ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 29

1.1K 190 0
By Swae_Nyoe

29 01

အပိုင်း (၂၉) မျှော်လင့်ချက်

သူတို့သည် အလယ်အလတ်အဆင့်လောက်ရှိသော အခြေစိုက်စခန်း နှစ်ခုကို ဖြတ်ကျော်လာကြသည်။ သို့သော် စခန်းများအားလုံးက သူတို့ကို လက်ခံရန် ယဉ်ကျေးစွာ ငြင်းဆိုခဲ့ကြပြီး သူတို့အနေနှင့် ပို၍ ကြီးမားသော စခန်းတစ်ခုခု ရှာတွေ့စေရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

တကယ်ကိုပင် အချိန်သည် မိုးတိမ်မဟာမိတ်တပ်ပေါင်းစု ထူထောင်မည့် ကာလသို့ နီးကပ်နေခဲ့ပြီဖြစ်သည်။ အဓိက အခြေစိုက်စခန်းကြီးများ၏ ခေါင်းဆောင်များနှင့် အကြီးအကဲများမှာ Level 6 ထိ ရောက်နေကြပြီဖြစ်ပြီး သူတို့ထဲမှ အနိမ့်ဆုံးမှာလည်း Level 5 ဖြစ်သည်။

အဆင့်လေး စွမ်းအားရှင်များကို အလယ်အလတ်အဆင့်အဖြစ်သာ သတ်မှတ်ကြပြီး အဆင့်နှစ်နှင့် အဆင့်သုံး စွမ်းအားရှင်များမှာ ထည့်ပြောဖို့ပင် မတန်သလို လုပ်ကြသည်။ သူတို့ အုပ်စုထဲမှ လူများထဲတွင် သုံးပုံတစ်ပုံကသာ စွမ်းအားရှင်များဖြစ်ပြီး အမြင့်ဆုံးမှာ အဆင့်လေး ဖြစ်ပြီး အားလုံးလိုလို ဒဏ်ရာရနေကြသည်က သနားစရာပင် ကောင်းနေသည်။

ကျန်သူများအားလုံးမှာ သာမန်လူများသာဖြစ်ကြပြီး သူတို့တွင် လက်နက်များလည်း လုံလုံလောက်လောက် မရှိကြပေ။ သူတို့မှာ သာမန်ပျမ်းမျှ အဆင့် အခြေစိုက်စခန်းများ လက်ခံနိုင်ရန်အတွက် အတော်လေး အဆင့်နိမ့်နေသည်ကတော့ အမှန်ပင်။ ထိုစခန်းများ သူတို့ကို လက်မခံလိုသည်မှာ သဘာဝကျပါသည်။

ဆယ်ရက်မြောက်... နောက်ဆုံးတွင် သူတို့သည် အတော်အသင့် ကြီးသည်ဆိုရမည့် "မျှော်လင့်ချက်" ဟူသော အခြေစိုက်စခန်းတစ်ခုသို့ ရောက်သွားသည်။ အရွယ်အစားကိုသာ ကြည့်လျှင် ယွင်ထျန်းအခြေစိုက်စခန်း၊ နံပါတ်တစ် အခြေစိုက်စခန်း နှင့် တစ်ကျော့ပြန်အခြေစိုက်စခန်း တို့ကဲ့သို့ ဧရာမ အခြေစိုက်စခန်းကြီးများနှင့်တော့ မယှဉ်နိုင်သော်လည်း ပထမတန်းစား အခြေစိုက်စခန်း တစ်ခုတော့ ဖြစ်နေသေးသည်။ သို့သော် သူတို့ကို ထပ်ပြီး ငြင်းခဲ့ပြန်သည်။

တာဝန်ရှိသူတစ်ယောက် ထွက်လာသည်။ ထိုသူသည် ဤကဲ့သို့ ကိစ္စများကိုနည်းနည်းမှ အံ့ဩနေသည့်ပံဒမပေါက်တော့ဘဲ ပုံမှန်အတိုင်းပြောလာသည်။

"စွမ်းအားရှင်တွေကတော့ ဝင်နိုင်တယ် သာမန်လူတွေက ကနဦးအဆင့် အမြုတွေ ဆယ်ခု ဒါမှမဟုတ် အဆင့်တစ် အမြုတေ သုံးခုပေးရမယ်"

လောင်ကျူ မျက်ခုံးတို့ တွန့်ကုတ်သွားပြီး ခေါင်းဆောင်ကို ကြည့်သည်။ သူတို့တွင် သာမန်လူ အယောက်ခုနှစ်ဆယ်ပါလာပြီး အမြုတေတို့ကတော့ ထိုမျှလောက် များများစားစား မရှိပေ။ ပို၍ အရေးကြီဂသည်မှဦ သူတို့၏ အားဖြည့်ဆေးရည်နှင့် သောက်ရေတို့က ကုန်တော့မည်ဖြစ်ပြီး နောက်ထပ် အခြေစိုက်စခန်းတစ်ခု တွေ့ရန် မည်သည့်အချိန်အထိ ခရီးဆက်ရဦးမည်ကို မသိခြင်းဖြစ်သည်။

ခေါင်းဆောင်သည် လွန်ခဲ့သော ရက်များစွာထဲက ပြန်ကောင်းလာပြီဖြစ်သည်။ ကမ္ဘာပျက်ကပ်မတိုင်မီက သူသည် ယွီလင်မြို့တော်မှ ထွက်ခွာခဲသော သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးနှင့် ကြုံလာရသည့်အခါ စိတ်ဓာတ်ကျသွားမိသည်။

ထိုအချိန်တွင် ကျန်းကျိရင် ထွက်လာပြီး တာဝန်ရှိသူကို မေးသည်။

"အစားအစာတွေကိုရော လက်ခံလား"

ကျန်းကျိရင် သူ၏ ဆိုင်ရှိရာပေ့ချ်ကို ဖွင့်၍ ကုန်သွယ်လဲလှယ်ရေးထဲ ဝင်လိုက်ချိန်တွင် ဂိုထောင်ရှင်းလျော့ဈေးဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ပြီး ထိုဆိုင်တွင် ဂျုံမှုန့်များကို ငါးဆယ်ရာခိုင်နှုန်းလျော့ဈေးနှင့် ရောင်းချနေသည်။ သူသည် ဂျုံအိတ် ကိုးဆဘ့်ကိုးအိတ်ပါသော အိတ်တစ်လုံးကို ငါးယွမ်ပေး၍ ဝယ်လိုက်သည်။ store တွင် အာကာသစွမ်းအင်ဖြင့် ပြုလုပ်ထားသော နေရာလွတ်အိတ်ကို ငါးယွမ်နျင့် ဝယ်လိုက်ပြန်သည်။

<Tomorrow>ကမ္ဘာနှင့် ဂိမ်း၏ အကြီးမားဆုံးသော ကွာခြားချက်မှာ နေရာလွတ် item အမျိုးမျိုးရှိခြင်းဖြစ်သည်။ ဥပမာပေးရလျှင် သိုလှောင်နေရာလွတ် အမျိုးအစားဖြစ်သည်။ ဂိမ်းထဲတွင် ကစားသမားတစ်ယောက်ချင်းစီတိုင်းတွင် သူတို့၏ itemများကို ထည့်ရန် ကျောပိုးအိတ်တစ်လုံးစီ ရှိကြသည်။ သူတို့တွင် အခြားသော အမျိုးအစားများဖြစ်သည့် သိပ်မသိသာသော သိုလှောင်လက်စွပ်၊ သိုလှောင်လက်ကောက်၊ သိုလှောင်အိတ်အသေးစားများ အမျိုးမျိုးရှိကြပြီး တစ်ချက်ကြည့်လိုက်သည်နှင့် မသိသာမည့် အရာများဖြစ်သည်။

