........... .......
ည ၉နာရီ ကျော် အချိန်မို့ ပတ်ဝန်းကျင်တခွင် တိတ်ဆိတ်ကာ
ညပိုးကောင် တချို့၏ အသံဗလံ တို့သာ တစီစီဖြင့် ကြီးစိုးနေချိန်....
ခန့်စေ ရင်ခွင်ထဲတွင် တအီအီ ငိုနေခဲ့သော လမင်းဟာ အငိုတိတ်သွားပေမယ့်လို့ တစ်ချက်တစ်ချက် ထွက်ပေါ်လာသော
ရှိုက်သံလေးတို့ဖြင့် ရင်ခွင်ထဲမှနေ၍ ခန့်စေ၏ ခါးအား တင်းကြပ်စွာ ဖက်တွယ်ထားတုန်းပင်ဖြစ်သည်။
"လမင်း ..."
"......."
"မောင့်ကို ခြံထဲပေးမဝင်တော့ဘူးလား မောင့်အချစ်~~"
"ဟင့်အင်း~~~"
"မောင့်ကို စိတ်ဆိုးနေတာလား "
"အွန်း ...."
ရင်ခွင်ထဲ မျက်နှာလေးဝှက်ကာ စိတ်ဆိုးပြနေသော
အနှီ ချစ်ရသူလူသားလေးအား ခန့်စေမှာ အသည်းတယားယား။
စိတ်ဆိုးတယ်သာ ပြောပေမယ့်လို့ မေးသမျှကိုတော့
တစ်ခွန်းမကျန်ဖြေနေ၏။
"အဲ့တာဆို မောင့် ရင်ခွင်ထဲမှာပဲ မျက်နှာဝှက်ပြီး စိတ်ဆိုးနေတော့မှာလား "
" အင်း~~~"
" မောင့်ကို မျက်နှာလေး ပြပါအုန်း "
"မပြဘူး !"
"ဟောဗျာ..မောင်က လွမ်းလွန်းလို့ မနားပဲ အပြေးလာတွေ့တာလေဗျာ"
"လွမ်းရင် မောင် မနေ့ကတည်းက ဖုန်းဆက်ရမှာ! "
"အင်း~~~မောင်မှားတာ မောင့်လမင်း မောင့်ဖုန်းကိုမျှော်နေမှာကို
သိရက်နဲ့ မောင် ပြန်လာမိတာ မောင်မှားတာနော်.."
" မောင်က အရမ်းနေနိုင်တယ် "
" မောင့်လမင်းကို မောင် ဝမ်းနည်းအောင်လုပ်မိလို့
တောင်းပန်တယ်နော်..မောင့်ကို မျက်နှာလေးမော့ပြပါအုန်း
မောင် အရမ်းလွမ်းလာခဲ့ရလို့ပါ"
ထိုအခါမှ ငိုထား၍ မျက်တောင်အစွန်းတို့၌ မျက်ရည်စကလေးများကပ်ငြိနေသော အရည်လဲ့လဲ့ မျက်ဝန်းလေးဖြင့် မော့ကြည့်လာ၏။
ဒီ မျက်ဝန်းတွေကို သူ ဘယ်လောက်လွမ်းခဲ့ရသလဲ။
ငိုပြီးတိုင်း တင်းရင်းကာမို့မို့လေးဖြစ်လာသော ပါးနှစ်ဘက်ဟာလည်း အသားဖွေးသူမို့ ခပ်ရဲရဲလေးနှင့်။
