ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

181 - 185

89 5 0
By Azure5549


Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(181)ဆေးအမယ်များအား ခွဲခြမ်းစိတ်ဖြာခြင်း

ထန်၀မ်အာသည် ရယ်၍ လုံချန်ဘက်သို့လှည့်ကာ ခပ်မာမာလေသံဖြင့်ပြောသည်။

"ကျွန်မနောက်ကို ဘာ့ကြောင့် လိုက်လာပြန်တာလည်း"

"ဟီးဟီး ဒဏ္ဍာရီလာ နှစ်တစ်သောင်း သားရဲ သွေးအမြူတေကို ကြည့်ချင်လို့ပါ" လုံချန်သည် မျက်နှာ
ပြောင်ပြောင် ဖြင့်ပင် မျက်စိတစ်ဘက်ကို မှိတ်၍ ပြောသည်။သူမကား ဒေါသထွက်ဟန် လေး ဖြင့်
ပြန်ပြောမည် ပြုသော်လည်း ဤ ကောင်လေးရှေ့၌ ယင်းသို့ဟန်ဆောင်ရသည်မှာ လွန်စွာခက်လှ၏။

ထို့ကြောင့် လက်လျှော့ကာ ရှင်းပြရသည်။

"ဒါက အန္တေဝါသိက ဂိုဏ်း၀င်တွေပဲရတာ ရှင့်...ကျွန်မရဲ့ နှစ်တစ်သောင်း သွေးအမြူတေက ရှင်ရထား
တာထက် အဆပေါင်းများစွာပိုကောင်းတယ်"

"ကျွန်မ ရှင့်ကို တစ်၀က်ပေးမယ် .. ဒါပေမယ့် ကျွန်မကို ကတိပေးပါ အမြဲတမ်းကျွန်မရဲ့ ဘေးနားမှာနေ
ပြီး ကျွန်မကို စိတ်အား တက်ကြွလာအောင် ကူညီပေးရမယ်နော်... ပြီးတော့ နောက်နောက်ပြောင်
ပြောင်တွေလည်း လုပ်မနေနဲ့တော့"

"တစ်၀က်တောင်လား... မင်းရဲ့ သိုင်းအဆင့်တက်ဖို့အတွက် က ကျန်တဲ့တစ်၀က်နဲ့ လုံလောက်နိုင်လို့
လား" လုံချန်က မေးသည်။

"ချွေချွေတာတာ သုံးရင် လောက်မှာပါ" သူမကိုယ်သူမလည်းသိပ်မသေချာပေ။

"ကျုပ်ရဲ့ကရားကကော" လုံချန်က သူ၏ ဝေစု ကရားကို မေးသည်။

ထန်၀မ်အာက သူ့ကို ကရားတစ်ခုပေး၏။

"ဒါရှင့်ဟာပဲ .. ဒါပေမယ့် ကရားထဲက သွေးအမြူတေက ရိုးရိုးသာမာန်ပဲ"

"ရှင့်ရဲ့ ရူပ ခန္ဓာကိုယ်က အခြားသူတွေရဲ့ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ သန်စွမ်းတာဖြစ်လို့ ဒီ
သွေးအမြူတေကို ကျွန်မထက် ရှင်က ပိုလိုအပ်လိမ့်မယ် ကောလဟလ တွေအရတော့ ဒီ ကရားထဲမှာ
ပါတဲ့ သွေးဟာ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ မှော်သားရဲ ကောင်ရဲ့ သွေးတဲ့"

လုံချန်သည် ကရားတွင် ပိတ်ထားသော ဆီလ်းကို ဖွင့်လိုက်၏။ဆေးအမယ်များ ရောစပ်ထားသော သွေး
ညှီနံ့သည် ထောင်းကနဲ တက်လာ၏။

"ယုလီ မှုန့် ... ညီနောင်မြက် .. မြေနဂါး မြစ်..."

