💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--12}
**************💘*************
" ဘယ်တုန်းက ရောက်လဲ ကလေး "
" သိပ်မကြာသေးပါဘူး...ဒေါက်တာ "
" ဟင် "
ဂုဏ့် မျက်နှာကိုစိုက်ကြည့်လျက် အပြုံးမမည်သော နှုတ်ခမ်းလေးတွန့်ကွေးရုံဖြင့် အနိမ့်အမြင့်
အတက်အကျမရှိသည့် ပကတိငြိမ်သက်သော ဖြေ
သံမှာ ဂုဏ့် ရင်ကို မြှားအစင်းပေါင်းများစွာ ပစ်ခတ်လာသလိုပါပဲ
ထိုထက် ဆိုးတာက ကလေးခေါ်လိုက်သည့် နာမ်စား
ဒေါက်တာတဲ့လား ကလေးရယ်
စိုင်းတို့မှာလည်း အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်လေ
ဘယ်သူထင်မိမှာလဲ
ဒီအခေါ်အဝေါ်ထိ ခေါ်ပစ်လိုက်မယ်လို့
" ဒီနေ့ နားတာပေါ့...ဟုတ်လား ဒေါက်တာ "
" ဟင်...အင်းးးးး ကိုယ်နားတာ ကလေး "
ဂုဏ် ပြန်ဖြေလိုက်သော်ငြား ကလေးကတော့ မျက်ဝန်း
တွေ ရောက်မလာ မေးခွန်းလည်း ထပ်မလာတော့ဘဲ
အငယ်ကောင်နှင့်သာ စကားဆက်ပြောနေတာမို့
ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးရင်း ခြံထဲဆင်းခဲ့လိုက်မိ၏
" ငရစ် "
" ဟင် "
" မင်း...ကိုကြီးကို ခေါ်လိုက်တာ ဒေါက်တာတဲ့ "
" အွန်းးး အင်းးလေ ...ဘာလို့လဲ "
သက်တောင့် သက်သာ ပါပဲ
ကျောက်ကျောတစ်တုံး ပါးစပ်ထဲထိုးထည့်ပြီး ဖြေလာခဲ့တာ
" ငါ့...အစ်ကိုကို အရမ်းမုန်းသွားပြီလား ရစ် "
စိုင်း မေးခွန်းကို ဖြေဖို့ မာမီနှင့် ဒက်ဒီဆီ ရစ် အကြည့်ရွှေ့တော့
" သားရင်ထဲရှိတာကို...လွတ်လွတ်လပ်လပ်ပြော
လို့ရတယ် သားလေး "
" ဟုတ်တယ်...သား "
မာမီ နှင့် ဒက်ဒီကို ရစ် မချိပြုံးလေးဖြင့် ခေါင်းငြိမ့်
ပြရင်း
" မမုန်းပါဘူး ... မုန်းဖို့ချစ်ခဲ့တာမှ မဟုတ်တာ !
ဒါပေမယ့်...
ငါ့ ဒက်ဒီရဲ့ အတ္တ နဲ့ ဦးရှရဲ့ ဂုဏ်သိက္ခာကြားမှာ
ငါ့ အချစ်တွေက နင်းခြေခံလိုက်ရတယ်လေ !
အဟက်...မဖြစ်သင့်တော့ဘူးထင်လို့ပါ ?
