A Lover of Mafia ( Complete )

By sunray9597

115K 5.9K 3.5K

အိုမီဂါတွေကို စောက်ရမ်းမုန်းတယ်..( ကင်မ်ထယ်ယောင်း ) ဂျွန် တို့က ဘယ်သူမှ မကြောက်တတ်ဘူး ဟွန့် (ဂျွန်ဂျောင်ဂု ) ... More

A LOVER OF MAFIA (INTRO)
Part -1
Part -3
‌မေးမြန်းခြင်း💜💜💜💜💜
Part -4
Part -5
Part -6
Part -7
Birthday wish 🎂
Part -8
Part-9
Part -10 ⚠️
Part -11
Part -12
Part -13
Part -14⚠️
Part -15
Telegram group
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part-25
Part -26
Part -27⚠️
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part -34
Part-35
Part -36
Part -37
Part -38
Part -39( Final )

Part -2

2.9K 167 67
By sunray9597

#Unicode #

ဂျောင်ဂု ခုနက ရန်ပွဲကြောင့် ဒေါသထွက်နေတာမို့ သူ့ရဲ့ pheromones တွေ ထွက်နေမှန်းမသိခဲ့တာ...အဲ့တာကို လူတစ်ယောက်က သူ့ကို ပတ်ပတ်စပ်စပ်ပြောသွားတော့ ဒေါသက ထွက်သွား၏။သို့သော် ရန်ဖြစ်ချင်စိတ်မရှိတာကြောင့် တောက်ခေါက်ပြီး ထွက်လာလိုက်သည်။

လူပုံစံက အယ်လ်ဖာ ဖြစ်ရမည်။ခြောက်ပေကျော် အရပ်နဲ့ ခန္ဓာကိုယ်က ထွားကာ သူနဲ့ယှဉ်ရင် ယုန်နဲ့ ကျားလို့ အရပ်အမောင်းအရွယ်အစားချင်း ကွာခြားလွန်းတာ၏။မျက်ရစ်တစ်ဖက်ဘဲရှိတဲ့ မျက်ဝန်းညိုတွေကလည်း စူးရှရှနိုင်ပြီး အကြည့်တစ်ချက် တုန်လှုပ်သွားစေနိုင်အောင် ညို့ချက်ပြင်းတာကြောင့် အမြင်ကပ်ဖို့ ကောင်းလှသည်..

Pheromones တွေသိမ်းပြီး ထိုအနားကနေအမြန်သာထွက်လာလိုက်တော့သည်။

* ကျစ်! ခွေးသူတောင်းစားတွေ နောက်ယှက်လို့ အကင်စားမဲ့ အစီစဉ်တောင်ပျက်သွားပြီ..*

စိတ်ထဲကနေလည်း ဟိုအယ်လ်ဖာအစုတ်တွေကို ကျိန်ဆဲနေမိ၏။

~

~

~

" ဂွန်းဟူ ...မင်း ဟိုဘက်ကို ပြေး..ငါ ဒီဘက်ပြေးမယ်.."

ဂျီမင်က လက်ဆွဲပြီးပြေးလာတာကို ရပ်ပြီး ဂွန်းဟူကို ညာဘက်လမ်းကြားထဲပြေးခိုင်းလိုက်ပြီး သူက ဘယ်ဘက်လမ်းကြားထဲဝင်ပြေးလိုက်သည်။

" ရွှီးးး ရွှီးးးး ရွှီးးးး "

" sh*t ..သူတို့တွေ လိုက်နေတုန်းဘဲဟ! သွားတော့ ဟေ့ဟျောင်! "

" ဟုတ်ပြီ ဂျီမင် ဂရုစိုက်နော်.."

" အွန်း! "

စကားပြောနေတုန်း ဝစီမှုတ်သံနဲ့ အတူ ပြေးလာသံတွေကြားတော့ နှစ်ယောက်သား လမ်းခွဲပြီးပြေးလိုက်ကြ၏။

" ဟူးးးး ဆောက်ရဲတွေ အခုမှလာပြီး အဖမ်းကောင်းနေတယ်...ဟူးး မောလိုက်တာ.."

ဂွန်းဟူ လမ်းဘေးက အုတ်ခုံလေးပေါ်မှာ ထိုင်ပြီး အမောဖြေလိုက်သည်။

" ကျစ်! Pheromones တွေထွက်နေတုန်းဘဲ.."

ခူနက ဟိုအကောင်တွေ ရဲ့ pheromones တွေကြောင့် အလိုလိုတုန့်ပြန်မိတဲ့ သူ့ရဲ့ ဇီဇဝါ pheromones ‌‌တွေထွက်‌နေတာကြောင့် စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး pheromones မပျံ့အောင်ထိန်းလိုက်သည်။

ရနံ့တွေမရှိတော့မှ သူလည်း ထိုင်နေရာကနေထကာ ကျန်တဲ့သူတွေကို D-DAY coffee မှာ ဆုံဖို့ ဖုန်းဖြင့်မက်ဆေ့ခ်ျပို့လိုက်ပြီး သွားလိုက်သည်။

ဂွန်းဟူ မသိတာက သူ့ကို ချောင်အကွယ်ကနေ စူးရှတဲ့ မျက်ဝန်းတစ်စုံက တစိုက်မတ်မတ်စိုက်ကြည့်နေတယ်ဆိုတာပင်....

~

~

~

" GT- S-1 အဆင်သင့်ဘဲလား! .."

" ဟုတ်ကဲ့ ခေါင်းဆောင်!!"