ထိုသို့ ငိုထား၍ ပြောင်တင်းတင်းလေးဖြစ်နေသော ပါးပြင်တို့အား
လက်မတို့ဖြင့် ဖြည်းညင်းစွာ ပွတ်ပေးမိရင်း မျက်ဝန်းချင်း ဆုံအောင် မျက်နှာလေးအား မော့စေ ပြီး
"မောင့်ကို တစ်ကယ်ခြံထဲပေးမဝင်ဘူးပေါ့ "
ခပ်နောက်နောက်ဆိုမိပြန်တော့ မမြင်ရတာကြာပြီဖြစ်တဲ့
မျက်စောင်းလှလှလေးဟာ ဒိုင်းခနဲ။
ဤအပြုအမူ အသေးလေးကပင် မြှား၊ ကျည်၊ဓား၊လှံ မလိုအပ်ပါပဲ
ရင်ကို ထုတ်ချင်းပေါက် စေတာမျိုး။
~~~~~~~~
"အဲ့တာဆို မောင် မနေ့ကတည်းက ကားစီးလာရတာပေါ့ "
"အင်း "
"ပင်ပန်းပြီး ညောင်းကိုက်နေတော့မှာပဲ "
" မပင်ပန်းပါဘူးကွာ မောင့်လမင်း မျက်နှာကို မြင်လိုက်ရလို့
ညောင်းတယ်ဆိုတာ ဘယ်လိုမှန်းတောင်မသိတော့ဘူး "
လူကို အတင်းတိုးဖက်ကာ လမင်းပါးတစ်ဖက်အား နှာခေါင်းချွန်ချွန်ဖြင့် ပွတ်ဆွဲကာ ကျီစယ်ကာ ပြောလာသော မောင်ဟာ သပြေပင်အောက် လာထိုင်စဉ်ကတည်းက
လူကို အတင်းဖက်တွယ်ပြီး မျက်နှာပြင်တစ်ခုလုံး နေရာမကျန်အောင် နမ်းရှုံ့နေတာ စက္ကန့်ပင် လပ်ရဲ့လားတောင် မသိတော့ပါ။
" မိုးချုပ်နေပြီ မောင် "
"အဲ့တော့ မောင်က ပြန်ရတော့မှာလား "
"အွန်းပေါ့ "
"မောင် အလွမ်းသယ်လို့ မဝသေးဘူးလေကွာ "
"မောင် ခရီးပန်းလာလို့လေ မနက်ဖြန်မှ တွေ့လည်းရတာပဲကို
မနက်ဖြန် အိမ်လာခဲ့လေနော် သန့်စင်ထွန်းတို့ကိုပါ ခေါ်ခဲ့ "
"အဲ့ကောင်က သူ့ မတော်ရသေးတဲ့ ရည်းစားနား ကျန်ခဲ့တာ
မိုင်းနောင်ကို ပါမလာဘူး လမင်းရဲ့ "
"ဟမ် ! "
"ဘယ်သူ့နား ကျန်ခဲ့တယ်ထင်လဲ "
" မသိဘူးလေ "
" တောင်ကြီးမှာ လမင်းသူငယ်ချင်းနား ကျန်ခဲ့တာ "
"အယ် ...အိုက်လျှမ်းက မပြောဘူး "
" အဲ့တာက သူတို့ကိစ္စ ပါ အခုမောင် ပြန်ရတော့မှာလား ပြော "
"အင်း ...သေချာနား အိပ်ရေးဝအောင် အိပ် "
"မောင်က မအိပ်ချင်သေးဘူး ဆိုရင်ရော "
"လမင်း အိပ်ချင်ပြီလေ "
"......"