သူလည်း သက်ဆိုင်သူရှိနေပြီပဲ မဟုတ်လား "
မျက်ရည်မကျဘူး အသံမတုန်ဘူး
နာကျင်မှုတချို့ ရောယှက်နေသည့် ရှင်းပြသံလေး
ကတော့ ရင်ထဲက ဝေဒနာအတိမ်အနက်ကို ခန့်မှန်း
လို့ ရနေသည်ပဲ။
ခြံထဲရှိ ခရေပင်ကြီးအောက်မှ ခုံတန်းပေါ်တွင်တော့
တစ်စုံတစ်ယောက်၏ စီးကရက်မီးခိုးငွေ့တွေသာ
* ဒေါက်တာတဲ့လား ကိုယ့်ကလေးရယ် *
* ကလေးက စိမ်းကားတတ်သွားပြီပဲ *
* ကိုယ်မှားခဲ့တဲ့ အမှားအတွက် ဒီဘဝ ပြေလည်
နိုင်ပါဦးမလား ကွာ *
" ကလေးရဲ့ အမုန်းတွေတော့ ကိုယ်မခံယူချင်ဘူး*
* နာကျင်ရလွန်းလို့ ရူးမတတ်ဖြစ်နေပြီ ကလေး *
* ကိုယ် ကလေးကို သိပ်ချစ်တာပါကွာ *
အသံတိတ်ဖြေရှင်းသံတွေက ဂုဏ့် ရင်ထဲ ပဲ့တင်
ထပ်နေခဲ့လည်း
လူမမြင်နိုင်သည့် မျက်ရည်တွေ ဂုဏ့် နှလုံးသားထဲ
စီးကျနေလည်း
မှားခဲ့ပြီးလေသော လုပ်ရပ်တစ်ခုအတွက် ပြန်လည်
ပေးဆပ်ဖို့ ဆုံးဖြတ်ချက်ချရင်းးးး
ဘယ်နှစ်လိပ်မြောက်မှန်း မသိသည့် စီးကရက်တွေ
ကတော့ ဂုဏ့် နှုတ်ခမ်းထူထူထက် နေရာယူလို့
ထားဆဲ ...
" ဒေါက်တာ ခင်ဗျ...ညစာစားဖို့ လာခေါ်တာပါ "
" ဟင်...ကလေး "
အတွေးတွေ ကမ္ဘာပတ်နေတုန်း
ပကတိငြိမ်သက်သည့် လေသံကို ကြားရသည့်
အခိုက်
ဟန်ဆောင်ထိန်းချုပ်ရခြင်းတို့ဟာ ခေတ္တခဏ အသိလွတ်သွားခဲ့တော့၏
" အွန့်...အွန်းး အ ဘုန်း ဘုန်း "
" ခွပ် "
" အ...ကလေး "
သတိလက်လွတ် နမ်းရှိုက်မိစဉ် ရင်ဘတ်ကို တအားနဲ့ ထုနေသည့် ကလေးကြောင့် လွှတ်ပေးလိုက်
မိတော့ မေးရိုးမှာ ပူခနဲ
နီရဲနေသည့် မျက်နှာလေးက ဒေါသကြောင့်လား
ရှက်စိတ်ကြောင့်လား မကွဲပြား
" ဒါ...ဂုဏ်သိက္ခာကြီးမားတဲ့
ဒေါက်တာဂုဏ်ရှိန်ပြင်းရှ ရဲ့ အပြုအမူလား "
" မ မဟုတ်ဘူး...ကလေး ကိုယ် ..."
ဖြေရှင်းချက်ရော တောင်းပန်တာကိုပါ ဂုဏ် မလုပ်
ခဲ့ရ
ဘာကြောင့်ဆို ချာခနဲ လှည့်ထွက်သွားသည့် ကျော
ပြင်လေးက ခွင့်မပြုခဲ့ဘူး မဟုတ်လား
**********
မျိုးရိုးဂုဏ်စံအိမ်၏ ထမင်းဝိုင်းက အနည်းငယ်
တော့ စိမ်းသက်သက် လေတွေ တိုက်ခတ်နေခဲ့တယ်
ဂုဏ်၏ မျက်နှာဖြူဖြူထက်မှ ညိုမဲနေသည့် ဒဏ်ရာရယ်
အေးစက်စက်ဖြစ်နေသည့် ရစ်၏ ပုံစံရယ်ကြောင့်
" သား...ရစ်လေး !
ဟင်းတွေထည့်စားလေ...စားမကောင်းလို့လား "
" မဟုတ်ပါဘူး...မာမီ !
စားကောင်းတာပေါ့...ဒီလက်ရာ ဒီထမင်းဝိုင်းမျိုး
သား ၆ လတောင် ဝေးနေခဲ့ရတာလေ "
" သားရယ် "
" စားကောင်းရင်...များများစား သား "
" ဟုတ်...ဒက်ဒီ "
" ရော့...ငရစ် ! မင်းကြိုက်တဲ့ ငါးခူစဉ်းကော "
" အေးပါ...မင်းလည်း ထည့်စားဦး ဟ "
" အေးပါဟ ... ဟားးးး ငရစ် နဲ့ ဒီလိုမစားရတာ
ကြာလို့လား မသိဘူး !
