ နာကျင်မှုတွေက ရစ်ကို မာကျောသွားစေခဲ့သလား မပြောတတ်
ကိုယ့်အစ်ကိုကလည်း ခုမှ ရွဲပြဲနေတာ ကိုယ်အသိဆုံး
သို့သော် ရစ်ကို တစ်ထစ်လျှော့ပေးပါလို့ ပြောရအောင် မတရားရာ ကျနေမယ် မဟုတ်လား
နောက်တစ်ခုက စေ့စပ်ပြီးသား ရှိနေသည့် လူကို
ရစ်က ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်
ကိုကြီးသာ စေ့စပ်ပွဲပျက်ပြီဆို ကျန်တဲ့ အပိုင်းက
စိုင်းတို့ ဆက်လှုပ်ရှားလို့ရပြီဖြစ်သည်။
" ဟင် ...ဟေ့ရောင် ဟိုမှာ ကို ကိုကြီး !
မင်းရဲ့ ဦးရှ "
" အင်းး ...!
ကော်ဖီဆိုင်ကို ကော်ဖီလာသောက်တာ ဆန်းလို့လား "
" ဪ...အေး ဟုတ်သားပဲ ...အယ် ဒါ ဒါပေ...."
စိုင်း စကားတောင် မဆုံးလိုက် ရစ် ထိုင်နေသည့်
ဘေးခုံတွင် ဝင်ထိုင်လိုက်သည့် ကိုကြီး
မုန့်ဟင်းခါးကို ပါးစပ်ထဲ ထည့်ဖို့ ပြင်ပြီးမှ မမေ့နိုင်
ပါသော ချစ်ရသူ၏ ကိုယ်သင်းရနံ့က နှာခေါင်းဝဆီ ကလူကျီစယ်လာခြင်း နှင့် အတူ နံဘေးနားဆီ
ကပ်ထိုင်လာတာ သိလိုက်ရချိန်
ညာမရတဲ့ ရင်ခုန်သံက ထိန်းချုပ်ရခက်လာပေမယ့်
နာကျင်မှုတချို့က ရစ် နှုတ်ခမ်းသားတွေကို ကွေး
ညွတ်သွားစေတယ်။
" ကလေး "
" ဪ...ဒေါက်တာ !
ကော်ဖီလာသောက်တာလား ဗျ "
အမူအယာမပျက်ပါဘဲ ပကတိအေးချမ်းသော လေ
သံ တည်ငြိမ်သော မျက်နှာလေးဖြင့် မေးလာပါသော ကလေးကို ဂုဏ် ရင်နာစွာပဲ ငေးနေမိလျက်
" ဟုတ်တယ်...ကလေး ! ကလေးရော မနက်စာစား
တာ နောက်ကျလှချည်လား "
အရင်ကဆို မနက်စောစောထပြီး မနက်စာကို ဗိုက်
တင်းပြည့်အောင် စားတတ်သည့် ကလေးက ခု မနက် ၁၀ နာရီတောင် ရှိနေမှ မနက်စာကို မုန့်ဟင်းခါးစားနေတာမို့ ဂုဏ် သတိတရ မေးလိုက်
တာပင်။
" အဟင်းးးးး ပင်းတယခြံမှာ ခြံအလုပ်သမားဘဝ
နဲ့ နေခဲ့တော့ မနက် ၅ နာရီဆို ထပြီး မနက်စာစား
ပြီးတာနဲ့ အလုပ်လုပ်ရတာလေ !
အဲ့ဒီတော့ ဒီအချိန်ဆို ဗိုက်ပြန်ဆာတတ်တာ အကျင့်ဖြစ်နေတယ် ....
ဒီပြန် ရောက်မှ အိပ်ယာထနောက်ကျပေမယ့်
အစားစားတာတော့ အဟင်းးး ဒီအချိန်ဖြစ်သွား
တယ် ဆိုပါတော့ ဒေါက်တာရယ် "
နာကျင်သံတစ်ဝက် စွက်နေသော အသံလေးဖြင့်
ဒေါက်တာချင်းထပ်အောင် ခေါ်နေပုံလေးက ဂုဏ့်ကို ပိုနာကျင်စေခဲ့တာ ကလေး မသိဘူးလားကွာ ။
" ဘာလုပ်တာလဲ...ဒေါက်တာ "
ခေါင်းပေါ် လက်ဖဝါးလေးအုပ်မိုးလျှင် ကြိုက်တတ်သည့် ကလေးကြောင့် သတိလက်လွတ်
ခေါင်းပေါ် လက်ဖဝါးတင်လိုက်မိစဉ်
ခပ်ဆတ်ဆတ်မေးသံနှင့်အတူ ဖယ်ချခြင်းပါ ခံလိုက်ရပြီး စားလက်စမုန့်ပန်းကန်ကို ထားလျက် ထထွက်သွားတာကြောင့် စိုင်းရော ဂုဏ်ပါ ဆွံ့အစွာ
ကျန်ရစ်ခဲ့ကြသည်။
" ရစ်က...ကိုကြီးအပေါ် အရမ်းစိတ်နာနေတာ !
တဖြည်းဖြည်းတော့ ချော့ယူရမှာပေါ့ ဗျာ !
ကိုကြီး ရွေးခဲ့တဲ့ လမ်းပဲလေ "
" အငယ်ကောင်...!
