A Lover of Mafia ( Complete )
By sunray9597
114K 5.9K 3.5K
အိုမီဂါတွေကို စောက်ရမ်းမုန်းတယ်..( ကင်မ်ထယ်ယောင်း ) ဂျွန် တို့က ဘယ်သူမှ မကြောက်တတ်ဘူး ဟွန့် (ဂျွန်ဂျောင်ဂု ) ... More
A LOVER OF MAFIA (INTRO)
Part -1
Part -2
Part -3
‌မေးမြန်းခြင်း💜💜💜💜💜
Part -4
Part -5
Part -6
Part -7
Birthday wish 🎂
Part -8
Part -10 ⚠️
Part -11
Part -12
Part -13
Part -14⚠️
Part -15
Telegram group
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part-25
Part -26
Part -27⚠️
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part -34
Part-35
Part -36
Part -37
Part -38
Part -39( Final )
Part-9
2.6K 159 93
By sunray9597
# Unicode #
" ခင် .ခင်ဗျားနဲ့ ဘာဆိုင်လို့ စိတ်မချတာလဲ..အရူးစကားတွေလာပြောနေတယ်.."
" ဟက်! ဆိုင်အောင်လုပ်ကြမလား! "
" ဆောက်ရူး!! "
ပါးပြင်ကိုပွတ်သတ်လာတဲ့ လက်တွေပိုပုတ်ချပြီး ပြောလိုက်တဲ့ ဂျောင်ဂု...
" ဟက်! ဟုတ်တယ်..ကျုပ်က ဆောက်ရူး! မင်းကြောင့်လေ! အဲ့တာမင်းကြောင့်...ငါဘာကြောင့် မင်းလို အယ်လ်ဖာကို စိတ်ဝင်စားနေမိမှန်းမသိဘူး..မင်း တစ်ယောက်တည်းကိုဘဲ ဂျောင်ဂု! "
ထယ်ယောင်းက ဂျောင်ဂုရဲ့ မျက်နှာလေးကို သေချာစိုက်ကြည့်ပြီးပြောတော့ ဂျောင်ဂု ခဏတာမှင်သတ်သွားသည်။အခု သူ ဖွင့်ပြောခံလိုက်ရတာလား...
" အိုမီဂါတစ်ယောက်ကို ပြောင်းကြိုက်လေ..."
" ကိုယ်က အိုမီဂါတွေကို အရမ်းမုန်းတယ် baby..."
ထယ်ယောင်းက ဂျောင်ဂုရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလိုက်တော့ ဂျောင်ဂု မသိမသာတံတွေးတစ်ချက်မျိူချမိလိုက်သည်။
* ကျွန်တော်သာ အိုမီဂါမှန်းသိသွားရင် ခင်ဗျား..ဆက်ချစ်နေအုံးမှာလား..*
" ဘာ..ဘာကြောင့် အိုမီဂါတွေကို...မုန်းနေတာလဲ..အိုမီဂါတိုင်းက မကောင်းတဲ့သူတွေမဟုတ်ပါဘူး...ဥပမာ..အစ်ကိုဟိုဆော့လက်ထပ်တဲ့ ဂွန်းဟူကိုဘဲ ကြည့်လေ..သူလည်း အိုမီဂါပေမဲ့ မဆိုးဘူးလေ.."
ဂျောင်ဂုက အချက်ကျကျ ပြောပေမဲ့ သူပြန်ရလိုက်တာက ထယ်ယောင်းရဲ့ ပျက်ရယ်ခြင်းတစ်ခုသာ.
" ဟက်! အနည်းစုဘဲ ဂျောင်ဂု...အိုမီဂါ အများစုက သူတို့ရဲ့ ဘဝ အာမခံချက်ရှိအောက် Mate ရှိပြီးသားသူတွေကို လည်း စည်းစောင့်ထိန်းမှုမရှိဘဲ အိမ်ထောင်ရေးဖောက်ပြန်တက်အောင် ဖြာယောင်းတတ်တယ် မင်းသိလား! အဲ့လို အိုမီဂါတွေကြောင့် ကလေးတွေ မိတစ်ကွဲဖတစ်ကွဲနဲ့ ရှင်သန်ရတာကိုရော မင်းသိလား!! "
သခင်ကြီးရဲ့ စကားများကို ဂျောင်ဂု နားထောင်ပြီး ဘာစကားမှမပြောနိုင်တော့ပေ...
" မင်းသိလား..ငါ ငါးနှစ်အရွယ်တုန်းကလေ..ငါ မေမေဆုံးသွားခဲ့တာ..ဘာကြောင့်လဲသိလား! ငါ ဘာကြောင့် အခုလို ခက်ထန်လာတာလဲ သိလား! ငါပြောပြမယ်..နားထောင်.."