လုံချန်သည် သွေးနံ့ကို ခံ၍ ခဏ စဉ်းစားကာ ထိုသွေးထဲတွင်  ရော၍ဖော်စပ်ထားသော ဆေးအမယ်
များကို ပြောလေသည်။ထန်၀မ်အာမှာ လုံချန်ကို ထူးဆန်းစွာဖြင့် စိုက်ကြည့်နေမိပါသည်။

"ရှင်က အနံ့ခံရုံနဲ့တင် ဆေးအမယ်တွေကို သိတယ်ဟုတ်လား"

လုံချန်သည် ခေါင်းညိတ်သည်။သူသည် လက်ညှိုးဖြင့် သွေးတစ်စက်ကို ယူ၍ လျှာပေါ်တင်ကာ အရ
သာခံကြည့်ပြန်၏။

"ပဲစေ့ဖြူ... ရေလီလီစေ့...." လုံချန်သည် ဆက်တိုက်ပြောသွားရာ နောက်ဆုံး၌ ဆေးအမယ် 18 မျိုး
ခန့်ရှိသွားလေသည်။

"ဒါက လူတွေရဲ့ သွေးအဆင့်အတန်းကို ထိပ်ဆုံးထိရောက်သွားအောင် ကူညီပေးနိုင်ဖို့အတွက် ရိုး
ရိုးမှော်သားရဲတစ်ကောင်ရဲ့ သွေးနဲ့ ဆေးအမယ်တွေ ပေါင်းပြီး ဖော်စပ်ထားတာ"

ထန်၀မ်အာသည် သူ့ကို သစ်သားရုပ်ထု တစ်ရုပ်လို တွေတွေကြီးစိုက်ကြည့်နေမိပါ၏။

"ရှင်က ဆေးဖော်စပ်နည်းကိုတောင် သိသွားတာလား .. ဒီ ဆေး ဖော်စပ်နည်းက ရွှမ်ရှင်းရဲ့ လျှို့ဝှက်
ဆေးဖော်စပ်နည်းတစ်ခုနော် ဒီဆေးကိုရရင်တောင်ဘယ်သူမှ ဆေးဖော်စပ်နည်းကို ပြန်မထုတ်နိုင်
ဘူး...ရွှမ်ရှင်းကို ဂိုဏ်း၀င်ခွင့်လာဖြေကြတဲ့ ကျွန်မတို့လို လူ အများစုဟာ ဒီ သွေးအမြူတေကြောင့်
လာကြတာရှင့်"

သူ့ကိုမယုံခြင်းအတွက် ထန်၀မ်အာကို အပစ်တင်၍ မရချေ။မည်သူမျှလည်း သူပြောသည်ကို ယုံ
လိမ့်မည်မဟုတ်ပေ။နှစ်တစ်သောင်း သားရဲအမြူတေ ဆေးဖော်စပ်နည်းသည် ရွှမ်းရှင်း ကိုယ်၌ က ပင်
မသိသော ဆေးဖော်စပ်နည်း တစ်ခုဖြစ်သည်။ထိုဆေးကို တာ၀န်ယူဖော်စပ်သူများမှာ အခြားသော
နေရာမှ ဖြစ်ကာ ရွှမ်ရှင်းသို့ ပို့ပေးရခြင်းဖြစ်သည်။

ဤဆေး ဖော်စပ်နည်းအား သိရန် ကြိုးစားခဲ့သူ အများအပြားရှိခဲ့သည့်တိုင် မအောင်မြင်ခဲ့ကြချေ။သို့ဖြစ်
ရာ ရွှမ်ရှင်းသည် ဤ ဆေးဖြင့် လူမည်မျှ လောက်ကို ဆွဲဆောင်ထားနိုင်သည်အား မည်သူ
သိမည်နည်း။

"မင်းရဲ့ နှစ်တစ်သောင်း သားရဲ သွေးကိုလည်း ကျုပ်ကို ပြစမ်းပါ" လုံချန်သည် သူမ၏ ကရားကို ယူ
လိုက်၏။ကရား၏ ဆီးလ် ကိုဖွင့်လျှင် ပြင်းထန်လှသော သွေးချီ အနံ့သည် ထောင်းကနဲတက်လာ၏။
သူမ၏ ကရားထဲ၌ ပါသော သွေးပမာဏသည် သူ့ထက်များကြောင်း လုံချန် တွေ့ရသည်။

"ကျွတ် .. တော်တော်စုတ်ပဲ့တာပဲ...ဒါက နှစ်တစ်သောင်း သားရဲ ရဲ့ အမြူတေ သွေးမှမဟုတ်တာ ဒါက
တတိယအဆင့်သားရဲတစ်ကောင်ရဲ့ သွေးပဲ ဒါပေမယ့် အထဲမယ် ထည့်ပြီးဖော်စပ်ထားတဲ့ ဆေးအမယ်
တွေကတော့ ကျုပ်ဟာနဲ့ ကွဲတယ်" လုံချန်သည် ကျိန်ဆဲမိလေသည်။