မင်းလည်း ဘယ်အချိန်ကတည်းက ပြောချင်နေ
တာလဲ မသိဘူးနော် "
ကိုကြီးဆီမှ လေသံမာမာဖြင့် အဟောက်ခံလိုက်ရ
၍ စိုင်းတစ်ယောက် ဇက်ပုသွားပြီး ထပ်မပြောရဲ
တော့ ....
စိတ်ထဲမှာတော့ ပြန်ပြောနေမိသေးတာ
" ကျွန်တော်ပြောတာ မဟုတ်လို့လား !
ဒီလမ်းက ကိုကြီးကိုယ်တိုင် လိုလို လားလား
ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ ! ခံရတာတောင်
နည်းသေးတယ် ဟင့် "
ဂုဏ်ကတော့ ကော်ဖီခွက်ရှေ့မှာထားပြီး စီးကရက်
ကိုသာ ဖွာရှိုက်နေပုံက အသိမဲ့နေသူလို
" ကလေးကို...သွားခေါ်ပေး "
" ဗျာ "
" နားမကြားလိုက်လို့လား "
" ကြား...ကြားပါတယ် ကိုကြီး ! ခဏ စောင့် "
" အင်းး "
ကောင်တာမှာ သွားထိုင်ပြီး အေးရာအေးကြောင်း
သီချင်းနားထောင်နေသည့် ရစ် အနားကပ်သွားပြီး
" ရစ်...ငရစ် "
" ဟင်...ဘာလဲ စိုင်း "
" မင်းကို ခေါ်နေတယ် "
" ဟမ်...ဘယ်သူကလဲ "
" မင်းရဲ့ ဦးရှ "
" ဪ...ဘာအတွက်လဲ "
" မသိဘူးလေကွာ..."
" ငါ...မအားဘူးလေ !
ခဏနေ ...ကိုလင်းညဏ်တို့ လာမှာ !
သူ့ အစ်မ မင်္ဂလာဆောင်အတွက် အထည်အပ်ဖို့
အဲ့ဒါကြောင့် မအားဘူး "
" ခဏလေး သွားလိုက်ပါကွာ !
ကိုလင်းညဏ်တို့က ဒီကိုပဲလာမှာ မဟုတ်လား
လာရင် မြင်နေရမှာပဲကို "
" စိုင်း...ငါက ဘာအတွက် လဲ !
ဘာအတွက် သူခေါ်ရာကို သွားရမှာလဲ စိုင်း !
သူလည်း သူ့ဘဝနဲ့သူ ဖြစ်နေတာပဲဟာ !
ငါက သူ့အတွက် ဘာကောင်မှ မဟုတ်ဘူး "
ပြောရင်း မျက်ရည်ကြည်တွေ လက်ခနဲ ဖြစ်ခါ ထထွက်သွားသည့် ရစ်၏ ခြေလှမ်းတွေ ဦးတည်ရာက တစ်ဖက် မှန်ခန်းဆီသို့...
စိုင်းလည်း သက်ပြင်းသာနာနာချရင်း ကိုကြီးရှိရာ
သွားပြီး အကျိုးအကြောင်းပြောပြတော့ ပြိုတော့
မယ့် မိုးလို ဖြစ်နေပြန်တဲ့အခါ
* ဟူးးးးးးး ဒီနှစ်ယောက်နဲ့ ငါလည်းရူးချင်တယ် *
ဟုသာ အသံတိတ် ရေရွတ်မိတော့သည်လေ။
***
ရစ်ကတော့ တစ်ဖက် မှန်ခန်းရှိ လိုအပ်တာတွေကို
ပြင်ဆင်ဖြည့်တင်းနေသည့် Decorations အဖွဲ့ကို
မိမိလိုချင်တဲ့ အနေအထားကို ပြောရင်း စိတ်တိုင်း
ကျ ပြုလုပ်ရတော့မည့် အလုပ်အတွက် ကြိုတင်ရင်ခုန်နေမိတယ်ဆို အမှန်။
ဒီဇိုင်းနာအလုပ်ကို ပေါ်ပေါ်ထင်ထင် လုပ်ဖို့ ဆုံးဖြတ်ပြီးကတည်းက ဒက်ဒီ နှင့် ထိပ်တိုက်တွေ့
ဖို့လည်း တွေးထားပြီးသား
သို့သော် ဒက်ဒီက ရစ်ကို ဘာမှပြောမလာခဲ့
သူတို့ လုပ်ချင်တာ ဖြစ်ချင်တာကို ဖန်တီးခဲ့ပြီးပြီပဲ
ဒီတစ်ခါတော့ ရစ် လုပ်ချင်တာ ဖြစ်ချင်တာကို လုပ်
တာ မလွန်ဘူးမဟုတ်လား
" ဟေးးးးး ကိုရစ်ဖွဲ့ "
" ဟော...ကိုလင်းညဏ် လာဗျာ !
ဟိုဖက်က ကော်ဖီဆိုင်ကို သွားကြတာပေါ့ !
ဒီမှာက ပြင်ဆင်နေတုန်းမို့လေ "
" ကောင်းပြီဗျာ...!