" ဟုတ်ပြီး မင်းတို့ အနောက်ဘက်ကနေ ပတ်ပြီးဝင်..ငါ့အမိန့်ရမှ တိုက်ဖို့ပြင်! "

သူ့ဆီက ခွင့်ပြုချက်ရတာနဲ့ ထွက်သွားတဲ့ လက်ရွှေးစင် ငါးယောက်!

" GT-S-2 ငါနဲ့ လိုက်ဖို့ပြင်.."

" ဟုတ်ကဲ့ ! ခေါင်းဆောင်! "

GT S-1, S-2 က Suga ရဲ့ လက်ရွှေးစင်တပ်ဖွဲ့ပင် ...တစ်ဖွဲ့မှာ ငါးယောက်ဆီနဲ့ စုစုပေါင်းဆယ်ယောက်..ထိုလူတွေက သူကိုယ်တိုင် သင်တန်းပေးထားတဲ့လူတွေမို့ အတိုက်အခိုက်က သာမန်တပ်သား လေးဆယ်လောက်နဲ့ ညီမျှ၏။

သူတင်မဟုတ် ကျန်တဲ့ RM, Hope တို့ဆီမှာလည်း လက်ရွှေးစင်တပ်ဆိုတာရှိသည်။ထိုတပ်တွေက အရေးကြီး မစ်ရှင်တွေမှာ ပါဝင်လုပ်ဆောင်ရပြီး ကျန်သည့်အသေးအမွှားတွေကိုတော့ တခြားတပ်ဖွဲ့ဝင်တွေကိုသာလုပ်ဆောင်စေသည်။

ပြီးတော့ သူတို့ GT gangရဲ့ ဂိုဏ်းသားတွေက ကမ္ဘာအနှံ့မှာရှိပြီး ပင်မ ရုံးချုပ်က ကိုရီးယားမှာပင်...

အခုလည်း သခင်ကြီးက Lion gang ကို ဖြိုခွဲခိုင်းလိုက်တာမို့ သူ့ရဲ့ လက်ရွှေးစင်တပ်နှစ်တပ်ကိုခေါ်ကာ Lion gang ရဲ့ ပင်မ ရုံးချုပ်ကို လာပြီး ဖြိုခွဲတာပင်..

ဒီနေ့ကတော့ Lion gang ရဲ့ နောက်ဆုံးနေ့ပင်..အမှောင်လောကမှာ ‌Lion gang ဆိုတာပျောက်ကွယ်တော့မည်...ဒါဟာ GT gang ကို ရန်စခြင်းရဲ့ အကျိုးသက်ရောက်မှုပင်...

ပင်မဂိုဏ်းမို့ လုံခြုံရေးတွေက တင်းကြပ်ကာ CCTV တွေလည်း နေရာတိုင်းမှာတပ်ထားတာကြောင့် အရင်ဆုံး သူ့ရဲ့ laptop နဲ့ ချိတ်ဆက်ပြီး CCTV တွေကို ဖြတ်ချလိုက်၏။ဒါကသူ့ရဲ့ hacker စွမ်းရည်ထဲကတစ်ခုပင်...

ပြီးမှ S-2 ကိုခေါ်ပြီး အထဲကိုသတိထားပြီးဝင်လိုက်သည်။

ရိုင်ဖယ် သေနတ်ကို လက်ထဲမှာသေချာကိုင်ထားပြီး ကြောင်တွေလို ခြေသံလုံလုံနဲ့ ဝင်လာလိုက်၏။

" ဟေ့ဟျောင်! ဘယ်သူလဲ! "

အကွေ့နားမှာ အစောင့်တစ်ယောက်နဲ့တွေ့ပြီး မေးလာတာကြောင့် အသံတိတ်စနစ်တပ်တးထားတဲ့ သေနတ်ပြောင်းဝနဲ့ ပစ်လိုက်၏။

ဒါပေမဲ့ တစတစ များလာတဲ့ လူတွေကြောင့် S-2 ရော သူပါ အကွယ်မှာနေရာယူပြီး စတင်ပစ်ခတ်ကြသည်။S-1 ကတော့ သူ့ရဲ့ အမိန့်မရမချင်း ဝင်မပါတာမို့ ...အခြေနေကို ကြည့်နေကြ၏။

" S-2 ... တိုက်ကွက် နှစ်ဆမြှင့်မယ်..တစ်ယောက် တစ်ချက် ..ပစ်ရမဲ့နေရာက ခေါင်းနဲ့ နှလုံး အဲ့နေရာဘဲ တစ်ယောက်မှမလွှဲစေနဲ့.."

" ဒိုင်း! "

Suga က အမိန့်ပေးပြီးတာနဲ့ သူအရင် တစ်ဖက်က လူရဲ့ ခေါင်းကိုပစ်ပြလိုက်သည်။

" ဒိုင်း!! ဒိုင်း!! ဒိုင်း!! "

သူ့ရဲ့ လက်စလိုဘဲ လက်မှန်းတည့်တဲ့တပည့်တွေမို့ တစ်ယောက်တစ်ချက်နှုန်းနဲ့ တစ်ဖက်က ဂိုဏ်းသားတွေ အတုန်းအရုန်းလဲကုန်သည်။

" S-1 နောက်ဖက်ကနေ ပြေးတဲ့သူတွေကို အကုန်သတ်! "

" Yes! "

သူ့ဆီကနေအမိန့်ရတာနဲ့ S-1 က နောက်ဖက်ကထွက်ပြေးတဲ့သူတွေကို တသ်ယောက်မကျန်ချေမှုန်းနေ၏

မိနစ် နှစ်ဆယ်အတွင်းမှာ သွေးချောင်းစီးကုန်တဲ့ Lion gang ရုံးချုပ်...