အရသာကိုရှိနေတာပဲ ကွာ "
ထမင်းဝိုင်းလေးသည် ခုနကထက် စိုပြေလာသော်
လည်း ဂုဏ့်ရင်ထဲမှာတော့ ခြောက်ကပ်တိတ်ဆိတ်
နေခဲ့တယ်။
ကလေးရဲ့ အပြုံး အရယ်လေးတွေ လွမ်းရတာ ကြာနေပြီမို့ ခိုးငေးရတာလည်း အမောပါ။
ကလေးကတော့ ဂုဏ့်ကို တစ်ချက်တောင် မကြည့်
သိပ်ကိုနူးညံ့သည့် ကလေးက ဂုဏ့်ကြောင့်ပဲ ရက်
စက်တတ်ခဲ့ပြီပဲ
ရင်ထဲ မခံရပ်နိုင်အောင် ဖြစ်လာ၍ ထမင်းစားခြင်း
ကို လတ်စသတ်ခါ ဂုဏ် ထထွက်သွားတော့၏။
ရစ်ကတော့ မဲ့ပြုံးတစ်ချက်ဖြင့် ထမင်းဆက်စားနေ
လျက်
* အချစ်က မခါးသလို ပုံသဏ္ဌာန်လည်း မရှိပါဘူး
ဖန်တီးပုံဖော်သူတွေရဲ့ သဘောထားအပေါ်မှာပဲ
မူတည်ပြီး အရောင်ပြောင်းသွားတာပါ *
* ဖန်တီးသူ ရစ်ရဲ့ အချစ်သဏ္ဌာန်ကတော့....*
∆∆∆∆∆∆∆
" သား...ဘယ်သွားမလို့လဲ "
မပိတ်ထားသည့် အခန်းတံခါးကြောင့် တံခါးမခေါက်ဘဲ ဝင်လာသည့် ဒက်ဒီက အဝတ်အစားလဲနေသည့် ရစ်ကို မေးနေတာမို့
" ကော်ဖီဆိုင်ဘေးက မှန်ခန်းကို ရောင်းမယ်ဆိုလို့
သွားကြည့်မလို့ပါ "
" သားအကောင့်ထဲ...ဒက်ဒီ ငွေထည့်ပေးထားတယ်
လိုသလောက်သုံး သား ကြိုက်သလောက် "
" မလိုပါဘူး...ဒက်ဒီ !
ကော်ဖီဆိုင်က ရတဲ့ငွေနဲ့ ဒီဇိုင်းနာလုပ်လို့ရတဲ့ငွေ
ပေါင်းပြီး ဝယ်လို့ရပါတယ် "
" သား လိုမှာဆိုးလို့လေ ကွာ !
မလိုလဲ တခြား သား လိုအပ်တာ သုံးပေါ့ !
ဒက်ဒီ ရှာသမျှ သားအတွက်ပဲ လေ "
" ကျွန်တော်...လိုရင် သုံးပါ့မယ် !
ချိန်းထားတဲ့အချိန် နီးနေပြီမို့ ကျွန်တော်သွားတော့
မယ် ဒက်ဒီ "
" ကောင်းပါပြီဗျာ...ဒက်ဒီကို မနမ်းတော့ဘူးလား "
" ကျွန်တော် ကလေးမှ မဟုတ်တော့ဘဲ "
ထိုမျှသာ ပြောပြီး ကမ္ဘာ့ နားတောင်ကပ်မလာဘဲ
အခန်းထဲမှ ထွက်သွားသည့် သားးး
ပင်းတယမှ ပြန်လာပြီးကတည်းက သားနှင့် ရင်းနှီး
ဖို့ ကမ္ဘာ အများကြီး ကြိုးစားခဲ့ပြီးပြီ
သို့သော် ဘယ်လိုမှ အရာမထင်ခဲ့
ထမင်းခွံ့ကျွေးဖို့ မပြောပါနဲ့ လက်ဆုံစားဖို့တောင်
ခဲယဉ်းလွန်းသည့် အနေအထား
သား၏ ပါးကို နမ်းရှိုက်ဖို့ မပြောပါနဲ့ အနားကပ်ဖို့
တောင် ကမ္ဘာ အခွင့်မရခဲ့
သားဂုဏ် နှင့် ဆုံဖြစ်တုန်းကလည်း ဒီ အကြောင်း
တွေကို ပြောဖြစ်ကြသေးတယ်
* ကျွန်တော့်ကို ကလေးက အရမ်းစိမ်းသွားတယ် *
ဟု မချိတင်ကဲ ပြောပြလာသည့်အခါ ကမ္ဘာ ပခုံးပုတ် နှစ်သိမ့်ရုံကလွဲ မတတ်နိုင်ခဲ့ဘူး
မိမိအခန်းထဲ ပြန်ဝင်ပြီး ဖုန်းယူကာ ဥက္ကာဆီ သို့...
