...........
စိုင်းဟန်လျှမ်း သင်တန်းမှ အိမ်စာများအား လက်စသတ်ပြီး
နောက်ကျောဘက် ကုတင်ပေါ်မှ လူအား လှည့်ကြည့်လိုက်ရာ
ကလန်ကုလားအရပ်အား အဆင်ပြေအောင် ခြေထောက်နှစ်ချောင်းကို နံရံပေါ် မြှောက်ကာ ထောင်ထား၏။
ခေါင်းကို ခေါင်းအုံးပေါ်တည့်အောင်လုပ်ပြီး အိပ်တာလည်း မဟုတ်။
ဖုန်းနဲ့ မျက်နှာနဲ့မခွာပဲ လက်ကလည်း စာအဆက်မပြတ်ရိုက်နေတာမို့ ဟန်လျှမ်း မျက်မှောင်ကြုံ့ကာ
အသေအချာ ကြည့်လိုက်တော့....
လောရှည်ကောင်က တစ်ဖက်က ပို့လာသော စာကို ဖတ်ပြီး စာပြန်ပို့တိုင်း ပြုံးစိစိဖြစ်နေတာ။
မဖတ်ခေါ် မကြိုဆိုပါပဲ သူများဆီ ဇွတ်တရွတ် ရောက်လာပြီး
ဒါ ဘာအချိုးလဲ။ ရည်းစားနဲ့ လိုင်းပေါ်ကနေ တစ်တီတူးကြည်နူး
ပြနေတာလား။
စားပွဲနားကနေ ထကာ ကုတင်ဘေး သွားရပ်တော့လည်း လူကို တစ်ချက်ကလေးသာ မော့ကြည့်ပြီး စာ ဆက်ပို့နေပြန်သည်။
သူများအဆောင်ထိ လာပြီး ဘာအချိုးချိုးတာလဲ ဒါမျိုးမရပါဘူး။
ဒင်း ကို ပြန်ခိုင်းမယ် မထားဘူး တအားအမြင်ကတ်တယ်။
"သန့်စင်ထွန်း ! "
"အွန်း!...ပြော"
လူကို မကြည့်ပြန်ဘူး။
"လောရှည်ကောင်! ..."
"ပြောလို့ ...."
"မင်း ပြန်တော့ ! "
" ဘာလို့လဲ ...."
ပြန်ဖို့စကားပြောမှ စာပို့နေတာကို ရပ်ပြီး လှဲအိပ်နေရာမှ ထ ကာ
ဟန်လျှမ်းကို စိုက်ကြည့်ကာ မေးလာတာမို့ ဟန်လျှမ်း ပြန်၍ စိုက်ကြည့်ကာ အကန်တွေသာ ပြောနေမိ၏။
" မင်း မျက်နှာကို မမြင်ချင်လို့လေ ! ပြန် "
" ကိုယ် ၅ရက်နေပြီးမှ ပြန်မယ်ပြောထားတယ်လေကွာ
မင်းလည်း သဘောတူထားတာပဲ အခုမှ ၂ရက်လေးပဲရှိသေးတယ် နှင်ထုတ်နေပြီ "
"မလိုချင်ဘူး ပြန်! မင်း စော်နဲ့ ကြူတာ မိုင်းနောင်မှာ ကြူလည်းရတယ် ငါ့ ဆီမှာ လာမကြူနဲ့ "
"ဘယ်မှာ ကြူလို့လဲ ကိုယ် သူငယ်ချင်းနဲ့ စကားပြောနေတာပါကွာ "
"အေ ..မိုင်းနောင် ရောက်မှ ပြော ! အဲ့သူငယ်ချင်းနဲ့
အခုပြန်! မင်းကို ကြည့်လို့ကိုမရဘူး "
