Forget-Me-Nots { Completed }

بواسطة popophoenix207

318K 17.1K 2.5K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... المزيد

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

7. Fairness

5.4K 403 57
بواسطة popophoenix207

( Unicode)

" ငါကတော့ ကောင်းယံကို အချစ်ဆုံး "

ဖက်ထားသည့် လက်တစ်စုံကြားကနေ ရှင်းသန့် ရုန်းထွက်ပြီး အိမ်‌ရှေ့မင်းသား၏စက်ရာပေါ်မှ တစ်ခါတည်း ဆင်းလိုက်သည်။ ပြတင်းပေါက်က အလင်းရောင်ကို ကြည့်ခြင်းအားဖြင့် နေတော်တော်မြင့်နေပြီဖြစ်ကြောင်းလည်း ခန့်မှန်း၍ရပါသည်။ နံရံပေါ်က တိုင်ကပ်နာရီကတော့ ရှစ်နာရီထိုးပြီးကြောင်း ပြသနေ၏။

မနေ့ညက သူတို့ သည်အခန်းထဲ ပြန်ရောက်သည့်အချိန်၌ ဆယ့်နှစ်နာရီပင် ထိုးလုပြီဖြစ်သော်လည်း နှစ်ယောက်သား ချက်ချင်းမအိပ်ဖြစ်ကြ။ ရောက်တက်ရာရာ စကားများပြောရင်း အိမ်ရှေ့စံ ထုတ်ပြသည့် ဓာတ်ပုံများကို ရှင်းသန့်ကြည့်နေခဲ့သည်။ ရှေးခေတ် နန်းတွင်းအဝတ်အစားပုံစံများနှင့်ဖြစ်ဖြစ် ယခုခေတ်ဝတ်စုံများနှင့်ဖြစ်ဖြစ် အရှင်မင်းသားလေးက လိုက်ဖက်တင့်တယ်မှုရှိကြောင်းကိုတော့ စိတ်ထဲကနေသာ သူ တိတ်တိတ်လေး မှတ်ချက်ပေးခဲ့၏။

ဘုဏ်းဇေယျာကျော်က လေးတန်းလောက်အထိ ပါးစုံဖောင်းဖောင်းလေးနှင့်ဆိုတာကို သူလည်း မျက်မြင်တွေ့ခဲ့ရပါသည် ။ အခုတော့ ဘေးတစောင်းကြည့်လျှင် ထင်းနေသည့် မေးရိုးများဖြင့် မဟာဆန်ပြီး ယောက်ျားပီပီသသ ချောမောလာသည့် မျက်နှာပေါ်မှာ ထိုပါးစုံဖောင်းဖောင်းလေးများ မရှိတော့ပေ။ ရယ်လိုက်တိုင်း ကွေးကွေးလေးဖြစ်သွားသည့် မျက်ဝန်းလေးများနှင့် အသည်းပုံနှုတ်ခမ်းလေးကတော့ ငယ်ငယ်ကအတိုင်းပင်။

" ဘာပြောလိုက်တယ် "

အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်ကာ မျက်ခုံး‌နှစ်ခုကို စုနေအောင်ကြုတ်၍ မေးလာသူ၏ပုံစံက အံတင်းတင်းကြိတ်ပြီး ရှင်းသန့်စကားအပေါ် ကျေနပ်ပုံမရ။

" ငါကတော့ သူငယ်ချင်းတွေအားလုံးထဲမှာ ကောင်းယံကို အချစ်ဆုံးလို့ "

ဘုဏ်းဇေကို နောက်တစ်ကြိမ် ထပ်ပြောပြီး ရေချိုးခန်းဆီသို့ ရှင်းသန့် ခြေဦးလှည့်ခဲ့သည်။ သို့သော်လည်း ကုတင်ပေါ်က အရှင့်သားလေးက သူ့ကို သွားခွင့်မပြုသေး။

" ဘာလို့ မင်းကကျ ကောင်းယံလဲ ၊ အဲလိုဆို ငါ့အပေါ် မတရားရာ မကျဘူးလား "

" ဟမ် "

ရှင်းသန့် ရေချိုးခန်းဆီသွားနေရင်း ခေါင်းကိုလည်ပြန်ကြည့်မိသည်။ အိမ်ရှေ့စံ၏မျက်နှာက အမှန်တကယ်ပင် တရားမျှတမှုအတွက် တောင်းဆိုနေသည့် ဆန္ဒဖော်ထုတ်သူလို။

" ငါက မင်းကိုအချစ်ဆုံးပါဆို မင်းအချစ်ဆုံးကလဲ ငါပဲ ဖြစ်ရမှာပေါ့ ၊ အဲဒီလိုမှ ညီတူညီမျှရှိမှာ မဟုတ်ဘူးလား "

သူ ဘာမျှမဖြေရှင်းတော့ဘဲ ခေါင်းရမ်းပြီးသာ ရေချိုးခန်းထဲ ဝင်လိုက်တော့၏။ ညက သူ့အတွက် ထုတ်ပေးထားသော သွားတိုက်တံဖြင့် သွားတိုက် မျက်နှာသစ်ပြီး အပြင်ပြန်ထွက်လာသည်အထိ ဘုဏ်းဇေက ခုနကပုံစံအတိုင်း ရှိနေသေးသည်။ ရေချိုးခန်းအပြင်သို့ သူခြေတစ်လှမ်းချလိုက်ကာစမှာပင် အိမ်ရှေ့စံတို့က မပြီးပြတ်သေးသောဇာတ်လမ်းကို ဆက်ဖို့ပြင်တော့သည်။

" ဘာလို့ ကောင်းယံလဲ "

" ကောင်းယံက ငါနဲ့ မူကြိုကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းလေ ၊ ငါတို့အဖွဲ့ထဲမှာ သူက အငယ်ဆုံးလဲ ဖြစ်သလို ခန္ဓာကိုယ်ကလဲ အညှက်ဆုံးပဲ ၊ အဲဒီတော့ သူ့ကိုပဲ ပိုချစ်ပေးရမှာပေါ့ "

" ဘာမှလဲမဆိုင်ဘူး "

ဆိုင်တာ မဆိုင်တာတွေ ရှင်းသန့်လည်း မသိတော့ပါ။ ပါးစပ်ထဲရှိရာကိုသာ ပြီးပြီးရော လျှောက်ပြောခြင်း ဖြစ်၏။

" ဒါဆို ကောင်း‌ယံ စိတ်ကောက်ရင်ရော မင်း သူ့အိမ် သွားချော့မှာလား "

" ကောင်းယံက မင်းလို စိတ်မကောက်ဖူးဘူး "

" ကောင်းယံနဲ့ရော မင်း ညဘက်လျှောက်သွားပြီး အတူတူ အိပ်မှာလား "

" မင်းသားလေး ၊ မင်း ငါ့ကို မနက်စာ ကျွေးမှာလား ၊ မကျွေးရင်လဲ ငါ့အိမ်ကကားကို လာကြိုခိုင်းပြီး ပြန်တော့မယ် "

ရှင်းသန့် သိသိသာသာ စကားလမ်းကြောင်း လွှဲလိုက်မှ အမေးအမြန်းထူနေသည့် အရှင့်သားလေးက ကုတင်ပေါ်မှဆင်းကာ မျက်နှာသစ်ခြင်းအမှုတို့ကို ပြုတော်မူတော့သည်။ သို့သော် သည်ကိစ္စက သည်လောက်နှင့် ပြီးမသွားသေး ။ မနက်စာ သွားစားဖို့ အခန်းထဲက ထွက်လာစဉ်မှာပင် နောက်တစ်ကြိမ် မေးပြန်သေးသည်။

" တကယ် ကောင်းယံကို အချစ်ဆုံးလား "

" အေး "

သူ့ကို လှည့်မကြည့်တော့ဘဲ ရှေ့ကနေ မျက်မှောင်ကြီးကြုတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် အမြန်သွားနေသူကြောင့် ရှင်းသန့်မှာ ငိုရခက် ရယ်ရခက် ဖြစ်နေပါပြီ။ အစောပိုင်းက အနှီအိမ်ရှေ့မင်းသား၏ ရင်ခွင်ထဲမှာ ခုန်သွားသည့် သူ့နှလုံးသားကိုတောင် သူမေ့သွားတော့သည်။

ဘုဏ်းဇေ၏မွေးနေ့ကဲ့သို့ အခမ်းအနားမျိုးရှိလျှင် ရှင်းသန့်အနေဖြင့် နန်းတော်ထဲ ရောက်လေ့ရှိသော်လည်း ယခုလို နန်းဆောင်များပေါ်အထိတော့ မရောက်ဖူးခဲ့ပါ။ အများအားဖြင့် ဥယျာဉ်တော်ထဲနှင့် ရေကန်ဘက်သာ ရောက်ခဲ့သည်။ ထို့ကြောင့် တခြားနန်းဆောင်များ မဆိုထားနှင့် ။ ဘုဏ်းဇေ၏အဆောင်တစ်ခုတည်းကိုပင် ရှင်းသန့်မှာ ငေးစရာများ ပြည့်နေတော့၏။ အဝတ်အစားများထားရှိရာအခန်းနှင့် ကပ်လျက်မှာရှိသည့် ဂီတတူရိယာများထားသည့်အခန်းကိုတော့ သူအအံ့ဩဆုံးဟု ပြောရမည်။ အမှန်မှာ အခန်းကိုအံ့ဩခြင်းမဟုတ်ဘဲ ထိုအခန်းထဲတွင်ရှိသည့် စောင်း ၊ ပတ္တလား ၊ နှဲ ၊ တယော ၊ စန္ဒရား၊ ဂီတာ ၊ ဒရမ်တို့ကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်မှုတ်တတ်သော ဘုဏ်းဇေယျာကျော်ကို အံ့ဩခြင်းသာ။

ဧကရာဇ်နှင့်ကြင်ယာတော်တို့ နေထိုင်သည့် 'ဘုံရတနာနန်း' စံအိမ်တော်ကြီးသည် မကိုဋ်ရတနာနန်းတော်ရာ၏ ပင်မနန်းဆောင်ဖြစ်ပြီး နန်းတော်ပြင်ပမှလူများ တော်ရုံ ဝင်ထွက်ခွင့်မရှိသော နေရာလည်းဖြစ်၏။

နန်းတော်ဝင်းအတွင်းရှိ အဆောင်များအားလုံးသည် အနုစိတ်ဗိသုကာလက်ရာများဖြင့် ခမ်းနားသည့် နှစ်ထပ်အဆောက်အဦးများဖြစ်ကြပြီး အဆောင်ပေါ်ရှိ ပြဿာဒ်အရေအတွက်မှာမူ နေထိုင်သူ၏ အဆင့်အလိုက် ကွာခြားမှုရှိကြသည်။ ဧကရာဇ်တို့၏ နန်းဆောင်တွင် ပြဿာဒ်ခုနစ်ဆင့်ပါပြီး အိမ်ရှေ့စံ နေထိုင်သည့် ဘုံမြနန်း အဆောင်မှာတော့ ပြဿာဒ်ငါးဆင့်ပါ၏။

ဘုံရတနာနန်း စံအိမ်တော်သည် နန်းတော်ဝင်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး ယင်း၏မြောက်ဘက်တွင် ရှေးယခင်ဘုရင်များလက်ထက်က ညီလာခံကျင်းပရာ ရာဇပလ္လင်ပါဝင်သည့် လွှတ်တော်အဆောက်အဦးရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီး၌ ဘားမားနိုင်ငံ‌တွင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး စည်းမျဉ်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးခဲ့သည့်အချိန်မှစ၍ ထိုလွှတ်တော်အဆောက်အဦးအား သမိုင်းဝင်အဆောက်အဦးတစ်ခုအဖြစ် ထိန်းသိန်းထားခဲ့သည်မှလွဲလျှင် အသုံးပြုခြင်းမရှိခဲ့ပေ။

နန်းတော်ဝင်းတစ်ခုလုံးကို ငေးရင်း ရှေ့က စိတ်ကောက်ပြီး အမြန်သွားနေသူကိုလည်း ရှင်းသန့်မှာ အမီလိုက်ရသေးသည်။ အိမ်ရှေ့စံ၏ နန်းဆောင်ထဲတွင် ထမင်းစားခန်းရှိသော်လည်း ဘုဏ်းဇေက မိသားစုနှင့်အတူ အဘွားဖြစ်သူ၏ ' ဘုံထည်ဝါနန်း' အဆောင်မှာသာ အမြဲတမ်းသွားစားလေ့ရှိသူမို့ အခုလည်း ရှင်းသန့်ပါ ထိုအဆောင်အထိ အတူလိုက်ရခြင်းပင်။

" တကယ် ကောင်းယံလား "

ထမင်းစားခန်းအဝင်အရောက် နောက်တစ်ကြိမ်ထပ်မေးလာသူအား ရှင်းသန့် ဘာမျှပြန်မဖြေလိုက်ပေ။

" မင်းသားလေးတို့ ဘာစားကြမလဲ ၊ ဒီနေ့အတွက် အထူးမနက်စာအနေနဲ့ အုန်းနို့ခေါက်ဆွဲ ချက်ထားပါတယ် ၊ ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ်လဲ ရှိပါတယ် ၊ ကော်ဖီတို့ လက်ဖက်ရည်တို့ သောက်မယ်ဆိုရင်လဲ ဖျော်လိုက်ပါ့မယ် "

မုန့်မျိုးစုံချထားသည့် ဆုံလည်စားပွဲဝိုင်းကြီး၏ ဘေးတစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး နေရာယူလိုက်သည့် သူတို့နှစ်ယောက်ကို အစားအသောက် ပြင်ပေးဖို့အတွက် အမှုထမ်းများက ဘေးမှာ အဆင်သင့် စောင့်နေကြ၏။ ဘုဏ်းဇေက မရယ်မပြုံးသော မျက်နှာဖြင့် ရှင်းသန့်ကို မေးဆတ်ပြသည်။ ဘာစားမလဲဆိုသည့်သဘောဟု ရှင်းသန့် ကိုယ့်ဟာကိုယ် နားလည်လိုက်ရသည်။