၎င်းတို့ကို ဝယ်ယူလိုက်ခြင်းအတွက် အသုံးကျသည့် တစ်ခုတည်းသော အရာများ ထိုအရာများကို ဝယ်လိုက်သည်နှင့် ကစားသမားများ၏ ကျောပိုးအိတ်ထဲမှ ပစ္စည်းဆန့်သည့် နေရာပမာဏ တိုးလာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုနေရာလွတ်ပစ္စည်းများက သိပ်ဈေးမကြီးလှပေ။

သို့သော် တကယ့် <Tomorrow> ကမ္ဘာအစစ်တွင်မူ ကိုယ်ပိုင်နေရာလွတ်ပိုင်ဆိုင်နိုင်သော နေရာလွတ်စွမ်းအားရှင်များက ရှားပါးလှပြီး နေရာလွတ် item များ လုပ်နိုင်သော အဆင့်မြင့် အာကသစွမ်းအားရှင်(နေရာလွတ်စွမ်းအားရှင်) များက ပို၍ ရှားပါးလေသည်။

29 02

ဤနေရာလွတ်itemများသည် နေ့စဉ်ဘဝတွင်ရော တိုက်ပွဲထဲတွင်ပါ အလွန်အသုံးဝင်သည်။ ရလဒ်ကတော့ နေရာလွတ်itemများသည် အလွန်တန်ဖိုးမြင့်ပြီး ယခုအချိန်တွင် အဆင့်မြင့် အခြေစိုက်စခန်းကြီးများသာလျှင် ကိုယ်ပိုင် သိုလှောင်နေရာလွတ် item များ ပိုင်ဆိုင်နိုင်လေသည်။

ကျန်းကျိရင် စကားကို ကြားပြီး တာဝန်ရှိသူမှာ အံ့အားသင့်သွား၍ ကျန်းကျိရင်စီးလာသော ငါးစီးမြောက်ကားထံသို့ အကြည့်ရောက်သွားသည်။ သူက သိချင်ဇောဖြင့်

"မင်းတို့ ဘယ်လောက် ပေးနိုင်မှာလဲ"

ဂိမ်းထဲမှ ဂျုံအိတ်သေးတစ်အိတ်မှာ ငါးကီလိုဂရမ် အလေးချိန်ရှိသော်လည်း ဂျုံအိတ်ကိုးဆယ့်ကိုးအိတ်ကို တစ်ခါတည်းချိန်လိုက်လျှင် ကီလိုဂရမ်ငါးရာကျော်သည်။ ကျန်းကျိရင် ဂျုံအိတ် ထည့်ထားသော အထူးသိုလှောင်အိတ်ကို ထုတ်၍ တာဝန်ရှိသူ. လက်ထဲ ထည့်ပေးလိုက်သည်။

"သိပ်မများဘူး ငါးရာကီလိုဂရမ်လောက်ပဲ"

သူ့စကားများကို အာရုံစိုက်နေမည့်အစား တာဝန်ရှိသူသည် သူ့လက်ထဲမှ အိတ်သေးသေးလေးကို သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှစွာ စိုက်ကြည့်သည်။ ပထမဆုံးနေဖြင့် ကျန်းကျိရင်ကို တည့်တည့်ကြည့်လိုက်ပြီး သိမ်မွေ့စွာ မေးသည်။

"နေရာလွတ်သိုလှောင်အိတ်လား"

"အမ်း"

ကျန်းကျိရင် ခေါင်းညိတ်သည်။

"နေရာလွတ်သိုလှောင်အိတ်နဲ့ ဂျုံတွေက သူကျွန်တော့်အတွက် ချန်ခဲ့တဲ့ အရာအားလုံးပဲ ဘာမှ ထပ်မရှိတော့ဘူး"

'ရိုးသားသူတစ်ယောက်က သူ၏ ကြွယ်ဝမှုကြောင့် ဒုက္ခရောက်ရတယ်' ဟူသည့် စည်းမျဉ်းကို သိသည်။ သူ့အတွက် သိုလှောင်အိတ်နှင့် ဂျုံတို့က ဘာမှသိပ်အဖိုးမတန်သော်လည်း တစ်ခြားသူများထံမှ ပစ်မှတ်ထားခံရ၍ ဒုက္ခရောက်မည်ကို မလိုလားပေ။ သူ့တွင် မရှိတော့ကြောင်း ပွင့်ပွင့်လင်းလင်းကြေငြာလိုက်တာက ပို၍ ကောင်းသည်။

တာဝန်ရှိသူက ခေါင်းညိတ်လိုက်ပြီး ကျန်းကျိရင် ပြောသွားသော "သူ" ဆိုသည့် လူကို လစ်လျူရှုလိုက်သည်။

"ဒီနေရာလွတ်သိုလှောင်အိတ်ရော အထဲက အစားအစာတွေရော အားလုံးပေးမယ်ဆိုရင် မင်းတိုအားလုံး ဝင်လို့ရမယ်"

သူထိုစကားကိုပြောလိုက်ချိန်တွင် လေသံက အတော်လေး ကောင်းလာသည်။

ကျန်းကျိရင် "ကောင်းပြီ"

ထိုနောက်တွင် ဝမ်းနည်းနေသော အသံဖြင့်

"ကပ္ပတိန်"

'အဲဒီနေရာလွတ်အိတ်နဲ့ အစားအစာတွေရဲ့ တန်ဖိုးက ဘယ်လောက်နေနေ အဲဒါတွေက ကပ္ပတိန်အတွက် 'သူ' ချန်ပေးသွားတာလေ'

ကျန်းကျိရင် အေးဆေးစွာဖြင့် လက်ယမ်းပြလိုက်ပြီး အမူအယာကင်းမဲ့စွာ ပုံမှန်အတိုင်းနေလိုက်သည်။ သူတို့အားလုံး ချက်ချင်း တိတ်ကြသွားသည်။ သို့သော် သူတို့၏ အကြည့်များကတော့ ကူကယ်ရာမဲ့ဟန် အပြည့်ဖြင့် ဝမ်းနည်းနာကျင်စွာ ကျန်းကျိရင်၏ နောက်ကျောကို ကြည့်နေကြသည်။ ကျန်းကျိရင်မှာ တစ်ခုခု မှားနေသလို ခံစားမိသောကြောင့် နောက်လှည့်ကြည့်မိသွားသည်။ သို့သော် ဘာမှ ပုံမှန်မဟုတ်တာ မတွေ့ပေ။ အဖွဲ့သားများသည် ကျန်းကျိရင် ရှေ့ပြန်လှည့်သွားသည်နှင့် အဓိပ္ပာယ်နက်ရှိုင်းသော အကြည့်များဖြင့် ကြည့်ကြပြန်သည်။

ကျန်းကျိရင်သည်လည်း သူပြောခဲ့သော အလိမ်အညာမှာ အတော်လေး အဆင်ချောနေသည်ဟု ထင်မိသည်။ မည်သို့မှ မရှင်းနိုင်သည့်ကိစ္စများ ရှိလျှင် "အဲဒီလူ" ဆိုတာကိုပဲ ထပ်ခေါ်သုံး၍ ရှင်းပစ်လိုက်မည်။