" Hello...ဘာဖြစ်ပြန်ပြီလဲ ကိုဦး "
အကြောင်းကိစ္စ ရှိမှ ဆက်တတ်တာမို့ ဖုန်းဆက်
တာနှင့် သကောင့်သား ဥက္ကာက ထိုသို့မေးတတ်မြဲ
" ဥက္ကာ "
" ပြောလေ...ကိုဦး "
" ငါ...ဘာလုပ်ရမလဲ ကွာ !
သားက ငါ့ကို အရမ်းစိမ်းသွားတယ် !
အရမ်းပဲ အရမ်းပဲ ငါ့ကို တစိမ်းတစ်ယောက်လိုပဲ
အရင်လို ချွဲနွဲ့နေတာမျိုးလည်း မရှိတော့ဘူး !
ငါ ဘာလုပ်ရမလဲ ကွာ "
" ဟင်းးးးး ကိုဦးရာ !
လောလောဆယ် ရစ်ကို သူ့စိတ်အတိုင်းလေး
နေဖို့ လွှတ်ထားပေးလိုက်ပါဦး !
အခြေအနေ တစ်ချက်ကြည့်ပြီး ပြင်ဦးလွင်က
ကျွန်တော့် ခြံကို ခေါ်လာခဲ့ !
အကြောင်းပြချက် တစ်ခုခုတော့ ရှာရမှာပေါ့ "
" အင်းပါ...ကွာ "
စိတ်ပျက်လက်ပျက် ဖုန်းချပြီး တာနဲ့ ကုမ္ပဏီသွားဖို့
ပြင်ဆင်ပြီး ထွက်သွားလိုက်သည့် ကမ္ဘာက သူပြန်လာလျှင် ပြောင်းလဲနေမည့် အရာကို ကြိုမသိ
သေး...
8:00 PM
--------------
" ဘာ !!
သားက ဘယ်သွား လိုက်တာ ဦးစံမောင်း "
" ကော်ဖီဆိုင်မှာပဲ နေဖြစ်မယ်တဲ့ ကမ္ဘာ !
ကမ္ဘာ့ကို ပြောပေးဖို့ မှာခဲ့တာပဲ "
" ဟာဗျာ "
ကမ္ဘာ ဆိုဖာပေါ် စိတ်ပျက် လက်ပျက် ပစ်ထိုင်ချမိ
ရင်း ဆံပင်တွေကို ထိုးဖွမိတော့၏။
မိမိကို အသိတစ်ချက်မပေးပါဘဲ ဖုန်းတစ်ချက်
တောင် မဆက်ပါဘဲ
" ရစ်လေးကို ခဏတော့ သူဖြစ်ချင်သလို
ခွင့်ပြုပေးလိုက်ပါ ကမ္ဘာ ...သူလည်း ခံစားထားရ
နာကျင်ထားရတာ "
" ကျွန်တော်...သားကို ဆုံးရှူံးရသလိုဖြစ်နေတယ်ဗျာ...ကျွန်တော် ထွေးဖက်ဖို့တောင် သားက ခွင့်မပြုဘူး ဖြစ်နေတယ် "
" ကမ္ဘာ ပြန်ကြိုးစားလေ ...