" အုန်းနို့ခေါက်ဆွဲပဲ စားမယ် "

" ကျနော့်ကိုလဲ အုန်းနို့ခေါက်ဆွဲပဲ ပြင်ပေးနော် ၊ ပြီးရင် ကျနော်တို့နှစ်ယောက်တည်း ထားခဲ့လိုက် ၊ သူ နေရခက်နေမှာစိုးလို့ "

ဘေးမှာ လူတွေ ရပ်နေလျှင် စားရတာ မျိုကျမည်မဟုတ်ဟူသည့် ရှင်းသန့်၏အတွေးကို ဘုဏ်းဇေက သိနေသည့်အလား။ သည်လိုဆိုတော့လည်း သူငယ်ချင်းဖြစ်သူကို စိတ်ထဲကနေ ကြိတ်ပြီး ကျေးဇူးတင်ရသေးသည်။

" တကယ် ကောင်းယံလားလို့ "

အုန်းနို့ခေါက်ဆွဲတစ်ဇွန်းကို ပါးစပ်ထဲထည့်မည့်ဆဲဆဲ ဘုဏ်းဇေက မျက်နှာချင်းဆိုင်ကနေ လက်ပိုက်ပြီး မေးလာသဖြင့် ရှင်းသန့်မှာ သူလည်း မစားသေးဘဲ ဇွန်းကိုပြန်ချရတော့သည်။

" ဘာဖြစ်လို့ ဒါကိုပဲ ထပ်ခါတလဲလဲ မေးနေတာလဲလို့၊ မင်း တကယ်ပဲ အဲလိုလုပ်မှ ဖြစ်မှာလား "

" မင်းဆီက အဖြေပြောင်းပြောတာ လိုချင်လို့လေ ၊ မဟုတ်ရင် ငါ့အတွက် ဘယ်မျှတမှု ရှိပါ့မလဲ "

အကယ်၍ သူရောက်နေသည့်နေရာသာ အခြားတစ်နေရာရာ ဖြစ်ပါက ရှင်းသန့် ဘုဏ်းဇေကို ဘာထလုပ်မိမည်မသိပါ ။ အခုတော့ သူက သည်အိမ်ရှေ့မင်းသား၏ ပိုင်နက်ထဲမှာ။ စိတ်ထဲရှိသည့်အတိုင်း ဘုဏ်းဇေယျာကျော်၏ခေါင်းကို တစ်ချက်လောက်ချထည့်လိုက်လျှင်တော့ အရှင်မင်းသားလေး၏ ကိုယ်ရံတော်အမှုထမ်းများပြည့်နေသည့် နေရာမှာ သူ့ဘဝကား မတွေးရဲစရာပေ။

" ငါ့နှယ် .... ဒီပုံစံနဲ့ ဘုရင်လုပ်ဦးမယ်တဲ့ ၊ မင်း ဘုရင်ဖြစ်တဲ့ အချိန်ကျရင် ငါတော့ ဒီနိုင်ငံမှာ မနေတော့ဘူး ၊ မင်းနဲ့ဝေးတဲ့နိုင်ငံ သွားနေမှာ "

" မင်းစကားကို အခုချက်ချင်း ပြန်ရုတ်သိမ်းလိုက် ရှင်းသန့်တည် "

ဘုဏ်းဇေ၏လေသံက ပို၍တင်းမာလာပြီး မေးကြောများလည်း ထောင်လာသည်။ အခုမှ တကယ်စိတ်ဆိုးသွားပြီထင်၏။

" ငါက ဒီတိုင်းပဲ စလိုက်တာကို မင်း ဘာဖြစ်... "

" အဲဒီလိုစကားမျိုးကို စနောက်ပြီးတော့တောင် မပြောနဲ့ "

" အိုခေ အိုခေ ၊ မပြောတော့ဘူး ၊ ငါ ပြန်ရုတ်သိမ်းတယ်၊ ဟုတ်ပြီလား "

ဘုဏ်းဇေယျာကျော်တစ်ယောက် တကယ်အလေးအနက် ခံစားပြီး ပြောနေသည်ကို ရှင်းသန့် သိသဖြင့် သူကပဲ အလျှော့ပေးပြီး အုန်းနို့ခေါက်ဆွဲ စားဖို့သာ ပြင်လိုက်တော့သည်။ သို့သော်လည်း ဘာစကားမှ ထပ်မပြောဘဲ ရှေ့တည့်တည့်မှ သူ့အားစိုက်ကြည့်နေသူကို မြင်နေရသောကြောင့် နောက်တစ်ကြိမ် ဇွန်းအား ပြန်ချရပြန်၏။

" ဘာလဲ ၊ ဘာကျန်သေးတာလဲ ၊ ဘာကို မကျေနပ်လို့ ဘယ်စကားကို ပြန်ရုတ်သိမ်းပေးရဦးမှာလဲ ပြော "

" တကယ် ကောင်းယံကို အချစ်ဆုံးလား "

ထရယ်လိုက်ပြန်လျှင်လည်း သူ့ရှေ့က မျက်ခုံးတန်းကြီးနှစ်ခုက ပိုပြီးတွန့်ချိုးသွားလိမ့်ဦးမည်။ လိုချင်သည့်အဖြေကို မရရအောင် ဂျစ်တိုက်နေသည့် အိမ်‌ရှေ့ကိုယ်တော်လေးနဲ့တော့ ခက်ပါဘိ။

" မဟုတ်ပါဘူးဘုရာ့ ၊ အရှင့်သားကိုသာ ကျနော်မျိုး အချစ်ဆုံးပါ ၊ အရှင်မင်းသားကသာ ကျနော်မျိုးအတွက် ဟောဒီလူ့ဘုံလောကမှာ နှစ်ယောက်မရှိနိုင်တဲ့ အချစ်ရဆုံးနဲ့အကောင်းဆုံး သူငယ်ချင်းပါ ၊ ဒီလောက်ဆို ကျေနပ်တော်မူပါတော့ ၊ ဗိုက်လည်း ဆာနေပါပြီ၊ အုန်းနို့ခေါက်ဆွဲလေး အေးအေးဆေးဆေး စားခွင့်ပြုပါတော့ဘုရာ့ "

ရွဲ့ပြောနေမှန်းသိသော်လည်း ကြည်နူးစိတ်က ဘုဏ်းဇေ ရင်ထဲမှာ အတိုင်းအဆမရှိ။ ကြုံ့နေသောမျက်ခုံးတန်းတို့ မဆိုင်းမတွ ပြေလျော့သွားသည်။ တည်တင်းနေသော နှုတ်ခမ်းတစ်စုံက ချက်ချင်းပင် ကော့ညွှတ်သွား၏။

ရှင်းသန့်တည်ကြည်ဆိုသည့် ကောင်လေးဆီမှာ သူသာလျှင် နံပါတ်တစ် ဦးစားပေးဖြစ်ချင်ခဲ့တာ ဘယ်အချိန်ကတည်းကလဲ ဘုဏ်းဇေ သူ့ကိုယ်သူပင် မသိခဲ့ပါ။

မနက်စာစားပြီး ထွက်လာသည့်အချိန်တွင် ဧကရာဇ် ဦးဘုဏ်းမဟာကျော်က လမ်းလျှောက်ရင်း သူတို့နှစ်ဦးကို စောင့်နေတာ တွေ့ရသည်။ ဧကရာဇ်၏စကားအရ ဘုဏ်းဇေ၏မယ်တော်နှင့်အစ်မတော်တို့က အခမဲ့ သားဖွားဆေးရုံတစ်ရုံ၏ ရံပုံငွေရှာပွဲ အခမ်းအနားတစ်ခုသို့ သွားရောက်ကြောင်းလည်း သိရ၏။ မယ်တော်ကြီးကတော့ တရားမှတ်နေပြီတဲ့ ။

" ညက ဘယ်အချိန်မှ ပြန်ရောက်ကြတာလဲ "

ဧကရာဇ်ကိုယ်တိုင် တိုးတိုးတိတ်တိတ် ခွင့်ပြုထားသည်မှန်း သိသော်လည်း အခုလို ထုတ်မေးလာတော့ ရှင်းသန့် အနည်းငယ် စိတ်လှုပ်ရှားသွားတာ အမှန်။ ဘုဏ်းဇေကတော့ အပြုံးအပျက်ပေ။

" ခမည်းတော် ဘယ်လိုသိလဲ ၊ တစ်ယောက်ယောက်က ပြန်ပြောတာလား ၊ ခမည်းတော််ကိုယ်တိုင် မြင်တာလား "

သူ့သားတော်၏ စကားကြားပြီး ဦးဘုဏ်းမဟာကျော်က ရယ်သည် ။ မျက်လုံးလေးများ ကွေးပြီး ကွယ်ပျောက်လုနီးနီး ဖြစ်သွားပုံက ဘုဏ်းဇေနှင့် သားအဖဟု မပြောရ။ ဧကရာဇ်ရော ငယ်ငယ်က စိတ်ကောက်တတ်သလားလို့တောင် ရှင်းသန့် သိချင်မိသည်။

" တစ်ခုမှ မဟုတ်ဘူး ၊ ခမည်းတော် ကိုယ့်ဟာကိုယ် ခန့်မှန်းကြည့်တာ ၊ ခမည်းတော်ပေးထားတဲ့ လက်ဆောင်ကို သား ဘယ်အချိန် အသုံးချမလဲလို့ သိချင်နေခဲ့တာ ၊ ဒါဆို ခမည်းတော် ခန့်မှန်းတာ မှန်သွားတယ်ပေါ့ "

သူတို့နှစ်ယောက်စလုံး ခေါင်းညိတ်ပြတော့ ဧကရာဇ်က သူတို့ခေါင်းပေါ်ကို လက်ဖြင့် ခပ်ဖွဖွပုတ်သည်။ ပြုံးနေသည့်မျက်နှာမှာလည်း မာန်မာနမရှိ နွေးထွေးလှပါ၏။

" သား ရှင်းသန့်‌ရော ညက အိပ်လို့ပျော်ရဲ့လား "

" ဟုတ်ကဲ့ ၊ ကောင်းကောင်း အိပ်ပျော်ပါတယ်ဗျ "

ဧကရာဇ်က ရှင်းသန့်ကို နောက်လည်း မကြာမကြာ လာလည်ဖို့ ဖိတ်ခေါ်သည်။ ထို့နောက် ဘုဏ်းဇေက သူ့အား တော်ဝင်မိသားစု၏ မြင်းများထားရှိရာ မြင်းဇောင်းထဲသို့ ခေါ်လာပြီး ဟက်ပီးလေးနှင့် မိတ်ဆက်ပေး၏။

" ဟက်ပီးလေး ၊ ကိုကိုရှင်းရှင်းကို နှုတ်ဆက်လိုက် "

ဟက်ပီးလေးကို အနီးကပ်မတွေ့ဖူးသော်လည်း ဘုဏ်းဇေဆီက စကားများမှတစ်ဆင့် ရှင်းသန့် ရင်းနှီးပြီးသားပါ။ ဘုဏ်းဇေ ပြောသမျှထဲမှာ တစ်နေ့သုံးခါလောက်တော့ ဟက်ပီးလေးအကြောင်းမပါမပြီး။ မြင်းဇောင်းထဲမှ ဘုဏ်းဇေကိုယ်တိုင် ထုတ်ယူလာသော တစ်ကိုယ်လုံး မဲနက်ပြောင်လက်နေသည့် ဟက်ပီးလေးသည် မြင်ရုံဖြင့် သူ့သခင်၏စကားကို မည်မျှနာခံမှုရှိကြောင်း သိသာလှပါသည်။

" သိလား ရှင်း ... စိတ်ဒဏ်ရာရှိတဲ့လူတွေ ၊ စိတ်ကျန်းမာရေး အားနည်းချက်ရှိတဲ့လူတွေကို ကုသပေးတဲ့နေရာမှာ အကူအညီဖြစ်စေတဲ့ တိရိစ္ဆာန်လေးတွေထဲ မြင်းလေးတွေလဲ ထိပ်ဆုံးကပါတယ်တဲ့ ၊ မြင်းတွေက လူတွေရဲ့စိတ်ခံစားချက်ကို နားလည်တယ်၊ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ကြင်ကြင်နာနာဆက်ဆံရင် သူတို့က ကျေနပ်ပြီး ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံကြတယ် "

မြင်းစီးကွင်းရှိရာသို့ ဟက်ပီးလေးကို ဆွဲခေါ်လာရင်း ဘုဏ်းဇေက ရှင်းသန့်ကို မြင်းတွေအကြောင်း ပြောပြသည်။ ရှင်းသန့်ကတော့ မြင်းလဲမစီးတတ်သလို ဘယ်မြင်းနှင့်မှလည်း အထိအတွေ့ မရှိခဲ့ဖူးပါ။

" သူတို့လေးတွေကို ရေချိုးပေး၊ အမွှေးတွေကို သေချာပွတ်တိုက်ပေး ၊ ကိုယ်တိုင် လက်ဖဝါးပေါ် အစာတင်ကျွေးတာမျိုးတွေလုပ်ပြီး ရင်းနှီးမှုရပြီဆိုမှ စီးကြရတယ် ၊ ဒီလိုမျိုး သူတို့လည်ပင်းကိုပုတ်ပေးပြီး ချီးကျုးစကားပြောပေးရင် သူတို့က ကိုယ့်စကားကို ပိုပြီးနာခံကြတယ် "