" ဘာတွေဖြစ်~.."

ဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ လက်ထောက်တွေရောက်လာပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စကားတောင်ဆုံးအောင်မပြောနိုင်ကြတော့ပေ..

ကြမ်းပြင်တစ်ခုလုံးသွေးတွေ လူသေ အလောင်းတွေနဲ့ ပေပွနေပြီး အားလုံးရဲ့ အလယ်မှာ မတ်တက်ရပ်နေတဲ့ GT gang ညာလက်ရုံး Suga နဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်ငါးယောက်..

" ခေါင်းဆောင် အနောက်ဘက်ကို ရှင်းပြီးပါပြီ..."

ပြီးတော့ ပြေးဝင်လာတဲ့ နောက်ထပ်တပ်ဖွဲ့ဝင် ငါးယောက်ထဲက တစ်ယောက်က Suga ရဲ့ နား နားကပ်ကာ တစ်ခုခုကိုပြောလိုက်တာကြောင့် Suga က သူ့ရဲ့ နတ်ဆိုးဆန်ဆန် အပြုံးကို ထုတ်သုံးလာ၏။

" S..Suga! "

" အွန်း ဟုတ်တယ်! "

" ဘာကြောင့် ငါတို့ ဂိုဏ်းကို လာတိုက်တာလဲ ကွ! "

အခုချိန်မှာ သူတို့ အရေးနိမ့်နေပေမဲ့ မာန်ကိုတင်းကာ ပြောလိုက်တော့ Suga သူ့ရဲ့ မူပိုင် အေးစက်စင်နဲ့ ခံစားချင်မရှိတဲ့ မျက်နှာဖြင့်ကြည့်လာ၏။


" ခင်ဗျားတို့ ဘာလုပ်ထားလဲဆိုတာ ခင်ဗျားတို့ အသိပါ..GT gang ကိုလာထိရင် ထိတဲ့သူကို အစမကျန်အောင်ဖျောက်ပေးတတ်တယ်ဆိုတာ မသိဘူးလား.."

"တစ်လုံးချင်းအေးစက်‌စက်ပြောကာ လက်ထဲက ရိုင်ဖယ်သေနတ်ကို အောက်ပစ်ချလိုက်ပြီး ပစ္စတိုကို ခါးကြားထဲက ထုတ်ယူလိုက်တဲ့ Suga ရဲ့ ပုံစံက နတ်ဆိုးတစ်ကောင်လို...

" ဒီဂိုဏ်ကိုစ ဖြိုခွင်းဖို့ ကျုပ်ရဲ့ သခင်ကြီးက အမိန့်ပေးလိုက်တာ.."

" ရတယ်လေ..ငါတို့ကလည်း မင်းရဲ့ ဇီဝိန်ကို ဒီနေ့ခြွေပေးမယ်.."

တစ်ဖက် ဂိုဏ်းခေါင်းဆောင်ကလည်း သူ့အင်္ကျီ ရင်ဘတ်ထဲက သေနတ်ကိုထုတ်ကာ Suga ကိုချိန်ပြီးပြောလိုက်တော့ Suga ရဲ့ မျက်ခုံးတန်းတစ်ဖက်က မြင့်တက်သွားပြီး စိန်ခေါ်သည့် အပြုံးမျိုးပြုံးလိုက်သည်။

" ပွဲစပြီ..ဒိုင်း! ဒိုင်း! ဒိုင်း! "

စကားအဆုံး ရုံးခန်းတွင်းမှာ သေနတ်ပစ်သံတွေဆူညံလာ၏။

" ဒိုင်း! "

" ခေါင်းဆောင်မင်.. Lion gang ခေါင်းဆောင်ပြေးဖို့ကြံနေတယ်.."

S-1 ရဲ့ အဖွဲ့ဝင်က ပြောတော့ Suga ခေါင်းငြိမ့်ပြပြီး..

" မင်းတို့ဆယ်ယောက်လုံး ဒီထဲက ကောင်တွေကို အသေရှင်းလိုက်! "

" ဟုတ်ကဲ့! "

တစ်ခွန်းတည်းပြတ်ပြတ်သားသားပြောပြီး ပြေးဖို့ကြံနေတဲ့ ခေါင်းဆောင်နောက်လိုက်သွားလိုက်သည်။

Suga ရဲ့ ရာဇဝင်မှာ အလွတ်ပေးဖူးတဲ့သူဆိုတာလုံးဝမရှိ..သူဖြိုခွင်းတဲ့ ဂိုဏ်းတိုင်း အသက်ရှင်သူဆိုတာ လုံးဝမရှိပေ...

" ဟက်! ဘယ်ပြေးမလို့လဲ.."

Suga က Lion gang ခေါက်ူဆောင်ရှေ့ပိတ်ရပ်လိုက်ပြီး ပြော‌လိုက်တော့ ဂိုဏ်းခေါင်းဆောင်ရဲ့ မျက်လုံးတွေက မတည်မငြိမ်နဲ့ ဂယောင်ချောက်ချားဖြစ်လာ၏။

" ငါ .ငါ တောင်းပန်ပါတယ်ကွာ..ပ.ပတ္တမြးနက်ကို ငါ ပြန်ပေးပါ့မယ်..ငါ့အသက်ကိုချမ်းသာပေးပါ..ငါ..ငါ မင်းတို့ ခေါင်းဆောင်ကျေနပ်အောင် တောင်းပန်ပါ့မယ်.."