မျက်လုံးလေးများ မှေးစင်းပြီး ခေါင်းကို စောင်းကာ ထိုင်နေသော
သူလေးက အားနာပါးနာနှင့် စကားထိုင်ပြောပေးနေရသည့် ပုံစံလေးမို့ ခန့်စေမှာ စွံ့အရပြန်သည်။
အလွမ်းသယ်ကာ ငို၍ ဝသွားသော ချစ်ရသူသည် ငိုထားသော အရှိန်ကြောင့် ဖြစ်ပါမည်။ ပြန်ဖို့သာ ပြောနေတာမို့
ညစ်ကျယ်ကျယ်ပြုံးကာ
"အဲ့တာဆို မောင် ပြန်အုန်းမယ် အာဘွားပေးအုန်း
ပါးကိုပဲ အာဘွားပေးခိုင်းတာမဟုတ်ဘူးနော် "
ပါးကို နမ်းဖို့ပြင်နေသော လမင်းမှာ ခန့်စေအား ပေစောင်းစောင်း
လေးဖြင့် ကြည့်ကာ
"သိပါတယ် ဒီလောက် လွမ်းနေရတာ ပါးကိုပဲ ပေးစရာလား
ဟွန့်~~~ဒီနားတိုးလာခဲ့ "
ကိုယ့်ဘက်က ညစ်တွန်းပြီး ပြောကြည့်တာ မှန်ပေမယ့်
သူလေးက အတည်ပြောလာတာမို့
ထိန်းမနိုင်သိမ်းမနိုင် ပြုံးဖြီးချင်နေသော မျက်နှာကြီးကို
မနည်း မျက်နှာပိုးသပ်ကာ ချစ်ရသူ၏ ခါးသွယ်သွယ်လေးအား ဖက်တွယ်ရင်း မျက်နှာအား တိုးပေးမိတော့ လည်တိုင်အား
လက်လေးနှစ်ဖက် တင်ကာ တဖြည်းဖြည်း နီးကပ်လာသော မျက်နှာလေး .......။
ထို့နောက်~~~~
နှာဖူးပေါ် အရင် ကျရောက်လာသော အနမ်းတစ်ပွင့်...
ထို့နောက် ဘယ်ဘက်ပါးပြင် ၊ ညာဘက်ပါးပြင်။
တစ်ခဏအကြာ နှုတ်ခမ်းပေါ်ရောက်လာသော ပူနွေးနွေးနှင့် နူးညံ့သည့် နှုတ်ခမ်းပါးလေး။
တို့ထိ တို့ထိ လုပ်ကာ နမ်းနေသော လမင်းကြောင့် အနမ်းခံနေရသော ခန့်စေမှာ ဝေ့ရမ်းပစ်ချင်စိတ်တို့ကတဖွားဖွား ။
လူကို အနိုင်ကျင့်နေတာပဲ။
ပုခုံးမှ ကိုင်ကာ အားပါပါ တစ်ချက် စုတ်ယူနမ်းရှိုက်မိပြန်တော့
အတင်းတွန်းဖယ်ကာ ရင်ဘတ်ကို ထုရိုက်လာသည်။
"ဘယ်လိုဖြစ်လို့ သူများကို ကြမ်းကြမ်းတမ်းတမ်းကြီးနမ်းနေတာလဲ
"လူကို ကလေးနမ်းသလို နမ်းနေတာဘယ်သူမို့လို့လဲ
ပြီးတော့ မောင်က မောင့်ချစ်သူ မင်းကို နမ်းတာ သူများကိုမဟုတ်ဘူး တွန့်တိုမနေနဲ့ "
"ဟွန့်! "
"ဘာ ဟွန့် လဲ "
"မောင် ပြန်နားတော့လို့ "
"ဘာလို့ လူကိုအတင်းပြန်လွှတ်နေတာလဲ ကိုင်ပေါက်မိတော့မယ် "
"မောင် နော် "
"ဘာ မှ လာ မ မောင်နဲ့ သွား ! အိမ်ပေါ်ပြန်တက်တော့ "
"အဲ့တာ ဘာဖြစ်တာလဲလို့ "
"ဘာမှမဖြစ်ဘူး အိပ်ချင်လာလို့ ပြန်တော့မယ် "
"စိတ်ကောက်သွားတာ မလား သူများက ပင်ပန်းမှာ ဆိုးလို့ နားစေချင်တာကို "
" စိတ်ကောက်ရအောင် မိန်းမမှ မဟုတ်ပဲ "
"မောင့်! "
" အာဘွား ထပ်ပေး အဲ့တာဆို ပြန်မယ် ! "
" အွန်း~~~မွ"
သံရှည်ဆွဲကာ ခန့်စေနှုတ်ခမ်းအား နမ်းလာသူကြောင့်
မျက်နှာကြီးဟာ တည်မရအောင် ပြုံးဖြီးနေပြီး ပါးစပ်ဟာလဲ စေ့မရတော့လောက်အောင် အကျေနပ်ကြီး ကျေနပ်နေရ၏။
ထို့နောက် နောက်ဆုံးအနေနှင့် လမင်းပါးအား ဖိနမ်းပြီး
"မောင် ပြန်ပြီ ! ကောင်းကောင်းအိပ် မောင့်အသည်းနှလုံး "
လက်ပြနှုတ်ဆက်ကာ ခြံအပြင်သို့ အပြေးထွက်သွားသော မောင့်အား ကြည့်ကာ လမင်းမျက်နှာမှာ အပြုံးနုနု ဆွဲချိတ်နေသလို၊
မျက်စောင်းသေးသေးလေးဟာလည်း ရွယ်လို့။
နှုတ်မှလည်း တိုးတိုးလေးသာ ရွတ်လိုက်၏။
* မောင်က သိပ်ဆိုးတာပဲ*
~~~~~~
တီ! တီ! တီ!....