ဘုဏ်းဇေက ပြောလည်းပြောရင်း ဟက်ပီးလေး၏ လည်ပင်းကိုလည်း ပွတ်ပေးနေသည်။ ထို့အပြင် ဟက်ပီးလေး၏ဦးခေါင်းကိုပါ သူ့ပါးနှင့် ကပ်ပြီး ချော့မြှူနေသေးသည်။ ဟက်ပီးလေးကလည်း သူ့သခင်ပြုမူသမျှကို တည်တည်ငြိမ်ငြိမ်ပင် ခံယူနေ၏။

" စီးကြည့်မလား ရှင်း "

" ငါမှ မြင်းမစီးတတ်တာ "

" ငါ ထိန်းပေးမှာပေါ့ "

ရှင်းသန့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေစဉ်မှာပဲ ဘုဏ်းဇေက သူ့ကို မြင်းပေါ် အတင်းတက်ခိုင်းသည်။ သူ့ဟက်ပီးလေးက လိမ္မာကြောင်းနှင့် ဘာမျှမဖြစ်စေရကြောင်းကိုလည်း တတွတ်တွတ် အာမခံနေသေးသည်။ သည်လိုနှင့် ရှင်းသန့်လည်း မြင်းပေါ်ရောက်သွား၏။ သူတစ်ယောက်တည်းတော့မဟုတ် ။ ဘုဏ်းဇေက သူ့နောက်မှာထိုင်ပြီး မြင်းဇက်ကြိုးကိုလည်း ကိုင်ထားသဖြင့် သူက အလိုလို ဘုဏ်းဇေ၏ ရင်ခွင်ထဲ ရောက်နေပြန်သည်။

" ကြိုးကို သာသာပဲကိုင် ၊ ကြောက်အားလန့်အားနဲ့ အတင်းမဆွဲနဲ့ ၊ အတင်းဆွဲလေ သူတို့ကပိုပြေးလေပဲ ၊ ကြိုးကို မကိုင်ချင်ရင်လဲ ငါ့လက်ကိုကိုင်ထား "

အိမ်ရှေ့စံ၏ နှုတ်ဖျားမှလာသော လေငွေ့နွေးနွေးက ရှင်းသန့်မျက်နှာဘေးမှာ ရိုက်ခတ်နေသည်။ လိုအပ်၍လား တမင်တကာလားမသိ ၊ ဘုဏ်းဇေယျာကျော်က သူ့ပုခုံးပေါ် မေးတင်ထားသေး၏။ ထိုပုံစံအတိုင်း သူ့ဘက်ကို ‌စောင်းငဲ့ပြီး စကားပြောသောအခါ အရှင့်သားလေး၏ နှာတံချွန်ချွန်က သူ့ပါးပြင်နှင့် မိတ်ဆက်လုနီးနီး ။

ရှင်းသန့်နှလုံးခုန်သံတွေ မြန်လာပြီးအသည်းတွေ ယားကျိကျိ ဖြစ်လာသလို ခံစားရသည်မှာ မြင်းတစ်ခါမျှ မစီးဖူး၍ စိတ်လှုပ်ရှားနေခြင်းပဲလား ။ သူ့နားရွက်ဖျားများ ရဲတက်နေသည်ကိုတော့ သူကမမြင်ဘဲ သူ့နောက်ကျောက တစ်စုံတစ်ယောက်ကမြင်ပြီး ပြုံးနေခဲ့သည်။

" တော်ပြီ ဘုဏ်းဇေ ၊ ငါ မစီးချင်တော့ဘူး ၊ ရပ်တော့ "

ပြောင်လက်နေသည့် အနက်ရောင်အမွှေးများနှင့် ဟက်ပီးလေးသည် ကြက်သွေးရောင်နှင့်နက်ပြာရောင် ညအိပ်ဝတ်စုံဝတ်ထားသော ကောင်လေးနှစ်ယောက်ကို သူ့ကျောပေါ်တင်ပြီး အရှိန်အဟုန်ဖြင့် လမ်းကြောင်းတစ်လျှောက်ပြေးလွှားလျက်ရှိသည်။ မြင်းထိန်းတချို့ကလည်း ခပ်ဝေးဝေးမှ သူတို့ကို လှမ်းကြည့်နေကြ၏။

ဘုဏ်းဇေ မြင်းဇက်ကြိုးကိုထိန်းပြီး ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှင်းသန့်က မြင်းပေါ်ကနေ ချက်ချင်းခုန်ဆင်းသည်။ သူကတော့ မဆင်းသေး ။

" လာ နောက်ကတက် "

" တော်ပြီ ၊ မင်းဟာမင်း စီးတော့ "

" လာပါ့ဆိုကွာ ၊ ငါ ဖြည်းဖြည်းပဲ စီးမှာ ၊ ဒီလောက်လေးကို ကြောက်မနေနဲ့ "

သူ့ကို ငကြောက်လို့လည်း ရှင်းသန့် အထင်မခံနိုင်ပြန်။ တကယ်လည်း သူက ကြောက်၍ မစီးချင်တော့တာမှမဟုတ်ဘဲလေ ။ ရှင်းသန့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မြင်းပေါ် ပြန်တက်လိုက်သည်။သူကတော့ ဘုဏ်းဇေပုခုံးပေါ်ကို မေးတင်မထား။

" ကြိုးကို လှမ်းမကိုင်ချင်ရင် ငါ့ခါးကိုကိုင်ထား "

တစ်မိနစ်ခန့်အကြာမှာတော့ နောက်ကနေ စီးမိတာ ပိုမှားသွားပြီမှန်း ရှင်းသန့် သိလိုက်ရသည်။ ဘုဏ်းဇေ၏ ဖြည်းဖြည်းပဲ စီးမည်ဆိုသောစကားကို သူမယုံခဲ့သင့်။ ပြေးနေသော ဟက်ပီးလေး၏ခြေထောက်သည် မြေပေါ်တောင် ကျရဲ့လားဟု သံသယဝင်မိသည်အထိ အရှိန်က မြန်လွန်းလှသည်။

"မင်းသားလေး ၊ မင်းပြောတော့ ဖြည်းဖြည်းစီးမှာဆို ....အာ့ "

ဘုဏ်းဇေ၏ခါးပေါ်က အင်္ကျီစကို ရှင်းသန့် ကိုင်ထားရုံနှင့် မလုံလောက်တော့ ။ နောက်ကျောကနေ အိမ်ရှေ့စံ၏ ခါးတစ်ခုလုံးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားရသည်။

" အစုတ်ပလုတ်ကောင် "

သူ့ရင်ဘတ်နှင့် ရှေ့ကကျောပြင်တစ်ခုလုံးက ကပ်နေပြီး ပုခုံးပေါ်ကို မျက်နှာမှောက်ကာ ခပ်တိုးတိုးဆဲရေးတော့လည်း မင်းသားလေးက မြင်းပေါ်မှာ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် ရယ်နေပြန်သည်။ သည်လိုမျိုးကျ အရှင်သခင်လေးက စိတ်မကောက်။

" ရပ်တော့လို့ ဟိတ်ကောင်ရ ၊ ငါ ခုန်ချတော့မှာနော် "

ရှင်းသန့် ခြိမ်းခြောက်လိုက်၍ပဲလား ၊ သူ့စိတ်တိုင်းကျ စီးပြီး၍ပဲလားမသိ၊ ဘုဏ်းဇေက ဟက်ပီးလေးကို ရပ်တန့်လိုက်သည်။ သို့သော် အရှိန်လျှော့ပြီး ဖြည်းဖြည်းချင်း ရပ်တာမျိုးမဟုတ် ။ ဟက်ပီးလေး၏ ရှေ့ခြေထောက်နှစ်ချောင်းက အပေါ်ကိုထောင်လိုက်သဖြင့် ကျောပေါ်က သူတို့နှစ်ဦးမှာ နောက်ကိုအနည်းငယ် လန်သွားသည်။

" အား... "

ရှင်းသန့် ကြောက်အားလန့်အားဖြင့် ဘုဏ်းဇေကို အသားကုန်ကပ်တွယ်ဖက်ထားပြီး မျက်လုံးနှစ်လုံးကိုလည်းမှိတ်ကာ မျက်နှာအပ်ထားသည့်ပုခုံးပေါ်ကို သွားနှင့်ကိုက်ချလိုက်၏။

" ဟားဟား.... ဘာမှမဖြစ်စေရပါဘူးဆို ၊ အဲလောက် ကြောက်ရလားကွာ "

သူ့ပုခုံးပေါ်မှာ ကိုက်ခံထားရသည့် သွားရာအကွင်းလိုက်ကို အိမ်ရှေ့စံတို့က ဂရုမစိုက်ဘဲ ရှင်းသန့်ကိုသာ ကြည့်ရယ်နေသည်။

" မင်းက လူလိုမှ မစီးတာ "

" မြင်းပြိုင်ပွဲတွေဆို ဘယ်လိုလုပ်မလဲ မင်း "

" မသိဘူး ၊ ငါ ပြိုင်မှာမှ မဟုတ်တာ ၊ ဒါနဲ့ မင်းပုခုံးက နာသွားလား ပြဦး "

" မနာပါဘူး ၊ ဒီလောက်ကတော့ အေးဆေး "

ရှင်းသန့်က ကြည့်မည်ဆိုတာကို ဘုဏ်းဇေက အကြည့်မခံပေ။ သူ အားနှင့် ကိုက်ချလိုက်သဖြင့် ဘာမှမဖြစ်ဘဲတော့ နေမည်မဟုတ်မှန်း သူသိပါသည်။ ဒဏ်ရာကို မမြင်ရမှ သွေးများထွက်နေမလားဟု စိုးရိမ်သွား၏။

" ပေါက်သွားလားလို့ ငါကြည့်ဦးမယ် ပြ "

" ပေါက်သွားလဲ ဘာမှမဖြစ်ဘူးလို့ ၊ ငါ မနာပါဘူးဆို ရှင်းရာ ၊ ဘာလဲ စိတ်မကောင်းဖြစ်သွားတာလား "

ဟက်ပီးလေးကို မြင်းဇောင်းထဲပြန်ထားဖို့ မြင်းထိန်းတစ်ယောက်ကို ပေးလိုက်ပြီး ဘုဏ်းဇေက သူ့ပုခုံးကိုဖက်ကာ ပြန်နှစ်သိမ့်ပေးမှ ပိုပြီး အားနာလာရသည်။

" ငါ တကယ် မနာဘူး ၊ မနက်စာစားတုန်းကလို စကားမျိုးသာ နောက်ထပ်မပြောနဲ့ ၊ မင်းဆီက အဲလိုကြားရတာ ရင်ဘတ်ထဲက နာတယ် "

ရှင်းသန့် ရင်ထဲမှာ သိမ့်ခနဲပင်။ သူ့ဘေးက မျက်နှာကိုကြည့်လိုက်တော့ အပြုံးသေးသေးလေးဖြင့် တုံ့ပြန်၏။ မျက်ဝန်းများသည် လေးနက်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။

အဝတ်အစားများ ပြန်လဲပြီးနောက် အိမ်ရှေ့စံ‌က နန်းတွင်းစာကြည့်တိုက်ဆီသို့ သူ့ကို ခေါ်သွားသည်။ ရာဇဝင်များ ၊ နိပါတ်တော်များ ၊ အတ္ထုပတ္တိများအပြင် ဟိုယခင်နှစ်ပေါင်းများစွာကနေ ယခုခေတ်အထိ ထွက်ရှိထားသော သုတ ၊ရသ စသဖြင့် စာအုပ်ပေါင်းများစွာ ရှိလှသည့် စာကြည့်တိုက်ထဲမှာ ရှင်းသန့် နေကုန်နေခန်းတောင် ထိုင်ဖတ်နေနိုင်ပါသည်။ သို့သော်လည်း သူက အချိန်တန်လျှင် အိမ်ပြန်ရမည့်သူ မဟုတ်လား။

" မင်းကလဲ ဒီတစ်ည ထပ်အိပ်ပါ့ဆို "

မနေ့ညက ဝန်ကြီးချုပ် ပြောထားသည့်အတိုင်း ဆယ်နာရီခွဲမှာတော့ ရှင်းသန့်ကို လာကြိုသည့်ကားက နန်းတော် အရှေ့တံခါးဝကို ရောက်နေခဲ့ပြီ။ သူဖတ်ချင်သည့် စာအုပ်အချို့ကိုလည်း ဘုဏ်းဇေက ငှားပေးလိုက်သည်။ ရှင်းသန့် အပြင်က ကားရှိရာမသွားသေးဘဲ အရှေ့တံခါးဝအဝင်ရှိ ရှေးယခင်က ရေနာရီအဖြစ်အသုံးပြုခဲ့သော ပဟိုရ်စည်တော်ကြီးထားရှိရာ ပဟိုရ်စင်ကြီးဘေးတွင် ရပ်ပြီး ဘုဏ်းဇေကို နှုတ်ဆက်နေသည်။ အိမ်ရှေ့ကိုယ်တော်လေးက သူ့ကို မပြန်သေးဘဲ နောက်တစ်ည ထပ်အိပ်ဖို့ ပြောနေ၏။

" ဖေဖေ့ကို တစ်ညပဲလို့ ခွင့်တောင်းထားတာလေ ၊ အိမ်မှာ ငါမရှိတော့ ပျံ့ပျံ့လဲ ပျင်းနေမှာ ၊ ပြီးတော့ မနက်ဖြန် တနင်္ဂနွေဆို ငါတို့က အဘိုးအဘွားတွေဆီ အလည်သွားရဦးမှာ "

" အဲဒါဆို နောက်တစ်ပတ် သောကြာကျလဲ ထပ်လာခဲ့၊ တစ်ပတ်တစ်ရက် ဒီမှာလာနေ "