သူ၏ ဆေးနတ်ဘုရား မှတ်ညာဏ်ဖြင့် ဆိုလျှင် အထဲ၌ ပါ၀င်သော ဆေးအမယ်များကို ခွဲခြမ်းစိတ်ဖြာ
နိုင်စွမ်းရှိသည်။ထို့ပြင် ထို ဆေး၏ အနံ့ကို ရှုရှိုက်ခြင်း၊အရသာခံခြင်းအားဖြင့် သူသည် ဆေးပမာဏမည်
မျှ ထည့်သွင်း၍ ဖော်စပ်ထားသည်ကိုပင် ပြောနိုင်ပါသည်။

ဤသွေးသည် သူ၏ ကရားထဲမှ သွေးနှင့်အတူတူ ဖြစ်သော်ငြား သွေးထဲ၌ ပါ၀င်ဖော်စပ်ထားသည့်
ဆေးအမယ်များ၏ ပမာဏသည် သူ၏ သွေးထဲတွင် ပါသော ပမာဏထက် ပို၍ များသည်။

"၀မ်အာ..ကျုပ်ပြောတာကို လိုက်ရေးထား"

လုံချန် မည်သည့်အရာများ လုပ်နေသည်ကို သူမ မသိသည့်တိုင် သူမသည် ခေါင်းလေးကို ငြိမ့်၍ နာ
ခံစွာဖြင့် စုတ်တံဖြင့် စာရွက်ကို ထုတ်လိုက်သည်။လုံချန်သည် နှစ်တစ်သောင်း သားရဲ သွေးဟု ခေါ်
သည့် သွေးတစ်စက်ကို လျှာပေါ်တင်ကာ မျက်စိမှိတ်ထားလိုက်၏။

"ဝိဥာည် ပြန်ခေါ်ဆေး... ဝိဥာဉ် အမြစ်.. ငွေကမ္ဘာပန်း..."

ထန်၀မ်အာသည် စာကို အာရုံစူးစိုက်၍ရေးရသည်။စာလုံးပေါင်းတစ်ခုခုမှားမည်ကို သူမ ကြောက်သည်။
တစ်ခဏအတွင်း လုံချန် ရွတ်နေသော ဆေးအမယ်များ ကုန်ဆုံးသွားသည်။ထိုဆေးအမယ်များကို သူ
မလိုက်၍ ရေးထားသည်မှာ အမျိုးလေးဆယ်ခန့်ရှိသည်။လုံချန်သည် သွေးတစ်စက်ကို လျှာပေါ်တင်ကာ
မျက်လုံးများ မှိတ်လိုက်ပြန်သည်။ထို့နောက် ဆေးအမည်များကို ရွတ်ဆိုပြန်၏။

သူသည် ထိုသို့ အရသာ ခံလိုက်၊ ဆေးအမယ်များကို ရွတ်လိုက် လုပ်ခြင်းကို သုံးကြိမ်တိတိ ရှိစေပြီး
မှ ရပ်လိုက်သည်။ထန်၀မ်အာသည် သူ့ကို စာရွက်လှမ်းပေးသည်။စာရွက်တွင် ဆေးအမယ် လေးဆယ်
ကို သုံးကြိမ်တိတိ သူမ ရေးထားသည်။သို့သော် အစဉ်လိုက်တိုင်း မဖြစ်။လုံချန် ပြောသည်မှာ တစ်ကြိမ်
နှင့် တစ်ကြိမ် အနည်းငယ် ကွဲပြားသည်။

"လုံချန် ဒါက တစ်ကယ်လား." ထန်၀မ်အာမှာ သူမ၏ မျက်စိကိုပင် သူမ မယုံနိုင်လောက်အောင်ဖြစ်
မိသည်။အကယ်၍ အခြားသူများကသာ လုံချန်သည် ရွှမ်ရှင်း၏ ဆေးဖော်နည်းကားကို ပြန်ထုတ်ယူ
နိုင်စွမ်းရှိသည်ဟု သိကြလျှင် လူသတ်သမားများနှင့် လုပ်ကြံရေးသမားများကို ကျိန်းသေပေါက်
ဆွဲဆောင်သလိုဖြစ်သွားလိမ့်မည်သာပင်။