လာ မမ ...ဒါ ညဏ့် ဒီဇိုင်းနာ ရစ်ဖွဲ့ကောင်းကင်
သူ့ လက်ရာကို မမ အကြိုက်တွေ့သွားစေရမယ် "
" အေးပါဟယ်...နင် နဲ့ တွဲရိုက်တဲ့ မော်ဒယ် ဝတ်
ထားတာ မြင်ပြီးကတည်းက လက်ရာကို ကြိုက်
နေပြီးသားပါ "
မောင်နှမ နှစ်ယောက် အပြန်အလှန် ပြောလာသမျှ
ကို ရစ်ကတော့ အပြုံးလေးဖြင့် နားထောင်ရင်း
ကော်ဖီဆိုင်ထဲ ဝင်လာခဲ့ကြသည်။
" ဒါ...ကိုရစ်ဖွဲ့ရဲ့ ဆိုင်လား "
" ဟုတ်တယ်ဗျ...ကျွန်တော့် သူငယ်ချင်းနဲ့ စပ်တူ
ဖွင့်ထားကြတာဆိုပါတော့ဗျာ "
" အိုးးးး အရမ်းလှသောပဲ !
ဒီ ကော်ဖီဆိုင်လေးကို အရမ်းသဘောကျလို့
ခဏခဏ လာသောက်ဖြစ်တာ !
အဟင်းးး ဒီမှာပဲ တစ်ခါတလေ ဒိတ်ဖြစ်တယ်
ဆိုပါတော့ "
" ပေါ်ပြီဟေ့ "
" မပေါ်ပါဘူး...ငါ ဖော်ပြတာလေ ဟွင်းးးး "
" ဟားးး ဟားးးး ဟားးးး "
ရယ်သံတွေဖြန့်ကြဲရင်း ဆိုင်၏ အတွင်းဘက်ခန်း
ဆီ ကိုလင်းညဏ်တို့ မောင်နှမ နှင့်အတူ ဝင်သွား
လေသော ရစ်ကို အလွမ်းတို့ဖြင့် ရီဝေနေသော မျက်ဝန်းတစ်စုံက ကြည့်နေခဲ့မှန်း ရစ်ကတော့ သိပါလေစ...။
သူ ဝါသနာပါရာကို လုပ်နေရ၍ ပြုံးနေသော ကလေးကို ငေးရင်း ဆုံးရှူံးပြီးမှ နာကျင်နေမိသည့်
ဂုဏ့် အဖြစ်ဟာ အများအမြင်မှာ ဟာသဆန်နေမလားဘဲ...။
* သိပ်ချစ်တယ် ကလေး *
∆∆∆∆∆∆∆
" သားလေး "
" ဟင် "
ဆိုင်ဖွင့်နေစဉ် ဘယ်အချိန်ကတည်းက လာစောင့်နေ မှန်းမသိသော ဒက်ဒီက တိုးညှင်းသော ခေါ်သံ
နှင့်အတူ ဆိူင်ထဲ ဝင်လာခဲ့၏။
" ဒက်ဒီ...သား ဆိုင်ဖွင့်တဲ့အချိန်ထိ စောင့်နေတာ !
ဒီမှာ...သားကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲချက်ပြီး
လာပို့ပေးတာ...ဒက်ဒီတို့ အတူတူစားရအောင်
နော် သားလေး "
" ဟုတ်ကဲ့...ကျွန်တော် လာခဲ့ပါ့မယ် !
စားပွဲမှာ ထိုင်စောင့်နေပေးပါ ဒက်ဒီ "
အခေါ်အဝေါ် အသုံးအနှုန်းတွေ စိမ်းသက်နေသော်
လည်း ကမ္ဘာ ဘာမှမပြော
သားကို စိတ်မညစ်စေချင်တော့တာ အမှန်ပင်
စားပွဲမှာ စားရန်အသင့်ပြင်ပြီး စောင့်နေသည့် ကမ္ဘာ့
ထံ အတော်လေးကြာမှ ရစ်ရောက်လာခဲ့သည်။
" လာ ထိုင် သားလေး ! စား "
" ဟုတ်ကဲ့ "
အစားကိုပဲ ငုံ့စားနေသည့် သားကို ကမ္ဘာငေးရင်း
ဘယ်လိုစပြောရမှန်းမသိသည့် စကားလုံးတွေက
နှုတ်ခမ်းဖျားကို ကျော်လွန်မလာနိူင်ခဲ့ပြန်
အမှန်ဆို ဥက္ကာ၏ ပြင်ဦးလွင်မှ ခြံဆီ သွားဖို့ ပြော
ချင်ခဲ့တာ
ခုမှ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေသည့် သားက လက်ခံမှာ
တဲ့လား
" သား "
" ဟုတ်ကဲ့...ဒက်ဒီ "
" အိမ်ပြန်လာခဲ့တော့လေ...သားလေး !
ဒက်ဒီ တစ်ယောက်တည်းလေကွာ ... သားမရှိတော့ အိမ်ကြီးက ခြောက်ကပ်ကပ်နဲ့ "
" ၆ လတောင် ကျွန်တော်မရှိတုန်းက စိုပြေနေခဲ့
လား ဒက်ဒီ ... အဲ့တုန်းကရော ဒက်ဒီ တစ်ယောက်
တည်းပဲ မဟုတ်ဘူးလား "
" သား "
ကမ္ဘာ မထင်မှတ်ထားသော စကားကို တည်ငြိမ်စွာ
ခွန်းတုန့်ပြန်လာပါသော သားကို အံ့ဩတကြီးငေး
မိရင်း ဘာစကားမှလဲ မပြောနိုင်ဘဲ
ကမ္ဘာ့ ရှေ့မှ မုန့်ပန်းကန်ကတော့ မျက်နှာငယ်လျက်
" သားးး ဒက်ဒီ တောင်းပန်ပါတယ် သားရယ် !
ဒက်ဒီကို အဲ့လို မလုပ်ပါနဲ့တော့လား ကွာ !