" ဘယ်လိုလုပ် ဖြစ်မှာလဲ မင်းသားလေးရာ ၊ ငါ့အိမ်က အပတ်တိုင်းတော့ ခွင့်ပြုနေမလား "

" အဲတော့ မင်း ဘယ်တော့ ထပ်လာအိပ်မှာလဲ "

ရှင်းသန့် ခဏ စဉ်းစားလိုက်သေး၏။

" မင်း နောက်တစ်ခါ စိတ်ကောက်တဲ့အချိန်ပေါ့ "

" ဒါဆို ငါ အခုကောက်ပြီ "

" အာ... "

သွားစွယ်လေးများ ပေါ်သည်အထိ ရယ်ပြီး ဘုဏ်းဇေ၏ လက်မောင်းတစ်ဖက်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ ရှင်းသန့် သူ့ကိုစောင့်နေသည့်ကားရှိရာသို့သွားဖို့ ခြေဦးလှည့်ရတော့သည်။

တစ်လှမ်း .... နှစ်လှမ်း .... သုံးလှမ်း

လေးလှမ်းမြောက်မှာတော့ နောက်ကနေ သူ့ကိုရပ်ကြည့်နေသည့် တစ်စုံတစ်ယောက်ဆီ ပြန်လှည့်လာခဲ့ပြီး လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်၏။ ထို့နောက် ကျောကို လက်ဖြင့် ခပ်ဖွဖွပုတ်ကာ နောက်တစ်ကြိမ် နှုတ်ဆက်စကားဆိုခဲ့သည်။

" ပုခုံးက ပေါက်သွားရင် ဆေးလိမ်းလိုက်ဦးနော်၊ စာအုပ်တွေ ငှားပေးလို့လဲ ကျေးဇူးပဲ ၊ ပြီးတော့ ငါ တကယ် မင်းကို အချစ်ဆုံး "

ထွက်သွားသူမှာလည်း အပြုံးနှင့်ဖြစ်သလို ကျန်ရစ်သူမှာလည်း အပျော်တွေအပြည့်နှင့် ။

*****

မနေ့က ရွာထားသည့်မိုးကြောင့် ကျောင်းအားကစားကွင်းရှိ မြက်ခင်းပြင်တစ်ခုလုံး စိမ်းစိုသန့်ရှင်းလျက်ရှိသည်။ ဗုဒ္ဓဟူးနေ့မနက်ပိုင်းသည် အထက်တန်းပထမနှစ်ကျောင်းသားများအတွက် ကာယချိန်ဖြစ်သောကြောင့် စာမသင်ရဘဲ ဘောလုံးကွင်းထဲမှာ အပြေးလေ့ကျင့်နေကြ၏။ ကျောင်းယူနီဖောင်းဖြင့် မဟုတ်ဘဲ အားကစားဝတ်စုံကိုယ်စီဝတ်ကာ ပြေးနေကြသည့် ကျောင်းသားကျောင်းသူလေးများ၏ မျက်နှာများသည် လတ်ဆတ်သော လေထုကိုရှူရှိုက်ရင်း မောနေလျှင်တောင် နွမ်းနယ်ခြင်းမရှိကြ။ တိုင်းပြည်၏ အနာဂတ်ပန်းကလေးများသည် နံနက်ခင်းနေရောင်ခြည်အောက်မှာ မျိုးစေ့မှန်စွာ ရှင်သန်နေကြသည်။

" ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ စတော့မှာနော် ရှင်း "

နှစ်ယောက်အတူ ပြေးရင်း ဘုဏ်းဇေက ရွေးကောက်ပွဲနီးလာပြီဆိုသည့်အကြောင်း ပြောလာသည်။

" ဟုတ်တယ် ၊ ဒီတစ်ခါ ရွေးကောက်ပွဲပြီးရင်တော့ ငါ ဝန်ကြီးချုပ်သား မဟုတ်တော့ဘူး "

သူ့အဖေ ဦးသန့်စင်တည်ကြည်မှာ အသက်ငယ်သေးသော်လည်း နှစ်ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သဖြင့် ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ အနားယူရတော့မည်ဖြစ်သည်။

" ဒါပေမဲ့ မင်းအဖေက ပြည်သူတွေရဲ့ရင်ထဲမှာ အမြဲရှိပြီး ချစ်ခင်လေးစားခံသွားရမဲ့ ဝန်ကြီးချုပ်ပဲ ၊ ခမည်းတော်ကတောင် ပြောနေတာ ၊ သူ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ မင်းအဖေလို ပြည်သူအများကြီးဆီက ထောက်ခံမှုရတဲ့သူ မတွေ့ဖူးခဲ့ဘူးတဲ့ "

သူ့အဖေအကြောင်းကို ရှင်းသန့်လည်း ကောင်းကောင်းသိပါသည်။ ဝန်ကြီးချုပ်ရာထူးကနေ အနားယူပြီးသည့်တိုင်အောင် နိုင်ငံရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေဦးမည်ဆိုတာ ။

" ပြီးတော့ မင်းအဖေက အာဏာရပါတီမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဆက်ရှိနေဦးမှာပဲ "

" ရွေးကောက်ပွဲမှာ ငါ့အဖေတို့ပါတီနိုင်မှ အာဏာရပါတီလို့ ပြောရမှာပါ "

" မင်းအဖေတို့ပါတီပဲ နိုင်မှာ ငါပြောရဲတယ် ရှင်းရ ၊ လူထုက မင်းအဖေကို ဒီလောက် ချစ်ခင်ယုံကြည်ကြတာ ၊ မင်းအဖေ ထောက်ခံတဲ့ပါတီကိုပဲ သူတို့ရွေးချယ်ကြမှာ "

ဘုဏ်းဇေလောက် နိုင်ငံရေးနှင့် ပတ်သက်ပြီး ရှင်းသန့် သိပ်မပြောတတ်ပါ။ အိမ်မှာတော့ သူ့အဖေရော သူ့အစ်ကိုပါ မဲဆွယ်စည်းရုံးရေးအတွက် ပြင်ဆင်မှုတွေ စနေကြတာ တွေ့နေရသည်။

" ဟေး.... ဘုဏ်းဇေ နဲ့ ရှင်းသန့် ၊ ဘာတွေပြောနေကြတာလဲ၊ မြန်မြန်ပြေးမယ် ၊ တိုင်းရေးပြည်ရေးဆွေးနွေးစရာရှိရင် နောက်မှဆွေးနွေး "

ခရာတစ်ခုကို လည်ပင်းမှာဆွဲပြီး ကွင်းအလယ်ကနေ သူတို့ဆီ လှမ်းအော်လိုက်သည့် ကာယဆရာမကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရယ်ကာ ခြေလှမ်းတွေ အရှိန်တင်လိုက်ကြရတော့သည်။

ထိုအချိန်မှာပဲ ...

" ဒိုင်း .... ဒိုင်း .... ဒိုင်း "

အဆက်မပြတ် ထွက်လာသည့် သေနတ်သံများကြောင့် အခြေအနေက ချက်ချင်းပင် ပြောင်းလဲသွားတော့၏ ။

" Breaking news
ငြိမ်းအေးသာစံမြို့တော်ရှိ အမှတ် ( ၁ ) အထက်တန်းကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားထိခိုက်မှုအခြေအနေသိသေးကျောင်းသားမိဘများအား ကျောင်းဝင်းအတွင်း ဝင်ခွင့် ပိတ်ပင်ထားဆဲ "

တစ်နိုင်ငံလုံးရှိ တီဗီချန်နယ်များနှင့် ရေဒီယိုလိုင်းများအားလုံးတွင် အဆိုပါသတင်းက ချက်ချင်း လွှမ်းမိုးသွားသည်။ မြို့တော်တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့၏။ လုံခြုံရေးရေးအဖွဲ့များနှင့် အရေးပေါ်ဆေးရုံကားများက ကျောင်းထဲတွင် ပြည့်နှက်နေသည်။ ဆေးရုံကားများ အလွယ်တကူ ဝင်လို့ထွက်လို့ရအောင် ကျောင်းလမ်းတစ်လျှောက်ကိုလည်း အသွားအလာများ ပိတ်ထား၏။

အခင်းဖြစ်ပွားပြီး ဆယ့်ငါးမိနစ်ခန့်ကြာသည်အထိ အခြေအနေက ရှုပ်ထွေးနေဆဲဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး၏ စိုးရိမ်ပူပန်မှုကလည်း ပို၍ပို၍ မြင့်တက်လာရ၏ ။ အကြောင်းမှာ နောက်ထပ်တက်လာသော သတင်းတစ်ခုကြောင့်ပင်။

" Breaking news
ငြိမ်းအေးသာစံမြို့တော်ရှိ အမှတ်(၁) အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး အိမ်ရှေ့မင်သားနှင့် ဝန်ကြီးချုပ်၏သားငယ်တို့ သူငယ်ချင်းနှစ်ဦးအား ရှာ၍မတွေ့သေးဘဲ ပျောက်ဆုံးနေဆဲဟုသိရ "

#PoPoPhoenix

( Feedbackလေးတွေ ပေးကြပါလို့ တောင်းဆိုပါတယ် ။ ပိုပို ပထမဆုံးရေးတဲ့ OC fiction ဖြစ်တာမို့ အရေးအသားမှာ အားနည်းချက်တွေရှိရင်လဲ နားလည်ပေးကြပါဦး ။ ဝေဖန်အကြံပြုချင်တာတွေ ရှိရင်လည်း ကြိုဆိုပါတယ်နော်။
ဒီ ficလေးကို သဘောကျရင် fbမှာလဲ reviewလေးတွေ ပေးပေးကြဖို့ မျှော်လင့်ပါတယ် ❤️ )

________________________________

( Unicode)

" ငါကေတာ့ ေကာင္းယံကို အခ်စ္ဆုံး "

ဖက္ထားသည့္ လက္တစ္စုံၾကားကေန ရွင္းသန႔္ ႐ုန္းထြက္ၿပီး အိမ္‌ေရွ႕မင္းသား၏စက္ရာေပၚမွ တစ္ခါတည္း ဆင္းလိုက္သည္။ ျပတင္းေပါက္က အလင္းေရာင္ကို ၾကည့္ျခင္းအားျဖင့္ ေနေတာ္ေတာ္ျမင့္ေနၿပီျဖစ္ေၾကာင္းလည္း ခန႔္မွန္း၍ရပါသည္။ နံရံေပၚက တိုင္ကပ္နာရီကေတာ့ ရွစ္နာရီထိုးၿပီးေၾကာင္း ျပသေန၏။

မေန႔ညက သူတို႔ သည္အခန္းထဲ ျပန္ေရာက္သည့္အခ်ိန္၌ ဆယ့္ႏွစ္နာရီပင္ ထိုးလုၿပီျဖစ္ေသာ္လည္း ႏွစ္ေယာက္သား ခ်က္ခ်င္းမအိပ္ျဖစ္ၾက။ ေရာက္တက္ရာရာ စကားမ်ားေျပာရင္း အိမ္ေရွ႕စံ ထုတ္ျပသည့္ ဓာတ္ပုံမ်ားကို ရွင္းသန႔္ၾကည့္ေနခဲ့သည္။ ေရွးေခတ္ နန္းတြင္းအဝတ္အစားပုံစံမ်ားႏွင့္ျဖစ္ျဖစ္ ယခုေခတ္ဝတ္စုံမ်ားႏွင့္ျဖစ္ျဖစ္ အရွင္မင္းသားေလးက လိုက္ဖက္တင့္တယ္မႈရွိေၾကာင္းကိုေတာ့ စိတ္ထဲကေနသာ သူ တိတ္တိတ္ေလး မွတ္ခ်က္ေပးခဲ့၏။

ဘုဏ္းေဇယ်ာေက်ာ္က ေလးတန္းေလာက္အထိ ပါးစုံေဖာင္းေဖာင္းေလးႏွင့္ဆိုတာကို သူလည္း မ်က္ျမင္ေတြ႕ခဲ့ရပါသည္ ။ အခုေတာ့ ေဘးတေစာင္းၾကည့္လွ်င္ ထင္းေနသည့္ ေမး႐ိုးမ်ားျဖင့္ မဟာဆန္ၿပီး ေယာက္်ားပီပီသသ ေခ်ာေမာလာသည့္ မ်က္ႏွာေပၚမွာ ထိုပါးစုံေဖာင္းေဖာင္းေလးမ်ား မရွိေတာ့ေပ။ ရယ္လိုက္တိုင္း ေကြးေကြးေလးျဖစ္သြားသည့္ မ်က္ဝန္းေလးမ်ားႏွင့္ အသည္းပုံႏႈတ္ခမ္းေလးကေတာ့ ငယ္ငယ္ကအတိုင္းပင္။

" ဘာေျပာလိုက္တယ္ "

အိပ္ရာေပၚမွာ ငုတ္တုတ္ထိုင္ကာ မ်က္ခုံး‌ႏွစ္ခုကို စုေနေအာင္ၾကဳတ္၍ ေမးလာသူ၏ပုံစံက အံတင္းတင္းႀကိတ္ၿပီး ရွင္းသန႔္စကားအေပၚ ေက်နပ္ပုံမရ။

" ငါကေတာ့ သူငယ္ခ်င္းေတြအားလုံးထဲမွာ ေကာင္းယံကို အခ်စ္ဆုံးလို႔ "

ဘုဏ္းေဇကို ေနာက္တစ္ႀကိမ္ ထပ္ေျပာၿပီး ေရခ်ိဳးခန္းဆီသို႔ ရွင္းသန႔္ ေျခဦးလွည့္ခဲ့သည္။ သို႔ေသာ္လည္း ကုတင္ေပၚက အရွင့္သားေလးက သူ႔ကို သြားခြင့္မျပဳေသး။