------------------

လူတစ်စုလိုက်သည် အခြေစိုက်စခန်းထဲသို့ ချောမွေ့စွာ ဝင်လာသည်။ သာမန်လူများသည် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ခံယူပြီးနောက် ချက်ချင်း လုပ်ရမည့်အလုပ်များ ခွဲဝေပေးခြင်းခံရသည်။ သူတို့၏ အဆင့်များကို စစ်ဆေးပြီးချိန်တွင် စွမ်းအားရှင်များကို ကင်းလှည့်ခြင်းနှင့် ကင်းစောင့်ခြင်းကဲ့သို့ တာဝန်များ ခွဲ‌ဝေပေးရန် အဖွဲ့အမျိုးမျိုးထဲသို့ အသွင်းခံလိုက်ရသည်။

အကဲဖြတ် ရလဒ်များအရ ခေါင်းဆောင်သည် နောက်ဆုံးတိုက်ပွဲတွင် စွမ်းအင်အရင်းအမြစ်ကို ထိခိုက်သွားခဲ့ပြီး အဆင့်ငါးမှ အဆင့်လေးသို့

29 03

လျော့ကျသွားခ့သည်သာမက နောက်ထပ် အဆင့်တက်ရန် မျှော်လင့်ချက်လည်း မရှိတော့ပေ။ ပြောရလျှင် သူ့ဘဝတွင် အဆင့်လေးကသာလျှင် အမြင့်ဆုံးသော အဆင့်ဖြစ်နေပေမည်။

လက်ရှိတွင် ဤသည်က ပြဿနာကြီးမဟုတ်ပေ။ သို့သော် ဇာတ်ကြောင်းကို သေချာသိထားသော ကျန်းကျိရင်သည် နောက်ပိုင်းတွင် လူတိုင်းသည် အဆင့်ငါးဆိုသော အဆင့်ထက် ကျော်သွားကြမည်သာ ဖြစ်သည်ကို သိထားသည်။ လယ်ဗယ် တူများကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာပြီး ဖိနှိပ်ခြင်းများ ဖြစ်လာမည်မှာလည်း သေချာသည်။

လက်ရှိ ဂိမ်းအခြေအနေတွင်ပင် မိုးတိမ်မဟာမိတ်အဖွဲ့၏ အောင်နိုင်သူ ယွင်ချူသည် အဆင့်တစ်ဆယ်သို့ ရောက်တော့မည်ဖြစ်ပြီး အဆင့်တစ်ဆယ်ကို ချိုးဖြတ်နိုင်သည့် ပထမဆုံးသော စွမ်းအားရှင်ဖြစ်လာနိုင်ချေ ရှိသည်။

ဝိုင်ကတော့ အဆင့်တစ်ဆယ်ကို ကျော်သွားတာ ကြာပြီဖြစ်သော်လည်း သူသည် သာမန် လူသားမျိုးနွယ်မဟုတ်ပေ။ နောက်ပိုင်းအဆင့်များတွင် ခေါင်းဆောင်များသည်လည်း သာမန်လူများကဲ့သို့ အသေးအဖွဲများနှင့် သာမန်အလုပ်များကို လုပ်ကြရမည်။ သူတို့သည် ယခင်ကကဲ့သို့ လူများကို ကာကွယ်ရန် ရှေ့တန်းတွင်ပင် နေနိုင်တော့မည် မဟုတ်ပေ။

သို့သော် ခေါင်းဆောင်ကိုယ်တိုင်ကတော့ အတော်လေး တွေးခေါ်တတ်သည်။ နောက်တစ်နေ့တွင် ခေါင်းဆောင်သည် ကျန်းကျိရင်ထံသို့ ရောက်လာပြီး စကားစမြည်ပြောသည်။ သူ့အမြင်တွင် ကျန်းကျိရင်သည် မရင့်ကျက်သော လူငယ်လေး မဟုတ်ပေ။

ခေါင်းဆောင်၏ အသံသည် အလွန်တိုးနေပြီး

"ငါလေ နေ့တိုင်း ဒီကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနေပြီး တစ်ရက်ထက်တစ်ရက် ပိုကောင်းလာမဲ့ ကမ္ဘာကို မြင်ရတော့မယ် ထင်ထားတာ အခုတော့ ဒီကမ္ဘာကြီး ပိုပိုပြီး အဆင်ပြလာပြီး လူတိုင်း တည်ငြိမ်တဲ့ ဘဝတစ်ခု ရလာမှာကိုပဲ လိုချင်တော့တယ်"

ဤအချိန်တွင် ကျန်းကျိရင်၏ စွမ်းအားအဆင့်သည့် အဆင့်လေးသို့ ရောက်သွားပြီး မျှော်လင့်ချက်အခြေစိုက်စခန်းတွင် ကောင်းသည်ဟု သတ်မှတ်ထားသော အဆင့်ဖြစ်သည်။ ထို့ကြောင့် သူ၊ တာ့တောက်၊ အားမု၊ ရှောင်ကျင်း၊ အားခုန်း၊ လိကျွင်း နှင့် လောင်ကျူတို့သည် အဖွဲ့သားခုနှစ်ယောက်နှင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည့် တပ်ခွဲလေး ထဲသို့ အသွင်းခံလိုက်သည်။

ကျန်းကျိရင်သည် သူ့အဖွဲ့၏ ကပ္ပတိန်ဖြစ်သည်။

တပ်ခွဲလေးတွင် အစတုန်းက အဖွဲ့နှစ်ဖွဲ့ရှိသည်။ တစ်ဖွဲ့ကို တပ်ခွဲခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ပြီး အဖွဲ့သားအများစုမှာ မျှော်လင့်ချက်အခြေစိုက်စခန်းမှ လူဟောင်းများဖြစ်သည်။ တစ်ခြားအဖွဲ့သည်လည်း မကြာသေးခင်ကမှ မျှော်လင့်ချက်အခြေစိုက်စခန်းကို ဝင်ရောက်ခိုလှုံလာသော စွမ်းအားရှင်များနှင့် ဖွဲ့စည်းထားသည်။

ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ယိုးခွန် ဟုခေါ်သော အဆင့်လေး စိတ်စွမ်းအားရှင်ဖြစ်သည်။ သူ့အဖွဲ့သားများအများစုမှာ အဆင့်သုံးနှင့် အဆင့်လေး အဆင့်များသာ ဖြစ်ကြသည်။ သူတို့အားလုံး၏ အင်အားများပေါင်းလျှင် ကျန်းကျိရင်အဖွဲ့ထက် အပြတ်အသတ် သာသည်။ အခြေစိုက်စခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်လျှင် သူတို့အဖွဲ့သည် အတော်လေး ကောင်းသော အဖွဲ့ဟု ပြော၍ ရသည်။

"ကပ္ပတိန် ကျွန်တော်တော့ အဲဒီ ယိုးခွန် ဆိုတဲ့တစ်ယောက်က လူကောင်း မဟုတ်ဘူးလို့ ခံစားရတယ် သူ့ကိုကြည့်ရတာ ကျွန်တော်တို့ကို ရန်လိုနေသလိုပဲ"

ရှောင်ကျင်းသည် အဖွဲ့နှစ်၏ ကပ္ပတိန် ယိုးခွန်ကို အတော်လေး သတိထားနေပုံပေါ်သည်။ ယခုလေးတင် တပ်ခွဲလေး၏ ခေါင်းဆောင်က သူတို့ကို မိတ်ဆက်ပေးသွားခြင်းဖြစ်ပြီး တာဝန်တစ်ချို့ စီစဉ်ပေးသွားသည်။ ရှောင်ကျင်းသည် သူတို့ အစည်းအဝေးခန်းထဲမှ ထွက်လာလာချင်း မကျေနပ်ချက်များကို ကွန်ပလိမ်းတက်တော့သည်။