နောက်ဆုတ်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာတဲ့သူက သေရမှာကို အတော်ကြောက်နေပုံရသည်။

" ဟက်! ခင်ဗျားမပေးလည်း ပတ္တမြားနက် ကျုပ်ဘာသာရှာယူလို့ရတယ် ပြီးတော့ သခင်ကြီးရဲ့ ခွင့်လွှတ်မှုကို ‌ယူချင်ရင် ခင်ဗျားလုပ်ရမှာကတစ်ခုတည်းရှိတယ်.."

သွားကြားထဲက အသံနဲ့ တိုးတိုးလေးပြောလိုက်တာတောင် ကြားရသူဖို့ ကြက်သီးထချင်စရာကောင်းလောက်၏။

" ဘာ..ဘာလဲဟင်.."

မျှော်လင့်တကြီးမေးလာတဲ့ ထိုလူရဲ့ စကားအဆုံးးးး

" ဒိုင်း! "

" သေခြင်းဘဲ! "

သေနတ်နဲ့ နဖူးတည့်တည့်ကို ပစ်လိုက်ပြီး အေးစက်စွာ ထွက်လာတဲ့စကားစံအဆုံးမှာ ထိုလူက ကြမ်းပြင်ပေါ်လဲကျသွား၏။

မျက်လုံးပွင့်လျက်နဲ့ နဖူးမှာ သေနတ်ကြောင့် အပေါက်ကြီးဖြစ်ကာ ကြမ်းပြင်ပေါ်လဲကျသွားပြီးနောက် သွေးတွေက ကြမ်းပြင်တစ်ဝိုက်စီးကျလာပြီး Suga ရဲ့ လယ်သာ ဖိနပ်‌ထိပ်ကိုလာထိနေသည်။

" Mission complete! "

တစ်ခွန်းတည်းပြောပြီး ထိုနေရာကနေ တစ်လှမ်းချင်းထွက်လာတဲ့သူ..ဘောင်းဘီအိတ်ထဲက စီးကရက်နဲ့ မီးခြစ်ကို နှိုက်ကာ နှုတ်ခမ်းကြား စီးကရက်တေ့ပြီး မီးညှိကာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေရှိရာသို့ ပြန်လာလိုက်၏။

စီးကရက်အငွေ့တလူလူကြားမှာ မြင်နေရတဲ့ မျက်နှာက ပြီးပြည့်စုံနေပြီး အရှိန်အဝါကြီးမားကာ ခံစားချက်မရှိတဲ့ပုံစံမျိုးပင်..လူရာကျော်ကို သတ်ထားတာတောင် ခြင်လေးသတ်သလိုအေးဆေးနေိုင်တာကြောင့် GT gang ရဲ့ ဘယ်လက်ရုံး Suga ဖြစ်နေတာပင်..?

" ခေါင်းဆောင် အကုန်ရှင်းပြီပါပြီ! "

သူ့ကိုမြင်တော့ ခေါင်းငုံ့ အရိုသေပေးကာ ပြောလာတဲ့ တပ်ဖွဲ့ဝင်တွေ..

" နေရာအနှံ့မှာ ဗုံးတွေတပ်ပြီးပြီလား! "

" ဟုတ်ကဲ့ တပ်ပြီးပါပြီ ခေါင်းဆောင်.."

" ကောင်းပြီး မင်းတို့တာဝန်ပြီးပြီ တစ်ပတ်နားရက်ရမယ် ပြီးတော့ သခင်ကြီးက သူပိုင်တဲ့ ဟိုတယ်နဲ့ အပန်းဖြေစခန်းကို တစ်ပတ်လုံး free သုံးခွင့်နဲ့ မင်းတို့အကောင့်တွေထဲ 10 million ဆီလွှဲထားတယ်.."

" ဟုတ်ကဲ့ ခေါင်းဆောင် သွားခွင့်ပြုပါအုံး.."

သူခေါင်းငြိမ့်ပြလိုက်တော့ ထွက်သွားကြတဲ့ တပ်ဖွဲ့ဝင်တွေ....

" ဟက် ! နောက်ဆုံးအလုပ်တစ်ခုပေါ့.."

အပြင်ကိုထွက်ပြီး ခပ်ဝေးဝေးကနေ အဆောက်အအုံကိုကြည့်ကာ တီးတိုးရွတ်ဆိုလိုက်ပြီး လက်ထဲက ခလုတ်ကို နှပ်လိုက်တော့...

" ဝုန်းး "

" ဖောင်းးးးး "

သူ့မျက်နှာကို ထိခက်လာတဲ့ အပူငွေ့ကြောင့် ဇက်ကြောတွေကို ဘယ်ညာယမ်းကာ စီးကရက်ကို လက်ကြားနဲ့ညပ်ပြီးဖွာလိုက်သည်။

* GT gang ကိုလာထိရင် အစမကျန်အောင်ဖျောက်ပစ်တတ်တယ်...ကောင်းကောင်းငရဲသွားကြပေါ့ *

တာဝန်ပြီးဆုံးတာမို့ ကားရပ်ထားတဲ့ နေရာကိုသွားပြီး ကားထဲဝင်ကာ ဂိုဏ်းဆီကို ဦးတည်မောင်းလိုက်သည်။

သခင်ကြီးကို သတင်းပေးရအုံးမယ်လေ!