"ဒီအတိုင်းအတိအကျပဲ တတိယအဆင့် မှော်သားရဲ တစ်ကောင်ရဲ့ သွေးကိုသာ မင်းရနိုင်ခဲ့ရင်
နှစ်တစ်သောင်း သားရဲသွေး လို့ခေါ်တဲ့ ဒီ ဆေးကို ငါဖော်ပေးလို့ရတယ်" လုံချန်သည် မည်သို့ပြော
ရမည် မသိဖြစ်နေသည်။အဘယ့်ကြောင့် နှစ်တစ်သောင်း ဟု သုံးပါသနည်း။နှစ်တစ်သောင်း သက်
တမ်းရှိသော မှော်သားရဲကောင်မှ ရ သောသွေးဟူသည် တမင် လှည့်စားခြင်းသာဖြစ်သည်။

တတိယအဆင့်မှော်သားရဲကောင်၏ သက်တမ်းသည် နှစ် 2000 ၀န်းကျင်ခန့်သာဖြစ်သည်။နှစ်တစ်
သောင်း သက်တမ်းရှိသည့် မှော်သားရဲ တစ်ကောင်ဖြစ်ရန်မူကား ယင်းမှော်သားရဲသည် အနိမ့်ဆုံး
အဖြစ် စတုထ္ထအဆင့် သို့ရောက်နေရန်လိုသည်။ယင်းသည် ရွှမ်ရှင်း၏ ဆေးဖော်နည်းကား ကို ပြန်ထုတ်
ရန် ကြံစည်သူများအား လမ်းလွဲလိုက်သွားစေရန် ရည်ရွယ်ခြင်းများလေလား။

မဟာအင်အားကြီးဂိုဏ်းကြီးမျာပင်လျှင် စတုထ္ထအဆင့်မှော်သားရဲ ကောင်  တစ်ကောင်၏ သွေးကိုအသုံး
ပြု၍ ဤ ဖော်နည်းကား ကိုရှာမည်ဆိုလျှင် ၎င်းတို့အတွက် များစွာ ရင်းနှီးမှုများလုပ်ရလိမ့်မည်ဖြစ်
သည်။

ထို့ကြောင့်သာ ဤ ဖော်နည်းကား ကိုနှစ်ပေါင်းများစွာကြာသည့်တိုင် မည်သူကမျှ မဖော်ထုတ်နိုင်သည်
မှာ အဆန်းမဟုတ်တော့ချေ။အကြောင်းမှာ ရွှမ်ရှင်းမှ ထိုသို့မဖော် ထုတ်နိုင်စေရန် လှည့်စားထားခဲ့
ခြင်းကြောင့်ဖြစ်လေသည်။ရွှမ်ရှင်းကား ချီးကျူးလောက်စရာပင်။သိပ်ကို ပိရိသေသပ်လွန်းလှပါ၏။

"၀မ်အာ ဒီသွေးတွေကို မင်းအကုန်စုပ်ယူလိုက် ဒီသွေးက တတိယအဆင့်မှော်သားရဲကောင် ရဲ့သွေး
ဆိုပေမယ့် အထဲမှာရောစပ်ထားတဲ့ ပရဆေး လေးဆယ့်ရှစ်မျိုးကြောင့် သူတို့ပြောထားသလိုအစွမ်းပြ
လိမ့်မယ်...ဒီသွေးကို မင်းစုပ်ယူလိုက်ရင် မင်းခန္ဓာကိုယ်မှ ရှိတဲ့ သွေးထဲက အညစ်အကြေးတွေ လုံး
၀ ကင်းစင်သွားပြီ ပြီးပြည့်စုံတဲ့ အဆင့်တက်မှု ဖြစ်သွားလိမ့်မယ်"

"ဒါပေမယ့် ရှင်ကကော.."

"ကျုပ်အတွက်မစိုးရိမ်နဲ့... ကျုပ်အတွက် ဒီဆေးမျိုးက ဘယ်အချိန်ထဖော်ဖော်  ဖ်ာလို့ရတယ်..နောက်
ပြီး ဒါကို ကျုပ်အသုံးပြုရင်လည်း ကျင်ကျီအဆင့်ကို တက်နိုင်မှာမဟုတ်လို့ ဖြုန်းတီးရာပဲ ကျလိမ့်မယ်"
လုံချန်သည် အကြံပေးလိုက်သည်။ထန်၀မ်အာကို သူ သိပ်ကျေးဇူးတင်ရပါသည်။သည်မိန်းကလေးဟာ
သိပ်ကို ကြင်နာတတ်လွန်းသူလေးပါလား.....။