ရစ်လေးက ကမ္ဘာ့ကို မုန်းနေတာမှမဟုတ်ဘဲ "
" ဟူးးးးး ကျွန်တော် လိုက်သွားဦးမယ်ဗျာ "
ပြောပြောဆိုဆို ကားသော့ ကောက်ကိုင်ပြီး အိမ်ပြင်ခြေလှမ်းပြင်နေသည့် ကမ္ဘာ့ကို ဦးစံမောင်က
ဆွဲထားပြီး
" မသွားပါနဲ့ဦး...ကမ္ဘာ ! မနက်မှသွားပါလား ကွယ်
ရစ်လေးကို စိတ်တိုင်းကျ နေခွင့်ပြုလိုက်ပါ "
ကမ္ဘာလည်း တားနေသည့် ဦးစံမောင်းကြောင့် စိတ်
လျှော့ကာ မိမိအခန်းဆီပဲ တက်ခဲ့မိသည်။
ညစာလည်း မစားဖြစ်
အိပ်လို့လည်း မပျော်ဘဲ အလုပ်သာဖိလုပ်ရင်း ဒီလို
ညတွေဟာ ကမ္ဘာ့အတွက် ရက်ဆက်လာခဲ့တယ်
၆ လလုံး သားကို ကြိတ်မှိတ်လွမ်းခဲ့ရပြီးပြီ
ခုလည်း နီးလျက်နဲ့ စိမ်းသက်မှုကြီးက ခံရခက်စေ
ပြန်တဲ့အခါ
အမြဲယုယပွေ့ပိုက်ခဲ့တဲ့ သားကို ဆုံးရှူံးရသလိုပဲ
ဒီသားကိုပဲ အရိပ်တကြည့်ကြည့် ထွေးပိုက်ခဲ့တာမို့
အပြစ်ရယ်လို့ မြင်ပြီး အဝေးပို့ခဲ့တုန်းကလည်း ကမ္ဘာတစ်ယောက်တည်း ရူးမတတ်
ခုကျ သားကိုယ်တိုင်က အဝေးသွားပြန်ပြီမို့
" သားလေးရယ် "
သား အခန်းထဲရှိ သားအိပ်ယာထက်တွင် လှဲရင်း
သားကိုယ်ငွေ့ရှိနေသော ခေါင်းအုံးကို ပိုက်လို့ မျက်
ရည်ကျမိသည့် ကမ္ဘာ့အဖြစ်ကို ရစ်ကတော့ သိမည်
မထင်...။
∆∆∆∆∆∆∆
" ဂုဏ်...မင်း လွန်နေပြီနော် တော်တော့ကွာ "
နေဇော်၏ ကလပ်ထဲလာပြီး အရက်ကိုတစ်ခွက်ပြီး
တစ်ခွက် သောက်နေတာ မနားတမ်း
" မတော်ဘူး...ငါ မမူးသေးဘူး နေဇော် "
" ကျစ်...ဂုဏ်ရာ "
မဟာဂုဏ် ဆေးရုံ၏ အတော်ဆုံး ခွဲစိတ်ဆရာဝန်ကြီး ဂုဏ်ရှိန်ပြင်းရှ တို့ နာမည်ကြီး ကလပ်မှာ အရက်လာသောက်နေတာ ဘယ်နေရာမှ မအပ်စပ်
ဆေးကုနေချိန်သာ ဆရာဝန်ပီသပေမယ့် ကျန်အချိန်ဆို ရာထူးနှင့် မအပ်စပ်သော အမူအကျင့်က
ဂုဏ်ရှိန်ပြင်းရှ ထံတွင် အပြည့်အဝရှိတာ ငယ်ပေါင်းဖြစ်သည့် နေဇော် အသိဆုံး
" လွမ်းတယ် ...ကလေးကို အရမ်းလွမ်းတယ် !
ကလေးက ငါ့ကို အရမ်းစိမ်းကားလွန်းတယ် !
ငါ့ နှလုံးသားတစ်ခုလုံး ပူလောင်နေတယ်
မင်း သိလား နေဇော် "
မျက်ရည်တွေဖြင့် ပြောနေသော ဂုဏ့်အဖြစ်ကို
နေဇော် ဘာလုပ်ပေးရမှန်းတောင် မသိ။
အချစ်နှင့် ဂုဏ်သိက္ခာကို လဲလှယ်ပြီးမှ လွမ်းနာကျ
နေတာ သနားရမှာလား ရိုက်ပစ်လိုက်ရမှာလား
" ငါ့ကို...ခေါ်တာ ဒေါက်တာ တဲ့ ကွာ "
" သူလည်း...ခံစားရတာ မသက်သာခဲ့မှန်း
မင်း ကိုယ်ချင်းစာကြည့်လေ ဂုဏ် ...မင်းလုပ်ရပ်
ကို ပြန်တွေးကြည့်လေ...
