Forget-Me-Nots { Completed }

By popophoenix207

313K 16.8K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

9. Why are you too perfect?

5.3K 309 36
By popophoenix207

( Unicode )

ဘယ်လိုနာမဝိသေသနမျိုးနဲ့ အထူးပြုရမလဲ
ရေလိုကြည်လင်သောလား
နေခြည်လိုနွေးထွေးသောလား
လေပြည်လိုအေးမြသောလား
ဖော်ပြရအောင် လုံလောက်တဲ့
စကားလုံးတွေရှိဘူးလို့လည်း ခံစားပြန်တယ်
တစ်ချိန်တည်းမှာပဲ သဘောကျတဲ့စိတ်နဲ့ ပြုံးမိပြန်တယ်
လူတစ်ယောက်က ဒီလောက်တောင် ပြီးပြည့်စုံနိုင်လားပေါ့
ကိုယ်လည်းရင်က မသိခဲ့ဘူးလေ
မင်းကိုမြင်တိုင်း ဒီလိုခဏခဏ ရေရွတ်တယ်
ပြီးတော့ ငေးမောတယ်
တစ်ချိန်တည်းမှာပဲ သဘောကျတဲ့စိတ်နဲ့
ထပ်ခါလဲလဲ ပြုံးနေမိပြန်တယ်

2010၊ December

ထုံသင်းမွှေးကြိုင်သော အဖြူရောင်ခွာညိုပန်းရနံ့များက ရွှင်လန်းကြည်ဝေခြံကြီး၏ မနက်ခင်းကို ပြီးပြည့်စုံစွာ ခြုံလွှမ်းထားသည်။ ခွာညိုပန်း၏ပွင့်ဖတ်ခွံလေးများသည် အညိုရောင်သန်းနေသောကြောင့် ရှေးတုန်းက ခွံညိုဟုလည်း ခေါ်ကြ၏။ ခြံစည်းရိုးများ၊ အုတ်နံရံများ ၊ သစ်ပင်များပေါ်မှာ နွယ်၍ပေါက်တတ်သော ခွာညိုပင်လေးများသည် သူ့ရာသီရောက်လျှင် တစ်ပင်လုံး အပွင့်ဖြူလေးများဖြင့် ပြည့်နေတတ်သည်မှာ အမြဲပင်။ ထိုအပွင့်ဖြူလေးများအတွင်းရှိ အစေ့များက လေအဝေ့တွင် လွင့်ပါသွားကာ တခြားတစ်နေရာသို့ ပန်းမျိုးများ ထပ်ကျဲဖြန့်ကြ၏ ။ ဤသို့ဖြင့် ခွာညိုပင်များသည် ရှင်းသန့်တို့ ခြံထဲတွင် နေရာအနှံ့အပြားပေါက်နေကြပြီး ယခုလို ပန်းပွင့်ချိန်များဆို ခြံထဲတွင်မက အိမ်ပေါ်၊အိမ်အောက် နေရာမကျန် ခွာညိုပန်းရနံ့များသာ ထုံမွှမ်းကာနေတော့သည်။

နိုဝင်ဘာမှာကျင်းပခဲ့သည့် ရွေးကောက်ပွဲကား အေးအေးချမ်းချမ်း ပြီးဆုံးခဲ့ပြီး ဘုဏ်းဇေပြောခဲ့သလို ဦးသန့်စင်တို့ပါတီကသာ အနိုင်ရရှိခဲ့သည်။ ဝန်ကြီးချုပ်ရာထူးကတော့ လာမည့်ဖေဖော်ဝါရီလမှ လွှဲပြောင်းပေးရမည်ဖြစ်၏။

သည်လိုနှင့် November Rain သီချင်းကို နားထောင်၍ မဆုံးခင်မှာပဲ ပြက္ခဒိန်စာမျက်နှာက ဒီဇင်ဘာသို့ ကူးပြောင်းသွားသည် ။ ရာသီစက်ဝန်းသည် နှစ်တစ်နှစ်၏ အဆုံးသတ်သို့ ရောက်ရှိခဲ့ပြန်ပြီ။ မျက်တောင်မခတ်တမ်း ငေးမောချင်စရာကောင်းလှသည့် တိမ်ပင်လယ်များက တောင်ပေါ်မြို့များဆီ အလည်လာဖို့ ခရီးသွားဧည့်သည်များအား ဖိတ်ခေါ်နေကြသလို။ အဆင်းအတက်ကြီးသည့် တောင်ပေါ်လမ်းတစ်လျှောက် အပြိုင်အဆိုင် ပွင့်နေကြသော အဝါရောင် တောင်နေကြာများသည် သဘာဝတရားက ရေးဆွဲထားသည့် အလှကားချပ်တစ်ခုပင်ဖြစ်၏။

" ကိုကိုရှင်းရှင်း .... တီဗီမှာ ကိုကိုဘုဏ်းဇေ လာတော့မှာ မကြည့်ဘူးလား "

သည်နေ့က စနေနေ့မို့ ကျောင်းမသွားရ။ မနက်စာစားပြီးနောက် အင်တာနက်ပေါ်မှ တွေ့သည့် တောင်ပေါ်မြို့လေးတစ်မြို့က နေကြာရိုင်းများပွင့်နေပုံကို ရှင်းသန့် ပန်းချီဆွဲကြည့်နေခဲ့သည်။ သူ့အာရုံတစ်ခုလုံးက ကင်းဗတ်စ်ပေါ် ရောက်နေသဖြင့် ကိုးနာရီထိုးသွားတာပင် မသိလိုက်။ သင်းပျံ့က အာလူးချောင်းကြော်တစ်ပန်းကန်ကို လက်ကကိုင်ပြီး သူ့အခန်းထဲဝင်လာမှ သူ နာရီကြည့်မိသည်။

" ကိုကို ဒီမှာ ၊ ကိုကိုဘုဏ်းဇေတို့လာပြီ "

ရှင်းသန့်လည်း လက်ထဲက ဆွဲလက်စ ပန်းချီစုတ်တံကိုချပြီး သူ့အခန်းထဲက တီဗီရှေ့မှာ သင်းပျံ့နှင့်အတူ ထိုင်ကြည့်လိုက်သည်။

ဖန်သားပြင်ပေါ်တွင် ပထမဦးဆုံး တွေ့ရသည်က လုံခြုံရေးတစ်ယောက် ဖွင့်ပေးသည့် ကားတံခါးအပြင်ဘက်သို့ ထွက်ရှိလာသော အဖြူရောင်စတိုင်ပင်နှင့် လိုက်ဖက်ညီစွာ အနက်ရောင်သားရေ ရှူးဖိနပ်ကို စီးထားသည့် ခြေထောက်တစ်စုံ။ ထိုခြေထောက်ပိုင်ရှင်သည် အဖြူရောင် ရှပ်အင်္ကျီကို အောက်ခံထားပြီး အပေါ်က မြစိမ်းရောင် ဘလေဇာကို ထပ်ဝတ်ထားသည်။ ဆံပင်တို့ကို နောက်သို့လှန်ပြီး ပိရိသေသပ်စွာ ဖြီးထားသဖြင့် မဟာဆန်သော နဖူးပြင်က ပေါ်လွင်နေ၏။ လက်မှာလည်း စိန်အစစ် ထည့်သွင်းပြုလုပ်ထားသည့် တန်ဖိုးကြီးနာရီတစ်လုံး။ သူ့ဘေးမှာတော့ ပတ္တမြားဆံထိုးလေးတစ်ခု ထိုးထားသည့် နောက်တွဲဆံထုံးလေးဖြင့် ဒူးသာသာအဖြူရောင်ကိုယ်ကျပ်ဂါဝန်ကို နှစ်လက်မခန့်မြင့်သော ရွှေအိုရောင် ဒေါက်ဖိနပ်နှင့်တွဲ၍ ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး။ သူတို့နှစ်ဦးသည် ကားရပ်သည့်နေရာမှစပြီး အသင့်စောင့်ကြိုနေကြသော လူတစ်ဦးချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီးနောက် နှစ်ဦးသား လက်ချင်းချိတ်ကာ အခမ်းအနားကျင်းပမည့် အဆောက်အဦးထဲသို့ ကိုယ်ရံတော်များ ခြံရံလျက် ဝင်ရောက်သွားကြသည်။ သည်နေ့မနက် ကိုးနာရီမှာကျင်းပသည့် သဘာဝတွင်းထွက် ကျောက်မျက်ရတနာ ပြပွဲတစ်ခုသို့ ဘားမားပြည်၏ အိမ်ရှေ့မင်းသားနှင့် မင်းသမီးတို့ မောင်နှမနှစ်ယောက် တက်ရောက်လာခြင်းပင်။

" ဝါး... ကြည့်ပါဦး ၊ ကိုကိုဘုဏ်းဇေက ချောလိုက်တာ "

သင်းပျံ့ပြောမည်ဆိုလည်း ပြောစရာ။ ယခု တီဗီပေါ်မှာ ရှင်းသန့် တွေ့နေရသည့် ဘုဏ်းဇေသည် သူသိသော ဘုဏ်းဇေနှင့်တောင်မတူပေ။ အိမ်ရှေ့စံကို သူတို့နိုင်ငံ၏ အထင်ကရ အခမ်းအနားများတွင် သည်လိုပုံစံမျိုးဖြင့် မကြာခဏ မြင်ဖူးနေကြဖြစ်သော်လည်း အခုတစ်ခါက ပိုပြီး ကြည့်ကောင်းနေသလို ခံစားရ၏။ မြင့်မားသော ကိုယ်ခန္ဓာသည် ကျောင်းဝတ်စုံ ဝတ်ထားလျှင် အခုလောက်မသိသာ။ ဆံပင်တွေ နဖူးပေါ်လှန်တင်ထားသော်လည်း မျက်နှာပေါ်ရှိ ငယ်ရွယ်ပျိုမျစ်မှုက ပျောက်မသွား ။ ဝတ်ထားသည့် မြစိမ်းရောင်ဘလေဇာသည် ဖြူဥနေသော အိမ်ရှေ့မင်းသား၏အသားအရေကို ပိုပြီးအရောင်တင်ပေးထားသည် ။ ခင်းကျင်းထားသည့် ရတနာပစ္စည်းများပင် ဘုဏ်းဇေယျာကျော်၏ အရှိန်အဝါ‌နှင့်ယှဉ်ပြီး မှေးမှိန်သွားသလိုပါ ။

" ကိုကို့ဖုန်းပေးဦး "

" ဘာလုပ်မလို့လဲ "

" ကိုကိုဘုဏ်းဇေဆီကို စာပို့မလို့ ၊ အခုပုံစံနဲ့ Selfie များများ ရိုက်ပေးထားလို့ "

စကားမဆုံးခင်ပင် ရှင်းသန့်၏လက်က သင်းပျံ့နဖူးပေါ် ဒေါက်ခနဲ။

" ကိုကိုရှင်းရှင်းကလဲ ၊ ပြီးတော့ ညီမလေးက ကိုကိုတို့ကို မုန့်ပြန်ဝယ်ကျွေးမှာပါ "

သင်းပျံ့သည် ဘုဏ်းဇေနှင့် ရှင်းသန့်တို့ကို အသုံးချပြီး ကျောင်းမှာ စီးပွားရေးလုပ်နေသူဖြစ်သည်။ ကျောင်းရှိ မိန်းကလေးများက သူမအစ်ကိုတို့နှင့် ပတ်သက်ပြီး စုံစမ်းချင်တာရှိလျှင် သင်းပျံ့ကို ကပ်ကြရ၏။ ဥပမာ ဘုဏ်းဇေအကြိုက်ဆုံး အဆိုတော်က ဘယ်သူလဲ ၊ ရှင်းသန့် အသောက်အများဆုံး ကော်ဖီက ဘာတံဆိပ်လဲ စသဖြင့် သိချင်ကြလျှင် ကျောင်းသူများက သင်းပျံ့ကို မုန့်များဝယ်ကျွေးပြီး လာဘ်ထိုးကြရသည်။ သူတို့စာအုပ်တွေပေါ်မှာ ၊ အသုံးအဆောင်တွေပေါ်မှာ‌ အိမ်ရှေ့စံတို့ လက်မှတ်လိုချင်လျှင် သင်းပျံ့ကို လက်ဆောင်များပေးပြီး လဲလှယ်ကြရသည်။

သင်းပျံ့က အာကာနှင့်လည်း ခင်ပေမဲ့ အာကာ့ကိုကျ မိန်းကလေးများက ကိုယ်တိုင်တောင်းရဲကြသဖြင့် အာကာနှင့်ပတ်သက်ပြီး အလုပ်မဖြစ်။ တဖြည်းဖြည်းနှင့် သင်းပျံ့က မီဒီယာတွေပေါ်မှာ မတွေ့ရသည့် ရှင်းသန့်တို့ပုံတွေကိုပါ photo card လှလှလေးတွေထုတ်ပြီး တစ်ပုံ ဘယ်လောက်ဟုဆိုကာ ရောင်းစားတော့၏။ ဝယ်ချင်သူတွေများသဖြင့် လေလံတင်ပြီး ဈေးအများဆုံးပေးသူကိုသာ ရောင်းသည့်အခါမျိုးလည်းရှိသည်။ ရှင်းသန့်ထက် ဘုဏ်းဇေကြောင့် သင်းပျံ့အလုပ်က ပိုပြီးဝင်ငွေကောင်းသည်ဟု ပြောရမည်။ အကြောင်းမှာ သင်းပျံ့ ဆယ်ခါလောက်တောင်းဆိုမှ ရှင်းသန့်က တစ်ခါလောက် လိုက်လျောပြီး ဓာတ်ပုံရိုက်ပေးသော်လည်း ဘုဏ်းဇေကတော့ တစ်ခါတရံ သူမ မတောင်းဆိုရဘဲ သူကိုယ်တိုင်က အရင်ဆုံး ရိုက်လာပေးတတ်သောကြောင့်ပင် ။ အခုလည်း ဘုဏ်းဇေက သင်းပျံ့အတွက် ဓာတ်ပုံများ ရိုက်ပေးထားမည်မှာ အသေအချာ။ သင်းပျံ့၏ အလုပ်သည် မိဘတွေဆီက ရသည့်မုန့်ဖိုးထက်ပင် ဝင်ငွေကောင်းလှသည်။

" မင်္ဂလာပါခင်ဗျာ ၊ ဘားမားပြည်ထောင်စုရဲ့မင်းသား ဘုဏ်း‌ဇေယျာကျော် ဖြစ်ပါတယ်ခင်ဗျာ "

အိမ်ရှေ့စံသည် သူတက်ရောက်ပြီး စကားပြောရသည့် အခမ်းအနားတိုင်းမှာ သည်နှုတ်ခွန်းဆက်စကားကို ဦးစွာဆိုလေ့ရှိသည်။ ကြည်သာသော ထိုစကားသံသည် စောင့်ကြည့်နေကြသော ပြည်သူအများအတွက် ပီယဝါစာပင်။