မနက်စာအတွက် လမင်း အမေဖြစ်သူနှင့် မီးဖိုချောင်ထဲ ပြင်ဆင်ကြော်လှော်နေတုန်း
ခြံရှေ့မှ ဆိုင်ကယ်ဟွန်းသံကြားသည်ကြောင့် အိမ်ရှေ့ဝရံတာဆီသို့ သွား၍ ကြည့်လိုက်ရာ ဆိုင်ကယ်ပေါ်တွင် Fashion အပြည့်အစုံနှင့် ထိုင်ကာ ဟွန်းအဆက်မပြတ်တီး နေသော
သီဟမောင် ....
ဟုတ်တာပဲ ..ဒီနေ့ မိုင်းရှူးသွားလည်ကြဖို့ ပြောထားတာကို မေ့နေမိတာ။ ညက မောင့်ကိုလည်း ဒီအကြောင်း မပြောပြလိုက်ရ။
သကောင့်သားက အိမ်ရှေ့ထိ လာခေါ်နေပြီမို့ ကတိပေးပြီးသား
ကိစ္စကို အခုကြမှ ငြင်းဆိုလျှင်လည်း မကောင်းတာမို့ ခြံရှေ့က
တပည့်ဖြစ်သူကို လှမ်းခေါ်ရသည်။
"သီဟ ! လာလေ အကို ဘာမှ မပြင်ဆင်ရသေးဘူး "
"ဟုတ်ကဲ့ "
......
.
မနက်စာ စားကာ အဝတ်အစားလဲလှယ်ပြီးနောက် နံရံ၌ ကပ်ထားသော နာရီကို ကြည့်လိုက်ရာ ၈နာရီပင် မထိုးသေး။
ခရီးပန်းလာသော မောင်က ဒီလိုအချိန် အိပ်ယာထဖြစ်ဖို့ မသေချာတာကြောင့် မောင့် ဖုန်းနံပါတ်ဆီသို့
တိုတိုနှင့် လိုရင်းပင် ....
....သူငယ်ချင်းလာခေါ်လို့ မိုင်းရှူးခဏ သွားလည်တယ်နော် မောင်...
ခရီးဝေး မမောင်းဖူးသေးတာမို့ သီဟအနောက်ကပင် လိုက်စီးပြီး
အိမ်မှ ထွက်လာရာ မိုင်းရှူးမြို့သွားရာ မြို့ပြင်ရှိ မီးတပ်ရုံးရှေ့၌ သီဟ သူငယ်ချင်းတို့က အသီးသီး စောင့်နှင့်နေကြ၏ ။
သီဟ ဆိုင်ကယ်ရပ်လိုက်သည် ဆိုလျှင်ပဲ လမင်းနားထဲ ဝင်လာသော
စကားတို့ဟာ စိတ်ရှုပ်စရာ။
TH fri:" ဟေ့ကောင် မင်းက မင်းဟာလေးကို အပါခေါ်လာတာပဲ "
TH :: " သွားမှာဖြစ်သာ သွားစမ်းပါ ဟေ့ကောင်တွေ မင်းတို့
ရှေ့ကဒိုး ..."