"ဒါပေမဲ့ သူတို့က ကျွန်တော်တို့နဲ့ တစ်ဖွဲ့ထဲ ဖြစ်နေပြီလေ"

ကျန်းကျိရင်က ပြောရင်း လိရွှယ်ဖုန်းကို တွေးမိသွားရင်း ထပ်ဖြည့်ပြောသည်။

"ဒါပေမဲ့ အမြဲတမ်း သတိရှိတာတော့ ကောင်းတာပေါ့"

နောက်တစ်နေ့တွင် နှစ်ဖွဲ့လုံး ကင်းလှည့်၍ အနီးနားမှ ဇွန်ဘီများကို ရှင်းလင်းရန် တာဝန်ရလာသည်။ ကျန်းကျိရင်တို့ အဖွဲ့သည်လည်း ချက်ချင်း ရှောင်ကျင်း မမှားကြောင်း သိသွားတော့သည်။ ဇွန်ဘီများကို တိုက်ခိုက်ချိန်တွင် သူတို့သည် အလွန်ပျင်းရိနေပုံပေါက်နေကြသည်။

တစ်လမ်းလုံး အချင်းချင်း စနောက်ရယ်မောလာကြပြီး ဇွန်ဘီများကို သတ်သည့် အရှိန်နှုန်းမှာလည်း ကျန်းကျိရင်တို့ အဖွဲ့ထက် အလွန်နှေးလေသည်။

29 04

သို့သော် နှစ်ဖွဲ့လုံး တာဝန်လုပ်ပြီး ပြန်ရောက်ပြီး အမြုတေများကို ခွဲဝေရမည့်အချိန်တွင် သူတို့သည် ပျင်းရိပျင်းရွဲဖြင့် လက်ပိုက်ပြီး နံရံကို မှီနေကြကာ

"ငါတို့ ခုနှစ်ဆယ်ရာခိုင်နှုန်းရသင့်တယ် ပြောရရင်.....နောက်ဆုံးကျတော့လည်း ငါတို့က သူတို့ထက် ပိုကောင်းနေတာ အသိသာကြီးကို... သူတို့က ငါတို့နောက်က တရွတ်ဆွဲပြီး လိုက်နေတာ အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်တယ်"

ထို့နောက် သူတို့သည် ပုခုံးတွန့်၍ ကျန်းကျိရင်ကို သုံးဆယ်ရာခိုင်နှုန်းပေးသည်ကပင် အလွန်ထောက်ထားညှာတာပေးလိုက်သည့်တိုင်း ကြည့်ကြသည်။ တာ့တောက် ပေါက်ကွဲထွက်တော့မလို ဒေါသထွက်လာပြီး ခုန်ထွက်၍ ရန်ဖြစ်ပစ်ချင်သော်ညလ်း ကျန်းကျိရင်က သူ့ကို ဆွဲချလိုက်သည်။

"ငါသဘောမတူဘူး"

သူက မျက်နှာသေနှင့်ပြောသည်။ ကျန်းကျိရင်သည် ယင်ညန်၏ မျက်နှာသေနှင့်နေခြင်းကို တုပခဲ့စဉ်ကတည်းက သူ၏ ပျော်ရွှင်မှုနှင့် ဒေါသတို့ကိုပါ မျက်နှာတွင် မပေါ်အောင် ထိန်းသိမ်းတတ်လာသည်။ မစ်ရှင်အတွက် အမြုတေ ခွဲဝေခြင်းအတွက် တာဝန်ရှိသူသည် ဤသို့သော အခြေအနေမျိုး ကြုံရခြင်းက သူ့အတွက် ဘာမှ မထူးခြားသည့်နှယ် ဒီအတိုင်းပွဲကြည့်နေသည်။

သူက မျက်မှောင်ကြုတ်၍ စိတ်မရှည်စွာ ပြောသည်။

"မင်းတို့တပ်ခွဲခေါင်းဆောင်ဆီသွားပြီး လက်မှတ်ယူလာခဲ့ ပြီးမှ အမြုတေခွဲဖို့ ငါ့ဆီလာခဲ့ကြ"

ယိုးခွန်က နှုတ်ခမ်းရွဲ့၍ မဲ့ရွဲ့ကာ ပြုံးပြပြီး ပုခုံးတွန့်၍ ထွက်သွားသည်။ သူထွက်သွားသည်နှင့်သူ့အဖွဲ့သားများကလည်း မြောက်ကြွမြောက်ကြွဖြင့် လိုက်သွားကြသည်။ နောက်ဆုံးမှ လိုက်သွားသော ခေါင်းတုံးနှင့် မီးစွမ်းအားရှင်သည် တမင်တကာ နောက်ပြန်လှည့်၍ လေချွန်လျက် ကျန်းကျိရင်ကို အထင်သေးစွာ ကြည့်သွားခဲ့သည်။

ရင့်ကျက်သော လောင်ကျူ၏ မျက်နှာပင်လည်း အိုးဖင်လို မည်းနေပြီဖြစ်သည်။ ကျန်းကျိရင် ခနရပ်လိုက်ပြီး လိုက်သွားခဲ့သည်။

......................................

Telegram မှာ အပိုင်း ၉၀အထိ ရောက်ပါပြီနော်။ 

Zawgyi

29 01
အပိုင္း (၂၉) ေမွ်ာ္လင့္ခ်က္

သူတို႔သည္ အလယ္အလတ္အဆင့္ေလာက္ရွိေသာ အေျခစိုက္စခန္း ႏွစ္ခုကို ျဖတ္ေက်ာ္လာၾကသည္။ သို႔ေသာ္ စခန္းမ်ားအားလုံးက သူတို႔ကို လက္ခံရန္ ယဥ္ေက်းစြာ ျငင္းဆိုခဲ့ၾကၿပီး သူတို႔အေနႏွင့္ ပို၍ ႀကီးမားေသာ စခန္းတစ္ခုခု ရွာေတြ႕ေစရန္ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့သည္။

တကယ္ကိုပင္ အခ်ိန္သည္ မိုးတိမ္မဟာမိတ္တပ္ေပါင္းစု ထူေထာင္မည့္ ကာလသို႔ နီးကပ္ေနခဲ့ၿပီျဖစ္သည္။ အဓိက အေျခစိုက္စခန္းႀကီးမ်ား၏ ေခါင္းေဆာင္မ်ားႏွင့္ အႀကီးအကဲမ်ားမွာ Level 6 ထိ ေရာက္ေနၾကၿပီျဖစ္ၿပီး သူတို႔ထဲမွ အနိမ့္ဆုံးမွာလည္း Level 5 ျဖစ္သည္။

အဆင့္ေလး စြမ္းအားရွင္မ်ားကို အလယ္အလတ္အဆင့္အျဖစ္သာ သတ္မွတ္ၾကၿပီး အဆင့္ႏွစ္ႏွင့္ အဆင့္သုံး စြမ္းအားရွင္မ်ားမွာ ထည့္ေျပာဖို႔ပင္ မတန္သလို လုပ္ၾကသည္။ သူတို႔ အုပ္စုထဲမွ လူမ်ားထဲတြင္ သုံးပုံတစ္ပုံကသာ စြမ္းအားရွင္မ်ားျဖစ္ၿပီး အျမင့္ဆုံးမွာ အဆင့္ေလး ျဖစ္ၿပီး အားလုံးလိုလို ဒဏ္ရာရေနၾကသည္က သနားစရာပင္ ေကာင္းေနသည္။