" အခုလို မင်္ဂလာရှိတဲ့ပွဲမျိုးကို တက်ရောက်စကားပြောခွင့်ရတဲ့အတွက် တော်ဝင်မိသားစုကိုယ်စား ကျနော်က ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် "

ငယ်ငယ်ကလို ခမည်းတော်ရေးပေးထားသည့် စာကို အလွတ်ကျက်ပြီး ပြောတာမျိုး မဟုတ်တော့ဘဲ သူ့စိတ်ကူးနှင့်သူ ပြင်ဆင်လာပြီး အမှာစကားပြောကြားနေသည့် မောင်ဖြစ်သူကို ကြည့်ရင်း ဘုဏ်းဒေဝီကျော်မှာ ဂုဏ်လည်းယူရသလို ချစ်ခင်တွယ်တာစိတ်တို့လည်း ပိုရသည်။ သူမ ငါးနှစ်သမီးအရွယ်က လူ့လောကထဲ ရောက်လာခဲ့သော ပိတ်အဖြူထဲက ကလေးသေးသေးလေးက အခုတော့ သူမထက် အရပ်မြင့်သည့် အရွယ်ရောက်စ ယောက်ျားပျိုတစ်‌ယောက် ဖြစ်လာခဲ့ပြီ။ လူမှန်းသိတတ်စကတည်းက တခြားရွယ်တူကလေးများထက် သင်ယူစရာ ၊ လိုက်နာစရာတွေ များခဲ့ရသော်လည်း ဘုဏ်းငယ်လေးသည် ဘယ်တော့မျှ ငြူစူခြင်းမျိုးမရှိဘဲ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားခဲ့သည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်အချို့ ဆုံးရှုံးခဲ့ရသည့်တိုင်အောင် သူမမောင်လေးထံတွင် သူ့ဘဝသူ မကျေမနပ် ဖြစ်ခြင်းမျိုး ဘယ်တုန်းကမျှ မတွေ့ခဲ့ရပေ။

" ကျနော်တို့နိုင်ငံဟာ အခုလိုမျိုး ကျောက်မျက်ရတနာတွေအပါအဝင် သဘာဝတွင်းထွက်သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ် ၊ ဒါပေမဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးက သိပ္ပံပညာရပ်တွေ ၊ နည်းပညာတွေ ၊ တီထွင်ကြံဆမှုတွေနဲ့အတူ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ် ၊ ကမ္ဘာပေါ်က ထိပ်တန်းနိုင်ငံတွေနဲ့အပြိုင် ရပ်တည်နိုင်ဖို့အတွက် နိုင်ငံ့စီးပွားရေး အားကောင်းဖို့ဆိုရင် ဒီလိုမျိုး တွင်းထွက်သယံဇာတွေကိုပဲ ထုတ်ယူရောင်းချပြီး အားကိုးနေလို့ မလုံလောက်ပါဘူး ၊ ဒါ့အပြင် သယံဇာတတွေ ထုတ်ယူမှုကတစ်ဆင့် ပြုန်းတီးမှုအထိ ဖြစ်လာခဲ့ရင် နိုင်ငံရဲ့ တောတောင်ရေမြေနဲ့ ဂေဟစနစ်ကိုပါ ထိခိုက်လာပါလိမ့်မယ် ၊ ကမ္ဘာပေါ်မှာ ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် နိုင်ငံရဲ့လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်၊ အခြေခံပညာကျောင်းတွေကစပြီး တက္ကသိုလ်တွေအထိ စိတ်ဓာတ်၊ စည်းကမ်းနဲ့အတူ ပညာရေးစနစ်ပိုမိုကောင်းမွန်အောင်၊ လုပ်ငန်းခွင်ထဲမှာလဲ တစ်‌ယောက်ကိုတစ်ယောက် လက်တွဲခေါ်ယူပြီး စွမ်းဆောင်ရည်တွေ ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ကြခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုတိုးတက်လာအောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ကို ဒီနေ့ဒီနေရာကနေ တိုက်တွန်းလိုပါတယ် "

သဘာဝတွင်းထွက်ရတနာပြပွဲသို့လာပြီး သယံဇာတ ပြုန်းတီးမှုဖြစ်မှာကို သတိပေးသွားသည့်အပြင် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ဖို့ကိုပါ ပြောကြားသွားသည့် အိမ်ရှေ့မင်းသား၏စကားကို အခမ်းအနား တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လူကြီးများအားလုံး ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေခဲ့ကြသည်။ ပြည်သူများအတွက်တော့ မကြာခင် တစ်ဆယ့်ခြောက်နှစ် ပြည်တော့မည့် သူတို့မင်းသားလေးအား ပိုမိုချစ်မြတ်နိုးလာရသည့် နေ့ရက်များထဲက တစ်ရက်ပင်။

ဘုဏ်းဇေယျာကျော်၏ တည်တည်ငြိမ်ငြိမ် အမှာစကားပြောနေသည့်ပုံစံရယ်၊ ပွဲအစမှအဆုံးအတွင်း ရင့်ကျက်သည့်လူကြီးတစ်ယောက်လို ပြုမူသွားသည့် အသွင်သဏ္ဍာန်ရယ်ကို မြင်တွေ့ပြီး ရှင်းသန့် တစ်ယောက်တည်း ပြုံးမိသည်။ စိတ်ထဲကနေလည်း ....

' ငါ့ကို လိုက်စိတ်ကောက်တတ်တဲ့ ပုံစံနဲ့များ ကွာပါ့ ၊ တကယ် မျက်နှာနှစ်ဖက်နဲ့ မင်းသား '

****

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအဝင်လမ်းဘေး ဝဲယာနှစ်ဘက်စလုံးတွင် ခရေပင်တန်းဟုခေါ်သော လမ်းသွယ်နှစ်ခုရှိသည်။ တစ်ပင်နှင့်တစ်ပင် ခပ်စပ်စိပ်စိုက်ထားသော ထိုခရေပင်တန်းများအောက်တွင် ကျောင်းသားကျောင်းသူများ အေးအေးဆေးဆေး ထိုင်ပြီးအနားယူ၍ရအောင် ခုံတန်းရှည်များလည်း ချထားသည်။ ထိုခရေပင်တန်းသည် ဘုဏ်းဇေနှင့်ရှင်းသန့်တို့ တစ်‌‌ယောက်ကျောင်းအလာကို တစ်ယောက်က ထိုင်စောင့်လေ့ရှိတတ်သော နေရာဟု ပြောလျှင်လည်းမမှားပါ ။

တနင်္လာနေ့မနက်က သင်းပျံ့တို့အသင်း သန့်ရှင်းရေးတာဝန်ကျသည့်အချိန် ဖြစ်သောကြောင့် ရှင်းသန့်ပါ သူ့ညီမနှင့်အတူ နာရီဝက်စော၍ ကျောင်းရောက်လာခဲ့သည်။ ထို့ကြောင့် ထုံးစံအတိုင်း ခရေပင်တန်းအောက်က ခုံရှည်တစ်ခုပေါ်မှာ ထိုင်ပြီး ကျောင်းစာကြည့်တိုက်က ငှားထားသည့် ဆရာမကြည်အေး၏ ကဗျာပေါင်းချုပ်ကိုဖတ်ရင်း တစ်‌စုံတစ်ယောက်ကို စောင့်နေခဲ့၏။ အပင်ပေါ်မှ ကြွေကျလာသော အစိမ်းရောင်ခရေရွက်လေးတစ်‌ရွက်က သူ့ခေါင်းပေါ်ရှိ ဆံပင်အခွေလေးထဲမှာ ထိုးစိုက်လျက် ။

" အား...ပင်ပန်းလိုက်တာ ၊ ကျောင်းပိတ်ရက်ကြီးက တကယ်ပင်ပန်းတာပဲ "

ညည်းညူသံနှင့်အတူ သူ့ပုခုံးတစ်ဖက်ပေါ်ကို ခေါင်းမှီပြီး ဘေးမှာပူးကပ်ကာ ထိုင်လာသူက ရှင်းသန့် စောင့်နေသည့် မင်းသားလေးပင်။

" မင်းက ဘာတွေ လုပ်ရလို့ ပင်ပန်းရတာလဲ "

" တရုတ်စာသင်ရတယ် ၊ ပြင်သစ်စာ ပြန်နွှေးရတယ် ၊ ဂူလီရိုက် လေ့ကျင့်ရတယ် ၊ ခမည်းတော်တို့ကို စောင်းတီးပြရတယ် ၊ ကျောင်းစာကလဲ ကြည့်ရသေးကွာ ၊ ငါလုပ်ရတာတွေမှ တစ်ခုပြီးတစ်ခုပဲ "

" ဪ ...အဲဒါတွေလုပ်ရတာကို ပင်ပန်းနေတာပေါ့ "

" မဟုတ်ဘူး "

သူ့ပုခုံးပေါ် ခေါင်းတင်ထားရင်း ဘုဏ်းဇေက သူ့ဘက်လှည့်ကာ မော့ကြည့်သည်။

" မင်းနဲ့မတွေ့ရလို့ ပင်ပန်းတာ ၊ ကျောင်းပိတ်ရက်ဆို မင်းကို လွမ်းရလို့ ပင်ပန်းတာ ၊ ဖုန်းဆက်နေတာပဲလို့ ပြန်မပြောနဲ့ ၊ ဖုန်းဆက်ရလဲ လွမ်းတယ် "

ဖတ်လက်စ ကဗျာစာမျက်နှာပေါ် တင်ထားသည့် ရှင်းသန့်၏ လက်ချောင်းလေးများ မသိမသာ တုန်ယင်သွားသည်။ သူ ဘာမျှတော့ ပြန်မပြောဖြစ်။ ဘုဏ်းဇေကသာ သူ့ပုခုံးကို နဖူးဖြင့် တစ်ချက်ပြီးတစ်ချက် ခပ်ဖွဖွတိုက်ကာ ပါးစပ်ကနေ ပွစိပွစိ ဆက်ရွတ်နေ၏။

" အဲဒါမို့ မင်းက တစ်ပတ်တစ်ရက် နန်းတော်ကို အလည်လာခဲ့ပါ့ဆို ၊ ငါ့စကားကို နားမထောင်ဘူး ၊ ငါ့ကို ပင်ပန်းရအောင် သိပ်လုပ်တာပဲ ၊ မင်း အလည်လာအောင် ငါ ဘယ်လိုလုပ်ရမလဲ ရှင်း ၊ တစ်ခါလာရင် ငါ့စာဖတ်ခန်းထဲက စာအုပ်တစ်အုပ် အပိုင်ပေးမယ် ဆိုရင်ရော ၊ ဆယ်အုပ်ဆိုလဲ ဖြစ်တယ် ၊ မင်းသာ လာခဲ့လို့ ၊ နော် ...ရှင်း ၊ နော်...နော် ....နော်... "

" မင်းသားလေး ၊ အခု ငါ့ကို မင်းအဘွားနဲ့မှားပြီး လာချွဲနေတာလား "

သူ့ပုခုံးကိုလာတိုက်နေသော နဖူးအား လက်ညှိုးဖြင့်တွန်းပြီး မေးတော့ ဘုဏ်းဇေက မျက်လုံးလေးများ ကွေးသွားသည်အထိ ရယ်ရင်း သူ့ဆံပေါ်မှာ ကပ်ငြိနေသည့် ခရေရွက်လေးကိုပါ ဖယ်ပေး၏။ ကျောင်းသားတစ်ချို့ကတော့ သူတို့ရှေ့ကနေ ပုံမှန်အတိုင်းပဲ ဖြတ်လျှောက်သွားသည်။

သွားရ ၊ မသွားရ စဉ်းစားရခက်နေသူမှာ လင်းရောင်ရှိန်ပင် ။ ကျောင်းထဲသို့ဝင်လာရင်း ခရေပင်တန်းဘက် ကြည့်လိုက်စဉ် တစ်ယောက်နှင့်တစ်ယောက် ကြည်စယ်နေကြသော သူငယ်ချင်းနှစ်ယောက်ကိုမြင်ပြီး ကျောင်းဆောင်ရှိရာပဲ ရှေ့ဆက်သွားရမှာလား၊ ခရေပင်တန်းဘက် ကွေ့ရမှာလား ဒွိဟဖြစ်နေ၏။

" ဘာရပ်လုပ်နေတာလဲ ရောင်ရှိန် ၊ သွားမယ်လေ ၊ ဟိုမှာ ရှင်းသန့်တို့နှစ်ယောက် "

သူ့ပုခုံးကိုပုတ်ပြီး ခရေပင်တန်းဘက် သွားဖို့လုပ်သည့် ကောင်းယံ၏ပုခုံးကိုဖက်ကာ ကျောင်းလမ်းအတိုင်း ဆွဲခေါ်လာခဲ့သည်။

" ရေခဲမုန့် သွားစားရအောင် လာ ၊ ငါ မင်းကို ဝယ်ကျွေးမယ် "

" စောစောစီးစီး ရေခဲမုန့်မစားချင်ပါဘူး ၊ ရာသီဥတုက အေးရတဲ့အထဲ "

" အဲဒါဆိုလဲ မင်းစားချင်တာ ကျွေးမယ်ကွာ လာ "

ကောင်းယံက သူဆွဲခေါ်ရာနောက် ပါလာသည့်တိုင် ရှင်းသန့်တို့ဆီ လက်ညှိုးက လှမ်းထိုးပြနေဆဲ ။

" ဟိုကောင်တွေရော ခေါ်ခဲ့ဦးမယ်လေ "

" သူတို့မကျွေးဘူး ၊ မင်း တစ်ယောက်တည်း ကျွေးမှာ "

" ပြီးတာပဲ ၊ ငါတစ်ယောက်တည်းဆိုတော့ များများစားရတာပေါ့ "

" အေး စား ၊ တစ်ဆိုင်လုံး စားလဲရတယ် "

" သူဌေးသားနဲ့ ပေါင်းရတာ ရှယ်ပဲဟေး "

အထက်တန်းပထမနှစ်က ယောင်္ကျားလေးများကြားတွင် ကောင်းယံက အရပ်အပုဆုံးနှင့် လူကောင်အသေးဆုံးဖြစ်၏။ ထို့ကြောင့်လည်း ကောင်းယံကို အကုန်လုံးက ကလေးလိုပဲ သဘောထားကြသည်။ အတန်းကြီးလာသည့်နောက်ပိုင်း စိုင်းအာကာကျော်က သရုပ်ဆောင်နှင့်မော်ဒယ်သင်တန်းပါ တက်နေသဖြင့် သူတို့အုပ်စုတွင် ရောင်ရှိန်နှင့်ကောင်းယံက အများအားဖြင့် တစ်တွဲလိုဖြစ်သွားသည် ။ သီဟကတော့ နှစ်တိုင်း အတန်းခေါင်းဆောင် ဖြစ်သူမို့ ဘုဏ်းဇေကလွဲပြီး တစ်တန်းလုံးက ချစ်ခင်ကြသူ။ အခုလည်း ရောင်ရှိန်တစ်ယောက် ကောင်းယံကို အစားနဲ့မျှားကာ မုန့်ဆိုင်ရှိရာသို့သာ ခြေတက်ခဲ့တော့သည်။