သူမသည် ခေါင်းညိတ်ကာ လက်ကိုမြှောက်လိုက်သည်နှင့် စိတ္တစွမ်းအင်များ ထွက်လာ၏။သူမ၏ စိတ္တ
စွမ်းအင် သည်မည်မျှ ကောင်းမွန်ကြောင်း ပြောရန် လိုမည်ပင်မဟုတ်ချေ။ကရားအတွင်းမှ မှော်သားရဲ
၏ သွေးများသည် ထန်၀မ်အာ၏ ရှေ့သို့ ှ ပေါလောပေါ်ကာ တက်လာ၏။သူမသည် မျက်လုံးကို ညင်သာ
စွာမှိတ်လိုက်သည်။

ကရားထဲမှ တက်လာသော သွေးအမြူတေများ၏ ရှေ့၌လက်ကို ထားကာ သွေးတွင်းမှ စွမ်းအင်များကို
စ၍ စုပ်ယူလိုက်၏။လုံချန်က ဂူပြင်သို့ အသာအယာ ထွက်လာခဲ့ပါသည်။ဂူအပြင်၌ ချင်ယုကိုအသင့်
တွေ့ရသည်။ထန်၀မ်အာ၏ လုံခြုံရေးကို တာ၀န်ယူပေးနေပုံပင်။

သူမကို နှုတ်ဆက်ပြီးနောက် တိတ်ဆိတ်သော နေရာတစ်ခုကို လုံချန်ရှာသည်။ပြီးလျှင် လက်ကို
ကရားထဲထည့်၍ စိတ္တစွမ်းအင်များကို လည်ပတ်စေလိုက်သည်နှင့် သူ၏ လက်ဝါးပေါ်တွင် လေပွေ
ကဲ့သို့ ဝဲကတော့ တစ်ခု ပေါ်လာကာ မှော်သားရဲ၏ အမြူတေ သွေးများကို စုပ်ယူတော့သည်။

စက္ကန့်အနည်းငယ်ကြာလျှင် သွေးမှ စွမ်းအင်များကို အကုန်လုံးစုပ်ယူ ပြီးချေပြီ။

ထန်၀မ်အာ၏ ညင်သာစွာ စုပ်ယူသည့် နည်းဖြင့်စာလျှင် သူ၏ နည်းက ဆာလောင်နေသော ဝံပု
လွေတစ်ကောင်သည် သားကောင်ကို တစ်ကိုက်ထဲဖြင့် ကိုက်မျို စားသောက်သည်ကဲ့သို့ဖြစ်နေသည်။
အခြားသူများသာ ဤနည်းလမ်းဖြင့် စုပ်ယူနေခြင်းကိုမြင်လျှင် သေလောက်အောင် ကြောက်လန့်ကြ
မိပေလိမ့်မည်။

ဤအရာသည် မှော်သားရဲ၏ သွေးဖြစ်သည်။လူသားတစ်ယောက်၏ သွေးမဟုတ်။သို့ဖြစ်၍ လူသားများ
၏ သွေးနှင့် ရောစပ်သည့်အခါ၌ ပြင်းထန်စွာ တုန့်ပြန်မှုပြုတတ်သည်။ထိုသွေးကို ခပ်ကြမ်းကြမ်းစုပ်ယူ
လျှင် သွေးကြောများ ပေါက်ထွက်တတ်သည်။ပြင်းထန်သည့် အခြေအနေများတွင် သွေးကြောများ
လောင်ကျွမ်းသွားတတ်၏။အလွန်ပြင်းထန်လျှင်မူ ခန္ဓာကိုယ်တစ်ခုလုံးပင် ပေါက်ကွဲတတ်လေသည်။

ထို့ကြောင့် ထန်၀မ်အာက ညင်သာစွာ စုပ်ယူနေခြင်းဖြစ်သည်။သူမအဖို့ အဆိုပါ သွေးမှ ရုန့်ရင်ကြမ်းတမ်း
သော ဗီဇကို ဖယ်ထုတ်၍ အသက်ဓာတ်ကိုသာ သီးသန့် စုပ်ယူရန် လိုအပ်ပါသည်။ထိုသို့သန့်စင်သော
အသက်ဓာတ်သည်သာ သူမ၏ သွေးကို အပြည့်ဆုံ ဆုံး အဆင့်ထိရောက်အောင် သန့်စင်ပေးနိုင်စွမ်း
ရှိမည်ဖြစ်သည်။