သား အခုလိုလုပ်နေတာ ဒက်ဒီ အရမ်းထိခိုက်ရတယ် "
" ကျွန်တော် ပြောခဲ့ဖူးပါတယ် !
ဒက်ဒီ မေ့ပစ်လိုက်တယ် ထင်ပါရဲ့ !
နောက်ထပ် .. ကျွန်တော့်ကို မရိုက်ဖို့ ပြောခဲ့ဖူး
ကတိတောင်းခဲ့ဖူးတယ် မဟုတ်လား !
ကျွန်တော် ဘာပြောခဲ့လဲ ဒက်ဒီ !
နောက်ထပ် ကျွန်တော့်ကို ရိုက်ရင် မချစ်တော့ဘူး
ပြောခဲ့မိတယ် ထင်ပါရဲ့ "
" သား "
ကမ္ဘာ အထိတ်တလန့် ခေါ်မိတော့ သားက ပြုံးတယ်
ထူအိအိ နှုတ်ခမ်းပါးလေး ခပ်မဲ့မဲ့ တွန့်ကွေးသွားရုံလေးပေါ့
" ကျွန်တော်...အလုပ်တွေရှိသေးတယ် !
နားလည်ပေးမယ် မဟုတ်လား ဒက်ဒီ "
" သားရယ် "
ကျောခိုင်းသွားသည့် သားကို ကမ္ဘာ မတားဆီးမိတော့
သားမှာ အပြစ်မှ မရှိဘဲ
မိမိမှာသာ အပြစ်ရှိခဲ့တာပဲလေ
အိန္ဒြေမပျက်ထထွက်ခဲ့မိသော်ငြား ကားပေါ်ရောက်
မှ စီးကျသည့် မျက်ရည်တွေက အတောမသတ်
အမှားတို့ရဲ့ အစကို ဖန်တီးသူက ကမ္ဘာ ကိုယ်တိုင်ပဲ
လား
နုနယ်စဉ် မိုက်ရူးရဲစိတ်ဖြင့် တစ်ဖက်မိန်းကလေး
၏ ခံစားချက်ကို ထည့်မတွက်ပဲ မရမက ဓနအင်အားဖြင့် ရယူခဲ့မိခြင်းက စသည်လား
နောက်ဆုံး ထိုမိန်းမ၏ အချစ်ကိုမရသည့်အပြင်
သစ္စာဖောက်ခြင်းကိုပါ လှလှပပ လည်စင်းခံလိုက်
ရသည့် ကမ္ဘာ့ဘဝတွင် သားကသာ တန်ဖိုးထား
မြတ်နိုးရသည့် လူသားလေးဖြစ်ခဲ့သည်။
သားကသာ ကမ္ဘာ့ကို ခွန်အားတွေပေးခဲ့တာ
သား စိတ်နဲ့ပဲ အရာရာကို ကျော်ဖြတ်နိုင်ခဲ့တာ
ခုတော့ ခုတော့ ကမ္ဘာ့ အတ္တကြောင့် သား၏ စိမ်း
သက်ခြင်းကိုပါ ခံလိုက်ရချိန် အရာရာဟာ မှောင်အတိကျသွားခဲ့ရတယ်
ဒက်ဒီကို မချစ်တော့ဘူးတဲ့လား သားရယ်
ကားမှန်တံခါးလည်း မပိတ်မိဘဲ အရာရာကို မေ့လျော့နေသည့် အနေအထားဖြင့် ငိုနေမိသည့် ကမ္ဘာ့ကို မျက်ဝန်းတစ်စုံဟာလည်း ငေးစိုက်ကြည့်
နေခဲ့ပါ၏။
ကမ္ဘာကတော့ ပတ်ဝန်းကျင်အနေအထားဟာ သူနှင့်မသက်ဆိုင်သလို ခံစားချက်တွေထဲသာ နစ်မြုပ်
လျက်ရှိနေဆဲ
***
ကော်ဖီဆိုင်၏ car parking မှာ စနစ်တကျ ရပ်ပြီးသည်နှင့် ကားတံခါးဖွင့်အဆင်း
" ဟင် ....ဦး "
အနက်ရောင်မာစီဒီး ကားထဲမှာ သတိလက်လွတ် ငိုနေသော ဦး ကမ္ဘာဦး ကို စိုင်း မြင်လိုက်ရပြီး
ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ
အမြဲ တက်ကြွလန်းဆန်းမှုတွေနဲ့ ခံ့ညားနေသော ပုံစံကို
သာ မျက်ဝန်းထဲ စွဲခဲ့တာမို့ ခုလို ငိုနေပုံက တစ်မျိုးဖြစ်စေတာလား
စိုင်းမြတ်ဂုဏ် အတွက် မသေချာ
အနားသွားလို့ ခေါ်လိုက်ချင်ပေမယ့် ရှက်သွားမလားဆို
ပြီး ကြည့်ပဲကြည့်နေမိလျက်
မျက်စိရှေ့မှ ဦး ကား ထွက်သွားမှ သတိပြန်ဝင်လာသည့်အဖြစ်
" ဟူးးးးးး သူ့သားနဲ့ ဘာဖြစ်ပြန်ပြီလဲ မသိ "
သက်ပြင်းမောသာ ချရင်း
ကော်ဖီဆိုင် မှန်တံခါးချပ်ကို တွန်းဖွင့်ဝင်လာပြီး ကောင်တာ အနောက်မှ အခန်းဆီဝင်သွားကြည့်တော့
ဒီဇိုင်းဆွဲနေသည့် ရစ်
အလုပ်ထဲ အာရုံစူးစိုက်နေပုံရ၍ စိုင်း တံခါးကို အသာ
ပိတ်ခါ ကောင်တာဆီ ပြန်ထွက်ခဲ့လိုက်သည်။
" စိုင်း...ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "
ဘာရယ်မဟုတ် social media ပေါ်မှ ဦးနှင့်ပတ်သက်သည့် အင်တာဗျူးတချို့ ပုံရိပ်အမျိုးမျိုး
ဖြင့် ခံ့ညားချောမောသောအသွင်ကို စိုင်း ကြည့်နေ
မိတာ ရစ် အသံကြားမှ ကမန်းကတမ်း ဖုန်းကို မှောက်ခါ
" ဟမ်...ဪ ... ကြာပြီလေ !