" ဘာလို႔ မင္းကက် ေကာင္းယံလဲ ၊ အဲလိုဆို ငါ့အေပၚ မတရားရာ မက်ဘူးလား "

" ဟမ္ "

ရွင္းသန႔္ ေရခ်ိဳးခန္းဆီသြားေနရင္း ေခါင္းကိုလည္ျပန္ၾကည့္မိသည္။ အိမ္ေရွ႕စံ၏မ်က္ႏွာက အမွန္တကယ္ပင္ တရားမွ်တမႈအတြက္ ေတာင္းဆိုေနသည့္ ဆႏၵေဖာ္ထုတ္သူလို။

" ငါက မင္းကိုအခ်စ္ဆုံးပါဆို မင္းအခ်စ္ဆုံးကလဲ ငါပဲ ျဖစ္ရမွာေပါ့ ၊ အဲဒီလိုမွ ညီတူညီမွ်ရွိမွာ မဟုတ္ဘူးလား "

သူ ဘာမွ်မေျဖရွင္းေတာ့ဘဲ ေခါင္းရမ္းၿပီးသာ ေရခ်ိဳးခန္းထဲ ဝင္လိုက္ေတာ့၏။ ညက သူ႔အတြက္ ထုတ္ေပးထားေသာ သြားတိုက္တံျဖင့္ သြားတိုက္ မ်က္ႏွာသစ္ၿပီး အျပင္ျပန္ထြက္လာသည္အထိ ဘုဏ္းေဇက ခုနကပုံစံအတိုင္း ရွိေနေသးသည္။ ေရခ်ိဳးခန္းအျပင္သို႔ သူေျခတစ္လွမ္းခ်လိုက္ကာစမွာပင္ အိမ္ေရွ႕စံတို႔က မၿပီးျပတ္ေသးေသာဇာတ္လမ္းကို ဆက္ဖို႔ျပင္ေတာ့သည္။

" ဘာလို႔ ေကာင္းယံလဲ "

" ေကာင္းယံက ငါနဲ႔ မူႀကိဳကတည္းက ေပါင္းလာတဲ့ သူငယ္ခ်င္းေလ ၊ ငါတို႔အဖြဲ႕ထဲမွာ သူက အငယ္ဆုံးလဲ ျဖစ္သလို ခႏၶာကိုယ္ကလဲ အညႇက္ဆုံးပဲ ၊ အဲဒီေတာ့ သူ႔ကိုပဲ ပိုခ်စ္ေပးရမွာေပါ့ "

" ဘာမွလဲမဆိုင္ဘူး "

ဆိုင္တာ မဆိုင္တာေတြ ရွင္းသန႔္လည္း မသိေတာ့ပါ။ ပါးစပ္ထဲရွိရာကိုသာ ၿပီးၿပီးေရာ ေလွ်ာက္ေျပာျခင္း ျဖစ္၏။

" ဒါဆို ေကာင္း‌ယံ စိတ္ေကာက္ရင္ေရာ မင္း သူ႔အိမ္ သြားေခ်ာ့မွာလား "

" ေကာင္းယံက မင္းလို စိတ္မေကာက္ဖူးဘူး "

" ေကာင္းယံနဲ႔ေရာ မင္း ညဘက္ေလွ်ာက္သြားၿပီး အတူတူ အိပ္မွာလား "

" မင္းသားေလး ၊ မင္း ငါ့ကို မနက္စာ ေကြၽးမွာလား ၊ မေကြၽးရင္လဲ ငါ့အိမ္ကကားကို လာႀကိဳခိုင္းၿပီး ျပန္ေတာ့မယ္ "

ရွင္းသန႔္ သိသိသာသာ စကားလမ္းေၾကာင္း လႊဲလိုက္မွ အေမးအျမန္းထူေနသည့္ အရွင့္သားေလးက ကုတင္ေပၚမွဆင္းကာ မ်က္ႏွာသစ္ျခင္းအမႈတို႔ကို ျပဳေတာ္မူေတာ့သည္။ သို႔ေသာ္ သည္ကိစၥက သည္ေလာက္ႏွင့္ ၿပီးမသြားေသး ။ မနက္စာ သြားစားဖို႔ အခန္းထဲက ထြက္လာစဥ္မွာပင္ ေနာက္တစ္ႀကိမ္ ေမးျပန္ေသးသည္။

" တကယ္ ေကာင္းယံကို အခ်စ္ဆုံးလား "

" ေအး "

သူ႔ကို လွည့္မၾကည့္ေတာ့ဘဲ ေရွ႕ကေန မ်က္ေမွာင္ႀကီးၾကဳတ္ကာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ အျမန္သြားေနသူေၾကာင့္ ရွင္းသန႔္မွာ ငိုရခက္ ရယ္ရခက္ ျဖစ္ေနပါၿပီ။ အေစာပိုင္းက အႏွီအိမ္ေရွ႕မင္းသား၏ ရင္ခြင္ထဲမွာ ခုန္သြားသည့္ သူ႔ႏွလုံးသားကိုေတာင္ သူေမ့သြားေတာ့သည္။

ဘုဏ္းေဇ၏ေမြးေန႔ကဲ့သို႔ အခမ္းအနားမ်ိဳးရွိလွ်င္ ရွင္းသန႔္အေနျဖင့္ နန္းေတာ္ထဲ ေရာက္ေလ့ရွိေသာ္လည္း ယခုလို နန္းေဆာင္မ်ားေပၚအထိေတာ့ မေရာက္ဖူးခဲ့ပါ။ အမ်ားအားျဖင့္ ဥယ်ာဥ္ေတာ္ထဲႏွင့္ ေရကန္ဘက္သာ ေရာက္ခဲ့သည္။ ထို႔ေၾကာင့္ တျခားနန္းေဆာင္မ်ား မဆိုထားႏွင့္ ။ ဘုဏ္းေဇ၏အေဆာင္တစ္ခုတည္းကိုပင္ ရွင္းသန႔္မွာ ေငးစရာမ်ား ျပည့္ေနေတာ့၏။ အဝတ္အစားမ်ားထားရွိရာအခန္းႏွင့္ ကပ္လ်က္မွာရွိသည့္ ဂီတတူရိယာမ်ားထားသည့္အခန္းကိုေတာ့ သူအအံ့ဩဆုံးဟု ေျပာရမည္။ အမွန္မွာ အခန္းကိုအံ့ဩျခင္းမဟုတ္ဘဲ ထိုအခန္းထဲတြင္ရွိသည့္ ေစာင္း ၊ ပတၱလား ၊ ႏွဲ ၊ တေယာ ၊ စႏၵရား၊ ဂီတာ ၊ ဒရမ္တို႔ကို ကြၽမ္းကြၽမ္းက်င္က်င္ တီးတတ္မႈတ္တတ္ေသာ ဘုဏ္းေဇယ်ာေက်ာ္ကို အံ့ဩျခင္းသာ။

ဧကရာဇ္ႏွင့္ၾကင္ယာေတာ္တို႔ ေနထိုင္သည့္ 'ဘုံရတနာနန္း' စံအိမ္ေတာ္ႀကီးသည္ မကိုဋ္ရတနာနန္းေတာ္ရာ၏ ပင္မနန္းေဆာင္ျဖစ္ၿပီး နန္းေတာ္ျပင္ပမွလူမ်ား ေတာ္႐ုံ ဝင္ထြက္ခြင့္မရွိေသာ ေနရာလည္းျဖစ္၏။

နန္းေတာ္ဝင္းအတြင္းရွိ အေဆာင္မ်ားအားလုံးသည္ အႏုစိတ္ဗိသုကာလက္ရာမ်ားျဖင့္ ခမ္းနားသည့္ ႏွစ္ထပ္အေဆာက္အဦးမ်ားျဖစ္ၾကၿပီး အေဆာင္ေပၚရွိ ျပႆာဒ္အေရအတြက္မွာမူ ေနထိုင္သူ၏ အဆင့္အလိုက္ ကြာျခားမႈရွိၾကသည္။ ဧကရာဇ္တို႔၏ နန္းေဆာင္တြင္ ျပႆာဒ္ခုနစ္ဆင့္ပါၿပီး အိမ္ေရွ႕စံ ေနထိုင္သည့္ ဘုံျမနန္း အေဆာင္မွာေတာ့ ျပႆာဒ္ငါးဆင့္ပါ၏။

ဘုံရတနာနန္း စံအိမ္ေတာ္သည္ နန္းေတာ္ဝင္း၏ အလယ္ဗဟိုတြင္ တည္ရွိၿပီး ယင္း၏ေျမာက္ဘက္တြင္ ေရွးယခင္ဘုရင္မ်ားလက္ထက္က ညီလာခံက်င္းပရာ ရာဇပလႅင္ပါဝင္သည့္ လႊတ္ေတာ္အေဆာက္အဦးရွိေလသည္။ ဒုတိယကမာၻစစ္အၿပီး၌ ဘားမားႏိုင္ငံ‌တြင္ သက္ဦးဆံပိုင္ပေဒသရာဇ္စနစ္ကို ဖ်က္သိမ္းၿပီး စည္းမ်ဥ္းခံဘုရင္စနစ္ကို စတင္က်င့္သုံးခဲ့သည့္အခ်ိန္မွစ၍ ထိုလႊတ္ေတာ္အေဆာက္အဦးအား သမိုင္းဝင္အေဆာက္အဦးတစ္ခုအျဖစ္ ထိန္းသိန္းထားခဲ့သည္မွလြဲလွ်င္ အသုံးျပဳျခင္းမရွိခဲ့ေပ။

နန္းေတာ္ဝင္းတစ္ခုလုံးကို ေငးရင္း ေရွ႕က စိတ္ေကာက္ၿပီး အျမန္သြားေနသူကိုလည္း ရွင္းသန႔္မွာ အမီလိုက္ရေသးသည္။ အိမ္ေရွ႕စံ၏ နန္းေဆာင္ထဲတြင္ ထမင္းစားခန္းရွိေသာ္လည္း ဘုဏ္းေဇက မိသားစုႏွင့္အတူ အဘြားျဖစ္သူ၏ ' ဘုံထည္ဝါနန္း' အေဆာင္မွာသာ အၿမဲတမ္းသြားစားေလ့ရွိသူမို႔ အခုလည္း ရွင္းသန႔္ပါ ထိုအေဆာင္အထိ အတူလိုက္ရျခင္းပင္။

" တကယ္ ေကာင္းယံလား "

ထမင္းစားခန္းအဝင္အေရာက္ ေနာက္တစ္ႀကိမ္ထပ္ေမးလာသူအား ရွင္းသန႔္ ဘာမွ်ျပန္မေျဖလိုက္ေပ။

" မင္းသားေလးတို႔ ဘာစားၾကမလဲ ၊ ဒီေန႔အတြက္ အထူးမနက္စာအေနနဲ႔ အုန္းႏို႔ေခါက္ဆြဲ ခ်က္ထားပါတယ္ ၊ ေထာပတ္ထမင္းနဲ႔ ဆိတ္သားႏွပ္လဲ ရွိပါတယ္ ၊ ေကာ္ဖီတို႔ လက္ဖက္ရည္တို႔ ေသာက္မယ္ဆိုရင္လဲ ေဖ်ာ္လိုက္ပါ့မယ္ "

မုန႔္မ်ိဳးစုံခ်ထားသည့္ ဆုံလည္စားပြဲဝိုင္းႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္စီမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး ေနရာယူလိုက္သည့္ သူတို႔ႏွစ္ေယာက္ကို အစားအေသာက္ ျပင္ေပးဖို႔အတြက္ အမႈထမ္းမ်ားက ေဘးမွာ အဆင္သင့္ ေစာင့္ေနၾက၏။ ဘုဏ္းေဇက မရယ္မၿပဳံးေသာ မ်က္ႏွာျဖင့္ ရွင္းသန႔္ကို ေမးဆတ္ျပသည္။ ဘာစားမလဲဆိုသည့္သေဘာဟု ရွင္းသန႔္ ကိုယ့္ဟာကိုယ္ နားလည္လိုက္ရသည္။

" အုန္းႏို႔ေခါက္ဆြဲပဲ စားမယ္ "

" က်ေနာ့္ကိုလဲ အုန္းႏို႔ေခါက္ဆြဲပဲ ျပင္ေပးေနာ္ ၊ ၿပီးရင္ က်ေနာ္တို႔ႏွစ္ေယာက္တည္း ထားခဲ့လိုက္ ၊ သူ ေနရခက္ေနမွာစိုးလို႔ "

ေဘးမွာ လူေတြ ရပ္ေနလွ်င္ စားရတာ မ်ိဳက်မည္မဟုတ္ဟူသည့္ ရွင္းသန႔္၏အေတြးကို ဘုဏ္းေဇက သိေနသည့္အလား။ သည္လိုဆိုေတာ့လည္း သူငယ္ခ်င္းျဖစ္သူကို စိတ္ထဲကေန ႀကိတ္ၿပီး ေက်းဇူးတင္ရေသးသည္။

" တကယ္ ေကာင္းယံလားလို႔ "

အုန္းႏို႔ေခါက္ဆြဲတစ္ဇြန္းကို ပါးစပ္ထဲထည့္မည့္ဆဲဆဲ ဘုဏ္းေဇက မ်က္ႏွာခ်င္းဆိုင္ကေန လက္ပိုက္ၿပီး ေမးလာသျဖင့္ ရွင္းသန႔္မွာ သူလည္း မစားေသးဘဲ ဇြန္းကိုျပန္ခ်ရေတာ့သည္။

" ဘာျဖစ္လို႔ ဒါကိုပဲ ထပ္ခါတလဲလဲ ေမးေနတာလဲလို႔၊ မင္း တကယ္ပဲ အဲလိုလုပ္မွ ျဖစ္မွာလား "