က်န္သူမ်ားအားလုံးမွာ သာမန္လူမ်ားသာျဖစ္ၾကၿပီး သူတို႔တြင္ လက္နက္မ်ားလည္း လုံလုံေလာက္ေလာက္ မရွိၾကေပ။ သူတို႔မွာ သာမန္ပ်မ္းမွ် အဆင့္ အေျခစိုက္စခန္းမ်ား လက္ခံႏိုင္ရန္အတြက္ အေတာ္ေလး အဆင့္နိမ့္ေနသည္ကေတာ့ အမွန္ပင္။ ထိုစခန္းမ်ား သူတို႔ကို လက္မခံလိုသည္မွာ သဘာဝက်ပါသည္။

ဆယ္ရက္ေျမာက္... ေနာက္ဆုံးတြင္ သူတို႔သည္ အေတာ္အသင့္ ႀကီးသည္ဆိုရမည့္ "ေမွ်ာ္လင့္ခ်က္" ဟူေသာ အေျခစိုက္စခန္းတစ္ခုသို႔ ေရာက္သြားသည္။ အ႐ြယ္အစားကိုသာ ၾကည့္လွ်င္ ယြင္ထ်န္းအေျခစိုက္စခန္း၊ နံပါတ္တစ္ အေျခစိုက္စခန္း ႏွင့္ တစ္ေက်ာ့ျပန္အေျခစိုက္စခန္း တို႔ကဲ့သို႔ ဧရာမ အေျခစိုက္စခန္းႀကီးမ်ားႏွင့္ေတာ့ မယွဥ္ႏိုင္ေသာ္လည္း ပထမတန္းစား အေျခစိုက္စခန္း တစ္ခုေတာ့ ျဖစ္ေနေသးသည္။ သို႔ေသာ္ သူတို႔ကို ထပ္ၿပီး ျငင္းခဲ့ျပန္သည္။

တာဝန္ရွိသူတစ္ေယာက္ ထြက္လာသည္။ ထိုသူသည္ ဤကဲ့သို႔ ကိစၥမ်ားကိုနည္းနည္းမွ အံ့ဩေနသည့္ပံဒမေပါက္ေတာ့ဘဲ ပုံမွန္အတိုင္းေျပာလာသည္။

"စြမ္းအားရွင္ေတြကေတာ့ ဝင္ႏိုင္တယ္ သာမန္လူေတြက ကနဦးအဆင့္ အျမဳေတြ ဆယ္ခု ဒါမွမဟုတ္ အဆင့္တစ္ အျမဳေတ သုံးခုေပးရမယ္"

ေလာင္က်ဴ မ်က္ခုံးတို႔ တြန႔္ကုတ္သြားၿပီး ေခါင္းေဆာင္ကို ၾကည့္သည္။ သူတို႔တြင္ သာမန္လူ အေယာက္ခုႏွစ္ဆယ္ပါလာၿပီး အျမဳေတတို႔ကေတာ့ ထိုမွ်ေလာက္ မ်ားမ်ားစားစား မရွိေပ။ ပို၍ အေရးႀကီဂသည္မွဦ သူတို႔၏ အားျဖည့္ေဆးရည္ႏွင့္ ေသာက္ေရတို႔က ကုန္ေတာ့မည္ျဖစ္ၿပီး ေနာက္ထပ္ အေျခစိုက္စခန္းတစ္ခု ေတြ႕ရန္ မည္သည့္အခ်ိန္အထိ ခရီးဆက္ရဦးမည္ကို မသိျခင္းျဖစ္သည္။

ေခါင္းေဆာင္သည္ လြန္ခဲ့ေသာ ရက္မ်ားစြာထဲက ျပန္ေကာင္းလာၿပီျဖစ္သည္။ ကမာၻပ်က္ကပ္မတိုင္မီက သူသည္ ယြီလင္ၿမိဳ႕ေတာ္မွ ထြက္ခြာခဲေသာ သာမန္လူတစ္ဦးမွ်သာ ျဖစ္သည္။ ဤသို႔ေသာ အေျခအေနမ်ိဳးႏွင့္ ႀကဳံလာရသည့္အခါ စိတ္ဓာတ္က်သြားမိသည္။

ထိုအခ်ိန္တြင္ က်န္းက်ိရင္ ထြက္လာၿပီး တာဝန္ရွိသူကို ေမးသည္။

"အစားအစာေတြကိုေရာ လက္ခံလား"

က်န္းက်ိရင္ သူ၏ ဆိုင္ရွိရာေပ့ခ်္ကို ဖြင့္၍ ကုန္သြယ္လဲလွယ္ေရးထဲ ဝင္လိုက္ခ်ိန္တြင္ ဂိုေထာင္ရွင္းေလ်ာ့ေဈးဟူေသာ ဆိုင္းဘုတ္ကို ေတြ႕လိုက္ၿပီး ထိုဆိုင္တြင္ ဂ်ဳံမႈန႔္မ်ားကို ငါးဆယ္ရာခိုင္ႏႈန္းေလ်ာ့ေဈးႏွင့္ ေရာင္းခ်ေနသည္။ သူသည္ ဂ်ဳံအိတ္ ကိုးဆဘ့္ကိုးအိတ္ပါေသာ အိတ္တစ္လုံးကို ငါးယြမ္ေပး၍ ဝယ္လိုက္သည္။ store တြင္ အာကာသစြမ္းအင္ျဖင့္ ျပဳလုပ္ထားေသာ ေနရာလြတ္အိတ္ကို ငါးယြမ္န်င့္ ဝယ္လိုက္ျပန္သည္။

<Tomorrow>ကမာၻႏွင့္ ဂိမ္း၏ အႀကီးမားဆုံးေသာ ကြာျခားခ်က္မွာ ေနရာလြတ္ item အမ်ိဳးမ်ိဳးရွိျခင္းျဖစ္သည္။ ဥပမာေပးရလွ်င္ သိုေလွာင္ေနရာလြတ္ အမ်ိဳးအစားျဖစ္သည္။ ဂိမ္းထဲတြင္ ကစားသမားတစ္ေယာက္ခ်င္းစီတိုင္းတြင္ သူတို႔၏ itemမ်ားကို ထည့္ရန္ ေက်ာပိုးအိတ္တစ္လုံးစီ ရွိၾကသည္။ သူတို႔တြင္ အျခားေသာ အမ်ိဳးအစားမ်ားျဖစ္သည့္ သိပ္မသိသာေသာ သိုေလွာင္လက္စြပ္၊ သိုေလွာင္လက္ေကာက္၊ သိုေလွာင္အိတ္အေသးစားမ်ား အမ်ိဳးမ်ိဳးရွိၾကၿပီး တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ မသိသာမည့္ အရာမ်ားျဖစ္သည္။

၎တို႔ကို ဝယ္ယူလိုက္ျခင္းအတြက္ အသုံးက်သည့္ တစ္ခုတည္းေသာ အရာမ်ား ထိုအရာမ်ားကို ဝယ္လိုက္သည္ႏွင့္ ကစားသမားမ်ား၏ ေက်ာပိုးအိတ္ထဲမွ ပစၥည္းဆန႔္သည့္ ေနရာပမာဏ တိုးလာျခင္းျဖစ္သည္။ သို႔ျဖစ္ရာ ထိုေနရာလြတ္ပစၥည္းမ်ားက သိပ္ေဈးမႀကီးလွေပ။