" ဒါနဲ့လေ ဒီဇင်ဘာကျောင်းပိတ်ရက်ကျရင် နန်းတော်ထဲမှာ ရှေးကပုံစံအတိုင်း ဂူလီသဘင် ကျင်းပဖို့ရှိတယ် ၊ အဲနေ့ကျရင်တော့ မင်း လာခဲ့ရမယ်နော် ရှင်း ၊ ဂူလီသဘင်ဆိုတာရော သိတယ်မို့လား "

" ငါသိပါတယ်၊ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ် ၊ အရင်တစ်ခါ ဂူလီသဘင်တုန်းကလည်း တီဗီကနေ ကြည့်လိုက်ရတယ်လေ ၊အနောက်နိုင်ငံတွေက ပိုလိုကစားပွဲနဲ့ တူတယ် "

" အွန်း ဟုတ်တယ် ၊ အခုတစ်ခါကျ ငါ ဝင်ပြိုင်မှာ ၊ မင်း လာအားပေးရမယ်နော် "

နှစ်ယောက်လုံး ထိုင်ရာမှထကာ လွယ်အိတ်ကိုယ်စီ ယူပြီး စာသင်ခန်းရှိရာသွားဖို့ ပြင်လိုက်သည်။ နောက် ဆယ်မိနစ်ဆို ကျောင်းလည်း တက်တော့မည်။

" လာမယ်လေ ၊ ဟိုကောင်တွေကိုရော ဖိတ်မှာမို့လား "

" မဖိတ်ပါဘူး ၊ မင်း တစ်‌ယောက်တည်း "

" ဘာလို့ ငါတစ်ယောက်တည်းလဲ ၊ သူတို့ကိုပါ ခေါ်လိုက် ၊ လူများလေ မင်းကိုအားပေးမဲ့သူ ပိုတိုးလေပဲကို "

" အေးအေး ခေါ်ခဲ့ ၊ ‌တစ်ကျောင်းလုံးခေါ်ခဲ့ ၊ တစ်မြို့လုံး ခေါ်ခဲ့ "

မျက်လုံးထောင့်ကပ်ကြည့်ပြီး စူပွပွပြောကာ လွယ်အိတ်ဆွဲ၍ ခြေလှမ်းကျဲကြီးများဖြင့် အမြန်ထွက်သွားသူနောက်သို့ ရှင်းသန့်လည်း အမှီလိုက်ရတော့သည်။

" လူများတော့ ပိုပြီးပျော်ဖို့ကောင်းတယ်လေ ၊ မင်းကလဲ "

*****

ခွာညိုပန်းများပွင့်သည့် လရာသီသည် မိုးရွာသွန်းခြင်း မရှိတော့သည့် အခါသမယဖြစ်ပြီး ငွေနှင်းမှုံဝတ်ရုံလွှာကို ခြုံလွှမ်းထားသည့် ဝန်းကျင်တစ်ခွင်ကလည်း ပြာလဲ့သော ကောင်းကင်ပြင်အောက်မှာ တင့်တယ်သာယာနေ၏။ သည်ရာသီရောက်တိုင်း သက်ဦးဆံပိုင် ပဒေသရာဇ်စနစ် ထွန်းကားခဲ့သည့် ရှေးယခင်မင်းများ လက်ထက်က ဘားမားပြည်ထောင်စုတွင် မြင်းခင်းသဘင်နှင့် ဂူလီသဘင်ပွဲတော်များ ကျင်းပကြသည်မှာ အစဉ်အလာတစ်ခုဟု ဆိုရမည်။

မြင်းခင်းသဘင်သည် တိုင်းပြည်အတွင်းရှိ မြင်းသည်လုလင်များ မိမိတို့၏ စွမ်းဆောင်ရည်ကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြသူများက တိုင်းပြည်၏ မြင်းသည်တော်ကောင်းများအဖြစ် ရွေးချယ်ခံကြရသည်။ မြင်းစီးပြီး ကစားရသည့် ဂူလီသဘင်ဟုခေါ်သော ဂူလီရိုက်ပွဲကိုလည်း မြင်းခင်းသဘက်နှင့်အတူ တစ်ရက်တည်း ကျင်းပလေ့ရှိကြပြီး မင်းညီမင်းသားများ ၊ မြို့စား ၊ စော်ဘွားများ စသည့်အထက်တန်းပုဂ္ဂိုလ်များ ဝင်ရောက်ကစားလေ့ရှိကြသည်။ ယနေ့ စည်းမျဉ်းခံဘုရင်စနစ်ခေတ်မှာတော့ မြင်းခင်းသဘင် ပွဲတော်ကို ကျင်းပခြင်း မရှိတော့ပေ။ သို့သော် တိုင်းပြည်၏ ရိုးရာအစဉ်အလာတစ်ခုကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည့် သဘောဖြင့် ဧကရာဇ်ကိုယ်တိုင် ကြီးမှူးပြီး တော်ဝင်မျိုးနွယ်များပါဝင်သည့် ဂူလီသဘင်ကို သုံးနှစ်တစ်ကြိမ် နန်းတော်အတွင်းမှာ ကျင်းပလေ့ရှိသည်။ ယခုအကြိမ်သည် ဘုဏ်းဇေယျာကျော် ပထမဆုံး ဝင်ရောက်ကစားမည့် ဂူလီရိုက်ပွဲဖြစ်၏။

" ဟာ ၊ ကိုစွေး ဒါက ဘယ်လိုဖြစ်ရတာလဲ "

" ဒါ တကယ်နီစွေးဟုတ်လို့လား ၊ လူတွေတောင် မှားနေပြီ ၊ မှတ်တောင် မမှတ်မိတော့ဘူး "

ရှင်းသန့်တို့အိမ်မှာ လူစုပြီးနောက် ဂူလီပွဲကျင်းပသည့် နန်းတော်သို့ ရောက်ရှိလာသော သူတို့သူငယ်ချင်းအုပ်စုကို ကြိုဆိုဧည့်ခံပြီး နေရာချထားပေးဖို့ နီစွေးက တာဝန်ယူထားရသည်။ ကျောင်းမှာဆို ဘောင်းဘီရှည်ပဲ ဝတ်လေ့ရှိပြီး ယောက်ျားလေးဆန်ဆန် တွေ့ရတတ်သော နီစွေးကို သည်နေ့မှာ ချိတ်ထဘီနှင့် ရင်ဖုံးအင်္ကျီလက်ရှည်တို့ဖြင့် အိန္ဒြေရရ မြင်လိုက်ရသောကြောင့် သူငယ်ချင်းများအားလုံး ဝိုင်းဝန်းစနောက်နေကြခြင်းပါ။

" တော်ကြစမ်း ၊ ငါ့စိတ်က သိပ်ကြည်နေတာ မဟုတ်ဘူးနော် ၊ ဒီလိုမှန်းသိရင် ကျောင်းပိတ်ရက် ငါ့ဟာငါ အမေရိကန် သွားနေပါတယ် "

နီစွေး၏မိခင်ဘက်က ဆွေမျိုးများသည် အမေရိကန်မှာနေထိုင်ကြပြီး နီစွေးကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက ဟိုမှာကြီးပြင်းလာသူမို့ နန်းတွင်း စည်းမျဉ်းစည်းကမ်းများနှင့် ဓလေ့ထုံးစံများသည် တစ်ခါတရံ သူမအတွက် စိတ်ကျဉ်းကျပ်စရာများ ဖြစ်နေတတ်သည်။ ဒါတောင် ဘုဏ်းဇေတို့လောက် သူမ လိုက်နာရသည်မဟုတ်‌။ အခုလည်း နီစွေး ဝတ်နေကြ‌ ပေါ့ပေါ့ပါးပါးပုံစံနှင့် ကွဲပြားစွာ ဝတ်ဆင်ထားရသဖြင့် စိတ်က ကြည်လင်မ‌နေ ။ သူငယ်ချင်းများက စလေ သူမ ထွက်ပြေးချင်လေပါ။

ရှင်းသန့်တို့အုပ်စုကို ဂူလီသဘင်ကျင်းပသည့် မြင်းစီးကွင်းရှိရာသို့ နီစွေးက ခေါ်လာပြီး နေရာချပေးသည်အထိ ဘုဏ်းဇေယျာကျော်ကို သူတို့ မတွေ့ကြရသေး။ တအောင့်ကြာမှ ဘုဏ်းဇေက ဟက်ပီးလေးကို ဆွဲပြီး သူနှင့်အတူ ဂူလီကစားကြမည့်သူများဖြင့် ဂူလီကွင်းထဲသို့ ဝင်လာ၏။

သူငယ်ချင်းများရှိရာသို့ လက်လှမ်းပြလိုက်သည့် နီညိုရောင် ရှေးခေတ် မင်းညီမင်းသားဝတ်စုံကို ဆင်မြန်းထားသော အိမ်ရှေ့စံသည် နံနက်ခင်းနေရောင်ခြည်အောက်တွင် ပတ္တမြားခဲလေးသဖွယ် နီရဲတောက်ပနေသည် ။ ခေါင်းပေါ်ရှိ ညာတစ်ထောင်စ ခေါင်းပေါင်းသည် ရှေးတုန်းက အိမ်ရှေ့ဥပရာဇာများသာ ပေါင်းရသည့် အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်၏။ မြင်ဖူးနေကြပုံစံမျိုးမဟုတ်ဘဲ ခါးတောင် ကိုယ်ကျပ်လက်တိုကို ဝတ်ထားသည့် ဘုဏ်းဇေယျာကျော်ကို ရှင်းသန့် ငေးကြည့်ရင်း ပြုံးနေမိသည်။
ရွှေဘော်ကြယ်များဖြင့် ပျိုးပျိုးပျက်ပျက် လက်နေသည့်ပုဆိုးကို ခါးတောင်းကျိုက်လိုက်သောအခါ ပေါ်လာသည့် အနက်ရောင် ဘောင်းဘီရှည်နှင့် ခြေထောက်မှာ စီးထားသည့် ဟင်္သာခြေနင်းက အိမ်ရှေ့ကိုယ်တော်လေး၏ ခန့်ငြားထည်ဝါမှုကို နောက်တစ်ဆင့်သို့ တက်သွားစေ၏။

ဂူလီကစားနည်းသည် ကွင်းတစ်ဖက်စီတွင် ဂိုးတိုင်နှစ်တိုင်စိုက်ပြီး တစ်ဖက်လျှင် လူလေးယောက် ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့က မြင်းပေါ်ကနေ ဂူလီတံများဖြင့် ဂူလီသီးကို လုယက်ပြီး မိမိတို့ ပြိုင်ဘက်အသင်း၏ ဂိုးပေါက်ထဲသို့ဝင်အောင် သွင်းရခြင်း ဖြစ်သည်။

အိမ်ရှေ့စံတို့အသင်းတွင် သူနှင့်အတူ နီစွေး၏ အစ်ကို ဘုဏ်းဉာဏကျော်လည်းပါသည်။ ထို့အပြင် ဧကရာဇ်၏ညီမ ဒေါ်ဘုဏ်းဧကရီကျော်ရဲ့သား ဘုဏ်းလက်ျာကျော်နှင့် မြောက်ပိုင်း မြို့စားလေးတစ်ဦးတို့ ပါဝင်သည်။ တစ်ဖက်အသင်းမှာ ပါဝင်ကြသူများသည် တခြားပြည်နယ်များတွင် နေထိုင်ကြသော တော်ဝင်သွေး ဆက်နွှယ်သည့် စော်ဘွားများနှင့် မြို့စားများ ဖြစ်ကြ၏။ ဘုဏ်းဇေနှင့်ဉာဏ နှစ်ယောက်တည်းသာ ကစားသမားအသစ်ဖြစ်ပြီး ကျန်ခြောက်ယောက်က အရင်အကြိမ် ဂူလီပွဲများမှာ ပါဝင်ဖူးသည့် အတွေ့အကြုံရှိဖူးသူများပင်။ ထို့အပြင် ကစားသမားများ စီးကြမည့် မြင်းများအားလုံးသည် အလုံးအရပ်၊ သန်မာထွားကျိုင်းပုံချင်း တူညီကြသော်လည်း ဘုဏ်းဇေ၏ ဟက်ပီးလေးသာ အနက်ရောင်ဖြစ်၍ ကျန်မြင်းများက အုန်းခွံရောင်ရှိကြသည်။

ဂူလီပွဲစတော့မည်ဆိုတာနှင့် နှစ်သင်းစလုံး ဂူလီတံများကို လက်တစ်ဖက်ကကိုင်ပြီး မြင်းကိုယ်စီဆွဲကာ ကွင်းလယ်မှာ နေရာယူလိုက်ကြသည်။ ပြောင်လက်နေအောင် ပွတ်တိုက်ထားသည့် သစ်သားဂူလီတံများ၏ထိပ်တွင် ကြေးဝါကောက်တံဘုလုံးတစ်ခုကို စွပ်ထား၏။ ဘုဏ်းဇေယျာကျော် မြှောက်လိုက်သည့် လက်ထဲမှာတော့ သရက်မြစ်ဆုံကို လုံးနေအောင်ပွတ်ကာ ထုံးရည်ဝအောင် စိမ်ထားသည့် ဂူလီသီးတစ်လုံး။

ပွဲစပြီဖြစ်ကြောင်း အချက်ပေးသံနှင့်အတူ ဘုဏ်းဇေသည် လက်ထဲက ဂူလီသီးကို မြေပြင်ပေါ် လှိမ့်ချလိုက်၏။ ထို့နောက် လျှင်မြန်သွက်လက်စွာပင် ဟက်ပီးလေးပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သည်။ တစ်ဆက်တည်းမှာပင် မြင်းဇက်ကြိုးကို ဘယ်ဘက်လက်ဖြင့်ထိန်းကာ ညာဘက်လက်က ဂူလီတံကိုကိုင်ပြီး လိမ့်နေသော ဂူလီသီးနောက်သို့ လိုက်၍ သူအလိုရှိရာဘက်ကို အားဖြင့်ရိုက်ချလိုက်သည်။

ဘုဏ်းဇေယျာကျော်၏ ပုံစံမှာ အနိုင်ရလိုစိတ် ပြင်းထန်လှကြောင်း မြင်ရုံဖြင့် သိသာလှသည်။ တလိမ့်လိမ့် ပြေးနေသော ဂူလီသီးသည် ဘုဏ်းဇေ၏ ဂူလီတံနှင့်သာ အချက်ပေါင်းများစွာ ထိတွေ့နေတော့သည်။ တစ်ဖက်အသင်းက သူတစ်ယောက်တည်းကို ဝိုင်းပြီး ညှပ်ထားသည့်ကြားကပင် မြင်းကို လိမ္မာပါးနပ်စွာ လှည့်ထွက်ပြီး ဂူလီသီးကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်ယူ၍ ဂိုးပေါက်ထဲဝင်အောင် လှမ်းထည့်ပုံမှာ ကြည့်ရှုနေကြသည့်ပရိတ်သတ်များကို အသက်ရှူဖို့ မေ့လျော့သွားစေလောက်သည့်အထိပင် ။ ဂိုးပေါက်ထဲသို့ ဂူလီသီးတစ်ခါဝင်အောင် ရိုက်ပြီးတိုင်း နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွားသည်အထိ ပြုံးနေပုံမှာလည်း အိမ်ရှေ့ဥပရာဇာလေး၏ စွဲဆောင်မှုတစ်ခုလား မပြောတတ်။