TH fri::" အစီအစဉ်ပြောင်းသွားတယ် ငါ့ကောင် ဟိုက်ပါမှာပဲ
အပြတ်ကဲ မယ်တဲ့ ရိက္ခာအစုံပဲ "
TH :: " OK! Let's go "
ရပ်ထားသမျှ ဆိုင်ကယ်တိုင်းကို လမင်း ရေတွက်ကြည့်ရာ
စုစုပေါင်း ၅စီး ။ နှစ်ယောက်စီ သာ စီးကြသည်မို့ အခုသွားလည်ကြမှာ ၁၀ယောက်ပေါ့ ။
အလည်အပတ်မို့ ထင်ပါသည် ကောင်လေးတစ်ယောက်မှ သိုင်းလွယ်ထားသော Bluetooth boxခပ်ကြီးကြီးတစ်ခုပါပြီး
ဆိုင်ကယ်စီးရာလူနှစ်ယောက်ကြားထဲ၌ ညှပ်ကာ သယ်ယူသွားသောအရာများမှာ ဘီယာအကဒ်များနှင့် ပုလင်းမျိုးစုံ၊ စားစရာနှင့် တခြားသောက်စရာ အချိုရည်အစုံ ဖြစ်တာမို့ လမင်းမှာ
မျက်လုံးပင် ပြူးသွားရသည်။
မသောက်တတ်မစားတတ်ပေမယ့် လမင်းအဖို့ မြင်လိုက်တာနှင့်
ဒီအရာသည် ဘာ ဆိုတာသိတာမို့ အရှေ့မှ ဆိုင်ကယ်မောင်းနေသော သီဟ ပုခုံးအား ပုတ်ကာ ဆိုင်ကယ်လေတိုးသံဖြင့် မကြားရမည် ဆိုးတာကြောင့် အသံကို မြင့်ကာ မေးရသည်။
"သီဟရေ !မင်းတို့ ဘီယာတွေပါ သောက်ကြမလို့လား! "
သီဟက ခေါင်းသာ ငြိမ့်ပြ၏။
"မင်း သောက်လို့မရဘူးနော် ! မူးရင် ဆိုင်ကယ်မောင်းရတာ အန္တာရာယ် ဖြစ်မယ် ကြားလား! "
သကောင့်သားက ခေါင်းသာ ငြိမ့်ပြပြန်သည်။ ကိုယ်ကသာ အနောက်က လိပ်ခေါင်းထွက်မတတ် အသံညှစ်ပြီး အော်ပြောနေရတာ။ ကြားရောကြားရပါရဲ့လား။
နည်းနည်းပါးပါး စကားပြောနေတာသိရင် အရှိန်လျော့မယ်မရှိဘူး။
စိတ်ညစ်ညစ်ဖြင့် အရှေ့က ကောင်ကို စကားထပ်မပြောတော့ပဲ
မသွားဖူးမလာဖူးသော အရပ်မို့ မြင်မြင်သမျှ ကားလမ်းဘေးရှိ ရွာလေးများ၊ရှုခင်းများ ၊ ဝမ်ဟိုင်းလက်နက်ကိုင်အဖွဲ့အစည်းတို့၏ အခြေစိုက် စခန်းဝင်ရာ မုဏ်ဦးကြီးသည် အံ့ဩဖွယ်ရာ
ထိုအံ့ဩဖွယ်ရာထပ် ပို'တာသည် မုဏ်ဦးရှေ့၌ ထုဆစ်ကာ ချထားသော အဖွဲ့အစည်းကိုယ်စားပြု စစ်သားရုပ်ထုကြီးတွေပင်။
၎င်းတို့ကိုသာ ငေးမောရင်း
ဟိုက်ပါရွာအဝင်၊ ဝင်ကြေးကောက်ခံသော စစ်ဆေးရေးဂိတ်နား၌ ဆိုင်ကယ်ကိုယ်စီ ရပ်ကာမှ အငေးလုပ်ငန်းကို ရပ်ရသည်။
ထိုဝင်ကြေးကောက်ခံသော ဂိတ်နားတွင် လက်နက်ကိုင်စစ်သားအချို့ကိုပါတွေ့ရသည်မို့ စူးစမ်းသလို ကြည့်မိရာ သီဟက လမင်းအခြေအနေကို ရိပ်မိသည်နှင့်
ပြောပြလာသည်။
"ဒါ သူတို့နယ်မြေပဲလေ အကိုလမင်းရဲ့ ရေတံခွန်မှာလည်း အစောင့်အနေနဲ့ချထားတာတွေ ရှိတယ် တွေ့ရလိမ့်မယ် "
"ဪ...."