~

~

" ဂျောင်ဂု! ဟေ့ဟျောင်! ဂျောင်ဂု! "

ဆော့ဂျင်တို့ သုံးယောက်သား အပြေးအလွှားနဲ့ သူ့ဆီကိုရောက်လာကြတာကြောင့် ဂျောင်ဂု တအံတဩကြည့်လိုက်မိသည်။

" ဘာဖြစ်ကြလို့လဲ.."

အနားရောက်လာတဲ့ ကောင်တွေကို မေးလိုက်တော့ သုံးယောက်သား မောဟိုက်နေကာ ချွေးတွေပြန်နေသည့်ကြားက အားတင်းပြီးဖြေလာ၏။

" ဘာ..ဟူးး ဘာဖြစ်ရမှာလဲကွ! မင်း! မင်း ဖုန်းစက်ပိတ်ထားတာလား.."

ဆော့ဂျင်က ရင်ဘတ်ကိုလက်ဖြင့်ဖိကာ မေစလာတော့ သူခေါင်းငြိမ့်ပြလိုက်၏။

" ဟုတ်တယ် ငါညက လေယာဉ်ခံထားတာ ပြန်မဖြေမိဘူးထင်တယ်.."

ဂျောင်ဂုက လွယ်အိတ်ထဲက ဖုန်းကိုထုတ်ပြီးပြောလိုက်၏။

" အေး! ငါ..ငါတို့ အခုလေးတင်ဘဲ ဆေးရုံက ဖုန်းဆက်လာလို့..ဟူးး "

ဂျီမင်က လည်းမောမောဟိုက်ဟိုက်နဲ့ဘဲပြောလာတာကြောင့် ဂျောင်ဂု မျက်မှောင်ကျုံ့သွားသည်။

" အန်..အန်တီဂျွန်တို့ ခရီးထွက်သွားတာ အပြန်မှာ..ကားး ကားအက်ဆီးဒန့်ဖြစ်လို့ ဆုံးပြီ..ဆေးရုံက မင်းဖုန်းကို အကြောင်းကြားတာ ဆက်လို့မရလို့ငါ့ဖုန်းကို ဆက်လာတာ..."

ဂျီမင်ရဲ့ စကားအဆုံး ဂျောင်ဂုလက်ထဲက ဖုန်းလေးက မြေပြင်ပေါ်ကျသွား၏။

"ဘုတ်! "

ဂျောင်ဂုရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေပြည့်သိပ်လာပြီး ပွင့်ဟနေတဲ့ နှုတ်ခမ်းပါးလေးက သိသိသာသာတုန်ယင်လာသည်။

" မေ..မေမေတို့ ကား..ကားအက်ဆီးဒန့်ဖြစ်လို့....ဟုတ်..ဟုတ်လား.."

ငိုချင်တာကြောင့် တုန်နေတဲ့ အသံလေးနဲ့ မေးလာတဲ့ ဂျောင်ဂုကိုကြည့်ပြီး သူတို့လည်း စိတ်မကောင်းပေ..

" ဟုတ်တယ်! ဂျောင်ဂု! လာ ငါတို့ဆေးရုံ လိုက်သွားရအောင်.."

ဂွန်းဟူက ဂျောင်ဂုရဲ့လက်ကို ဆွဲပြီး ပြေးထွက်သွားသဖြင့် ဆော့ဂျင်တို့ လည်းနောက်ကနေပြေးပြီးလိုက်ရသည်။

ဆေးရုံရောက်တော့ ရေခဲတိုက်ထဲအရင်သွားကာ ဂျောင်ဂု မိဘတွေရဲ့ အလောင်းကို သွားကြည့်ကြ၏။

ရေခဲတိုက် အစောင့်က ဖွင့်ထုတ်ပြလာတဲ့ ဘေးချင်းယှဉ် ရေခဲအခေါင်း နှစ်လုံးကြောင့် ဂျောင်ဂုရဲ့ လက်တွေတုန်ယင်လာသည်။

" ဖေဖေ! မေမေ! "

တိုးတိုးလေးထွက်လာတဲ့ အသံက ကြွေကွဲနေကာ.. မျက်ရည်ဥတွေတလိမ့်လိမ့်ကြွေဆင်းလာ၏။

" ဟင့်! ဖေ..ဖေ..မေမေ! သားဆီကို ပြန်လာမယ်ဆို..ဟင့်!. ဘာကြောင့်ထားသွားတာလဲ..ဟင့်! "

ဂျောင်ဂုက မိဘတွေရဲ့ အလောင်းကို ကြည့်ပြီး ငိုကာပြောလာတော့ ဆော့ဂျင်တို့လည်း စိတ်မကောင်းပေ..

"ဂျွန်လေး!! "

သူတို့ရဲ့နောက်က ခေါ်သံကြားလိုက်ာတကြောင့်..လေးယောက်သားလှည့်ကြည့်လိုက်တော့ သူတို့ထက်အသက်အနည်းငယ်ကြီးပုံရတဲ့ လူတစ်ယောက်..