မြင်းတစ်ကောင်ဖြင့် ဂူလီကစားနေသည့် ဘုဏ်းဇေယျာကျော်သည် ကျောင်းအားကစားပွဲမှာ ဘတ်စ်ကတ်ဘော ကစားနေသည့်ပုံစံထက် ပိုပြီး ခန့်ငြားနေသည်။ မွေးနေ့ပွဲမှာ တူရိယာတစ်ခုခုကို တီးခတ်ဖျော်‌ဖြေနေသည့်အချိန်ထက် ပိုပြီး ခမ်းနားနေ၏။ စင်မြင့်ပေါ်တက်ပြီး တည်ငြိမ်စွာ အမှာစကားပြောကြားနေသည့် အခိုက်အတန့်ထက်လည်း ပိုပြီးကြည့်ကောင်းနေသည်။

အိမ်ရှေ့ကိုယ်တော်လေးသည် ဂီတနှင့်ပတ်သက်ပြီးလည်း နားလည်တတ်ကျွမ်းသည်။ သင်္ချာဘာသာရပ်တွင်လည်း သူမတူအောင် ထူးချွန်၏။ ဘာသာစကား လေးမျိုးခန့်ကိုလည်း ပြောတတ်သည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီးလည်း စိတ်ဝင်တစား သင်ယူနေသူ ။ မြင်းစီးကျွမ်းကျင်ရုံသာမက အခုလို ဂူလီကစားခြင်းမှာလည်း တစ်ဖက်ကမ်းခတ် တော်လွန်းနေပြန်သည်။

' မင်းက ဘာလို့ အဲလောက်တောင် ပြီးပြည့်စုံနေရတာလဲ မင်းသားလေး '

ဂူလီပွဲ ပြီးဆုံးချိန်မှာတော့ ပရိတ်သတ်များ ခန့်မှန်းထားသည့်အတိုင်း အိမ်ရှေ့စံတို့အသင်းကသာ အနိုင်ရရှိပြီး ဂိုးအများဆုံးသွင်းယူခဲ့သူမှာလည်း အိမ်ရှေ့စံပင်ဖြစ်သည်။ ပွဲပြီး၍ နီစွေးက ရှင်းသန့်တို့တစ်သိုက်ကို အစားအသောက်များ ကျွေးမွေးဧည့်ခံသည့်နေရာသို့သွားဖို့ လာခေါ်၏။ သူငယ်ချင်းများအားလုံး လိုက်သွားကြသော်လည်း ရှင်းသန့်ကတော့ ဂူလီကွင်းအလယ်မှာ တခြားမင်းသားများနှင့် ‌ရယ်မောကာ ပွေ့ဖက်စကားပြောနေသည့် ဘုဏ်းဇေယျာကျော်ကို လှမ်းငေးကြည့်ရင်း ရပ်စောင့်နေခဲ့သည်။ သူ ‌စောင့်နေတာကို မြင်သည့် ဘုဏ်းဇေကလည်း ဟက်ပီးလေးကို စီးပြီး သူ့ရှေ့သို့ မကြာခင်မှာပဲ ရောက်လာခဲ့ပါသည်။

ဘုဏ်းဇေ သူ့ရှေ့ရောက်လာသည်အထိ ရှင်းသန့် ငေးမော၍မပြီးသေး ။ မြင်းပေါ်က ပုံရိပ်သည် သူမြင်ဖူးသမျှ အရာအားလုံးထဲ အခမ်းအနားဆုံးနှင့် အတောက်ပဆုံး ဖြစ်နေသဖြင့် အကြည့်မလွှဲနိုင်။

" ဟေး ...ငါ့ကို ဘာလို့ အဲလောက်ကြည့်နေတာလဲ ကောင်လေး "

မြင်းပေါ်မှ မဆင်းသေးသည့်လူက ခန္ဓာကိုယ်ကို အောက်သို့ ကိုင်းပြီး မော့ငေးနေသောသူ့ကို ငုံ့ကြည့်ရင်း မေးလာသည်။

" မင်း ဘာလို့ အဲလောက်တော်ရတာလဲ "

မြင်းဇက်ကြိုးကို လက်ကထိန်းရင်း အရှင်မင်းသားက သဘောတကျ ရယ်၏။ ညာတစ်ထောင်စ ခေါင်းပေါင်းအောက်က နဖူးပေါ်ရှိ ချွေးစလေးများက ဆောင်းနေအောက်မှာ ‌တလက်လက် ။

" ဘာလဲ ၊ ရှင်းလေးက ကိုကို့ကို ချီးကျူးနေတာလား "

ဘုဏ်းဇေက ဟက်ပီးလေးရဲ့ကိုယ်ပေါ်ကနေ လက်တစ်ဖက်ဖြင့် ရှင်းသန့်၏မေးဖျားကို မော့‌ယူလိုက်သည်။ ရယ်သံစွက်နေသော်လည်း စကားသံမှာ ချိုမြနေ၏။ ပြုံးစစမျက်ဝန်းများသည် တစ်ဖက်လူကို ရုန်းမထွက်နိုင်အောင် ညှို့ငင်နေသလို ။

" ဖယ်စမ်းပါ ၊ ဘာကိုကိုလဲ ၊ သေချင်လို့ "

မြင်းပေါ်ကအရှင်မင်းသားလေး၏ အပြုံးတွေထဲ ခေတ္တလွင့်မျောသွားပြီးနောက် ရှင်းသန့် သတိပြန်ဝင်လာကာ သူ့မျက်နှာကို ပင့်ထားသည့်လက်အား ဖယ်ချလိုက်သည်။

" မသေချင်သေးပါဘူး ၊ ဒီကိုကိုက ငယ်ငယ်လေးရှိသေးတာ ၊ နောက်ကျ ကြင်ယာတော်ရဲ့ လက်ကိုဆွဲပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရဦးမှာ "

ကြင်ယာတော်တဲ့ ၊ ကြင်ယာတော် ။
ဒီနှစ်တွေအားလုံးအတွင်း ဘုဏ်းဇေယျာကျော်ဆီက ရှင်းသန့် တစ်ခါမျှ မကြားဖူးခဲ့သော စကားပါ ။ မကြားဖူးခဲ့သဖြင့် ရှိမှန်းတောင် မေ့လျော့နေခဲ့သည့် ထိုစကား ။ ဟုတ်ပါရဲ့ ။ သူ့သူငယ်ချင်း အိမ်ရှေ့မင်းသားလေးဟာ တစ်ချိန်ကျရင် ကြင်ယာတော်ရဲ့ လက်ကိုတွဲပြီး နန်းသိမ်းပွဲခံရဦးမည့် ဧကရာဇ်တစ်ပါး ဖြစ်လာဦးမည် မဟုတ်ပါလား ။

အဲဒီအချိန်ရောက်လာခဲ့ရင်ဆိုသည့် အတွေးက ရှင်းသန့်တည်ကြည်၏ ရင်ဘတ်တစ်နေရာကို စူးခနဲ နာကျင်စေခဲ့သည်။

အဲဒီအချိန်ရောက်လာခဲ့ရင်ရော...
မင်းသားလေးဟာ သူ့ကို သတိရပါဦးမလား ၊
အချစ်ဆုံးပါဟု ပြောခဲ့သည့် သူငယ်ချင်းသူ့ကို သတိရပါဦးမလား ။

#PoPoPhoenix

----------------------

{ A/N
1. ဂူလီပွဲက အဘိုးအဘွားတွေဆီကတစ်ဆင့် ပိုပို ကြားဖူးသမျှ ၊ စာအုပ်တွေထဲမှာ ဖတ်ဖူးခဲ့ပြီး သိခဲ့ရမျှကို ပြန်ပြီးကိုးကားရေးထားတာပါ ။

2. ဂူလီပွဲမှာ ဘုဏ်းဇေဝတ်ထားတဲ့ မင်းညီမင်းသားဝတ်စုံဟာ ရှေးမြန်မာ ဘုရင်တွေလက်ထက်က မင်းညီမင်းသားတွေရဲ့ ဝတ်စုံအတိုင်း တစ်ပုံစံတည်း တူမှာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပုံဖော်ထားတာမို့ တကယ်လို့ ရှေးကပုံစံတွေကို ထိခိုက်သလိုဖြစ်သွားခဲ့ရင် ပိုပို့လိုအပ်ချက်နဲ့ အမှားအယွင်းသာ ဖြစ်ပါတယ် ။

3. ဒီficထဲမှာ အခုအပိုင်းထိ ဘုဏ်းဇေရဲ့ ဇာတ်ကောင်ကိုပဲ အသားပေး ရေးထားပြီး ရှင်းသန့်ရဲ့ ဇာတ်ကောင်က မှိန်နေသလိုမျိုး ခံစားချင်ခံစားကြရပါလိမ့်မယ် ။ ဒါကိုက သူတို့နှစ်ယောက်ကြားမှာ မတူညီတဲ့အရာတွေပါပဲ။ ပြီးတော့ ရှင်းသန့်ရဲ့ characterဟာ ဘုဏ်းဇေထက်စာရင် တည်ငြိမ်တယ် ၊ သာမန်ဆန်တယ် ၊ လူတွေဆီက အာရုံစိုက်ခံရမှာထက် သူ့ဟာသူ လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး နေချင်တဲ့စရိုက်မျိုးပါ ။ ဘုဏ်းဇေကကျ အုပ်စိုးလိုစိတ် ရှိတယ်။ သူဖြစ်ချင်တာကို သူသေချာသိပြီး ရအောင်လဲ ကြိုးစားတတ်တယ် ။ ရှင်းသန့်အပေါ်မှာ သူ ကလေးဆန်ချင်ဆန်ပေမဲ့ တကယ်တမ်းကျ သူက ရည်မှန်းချက်ကြီးပြီး ဘယ်နေရာမဆို သူက အကောင်းဆုံး၊အတော်ဆုံး ဖြစ်ချင်တဲ့စိတ် ရှိသူပါ။ အဲတာမို့ ရှင်းသန့်ကို တမင်နောက်ချန်ထားတာမဟုတ်ဘဲ ဘုဏ်းဇေကိုက သူ့အလိုလို ပေါ်လွင်နေတာပါ ။

Please give me your feedbacks.
See you soon ^^ }

အိမ်ရှေ့စံရဲ့ ဟက်ပီးလေး 🖤

( Unicode )

ဘယ္လိုနာမဝိေသသနမ်ိဳးနဲ႔ အထူးျပဳရမလဲ
ေရလိုၾကည္လင္ေသာလား
ေနျခည္လိုေႏြးေထြးေသာလား
ေလျပည္လိုေအးျမေသာလား
ေဖာ္ျပရေအာင္ လုံေလာက္တဲ့
စကားလုံးေတြ မရွိဘူးလို႔လည္း ခံစားရျပန္တယ္
တစ္ခ်ိန္တည္းမွာပဲ သေဘာက်တဲ့စိတ္နဲ႔ ၿပဳံးမိျပန္တယ္
လူတစ္ေယာက္က ဒီေလာက္ေတာင္ ၿပီးျပည့္စုံႏိုင္ရလားေပါ့
ကိုယ္လည္းအရင္က မသိခဲ့ဘူးေလ
မင္းကိုျမင္တိုင္း ဒီလိုခဏခဏ ေရ႐ြတ္ရတယ္
ၿပီးေတာ့ ေငးေမာရတယ္
တစ္ခ်ိန္တည္းမွာပဲ သေဘာက်တဲ့စိတ္နဲ႔
ထပ္ခါတလဲလဲ ၿပဳံးေနမိျပန္တယ္

2010၊ December

ထုံသင္းေမႊးႀကိဳင္ေသာ အျဖဴေရာင္ခြာညိဳပန္းရနံ႔မ်ားက ႐ႊင္လန္းၾကည္ေဝၿခံႀကီး၏ မနက္ခင္းကို ၿပီးျပည့္စုံစြာ ၿခဳံလႊမ္းထားသည္။ ခြာညိဳပန္း၏ပြင့္ဖတ္ခြံေလးမ်ားသည္ အညိဳေရာင္သန္းေနေသာေၾကာင့္ ေရွးတုန္းက ခြံညိဳဟုလည္း ေခၚၾက၏။ ၿခံစည္း႐ိုးမ်ား၊ အုတ္နံရံမ်ား ၊ သစ္ပင္မ်ားေပၚမွာ ႏြယ္၍ေပါက္တတ္ေသာ ခြာညိဳပင္ေလးမ်ားသည္ သူ႔ရာသီေရာက္လွ်င္ တစ္ပင္လုံး အပြင့္ျဖဴေလးမ်ားျဖင့္ ျပည့္ေနတတ္သည္မွာ အၿမဲပင္။ ထိုအပြင့္ျဖဴေလးမ်ားအတြင္းရွိ အေစ့မ်ားက ေလအေဝ့တြင္ လြင့္ပါသြားကာ တျခားတစ္ေနရာသို႔ ပန္းမ်ိဳးမ်ား ထပ္က်ဲျဖန႔္ၾက၏ ။ ဤသို႔ျဖင့္ ခြာညိဳပင္မ်ားသည္ ရွင္းသန႔္တို႔ ၿခံထဲတြင္ ေနရာအႏွံ႔အျပားေပါက္ေနၾကၿပီး ယခုလို ပန္းပြင့္ခ်ိန္မ်ားဆို ၿခံထဲတြင္မက အိမ္ေပၚ၊အိမ္ေအာက္ ေနရာမက်န္ ခြာညိဳပန္းရနံ႔မ်ားသာ ထုံမႊမ္းကာေနေတာ့သည္။

ႏိုဝင္ဘာမွာက်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲကား ေအးေအးခ်မ္းခ်မ္း ၿပီးဆုံးခဲ့ၿပီး ဘုဏ္းေဇေျပာခဲ့သလို ဦးသန႔္စင္တို႔ပါတီကသာ အႏိုင္ရရွိခဲ့သည္။ ဝန္ႀကီးခ်ဳပ္ရာထူးကေတာ့ လာမည့္ေဖေဖာ္ဝါရီလမွ လႊဲေျပာင္းေပးရမည္ျဖစ္၏။