လုံချန် အတွက်မူ သူ့ခန္ဓာကိုယ်အား သူ နားအလည်ဆုံးဖြစ်သည်။သူသည် ဤကဲ့သို့သော အနုစိတ်
ဆန်လှသည့် ပျင်းရိငြီးငွေ့ဖွယ် နည်းလမ်းကို မနှစ်သက်လှသော ကြောင့် တိုက်ရိုက်စုပ်ယူလိုက်ခြင်း
ဖြစ်သည်။သူ၏ ပင်ကိုယ်မူလ သွေးကို သုံး၍ အဆိုပါ မှော်သားရဲ၏ သွေးကို ဖိနှိပ်လိုက်သည်။

ယင်းသို့ လုပ်ခြင်းဖြင့် သွေးနှစ်ခုမှာ ပြင်းထန်စွာ ထိတွေ့မှုဖြစ်ကြလေသည်။လုံချန်၏ သွေးသည် ကြောက်
မက်ဖွယ်ရာ အဆင့်တစ်ခုသို့ ရောက်နေပြီးဖြစ်သည်။မှော်သားရဲ၏ သွေးမှာ အချိန်တစ်ခုကြာအောင်
သာ တိုက်ခိုက်နိုင်ပြီး ငုပ် ဆင်းသွားခဲ့၏။

ထို့နောက် လက်တစ်ဖက်ကို ယမ်းလိုက်သည်နှင့် သွေးတွင်းမှ အညစ်အကြေးများ ထွက်သွားတေ့ာသည်။
အသုံး၀င်သော အသက်ဓာတ် များကိုမူ စုပ်ယူပြီးသားဖြစ်သွားချေပြီ။တစ်ဝုန်းဝုန်း အသံများ သူ၏ ခန္ဓာ
ကိုယ်တွင်းမှ ကြားလာရသည်။ယင်းသည် ရေစီးသန်သော မြစ်တစ်စင်းမှ ရေများ ဆီးစင်း နေသည့်
အသံကဲ့သို့ဖြစ်သည်။

ထိုအသံက သူ၏ သွေးများ ဆက်တိုက်လှည့်ပတ်နေရာမှ ထွက်လာသည့် အသံဖြစ်လေသည်။အသံ
သည် အတော်အတန်ကျယ်ရာ အပြင်မှပင် ကြားနေရသည်။သွေး၏ စွမ်းအင်များကို ဤအဆင့်ထိ
မြှင့်တင်နိုင်ခြင်းသည် ထိတ်လန့်စရာ ကောင်းနေသည်။အခြားသူများ မည်သို့သိုင်းကျင့်သည် ကို သူ
မသိချေ။သို့သော် သာမာန်သိုင်းသမားတို့၏ မှတ်တမ်းမှတ်ရာများကို သူသည် ဖတ်ဖူးထားသည် ဖြစ်သည့်
အတိုင်း ဤနည်းအားဖြင့် သိုင်းကျင့်ခြင်းကို တော့ မတွေ့မိသေးပေ။

ထို့ကြောင့် သူကလည်း အခြားသိုင်းသမားတို့၏ သိုင်းကျင့်ပုံ ကျင့်နည်း အတိုင်းလိုက်၍ မကျင့်လိုပေ။
အဓိကအကြောင်းတစ်ချက်မှာ သူ့၏ သိုင်းလမ်းစဉ်သည် အခြားသော သိုင်းသမားတို့၏ လမ်းစဉ်နှင့်
မတူ၊ကွဲပြားလျှက် ရှိခြင်းကြောင့်ဖြစ်လေသည်။

၀ုန်း....။

ရုတ်ချည်း ခန္ဓာကိုယ်အတွင်းမှ ချီလှိုင်း ကြီးထွက်လာကာ ပတ်၀န်းကျင်မှ သစ်ပင်ငယ်များ စိစိညက်
ညက် ကြေကုန်ကြလေသည်။လုံချန် သက်ပြင်းကို ညင်သာစွာချသည်။နောက်ဆုံးတွင် အဆင့်တစ်ခု
သို့တက်ပြန်လေပြီ။သူ၏ ရူပခန္ဓာခွန်အားသည် ဆတိုးပို၍ သန်မာလာပြီ ဖြစ်သော်ငြား တစ်ဘက်တွင်
လည်း သွေးနှင့် ချီစွမ်းအင်သည် ကျဆင်းသွားရပြန်သည်။သွေးနှင့်ချီစွမ်းအင် ဖြစ်ပေါ်ရန် အချိန်အတော်
ကြာကြာ စောင့်ရပေဦးမည်။