~
~
~
လွန်ခဲ့သော ၂၅ ခန့် ;
ထယ်ယောင်း အသက် ငါးနှစ်အရွယ်...သူ ဖေဖေက True blood alpha တစ်ယောက်ဖြစ်သလို..မေမေကလည်း True blood alpha တစ်ယောက်ဖြစ်တာကြောင့် မွေးလာတဲ့ သူက သန့်စင်ခြင်းနဲ့မြင်မြတ်ခြင်းတွေ ခြံရံထားတဲ့ Great True blood alpha တစ်ယောက်ပင်...
ဖေဖေက ကိုရီးယားရဲ့ အချမ်းသာဆုံး သူဌေးတစ်ယောက်ဖြစ်သလို မေမေကလည်း ဖေဖေ့နည်းတူ ချမ်းသာကြ၏။မေမေနဲ့ ဖေဖေက ချစ်ကြိုက်လို့ယူကြတာမို့ ပျော်စရာအတိပင်...
သူမွေးလာတော့လည်း ပျော်စရာမိသားစုလေးဖြစ်အောင် မိဘတွေက ဖန်တီးပေးခဲ့သည်။
Devil စံအိမ်ရဲ့ အရင်နာမည်က Heaven တဲ့ သူတို့ ကင်မ်မိသားစုရဲ့ ပျော်စရာသုခဘုံလေးပေါ့...စံအိမ်တွင်းမှာ ငါးနှစ်အရွယ် ကလေးလေးတစ်ယောက်ရဲ့ ရယ်သံလေးတွေ အချန်ပြည့်ခြုံလွှမ်းနေတတ်သလို မိဘတွေရဲ့ ကျီစယ်သံနဲ့ ချော့မြူသံတွေက အိမ်အကူတွေ တောင် အားကျရလောက်တဲ့အထိ ကင်မ် မိသားစုလေးက ပျော်စရာတွေ အပြည့်ပင်...အဲ့နေ့မရောက်ခင်ချိန်ထိပေါ့...
တစ်နေ့ သူတို့အိမ်ကို မေမေ့ရဲ့ သူငယ်ချင်းဆိုတဲ့ အိုမီဂါ မိန်းမတစ်ယောက်ရောက်လာတယ်..မျက်နှာပြုံးချိုတဲ့ အဲ့မိန်းမကို ထယ်ယောင်း အစတည်းက သဘောမကျတာပင်...အပြုံးတွေက ကြောက်စရာကောင်းနေသလို သူကြည့်ဖူးတဲ့ စနိုးဝှုက်ကားထဲက စုန်းမကြီးရဲ့ အပြုံးမျိုးနဲ့တူတာကြောင့်ပင်..
မေမေက အဲ့အမျိုးသမီးကို သူငယ်ချင်းအရင်းကြီးဆိုတဲ့ အသိကြောင့် ဖေဖေ့ကို တိုင်ပင်ပြီး သူတို့အိမ်မှာ နေခွင့်ပြုလိုက်သည်။
အဲ့ အမျိုးသမီး က မနက်တိုင်း သူနဲ့ မေမေအတွက် နွားနို့တစ်ခွက်စီဖျော်ပြီးတိုက်‌သလို ဖေဖေ့ကိုလည်း လိုအပ်တာထက်ပိုပြီး ဆက်ဆံတာမို့ သူလုံးဝမကြိုက်...
သူ့ရှေ့မှာ နို့ကို သောက်ချင်ယောင်ဆောင်ပြီး အလှစ်ကြရင် သွန်ပစ်တတ်သည်။မေမေကတော့ ကုန်အောင်သောက်တိုင်း သူက တားပေမဲ့ မေမေက သောက်ကောင်းပါတယ် သားရယ် ဆိုတဲ့ စကားကို ပြောလာတာကြောင့် သူဘာမှမပြောမိ...
သုံးလအတွင်း မေမေ့ရဲ့ကျန်းမာရေးက ဆိုးလာပြီး ချောင်းဆိုးတိုင်းသွေးပါလာတတ်သည်။အ‌တော်ဆုံး ဆရာဝန်တွေအများကြီးတွေ ခေါ်ပြီးကုပေမဲ့ မေမေ့ရောဂါက မသက်သာပေ...