သည္လိုႏွင့္ November Rain သီခ်င္းကို နားေထာင္၍ မဆုံးခင္မွာပဲ ျပကၡဒိန္စာမ်က္ႏွာက ဒီဇင္ဘာသို႔ ကူးေျပာင္းသြားသည္ ။ ရာသီစက္ဝန္းသည္ ႏွစ္တစ္ႏွစ္၏ အဆုံးသတ္သို႔ ေရာက္ရွိခဲ့ျပန္ၿပီ။ မ်က္ေတာင္မခတ္တမ္း ေငးေမာခ်င္စရာေကာင္းလွသည့္ တိမ္ပင္လယ္မ်ားက ေတာင္ေပၚၿမိဳ႕မ်ားဆီ အလည္လာဖို႔ ခရီးသြားဧည့္သည္မ်ားအား ဖိတ္ေခၚေနၾကသလို။ အဆင္းအတက္ႀကီးသည့္ ေတာင္ေပၚလမ္းတစ္ေလွ်ာက္ အၿပိဳင္အဆိုင္ ပြင့္ေနၾကေသာ အဝါေရာင္ ေတာင္ေနၾကာမ်ားသည္ သဘာဝတရားက ေရးဆြဲထားသည့္ အလွကားခ်ပ္တစ္ခုပင္ျဖစ္၏။

" ကိုကိုရွင္းရွင္း .... တီဗီမွာ ကိုကိုဘုဏ္းေဇ လာေတာ့မွာ မၾကည့္ဘူးလား "

သည္ေန႔က စေနေန႔မို႔ ေက်ာင္းမသြားရ။ မနက္စာစားၿပီးေနာက္ အင္တာနက္ေပၚမွ ေတြ႕သည့္ ေတာင္ေပၚၿမိဳ႕ေလးတစ္ၿမိဳ႕က ေနၾကာ႐ိုင္းမ်ားပြင့္ေနပုံကို ရွင္းသန႔္ ပန္းခ်ီဆြဲၾကည့္ေနခဲ့သည္။ သူ႔အာ႐ုံတစ္ခုလုံးက ကင္းဗတ္စ္ေပၚ ေရာက္ေနသျဖင့္ ကိုးနာရီထိုးသြားတာပင္ မသိလိုက္။ သင္းပ်ံ႕က အာလူးေခ်ာင္းေၾကာ္တစ္ပန္းကန္ကို လက္ကကိုင္ၿပီး သူ႔အခန္းထဲဝင္လာမွ သူ နာရီၾကည့္မိသည္။

" ကိုကို ဒီမွာ ၊ ကိုကိုဘုဏ္းေဇတို႔လာၿပီ "

ရွင္းသန႔္လည္း လက္ထဲက ဆြဲလက္စ ပန္းခ်ီစုတ္တံကိုခ်ၿပီး သူ႔အခန္းထဲက တီဗီေရွ႕မွာ သင္းပ်ံ႕ႏွင့္အတူ ထိုင္ၾကည့္လိုက္သည္။

ဖန္သားျပင္ေပၚတြင္ ပထမဦးဆုံး ေတြ႕ရသည္က လုံၿခဳံေရးတစ္ေယာက္ ဖြင့္ေပးသည့္ ကားတံခါးအျပင္ဘက္သို႔ ထြက္ရွိလာေသာ အျဖဴေရာင္စတိုင္ပင္ႏွင့္ လိုက္ဖက္ညီစြာ အနက္ေရာင္သားေရ ရႉးဖိနပ္ကို စီးထားသည့္ ေျခေထာက္တစ္စုံ။ ထိုေျခေထာက္ပိုင္ရွင္သည္ အျဖဴေရာင္ ရွပ္အက်ႌကို ေအာက္ခံထားၿပီး အေပၚက ျမစိမ္းေရာင္ ဘေလဇာကို ထပ္ဝတ္ထားသည္။ ဆံပင္တို႔ကို ေနာက္သို႔လွန္ၿပီး ပိရိေသသပ္စြာ ၿဖီးထားသျဖင့္ မဟာဆန္ေသာ နဖူးျပင္က ေပၚလြင္ေန၏။ လက္မွာလည္း စိန္အစစ္ ထည့္သြင္းျပဳလုပ္ထားသည့္ တန္ဖိုးႀကီးနာရီတစ္လုံး။ သူ႔ေဘးမွာေတာ့ ပတၱျမားဆံထိုးေလးတစ္ခု ထိုးထားသည့္ ေနာက္တြဲဆံထုံးေလးျဖင့္ ဒူးသာသာအျဖဴေရာင္ကိုယ္က်ပ္ဂါဝန္ကို ႏွစ္လက္မခန႔္ျမင့္ေသာ ေ႐ႊအိုေရာင္ ေဒါက္ဖိနပ္ႏွင့္တြဲ၍ ေက်ာ့ရွင္းစြာ ဝတ္ဆင္ထားသည့္ မိန္းကေလးတစ္ဦး။ သူတို႔ႏွစ္ဦးသည္ ကားရပ္သည့္ေနရာမွစၿပီး အသင့္ေစာင့္ႀကိဳေနၾကေသာ လူတစ္ဦးခ်င္းစီကို လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ ႏွစ္ဦးသား လက္ခ်င္းခ်ိတ္ကာ အခမ္းအနားက်င္းပမည့္ အေဆာက္အဦးထဲသို႔ ကိုယ္ရံေတာ္မ်ား ၿခံရံလ်က္ ဝင္ေရာက္သြားၾကသည္။ သည္ေန႔မနက္ ကိုးနာရီမွာက်င္းပသည့္ သဘာဝတြင္းထြက္ ေက်ာက္မ်က္ရတနာ ျပပြဲတစ္ခုသို႔ ဘားမားျပည္၏ အိမ္ေရွ႕မင္းသားႏွင့္ မင္းသမီးတို႔ ေမာင္ႏွမႏွစ္ေယာက္ တက္ေရာက္လာျခင္းပင္။

" ဝါး... ၾကည့္ပါဦး ၊ ကိုကိုဘုဏ္းေဇက ေခ်ာလိုက္တာ "

သင္းပ်ံ႕ေျပာမည္ဆိုလည္း ေျပာစရာ။ ယခု တီဗီေပၚမွာ ရွင္းသန္႔ ေတြ႕ေနရသည့္ ဘုဏ္းေဇသည္ သူသိေသာ ဘုဏ္းေဇႏွင့္ေတာင္မတူေပ။ အိမ္ေရွ႕စံကို သူတို႔ႏိုင္ငံ၏ အထင္ကရ အခမ္းအနားမ်ားတြင္ သည္လိုပုံစံမ်ိဳးျဖင့္ မၾကာခဏ ျမင္ဖူးေနၾကျဖစ္ေသာ္လည္း အခုတစ္ခါက ပိုၿပီး ၾကည့္ေကာင္းေနသလို ခံစားရ၏။ ျမင့္မားေသာ ကိုယ္ခႏၶာသည္ ေက်ာင္းဝတ္စုံ ဝတ္ထားလွ်င္ အခုေလာက္မသိသာ။ ဆံပင္ေတြ နဖူးေပၚလွန္တင္ထားေသာ္လည္း မ်က္ႏွာေပၚရွိ ငယ္႐ြယ္ပ်ိဳမ်စ္မႈက ေပ်ာက္မသြား ။ ဝတ္ထားသည့္ ျမစိမ္းေရာင္ဘေလဇာသည္ ျဖဴဥေနေသာ အိမ္ေရွ႕မင္းသား၏အသားအေရကို ပိုၿပီးအေရာင္တင္ေပးထားသည္ ။ ခင္းက်င္းထားသည့္ ရတနာပစၥည္းမ်ားပင္ ဘုဏ္းေဇယ်ာေက်ာ္၏ အရွိန္အဝါ‌ႏွင့္ယွဥ္ၿပီး ေမွးမွိန္သြားသလိုပါ ။

" ကိုကို႔ဖုန္းေပးဦး "

" ဘာလုပ္မလို႔လဲ "

" ကိုကိုဘုဏ္းေဇဆီကို စာပို႔မလို႔ ၊ အခုပုံစံနဲ႔ Selfie မ်ားမ်ား ႐ိုက္ေပးထားလို႔ "

စကားမဆုံးခင္ပင္ ရွင္းသန႔္၏လက္က သင္းပ်ံ႕နဖူးေပၚ ေဒါက္ခနဲ။

" ကိုကိုရွင္းရွင္းကလဲ ၊ ၿပီးေတာ့ ညီမေလးက ကိုကိုတို႔ကို မုန႔္ျပန္ဝယ္ေကြၽးမွာပါ "

သင္းပ်ံ႕သည္ ဘုဏ္းေဇႏွင့္ ရွင္းသန႔္တို႔ကို အသုံးခ်ၿပီး ေက်ာင္းမွာ စီးပြားေရးလုပ္ေနသူျဖစ္သည္။ ေက်ာင္းရွိ မိန္းကေလးမ်ားက သူမအစ္ကိုတို႔ႏွင့္ ပတ္သက္ၿပီး စုံစမ္းခ်င္တာရွိလွ်င္ သင္းပ်ံ႕ကို ကပ္ၾကရ၏။ ဥပမာ ဘုဏ္းေဇအႀကိဳက္ဆုံး အဆိုေတာ္က ဘယ္သူလဲ ၊ ရွင္းသန႔္ အေသာက္အမ်ားဆုံး ေကာ္ဖီက ဘာတံဆိပ္လဲ စသျဖင့္ သိခ်င္ၾကလွ်င္ ေက်ာင္းသူမ်ားက သင္းပ်ံ႕ကို မုန႔္မ်ားဝယ္ေကြၽးၿပီး လာဘ္ထိုးၾကရသည္။ သူတို႔စာအုပ္ေတြေပၚမွာ ၊ အသုံးအေဆာင္ေတြေပၚမွာ‌ အိမ္ေရွ႕စံတို႔ လက္မွတ္လိုခ်င္လွ်င္ သင္းပ်ံ႕ကို လက္ေဆာင္မ်ားေပးၿပီး လဲလွယ္ၾကရသည္။ သင္းပ်ံ႕က အာကာႏွင့္ေရာ ခင္ေသာ္လည္း အာကာ့ကိုက် မိန္းကေလးမ်ားက ကိုယ္တိုင္ေတာင္းရဲၾကသျဖင့္ အာကာႏွင့္ပတ္သက္ၿပီး အလုပ္မျဖစ္။ တျဖည္းျဖည္းႏွင့္ သင္းပ်ံ႕က မီဒီယာေတြေပၚမွာ မေတြ႕ရသည့္ သူမအစ္ကိုတို႔ရဲ႕ပုံေတြကိုပါ photo card လွလွေလးေတြထုတ္ၿပီး တစ္ပုံ ဘယ္ေလာက္ဟုဆိုကာ ေရာင္းစားေတာ့၏။ ဝယ္ခ်င္သူေတြမ်ားသျဖင့္ ေလလံတင္ၿပီး ေဈးအမ်ားဆုံးေပးသူကိုသာ ေရာင္းသည့္အခါမ်ိဳးလည္းရွိသည္။ ရွင္းသန႔္ထက္ ဘုဏ္းေဇေၾကာင့္ သင္းပ်ံ႕အလုပ္က ပိုၿပီးဝင္ေငြေကာင္းသည္ဟု ေျပာရမည္။ အေၾကာင္းမွာ သင္းပ်ံ႕ ဆယ္ခါေလာက္ေတာင္းဆိုမွ ရွင္းသန႔္က တစ္ခါေလာက္ လိုက္ေလ်ာၿပီး ဓာတ္ပုံ႐ိုက္ေပးေသာ္လည္း ဘုဏ္းေဇကေတာ့ တစ္ခါတရံ သူမ မေတာင္းဆိုရဘဲ သူကိုယ္တိုင္က အရင္ဆုံး ႐ိုက္လာေပးတတ္ေသာေၾကာင့္ပင္ ။ အခုလည္း ဘုဏ္းေဇက သင္းပ်ံ႕အတြက္ ဓာတ္ပုံမ်ား ႐ိုက္ေပးထားမည္မွာ အေသအခ်ာ။ သင္းပ်ံ႕၏ အလုပ္သည္ မိဘေတြဆီက ရသည့္မုန႔္ဖိုးထက္ပင္ ဝင္ေငြေကာင္းလွသည္။

" မဂၤလာပါခင္ဗ်ာ ၊ ဘားမားျပည္ေထာင္စုရဲ႕မင္းသား ဘုဏ္း‌ေဇယ်ာေက်ာ္ ျဖစ္ပါတယ္ခင္ဗ်ာ "

အိမ္ေရွ႕စံသည္ သူတက္ေရာက္ၿပီး စကားေျပာရသည့္ အခမ္းအနားတိုင္းမွာ သည္ႏႈတ္ခြန္းဆက္စကားကို ဦးစြာဆိုေလ့ရွိသည္။ ၾကည္သာေသာ ထိုစကားသံသည္ ေစာင့္ၾကည့္ေနၾကေသာ ျပည္သူအမ်ားအတြက္ ပီယဝါစာပင္။

" အခုလို မဂၤလာရွိတဲ့ပြဲမ်ိဳးကို တက္ေရာက္စကားေျပာခြင့္ရတဲ့အတြက္ ေတာ္ဝင္မိသားစုကိုယ္စား က်ေနာ္က ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္ "

ငယ္ငယ္ကလို ခမည္းေတာ္ေရးေပးထားသည့္ စာကို အလြတ္က်က္ၿပီး ေျပာတာမ်ိဳး မဟုတ္ေတာ့ဘဲ သူ႔စိတ္ကူးႏွင့္သူ ျပင္ဆင္လာၿပီး အမွာစကားေျပာၾကားေနသည့္ ေမာင္ျဖစ္သူကို ၾကည့္ရင္း ဘုဏ္းေဒဝီေက်ာ္မွာ ဂုဏ္လည္းယူရသလို ခ်စ္ခင္တြယ္တာစိတ္တို႔လည္း ပိုရသည္။ သူမ ငါးႏွစ္သမီးအ႐ြယ္က လူ႔ေလာကထဲ ေရာက္လာခဲ့ေသာ ပိတ္အျဖဴထဲက ကေလးေသးေသးေလးက အခုေတာ့ သူမထက္ အရပ္ျမင့္သည့္ အ႐ြယ္ေရာက္စ ေယာက္်ားပ်ိဳတစ္‌ေယာက္ ျဖစ္လာခဲ့ၿပီ။ လူမွန္းသိတတ္စကတည္းက တျခား႐ြယ္တူကေလးမ်ားထက္ သင္ယူစရာ ၊ လိုက္နာစရာေတြ မ်ားခဲ့ရေသာ္လည္း ဘုဏ္းငယ္ေလးသည္ ဘယ္ေတာ့မွ် ျငဴစူျခင္းမ်ိဳးမရွိဘဲ သူ႔ကိုယ္သူ အေကာင္းဆုံးျဖစ္ေအာင္သာ ႀကိဳးစားခဲ့သည္။ ကိုယ္ပိုင္လြတ္လပ္ခြင့္အခ်ိဳ႕ ဆုံးရႈံးခဲ့ရသည့္တိုင္ေအာင္ သူမေမာင္ေလးထံတြင္ သူ႔ဘဝသူ မေက်မနပ္ ျဖစ္ျခင္းမ်ိဳး ဘယ္တုန္းကမွ် မေတြ႕ခဲ့ရေပ။