မင်းကိုတောင် လာဝင်ကြည့်သေးတယ် ကွ !
အလုပ်ထဲအာရုံရောက်နေလို့ အသံမပေးတော့တာ
ကော်ဖီသောက်မလား...ငါ ဖျော်လိုက်မယ် "
" ကော်ဖီအေးပဲလုပ်...အပူမသောက်ချင်ဘူး "
" အေးပါ...သားရယ် ! စိတ်တိုင်းကျစေရမယ် "
" ငလူး...ယူမလား ငါ့ ပထွေးလုပ်လေ "
" ဟေ့ရောင်...ငါ့ကို ငရဲပေးနေတာ !
ဦး ကြားရင် စိတ်ဆိုးလိမ့်မယ် ငရစ်ရ "
" ဘာ...!
ဦးးးး ဟုတ်လား ! နေပါဦး ဘယ်တုန်းက ဦးတာလဲ "
အခေါ်အဝေါ် အသစ်ကြောင့် ရစ် နားမရှင်းသလို ပြန်ေမးမိစဉ် စိုင်း ပါးဖြူဖြူထက် တစ်ခါမှမမြင်ဖူးသည့်
အရိပ်တချို့ကို အမိအရ အကဲဖမ်းမိသွားတယ်
စိုင်းကလည်း ရုတ်တရက် ခေါ်မိပြီးသွားမှ ရစ်များ စိတ်ဆိုးမလား တွေးကာ တွန့်ဆုတ်လျက်
" ဟို...ဖေဖေက အန်ကယ်လ်ခေါ်ရလောက်အောင်
အသက်မကြီးပါဘူးဆိုလို့ ငါလည်း အဲ့လိုခေါ်မိသွားတာပါ ! ကိုမင်းကတော့ ဦးကမ္ဘာလို့ ခေါ်တယ် !
မင်းရဲ့ ဦးရှကတော့ ကိုဦး တဲ့ "
" အမ်...ဪ အေးပါကွာ "
ရစ် မရှိတုန်း ပြောင်းလဲသွားသည့် အခေါ်အဝေါ်တွေကို
ထူးပြီး အံ့ဩစရာမရှိ၍ အာရုံထဲလည်း သိပ်မထားမိတော့။
စိုင်း၏ အရိပ်အကဲ တချို့ကိုလည်း မေ့ဖျောက်ထားရင်း...
စိုင်း ဖျော်လာပေးသည့် ကော်ဖီအေးကို သောက်ပြီး
ဒီဇိုင်းအသစ်တွေကိုသာ လေ့လာနေလျက်
ရစ် ကမ္ဘာဟာ ခဏတော့ ဆိတ်ငြိမ်သွားခဲ့တယ်။
* နာကျင်ရတိုင်း ချစ်ခြင်းကို ပစ်ပယ်မယ်ဆို
ဒီကမ္ဘာမှာ အချစ်စစ်ဆိုတာ ဘယ်ရှိတော့မလဲ *
* ရစ်လေး နှလုံးသားက နာကျင်မှုတွေ ကင်းတဲ့
တစ်နေ့ ဦးရှ ရင်ခွင်ဟာ အသင့်ဖြစ်နေပါစေ *
*****
ည 7:00 PM
မျိုးရိုးဂုဏ် စံအိမ်၏ ဧည့်ခန်းထဲတွင် လူစုံတက်စုံ
ရှိနေခဲ့ပါ၏
ချွင်းချက်အဖြစ် ရစ် တစ်ယောက်သာ လစ်လပ်နေတာပင်။
" ကမ္ဘာ...မင်း ဘာပြောစရာရှိလို့လဲ ပြောလေ "
ငူငူငိုင်ငိုင် အထိုင်မပျက်ဘဲ ဘာစကားမှ ပြောမလာ
သေးသည့် ကမ္ဘာ့ကို ဦးစိုင်းဂုဏ်ထင် စကားထောက်လိုက်မှ
" သားကို ကျွန်တော် ပြင်ဦးလွင်ခေါ်သွားချင်လို့ !
အဲ့ဒါ...ကျွန်တော်ပြောရင် လက်ခံမယ်မထင်ဘူး
ကိုကြီးထင် နဲ့ မမချို ပြောပေးရင် သားကလက်ခံမှာ "
" ဘာလို့ ခေါ်သွားချင်တာလဲ ကမ္ဘာ "
" သားစိတ်ကို အပန်းဖြေစေချင်တာလည်းပါတယ်
နောက်ပြီး...သားဆီက အေးစက်မှုကို ကျွန်တော်
မခံနိုင်ဘူး ကိုကြီးထင် !