သူလည်းမေမေ့အနားကလွှဲပြီး ဘယ်မှ မသွားဖြစ်တော့ဘဲ...အဖော်ပြုပေးခဲ့၏။အဲ့အမျိုးသမီးတော့ နေ့တိုင်းအလှတွေပြင်ကာ ချိုအီအီ pheromones တွေထုတ်ကာ ဖေဖေ့ကို မြူစွယ်လာသည်။
မေမေက အိပ်ရာထဲ လှဲနေရတဲ့ အဆင့်မို့ ထိုမိန်းမရဲ့ လုပ်ရက်တွေကို မျက်ရည်ကျပြီး ကြည့်နေရုံသာတက်နိုင်၏။အဲ့မိန်းမကလေ မေမေ့အနားကိုလာပြီး ဖေဖေနဲ့ ကုတင်ပေါ်က အကြောင်းတွေကို အရှက်မရှိလာပြောတိုင်း မေမေက မျက်ရည်တွေနဲ့သာ နားထောင်နေသည်။မေမေရဲ့ မျက်ရည်တွေကြောင့် သူဒေါသထွက်လာရ၏။မေမေကို ဂရုမစိုက်ဘြ ထိုမိန်းမနဲ့ပျော်ပါးနေတဲ့ ဖေဖေ့ကိုလည်း စိတ်နာမိသည်။
တစ်နေ့ သူမထင်မှတ်ဘဲ သိလိုက်ရတာက အဲ့မိန်းမက ဖေဖေ့ကို ပီယဆေးတွေနဲ့ သိမ်းသွင်းထားသလို မေမေ့ကို နို့တည်း အဆပ်တွေ ထည့်တိုက်ခဲ့တာကိုပင်..ဒါကြောင့် ဖေဖေက မေမေ့ကိုလည်း မသိသလို သူ့ကိုလည်း အကြည့်စိမ်းတွေနဲ့ ကြည့်တတ်လာတာပင်..ထိုမိန်းမ ဘာပြောပြောယုံကာ..မေမေ့ကို စိတ်ထိခိုက်အောင်လုပ်သလို သူ့ကိုလည်း လက်ပါပြီးရိုက်တဲ့ အထိပင်ဖြစ်လာသည်။ကင်မ်စံအိမ်ရဲ့တစ်နေ့တာက ထိုမိန်းမရဲ့ ကုန်းချသံ ၊ဖေဖေရဲ့ ဆူပူရိုက်နှက်သံ နဲ့ သူနဲ့ မေမေရဲ့ ငိုသံတွေသာ ပြည့်နှက်လာ၏။
အဲ့မိန်းမ အကြံတွေကို ရိပ်မိတဲ့ မေမေဟာ..သူ့ရဲ့နာမည်နဲ့ မိသားစုအမွေတွေကို တိတ်တိတ်လေးလွှဲပေးခဲ့တယ်... အဲ့မိန်းမက သိတော့ မေမေ့ကိုပြဿနာရှာတယ် ကျန်းမာရေးမကောင်းတဲ့ မေမေဟာ အဲ့မိန်းမရဲ့ လက်ချက်ကြောင့် သူ့ရှေ့မှာတင် ဆုံးသွားခဲ့တယ်...
ဖေဖေကိုလည်း ပီယဆေးတွေနဲ့ မကောင်းတဲ့ဆေးတွေ အတိုက်လွန်ပြီး သေကြောင်းကြံခဲ့တယ်..အဲ့အိုမီဂါမိန်းမက ထယ်ယောင်း တန်ဖိုးထားရတဲ့ လူနှစ်ယောက်ကို လောကကြီးထဲက ဆွဲထုတ်သွားခဲ့တယ်...ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို မိဘမဲ့ဖြစ်အောင်လုပ်ခဲ့တယ်..
မိဘတွေ ဆုံးသွားတော့ မျက်နှာပြောင်တိုက်ပြီး သူ့ရဲ့ အမွေတွေကို လက်ဝါးကြီးအုပ်ခဲ့တယ်..သူ့ကိုလည်း အခိုင်းစေတစ်ယောက်လို နှိပ်စက်ခဲ့ပြီး အမှောင်ခန်းတွေထဲမှာပိတ်လှောင်တတ်တယ်...တခြားအယ်လ်ဖာ ယောကျာ်းတွေကို ခေါ်ပြီး သူ့မျက်စိရှေ့မှာတင် လွန်ကျူးခဲ့တယ်...