" က်ေနာ္တို႔ႏိုင္ငံဟာ အခုလိုမ်ိဳး ေက်ာက္မ်က္ရတနာေတြအပါအဝင္ သဘာဝတြင္းထြက္သယံဇာတ ေပါႂကြယ္ဝတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္တဲ့အတြက္ အတိုင္းမသိ ဝမ္းသာဂုဏ္ယူမိပါတယ္ ၊ ဒါေပမဲ့ ဒီေန႔ေခတ္ ကမာၻႀကီးက သိပၸံပညာရပ္ေတြ ၊ နည္းပညာေတြ ၊ တီထြင္ႀကံဆမႈေတြနဲ႔အတူ အခ်ိန္နဲ႔အမွ် တိုးတက္ေျပာင္းလဲေနပါတယ္ ၊ ကမာၻေပၚက ထိပ္တန္းႏိုင္ငံေတြနဲ႔အၿပိဳင္ ရပ္တည္ႏိုင္ဖို႔အတြက္ ႏိုင္ငံ့စီးပြားေရး အားေကာင္းဖို႔ဆိုရင္ ဒီလိုမ်ိဳး တြင္းထြက္သယံဇာေတြကိုပဲ ထုတ္ယူေရာင္းခ်ၿပီး အားကိုးေနလို႔ မလုံေလာက္ပါဘူး ၊ ဒါ့အျပင္ သယံဇာတေတြ ထုတ္ယူမႈကတစ္ဆင့္ ျပဳန္းတီးမႈအထိ ျဖစ္လာခဲ့ရင္ ႏိုင္ငံရဲ႕ ေတာေတာင္ေရေျမနဲ႔ ေဂဟစနစ္ကိုပါ ထိခိုက္လာပါလိမ့္မယ္ ၊ ကမာၻေပၚမွာ ေခတ္မီဖြံၿဖိဳးတိုးတက္တဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ေရရွည္ရပ္တည္ႏိုင္ဖို႔ဆိုရင္ ႏိုင္ငံရဲ႕လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ဖို႔ လိုအပ္ပါတယ္၊ အေျခခံပညာေက်ာင္းေတြကစၿပီး တကၠသိုလ္ေတြအထိ စိတ္ဓာတ္၊ စည္းကမ္းနဲ႔အတူ ပညာေရးစနစ္ပိုမိုေကာင္းမြန္ေအာင္၊ လုပ္ငန္းခြင္ထဲမွာလဲ တစ္‌ေယာက္ကိုတစ္ေယာက္ လက္တြဲေခၚယူၿပီး စြမ္းေဆာင္ရည္ေတြ ပိုမိုျမင့္မားလာေအာင္ ေဆာင္႐ြက္ၾကျခင္းျဖင့္ လူ႔စြမ္းအားအရင္းအျမစ္ ပိုမိုတိုးတက္လာေအာင္ ဝိုင္းဝန္းႀကိဳးစားေပးၾကဖို႔ကို ဒီေန႔ဒီေနရာကေန တိုက္တြန္းလိုပါတယ္ "

သဘာဝတြင္းထြက္ရတနာျပပြဲသို႔လာၿပီး သယံဇာတ ျပဳန္းတီးမႈျဖစ္မွာကို သတိေပးသြားသည့္အျပင္ လူ႔စြမ္းအားအရင္းအျမစ္ ျမႇင့္တင္ဖို႔ကိုပါ ေျပာၾကားသြားသည့္ အိမ္ေရွ႕မင္းသား၏စကားကို အခမ္းအနား တက္ေရာက္လာသည့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက လူႀကီးမ်ားအားလုံး ေခါင္းတညိတ္ညိတ္ျဖင့္ နားေထာင္ေနခဲ့ၾကသည္။ ျပည္သူမ်ားအတြက္ေတာ့ မၾကာခင္ တစ္ဆယ့္ေျခာက္ႏွစ္ ျပည္ေတာ့မည့္ သူတို႔မင္းသားေလးအား ပိုမိုခ်စ္ျမတ္ႏိုးလာရသည့္ ေန႔ရက္မ်ားထဲက တစ္ရက္ပင္။

ဘုဏ္းေဇယ်ာေက်ာ္၏ တည္တည္ၿငိမ္ၿငိမ္ အမွာစကားေျပာေနသည့္ပုံစံရယ္၊ ပြဲအစမွအဆုံးအတြင္း ရင့္က်က္သည့္လူႀကီးတစ္ေယာက္လို ျပဳမူသြားသည့္ အသြင္သ႑ာန္ရယ္ကို ျမင္ေတြ႕ၿပီး ရွင္းသန႔္ တစ္ေယာက္တည္း ၿပဳံးမိသည္။ စိတ္ထဲကေနလည္း ....

' ငါ့ကို လိုက္စိတ္ေကာက္တတ္တဲ့ ပုံစံနဲ႔မ်ား ကြာပါ့ ၊ တကယ္ မ်က္ႏွာႏွစ္ဖက္နဲ႔ မင္းသား '

****

အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္း၏ ေက်ာင္းအဝင္လမ္းေဘး ဝဲယာႏွစ္ဘက္စလုံးတြင္ ခေရပင္တန္းဟုေခၚေသာ လမ္းသြယ္ႏွစ္ခုရွိသည္။ တစ္ပင္ႏွင့္တစ္ပင္ ခပ္စပ္စိပ္စိုက္ထားေသာ ထိုခေရပင္တန္းမ်ားေအာက္တြင္ ေက်ာင္းသားေက်ာင္းသူမ်ား ေအးေအးေဆးေဆး ထိုင္ၿပီးအနားယူ၍ရေအာင္ ခုံတန္းရွည္မ်ားလည္း ခ်ထားသည္။ ထိုခေရပင္တန္းသည္ ဘုဏ္းေဇႏွင့္ရွင္းသန႔္တို႔ တစ္‌‌ေယာက္ေက်ာင္းအလာကို တစ္ေယာက္က ထိုင္ေစာင့္ေလ့ရွိတတ္ေသာ ေနရာဟု ေျပာလွ်င္လည္းမမွားပါ ။

တနလၤာေန႔မနက္က သင္းပ်ံ႕တို႔အသင္း သန႔္ရွင္းေရးတာဝန္က်သည့္အခ်ိန္ ျဖစ္ေသာေၾကာင့္ ရွင္းသန႔္ပါ သူ႔ညီမႏွင့္အတူ နာရီဝက္ေစာ၍ ေက်ာင္းေရာက္လာခဲ့သည္။ ထို႔ေၾကာင့္ ထုံးစံအတိုင္း ခေရပင္တန္းေအာက္က ခုံရွည္တစ္ခုေပၚမွာ ထိုင္ၿပီး ေက်ာင္းစာၾကည့္တိုက္က ငွားထားသည့္ ဆရာမၾကည္ေအး၏ ကဗ်ာေပါင္းခ်ဳပ္ကိုဖတ္ရင္း တစ္‌စုံတစ္ေယာက္ကို ေစာင့္ေနခဲ့၏။ အပင္ေပၚမွ ေႂကြက်လာေသာ အစိမ္းေရာင္ခေရ႐ြက္ေလးတစ္‌႐ြက္က သူ႔ေခါင္းေပၚရွိ ဆံပင္အေခြေလးထဲမွာ ထိုးစိုက္လ်က္ ။

" အား...ပင္ပန္းလိုက္တာ ၊ ေက်ာင္းပိတ္ရက္ႀကီးက တကယ္ပင္ပန္းတာပဲ "

ညည္းညဴသံႏွင့္အတူ သူ႔ပုခုံးတစ္ဖက္ေပၚကို ေခါင္းမွီၿပီး ေဘးမွာပူးကပ္ကာ ထိုင္လာသူက ရွင္းသန႔္ ေစာင့္ေနသည့္ မင္းသားေလးပင္။

" မင္းက ဘာေတြ လုပ္ရလို႔ ပင္ပန္းရတာလဲ "

" တ႐ုတ္စာသင္ရတယ္ ၊ ျပင္သစ္စာ ျပန္ေႏႊးရတယ္ ၊ ဂူလီ႐ိုက္ ေလ့က်င့္ရတယ္ ၊ ခမည္းေတာ္တို႔ကို ေစာင္းတီးျပရတယ္ ၊ ေက်ာင္းစာကလဲ ၾကည့္ရေသးကြာ ၊ ငါလုပ္ရတာေတြမွ တစ္ခုၿပီးတစ္ခုပဲ "

" ဪ ...အဲဒါေတြလုပ္ရတာကို ပင္ပန္းေနတာေပါ့ "

" မဟုတ္ဘူး "

သူ႔ပုခုံးေပၚ ေခါင္းတင္ထားရင္း ဘုဏ္းေဇက သူ႔ဘက္လွည့္ကာ ေမာ့ၾကည့္သည္။

" မင္းနဲ႔မေတြ႕ရလို႔ ပင္ပန္းတာ ၊ ေက်ာင္းပိတ္ရက္ဆို မင္းကို လြမ္းရလို႔ ပင္ပန္းတာ ၊ ဖုန္းဆက္ေနတာပဲလို႔ ျပန္မေျပာနဲ႔ ၊ ဖုန္းဆက္ရလဲ လြမ္းတယ္ "

ဖတ္လက္စ ကဗ်ာစာမ်က္ႏွာေပၚ တင္ထားသည့္ ရွင္းသန႔္၏ လက္ေခ်ာင္းေလးမ်ား မသိမသာ တုန္ယင္သြားသည္။ သူ ဘာမွ်ေတာ့ ျပန္မေျပာျဖစ္။ ဘုဏ္းေဇကသာ သူ႔ပုခုံးကို နဖူးျဖင့္ တစ္ခ်က္ၿပီးတစ္ခ်က္ ခပ္ဖြဖြတိုက္ကာ ပါးစပ္ကေန ပြစိပြစိ ဆက္႐ြတ္ေန၏။

" အဲဒါမို႔ မင္းက တစ္ပတ္တစ္ရက္ နန္းေတာ္ကို အလည္လာခဲ့ပါ့ဆို ၊ ငါ့စကားကို နားမေထာင္ဘူး ၊ ငါ့ကို ပင္ပန္းရေအာင္ သိပ္လုပ္တာပဲ ၊ မင္း အလည္လာေအာင္ ငါ ဘယ္လိုလုပ္ရမလဲ ရွင္း ၊ တစ္ခါလာရင္ ငါ့စာဖတ္ခန္းထဲက စာအုပ္တစ္အုပ္ အပိုင္ေပးမယ္ ဆိုရင္ေရာ ၊ ဆယ္အုပ္ဆိုလဲ ျဖစ္တယ္ ၊ မင္းသာ လာခဲ့လို႔ ၊ ေနာ္ ...ရွင္း ၊ ေနာ္...ေနာ္ ....ေနာ္... "

" မင္းသားေလး ၊ အခု ငါ့ကို မင္းအဘြားနဲ႔မွားၿပီး လာခြၽဲေနတာလား "

သူ႔ပုခုံးကိုလာတိုက္ေနေသာ နဖူးအား လက္ညႇိဳးျဖင့္တြန္းၿပီး ေမးေတာ့ ဘုဏ္းေဇက မ်က္လုံးေလးမ်ား ေကြးသြားသည္အထိ ရယ္ရင္း သူ႔ဆံေပၚမွာ ကပ္ၿငိေနသည့္ ခေရ႐ြက္ေလးကိုပါ ဖယ္ေပး၏။ ေက်ာင္းသားတစ္ခ်ိဳ႕ကေတာ့ သူတို႔ေရွ႕ကေန ပုံမွန္အတိုင္းပဲ ျဖတ္ေလွ်ာက္သြားသည္။

သြားရ ၊ မသြားရ စဥ္းစားရခက္ေနသူမွာ လင္းေရာင္ရွိန္ပင္ ။ ေက်ာင္းထဲသို႔ဝင္လာရင္း ခေရပင္တန္းဘက္ ၾကည့္လိုက္စဥ္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည္စယ္ေနၾကေသာ သူငယ္ခ်င္းႏွစ္ေယာက္ကိုျမင္ၿပီး ေက်ာင္းေဆာင္ရွိရာပဲ ေရွ႕ဆက္သြားရမွာလား၊ ခေရပင္တန္းဘက္ ေကြ႕ရမွာလား ဒြိဟျဖစ္ေန၏။

" ဘာရပ္လုပ္ေနတာလဲ ေရာင္ရွိန္ ၊ သြားမယ္ေလ ၊ ဟိုမွာ ရွင္းသန႔္တို႔ႏွစ္ေယာက္ "

သူ႔ပုခုံးကိုပုတ္ၿပီး ခေရပင္တန္းဘက္ သြားဖို႔လုပ္သည့္ ေကာင္းယံ၏ပုခုံးကိုဖက္ကာ ေက်ာင္းလမ္းအတိုင္း ဆြဲေခၚလာခဲ့သည္။

" ေရခဲမုန႔္ သြားစားရေအာင္ လာ ၊ ငါ မင္းကို ဝယ္ေကြၽးမယ္ "

" ေစာေစာစီးစီး ေရခဲမုန႔္မစားခ်င္ပါဘူး ၊ ရာသီဥတုက ေအးရတဲ့အထဲ "

" အဲဒါဆိုလဲ မင္းစားခ်င္တာ ေကြၽးမယ္ကြာ လာ "

ေကာင္းယံက သူဆြဲေခၚရာေနာက္ ပါလာသည့္တိုင္ ရွင္းသန႔္တို႔ဆီ လက္ညႇိဳးက လွမ္းထိုးျပေနဆဲ ။

" ဟိုေကာင္ေတြေရာ ေခၚခဲ့ဦးမယ္ေလ "

" သူတို႔မေကြၽးဘူး ၊ မင္း တစ္ေယာက္တည္း ေကြၽးမွာ "

" ၿပီးတာပဲ ၊ ငါတစ္ေယာက္တည္းဆိုေတာ့ မ်ားမ်ားစားရတာေပါ့ "

" ေအး စား ၊ တစ္ဆိုင္လုံး စားလဲရတယ္ "

" သူေဌးသားနဲ႔ ေပါင္းရတာ ရွယ္ပဲေဟး "

အထက္တန္းပထမႏွစ္က ေယာက်ၤားေလးမ်ားၾကားတြင္ ေကာင္းယံက အရပ္အပုဆုံးႏွင့္ လူေကာင္အေသးဆုံးျဖစ္၏။ ထို႔ေၾကာင့္လည္း ေကာင္းယံကို အကုန္လုံးက ကေလးလိုပဲ သေဘာထားၾကသည္။ အတန္းႀကီးလာသည့္ေနာက္ပိုင္း စိုင္းအာကာေက်ာ္က သ႐ုပ္ေဆာင္ႏွင့္ေမာ္ဒယ္သင္တန္းပါ တက္ေနသျဖင့္ သူတို႔အုပ္စုတြင္ ေရာင္ရွိန္ႏွင့္ေကာင္းယံက အမ်ားအားျဖင့္ တစ္တြဲလိုျဖစ္သြားသည္ ။ သီဟကေတာ့ ႏွစ္တိုင္း အတန္းေခါင္းေဆာင္ ျဖစ္သူမို႔ ဘုဏ္းေဇကလြဲၿပီး တစ္တန္းလုံးက ခ်စ္ခင္ၾကသူ။ အခုလည္း ေရာင္ရွိန္တစ္ေယာက္ ေကာင္းယံကို အစားနဲ႔မွ်ားကာ မုန႔္ဆိုင္ရွိရာသို႔သာ ေျခတက္ခဲ့ေတာ့သည္။