သန့်စင်ထွန်းအရှေ့မှာ ခါးထောက်ကာ ပြန်ဖို့ချည်းပြောနေသော
ကောက်စိန်လေးဟာ ပြောပြောဆိုဆိုနှင့် သူ့အဝတ်ပုံး ဘေးတွင်ထားထားသော သန့်စင်ထွန်း ကျောပိုးအိတ်ကို သွားယူတာမို့ ကုတင်ပေါ်ထိုင်နေသော သန့်စင်ထွန်းမှာ ပြာပြာသလဲ ပြေးတားရသည်။
"ဟေ့ ! ဟန်လျှမ်း အဲ့လိုမလုပ်ရဘူးလေ "
ဟန်လျှမ်း လက်ထဲက ကျောပိုးအိတ်ကို ပြန်ဆွဲယူလိုက်ပြီး ကုတင်ပေါ် လှမ်းပစ်တင်လိုက်ကာ လူကို မျက်မှန်အောက်ကနေ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းတို့ဖြင့် စွေကာ ကြည့်နေသော
ကောက်စိန်လေးကို ချော့ဖို့ပြင်ရသည်။
" ဘာလို့ အဲ့လောက် ဒေါသတကြီးနဲ့ ပြောနေရတာလဲ
ကိုယ် သူနဲ့ စာပို့တာမကြိုက်လို့လား။ ကိုယ် မိုင်းနောင် ပြန်မရောက်သေးတဲ့အကြောင်း၊ မင်းနားမှာ ရောက်နေတဲ့အကြောင်းပဲ ပြောတာပါကွာ ၊ ရော့!...ဒီမှာ ပို့ထားတဲ့
စာတွေ မယုံရင် ဖတ်ကြည့် "
" မင်း စော်နဲ့ ပြောထားတဲ့စာတွေ ငါကဖတ်စရာလား ! "
"ကဲ...စိုင်းဟန်လျှမ်း ရေ ...မဆိုးနဲ့ကွာ "
" -ီး လား!! "
"ဟေ့ ! ဘာလို့ ဆဲနေတာလဲ ရိုင်းရိုင်းစိုင်းစိုင်း "
"ဆဲတော့ ဘာဖြစ်လဲ ! "
သန့်စင်ထွန်းမှာ ဖြောင့်မရအောင် ကွေးကောက်ပြနေသော ဟန်လျှမ်းကို ကြည့်ကာ လူဟာ ရူးချင်လာ၏။
သူလေးနား ရောက်တုန်း အတူတူ လည်ပတ်ရအောင် အစီအစဉ်တွေ ဆွဲနေရပေမယ့် အခြေအနေက မဟန်ပါ။
အဝတ်ထုတ်ဆွဲကာ ပြန်ခိုင်းနေပြီမို့ ။
ဟန်လျှမ်း သူ့အရှေ့က ကလန်ကုလား၊ လောရှည်ကောင်၏ မျက်နှာကို ခါးထောက်ကာ စိုက်ကြည့်နေလိုက်သည်။
ရုပ်ကို သံပရာသီး အလုံးလိုက်ညှစ်သောက်ထားတဲ့ရုပ်နဲ့။
ရှုံ့တွ ပြနေလိုက်တာ ကြက်မဖင် အရှုံးပေးရလောက်တယ်။
သူကပဲ လူကို စိတ်မရှည်သလို တပြန် ခါးထောက်ကာ ကြည့်လာတာမို့ ထပ်ပြီး ရန်ထောင်ဖို့ ပြင်နေတုန်း စားပွဲပေါ်၌ အားသွင်းထားသော ဟန်လျှမ်း ဖုန်းလေးက မြည်လာ၏။
Ring!!!.......