သူသည်းမခံနိူင်တဲ့ နေ့မှာတော့ သူ့ရဲ့ စိတ်ရိုင်းတွေဟာ ငါးနှစ်သားအသက်နဲ့ မလိုက်...ပြင်းထန်လာခဲ့တယ်..အေးစက်စက်မျက်ဝန်းတွေနဲ့ ပြုမှုလာတတ်တယ်...တစ်နေ့ သူ့ကို ရိုက်ဖို့ရွယ်တဲ့ အဲ့မိန်းမကို သူ လှေကားကနေတွန်းချလိုက်တယ်..သွေးအိုင်ထဲလှဲနေတဲ့ အဲ့မိန်းမရဲ့ ပုံစံက သူ့ကို ကျေနပ်အားရစေတယ်.
ဒါပေမဲ့ အဲ့မိန်းမက မသေဘူး.! ဒါ့ကြောင့် မီးဖိုးချောင်ထဲက ဓားကိုယူပြီး မသေမချင်း သူတစ်ချက်ချင်းထိုးသတ်ခဲ့တယ်..သူ့မိဘတွေအတွက် ကလဲ့စားချေပေးတာ...သူ့အသက်အရွယ်နဲ့ လူသတ်တယ်ဆိုတာ မဖြစ်နိုင်ပေမဲ့ အဲ့မိန်းမကြောင့် သူ့ရဲ့လက်ဟာ သွေးတွေ စစွန်းခဲ့တယ်..ဒါပေမဲ့ သူကျေနပ်တယ်...
နောက်ပိုင်း အစ်ကိုဟိုဆော့ရဲ့ မိဘတွေရောက်လာပြီး အဲ့မိန်းမရဲ့ အလောင်းကို ဖျောက်ပေးခဲ့ပြီး သူ့ကို စောင့်ရှောက်ပေးခဲ့တယ်...သူအသက် ခြောက်နှစ်အရွယ်ကစပြီး အရယ်အပြုံးဆိုတာ ပျောက်ကွယ်သွားတယ်..သူများတွေ မိဘရင်ခွင်ထဲ ခိုလှုံနေချိန်မှာ သူက တစ်ယောက်တည်း ကျောင်းတက်နေခဲ့ရတယ်..သူများတွေ ကစားကွင်းသွားတဲ့ အချိန်မှာသူက စာတွေ လုပ်နေခဲ့တယ်..
သူ့ရဲ့ ပျော်ရွှင်တဲ့ အသိုက်အမြုံဟာ အဲ့အိုမီဂါ မိန်းမကြောင့်ပျက်ဆီးခဲ့ရတာ အဲ့အချိန်ထဲက အိုမီဂါဆို ဘယ်အိုမီဂါမှအထင်မကြီးဘဲ မုန်းခဲ့သည်။သူအသက် ဆယ့်သုံးနှစ်မှာ အမှောင်လောကထဲ စဝင်ပြီး GT GAIN ကို စပြီး တည်ထောင်ခဲ့၏။သူများကလေးတွေ အိပ်ကောင်းစားကောင်းပြီး မိဘရင်ခွင်မှာ ခိုလှုံနေတဲ့ အရွယ်မှာ သူက ပြင်းထန်တဲ့ လေ့ကျင်ရေးတွေနဲ့ ပင်ပန်းလွန်းလို့ မစားနိုင်မအိပ်နိုင် နဲ့ သေလုနီးပါး တိုက်ခိုက်ရေးတွေ ၊နညး်ပညာတွေ လက်နက်ကိုင်နည်းတွေကို လေ့ကျင့်ခဲ့၏။အသက်ထက်ပိုပြီး ရင့်ကျက်ခဲ့သလို ကျောင်းမပြီးသေးဘဲ ဖေဖေနဲ့မေမေရဲ့ ကုမ္ပဏီကို အုပ်ချုပ်နိုင်ခဲ့သည်။
အရွယ်ရောက်လာတော့လည်း သူတို့ရဲ့ pheromones တွေနဲ့ မြူစွယ်ဖျားယောင်းတာကြောင့် ပိုတောင်ရွံ့ရှာခဲ့၏။mate ရှိပြီးသာ အိုမီဂါတွေကတောင် သူတို့ရဲ့ mate အပေါ်သစ္စာဖောက်ပြီး ထယ်ယောင်းကို မြူစွယ်ခဲ့သည်။ဒါကြောင့် အိုမီဂါ မှန်သမျှက ရမက်ကြီးပြီး လောဘကြီးတဲ့ သူအဖြစ်မြင်လာပြီး မုန်းတာထက်ရွံ့ရှာစပ်စုပ်လာတာ ယနေ့ထိပင်...