ထိုလူ့ကိုမြင်တော့ ဂျောင်ဂုက ပြေးပြီးဖက်သလို။ ဆော့ဂျင်ကလည်း နှုတ်ခမ်းလေးတွေစုဝိုင်းပြီး အံ့ဩနေသည်။ ဂျီမင်နဲ့ ဂွန်းဟူက တော့ ဘယ်သူလဲဆိုသည့် စပ်စုသည့်အကြည့်တွေနဲ့သူကြည့်နေ၏။

" ကိုကြီး !! "

ဂျောင်ဂုက ထိုလူကို ကိုကြီးလို့ခေါ်ပြီး ငိုနေသည်။

" ကင်မ်နမ်ဂျွန်းး "

ဆော့ဂျင်ကတော့ ပါးစပ်လှုပ်ရုံလေး ထိုလူ့နာမည်ကို ရေရွတ်လိုက်၏။

" ကို..ကိုကြီး မေမေနဲ့ ဖေဖေလေ..ဆုံးပြီတဲ့! "

သူ့ရင်ခွင်ထဲမျက်နှာအပ်ကာ ငိုပြီး ပြောလာတဲ့ ညီဖြစ်သူကြောင့် နမ်ဂျွန်းစိတ်မကောင်းပေ...

သူလည်းဆေးရုံက ဆက်သွယ်လာတာကြောင့် သခင်ကြီးကို ခွင့်တောင်းပြီး အပြေးလာခဲ့တာပင်..

" ဟုတ်ပြီနော်! ကိုကြီးသိတယ်..ဂျွန်လေးမငိုနဲ့တော့..တီတီတို့မရှိလည်း ကိုကြီးက ဂျွန်လေးအနားမှာရှိနေပေးမယ်နော်.."

မျက်ရည်တွေကျနေတဲ့ ဂျွန်လေးကို တဖွဖွပြောပြီးချော့ကာ အလောင်းတွေထုတ်ဖို့ပြင်လိုက်သည်။

ရေခဲတိုက်အစောင့်နဲ့ စကားပြောနေတုန်း သူ့ဘေးနားမှာ ရပ်နေတဲ့ ဂျွန်လေးရဲ့ သူငယ်ချင်းတွေကို ကြည့်လိုက်မိတော့ သူ့ရဲ့ချာတိတ်ကိုတွေ့ရသဖြင့် နမ်ဂျွန်းစိတ်ထဲဝမ်းသာသွားသည်။

ချာတိတ်ကလည်းသူ့ကို အံ့ဩတဲ့မျက်ဝန်စလေးတွေနဲ့ကြည့်နေတာကြောင့် ပြုံးပြလိုက်ပြီး အစောင့်‌နဲ့စကားဆက်ပြောလိုက်၏။

" ဂျွန်လေး...ကိုကြီးဈာမနအတွက် ပြင်ဆင်ပေးမယ်..ဂျွန်လေူက အိမ်ကိုအရင်ပြန်နှင့်နော်.."

ညိုးငယ်ပြီးအားမရှိတဲ့ ပုံစံလေးနဲ့ ညီငယ်ကြောင့် အိမ်ကိုအရင်ပြန်ခိုင်းလိုက်ရသည်။

" ချာတိတ်! "

" ဗျ..‌ဗျာ! "

နမ်ဂျွန်းက ဂျောင်ဂုကိုပြောနေရင်းကနေ ဆော့ဂျင်ကိုခေါ်လိုက်တာကြောင့် ဆော့ဂျင်ခမျာ အယောင်ယောင်အမှားမှားနဲ့ထူးမိဟ။

" ချာတိတ်တို့သူငယ်ချင်းတွေ ဂျွန်လေးနဲ့အတူ အိမ်ပြန်လိုက်နော်..ကိုယ်ဂျွန်လေးကို စိတ်မချလို့ ."

" ဟုတ်! ဟုတ်ကဲ့ "

ဆော့ဂျင်လည်း ခေါင်းငြိမ့်ပြပြီး ဂျောင်ဂုကိုထိန်းခေါ်ကာ ထွက်လာခဲ့လိုက်သည်။ဂျီမင်နဲ့ဂွန်းဟူလည်း သူတို့နောက်ကနေလိုက်လာကြ၏။

ဒါပေမဲ့ ဂျီမင်နဲ့ ဂွန်းဟူက ဂျောင်ဂုရဲ့ ကိုကြီးဆိုသူနဲ့ ဆော့ဂျင်တို့ရဲ့ မျက်နှာရိပ်ကိုကြည့်ကာ တစ်ခုခုကိုအသည်းအသန်တွေးပြီးပါလာကြသည်။

~

~

" ကျစ်! အိမ်တော်ထိန်း!!! "

" ဝုန်း!! "

Devil စံအိမ်မှာတော့ သခင်ကြီးရဲ့အော်သံက ဟိန်းထွက်လာပြီး ဧည့်ခန်းထဲက အလှပန်းအိုတွေ အကုန်မွစာကျဲကာ ကျကွဲကုန်၏။သေချာပေါက် သခင်ကြီးဒေါသထွက်နေတာပင်...

သခင်ရဲ့ရှေ့မှာတော့ ဒူးထောက်ပြီးထိုင်နေတဲ့ အိမ်တော်ထိန်းကြီးနဲ့ ကောင်မလေးတစ်ယောက်!

" ခင်ဗျားကို ကျွန်တော်ဘာမှာထားလဲ.."

အံကြိတ်ပြီးမေးလိုက်တော့ အိမ်တော်ထိန်းခမျာ ဒူးတွေရော လက်တွေပါတုန်ယင်လာသည်။သခင်ကြီးဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းတာ ..

" သ..သခင်ကြီး..ကျွန်..ကျွန်တော်..သူ့..သူ့ကိုသေ..သေချာပြော~.."

" ကျစ်! ခင်ဗျားကို မေးတာဘဲဖြေ.."