လောရှည်ကောင်အား မျက်စောင်းထိုးကာ စားပွဲပေါ်ရှိ မြည်နေသော ဖုန်းမျက်နှာပြင်ပေါ် ကြည့်လိုက်တော့
👬 အိုက်လမင်းသာ👬 ဟု မှတ်ထားသော contact name မို့
ဖုန်းကိုင်လိုက်၏။ ဟယ်လို !ဟုပင် မထူးရသေး တစ်ဖက်က
သူငယ်ချင်းဖြစ်သူ၏ ငိုသံရော နေသော အသံက အရင်ထွက်လာတာမို့ လောရှည်ကောင်အား စိတ်တိုနေတာပင် မေ့သွားရ၏။ ဟန်လျှမ်းမှာ ပြာယာခပ်ကာ ဖုန်းစပီကာအားဖွင့်လိုက်၏။
📞..."အိုက်လျှမ်းရေ~~~"
"အေး...အိုက်လမင်းသာ မင်းဘာဖြစ်တာလဲ ! "
📞..."မင်းနားမှာ ...ဟင့် ...သန့်စင်ထွန်း ရှိလားဟင်~~"
"အဲ့ ကောင်ကိုမမေးနဲ့! မင်းဘာဖြစ်တာလဲ ငါ့ကို အရင်ပြော! "
📞.."မောင်~~မောင်ကလေ ~~ငါ့ကို မခေါ်ဘူး အီးဟီး~~
ဖုန်းဆက်တာလဲ မကိုင်ဘူး စာပို့တာလဲ မပြန်ဘူး
ဟီးး~~~"
"ဟမ် ! ကိုလမင်း ငိုနေတာလား ဘာဖြစ်တာလဲ ခန့်စေနဲ့ "
စပီကာဖွင့်ထားတာမို့ တစ်ဖက်ကပြောသမျှကို အကုန်ကြားနေရသော သန့်စင်ထွန်းမှာ ဟန်လျှမ်းနား ရောက်လာပြီး မေး၏။
ဒါကို ဒေါသမပြေသေးသော ကောက်စိန်က အော်ဟောက်နေပြန်သည်။
"မင်းကို ဘယ်သူက လာခိုင်းလို့လဲ ဖယ်! ငါ့သူငယ်ချင်းနဲ့စကားပြော
နေတာ "
" ပြော ! အဲ့ကတုံးကောင်က ငါ့သူငယ်ချင်းကို ချစ်လှပါချည်ရဲ့
ကြိုက်လှပါချည်ရဲ့ဆိုပြီး အခုမှ ဘာစောက်ချိုး ချိုးတာလဲ "
📞.." ငါက ငါစာသင်ပေးတဲ့ ကလေးနဲ့ ဟိုက်ပါရေတံခွန်ကို
လိုက်သွားတာ ၊ မနက်စောစော သွားတာမို့~~မောင်
အိပ်ရေးပျက်မှာလဲ ဆိုးတာမို့ မက်ဆေ့ခ်ျ ပဲ ပို့ခဲ့တာ ..
စက်လှေစီးဖို့ ပြောနေကြရင်း မောင် ..ကရောက်လာပြီး
ပြန်ခေါ်သွားတာ ...အိမ်ရောက်တဲ့အထိ ငါ့ကို မောင်က
စကားမပြောဘူး~~~ အိမ်ထဲလည်း မဝင်ဘူး၊ အခု
ဖုန်းဆက်တာလဲ မကိုင်ဘူး~~အီးး~~ဟီးးး ငါ့ကို
မောင်က မချစ်တော့ဘူး ဟီး~~ မောင် ငါ့ကို လာမတွေ့တာ
၂ရက်တောင် ရှိပြီ ဟင့်!..."
" မက်ဆေ့ခ်ျ ပို့ပြီးမှ သွားတာကို ဘာလဲ အဲ့ကောင်က
အလကား! အဲ့ကတုံးတို့ အဖွဲ့က ကျက် သ ရေကို မရှိတာ ! "
စားပွဲပေါ် ဖုန်းတင်ပြီး စပီကာဖွင့်ကာ ခုံပေါ်ထိုင်၍ ခါးထောက်ကာ
အားရပါးရ ပြောဆိုနေသော သူက သန့်စင်ထွန်းဘက် လှည့်လာကာ
မဲ့ရွဲ့ပြရင်း တစ်လုံးချင်းဆီ တောင် ပြောနေ၏။
ဘာတုန်း ဒီဟာလေးက ။ အသည်းတွေယားလွန်းလို့ ပြေးပြေးပြီးသာ ပါးနှစ်ဖက်လုံးကို ကိုက်ပစ်လိုက်ချင်တော့သည်။
စိုင်းဟန်လျှမ်းတို့က တစ်ကယ့်ကို စွာတေးလန် ပဲ။
"နေအုန်း ..အိုက်လမင်းသာ လိုင်းတက်ခဲ့ ဖုန်းနဲ့ပြောရင် သတင်းပေးတွေက ရှိနေတော့လေသိတယ်မလား
ဟမ့်! မင်း ငါပြောသလိုသာလုပ် "
📞..."အင်း ~~~"
တစ်ဖက်က ဖုန်းချသွားတာနဲ့ သန့်စင်ထွန်းနားရောက်လာကာ
လက်ဝါးဖြန့်ကာ ဆောင့်အောင့်၍ တောင်း၏။
"ပေး...မင်းရဲ့ ဖုန်း ! "
"ဟမ်! .."