သို႔ေသာ္ တကယ့္ <Tomorrow> ကမာၻအစစ္တြင္မူ ကိုယ္ပိုင္ေနရာလြတ္ပိုင္ဆိုင္ႏိုင္ေသာ ေနရာလြတ္စြမ္းအားရွင္မ်ားက ရွားပါးလွၿပီး ေနရာလြတ္ item မ်ား လုပ္ႏိုင္ေသာ အဆင့္ျမင့္ အာကသစြမ္းအားရွင္(ေနရာလြတ္စြမ္းအားရွင္) မ်ားက ပို၍ ရွားပါးေလသည္။
29 02
ဤေနရာလြတ္itemမ်ားသည္ ေန႔စဥ္ဘဝတြင္ေရာ တိုက္ပြဲထဲတြင္ပါ အလြန္အသုံးဝင္သည္။ ရလဒ္ကေတာ့ ေနရာလြတ္itemမ်ားသည္ အလြန္တန္ဖိုးျမင့္ၿပီး ယခုအခ်ိန္တြင္ အဆင့္ျမင့္ အေျခစိုက္စခန္းႀကီးမ်ားသာလွ်င္ ကိုယ္ပိုင္ သိုေလွာင္ေနရာလြတ္ item မ်ား ပိုင္ဆိုင္ႏိုင္ေလသည္။

က်န္းက်ိရင္ စကားကို ၾကားၿပီး တာဝန္ရွိသူမွာ အံ့အားသင့္သြား၍ က်န္းက်ိရင္စီးလာေသာ ငါးစီးေျမာက္ကားထံသို႔ အၾကည့္ေရာက္သြားသည္။ သူက သိခ်င္ေဇာျဖင့္

"မင္းတို႔ ဘယ္ေလာက္ ေပးႏိုင္မွာလဲ"

ဂိမ္းထဲမွ ဂ်ဳံအိတ္ေသးတစ္အိတ္မွာ ငါးကီလိုဂရမ္ အေလးခ်ိန္ရွိေသာ္လည္း ဂ်ဳံအိတ္ကိုးဆယ့္ကိုးအိတ္ကို တစ္ခါတည္းခ်ိန္လိုက္လွ်င္ ကီလိုဂရမ္ငါးရာေက်ာ္သည္။ က်န္းက်ိရင္ ဂ်ဳံအိတ္ ထည့္ထားေသာ အထူးသိုေလွာင္အိတ္ကို ထုတ္၍ တာဝန္ရွိသူ. လက္ထဲ ထည့္ေပးလိုက္သည္။

"သိပ္မမ်ားဘူး ငါးရာကီလိုဂရမ္ေလာက္ပဲ"

သူ႔စကားမ်ားကို အာ႐ုံစိုက္ေနမည့္အစား တာဝန္ရွိသူသည္ သူ႔လက္ထဲမွ အိတ္ေသးေသးေလးကို သိမ္းငွက္တစ္ေကာင္ကဲ့သို႔ စူးရွစြာ စိုက္ၾကည့္သည္။ ပထမဆုံးေနျဖင့္ က်န္းက်ိရင္ကို တည့္တည့္ၾကည့္လိုက္ၿပီး သိမ္ေမြ႕စြာ ေမးသည္။

"ေနရာလြတ္သိုေလွာင္အိတ္လား"

"အမ္း"

က်န္းက်ိရင္ ေခါင္းညိတ္သည္။

"ေနရာလြတ္သိုေလွာင္အိတ္နဲ႔ ဂ်ဳံေတြက သူကြၽန္ေတာ့္အတြက္ ခ်န္ခဲ့တဲ့ အရာအားလုံးပဲ ဘာမွ ထပ္မရွိေတာ့ဘူး"

'႐ိုးသားသူတစ္ေယာက္က သူ၏ ႂကြယ္ဝမႈေၾကာင့္ ဒုကၡေရာက္ရတယ္' ဟူသည့္ စည္းမ်ဥ္းကို သိသည္။ သူ႔အတြက္ သိုေလွာင္အိတ္ႏွင့္ ဂ်ဳံတို႔က ဘာမွသိပ္အဖိုးမတန္ေသာ္လည္း တစ္ျခားသူမ်ားထံမွ ပစ္မွတ္ထားခံရ၍ ဒုကၡေရာက္မည္ကို မလိုလားေပ။ သူ႔တြင္ မရွိေတာ့ေၾကာင္း ပြင့္ပြင့္လင္းလင္းေၾကျငာလိုက္တာက ပို၍ ေကာင္းသည္။

တာဝန္ရွိသူက ေခါင္းညိတ္လိုက္ၿပီး က်န္းက်ိရင္ ေျပာသြားေသာ "သူ" ဆိုသည့္ လူကို လစ္လ်ဴရႈလိုက္သည္။

"ဒီေနရာလြတ္သိုေလွာင္အိတ္ေရာ အထဲက အစားအစာေတြေရာ အားလုံးေပးမယ္ဆိုရင္ မင္းတိုအားလုံး ဝင္လို႔ရမယ္"

သူထိုစကားကိုေျပာလိုက္ခ်ိန္တြင္ ေလသံက အေတာ္ေလး ေကာင္းလာသည္။

က်န္းက်ိရင္ "ေကာင္းၿပီ"

ထိုေနာက္တြင္ ဝမ္းနည္းေနေသာ အသံျဖင့္

"ကပၸတိန္"

'အဲဒီေနရာလြတ္အိတ္နဲ႔ အစားအစာေတြရဲ႕ တန္ဖိုးက ဘယ္ေလာက္ေနေန အဲဒါေတြက ကပၸတိန္အတြက္ 'သူ' ခ်န္ေပးသြားတာေလ'

က်န္းက်ိရင္ ေအးေဆးစြာျဖင့္ လက္ယမ္းျပလိုက္ၿပီး အမူအယာကင္းမဲ့စြာ ပုံမွန္အတိုင္းေနလိုက္သည္။ သူတို႔အားလုံး ခ်က္ခ်င္း တိတ္ၾကသြားသည္။ သို႔ေသာ္ သူတို႔၏ အၾကည့္မ်ားကေတာ့ ကူကယ္ရာမဲ့ဟန္ အျပည့္ျဖင့္ ဝမ္းနည္းနာက်င္စြာ က်န္းက်ိရင္၏ ေနာက္ေက်ာကို ၾကည့္ေနၾကသည္။ က်န္းက်ိရင္မွာ တစ္ခုခု မွားေနသလို ခံစားမိေသာေၾကာင့္ ေနာက္လွည့္ၾကည့္မိသြားသည္။ သို႔ေသာ္ ဘာမွ ပုံမွန္မဟုတ္တာ မေတြ႕ေပ။ အဖြဲ႕သားမ်ားသည္ က်န္းက်ိရင္ ေရွ႕ျပန္လွည့္သြားသည္ႏွင့္ အဓိပၸာယ္နက္ရႈိင္းေသာ အၾကည့္မ်ားျဖင့္ ၾကည့္ၾကျပန္သည္။

က်န္းက်ိရင္သည္လည္း သူေျပာခဲ့ေသာ အလိမ္အညာမွာ အေတာ္ေလး အဆင္ေခ်ာေနသည္ဟု ထင္မိသည္။ မည္သို႔မွ မရွင္းႏိုင္သည့္ကိစၥမ်ား ရွိလွ်င္ "အဲဒီလူ" ဆိုတာကိုပဲ ထပ္ေခၚသုံး၍ ရွင္းပစ္လိုက္မည္။