ခြံမှာဆို သားစိတ်အပြောင်းအလဲများ ဖြစ်မလား
တွေးမိလို့ပါ "
" ကျွန်တော်လည်း အဲ့ကိစ္စကို သဘောတူတယ် !
ကလေးစိတ်ကို အပြောင်းအလဲ ဖြစ်စေတာပေါ့
ဒါပေမယ့်...ကလေးကို ကျွန်တော်တို့ ပြောလို့
မရလောက်ဘူး ထင်တယ် "
ကမ္ဘာ့ စကားကို ဂုဏ်ကပါ ဝင်ထောက်ခံတာ ဖြစ်တယ်။
သူလည်း ကလေးကို အခုလို အေးစက်နေမှာကို
မလိုချင်ခဲ့ဘူးမဟုတ်လား။
" အကိုတို့ကပြောလို့...သားရစ်လေးက လက်ခံပါပြီတဲ့ ဆက်ပြီး ဘယ်လိုစီစဉ်မလဲ "
ကမ္ဘာက ဂုဏ့်ထံ အကူအညီတောင်းသလို လှမ်း
ကြည့်တာမို့
" ကိုဦး နဲ့ ကလေးပဲ အရင်သွားနှင့်ပါ !
ကျွန်တော် ဒီမှာ ကိစ္စတချို့ ဖြေရှင်းပြီးရင်
လိုက်လာခဲ့ပါ့မယ် "
" ညီကရော ကိုကြီး "
" လိုက်ချင်လိုက်သွားပေါ့ ...!
ကော်ဖီဆိုင်ကို ဘယ်လိုလုပ်မလဲ ..."
" ကော်ဖီဆိုင်က...ဇွဲရန် ရှိတယ် ကိစ္စမရှိဘူး !
ရစ်နဲ့ ဦးကိုပဲ နှစ်ယောက်ထဲ လွှတ်ပေးဖို့ အဆင်မပြေလောက်ဘူး ကိုကြီး "
" ညီလည်း လိုက်သွားချင်တယ် "
" မင်းက ဘာလုပ်ဖို့ "
" ရှုခင်းတွေ ရိုက်ချင်လို့လေ ... ကိုဂုဏ်ကလည်း "
" အေးကွာ...ကလေးကို ဘယ်လို အကြောင်းပြ
ချက်နဲ့ ခေါ်မလဲဆိုတာပဲ စဉ်းစားစမ်းပါ "
ဧည့်ခန်းသည် ခေတ္တခဏတော့ တိတ်ဆိတ်သွားခဲ့ပြီး
" သားကို ပြင်ဦးလွင်ခြံလာဖို့ အကြောင်းပြချက်
ပေးနိုင်မယ့် လူတစ်ယောက်တော့ ရှိတယ် "
" ဗျာ "
" အင်းးးး ဟုတ်တယ် "
" ဘယ်သူလဲ..."
ညီအစ်ကိုသုံးယောက် ပြိုင်တူမေးလိုက်တာဆိုပေ
မယ့် ဂုဏ့်အသံကတော့ အနည်းငယ် တစ်မျိုးဖြစ်နေခဲ့တာ ကိုယ်တိုင်ပဲ သိတယ်။
လသာဆောင်ထက် ရယ်ရယ်မောမော ဖုန်းပြောနေ
ခဲ့သည့် ကလေး၏ပုံရိပ်ကို မြင်ယောင်မိတော့ ဂုဏ့်
ရင်ထဲ ပူခနဲ
ကလေးအကြောင်းကို ဂုဏ် မသိတာမှမဟုတ်တာ
ကလေးကို ရယ်မောစေသည့် ဖုန်းထဲမှလူဟာ ပင်းတယက လူမှလွဲ၍ မဖြစ်နိုင်
အရိပ်အကဲ ဖမ်းမိသည့် ကမ္ဘာကလည်း ဂုဏ့် အနေအထားကို သဘောပေါက်စွာ ထပ်မပြောမိတော့
ဒေါ်နန်းပုလဲချို နှင့် ဦးစိုင်းဂုဏ်ထင်သာမက မင်းဂုဏ်ထည်ရော စိုင်းမြတ်ဂုဏ်ပါ ပင်းတယခြံမှ ဝဏ္ဏ ဆိုသူအကြောင်း ရစ်ဆီမှတစ်ဆင့် သိခဲ့ကြပြီးသားပါလေ
" ကျွန်တော် ပြန်တော့မယ်..ကိုကြီးထင် နဲ့ မမချို
ဥက္ကာဆီ ဖုန်းဆက်ပြီး ပြောစရာလည်း ရှိလို့ "
" အေးပါကွာ "
" အေး...အေး ကမ္ဘာရေ အရမ်းလည်း စိတ်မထိခိုက်
နေပါနဲ့ ...
သားရစ်လေးက နူးညံ့တဲ့ကလေးပါကွယ် "
" ဟုတ်ကဲ့ပါ...မမချို "
***
အဖြူရောင်စံအိမ်ကို ပြန်ရောက်ပြီး ကမ္ဘာ ခေါ်မိသည့် ဖုန်းက ဥက္ကာဆီတော့ မဟုတ်ခဲ့
" Hello...ဟုတ်ကဲ့ ကိုဦး "
" အင်းးး သား ရစ်လေးကို ပြင်ဦးလွင်ခေါ်ဖို့
မင်း ကူညီ ပေးနိုင်မလား "
" ဗျာ...ကိုဦး "
" ကျစ်...နားမလည်လိုက်ဘူးလား !