" မင္းဆီက အေျဖေျပာင္းေျပာတာ လိုခ်င္လို႔ေလ ၊ မဟုတ္ရင္ ငါ့အတြက္ ဘယ္မွ်တမႈ ရွိပါ့မလဲ "

အကယ္၍ သူေရာက္ေနသည့္ေနရာသာ အျခားတစ္ေနရာရာ ျဖစ္ပါက ရွင္းသန႔္ ဘုဏ္းေဇကို ဘာထလုပ္မိမည္မသိပါ ။ အခုေတာ့ သူက သည္အိမ္ေရွ႕မင္းသား၏ ပိုင္နက္ထဲမွာ။ စိတ္ထဲရွိသည့္အတိုင္း ဘုဏ္းေဇယ်ာေက်ာ္၏ေခါင္းကို တစ္ခ်က္ေလာက္ခ်ထည့္လိုက္လွ်င္ေတာ့ အရွင္မင္းသားေလး၏ ကိုယ္ရံေတာ္အမႈထမ္းမ်ားျပည့္ေနသည့္ ေနရာမွာ သူ႔ဘဝကား မေတြးရဲစရာေပ။

" ငါ့ႏွယ္ .... ဒီပုံစံနဲ႔ ဘုရင္လုပ္ဦးမယ္တဲ့ ၊ မင္း ဘုရင္ျဖစ္တဲ့ အခ်ိန္က်ရင္ ငါေတာ့ ဒီႏိုင္ငံမွာ မေနေတာ့ဘူး ၊ မင္းနဲ႔ေဝးတဲ့ႏိုင္ငံ သြားေနမွာ "

" မင္းစကားကို အခုခ်က္ခ်င္း ျပန္႐ုတ္သိမ္းလိုက္ ရွင္းသန႔္တည္ "

ဘုဏ္းေဇ၏ေလသံက ပို၍တင္းမာလာၿပီး ေမးေၾကာမ်ားလည္း ေထာင္လာသည္။ အခုမွ တကယ္စိတ္ဆိုးသြားၿပီထင္၏။

" ငါက ဒီတိုင္းပဲ စလိုက္တာကို မင္း ဘာျဖစ္... "

" အဲဒီလိုစကားမ်ိဳးကို စေနာက္ၿပီးေတာ့ေတာင္ မေျပာနဲ႔ "

" အိုေခ အိုေခ ၊ မေျပာေတာ့ဘူး ၊ ငါ ျပန္႐ုတ္သိမ္းတယ္၊ ဟုတ္ၿပီလား "

ဘုဏ္းေဇယ်ာေက်ာ္တစ္ေယာက္ တကယ္အေလးအနက္ ခံစားၿပီး ေျပာေနသည္ကို ရွင္းသန္႔ သိသျဖင့္ သူကပဲ အေလွ်ာ့ေပးၿပီး အုန္းႏို႔ေခါက္ဆြဲ စားဖို႔သာ ျပင္လိုက္ေတာ့သည္။ သို႔ေသာ္လည္း ဘာစကားမွ ထပ္မေျပာဘဲ ေရွ႕တည့္တည့္မွ သူ႔အားစိုက္ၾကည့္ေနသူကို ျမင္ေနရေသာေၾကာင့္ ေနာက္တစ္ႀကိမ္ ဇြန္းအား ျပန္ခ်ရျပန္၏။

" ဘာလဲ ၊ ဘာက်န္ေသးတာလဲ ၊ ဘာကို မေက်နပ္လို႔ ဘယ္စကားကို ျပန္႐ုတ္သိမ္းေပးရဦးမွာလဲ ေျပာ "

" တကယ္ ေကာင္းယံကို အခ်စ္ဆုံးလား "

ထရယ္လိုက္ျပန္လွ်င္လည္း သူ႔ေရွ႕က မ်က္ခုံးတန္းႀကီးႏွစ္ခုက ပိုၿပီးတြန႔္ခ်ိဳးသြားလိမ့္ဦးမည္။ လိုခ်င္သည့္အေျဖကို မရရေအာင္ ဂ်စ္တိုက္ေနသည့္ အိမ္‌ေရွ႕ကိုယ္ေတာ္ေလးနဲ႔ေတာ့ ခက္ပါဘိ။

" မဟုတ္ပါဘူးဘုရာ့ ၊ အရွင့္သားကိုသာ က်ေနာ္မ်ိဳး အခ်စ္ဆုံးပါ ၊ အရွင္မင္းသားကသာ က်ေနာ္မ်ိဳးအတြက္ ေဟာဒီလူ႔ဘုံေလာကမွာ ႏွစ္ေယာက္မရွိႏိုင္တဲ့ အခ်စ္ရဆုံးနဲ႔အေကာင္းဆုံး သူငယ္ခ်င္းပါ ၊ ဒီေလာက္ဆို ေက်နပ္ေတာ္မူပါေတာ့ ၊ ဗိုက္လည္း ဆာေနပါၿပီ၊ အုန္းႏို႔ေခါက္ဆြဲေလး ေအးေအးေဆးေဆး စားခြင့္ျပဳပါေတာ့ဘုရာ့ "

႐ြဲ႕ေျပာေနမွန္းသိေသာ္လည္း ၾကည္ႏူးစိတ္က ဘုဏ္းေဇ ရင္ထဲမွာ အတိုင္းအဆမရွိ။ ႀကဳံ႕ေနေသာမ်က္ခုံးတန္းတို႔ မဆိုင္းမတြ ေျပေလ်ာ့သြားသည္။ တည္တင္းေနေသာ ႏႈတ္ခမ္းတစ္စုံက ခ်က္ခ်င္းပင္ ေကာ့ၫႊတ္သြား၏။

ရွင္းသန႔္တည္ၾကည္ဆိုသည့္ ေကာင္ေလးဆီမွာ သူသာလွ်င္ နံပါတ္တစ္ ဦးစားေပးျဖစ္ခ်င္ခဲ့တာ ဘယ္အခ်ိန္ကတည္းကလဲ ဘုဏ္းေဇ သူ႔ကိုယ္သူပင္ မသိခဲ့ပါ။

မနက္စာစားၿပီး ထြက္လာသည့္အခ်ိန္တြင္ ဧကရာဇ္ ဦးဘုဏ္းမဟာေက်ာ္က လမ္းေလွ်ာက္ရင္း သူတို႔ႏွစ္ဦးကို ေစာင့္ေနတာ ေတြ႕ရသည္။ ဧကရာဇ္၏စကားအရ ဘုဏ္းေဇ၏မယ္ေတာ္ႏွင့္အစ္မေတာ္တို႔က အခမဲ့ သားဖြားေဆး႐ုံတစ္႐ုံ၏ ရံပုံေငြရွာပြဲ အခမ္းအနားတစ္ခုသို႔ သြားေရာက္ေၾကာင္းလည္း သိရ၏။ မယ္ေတာ္ႀကီးကေတာ့ တရားမွတ္ေနၿပီတဲ့ ။

" ညက ဘယ္အခ်ိန္မွ ျပန္ေရာက္ၾကတာလဲ "

ဧကရာဇ္ကိုယ္တိုင္ တိုးတိုးတိတ္တိတ္ ခြင့္ျပဳထားသည္မွန္း သိေသာ္လည္း အခုလို ထုတ္ေမးလာေတာ့ ရွင္းသန႔္ အနည္းငယ္ စိတ္လႈပ္ရွားသြားတာ အမွန္။ ဘုဏ္းေဇကေတာ့ အၿပဳံးအပ်က္ေပ။

" ခမည္းေတာ္ ဘယ္လိုသိလဲ ၊ တစ္ေယာက္ေယာက္က ျပန္ေျပာတာလား ၊ ခမည္းေတာ္္ကိုယ္တိုင္ ျမင္တာလား "

သူ႔သားေတာ္၏ စကားၾကားၿပီး ဦးဘုဏ္းမဟာေက်ာ္က ရယ္သည္ ။ မ်က္လုံးေလးမ်ား ေကြးၿပီး ကြယ္ေပ်ာက္လုနီးနီး ျဖစ္သြားပုံက ဘုဏ္းေဇႏွင့္ သားအဖဟု မေျပာရ။ ဧကရာဇ္ေရာ ငယ္ငယ္က စိတ္ေကာက္တတ္သလားလို႔ေတာင္ ရွင္းသန႔္ သိခ်င္မိသည္။

" တစ္ခုမွ မဟုတ္ဘူး ၊ ခမည္းေတာ္ ကိုယ့္ဟာကိုယ္ ခန႔္မွန္းၾကည့္တာ ၊ ခမည္းေတာ္ေပးထားတဲ့ လက္ေဆာင္ကို သား ဘယ္အခ်ိန္ အသုံးခ်မလဲလို႔ သိခ်င္ေနခဲ့တာ ၊ ဒါဆို ခမည္းေတာ္ ခန႔္မွန္းတာ မွန္သြားတယ္ေပါ့ "

သူတို႔ႏွစ္ေယာက္စလုံး ေခါင္းညိတ္ျပေတာ့ ဧကရာဇ္က သူတို႔ေခါင္းေပၚကို လက္ျဖင့္ ခပ္ဖြဖြပုတ္သည္။ ၿပဳံးေနသည့္မ်က္ႏွာမွာလည္း မာန္မာနမရွိ ေႏြးေထြးလွပါ၏။

" သား ရွင္းသန႔္‌ေရာ ညက အိပ္လို႔ေပ်ာ္ရဲ႕လား "

" ဟုတ္ကဲ့ ၊ ေကာင္းေကာင္း အိပ္ေပ်ာ္ပါတယ္ဗ် "

ဧကရာဇ္က ရွင္းသန႔္ကို ေနာက္လည္း မၾကာမၾကာ လာလည္ဖို႔ ဖိတ္ေခၚသည္။ ထို႔ေနာက္ ဘုဏ္းေဇက သူ႔အား ေတာ္ဝင္မိသားစု၏ ျမင္းမ်ားထားရွိရာ ျမင္းေဇာင္းထဲသို႔ ေခၚလာၿပီး ဟက္ပီးေလးႏွင့္ မိတ္ဆက္ေပး၏။

" ဟက္ပီးေလး ၊ ကိုကိုရွင္းရွင္းကို ႏႈတ္ဆက္လိုက္ "

ဟက္ပီးေလးကို အနီးကပ္မေတြ႕ဖူးေသာ္လည္း ဘုဏ္းေဇဆီက စကားမ်ားမွတစ္ဆင့္ ရွင္းသန႔္ ရင္းႏွီးၿပီးသားပါ။ ဘုဏ္းေဇ ေျပာသမွ်ထဲမွာ တစ္ေန႔သုံးခါေလာက္ေတာ့ ဟက္ပီးေလးအေၾကာင္းမပါမၿပီး။ ျမင္းေဇာင္းထဲမွ ဘုဏ္းေဇကိုယ္တိုင္ ထုတ္ယူလာေသာ တစ္ကိုယ္လုံး မဲနက္ေျပာင္လက္ေနသည့္ ဟက္ပီးေလးသည္ ျမင္႐ုံျဖင့္ သူ႔သခင္၏စကားကို မည္မွ်နာခံမႈရွိေၾကာင္း သိသာလွပါသည္။

" သိလား ရွင္း ... စိတ္ဒဏ္ရာရွိတဲ့လူေတြ ၊ စိတ္က်န္းမာေရး အားနည္းခ်က္ရွိတဲ့လူေတြကို ကုသေပးတဲ့ေနရာမွာ အကူအညီျဖစ္ေစတဲ့ တိရိစာၦန္ေလးေတြထဲ ျမင္းေလးေတြလဲ ထိပ္ဆုံးကပါတယ္တဲ့ ၊ ျမင္းေတြက လူေတြရဲ႕စိတ္ခံစားခ်က္ကို နားလည္တယ္၊ သူတို႔ကို ေကာင္းေကာင္းမြန္မြန္နဲ႔ ၾကင္ၾကင္နာနာဆက္ဆံရင္ သူတို႔က ေက်နပ္ၿပီး ကိုယ့္ကို ေကာင္းေကာင္းမြန္မြန္ ျပန္ဆက္ဆံၾကတယ္ "

ျမင္းစီးကြင္းရွိရာသို႔ ဟက္ပီးေလးကို ဆြဲေခၚလာရင္း ဘုဏ္းေဇက ရွင္းသန႔္ကို ျမင္းေတြအေၾကာင္း ေျပာျပသည္။ ရွင္းသန႔္ကေတာ့ ျမင္းလဲမစီးတတ္သလို ဘယ္ျမင္းႏွင့္မွလည္း အထိအေတြ႕ မရွိခဲ့ဖူးပါ။

" သူတို႔ေလးေတြကို ေရခ်ိဳးေပး၊ အေမႊးေတြကို ေသခ်ာပြတ္တိုက္ေပး ၊ ကိုယ္တိုင္ လက္ဖဝါးေပၚ အစာတင္ေကြၽးတာမ်ိဳးေတြလုပ္ၿပီး ရင္းႏွီးမႈရၿပီဆိုမွ စီးၾကရတယ္ ၊ ဒီလိုမ်ိဳး သူတို႔လည္ပင္းကိုပုတ္ေပးၿပီး ခ်ီးက်ဳးစကားေျပာေပးရင္ သူတို႔က ကိုယ့္စကားကို ပိုၿပီးနာခံၾကတယ္ "

ဘုဏ္းေဇက ေျပာလည္းေျပာရင္း ဟက္ပီးေလး၏ လည္ပင္းကိုလည္း ပြတ္ေပးေနသည္။ ထို႔အျပင္ ဟက္ပီးေလး၏ဦးေခါင္းကိုပါ သူ႔ပါးႏွင့္ ကပ္ၿပီး ေခ်ာ့ျမႇဴေနေသးသည္။ ဟက္ပီးေလးကလည္း သူ႔သခင္ျပဳမူသမွ်ကို တည္တည္ၿငိမ္ၿငိမ္ပင္ ခံယူေန၏။