တွက်ချက်ကြည့်ရသလောက်ဆိုလျှင် အဆင့်တစ်ခုသို့တက်တိုင်း အချိန်သည် ယခင်အဆင့်ကထက်
နှစ်ဆခန့်ပို၍ လိုအပ်လာကြောင်း လုံချန် သဘောပေါက်သည်။ယခုတစ်ခါ အဆင့်တက်ရန် လ၀က်ခန့်
သူ ကြာခဲ့ပါသည်။ယခုအခါ၌ သူသည် ကောင်းကင်အဆင့် 7 သို့ရောက်ပြီဖြစ်၏။

ထိုနှုန်းဖြင့်ဆိုလျှင် အဆင့် 8 သို့ရောက်ရန် နှစ်လလိုအပ်မည် ဖြစ်ကာ အဆင့် 9 သို့ရောက်ရန် လေး
လခန့်လိုအပ်မည်။ထိုမှ တစ်ဆင့် ကျင်ကျီအဆင့်သို့တက်ရန်ကား 8 လခန့်လိုပေလိမ့်မည်။ထိုသို့ဆို
လျှင် သူသည် ကျင်ကျီအဆင့်သို့ ရောက်ရန် တစ်နှစ်ခွဲကြာလိမ့်မည်မဟုတ်ပါလား။ယင်းသည် လွန်စွာ
အချိန်ဖြုန်းရာ ရောက်နေသည်။

သူ့အတွက် အလင်းစက်ကွင်းဖြင့် သာမာန် တပည့်များကို တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်
မည်။သို့ရာ၌ အန္တေဝါသိက တပည့်များဖြင့် ဆိုလျှင် သူ့ကို လမ်းဘေးမှ ခွေးတစ်ကောင် ရိုက်သလို
ရိုက်သွားပေလိမ့်မည်။ထို့့ပြင် တစ်နှစ်ခွဲဆိုသည်မှာလည်း အကြမ်းတွက်ထားခြင်းသာ ဖြစ်သောကြောင့်
ပို၍ ကြာနိုင်ဖို့ကသာ ဖြစ်နိုင်သည်။

သို့ဆိုလျှင် မည်သို့လုပ်ရမည်နည်း။ထန်၀မ်အာကို အားကိုးရန်သာရှိလေသည်။ယင်းက သူ့အတွက်
လက်မခံနိုင်စရာဖြစ်နေပါ၏။နည်းလမ်းတစ်မျိုးမျိုးရှာ၍ ကျင့်စဉ်ကို မြန်လာအောင်လုပ်ရမည်။နှစ်
တစ်သောင်း မှော်သားရဲ ဆေးကို မြန်မြန်ဖော်စပ်နိုင်ရန် သူ လိုအပ်သည်။

အင်မော်တယ် ဂူ သို့ သူပြန်ရောက်လျှင် ထန်၀မ်အာသည် စွမ်းအင်များကို ဂရုတစိုက်ဖြင့် စုပ်ယူလျှက်
ပင်ရှိသေးသည်ကို တွေ့ရသည်။သို့သော် နောက်ထပ် အဆင့်တစ်ခုသို့ တက်တော့မည်ဟန်ဖြင့် သူမ၏
မျက်နှာကလေးသည် နီရဲ၍ အော်ရာများ မငြိမ်မသက်ဖြစ်နေသည်ကို တွေ့ရ၏။

ချင်ယုနှင့် သူသည် ဂူ၏ အပြင်၌ သူမကို စောင့်ကြပ်ပေးနေသည်။ဤနေရာသည် လွန်စွာ လုံခြုံသည့်
နေရာ တစ်ခုဖြစ်သည်ဟု သူတို့ သိလင့်ကစား ယခုလိုအချိန် တွင် တစ်စုံတစ်ယောက် က လာရောက်
ပြီး သူမကို လုပ်ကြံမည်အား သူတို့လွန်စွာ စိုးရိမ်မိကြသည်။ပေါ့ဆမှု တစ်စုံတစ်ခု ကြောင့် ဤသို့
ဖြစ်သွားခဲ့သည်ရှိသော် အကျိုးဆက်ကို ၎င်းတို့ မည်သို့မျှ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။

၀ုန်း.....။

သူတို့နှစ်ယောက်၏ နောက်မှ ပေါက်ကွဲသံခပ်အုပ်အုပ်ကိုကြားရသည်။အင်အားပြင်းထန်သည့် အော်
ရာတစ်ခုလည်းထွက်လာပြန်သည်။လုံချန်နှင့် ချင်ယုသည် ပျော်ရွှင်စွာဖြင့် ထန်၀မ်အာကို လှည့်ကြည့်
လိုက်ကြ၏။