" ဒါနဲ႔ေလ ဒီဇင္ဘာေက်ာင္းပိတ္ရက္က်ရင္ နန္းေတာ္ထဲမွာ ေရွးကပုံစံအတိုင္း ဂူလီသဘင္ က်င္းပဖို႔ရွိတယ္ ၊ အဲေန႔က်ရင္ေတာ့ မင္း လာခဲ့ရမယ္ေနာ္ ရွင္း ၊ ဂူလီသဘင္ဆိုတာေရာ သိတယ္မို႔လား "

" ငါသိပါတယ္၊ စာအုပ္ေတြထဲမွာ ဖတ္ဖူးတယ္ ၊ အရင္တစ္ခါ ဂူလီသဘင္တုန္းကလည္း တီဗီကေန ၾကည့္လိုက္ရတယ္ေလ ၊အေနာက္ႏိုင္ငံေတြက ပိုလိုကစားပြဲနဲ႔ တူတယ္ "

" အြန္း ဟုတ္တယ္ ၊ အခုတစ္ခါက် ငါ ဝင္ၿပိဳင္မွာ ၊ မင္း လာအားေပးရမယ္ေနာ္ "

ႏွစ္ေယာက္လုံး ထိုင္ရာမွထကာ လြယ္အိတ္ကိုယ္စီ ယူၿပီး စာသင္ခန္းရွိရာသြားဖို႔ ျပင္လိုက္သည္။ ေနာက္ ဆယ္မိနစ္ဆို ေက်ာင္းလည္း တက္ေတာ့မည္။

" လာမယ္ေလ ၊ ဟိုေကာင္ေတြကိုေရာ ဖိတ္မွာမို႔လား "

" မဖိတ္ပါဘူး ၊ မင္း တစ္‌ေယာက္တည္း "

" ဘာလို႔ ငါတစ္ေယာက္တည္းလဲ ၊ သူတို႔ကိုပါ ေခၚလိုက္ ၊ လူမ်ားေလ မင္းကိုအားေပးမဲ့သူ ပိုတိုးေလပဲကို "

" ေအးေအး ေခၚခဲ့ ၊ ‌တစ္ေက်ာင္းလုံးေခၚခဲ့ ၊ တစ္ၿမိဳ႕လုံး ေခၚခဲ့ "

မ်က္လုံးေထာင့္ကပ္ၾကည့္ၿပီး စူပြပြေျပာကာ လြယ္အိတ္ဆြဲ၍ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ အျမန္ထြက္သြားသူေနာက္သို႔ ရွင္းသန႔္လည္း အမွီလိုက္ရေတာ့သည္။

" လူမ်ားေတာ့ ပိုၿပီးေပ်ာ္ဖို႔ေကာင္းတယ္ေလ ၊ မင္းကလဲ "

*****

ခြာညိဳပန္းမ်ားပြင့္သည့္ လရာသီသည္ မိုး႐ြာသြန္းျခင္း မရွိေတာ့သည့္ အခါသမယျဖစ္ၿပီး ေငြႏွင္းမႈံဝတ္႐ုံလႊာကို ၿခဳံလႊမ္းထားသည့္ ဝန္းက်င္တစ္ခြင္ကလည္း ျပာလဲ့ေသာ ေကာင္းကင္ျပင္ေအာက္မွာ တင့္တယ္သာယာေန၏။ သည္ရာသီေရာက္တိုင္း သက္ဦးဆံပိုင္ ပေဒသရာဇ္စနစ္ ထြန္းကားခဲ့သည့္ ေရွးယခင္မင္းမ်ား လက္ထက္က ဘားမားျပည္ေထာင္စုတြင္ ျမင္းခင္းသဘင္ႏွင့္ ဂူလီသဘင္ပြဲေတာ္မ်ား က်င္းပၾကသည္မွာ အစဥ္အလာတစ္ခုဟု ဆိုရမည္။

ျမင္းခင္းသဘင္သည္ တိုင္းျပည္အတြင္းရွိ ျမင္းသည္လုလင္မ်ား မိမိတို႔၏ စြမ္းေဆာင္ရည္ကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္ၾကသူမ်ားက တိုင္းျပည္၏ ျမင္းသည္ေတာ္ေကာင္းမ်ားအျဖစ္ ေ႐ြးခ်ယ္ခံၾကရသည္။ ျမင္းစီးၿပီး ကစားရသည့္ ဂူလီသဘင္ဟုေခၚေသာ ဂူလီ႐ိုက္ပြဲကိုလည္း ျမင္းခင္းသဘက္ႏွင့္အတူ တစ္ရက္တည္း က်င္းပေလ့ရွိၾကၿပီး မင္းညီမင္းသားမ်ား ၊ ၿမိဳ႕စား ၊ ေစာ္ဘြားမ်ား စသည့္အထက္တန္းပုဂၢိဳလ္မ်ား ဝင္ေရာက္ကစားေလ့ရွိၾကသည္။ ယေန႔ စည္းမ်ဥ္းခံဘုရင္စနစ္ေခတ္မွာေတာ့ ျမင္းခင္းသဘင္ ပြဲေတာ္ကို က်င္းပျခင္း မရွိေတာ့ေပ။ သို႔ေသာ္ တိုင္းျပည္၏ ႐ိုးရာအစဥ္အလာတစ္ခုကို ေပ်ာက္ကြယ္မသြားေအာင္ ထိန္းသိမ္းသည့္ သေဘာျဖင့္ ဧကရာဇ္ကိုယ္တိုင္ ႀကီးမႉးၿပီး ေတာ္ဝင္မ်ိဳးႏြယ္မ်ားပါဝင္သည့္ ဂူလီသဘင္ကို သုံးႏွစ္တစ္ႀကိမ္ နန္းေတာ္အတြင္းမွာ က်င္းပေလ့ရွိသည္။ ယခုအႀကိမ္သည္ ဘုဏ္းေဇယ်ာေက်ာ္ ပထမဆုံး ဝင္ေရာက္ကစားမည့္ ဂူလီ႐ိုက္ပြဲျဖစ္၏။

" ဟာ ၊ ကိုေစြး ဒါက ဘယ္လိုျဖစ္ရတာလဲ "

" ဒါ တကယ္နီေစြးဟုတ္လို႔လား ၊ လူေတြေတာင္ မွားေနၿပီ ၊ မွတ္ေတာင္ မမွတ္မိေတာ့ဘူး "

ရွင္းသန႔္တို႔အိမ္မွာ လူစုၿပီးေနာက္ ဂူလီပြဲက်င္းပသည့္ နန္းေတာ္သို႔ ေရာက္ရွိလာေသာ သူတို႔သူငယ္ခ်င္းအုပ္စုကို ႀကိဳဆိုဧည့္ခံၿပီး ေနရာခ်ထားေပးဖို႔ နီေစြးက တာဝန္ယူထားရသည္။ ေက်ာင္းမွာဆို ေဘာင္းဘီရွည္ပဲ ဝတ္ေလ့ရွိၿပီး ေယာက္်ားေလးဆန္ဆန္ ေတြ႕ရတတ္ေသာ နီေစြးကို သည္ေန႔မွာ ခ်ိတ္ထဘီႏွင့္ ရင္ဖုံးအက်ႌလက္ရွည္တို႔ျဖင့္ အိေျႏၵရရ ျမင္လိုက္ရေသာေၾကာင့္ သူငယ္ခ်င္းမ်ားအားလုံး ဝိုင္းဝန္းစေနာက္ေနၾကျခင္းပါ။

" ေတာ္ၾကစမ္း ၊ ငါ့စိတ္က သိပ္ၾကည္ေနတာ မဟုတ္ဘူးေနာ္ ၊ ဒီလိုမွန္းသိရင္ ေက်ာင္းပိတ္ရက္ ငါ့ဟာငါ အေမရိကန္ သြားေနပါတယ္ "

နီေစြး၏မိခင္ဘက္က ေဆြမ်ိဳးမ်ားသည္ အေမရိကန္မွာေနထိုင္ၾကၿပီး နီေစြးကိုယ္တိုင္လည္း ငယ္စဥ္ကတည္းက ဟိုမွာႀကီးပ်င္းလာသူမို႔ နန္းတြင္း စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ဓေလ့ထုံးစံမ်ားသည္ တစ္ခါတရံ သူမအတြက္ စိတ္က်ဥ္းက်ပ္စရာမ်ား ျဖစ္ေနတတ္သည္။ ဒါေတာင္ ဘုဏ္းေဇတို႔ေလာက္ သူမ လိုက္နာရသည္မဟုတ္‌။ အခုလည္း နီေစြး ဝတ္ေနၾက‌ ေပါ့ေပါ့ပါးပါးပုံစံႏွင့္ ကြဲျပားစြာ ဝတ္ဆင္ထားရသျဖင့္ စိတ္က ၾကည္လင္မ‌ေန ။ သူငယ္ခ်င္းမ်ားက စေလ သူမ ထြက္ေျပးခ်င္ေလပါ။

ရွင္းသန႔္တို႔အုပ္စုကို ဂူလီသဘင္က်င္းပသည့္ ျမင္းစီးကြင္းရွိရာသို႔ နီေစြးက ေခၚလာၿပီး ေနရာခ်ေပးသည္အထိ ဘုဏ္းေဇယ်ာေက်ာ္ကို သူတို႔ မေတြ႕ၾကရေသး။ တေအာင့္ၾကာမွ ဘုဏ္းေဇက ဟက္ပီးေလးကို ဆြဲၿပီး သူႏွင့္အတူ ဂူလီကစားၾကမည့္သူမ်ားျဖင့္ ဂူလီကြင္းထဲသို႔ ဝင္လာ၏။

သူငယ္ခ်င္းမ်ားရွိရာသို႔ လက္လွမ္းျပလိုက္သည့္ နီညိဳေရာင္ ေရွးေခတ္ မင္းညီမင္းသားဝတ္စုံကို ဆင္ျမန္းထားေသာ အိမ္ေရွ႕စံသည္ နံနက္ခင္းေနေရာင္ျခည္ေအာက္တြင္ ပတၱျမားခဲေလးသဖြယ္ နီရဲေတာက္ပေနသည္ ။ ေခါင္းေပၚရွိ ညာတစ္ေထာင္စ ေခါင္းေပါင္းသည္ ေရွးတုန္းက အိမ္ေရွ႕ဥပရာဇာမ်ားသာ ေပါင္းရသည့္ အမွတ္သေကၤတတစ္ခုလည္း ျဖစ္၏။ ျမင္ဖူးေနၾကပုံစံမ်ိဳးမဟုတ္ဘဲ ခါးေတာင္ ကိုယ္က်ပ္လက္တိုကို ဝတ္ထားသည့္ ဘုဏ္းေဇယ်ာေက်ာ္ကို ရွင္းသန႔္ ေငးၾကည့္ရင္း ၿပဳံးေနမိသည္။
ေ႐ႊေဘာ္ၾကယ္မ်ားျဖင့္ ပ်ိဳးပ်ိဳးပ်က္ပ်က္ လက္ေနသည့္ပုဆိုးကို ခါးေတာင္းက်ိဳက္လိုက္ေသာအခါ ေပၚလာသည့္ အနက္ေရာင္ ေဘာင္းဘီရွည္ႏွင့္ ေျခေထာက္မွာ စီးထားသည့္ ဟသၤာေျခနင္းက အိမ္ေရွ႕ကိုယ္ေတာ္ေလး၏ ခန႔္ျငားထည္ဝါမႈကို ေနာက္တစ္ဆင့္သို႔ တက္သြားေစ၏။

ဂူလီကစားနည္းသည္ ကြင္းတစ္ဖက္စီတြင္ ဂိုးတိုင္ႏွစ္တိုင္စိုက္ၿပီး တစ္ဖက္လွ်င္ လူေလးေယာက္ ပါဝင္သည့္ အဖြဲ႕ႏွစ္ဖြဲ႕က ျမင္းေပၚကေန ဂူလီတံမ်ားျဖင့္ ဂူလီသီးကို လုယက္ၿပီး မိမိတို႔ ၿပိဳင္ဘက္အသင္း၏ ဂိုးေပါက္ထဲသို႔ဝင္ေအာင္ သြင္းရျခင္း ျဖစ္သည္။

အိမ္ေရွ႕စံတို႔အသင္းတြင္ သူႏွင့္အတူ နီေစြး၏ အစ္ကို ဘုဏ္းဉာဏေက်ာ္လည္းပါသည္။ ထို႔အျပင္ ဧကရာဇ္၏ညီမ ေဒၚဘုဏ္းဧကရီေက်ာ္ရဲ႕သား ဘုဏ္းလက္်ာေက်ာ္ႏွင့္ ေျမာက္ပိုင္း ၿမိဳ႕စားေလးတစ္ဦးတို႔ ပါဝင္သည္။ တစ္ဖက္အသင္းမွာ ပါဝင္ၾကသူမ်ားသည္ တျခားျပည္နယ္မ်ားတြင္ ေနထိုင္ၾကေသာ ေတာ္ဝင္ေသြး ဆက္ႏႊယ္သည့္ ေစာ္ဘြားမ်ားႏွင့္ ၿမိဳ႕စားမ်ား ျဖစ္ၾက၏။ ဘုဏ္းေဇႏွင့္ဉာဏ ႏွစ္ေယာက္တည္းသာ ကစားသမားအသစ္ျဖစ္ၿပီး က်န္ေျခာက္ေယာက္က အရင္အႀကိမ္ ဂူလီပြဲမ်ားမွာ ပါဝင္ဖူးသည့္ အေတြ႕အႀကဳံရွိဖူးသူမ်ားပင္။ ထို႔အျပင္ ကစားသမားမ်ား စီးၾကမည့္ ျမင္းမ်ားအားလုံးသည္ အလုံးအရပ္၊ သန္မာထြားက်ိဳင္းပုံခ်င္း တူညီၾကေသာ္လည္း ဘုဏ္းေဇ၏ ဟက္ပီးေလးသာ အနက္ေရာင္ျဖစ္၍ က်န္ျမင္းမ်ားက အုန္းခြံေရာင္ရွိၾကသည္။