" စီးၾကည့္မလား ရွင္း "

" ငါမွ ျမင္းမစီးတတ္တာ "

" ငါ ထိန္းေပးမွာေပါ့ "

ရွင္းသန႔္ တြန႔္ဆုတ္တြန္႔ဆုတ္ ျဖစ္ေနစဥ္မွာပဲ ဘုဏ္းေဇက သူ႔ကို ျမင္းေပၚ အတင္းတက္ခိုင္းသည္။ သူ႔ဟက္ပီးေလးက လိမၼာေၾကာင္းႏွင့္ ဘာမွ်မျဖစ္ေစရေၾကာင္းကိုလည္း တတြတ္တြတ္ အာမခံေနေသးသည္။ ဤသို႔ျဖင့္ ရွင္းသန႔္လည္း ျမင္းေပၚေရာက္သြား၏။ သူတစ္ေယာက္တည္းေတာ့မဟုတ္ ။ ဘုဏ္းေဇက သူ႔ေနာက္မွာထိုင္ၿပီး ျမင္းဇက္ႀကိဳးကိုလည္း ကိုင္ထားသျဖင့္ သူက အလိုလို ဘုဏ္းေဇ၏ ရင္ခြင္ထဲ ေရာက္ေနျပန္သည္။

" ႀကိဳးကို သာသာပဲကိုင္ ၊ ေၾကာက္အားလန႔္အားနဲ႔ အတင္းမဆြဲနဲ႔ ၊ အတင္းဆြဲေလ သူတို႔ကပိုေျပးေလပဲ ၊ ႀကိဳးကို မကိုင္ခ်င္ရင္လဲ ငါ့လက္ကိုကိုင္ထား "

အိမ္ေရွ႕စံ၏ ႏႈတ္ဖ်ားမွလာေသာ ေလေငြ႕ေႏြးေႏြးက ရွင္းသန႔္မ်က္ႏွာေဘးမွာ ႐ိုက္ခတ္ေနသည္။ လိုအပ္၍လား တမင္တကာလားမသိ ၊ ဘုဏ္းေဇယ်ာေက်ာ္က သူ႔ပုခုံးေပၚ ေမးတင္ထားေသး၏။ ထိုပုံစံအတိုင္း သူ႔ဘက္ကို ‌ေစာင္းငဲ့ၿပီး စကားေျပာေသာအခါ အရွင့္သားေလး၏ ႏွာတံခြၽန္ခြၽန္က သူ႔ပါးျပင္ႏွင့္ မိတ္ဆက္လုနီးနီး ။

ရွင္းသန႔္ႏွလုံးခုန္သံေတြ ျမန္လာၿပီးအသည္းေတြ ယားက်ိက်ိ ျဖစ္လာသလို ခံစားရသည္မွာ ျမင္းတစ္ခါမွ် မစီးဖူး၍ စိတ္လႈပ္ရွားေနျခင္းပဲလား ။ သူ႔နား႐ြက္ဖ်ားမ်ား ရဲတက္ေနသည္ကိုေတာ့ သူကမျမင္ဘဲ သူ႔ေနာက္ေက်ာက တစ္စုံတစ္ေယာက္ကျမင္ၿပီး ၿပဳံးေနခဲ့သည္။

" ေတာ္ၿပီ ဘုဏ္းေဇ ၊ ငါ မစီးခ်င္ေတာ့ဘူး ၊ ရပ္ေတာ့ "

ေျပာင္လက္ေနသည့္ အနက္ေရာင္အေမႊးမ်ားႏွင့္ ဟက္ပီးေလးသည္ ၾကက္ေသြးေရာင္ႏွင့္နက္ျပာေရာင္ ညအိပ္ဝတ္စုံဝတ္ထားေသာ ေကာင္ေလးႏွစ္ေယာက္ကို သူ႔ေက်ာေပၚတင္ၿပီး အရွိန္အဟုန္ျဖင့္ လမ္းေၾကာင္းတစ္ေလွ်ာက္ေျပးလႊားလ်က္ရွိသည္။ ျမင္းထိန္းတခ်ိဳ႕ကလည္း ခပ္ေဝးေဝးမွ သူတို႔ကို လွမ္းၾကည့္ေနၾက၏။

ဘုဏ္းေဇ ျမင္းဇက္ႀကိဳးကိုထိန္းၿပီး ရပ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ရွင္းသန႔္က ျမင္းေပၚကေန ခ်က္ခ်င္းခုန္ဆင္းသည္။ သူကေတာ့ မဆင္းေသး ။

" လာ ေနာက္ကတက္ "

" ေတာ္ၿပီ ၊ မင္းဟာမင္း စီးေတာ့ "

" လာပါ့ဆိုကြာ ၊ ငါ ျဖည္းျဖည္းပဲ စီးမွာ ၊ ဒီေလာက္ေလးကို ေၾကာက္မေနနဲ႔ "

သူ႔ကို ငေၾကာက္လို႔လည္း ရွင္းသန႔္ အထင္မခံႏိုင္ျပန္။ တကယ္လည္း သူက ေၾကာက္၍ မစီးခ်င္ေတာ့တာမွမဟုတ္ဘဲေလ ။ ရွင္းသန႔္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္ၿပီး ျမင္းေပၚ ျပန္တက္လိုက္သည္။သူကေတာ့ ဘုဏ္းေဇပုခုံးေပၚကို ေမးတင္မထား။

" ႀကိဳးကို လွမ္းမကိုင္ခ်င္ရင္ ငါ့ခါးကိုကိုင္ထား "

တစ္မိနစ္ခန႔္အၾကာမွာေတာ့ ေနာက္ကေန စီးမိတာ ပိုမွားသြားၿပီမွန္း ရွင္းသန႔္ သိလိုက္ရသည္။ ဘုဏ္းေဇ၏ ျဖည္းျဖည္းပဲ စီးမည္ဆိုေသာစကားကို သူမယုံခဲ့သင့္။ ေျပးေနေသာ ဟက္ပီးေလး၏ေျခေထာက္သည္ ေျမေပၚေတာင္ က်ရဲ႕လားဟု သံသယဝင္မိသည္အထိ အရွိန္က ျမန္လြန္းလွသည္။

"မင္းသားေလး ၊ မင္းေျပာေတာ့ ျဖည္းျဖည္းစီးမွာဆို ....အာ့ "

ဘုဏ္းေဇ၏ခါးေပၚက အက်ႌစကို ရွင္းသန႔္ ကိုင္ထား႐ုံႏွင့္ မလုံေလာက္ေတာ့ ။ ေနာက္ေက်ာကေန အိမ္ေရွ႕စံ၏ ခါးတစ္ခုလုံးကို လက္ႏွစ္ဖက္ျဖင့္ က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားရသည္။

" အစုတ္ပလုတ္ေကာင္ "

သူ႔ရင္ဘတ္ႏွင့္ ေရွ႕ကေက်ာျပင္တစ္ခုလုံးက ကပ္ေနၿပီး ပုခုံးေပၚကို မ်က္ႏွာေမွာက္ကာ ခပ္တိုးတိုးဆဲေရးေတာ့လည္း မင္းသားေလးက ျမင္းေပၚမွာ တစ္ကိုယ္လုံး သိမ့္သိမ့္တုန္ေအာင္ ရယ္ေနျပန္သည္။ သည္လိုမ်ိဳးက် အရွင္သခင္ေလးက စိတ္မေကာက္။

" ရပ္ေတာ့လို႔ ဟိတ္ေကာင္ရ ၊ ငါ ခုန္ခ်ေတာ့မွာေနာ္ "

ရွင္းသန႔္ ၿခိမ္းေျခာက္လိုက္၍ပဲလား ၊ သူ႔စိတ္တိုင္းက် စီးၿပီး၍ပဲလားမသိ၊ ဘုဏ္းေဇက ဟက္ပီးေလးကို ရပ္တန႔္လိုက္သည္။ သို႔ေသာ္ အရွိန္ေလွ်ာ့ၿပီး ျဖည္းျဖည္းခ်င္း ရပ္တာမ်ိဳးမဟုတ္ ။ ဟက္ပီးေလး၏ ေရွ႕ေျခေထာက္ႏွစ္ေခ်ာင္းက အေပၚကိုေထာင္လိုက္သျဖင့္ ေက်ာေပၚက သူတို႔ႏွစ္ဦးမွာ ေနာက္ကိုအနည္းငယ္ လန္သြားသည္။

" အား... "

ရွင္းသန႔္ ေၾကာက္အားလန႔္အားျဖင့္ ဘုဏ္းေဇကို အသားကုန္ကပ္တြယ္ဖက္ထားၿပီး မ်က္လုံးႏွစ္လုံးကိုလည္းမွိတ္ကာ မ်က္ႏွာအပ္ထားသည့္ပုခုံးေပၚကို သြားႏွင့္ကိုက္ခ်လိုက္၏။

" ဟားဟား.... ဘာမွမျဖစ္ေစရပါဘူးဆို ၊ အဲေလာက္ ေၾကာက္ရလားကြာ "

သူ႔ပုခုံးေပၚမွာ ကိုက္ခံထားရသည့္ သြားရာအကြင္းလိုက္ကို အိမ္ေရွ႕စံတို႔က ဂ႐ုမစိုက္ဘဲ ရွင္းသန႔္ကိုသာ ၾကည့္ရယ္ေနသည္။

" မင္းက လူလိုမွ မစီးတာ "

" ျမင္းၿပိဳင္ပြဲေတြဆို ဘယ္လိုလုပ္မလဲ မင္း "

" မသိဘူး ၊ ငါ ၿပိဳင္မွာမွ မဟုတ္တာ ၊ ဒါနဲ႔ မင္းပုခုံးက နာသြားလား ျပဦး "

" မနာပါဘူး ၊ ဒီေလာက္ကေတာ့ ေအးေဆး "

ရွင္းသန႔္က ၾကည့္မည္ဆိုတာကို ဘုဏ္းေဇက အၾကည့္မခံေပ။ သူ အားႏွင့္ ကိုက္ခ်လိုက္သျဖင့္ ဘာမွမျဖစ္ဘဲေတာ့ ေနမည္မဟုတ္မွန္း သူသိပါသည္။ ဒဏ္ရာကို မျမင္ရမွ ေသြးမ်ားထြက္ေနမလားဟု စိုးရိမ္သြား၏။

" ေပါက္သြားလားလို႔ ငါၾကည့္ဦးမယ္ ျပ "

" ေပါက္သြားလဲ ဘာမွမျဖစ္ဘူးလို႔ ၊ ငါ မနာပါဘူးဆို ရွင္းရာ ၊ ဘာလဲ စိတ္မေကာင္းျဖစ္သြားတာလား "

ဟက္ပီးေလးကို ျမင္းေဇာင္းထဲျပန္ထားဖို႔ ျမင္းထိန္းတစ္ေယာက္ကို ေပးလိုက္ၿပီး ဘုဏ္းေဇက သူ႔ပုခုံးကိုဖက္ကာ ျပန္ႏွစ္သိမ့္ေပးမွ ပိုၿပီး အားနာလာရသည္။

" ငါ တကယ္ မနာဘူး ၊ မနက္စာစားတုန္းကလို စကားမ်ိဳးသာ ေနာက္ထပ္မေျပာနဲ႔ ၊ မင္းဆီက အဲလိုၾကားရတာ ရင္ဘတ္ထဲက နာတယ္ "

ရွင္းသန႔္ ရင္ထဲမွာ သိမ့္ခနဲပင္။ သူ႔ေဘးက မ်က္ႏွာကိုၾကည့္လိုက္ေတာ့ အၿပဳံးေသးေသးေလးျဖင့္ တုံ႔ျပန္၏။ မ်က္ဝန္းမ်ားသည္ ေလးနက္သည့္ အဓိပၸာယ္ကို ေဖာ္ေဆာင္ေနသည္။

အဝတ္အစားမ်ား ျပန္လဲၿပီးေနာက္ အိမ္ေရွ႕စံ‌က နန္းတြင္းစာၾကည့္တိုက္ဆီသို႔ သူ႔ကို ေခၚသြားသည္။ ရာဇဝင္မ်ား ၊ နိပါတ္ေတာ္မ်ား ၊ အတၳဳပတၱိမ်ားအျပင္ ဟိုယခင္ႏွစ္ေပါင္းမ်ားစြာကေန ယခုေခတ္အထိ ထြက္ရွိထားေသာ သုတ ၊ရသ စသျဖင့္ စာအုပ္ေပါင္းမ်ားစြာ ရွိလွသည့္ စာၾကည့္တိုက္ထဲမွာ ရွင္းသန႔္ ေနကုန္ေနခန္းေတာင္ ထိုင္ဖတ္ေနႏိုင္ပါသည္။ သို႔ေသာ္လည္း သူက အခ်ိန္တန္လွ်င္ အိမ္ျပန္ရမည့္သူ မဟုတ္လား။

" မင္းကလဲ ဒီတစ္ည ထပ္အိပ္ပါ့ဆို "