~
~
~
ဂျောင်ဂု သခင်ကြီး ဘဝအကြောင်းကြားပြီးတော့ သနားမိသည်။သူက မိဘတွေနဲ့ အတူနေရတာ ကြာပါသေးတယ် မိဘတွေ အချစ်လည်းရခဲ့တယ်...သူ့ထက် သခင်ကြီးက ပိုသနားဖို့ကောင်း၏။ဒါပေမဲ့ မကောင်းတဲ့ အိုမီဂါတွေနဲ့ ကြုံရလို့ အိုမီဂါတိုင်းက မကောင်းသူမဟုတ်ဘူးဆိုတာ သခင်ကြီးနားလည်အောင် ဂျောင်ဂု ပြောပြချင်ပါသည်။အခက်ခဲတွေ ပြေလည်သွားတဲ့ တစ်နေ့ သခင်ကြီးရင်ထဲက အိုမီဂါတွေကို မုန်းတဲ့ စိတ်ပျောက်ကွယ်သွားအောင် သူလုပ်ဆောင်ပေးမည်။
~
~
" ငါတို့ ဂွန်းဟူလေး ဒီနေ့တော့ လူပျိုရည်ပျက်တော့မယ် ဟင့်! "
" ဟုတ်ပါ့ဂျီဂျီရယ်...အာဂူးးး သနားစရာ ဂွန်းဟူလေး..ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ရရတဲ့လို့.."
" အေးလေ ဆော့ဂျင်ရယ် ငါတို့ သူငယ်ချင်းလေး အမဲဖျတ်ခံရတော့မယ် စိတ်တောင်းကောင်းဝူးးး အရက်ကို စိတ်ကြိုက်သောက်မယ် ဂွန်းဟူလေးအတွက်...ချီးယားးး "
" ချီးးးယားးးး "
" ချွင်! ချွင် ! ချွင်! "
မင်္ဂလာပွဲပြီးလို့ ဂွန်းဟူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ သူတို့ သုံးယောက်ရဲ့ ဟိုဆော့တို့လေးယောက် ဝိုင်းဖွဲ့သောက်ဖြစ်ကြသည်။
ဘီယာ နှစ်ဗူးနဲ့တင် မူးနေကြတဲ့ ဂျီမင် ၊ဆော့ဂျင်နဲ့ ဂျောင်ဂု။ ပါးစပ်ကလည်း ဂွန်းဟူကိုသနားတဲ့ အကြောင်းပြောနေကြ၏။
ဂွန်းဟူက ဘီယာမသောက်နိုင်တာကြောင့် လိမ္မော်ရည်သာသောက်ပြီး သူ့သူငယ်ချင်းအမူးသမားတွေကိုကြည့်ပြီး စိတ်ညစ်လာသလို ကျန်တဲ့သူတွေကိုလည်း အားနာလာသည်။အဲ့ကောင်တွေက ဘီယာဝင်ရင် လူမှန်းသူမှန်းမသိတော့ပေ...
ထယ်ယောင်းတို့ကတော့ ဘီယာတန်ခိုးနဲ့ မူးနေတဲ့ အမူးသမားလေးတွေကိုကြည့်ပြီး ခိုးပြုံးနေမိကြ၏။
" ဂွန်းးဟူ! မင်းသိလား! မသိရင် ငါပြောပြမယ်.! အေ့! မင်းနဲ့ မင်းအဘိုးကြီး..အဲ! ကန်တော့! ကန်တော့! "
ဟိုဆော့ကို စိတ်ထဲရှိတာခေါ်ပြီးမှ မျက်နှာမှေးမှေးလေးတွေနဲ့ လက်အုပ်ချီကာ တောင်းပန်လာတဲ့ ဂျီမင်ကိုကြည့်ပြီး ယွန်ဂီ ခေါင်းခါမိသည်။
" မင်းနဲ့ မင်းယောက်ျား...အဟမ်း! အဟမ်း! ဝုန်း..ဝုန်း! လုပ်ပြီးရင် ငါတို့ကို ဝေမျှအုံး! ငါက ဦးနဲ့ အတူနေရင် ပြင်ဆင်လို့ရအောင်.."
" ဖူးး"
ဂျီမင်စကားကြောင့် ယွန်ဂီ သောက်လက်စ ဘီယာတွေ ပြန်ထွက်ကုန်၏။ဂွန်းဟူကတော့ မျက်နှာလေးနီရဲနေကာ..ထယ်ယောင်းနဲ့ နမ်ဂျွန်းကတော့ ဟိုဆော့နဲ့ ယွန်ဂီကို ပြုံးစစကြည့်နေသည်။
" အေ့! အဟမ်း အဟမ်း ဝုန်း ဝုန်း ဆိုတာ ဘာလဲ ဂျီမင်! အေ့! ငါ ကြားဖူးတာ မင်္ဂလာဦးညမှာ ဖောင်း ! ဖောင်း ! ဒိုင်း! ဒိုင်း လုပ်ကြတာတဲ့! မယုံရင် အစ်ကိုနမ်ဂျွန်း ကိုမေးကြည့်ပါလား.."