------------------

လူတစ္စုလိုက္သည္ အေျခစိုက္စခန္းထဲသို႔ ေခ်ာေမြ႕စြာ ဝင္လာသည္။ သာမန္လူမ်ားသည္ ေဆးဘက္ဆိုင္ရာ စစ္ေဆးမႈမ်ား ခံယူၿပီးေနာက္ ခ်က္ခ်င္း လုပ္ရမည့္အလုပ္မ်ား ခြဲေဝေပးျခင္းခံရသည္။ သူတို႔၏ အဆင့္မ်ားကို စစ္ေဆးၿပီးခ်ိန္တြင္ စြမ္းအားရွင္မ်ားကို ကင္းလွည့္ျခင္းႏွင့္ ကင္းေစာင့္ျခင္းကဲ့သို႔ တာဝန္မ်ား ခြဲ‌ေဝေပးရန္ အဖြဲ႕အမ်ိဳးမ်ိဳးထဲသို႔ အသြင္းခံလိုက္ရသည္။

အကဲျဖတ္ ရလဒ္မ်ားအရ ေခါင္းေဆာင္သည္ ေနာက္ဆုံးတိုက္ပြဲတြင္ စြမ္းအင္အရင္းအျမစ္ကို ထိခိုက္သြားခဲ့ၿပီး အဆင့္ငါးမွ အဆင့္ေလးသို႔
29 03
ေလ်ာ့က်သြားခ့သည္သာမက ေနာက္ထပ္ အဆင့္တက္ရန္ ေမွ်ာ္လင့္ခ်က္လည္း မရွိေတာ့ေပ။ ေျပာရလွ်င္ သူ႔ဘဝတြင္ အဆင့္ေလးကသာလွ်င္ အျမင့္ဆုံးေသာ အဆင့္ျဖစ္ေနေပမည္။

လက္ရွိတြင္ ဤသည္က ျပႆနာႀကီးမဟုတ္ေပ။ သို႔ေသာ္ ဇာတ္ေၾကာင္းကို ေသခ်ာသိထားေသာ က်န္းက်ိရင္သည္ ေနာက္ပိုင္းတြင္ လူတိုင္းသည္ အဆင့္ငါးဆိုေသာ အဆင့္ထက္ ေက်ာ္သြားၾကမည္သာ ျဖစ္သည္ကို သိထားသည္။ လယ္ဗယ္ တူမ်ားၾကား ၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္လာၿပီး ဖိႏွိပ္ျခင္းမ်ား ျဖစ္လာမည္မွာလည္း ေသခ်ာသည္။

လက္ရွိ ဂိမ္းအေျခအေနတြင္ပင္ မိုးတိမ္မဟာမိတ္အဖြဲ႕၏ ေအာင္ႏိုင္သူ ယြင္ခ်ဴသည္ အဆင့္တစ္ဆယ္သို႔ ေရာက္ေတာ့မည္ျဖစ္ၿပီး အဆင့္တစ္ဆယ္ကို ခ်ိဳးျဖတ္ႏိုင္သည့္ ပထမဆုံးေသာ စြမ္းအားရွင္ျဖစ္လာႏိုင္ေခ် ရွိသည္။

ဝိုင္ကေတာ့ အဆင့္တစ္ဆယ္ကို ေက်ာ္သြားတာ ၾကာၿပီျဖစ္ေသာ္လည္း သူသည္ သာမန္ လူသားမ်ိဳးႏြယ္မဟုတ္ေပ။ ေနာက္ပိုင္းအဆင့္မ်ားတြင္ ေခါင္းေဆာင္မ်ားသည္လည္း သာမန္လူမ်ားကဲ့သို႔ အေသးအဖြဲမ်ားႏွင့္ သာမန္အလုပ္မ်ားကို လုပ္ၾကရမည္။ သူတို႔သည္ ယခင္ကကဲ့သို႔ လူမ်ားကို ကာကြယ္ရန္ ေရွ႕တန္းတြင္ပင္ ေနႏိုင္ေတာ့မည္ မဟုတ္ေပ။

သို႔ေသာ္ ေခါင္းေဆာင္ကိုယ္တိုင္ကေတာ့ အေတာ္ေလး ေတြးေခၚတတ္သည္။ ေနာက္တစ္ေန႔တြင္ ေခါင္းေဆာင္သည္ က်န္းက်ိရင္ထံသို႔ ေရာက္လာၿပီး စကားစျမည္ေျပာသည္။ သူ႔အျမင္တြင္ က်န္းက်ိရင္သည္ မရင့္က်က္ေသာ လူငယ္ေလး မဟုတ္ေပ။

ေခါင္းေဆာင္၏ အသံသည္ အလြန္တိုးေနၿပီး

"ငါေလ ေန႔တိုင္း ဒီကမာၻႀကီးနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနေနၿပီး တစ္ရက္ထက္တစ္ရက္ ပိုေကာင္းလာမဲ့ ကမာၻကို ျမင္ရေတာ့မယ္ ထင္ထားတာ အခုေတာ့ ဒီကမာၻႀကီး ပိုပိုၿပီး အဆင္ျပလာၿပီး လူတိုင္း တည္ၿငိမ္တဲ့ ဘဝတစ္ခု ရလာမွာကိုပဲ လိုခ်င္ေတာ့တယ္"

ဤအခ်ိန္တြင္ က်န္းက်ိရင္၏ စြမ္းအားအဆင့္သည့္ အဆင့္ေလးသို႔ ေရာက္သြားၿပီး ေမွ်ာ္လင့္ခ်က္အေျခစိုက္စခန္းတြင္ ေကာင္းသည္ဟု သတ္မွတ္ထားေသာ အဆင့္ျဖစ္သည္။ ထို႔ေၾကာင့္ သူ၊ တာ့ေတာက္၊ အားမု၊ ေရွာင္က်င္း၊ အားခုန္း၊ လိကြၽင္း ႏွင့္ ေလာင္က်ဴတို႔သည္ အဖြဲ႕သားခုႏွစ္ေယာက္ႏွင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕တစ္ခုျဖစ္သည့္ တပ္ခြဲေလး ထဲသို႔ အသြင္းခံလိုက္သည္။

က်န္းက်ိရင္သည္ သူ႔အဖြဲ႕၏ ကပၸတိန္ျဖစ္သည္။

တပ္ခြဲေလးတြင္ အစတုန္းက အဖြဲ႕ႏွစ္ဖြဲ႕ရွိသည္။ တစ္ဖြဲ႕ကို တပ္ခြဲေခါင္းေဆာင္ကိုယ္တိုင္ ဦးေဆာင္ၿပီး အဖြဲ႕သားအမ်ားစုမွာ ေမွ်ာ္လင့္ခ်က္အေျခစိုက္စခန္းမွ လူေဟာင္းမ်ားျဖစ္သည္။ တစ္ျခားအဖြဲ႕သည္လည္း မၾကာေသးခင္ကမွ ေမွ်ာ္လင့္ခ်က္အေျခစိုက္စခန္းကို ဝင္ေရာက္ခိုလႈံလာေသာ စြမ္းအားရွင္မ်ားႏွင့္ ဖြဲ႕စည္းထားသည္။

ထိုအဖြဲ႕၏ ေခါင္းေဆာင္မွာ ယိုးခြန္ ဟုေခၚေသာ အဆင့္ေလး စိတ္စြမ္းအားရွင္ျဖစ္သည္။ သူ႔အဖြဲ႕သားမ်ားအမ်ားစုမွာ အဆင့္သုံးႏွင့္ အဆင့္ေလး အဆင့္မ်ားသာ ျဖစ္ၾကသည္။ သူတို႔အားလုံး၏ အင္အားမ်ားေပါင္းလွ်င္ က်န္းက်ိရင္အဖြဲ႕ထက္ အျပတ္အသတ္ သာသည္။ အေျခစိုက္စခန္းတစ္ခုလုံးကို ၿခဳံၾကည့္လိုက္လွ်င္ သူတို႔အဖြဲ႕သည္ အေတာ္ေလး ေကာင္းေသာ အဖြဲ႕ဟု ေျပာ၍ ရသည္။