မေန႔ညက ဝန္ႀကီးခ်ဳပ္ ေျပာထားသည့္အတိုင္း ဆယ္နာရီခြဲမွာေတာ့ ရွင္းသန႔္ကို လာႀကိဳသည့္ကားက နန္းေတာ္ အေရွ႕တံခါးဝကို ေရာက္ေနခဲ့ၿပီ။ သူဖတ္ခ်င္သည့္ စာအုပ္အခ်ိဳ႕ကိုလည္း ဘုဏ္းေဇက ငွားေပးလိုက္သည္။ ရွင္းသန႔္ အျပင္က ကားရွိရာမသြားေသးဘဲ အေရွ႕တံခါးဝအဝင္ရွိ ေရွးယခင္က ေရနာရီအျဖစ္အသုံးျပဳခဲ့ေသာ ပဟိုရ္စည္ေတာ္ႀကီးထားရွိရာ ပဟိုရ္စင္ႀကီးေဘးတြင္ ရပ္ၿပီး ဘုဏ္းေဇကို ႏႈတ္ဆက္ေနသည္။ အိမ္ေရွ႕ကိုယ္ေတာ္ေလးက သူ႔ကို မျပန္ေသးဘဲ ေနာက္တစ္ည ထပ္အိပ္ဖို႔ ေျပာေန၏။

" ေဖေဖ့ကို တစ္ညပဲလို႔ ခြင့္ေတာင္းထားတာေလ ၊ အိမ္မွာ ငါမရွိေတာ့ ပ်ံ႕ပ်ံ႕လဲ ပ်င္းေနမွာ ၊ ၿပီးေတာ့ မနက္ျဖန္ တနဂၤေႏြဆို ငါတို႔က အဘိုးအဘြားေတြဆီ အလည္သြားရဦးမွာ "

" အဲဒါဆို ေနာက္တစ္ပတ္ ေသာၾကာက်လဲ ထပ္လာခဲ့၊ တစ္ပတ္တစ္ရက္ ဒီမွာလာေန "

" ဘယ္လိုလုပ္ ျဖစ္မွာလဲ မင္းသားေလးရာ ၊ ငါ့အိမ္က အပတ္တိုင္းေတာ့ ခြင့္ျပဳေနမလား "

" အဲေတာ့ မင္း ဘယ္ေတာ့ ထပ္လာအိပ္မွာလဲ "

ရွင္းသန႔္ ခဏ စဥ္းစားလိုက္ေသး၏။

" မင္း ေနာက္တစ္ခါ စိတ္ေကာက္တဲ့အခ်ိန္ေပါ့ "

" ဒါဆို ငါ အခုေကာက္ၿပီ "

" အာ... "

သြားစြယ္ေလးမ်ား ေပၚသည္အထိ ရယ္ၿပီး ဘုဏ္းေဇ၏ လက္ေမာင္းတစ္ဖက္ကို လက္သီးျဖင့္ ခပ္ဖြဖြထိုးကာ ရွင္းသန႔္ သူ႔ကိုေစာင့္ေနသည့္ကားရွိရာသို႔သြားဖို႔ ေျခဦးလွည့္ရေတာ့သည္။

တစ္လွမ္း .... ႏွစ္လွမ္း .... သုံးလွမ္း

ေလးလွမ္းေျမာက္မွာေတာ့ ေနာက္ကေန သူ႔ကိုရပ္ၾကည့္ေနသည့္ တစ္စုံတစ္ေယာက္ဆီ ျပန္လွည့္လာခဲ့ၿပီး လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္လိုက္၏။ ထို႔ေနာက္ ေက်ာကို လက္ျဖင့္ ခပ္ဖြဖြပုတ္ကာ ေနာက္တစ္ႀကိမ္ ႏႈတ္ဆက္စကားဆိုခဲ့သည္။

" ပုခုံးက ေပါက္သြားရင္ ေဆးလိမ္းလိုက္ဦးေနာ္၊ စာအုပ္ေတြ ငွားေပးလို႔လဲ ေက်းဇူးပဲ ၊ ၿပီးေတာ့ ငါ တကယ္ မင္းကို အခ်စ္ဆုံး "

ထြက္သြားသူမွာလည္း အၿပဳံးႏွင့္ျဖစ္သလို က်န္ရစ္သူမွာလည္း အေပ်ာ္ေတြအျပည့္ႏွင့္ ။

*****

မေန႔က ႐ြာထားသည့္မိုးေၾကာင့္ ေက်ာင္းအားကစားကြင္းရွိ ျမက္ခင္းျပင္တစ္ခုလုံး စိမ္းစိုသန႔္ရွင္းလ်က္ရွိသည္။ ဗုဒၶဟူးေန႔မနက္ပိုင္းသည္ အထက္တန္းပထမႏွစ္ေက်ာင္းသားမ်ားအတြက္ ကာယခ်ိန္ျဖစ္ေသာေၾကာင့္ စာမသင္ရဘဲ ေဘာလုံးကြင္းထဲမွာ အေျပးေလ့က်င့္ေနၾက၏။ ေက်ာင္းယူနီေဖာင္းျဖင့္ မဟုတ္ဘဲ အားကစားဝတ္စုံကိုယ္စီဝတ္ကာ ေျပးေနၾကသည့္ ေက်ာင္းသားေက်ာင္းသူေလးမ်ား၏ မ်က္ႏွာမ်ားသည္ လတ္ဆတ္ေသာ ေလထုကိုရႉရႈိက္ရင္း ေမာေနလွ်င္ေတာင္ ႏြမ္းနယ္ျခင္းမရွိၾက။ တိုင္းျပည္၏ အနာဂတ္ပန္းကေလးမ်ားသည္ နံနက္ခင္းေနေရာင္ျခည္ေအာက္မွာ မ်ိဳးေစ့မွန္စြာ ရွင္သန္ေနၾကသည္။

" ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးေတြ စေတာ့မွာေနာ္ ရွင္း "

ႏွစ္ေယာက္အတူ ေျပးရင္း ဘုဏ္းေဇက ေ႐ြးေကာက္ပြဲနီးလာၿပီဆိုသည့္အေၾကာင္း ေျပာလာသည္။

" ဟုတ္တယ္ ၊ ဒီတစ္ခါ ေ႐ြးေကာက္ပြဲၿပီးရင္ေတာ့ ငါ ဝန္ႀကီးခ်ဳပ္သား မဟုတ္ေတာ့ဘူး "

သူ႔အေဖ ဦးသန႔္စင္တည္ၾကည္မွာ အသက္ငယ္ေသးေသာ္လည္း ႏွစ္ႀကိမ္ဆက္တိုက္ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ၿပီးျဖစ္သျဖင့္ ထပ္မံယွဥ္ၿပိဳင္ခြင့္ မရွိေတာ့ဘဲ အနားယူရေတာ့မည္ျဖစ္သည္။

" ဒါေပမဲ့ မင္းအေဖက ျပည္သူေတြရဲ႕ရင္ထဲမွာ အၿမဲရွိၿပီး ခ်စ္ခင္ေလးစားခံသြားရမဲ့ ဝန္ႀကီးခ်ဳပ္ပဲ ၊ ခမည္းေတာ္ကေတာင္ ေျပာေနတာ ၊ သူ ငယ္ငယ္ကတည္းကေန အခုခ်ိန္ထိ မင္းအေဖလို ျပည္သူအမ်ားႀကီးဆီက ေထာက္ခံမႈရတဲ့သူ မေတြ႕ဖူးခဲ့ဘူးတဲ့ "

သူ႔အေဖအေၾကာင္းကို ရွင္းသန႔္လည္း ေကာင္းေကာင္းသိပါသည္။ ဝန္ႀကီးခ်ဳပ္ရာထူးကေန အနားယူၿပီးသည့္တိုင္ေအာင္ ႏိုင္ငံေရးတြင္ တစ္နည္းတစ္ဖုံ ပါဝင္ပတ္သက္ေနဦးမည္ဆိုတာ ။

" ၿပီးေတာ့ မင္းအေဖက အာဏာရပါတီမွာ အေရးႀကီးတဲ့ ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ဆက္ရွိေနဦးမွာပဲ "

" ေ႐ြးေကာက္ပြဲမွာ ငါ့အေဖတို႔ပါတီႏိုင္မွ အာဏာရပါတီလို႔ ေျပာရမွာပါ "

" မင္းအေဖတို႔ပါတီပဲ ႏိုင္မွာ ငါေျပာရဲတယ္ ရွင္းရ ၊ လူထုက မင္းအေဖကို ဒီေလာက္ ခ်စ္ခင္ယုံၾကည္ၾကတာ ၊ မင္းအေဖ ေထာက္ခံတဲ့ပါတီကိုပဲ သူတို႔ေ႐ြးခ်ယ္ၾကမွာ "

ဘုဏ္းေဇေလာက္ ႏိုင္ငံေရးႏွင့္ ပတ္သက္ၿပီး ရွင္းသန႔္ သိပ္မေျပာတတ္ပါ။ အိမ္မွာေတာ့ သူ႔အေဖေရာ သူ႔အစ္ကိုပါ မဲဆြယ္စည္း႐ုံးေရးအတြက္ ျပင္ဆင္မႈေတြ စေနၾကတာ ေတြ႕ေနရသည္။

" ေဟး.... ဘုဏ္းေဇ နဲ႔ ရွင္းသန႔္ ၊ ဘာေတြေျပာေနၾကတာလဲ၊ ျမန္ျမန္ေျပးမယ္ ၊ တိုင္းေရးျပည္ေရးေဆြးေႏြးစရာရွိရင္ ေနာက္မွေဆြးေႏြး "

ခရာတစ္ခုကို လည္ပင္းမွာဆြဲၿပီး ကြင္းအလယ္ကေန သူတို႔ဆီ လွမ္းေအာ္လိုက္သည့္ ကာယဆရာမေၾကာင့္ ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရယ္ကာ ေျခလွမ္းေတြ အရွိန္တင္လိုက္ၾကရေတာ့သည္။

ထိုအခ်ိန္မွာပဲ ...

" ဒိုင္း .... ဒိုင္း .... ဒိုင္း "

အဆက္မျပတ္ ထြက္လာသည့္ ေသနတ္သံမ်ားေၾကာင့္ အေျခအေနက ခ်က္ခ်င္းပင္ ေျပာင္းလဲသြားေတာ့၏ ။

" Breaking news
ၿငိမ္းေအးသာစံၿမိဳ႕ေတာ္ရွိ အမွတ္ ( ၁ ) အထက္တန္းေက်ာင္းအတြင္း ပစ္ခတ္မႈျဖစ္ပြား ၊ ထိခိုက္မႈအေျခအေန မသိရေသး၊ ေက်ာင္းသားမိဘမ်ားအား ေက်ာင္းဝင္းအတြင္း ဝင္ခြင့္ ပိတ္ပင္ထားဆဲ "

တစ္ႏိုင္ငံလုံးရွိ တီဗီခ်န္နယ္မ်ားႏွင့္ ေရဒီယိုလိုင္းမ်ားအားလုံးတြင္ အဆိုပါသတင္းက ခ်က္ခ်င္း လႊမ္းမိုးသြားသည္။ ၿမိဳ႕ေတာ္တစ္ခုလုံးလည္း ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္ေတာ့၏။ လုံၿခဳံေရးေရးအဖြဲ႕မ်ားႏွင့္ အေရးေပၚေဆး႐ုံကားမ်ားက ေက်ာင္းထဲတြင္ ျပည့္ႏွက္ေနသည္။ ေဆး႐ုံကားမ်ား အလြယ္တကူ ဝင္လို႔ထြက္လို႔ရေအာင္ ေက်ာင္းလမ္းတစ္ေလွ်ာက္ကိုလည္း အသြားအလာမ်ား ပိတ္ထား၏။

အခင္းျဖစ္ပြားၿပီး ဆယ့္ငါးမိနစ္ခန္႔ၾကာသည္အထိ အေျခအေနက ရႈပ္ေထြးေနဆဲျဖစ္သည္။ ျပည္သူလူထုတစ္ရပ္လုံး၏ စိုးရိမ္ပူပန္မႈကလည္း ပို၍ပို၍ ျမင့္တက္လာရ၏ ။ အေၾကာင္းမွာ ေနာက္ထပ္တက္လာေသာ သတင္းတစ္ခုေၾကာင့္ပင္။

" Breaking news
ၿငိမ္းေအးသာစံၿမိဳ႕ေတာ္ရွိ အမွတ္(၁) အထက္တန္းေက်ာင္းတြင္ ပစ္ခတ္မႈျဖစ္ပြားၿပီး အိမ္ေရွ႕မင္သားႏွင့္ ဝန္ႀကီးခ်ဳပ္၏သားငယ္တို႔ သူငယ္ခ်င္းႏွစ္ဦးအား ရွာ၍မေတြ႕ေသးဘဲ ေပ်ာက္ဆုံးေနဆဲဟုသိရ "

#PoPoPhoenix

( Feedbackေလးေတြ ေပးၾကပါလို႔ ေတာင္းဆိုပါတယ္ ။ ပိုပို ပထမဆုံးေရးတဲ့ OC fiction ျဖစ္တာမို႔ အေရးအသားမွာ အားနည္းခ်က္ေတြရွိရင္လဲ နားလည္ေပးၾကပါဦး ။ ေဝဖန္အႀကံျပဳခ်င္တာေတြ ရွိရင္လည္း ႀကိဳဆိုပါတယ္ေနာ္။
ဒီ ficေလးကို သေဘာက်ရင္ fbမွာလဲ reviewေလးေတြ ေပးေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္ ❤️ )

واصل القراءة

ستعجبك أيضاً

141K 7.4K 21
Shar ရဲ႕ ပထမဆံုး GL fic ေလးပါ အားေပးၾကပါဦးေနာ္ Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁
130K 7.1K 47
""ဆက်ဟန်သာမောင်'' ''စိတ်ပူပါနဲ့...မောင်..ကိုကို့ကို..လုပ်..ကြွေးမှာပါ..'' ""ဆောင်တော်ကူး'' ""စကားကိုတစ်ဆက်ထည်း​ပြောတော့....သေမှာမလို့လား..ခွေးကောင်ရ'...
1.6M 88.2K 87
This is a work of fiction. Any names, characters or events are fictional.
17.1K 1.5K 138
bl fiction start date - 25. 9. 2022 end date - 5 .6. 2023