ဆော့ဂျင်စကားကြောင့် နမ်ဂျွန်းမှာ ‌ဘာပြောရမှန်းမသိတော့ပေ...
" ဟေ့ဟျောင်တွေ! တော်တော့..မင်းတို့ မူးနေကြလည်း ပါးစပ်ပိတ်ပြီး အိပ်ကြ! "
" မအိပ်ဖူးကွာ! ဘာကိစ္စ အိပ်ရမှာလဲ! ဆော့ဂျင်တို့နဲ့ မင်္ဂလာဦးည လုပ်တဲ့ကိစ္စဆွေးနွေးရမှာ! ငါ့သူငယ်ချင်းလေးက ဘယ်လို ခေါ်မှန်းမသိဘဲ ဖင်ချခံရမှာဆိုးလို့ ! "
ငြိမ်နေတဲ့ အမူးသမားဂျောင်ဂုစကားကြောင့် ဟိုဆော့တောင်မျက်နှာပူသွားပြီး ဂွန်းဟူဆို ခေါင်းငုံ့နေမိသည်။ထယ်ယောင်း ၊နမ်ဂျွန်း နဲ့ ယွန်ဂီကတော့ ထို ကလေးသုံးယောက်ရဲ့ မင်္ဂလာဦးည က အလုပ်ကို နာမည်ဆန်းဆန်းတွေ ပြောပြီး ဆွေးနွေးနေသဖြင့် မနိုင်သည့် အကြည့်တွေနဲ့သာ နားထောင်နေကြ၏။
" ဟာ! ဂျောင်ဂျောင်ဂုရဲ့ အဲ့လို့ ဒဲ့ကြီး ဖင်ချတယ်လို့ မပြောရဘူး..F**k တယ်လို့ ပြောရတယ်..နော်! ဦးး ဦးနဲ့ ဂျီ့ အလှည့်ကျရင် အဲ့လိုလေး ပြောပြီး လုပ်မယ်နော်! "
ဂျီမင်က ယွန်ဂီကိုပါ စကားဝိုင်းထဲသွင်းပြီး ပြောနေတာကြောင့် လက်မရွံ့လူသတ်သမား အဖြစ်နေထိုင်ခဲ့တဲ့သူက ဒီကောင်လေးနဲ့ မှ လက်တုန်ခြေတုန်နဲ့ ကြောက်လာသလို ရှက်လည်း လာသည်။အတော်ဆိုးတဲ့ အိုမီဂါ! မမူးတဲ့ ချိန်တောင် ထိန်းမနိုင်တာ အခု မူးနေတော့ ပိုဆိုးပြီ..သူနဲ့ ကုတင်ပေါ်ကကို မဆင်းဘူး..
" No...Noooo စတော့ပစ်...ရပ်ကြ..အားလုံးမှားတယ်..အဲ့တာကို ပါကင်ဖောက်တယ်လို့ အေ့! ခေါ်တယ်...ဒီည ဂွန်းဟူ ပါကင်ဖောက်ခံရမှာ..အစ်ကိုဟိုဆော့က ဖောက်မှာ..သူ့ရဲ့...dic~"
" ချာတိတ်အရမ်းမူးနေပြီး ကျွန်တော် ခေါ်သွားလိုက်တော့မယ်.."
ညစ်ညမ်းတဲ့ စကားတွေ ပါလာပြီမို့ နမ်ဂျွန်း ချာတိတ်ရဲ့ ပါးစပ်ကို ပိတ်ပြီး ပုခုံးပေါ်ထမ်းတင်ကာ ခေါ်လာလိုက်သည်။
" ရားးးး ငါ ပြောလို့ မပြီးသေးဘူးး မပြီးသေးဘူးးး ဘုန်း! ပြန်ချပေး..ပါကင် ဘယ်လိုဖောက်လဲ ပြောပြရအုံးမယ် ..ဘုန်း! ..ရားးးး ပြန်ချပါဆို.."
နမ်ဂျွန်းရဲ့ ကျောပြင်ကို တဘုန်းဘုန်းထုကာ ပြန်ချပေးဖို့ပြောနေတဲ့ ဆော့ဂျင်...