ဒေါသတကြီးအော်ဟစ်လိုက်တာကြောင့် အနားမှာရှိတဲ့လူတွေပါ တုန်တုန်ယင်ယင်နဲ့ခေါင်းငုံ့ထားကြ၏။

ထွက်လာတဲ့ သစ်မွှေးရနံစူးစူးကြောင့် စံအိမ်ထဲက အယ်လ်ဖာတွေ ဒူးတွေမခိုင်ချင်သလိုဖြစ်လာပြီး ယိုင်နဲ့လာသည်။အိမ်တော်ထိန်းကြီးဘေးက အိုမီဂါမလေးဆို ချွေးစေးတွေပြန်လာပြီးမေ့မျောချင်သလိုတောင်ဖြစ်နေ၏။

" အို..အိုမီဂါတွေကို အလုပ် .မ..မခန့်ဖို့ ပြောထားတာပါ သခင်ကြီး..."

ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလာတဲ့ စကားအဆုံး သခင်ကြီးက နတ်ဆိုးတစ်ကောင်လို ပြုံးလာ၏။

"အဲ့ဆို..ဘာလို့ ခန့်လဲ..ကျုပ်ပြောတာကို ခင်ဗျား ဦးနှောက်ကသေချာမှတ်မထားဘူးလား ."

" မှတ်..မှတ်ထားပါတယ် သခင်ကြီး ဒါ..ဒါပေမဲ့ သူ .သူက.."

ထယ်ယောင်းရဲ့ မျက်နှာကိုကြောက်ကြောက်နဲ့ကြည့်ပြီး အိမ်တော်ထိန်းကြီးက ပြောနေသည့်စကားမဆုံးသေး..

" မှတ်ထားတယ်ဆို ဘာလို့ခန့်လဲ...ကျုပ် အိုမီဂါတွေကို မုန်းတာ ခင်ဗျား မသိဘူးလား..ဟမ်! ပြီးတော့ အဲ့အိုမီဂါမက သူ့ရဲ့ pheromones တွေနဲ့ ကျုပ်ကိုလာဖြားယောင်းနေတာ ခင်ဗျားသိလား!! "

အိမ်တော်ထိန်းကြီးဘေးမှာ ဒူးထောက်ခေါင်းငုံနေတဲ့ မိန်းကလေးကိုကြည့်ပြီး ထယ်ယောင်းကပြောလိုက်၏။

" တောင်း..တောင်းပန်ပါတယ် သခင်ကြီး။ ခွင့်လွှတ်ပေးပါ..ကျွန်မတောင်းပန်ပါတယ် "

အိုမီဂါမလေးက ထယ်ယောင်းကို ကြည့်ကာ ကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်လာ၏။

"ဟက်! မင်းအခုလိုတောင်းပန်နေမဲ့အစား မလုပ်ခင်တည်းက စဉ်းစားသင့်တာ.."

" တောင်းပန်ပါတယ် သခင်ကြီး အသက်ကိုချမ်းသာပေးပါ.."

"ဟေ့ကောင်တွေ ဒီမိန်းမကိုဆွဲထုတ်ပြီးရှင်းလိုက်..ပြီးတော့ အိမ်တော်ထိန်းကို ‌ကြိမ်ဒဏ်သုံးဆယ်ပေးလိုက်..နောက်ဆို အိုမီဂါတွေ အိမ်ထဲမခေါ်ရဲအောင်.."

ပြောပြီးထွက်သွားတဲ့ သခင်ကြီးထယ်ယောင်း..

" မလုပ်ပါနဲ့ သခင်ကြီး တောင်းပန်ပါတယ် ! တောင်းပန်ပါတယ် ! ခွင့်လွှတ်ပေးပါ! အားး..ခွင့်လွှန်ပေးပါ သခင်ကြီး.."

ထောင်ထောင်မောင်းမောင်း လူနှစ်ယောက်ရဲ့ဆွဲခေါ်ခြင်းကိုခံရတဲ့ အိုမီဂါ မိန်းကလေးက အော်ဟစ်ပြီးတောင်းပန်နေပေမဲ့ ကြောက်စရာငရဲခန်းက စီးလို့ကြိုနေ၏။

ထိုအဖြစ်အပျက်တွေကို ကွယ်ရာကကြည့်နေတဲ့ နမ်ဂျွန်းလည်း သက်ပြင်းချလိုက်သည်။သခင်ကြီးက အိုမီဂါတွေကို အသေမုန်းတာ...

ခက်ခဲတဲ့အရာမို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သူတွေးတောနေမိသည်။ဒါပေမဲ့ ဂျွန်လေးအတွက်သူလုပ်မှတော့ဖြစ်မည်။

~

~


ထယ်ယောင်းနဲ့ ဂျွန်လေးကို နောက်အပိုဒ်တွေ့ပေးပါ့မယ်..ပြီးတော့ ထယ်ယောင်း အိုမီဂါတွေကိုမုန်းတာ အကြောင်းရင်းရှိပါတယ်နော်..