ဒီလောက်တော့ သူ စိမ်းသက်တာ မမှားဘူး "
" ဟုတ်တယ်...ငါမှားခဲ့တာ ငါရက်စက်ခဲ့မိတာ !
အားးးးးး ငါရူးတော့မယ် ကွ "
" ဂုဏ်ရာ ... လာပါကွာ ပြန်ကြရအောင် !
ငါ လိုက်ပို့ပေးမယ် "
" မလိုပါဘူး...ငါ မောင်းနိုင်တယ် မပူနဲ့ "
" အေးပါကွာ...!
ကားပါ့ခ်ကင်အထိ လိုက်ပို့ပေးမယ် လာ "
" အင်းး "
ဒီလောက်သောက်ထားတာတောင် ခြေလှမ်းတွေ
မတ်နေသည့် ဂုဏ့်ကို နေဇော်ထူးပြီး မအံ့ဩတော့
ဘာကြောင့်ဆို သိနှင့်ပြီးသားမဟုတ်လား
" ကားကို ...ဖြည်းဖြည်းမောင်း ဂုဏ် "
" အင်းးးး "
ဂုဏ့် ကားက နီယွန် မီးတိုင်တွေကို ဖြတ်ပြီး တရိပ်ရိပ်ပြေးနေသလို ဂုဏ့် အတွေးတွေဟာလည်း......
" တီ တီ တီ "
ခြံအဝင်အဝမှ ကားဟွန်းတီးသံက ချက်ချင်းလာ
မဖွင့်သည့် ခြံစောင့်ကို စိတ်တိုပြီး သတိပေးနေတာဖြစ်သည့် ဟွန်းသံ
" နောက်ကျလှချည်လား...သားကြီး "
ဧည့်ခန်းမှာ ဆီးကြိုမေးနေသည့် ဖေဖေ့ကို
" နေဇော့်ဆီ...သွားနေလို့ပါ ဖေဖေ !
ကျွန်တော် နားတော့မယ်နော် "
" အင်းး "
အခန်းထဲရောက်တာနဲ့ အဝတ်အစားတွေချွတ်ပစ်ပြီး ရေချိုးခန်းထဲဝင်ကာ ရေစိမ်နေလိုက်သည်။
ရင်ပူနေတာတော့ မရပ်တန့်နိုင်ခဲ့
ကိုယ့် ကလေး အိပ်နေပြီလား ကွာ
ကလေး ပါး နုနုလေးကို ကိုယ် နမ်းခွင့်ရချင်မိတယ်
အရမ်းလွမ်းတယ် ကလေးရယ်
ကိုယ့်ကို အရမ်းမုန်းနေပြီလား
နာကျည်းနေပြီလား ကွာ
မြိုသိပ်ရသမျှ လွတ်လပ်စွာစီးကျခွင့် ရသွားသည့်
မျက်ရည်တွေဟာ bathtube ထဲ အပြေးအလွှားပါပဲ
အချစ်ကို နင်းချေခဲ့ပြီးမှ လွမ်းတယ်ဆိုသည့် အဖြစ်က ရယ်စရာတော့ ကောင်းသား
ဂုဏ်သိက္ခာကို ဖက်တွယ်ပြီး နုနယ်တဲ့ နှလုံးသားငယ်ရဲ့ အချစ်တွေကို ဥပေက္ခာပြုခဲ့ပြီးမှ ခုမှတော့
ခုမှတော့...ဂုဏ့်အချစ်က အရာထင်ပါဦးမလား
* သိက္ခာ နဲ့ အချစ် လွန်ဆွဲပွဲမှာ သိက္ခာက အနိုင်ရခဲ့
သော်လည်း
အချစ်က လှောင်ပြောင်သွားခဲ့တယ်
လွမ်းတာကို ရေရွတ်နေသ၍ ငါ နိုင်တယ်တဲ့ *
လွတ်လပ်စွာချစ်ပါ
နှလုံးသားကိုမညာပါနဲ့
အချစ်က ဒဏ်မခတ်ပါဘူး
💘💘💘💘💘💘💘
ဦးရှအသည်း ဟက်တက်ကွဲ ဘယ်သူကယ်မလဲ
😅😅😅😅
Author _' Ahtarsaung