ဝင်ကြေးဂိတ်နှင့် ရေတံခွန်သည် အတော်ကို အလှမ်းဝေးပါသေးသည်။ နွေရာသီကို ဝင်လာပြီမို့ လည်ပတ်သူများပြားကာ လမ်းသည် ဖုန်အလိမ့်လိမ့်ဖြင့်
ကားဖြင့်လာကြသူအဖို့ သက်သာပေမယ့် လမင်းတို့လို ဆိုင်ကယ်သမားတွေမှာတော့ အရှေ့က ကားသွားလျှင် မသက်သာတော့။ လမ်းချဲ့ထွင်းပြုပြင်နေခြင်းကြောင့်လဲ ဤသို့
ဖုန်ထနေခြင်း ဖြစ်ပါလိမ့်မည်။
တောလမ်းအတိုင်း ဆင်းလာပြီးမကြာ ရေတံခွန်မှ ရေကျသံ ကျယ်ကျယ်လောင်လောင်တို့ကို အတိုင်းသား ကြားနေရပြီး
လာရောက်အပန်းဖြေကြသူများ၊ ထိုသူတို့၏ ကားများ ၊ဈေးဆိုင်တန်းများ ၊ ရေတံခွန်အနီး လှည့်လည်လိုက်ပြလျက်ရှိသော စက်လှေများ ရေပြင်ပေါ် ပြေးလွှားနေသည့် မြင်ကွင်းကို မြင်နေရပြီမို့ လမင်းမှာ မမြင်ဖူးသည့် လူ လို မြင်မြင်သမျှ ထူးဆန်းအံ့ဖွယ် ။
*ရေတံခွန်ကြီးက လှလိုက်တာ ဒီအပေါ်က ကြည့်ရင် အဆင့်တွေ အများကြီးပဲ * စိတ်ထဲ အံ့ဩဘနန်း ရေရွတ်ကာ ဆိုင်ကယ်ရပ်မည့်
နေရာရောက်သည်အထိ အံ့ဩစွာ ငေးကြည့်ရလွန်းလို့ ပါးစပ်မပိတ်နိုင်သေး။
ဆိုင်ကယ်များတစ်စုတစ်စည်းတည်း ရပ်ပြီးသည်နှင့် အပေါ်ဘက်ရေကစားရာ ရေတံခွန်အသေးစား နေရာ၌ အရင်သွားကြရန် ဆော်ဩလာတာမို့ သွားကြစဉ် သီဟသည် လမင်းလက်အား ဆွဲကိုင်ထားရုံမက ပုခုံးကိုပါ ဖက်လာသည်မို့
မနှစ်မြို့စွာ ရုန်းမိပြန်တော့
" လူများတယ် လူစုကွဲမှာ ဆိုးလို့ "
"ရတယ် ပုခုံးကို မဖက်နဲ့ "
"ဘာလဲ မကြိုက်ဘူးလား "
"အင်း မကြိုက်ဘူး !"