ထယ်ယောင်းရဲ့ Pheromones က သစ်မွှေးပါ သစ်မွှေးကို သိကြလားမသိဘူး ..သစ်မွှေးက ရှားပါးပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်ဘက်က တောနက်ကြီးထဲမှာဘဲတွေ့ရတတ်ပါတယ် သစ်မွှေးပင်က အပင်တစ်မျိုးပါ ဒါပေမဲ့ သစ်မွှေးပင်တိုင်းက သစ်မွှေးအခဲမရပါဘူး...သစ်မွှေးက သစ်မွှေးအပင်ရဲ့ အမြုတေပါ..ဥပမာ- မြွေအမြုတေ၊ ပိန္နဲအမြုတေ၊ဝါးအမြုတေ အဲ့လိုမျိုးအခဲပုံစံပါ..ရနံ့က အရမ်းမွှေးတယ်လို့ဖတ်ဖူးပါတယ်..ရှားပါးပစ္စည်းအပြင် ဆေးဖက်လည်းဝင်တာမို့ ဈေးကောင်းရပါတယ် သစ်မွှေးတစ်တုံးက အရမ်းအဖိုးထိုက်တန်ပါတယ်....နှစ်ရာချီရှင်သန်တဲ့ သစ်မွှေးပင်တွေကသာ သစ်မွှေးရရှိပါတယ် သစ်မွှေးရဲ့ အဆင်းက အနီရောင်ရှိတယ်လို့ပြောကြပါတယ် မမြင်ဘူးတော့ အတိအကျမသိပါဘူး.. သစ်မွှေးက ပင်စည်အလယ်မှာရှိပြီး သစ်‌မွှေးရနံ့က ရနေတတ်ပါတယ်...သဲလည်း တြိစက္ကရဲ့စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးလို့သိတာပါ...

ဒါကြောင့် ထယ်ယောင်းရဲ့ pheromones ကို ရှားပါ သစ်မွှေးရနံအဖြစ်သုံးထားတာပါ...သစ်မွှေးအကြောင်းက ဖော်ပြတာမှားရင်လည်း ပြောပြပေးကြပါနော်။ မှတ်မိသလောက်လေးပြန်ရှင်းပြတာပါ အဲ့စာအုပ်လေးက သဲအသက်ဆယ့်သုံးနှစ်လောက်ဖတ်ဖူးတာပါ..အခုဆိုငါးနှစ်တောင်ကြာနေပြီမို့ပါ....

ဂျောင်ဂုကတော့ စန္ဒကူးနံ့လေးအဖြစ်သုံးထားပါတယ် သင်းသင်းလေးနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ရနံ့လေးမို့ သဘောကျလို့ အိုမီဂါ pheromones အဖြစ်ထည့်ရေးထားတာပါ..

အနံ့မှာ ရှားပါးပြီးတန်ဖိုးကြီးတဲ့ သစ်မွှေးနဲ့ စန္ဒကူးကို pheromones အဖြစ်ရေးထားတာ သဘောကျမယ်ထင်ပါတယ် သဲလည်း Omegaverse အကြောင်းရေးမှာဆိုတော့ မဖြစ်မနေ pheromones ထည့်ရမှာလေ အဲ့ကြောင့် လူသုံးမများတဲ့ pheromones ကို ပေးချင်တာနဲ့ စဥ်းစားလိုက်တာ အဲ့ရနံ့လေးတွေ ထွက်လာလို့ပါ..

ပြီးတော့ ဂိုဏ်းနာမည်က တူနေတာရှိရင် လာပြောကြပါနော် သဲက ထယ်ယောင်းကိုချစ်စနိုးနဲ့ ARMY တွေခေါ်တဲ့ ကျားပေါက်ကို အစွဲပြုပြီး Golden Tiger ( GT )လို့ပေးထားတာပါ


Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜




______________________________________







#Zawgyi #






~

~

~






" အွန်း! "








~

~

~

" GT- S-1 အဆင်သင့်ဘဲလား! .."

" ဟုတ်ကဲ့ ခေါင်းဆောင်!!"




" ဟုတ်ကဲ့ ! ခေါင်းဆောင်! "









" ဟေ့ဟျောင်! ဘယ်သူလဲ! "




" ဒိုင်း! "


" ဒိုင်း!! ဒိုင်း!! ဒိုင်း!! "



" Yes! "



" ဘာတွေဖြစ်~.."





" S..Suga! "

" အွန်း ဟုတ်တယ်! "











" ဒိုင်း! "




" ဟုတ်ကဲ့! "



" ဟက်! ဘယ်ပြေးမလို့လဲ.."






" ဘာ..ဘာလဲဟင်.."


" ဒိုင်း! "

" သေခြင်းဘဲ! "



" Mission complete! "












" ဝုန်းး "

" ဖောင်းးးးး "





~

~



" ဘာဖြစ်ကြလို့လဲ.."










"ဘုတ်! "








" ဖေဖေ! မေမေ! "




"ဂျွန်လေး!! "



" ကိုကြီး !! "


" ကင်မ်နမ်ဂျွန်းး "











" ချာတိတ်! "

" ဗျ..‌ဗျာ! "



" ဟုတ်! ဟုတ်ကဲ့ "



~

~

" ကျစ်! အိမ်တော်ထိန်း!!! "

" ဝုန်း!! "


























~

~












I PURPLE YOUR 💜

Continue Reading

You'll Also Like

250K 3.3K 96
(this is a fate fan fic) Shirou emiya the master of the Saber class servant from the fifth holy grail war and the winner of the holy grail usually th...
211K 16K 37
(Zawgyi) ညီအစ်​ကို၇​ယောက်​ကြားက ဖြူစင်​​သောသံ​ယောဇဉ်​​တွေ အနစ်​နာခံမှု​တွေနဲ့ ၅၂၈ချစ်​ခြင်း​မေတ္တာ​ကို ပုံ​ဖော်​သွားမည့်​စိတ်​ကူးယဉ်​ဇာတ်​လမ်း​လေးတစ်...
839K 69.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 102K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...