နာနေတာကို အောင့်ခံပြီး ထိုအနားကနေ ချာတိတ်ကို ခေါ်လာလိုက်ရ၏။
* ဟူးး အတော်ဆိုးတဲ့ အိုမီဂါလေး..*
~
~
" အဲ့ လူကြီးက ဘာဝင်နှောင့်တာလဲ အေ့! ဆော့ဂျင်က ပါကင် ဖောက်တဲ့ အကြောင်း ဂွန်းဟူကို ပြောပြမလို့ကို!.."
" အေးလေ! အေ့! သူပြောတာကို ငါ နားလည်တယ်ထင်တယ်...ငါ ဆက်ပြောပြမယ်.."
ဂျီမင်က ဘီယာဘူးကို အကုန်မော့လိုက်ပြီး ပြောတော့ ..
" ပြော! "
" အာ! မ..မပြောနဲ့..ရ.ရတယ်.."
ဂျောင်ဂုက ပြောလို့ တစ်ခွန်းတည်းထွက်လာချိန် ဂွန်းဟူက လက်တခါခါ ခေါင်း တစ်ခါခါနဲ့ ငြင်းဆန်လာ၏။
" ဟေ့ဟျောင်! ပြော! "
" မပြော~.."
" အေးး ပြောမယ်! "
ဂွန်းဟူ တားသည့်သံတောင်မဆုံးသေးဘဲ ဂျီမင်က ပြောမယ် ပြောလာ၏။ဂွန်းဟူ သူတို့ပြောနေတဲ့ စကားများကြောင့် ရှက်လွန်းလို့သေတော့မယ်...
" ပါကင် ဖောက်တယ်ဆိုတာ..တိတ်ကလေးကို ဓားနဲ့ ခွဲပြီး ပလတ်စတစ်အခွံကို ခွာ ပြီးတော့...စက္ကူဘူးကို ဖွင့်..
အဲ့ထဲက ပစ္စည်းလေးကို ထုတ်ကြည့်..ဒါဘဲလေ! "
" ခွိ~.."
ဂျီမင် စကားအဆုံး ယွန်ဂီရဲ့ ကြိတ်ရယ်သံထွက်လာ၏။
" ဘာရယ်တာလဲ ! ဦး..ဂျီတို့ အလှည့်ကြရင် ပါကင်က မနက်မှ ဖောက်ကြမယ်နော်..အရင်ဆုံး..အဟမ်း..အဟမ်း..ဝုန်း! ဝုန်း ! လုပ်ကြမယ်နော်.."
" ပတ်ဂျီမင်!! "
" ပတ်ဂျီမင် မဟုတ်ဝူးးး မင်..ဂျီ မင်..."
ယွန်ဂီက အရှက်မရှိတာတွေ ပြောနေလို့ တိတ်အောင် ခေါ်လိုက်ပေမဲ့ မျက်လုံးတောင်မပွင့်နိုင်ဘဲ သူ့ဘက်လှည့်ကာ ပြန်ပြီးပြောလာတဲ့ အမူးသမားလေးကြောင့် ယွန်ဂီမှာဆက်ထိုင်နေလို့မရကြောင်း သိလိုက်ပြီ...
" လာ! မင်း လာ!.ထ! "
ယွန်ဂီ ဂျီမင်နားကိုသွားပြီးထူကာ...ခါးကနေထိန်းပြီး သွားဖို့ပြင်လိုက်သည်။
" ဆော့ဂျင်နဲ့ ဂျီမင် အိမ်ကို ဂွန်းဟူ ဖုန်းဆက်ပြီး ပြန်မလာနိုင်ကြောင်း ပြောပေးထားလိုက်ပါ..သူတို့ကို ဟိုတယ်မှာဘဲ အိပ်ခိုင်းလိုက်မယ်.."
ယွန်ဂီက ပြောပြီး ဂျီမင်ကို ထိန်းပြီးသွားလိုက်သည်။
" အဟိ! ဟေ့ဟျောင်တွေ! ဦးက ငါ့ကို ဟိုတယ်မှာ အိပ်ခိုင်းမှာတဲ့..ငါတို့ အချိန်ရှိတုန်း အဟမ်း! အဟမ်း! ဝုန်း ! ဝုန်း ! ရမှာမို့..သွားပြီ...အေ့! တာ့တာ! "
" ဟိတ်! ဘာတွေ လျှောက်ပြောနေတာလဲ!! "
ဂွန်းဟူတို့ကို ယိုင်တိုင်တိုင်နဲ့ တာ့တာ ပြပြီး မဟုတ်တဲ့ စကားတွေ‌ပြော‌နေတာ‌ကြောင့် ယွန်ဂီက ထိန်းထားရင် မေးလိုက်တော့ ဂျီမင်က နှုတ်ခမ်းဖူးဖူးလေးတွေ ဆူထော်သွားပြီး
" ဟင့်! အဲ့ဆို ဦးက အဟမ်း! အဟမ်း ! ဝုန်း ဝုန်း မလုပ်ဘူးလား..."