"အဟက်! ဟုတ်ပါပြီ ဒါဆို ကြှနျတျော့ဘေးကပဲလိုကျ"
"အင်း "
သီဟမှာ လမင်း၏ ခပ်ပျက်ပျက်အပြောကြောင့် အတင်းအကြပ်
လက်ဆွဲကာ ပုခုံးဖက်တာမျိုး မလုပ်တော့။ ခဏ ခဏ ကြည့်နေသည်ကို သိသော်လည်း လစ်လျူရှုထားမိသည်။
မကြိုက်ပါ...သီဟ၏ အပြုအမူတွေ၊အကြည့်တွေကို ။
အပျော်ခရီးဖြင့် အလည်ပတ်ထွက်လာသည် ဆိုသော်လည်း ပျော်မနေပါ။
ရေကစားရာရေတံခွန်နားတွင်နတ်စင် နှင့် အလှူခံမဏ္ဌာပ် ရှိတာမို့ အရက်သေစာကို ထိုအနားတွင် မသောက်ရတာကြောင့်
အနည်းငယ်အလှမ်းဝေးသည့် နေရာတွင် ဝိုင်းဖွဲ့ကာ အရင်စားသောက်ကြသည်။ ကိုယ့်အဖွဲ့နှင့်ကိုယ်မို့ ယူလာသော Bluetooth box,ဖြင့် ဖွင့်ချင်ရာဖွင့် က ချင်ရာကို စိတ်လွတ်ကိုယ်လွတ် ပျော်ပါးစွာ ကနေကြတာကို လမင်းမှာ အချိုရည်ဗူးလေးသာ ကိုင်ပြီး ထိုင်ကြည့်နေရသည်။
ရေတံခွန်ကို လှမ်းမြင်နေရသော ရေပြင်ကမ်းစပ်တွင် အဖွဲ့လိုက် အမှတ်တရဓာတ်ပုံတချို့ ရိုက်ကြပြီး စက်လှေများရှိရာနေရာဆီ သွားကြပြန်တော့လည်း လူငယ်ပီပီ ရေတံခွန်အနီးဆုံးထိ သွားချင်ကြသည် ဖြစ်၍ စက်လှေစီးဖို့ တိုင်ပင်ကြပြန်သည်။
ပြဿနာက စက်လှေစီးဖို့ တိုင်ပင်ရာမှာ စတာပါပဲ။
လမင်း ရေကြောက်တတ်တာမို့ ရေနက်နက်ကြားထဲ၊စက်လှေကို ရေတံခွန်အနီးကပ် ကပ်မောင်းကာ ပြသပေးမည် ဖြစ်သောကြောင့်
လမင်းအတွက် အဆင်မပြေနိုင်။ ရေသည်စိမ်းနေ၏။ ရေတံခွန်မှ ရေစီးကျသံသည် ခုနတုန်းကလို မသာယာတော့။
ခေါင်းအတွင်တွင်ခါကာ ငြင်းပါသော်လည်း မရ။
စက်လှေတစ်စီးကို လူ၁၀ယောက်ပြည့်မှသာ ထွက်မည်ဟု လှေသမားက ပြောလာတာမို့ အကုန်လုံးက ဝိုင်းဆွဲခေါ်ကြသည်။
အသက်ကယ်အင်္ကျီ ကိုလည်း အတင်းဝတ်ပေးကာ ခေါ်နေကြသည်မို့ အော်ဟစ်ကာ မပြောတတ်သော လမင်းအဖို့
အကြောက်လွန်ကာ ခေါင်းသာ အတွင်တွင်ခါရင်း မျက်ရည်တို့ကဝဲလာသည်။
" သီဟ အကို တစ်ကယ်ကြောက်လို့ပါ "
"အသက်ကယ်လည်း ပါတယ် ကျွန်တော်လည်း ရှိနေတာပဲ ဘာမှကြောက်စရာမလိုဘူး လာပါဗျာ လူစုံနေပြီ "
"ဟင့်အင်း !"
" လိုက်ခဲ့ပါဆိုဗျာ ကြောက်စရာမဟုတ်တာကို "
ထိုစဉ်.....
" သူ မစီးဘူး ပြောနေတာမကြားဘူးလား
နား ကန်းနေလား!"
ခပ်ဩဩ ဖြင့် ထွက်လာသော မာထန်လှသည့် အသံသည် လမင်းနောက်ကျောဆီကဖြစ်၏။
မျက်ရည်ကြည်တို့ဝေ့နေသော မျက်ဝန်းအစုံဟာ နောက်ကျောမှ အသံပိုင်ရှင်ဆီ အားကိုးတကြီး လှည့်ကြည့်မိကာ နှုတ်မှ ခေါ်လိုက်သည်ကား....