ဂူလီပြဲစေတာ့မည္ဆိုတာႏွင့္ ႏွစ္သင္းစလုံး ဂူလီတံမ်ားကို လက္တစ္ဖက္ကကိုင္ၿပီး ျမင္းကိုယ္စီဆြဲကာ ကြင္းလယ္မွာ ေနရာယူလိုက္ၾကသည္။ ေျပာင္လက္ေနေအာင္ ပြတ္တိုက္ထားသည့္ သစ္သားဂူလီတံမ်ား၏ထိပ္တြင္ ေၾကးဝါေကာက္တံဘုလုံးတစ္ခုကို စြပ္ထား၏။ ဘုဏ္းေဇယ်ာေက်ာ္ ေျမႇာက္လိုက္သည့္ လက္ထဲမွာေတာ့ သရက္ျမစ္ဆုံကို လုံးေနေအာင္ပြတ္ကာ ထုံးရည္ဝေအာင္ စိမ္ထားသည့္ ဂူလီသီးတစ္လုံး။

ပြဲစၿပီျဖစ္ေၾကာင္း အခ်က္ေပးသံႏွင့္အတူ ဘုဏ္းေဇသည္ လက္ထဲက ဂူလီသီးကို ေျမျပင္ေပၚ လွိမ့္ခ်လိုက္၏။ ထို႔ေနာက္ လွ်င္ျမန္သြက္လက္စြာပင္ ဟက္ပီးေလးေပၚသို႔ လႊားခနဲ ခုန္တက္လိုက္သည္။ တစ္ဆက္တည္းမွာပင္ ျမင္းဇက္ႀကိဳးကို ဘယ္ဘက္လက္ျဖင့္ထိန္းကာ ညာဘက္လက္က ဂူလီတံကိုကိုင္ၿပီး လိမ့္ေနေသာ ဂူလီသီးေနာက္သို႔ လိုက္၍ သူအလိုရွိရာဘက္ကို အားျဖင့္႐ိုက္ခ်လိုက္သည္။

ဘုဏ္းေဇယ်ာေက်ာ္၏ ပုံစံမွာ အႏိုင္ရလိုစိတ္ ျပင္းထန္လွေၾကာင္း ျမင္႐ုံျဖင့္ သိသာလွသည္။ တလိမ့္လိမ့္ ေျပးေနေသာ ဂူလီသီးသည္ ဘုဏ္းေဇ၏ ဂူလီတံႏွင့္သာ အခ်က္ေပါင္းမ်ားစြာ ထိေတြ႕ေနေတာ့သည္။ တစ္ဖက္အသင္းက သူတစ္ေယာက္တည္းကို ဝိုင္းၿပီး ညႇပ္ထားသည့္ၾကားကပင္ ျမင္းကို လိမၼာပါးနပ္စြာ လွည့္ထြက္ၿပီး ဂူလီသီးကို ကြၽမ္းကြၽမ္းက်င္က်င္ ႐ိုက္ယူ၍ ဂိုးေပါက္ထဲဝင္ေအာင္ လွမ္းထည့္ပုံမွာ ၾကည့္ရႈေနၾကသည့္ပရိတ္သတ္မ်ားကို အသက္ရႉဖို႔ ေမ့ေလ်ာ့သြားေစေလာက္သည့္အထိပင္ ။ ဂိုးေပါက္ထဲသို႔ ဂူလီသီးတစ္ခါဝင္ေအာင္ ႐ိုက္ၿပီးတိုင္း ႏႈတ္ခမ္းေထာင့္စြန္းေလး ေကာ့တက္သြားသည္အထိ ၿပဳံးေနပုံမွာလည္း အိမ္ေရွ႕ဥပရာဇာေလး၏ စြဲေဆာင္မႈတစ္ခုလား မေျပာတတ္။

ျမင္းတစ္ေကာင္ျဖင့္ ဂူလီကစားေနသည့္ ဘုဏ္းေဇယ်ာေက်ာ္သည္ ေက်ာင္းအားကစားပြဲမွာ ဘတ္စ္ကတ္ေဘာ ကစားေနသည့္ပုံစံထက္ ပိုၿပီး ခန႔္ျငားေနသည္။ ေမြးေန႔ပြဲမွာ တူရိယာတစ္ခုခုကို တီးခတ္ေဖ်ာ္‌ေျဖေနသည့္အခ်ိန္ထက္ ပိုၿပီး ခမ္းနားေန၏။ စင္ျမင့္ေပၚတက္ၿပီး တည္ၿငိမ္စြာ အမွာစကားေျပာၾကားေနသည့္ အခိုက္အတန႔္ထက္လည္း ပိုၿပီးၾကည့္ေကာင္းေနသည္။

အိမ္ေရွ႕ကိုယ္ေတာ္ေလးသည္ ဂီတႏွင့္ပတ္သက္ၿပီးလည္း နားလည္တတ္ကြၽမ္းသည္။ သခ်ၤာဘာသာရပ္တြင္လည္း သူမတူေအာင္ ထူးခြၽန္၏။ ဘာသာစကား ေလးမ်ိဳးခန႔္ကိုလည္း ေျပာတတ္သည္။ ႏိုင္ငံေရးႏွင့္ ပတ္သက္ၿပီးလည္း စိတ္ဝင္တစား သင္ယူေနသူ ။ ျမင္းစီးကြၽမ္းက်င္႐ုံသာမက အခုလို ဂူလီကစားျခင္းမွာလည္း တစ္ဖက္ကမ္းခတ္ ေတာ္လြန္းေနျပန္သည္။

' မင္းက ဘာလို႔ အဲေလာက္ေတာင္ ၿပီးျပည့္စုံေနရတာလဲ မင္းသားေလး '

ဂူလီပြဲ ၿပီးဆုံးခ်ိန္မွာေတာ့ ပရိတ္သတ္မ်ား ခန႔္မွန္းထားသည့္အတိုင္း အိမ္ေရွ႕စံတို႔အသင္းကသာ အႏိုင္ရရွိၿပီး ဂိုးအမ်ားဆုံးသြင္းယူခဲ့သူမွာလည္း အိမ္ေရွ႕စံပင္ျဖစ္သည္။ ပြဲၿပီး၍ နီေစြးက ရွင္းသန႔္တို႔တစ္သိုက္ကို အစားအေသာက္မ်ား ေကြၽးေမြးဧည့္ခံသည့္ေနရာသို႔သြားဖို႔ လာေခၚ၏။ သူငယ္ခ်င္းမ်ားအားလုံး လိုက္သြားၾကေသာ္လည္း ရွင္းသန႔္ကေတာ့ ဂူလီကြင္းအလယ္မွာ တျခားမင္းသားမ်ားႏွင့္ ‌ရယ္ေမာကာ ေပြ႕ဖက္စကားေျပာေနသည့္ ဘုဏ္းေဇယ်ာေက်ာ္ကို လွမ္းေငးၾကည့္ရင္း ရပ္ေစာင့္ေနခဲ့သည္။ သူ ‌ေစာင့္ေနတာကို ျမင္သည့္ ဘုဏ္းေဇကလည္း ဟက္ပီးေလးကို စီးၿပီး သူ႔ေရွ႕သို႔ မၾကာခင္မွာပဲ ေရာက္လာခဲ့ပါသည္။

ဘုဏ္းေဇ သူ႔ေရွ႕ေရာက္လာသည္အထိ ရွင္းသန႔္ ေငးေမာ၍မၿပီးေသး ။ ျမင္းေပၚက ပုံရိပ္သည္ သူျမင္ဖူးသမွ် အရာအားလုံးထဲ အခမ္းအနားဆုံးႏွင့္ အေတာက္ပဆုံး ျဖစ္ေနသျဖင့္ အၾကည့္မလႊဲႏိုင္။

" ေဟး ...ငါ့ကို ဘာလို႔ အဲေလာက္ၾကည့္ေနတာလဲ ေကာင္ေလး "

ျမင္းေပၚမွ မဆင္းေသးသည့္လူက ခႏၶာကိုယ္ကို ေအာက္သို႔ ကိုင္းၿပီး ေမာ့ေငးေနေသာသူ႔ကို ငုံ႔ၾကည့္ရင္း ေမးလာသည္။

" မင္း ဘာလို႔ အဲေလာက္ေတာ္ရတာလဲ "

ျမင္းဇက္ႀကိဳးကို လက္ကထိန္းရင္း အရွင္မင္းသားက သေဘာတက် ရယ္၏။ ညာတစ္ေထာင္စ ေခါင္းေပါင္းေအာက္က နဖူးေပၚရွိ ေခြၽးစေလးမ်ားက ေဆာင္းေနေအာက္မွာ ‌တလက္လက္ ။

" ဘာလဲ ၊ ရွင္းေလးက ကိုကို႔ကို ခ်ီးက်ဴးေနတာလား "

ဘုဏ္းေဇက ဟက္ပီးေလးရဲ႕ကိုယ္ေပၚကေန လက္တစ္ဖက္ျဖင့္ ရွင္းသန႔္၏ေမးဖ်ားကို ေမာ့‌ယူလိုက္သည္။ ရယ္သံစြက္ေနေသာ္လည္း စကားသံမွာ ခ်ိဳျမေန၏။ ၿပဳံးစစမ်က္ဝန္းမ်ားသည္ တစ္ဖက္လူကို ႐ုန္းမထြက္ႏိုင္ေအာင္ ညႇိဳ႕ငင္ေနသလို ။

" ဖယ္စမ္းပါ ၊ ဘာကိုကိုလဲ ၊ ေသခ်င္လို႔ "

ျမင္းေပၚကအရွင္မင္းသားေလး၏ အၿပဳံးေတြထဲ ေခတၱလြင့္ေမ်ာသြားၿပီးေနာက္ ရွင္းသန႔္ သတိျပန္ဝင္လာကာ သူ႔မ်က္ႏွာကို ပင့္ထားသည့္လက္အား ဖယ္ခ်လိုက္သည္။

" မေသခ်င္ေသးပါဘူး ၊ ဒီကိုကိုက ငယ္ငယ္ေလးရွိေသးတာ ၊ ေနာက္က် ၾကင္ယာေတာ္ရဲ႕ လက္ကိုဆြဲၿပီး တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ရဦးမွာ "

ၾကင္ယာေတာ္တဲ့ ၊ ၾကင္ယာေတာ္ ။
ဒီႏွစ္ေတြအားလုံးအတြင္း ဘုဏ္းေဇယ်ာေက်ာ္ဆီက ရွင္းသန႔္ တစ္ခါမွ် မၾကားဖူးခဲ့ေသာ စကားပါ ။ မၾကားဖူးခဲ့သျဖင့္ ရွိမွန္းေတာင္ ေမ့ေလ်ာ့ေနခဲ့သည့္ ထိုစကား ။ ဟုတ္ပါရဲ႕ ။ သူ႔သူငယ္ခ်င္း အိမ္ေရွ႕မင္းသားေလးဟာ တစ္ခ်ိန္က်ရင္ ၾကင္ယာေတာ္ရဲ႕ လက္ကိုတြဲၿပီး နန္းသိမ္းပြဲခံရဦးမည့္ ဧကရာဇ္တစ္ပါး ျဖစ္လာဦးမည္ မဟုတ္ပါလား ။

အဲဒီအခ်ိန္ေရာက္လာခဲ့ရင္ဆိုသည့္ အေတြးက ရွင္းသန႔္တည္ၾကည္၏ ရင္ဘတ္တစ္ေနရာကို စူးခနဲ နာက်င္ေစခဲ့သည္။

အဲဒီအခ်ိန္ေရာက္လာခဲ့ရင္ေရာ...
မင္းသားေလးဟာ သူ႔ကို သတိရပါဦးမလား ၊
အခ်စ္ဆုံးပါဟု ေျပာခဲ့သည့္ သူငယ္ခ်င္းသူ႔ကို သတိရပါဦးမလား ။

#PoPoPhoenix

----------------------

{ A/N
1. ဂူလီပြဲက အဘိုးအဘြားေတြဆီကတစ္ဆင့္ ပိုပို ၾကားဖူးသမွ် ၊ စာအုပ္ေတြထဲမွာ ဖတ္ဖူးခဲ့ၿပီး သိခဲ့ရမွ်ကို ျပန္ၿပီးကိုးကားေရးထားတာပါ ။

2. ဂူလီပြဲမွာ ဘုဏ္းေဇဝတ္ထားတဲ့ မင္းညီမင္းသားဝတ္စုံဟာ ေရွးျမန္မာ ဘုရင္ေတြလက္ထက္က မင္းညီမင္းသားေတြရဲ႕ ဝတ္စုံအတိုင္း တစ္ပုံစံတည္း တူမွာမဟုတ္ပါဘူး။ ကိုယ့္စိတ္ကူးနဲ႔ ကိုယ္ပုံေဖာ္ထားတာမို႔ တကယ္လို႔ ေရွးကပုံစံေတြကို ထိခိုက္သလိုျဖစ္သြားခဲ့ရင္ ပိုပို႔လိုအပ္ခ်က္နဲ႔ အမွားအယြင္းသာ ျဖစ္ပါတယ္ ။

3. ဒီficထဲမွာ အခုအပိုင္းထိ ဘုဏ္းေဇရဲ႕ ဇာတ္ေကာင္ကိုပဲ အသားေပး ေရးထားၿပီး ရွင္းသန႔္ရဲ႕ ဇာတ္ေကာင္က မွိန္ေနသလိုမ်ိဳး ခံစားခ်င္ခံစားၾကရပါလိမ့္မယ္ ။ ဒါကိုက သူတို႔ႏွစ္ေယာက္ၾကားမွာ မတူညီတဲ့အရာေတြပါပဲ။ ၿပီးေတာ့ ရွင္းသန႔္ရဲ႕ characterဟာ ဘုဏ္းေဇထက္စာရင္ တည္ၿငိမ္တယ္ ၊ သာမန္ဆန္တယ္ ၊ လူေတြဆီက အာ႐ုံစိုက္ခံရမွာထက္ သူ႔ဟာသူ လြတ္လြတ္လပ္လပ္နဲ႔ ေအးေအးေဆးေဆး ေနခ်င္တဲ့စ႐ိုက္မ်ိဳးပါ ။ ဘုဏ္းေဇကက် အုပ္စိုးလိုစိတ္ ရွိတယ္။ သူျဖစ္ခ်င္တာကို သူေသခ်ာသိၿပီး ရေအာင္လဲ ႀကိဳးစားတတ္တယ္ ။ ရွင္းသန႔္အေပၚမွာ သူ ကေလးဆန္ခ်င္ဆန္ေပမဲ့ တကယ္တမ္းက် သူက ရည္မွန္းခ်က္ႀကီးၿပီး ဘယ္ေနရာမဆို သူက အေကာင္းဆုံး၊အေတာ္ဆုံး ျဖစ္ခ်င္တဲ့စိတ္ ရွိသူပါ။ အဲတာမို႔ ရွင္းသန႔္ကို တမင္ေနာက္ခ်န္ထားတာမဟုတ္ဘဲ ဘုဏ္းေဇကိုက သူ႔အလိုလို ေပၚလြင္ေနတာပါ ။

Please give me your feedbacks.
See you soon ^^ }

Continue Reading

You'll Also Like

343K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
127K 12.1K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
50.3K 4.9K 14
ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိုယုတၲိမတန္တာကကြၽန္ေတာ့္ဆီမွာ တကယ္ျဖစ္လာေ...