ငါ ပြောရင် သားက လက်မခံဖို့ သေချာနေတယ် !
အဲ့ဒါကြောင့် မင်းကို ပြောခိုင်းတာ ကွ "
" ဪ...ဟုတ်ကဲ့ ! ကျွန်တော် နားလည်ပြီ ကိုဦး
စိတ်ချပါ ...ကျွန်တော် ပြောပေးပါ့မယ် "
" အင်းး အဲ့ဒါဆို ဖုန်းချပြီ "
" ဟုတ်ကဲ့ "
ဖုန်းချပြီး ကမ္ဘာ ဆိုဖာထက် ခပ်လျော့လျော့ မှီထိုင်
ရင်း ဘာရယ်မဟုတ် မျက်ဝန်းထဲရောက်လာသည့်
ပုံရိပ်တစ်ခု
" ဟာကွာ...ဘာလဲဟ ! အဓိပ္ပာယ်မရှိလိုက်တာ "
ကမ္ဘာ တစ်ယောက်တည်း ကိုယ့်စိတ်နှင့်ကိုယ် ရန်ဖြစ်နေသလောက်....
ကမ္ဘာ ခိုင်းတာခံထားရသည့် ဝဏ္ဏ မှာလည်း ရစ်ထံ
ဖုန်းခေါ်တော့ ၅ ကောလ် မြောက်မှ ဖုန်းကိုင်လာ၏။
" အကိုဝဏ္ဏ "
" အကို...ဖုန်းတွေခေါ်နေတာ ကြာပြီ ကောင်လေး "
" ရစ်လေး...ရေချိုးနေလို့ပါ အကိုဝဏ္ဏ ရဲ့ "
" အင်း...ဟုတ်ပါပြီ ! ပြင်ဦးလွင်ခြံကို လာခဲ့ပါလား
အကို အဲ့ဘက်ခြံကို တစ်လှည့်သွားရမယ့်
ကိစွလေးရှိနေလို့လေ !
ကောင်လေး လာရင် အရမ်းပျော်သွားမှာ ကွ !
လာမှာလား ကောင်လေး "
တစ်ဖက်က အနည်းငယ် တိတ်ဆိတ်သွားလျက်
" ဒီရက်ထဲ...မင်္ဂလာဆောင်အထည် လက်စသတ်
ပြီးရင် ကျန်တာတွေကို အနည်းအကျဉ်း လုပ်ခဲ့
ပြီး ရစ်လေး လာခဲ့မယ်လေ အကိုဝဏ္ဏ "
" ဟုတ်ပါပြီဗျာ...အကို့မွေးနေ့လည်း ရှိလို့လေ !
ကိုဦးကိုလည်း ဖိတ်ထားတယ် ! လာခဲ့ရမယ်နော်
အကို မျှော်နေမှာ သိတယ် မဟုတ်လား "
" ဟုတ်ကဲ့ပါ...အကိုဝဏ္ဏ "
" ဆက်ဆက်လာခဲ့...ကောင်လေး !
အကို ဖုန်းချမယ် ကွ "
" ဟုတ်ဗျ "
ဟူးးးးးးးး
သက်ပြင်းတစ်ရှိုက်ဖြင့် ငြိမ်သက်နေမိသူက ရစ်
အကိုဝဏ္ဏ ဆီ သွားဖို့ ပွဲတက်ဝတ်စုံတချို့ကို ဒီရက်
ထဲ အသဲအသန် လက်စသတ်ရတော့မှာပဲ
အတွေးနှင့်အတူ အိပ်ဖို့စိတ်မကူးပဲ ဝတ်စုံတွေကို
လက်စသတ်ဖို့ ကြိုးစားနေသည့် ရစ်က အချိန်တွေ
သန်းခေါင်သွားတာတောင် သတိမထားမိခဲ့
" ဟတ်ချိုး...ဟတ် ဟတ် ချိုးးး !