"ကပၸတိန္ ကြၽန္ေတာ္ေတာ့ အဲဒီ ယိုးခြန္ ဆိုတဲ့တစ္ေယာက္က လူေကာင္း မဟုတ္ဘူးလို႔ ခံစားရတယ္ သူ႔ကိုၾကည့္ရတာ ကြၽန္ေတာ္တို႔ကို ရန္လိုေနသလိုပဲ"

ေရွာင္က်င္းသည္ အဖြဲ႕ႏွစ္၏ ကပၸတိန္ ယိုးခြန္ကို အေတာ္ေလး သတိထားေနပုံေပၚသည္။ ယခုေလးတင္ တပ္ခြဲေလး၏ ေခါင္းေဆာင္က သူတို႔ကို မိတ္ဆက္ေပးသြားျခင္းျဖစ္ၿပီး တာဝန္တစ္ခ်ိဳ႕ စီစဥ္ေပးသြားသည္။ ေရွာင္က်င္းသည္ သူတို႔ အစည္းအေဝးခန္းထဲမွ ထြက္လာလာခ်င္း မေက်နပ္ခ်က္မ်ားကို ကြန္ပလိမ္းတက္ေတာ့သည္။

"ဒါေပမဲ့ သူတို႔က ကြၽန္ေတာ္တို႔နဲ႔ တစ္ဖြဲ႕ထဲ ျဖစ္ေနၿပီေလ"

က်န္းက်ိရင္က ေျပာရင္း လိ႐ႊယ္ဖုန္းကို ေတြးမိသြားရင္း ထပ္ျဖည့္ေျပာသည္။

"ဒါေပမဲ့ အၿမဲတမ္း သတိရွိတာေတာ့ ေကာင္းတာေပါ့"

ေနာက္တစ္ေန႔တြင္ ႏွစ္ဖြဲ႕လုံး ကင္းလွည့္၍ အနီးနားမွ ဇြန္ဘီမ်ားကို ရွင္းလင္းရန္ တာဝန္ရလာသည္။ က်န္းက်ိရင္တို႔ အဖြဲ႕သည္လည္း ခ်က္ခ်င္း ေရွာင္က်င္း မမွားေၾကာင္း သိသြားေတာ့သည္။ ဇြန္ဘီမ်ားကို တိုက္ခိုက္ခ်ိန္တြင္ သူတို႔သည္ အလြန္ပ်င္းရိေနပုံေပါက္ေနၾကသည္။

တစ္လမ္းလုံး အခ်င္းခ်င္း စေနာက္ရယ္ေမာလာၾကၿပီး ဇြန္ဘီမ်ားကို သတ္သည့္ အရွိန္ႏႈန္းမွာလည္း က်န္းက်ိရင္တို႔ အဖြဲ႕ထက္ အလြန္ေႏွးေလသည္။
29 04
သို႔ေသာ္ ႏွစ္ဖြဲ႕လုံး တာဝန္လုပ္ၿပီး ျပန္ေရာက္ၿပီး အျမဳေတမ်ားကို ခြဲေဝရမည့္အခ်ိန္တြင္ သူတို႔သည္ ပ်င္းရိပ်င္း႐ြဲျဖင့္ လက္ပိုက္ၿပီး နံရံကို မွီေနၾကကာ

"ငါတို႔ ခုႏွစ္ဆယ္ရာခိုင္ႏႈန္းရသင့္တယ္ ေျပာရရင္.....ေနာက္ဆုံးက်ေတာ့လည္း ငါတို႔က သူတို႔ထက္ ပိုေကာင္းေနတာ အသိသာႀကီးကို... သူတို႔က ငါတို႔ေနာက္က တ႐ြတ္ဆြဲၿပီး လိုက္ေနတာ အရမ္း ဝန္ထုပ္ဝန္ပိုးျဖစ္တယ္"

ထို႔ေနာက္ သူတို႔သည္ ပုခုံးတြန႔္၍ က်န္းက်ိရင္ကို သုံးဆယ္ရာခိုင္ႏႈန္းေပးသည္ကပင္ အလြန္ေထာက္ထားညႇာတာေပးလိုက္သည့္တိုင္း ၾကည့္ၾကသည္။ တာ့ေတာက္ ေပါက္ကြဲထြက္ေတာ့မလို ေဒါသထြက္လာၿပီး ခုန္ထြက္၍ ရန္ျဖစ္ပစ္ခ်င္ေသာ္ညလ္း က်န္းက်ိရင္က သူ႔ကို ဆြဲခ်လိုက္သည္။

"ငါသေဘာမတူဘူး"

သူက မ်က္ႏွာေသႏွင့္ေျပာသည္။ က်န္းက်ိရင္သည္ ယင္ညန္၏ မ်က္ႏွာေသႏွင့္ေနျခင္းကို တုပခဲ့စဥ္ကတည္းက သူ၏ ေပ်ာ္႐ႊင္မႈႏွင့္ ေဒါသတို႔ကိုပါ မ်က္ႏွာတြင္ မေပၚေအာင္ ထိန္းသိမ္းတတ္လာသည္။ မစ္ရွင္အတြက္ အျမဳေတ ခြဲေဝျခင္းအတြက္ တာဝန္ရွိသူသည္ ဤသို႔ေသာ အေျခအေနမ်ိဳး ႀကဳံရျခင္းက သူ႔အတြက္ ဘာမွ မထူးျခားသည့္ႏွယ္ ဒီအတိုင္းပြဲၾကည့္ေနသည္။

သူက မ်က္ေမွာင္ၾကဳတ္၍ စိတ္မရွည္စြာ ေျပာသည္။

"မင္းတို႔တပ္ခြဲေခါင္းေဆာင္ဆီသြားၿပီး လက္မွတ္ယူလာခဲ့ ၿပီးမွ အျမဳေတခြဲဖို႔ ငါ့ဆီလာခဲ့ၾက"

ယိုးခြန္က ႏႈတ္ခမ္း႐ြဲ႕၍ မဲ့႐ြဲ႕ကာ ၿပဳံးျပၿပီး ပုခုံးတြန႔္၍ ထြက္သြားသည္။ သူထြက္သြားသည္ႏွင့္သူ႔အဖြဲ႕သားမ်ားကလည္း ေျမာက္ႂကြေျမာက္ႂကြျဖင့္ လိုက္သြားၾကသည္။ ေနာက္ဆုံးမွ လိုက္သြားေသာ ေခါင္းတုံးႏွင့္ မီးစြမ္းအားရွင္သည္ တမင္တကာ ေနာက္ျပန္လွည့္၍ ေလခြၽန္လ်က္ က်န္းက်ိရင္ကို အထင္ေသးစြာ ၾကည့္သြားခဲ့သည္။

ရင့္က်က္ေသာ ေလာင္က်ဴ၏ မ်က္ႏွာပင္လည္း အိုးဖင္လို မည္းေနၿပီျဖစ္သည္။ က်န္းက်ိရင္ ခနရပ္လိုက္ၿပီး လိုက္သြားခဲ့သည္။

......................................

Telegram မွာ အပိုင္း ၉၀အထိ ေရာက္ပါၿပီေနာ္။ 

Continue Reading

You'll Also Like

1.6M 197K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
256K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
213K 37K 75
This novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Com...
72.7K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...