" မလုပ်ဘူး!! "
" မလုပ်ရင် မသွားဘူးးးး "
နေရာမှာ ထိုင်ချပြီး လက်ပိုက် ခြေဆင်းကာ နှုတ်ခမ်းထော်နေတဲ့ ကောင်လေးကို ယွန်ဂီ နရင်းသာ ပြေးပြေးအုပ်ချင်တာ....
" လာပါ ဂျီရာ...လိမ္မာတယ် ဦးနဲ့ လိုက်ခဲ့နော် "
" No .. ဦး ဂျီကို လုပ်မှာလား! လုပ်မှ လိုက်မှာ!! "
ယွန်ဂီ ခေါင်းကိုသာတဖျင်းဖျင်းကုတ်ကုတ်ချလိုက်၏။ထယ်ယောင်းနဲ့ ဟိုဆော့ကတော့ မျက်နှာကြီးနီရဲကာ အခက်တွေ့နေတဲ့ ယွန်ဂီကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရ၏။အချေတော် ရေခဲနှလုံးသားပိုင်ရှင်လည်း ဒီအိုမီဂါ အယွလေးနဲ့မှ image တွေကြကုန်သည်။
" ဟုတ်ပြီ..ဟုတ်ပြီ ဦး လုပ်မယ်.. လိုက်ခဲ့နော်! "
" ရေးးး သွားမယ်...သွားမယ်.."
ဒီတော့မှ ‌ထပြီး ယွန်ဂီရဲ့ လက်ကို ချိတ်ပြီး သွားတဲ့ ဂျီမင်..
ဂွန်းဟူကတော့ သူ့သူငယ်ချင်း ပဲစိန်ကနေ ယွစိန် ဖြစ်သွားတဲ့ ဂျီမင်ကို ကြည့်ပြီး သက်ပြင်းသာချမိသည်။
~
~
နောက်တစ်ပိုင်း မီးဖြတ်မယ်နော်...ဘယ်အတွဲလို့ ထင်လဲ 🌚
Good night ပါ သဲငယ်လေးတို့ 😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
" ဆောက်ရူး!! "
ထယ်ယောင်းက ဂျောင်ဂုရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလိုက်တော့ ဂျောင်ဂု မသိမသာတံတွေးတစ်ချက်မျိုချမိလိုက်သည်။
~
~
~
လွန်ခဲ့သော ၂၅ ခန့် ;
သူသည်းမခံနိုင်တဲ့ နေ့မှာတော့ သူ့ရဲ့ စိတ်ရိုင်းတွေဟာ ငါးနှစ်သားအသက်နဲ့ မလိုက်...ပြင်းထန်လာခဲ့တယ်..အေးစက်စက်မျက်ဝန်းတွေနဲ့ ပြုမှုလာတတ်တယ်...တစ်နေ့ သူ့ကို ရိုက်ဖို့ရွယ်တဲ့ အဲ့မိန်းမကို သူ လှေကားကနေတွန်းချလိုက်တယ်..သွေးအိုင်ထဲလှဲနေတဲ့ အဲ့မိန်းမရဲ့ ပုံစံက သူ့ကို ကျေနပ်အားရစေတယ်.
~
~
~
~
~
" ချီးးးယားးးး "
" ချွင်! ချွင် ! ချွင်! "
" ဖူးး"
~
~
" ပြော! "
" အာ! မ..မပြောနဲ့..ရ.ရတယ်.."
" ဟေ့ဟျောင်! ပြော! "
" မပြော~.."
" အေးး ပြောမယ်! "
" ခွိ~.."
" ပတ်ဂျီမင်!! "
" လာ! မင်း လာ!.ထ! "
" မလုပ်ဘူး!! "
" မလုပ်ရင် မသွားဘူးးးး "
" ရေးးး သွားမယ်...သွားမယ်.."
~
~
I PURPLE YOUR 💜
Continue Reading
You'll Also Like
371K 5K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
13.9K 919 10
Tay has insomnia, and New works at an 'Open 24x7' Bakery. Tay stays up for entire night most of the time, driving himself insane trying to complete h...
Posie Omens By Z
Fanfiction
292K 6K 24
When Posie Omens moves to Forks to live with her sister Abbie, she meets a family of 7. All of them are beautiful, but a certain two catch her eyes...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...