ကျစ်...ဘာဖြစ်တာလဲ ကွာ ခေါင်းတောင်မူးတယ်
ဟတ်ချိုး အာကွာ "
ဒီဇိုင်းတချို့ လက်စသတ်ရင်း အလုပ်စားပွဲတင်
အိပ်ပျော်သွားသည့် ရစ်
နိုးလာသည်နှင့် နှာတခွီးခွီးချေကာ ခေါင်းတွေမူးလာတာမို့ အိပ်ယာထက် အသာပြန်လှဲရင်း မှေးနေ
မိပေမယ့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီမှန်း သတိမထားမိသေး
" ကျစ်...နေရခက်လိုက်တာ ခန္ဓာကိုယ်က "
မကျေမနပ်ရေရွတ်ရင်း ပြန်အိပ်ပျော်သွားသည့် ရစ်ပါလေ။
နံနက် 9:30 AM
စိုင်း ကော်ဖီဆိုင်ရောက်လာတော့ ဝန်ထမ်းကောင်လေးတွေက ဆိုင်ရှေ့မှာ ရစ်သီ ရစ်သီဖြင့် ရှိနေကြ
ပြီး ဆိုင်မဖွင့်ရသေး
သည့် အနေအထားမို့ အနည်းငယ်အံ့ဩမိရင်း
" ဟ...ဒီကောင် ငရစ် မနိုးသေးတာလား "
" ဟုတ်တယ်...အကိုစိုင်း ! ခါတိုင်း နိုးပါတယ် "
စိုင်းလည်း ရစ်ဖုန်းဆီ ခေါ်ကြည့်တော့
အကြိမ်ကြိမ်ဖုန်းခေါ်ပြီးမှ မကြည်မသာအသံဖြင့်
ထူးလာသော ရစ်ကြောင့် စိုင်း စိတ်ပူမိပါ၏
" ဟေ့ရောင်...ခုမှ နိုးတာလား ! ဘာဖြစ်လို့လဲ "
" အင်းးးး လာပြီ ! ခဏစောင့် "
" ဟာ...ဒီကောင် "
မေးတာမဖြေဘဲ ဖုန်းချလိုက်၍ စိုင်း ပိုစိတ်ပူရသည်လေ
ဟော လာပါပြီ
ညအိပ်ဝတ်စုံ ဖရိုဖရဲနှင့် ဆံပင်က ရှုပ်ပွလို့ မနည်း
အားတင်းပြီး လျှောက်နေရပုံဖြင့် ငရစ်
တံခါးဖွင့်ပြီးသည်နှင့် စိုင်း အမြန်ဝင်ကာ ရစ် လက်
တွေကို ဆုပ်ကိုင်မိတော့ ပူကျစ်နေတာမို့
" ငရစ်...မင်း ဖျားနေတာပဲဟ ! လာ လာ "
အခန်းဆီ ပြန်ခေါ်လာပြီး မျက်နှာသစ်ပေးကာ အရင်ဆုံးရေသဘက်တိုက်ပေးရ၏
" ရစ် "
" ဟင် "
" ငါ..."
" ရတယ်...တစ်ခုခုစားပြီး ဆေးသောက်လိုက်မယ်
ဘာမှမဖြစ်ဘူး နော် စိုင်း "
ကိုကြီးကို ခေါ်လိုက်မယ်ပြောမလို့ ရွယ်မိပေမယ့်
ပိတ်ကာ တားလိုက်သည့် ရစ်ကြောင့် စိုင်း ဆက်
မပြောဖြစ်
ဒီပုံစံက ဆေးသောက်ရုံရတဲ့ အနေအထားလား
ငရစ်ရာ မင်းဘယ်တုန်းက ဆေးသောက်ရုံနဲ့ သက်
သာဖူးလို့လဲ
မဖြစ်ဘူး ဦးကို အသိပေးမှ ...
***
" အာကာ...ဒါရိုက်တာဦးဝေငြိမ်းက မလာသေး
ဘူးလား...အချိန်ကို လေးစားမှုမရှိတာပဲ ကွ "
* Sky World * ကုမ္ပဏီ၏ အစည်းအဝေးခန်းထဲမှ
ကမ္ဘာ့ အသံက ဟိန်းထွက်လာခဲ့သည်။
" 5 မိနစ်ကျော်သွားပြီ !
အစည်းအဝေးခန်းတံခါးကို ဖွင့်မပေးဖို့ ပြောလိုက်စမ်း "
" ဟုတ်ကဲ့ပါ...ဥက္ကဌ "
အစည်းအဝေးချိန် နာရီဝက်နီးပါးအကြာတွင်
" ဒီးလ် ဒီးလ် ဒီးလ် "
" ဒီးလ် ဒီးလ် ဒီးလ် "
" ဒီးလ် ဒီးလ် ဒီးလ် "
" ဥက္ကဌ...အရေးကြီးဖုန်းထင်တယ် ! ကိုင်လိုက်ပါ
လား ခင်ဗျာ့....ဆက်တိုက်ခေါ်နေတာ "
တိတ်ဆိတ်သည့် အသံလုံးအခန်းထဲ ကမ္ဘာ့ ကုတ်
အင်္ကျီအတွင်းမှ ဖုန်းတုန်ခါသံက အဆက်မပြတ်မို့
အာကာက ပြောလာခြင်းပင်
" ရတယ်...ဆက်........."
" ဒီးလ် ဒီးလ် ဒီးလ် "
" ဟာကွာ..."
ကမ္ဘာ့ ဒေါသက ငယ်ထိပ်တက်ဆောင့်ပြီလေ
ဘယ်လို မသိတတ်မှုမျိုးလဲ
" Hello...မင်းးးး "
" ဦးးးးးး "
ဟင်
Contacts ထဲ မမှတ်ခဲ့ဖူးသည့် နံပါတ်မို့ အစိမ်းသက်သက် ထိုနံပါတ်ပိုင်ရှင်အား ပြောပစ်လိုက်ဖို့
အားယူလိုက်သော်ငြားလည်း
" ဦးးးးးးး "
ခေါ်သံက နားထဲမှတစ်ဆင့် နှလုံးသားဆီ စီးဆင်း
သွားလားမသိ
တစ်ခွန်းခေါ်ခံရတိုင်း ဒိန်းခနဲ ဆောင့်ခုန်တာက
မသိဆိုးဝါးစွာ
" အာ...ဘာလဲကွာ "
" ဗျာ "
ကိုယ့်ဖာသာမကျေလည်ခြင်းကို ရေရွတ်လိုက်ခြင်းက နှုတ်ခမ်းဖျားမှ ထွက်သွားသည့်အခါ
" ဦးးးးး စိုင်းက စိုင်းက ရစ်လေး နေမကောင်းလို့
လှမ်းအကြောင်းကြားတာပါ !
အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်
နော် ဦးးး "
" အာ...ကောင်းရောကွာ "
💘💘💘💘💘💘💘
Author__ Ahtarsaung