"မောင်~~~~"
သီဟမှာ အသံမာမာဖြင့် ပြောလာသော ကောင်ကြောင့် သေချာကြည့်လိုက်ရာ ခန့်စေထွဋ်နောင် ။
တစ်တန်းတည်း အတူတူတတ်လာတဲ့ကောင်။ ဒီကောင်တွေက သူ့အဖွဲ့နဲ့သူမို့ အတန်းတူပေမယ့် သိပ်မပေါင်းဖြစ်ခြင်းဖြစ်၏။
ကိုယ့်အကန့်နဲ့သာ ကိုယ်နေကြပေမယ့် အခုက ဘာကိစ္စဝင်ပါလာသနည်း။ လူကို အထက်စီးဆန်စွာ ဘလိုင်းကြီး မာရေကြောရေ ဆက်ဆံပြနေတာ သော*က်ပုံမလာ ။
" မင်းနဲ့ ဘာဆိုင်လို့ ဝင်ပါတာလဲ "
" ငါ့ ဆိုင်သူ လက်ကို ရွံ့စရာလက်က ဆွဲထားလို့ "
"ဘာကွ! "
"လွှတ်လိုက် ! "
"ဟျောင့် မင်းလမ်းမင်းသွား ! "
" ငါ့ချစ်သူ လက်ကို ကိုင်ထားတဲ့ မင်းရဲ့ ရွံစရာလက်ကို လွှတ်!
ထပ်မပြောဘူး "
"တောက်! "
လမင်းလက်ကို သီဟ တောက်တစ်ချက် ခေါက်ကာ လွှတ်ပေးလိုက်ကာမှ မောင်ဟာ မျက်မှောင်ကြုံကာ
" ဒီနားကို အခုချက်ချင်းလာခဲ့ ကိုထွန်းလမင်းသာ! "
စက်လှေစီးရန်ပြင်နေကြသော သီဟသူငယ်ချင်းများမှာ မောင့်အကြောင်းကို သိနေ၍လားတော့ မသိပါ။
သူတို့သူငယ်ချင်းကိုသာ ဆွဲခေါ်သွားကြသည်။
မောင်ဟာ လမင်းကို စကားတစ်ခွန်းမှ ထပ်မဆိုတော့ပဲ လှေဆိပ်မှ အပေါ်ဘက် ဆိုင်ကယ်ထားရာနေရာဆီကို လက်ဆွဲ၍ ခေါ်လာ၏။
စကားတစ်ခွန်းမှ ဟ ပုံမပေါ်ပဲ တိတ်ဆိတ်နေတာ
သေချာပါပြီ....
လမင်းကို မောင် စိတ်ဆိုးသွားပြီ........
>>>>><<<<<
ဟိုက်ပါနဲ့ ပတ်သတ်လို့ မြင်သာမှုရှိအောင် ပုံ့ pageမှာ ပုံလေးတွေ တင်ပေးထားပါမယ်။ တချို့နေရာမှာ ပုံ့ ပုံလေးတွေ ပါလာရင်
ဆောတီး😁မကျော်နဲ့ ကြည့်သွား။ရောက်ဖူးသူတွေလည်းရှိမှာပေါ့နော့။ အခုဆို လမ်းမှာ
ပန်းပျိုးဥယျာဉ်၊ပန်းခြံတွေပါရှိလာပြီ။
ပုံ့သွားလည်တုန်းက ပုံတွေကို ပြပေးမှာပါ။ ဝမ်ဟိုင်းအဖွဲ့အစည်းရဲ့ မုဏ်ဦးကတော့ ပုံမရိုက်ရဲလို့ပါရှင်။ ကြောက်တယ်လေနော်။
စာအရမ်းရှည်တာမို့ တစ်ဝက်ဖျက်ထားပါတယ် မနက်ဖြန်မှ ဆက်တင်ပေးပါ့မယ်နော်။ စာလုံးပေါင်း မစစ်ရသေးပါဘူးရှင်။
မှားသွားရင်လည်း အားနာပါတယ်။
-pont-00-