"ဖုန်း!... ဖုန်း!... P !.. H!.. O!.. N!.. E!.."
" ဘာလုပ်ဖို့လဲ ဟန်လျှမ်းရဲ့ "
"ပေးမှာလား မပေးဘူးလား ! "
"ရော့...."
"မင်း ကုတင်ပေါ်က ရွေ့ရဲရင် ရွေ့ကြည့် အထုတ်ဆွဲပြီး ပြန်ရဖို့ပြင်ထား! "
ဪ...အင်းပါ သန့်စင်ထွန်းတို့ ရာဇဝင်တွေများ ရိုင်းလိုက်တာ။
ဒီ လက်တောက်လောက်လေးကို လှုပ်မရအောင် ကြောက်နေရတယ်။
စားပွဲနား ပြန်သွားကာ သန့်စင်ထွန်း ဖုန်း ကို ဘေးချပြီး သူ့ဖုန်းဖြင့် အလုပ်ရှုပ်နေ၏။
.~~~~~
📩....အိုက်လျှမ်း သန့်စင်ထွန်းကို ပြောပေးပါလား မောင့်ကို
ဖုန်းကိုင်ပေးပါအုန်းလို့ ။
📨...မလိုဘူး ငါပြောသလိုသာလုပ် မက်ဆေ့ခ်ျ ပို့လိုက်။
📩...အင်း~~~ ဘယ်လိုပို့ရမှာလဲ ။
📨... *မောင် လမင်းကို မချစ်တော့လို့လား
လမ်းခွဲချင်နေပြီမလား။ ကောင်းပြီ လမ်းခွဲကြရအောင်
မောင် ပျော်နေဖို့ မျှော်လင့်တယ် ၊နောင်ခါ မသိဖူး၊မဆုံဖူး
သလို နေကြရအောင်။ မောင်ပျော်ရင် လမင်းက ကျေနပ်တာမို့။ မောင့်သဘောအတိုင်းပဲ*လို့ ပို့လိုက်။
📩...ဟမ်! ဖြစ်ပါ့မလား မောင် ငါ့ကို တစ်ကယ်ထားသွားရင်
ဘယ်လိုလုပ်မလဲ ဟင့်အင်း အိုက်လျှမ်း ငါမလုပ်နိုင်ဘူး ။
📨... ဘာကို မဖြစ်ရမှာလဲ ဖြစ်တာမှ ဖြစ် ဖြစ်ကို နေအုန်းမယ်
မယုံရင် ပို့လိုက် မင်းဆီ ချက်ချင်း ရောက်လာလိမ့်မယ်။
📩...ငါ ကြောက်တယ် အိုက်လျှမ်းရဲ့ မင်းပြောသလို
ဖြစ်မလာရင်ရော။
📨....ဘာလို့ မဖြစ်ရမှာလဲ မင်း ငါ့ကို ယုံစမ်းပါ။
📩 ...ပြီးတာပဲ ငါပို့ကြည့်လိုက်မယ်နော် ။
📨..အေး ဒါနဲ့ ဒီနေ့ မင်းအိမ်မှာ မင်းပဲရှိတာမလား
မား နဲ့ တီချို ခိုလမ်သွားတာ ညအိပ်မယ်ဆို ။
📩...အင်း။
📨....အေး ~~အိပ်ရဲလား တစ်ယောက်တည်း အကိုကြီး ဆီ
သွားအိပ်လေ ။
📩...ရပါတယ် ငါ အဆင်ပြေတယ် ဒီတစ်ညပဲ ဟာကို ။
📨...ပြီးတာပဲ ငါပြောသလို ပို့ဖြစ်အောင်ပို့နော် ။
📩....အင်းပါ။
📨..အလျှော့မပေးနဲ့ အဲ့ကတုံးကောင် ကို ကြားလား ။
📩...အင်းပါ ။
📨...အဲ့လို lesson ပေးမှ မှတ်မှာ ဒီမှာလဲ တစ်ကောင်ကျန်သေး
တယ် တွေ့အုန်းမယ်။
~~~~~
လမင်းမှာနေ့လည်က ဟန်လျှမ်းပို့ထားသော စာအတိုင်း မောင့်ဆီ ပို့ဖို့ စာရိုက်နေတာ တစ်ကယ်တော့ လက်ဟာ တုန်နေပြီ ။
မောင်က တစ်ကယ် *အေး..လမ်းခွဲကြတာပေါ့ *ဆိုရင်
ရင်ကွဲရမှာ လမင်း ။ ဖြစ်ပါ့မလား ...
စာမပို့ခင် ဖုန်း ထပ်ဆက်ကြည့်သည်။ ၅ခါတိတိ။
မောင်ဟာ အရင်နေ့တွေကလိုပင် ဖုန်း မကိုင်ပါ။
လမင်းစိတ်ဟာ ဝမ်းနည်းသည့်စိတ်ဘက်ကနေ စိတ်ဆိုးသည့်ဘက်သို့ ကူးပြောင်းလာတာမို့ ကျလုဆဲဆဲ မျက်ရည်ကို
ခပ်ကြမ်းကြမ်း သုတ်ကာ ဟန်လျှမ်း သင်ပေးထားတဲ့အတိုင်း
ပို့လိုက်၏ ။
မောင့်ဘက်ကို sent ပြသွားတာနဲ့ ဖုန်းကို အိပ်ယာပေါ် ပစ်ချကာ ခေါင်းအုံးထက် မျက်နှာအပ်ကာ ငိုလိုက်၏။
*မောင်က တအားနေနိုင်တာပဲ*
~~~~~~
ခန့်စေ အသေးလေးကို မှတ်လောက်အောင် ၊ နောက် သူမပါပဲ
ဘယ်မှ မလိုက်သွားရဲအောင် ဖုန်းမပြော၊သွားမတွေ့ပဲ စိတ်ဆိုးပြနေတာ ဒီနေ့နဲ့ဆို ၂ရက်ရှိပြီမို့ ဒီညတော့ သွားတွေ့ကာ စိတ်ဆိုးပြေပြီး နောက်မလုပ်ရဲအောင် ပြောဖို့ အတွက် ရေချိုးခန်းထဲ ဝင်ကာ အညောင်းအညာ ပြေအောင် ရေဝင်ချိုးပြီး
ပြန်ထွက်လာတော့ ကုတင်ပေါ် ပစ်တင်ထားသော ဖုန်း၏
မျက်နှာပြင်ဟာ လင်းနေ၏။
စိုနေသော ခေါင်းအား တဘက်ဖြင့် သုတ်ကာ ဖုန်းအား ကောက်ယူကာ ကြည့်လိုက်တော့ နီရဲနေသော ဖုန်းကောလ် ၅ခုနှင့်
Message တစ်ခု။
Message ထဲ ဝင်ကြည့်လိုက်ရာလမင်းပို့ထားသော စာကြောင့် ခန့်စေ မေးရိုးများကို တင်းမိသည်မှာ သွေးကြောများပင် ပေါက်ထွက်မတတ်။
ချက်ချင်းပင် ဘီဒိုအားဆွဲဖွင့်ကာ တွေ့တဲ့ အဝတ် ၊ဘောင်းဘီ ကောက်ဝတ်ပြီး ဆိုင်ကယ်သော့ဆွဲကာ ဂိုဒေါင်ဘက် သွားပြီး
ဆိုင်ကယ်ထုတ်ကာ တစ်ယောက်သောသူ ရှိရာဆီသို့ ဒေါသတကြီး
မောင်းနှင်လိုက်တော့သည်။
*မင်းငါ့ကိုဒါမျိုး လုပ်လို့မရဘူး *
>>>>><<<<<
နေမကောင်းတာမို့ update နောက်ကျသွားတယ်။
အိုက်လျှမ်းက ပုံ့နဲ့တူတာပါ ။မွှေရမယ့်နေရာမှာဆိုရင်ပေါ့🥴။
-pont-00-