ထန်၀မ်အာသည် မဟာကြာပလ္လင် မုဒြာဖြင့် ထိုင်လျှက် ရှိနေတုန်းပင်ဖြစ်သည်။လေကလေးသည်
သူမ၏ ခန္ဓာကိုယ်ကို ညင်ညင်သာသာ ဖြတ်၍တိုက်ခတ်သွားသည်။သူမ၏ လှပသော မျက်၀န်းလေး
များမှ ကျောက်စိမ်းကဲ့သို့ အလင်းရောင်တစ်မျိုးတောက်ပလာ၏။

သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက် အော်ရာတစ်မျိုးကို အာရုံခံမိရာ လုံချန်မှာ ကြိတ်ကာသက်ပြင်း
ချရသည်။

"ဒီ ကလေးမက နောက်ဆိုရင် ငါ့ကို ပြန် အနိုင်ကျင့်တော့မှာပါလား"

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(182)အဆင့်တက်ကြခြင်း

ညသည် ဆူညံသံ များဖြင့် သက်၀င် လွန်းလှသည်။ တောင်ကုန်း ကလေး တစ်ခုလုံး ခပ်အုပ်အုပ် ပေါက်ကွဲသံများ
ဖြင့် ပြည့်နှက်နေသည်။အင်အားပြင်းထန်သည့် အော်ရာများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ
ပါ၏။

အခြားသူများ ထိတ်လန့်မည် စိုးသော ကြောင့်သာ မဟုတ်လျှင် ၎င်းတို့အနေဖြင့် ၀မ်းသာအားရ
အော်ဟစ်မိကြမည်ပင်ဖြစ်သည်။၎င်းတို့သည် မှော်သားရဲ၏ သွေးအမြူတေ ဖြင့် ချောမွေ့စွာ အဆင့်
တက်ကုန်ကြပြီဖြစ်သည်။

ကျင်ကျီအဆင့်သို့ ရောက်သည့်အခါ၌ သွေးနှင့်ချီသည် ထပ်ဆင့်၍ ပေါင်းစပ်၏။ထိုအခါ၌ သိုင်းသမား
တစ်ယောက်၏ ချီနှင့် ရူပခွန်အားသည် အပြန်အလှန် သဟဇတ ဖြစ်၍ ထိုသိုင်းသမား၏ ခွန်အားမှာ
စိတ်ပင် မကူးခဲ့ဖူးသော အဆင့်တစ်ခုသို့ ရောက်ရလေတော့သည်။

ထိုအရာသည် ကျင်ကျီအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ချက်လည်း ဖြစ်ပါသည်။
ကျင့်ကြံခြင်းလောက၌ ကွာဟ ချက်ကြီးသုံးချက်ရှိသည်ဟု ပြောလေ့ရှိသည်။ဆိုလိုသည်မှာ ကျင့်ကြံ
ခြင်းလောက၌ ကျင်ကျီအဆင့်ဆိုသော အဆင့်သို့ရောက်လျှင် ၎င်း နှင့် ထက်၊အောက် အဆင့်များ
သည် လွန်စွာကွာခြားချက်ကြီးမားလာတော့သည်။

အဆင့်ငယ်လေးများ၌ တတိယ ကောင်းကင်အဆင့်ဟူသည် ခြားနားချက်ကြီးမားသော အပိုင်းအခြား
တစ်ခုကို ကိုယ်စားပြုပါသည်။ကနဦးအဆင့်မှ အလယ်အဆင့်ထိ ကွာခြားချက်သည် အဆင့်တက်ရန်
လွန်စွာခက်ခဲသည့် ကွာဟ ချက်ကြီးတစ်ခုဖြစ်လေသည်။

ဆဋ္ဌမ အဆင့်နှင့် န၀မ အဆင့်များသည် လည်းထိုနည်းတူစွာ ကွာဟချက် လွန်စွာကြီးမားသည်။ထိုသို့
သုံးဆ တိုးသွားသည်နှင့် ခက်ခဲမှုသည် အလွန်တရာ ကြီးမားလာလေ့ရှိပါသည်။သို့ရာတွင် ထိုအဆင့်
တစ်ခုသို့ ကျော်လွန်သွားသည့် အခါတွင်လည်း သိုင်းသမားတစ်ယောက်၏ ခွန်အားသည် လွန်စွာ ကြီး
မားလာရတော့သည်။

သို့ဖြစ်၍ အဆင့်သုံးခုကို အခြေခံများအဖြစ်သတ်မှတ်ကာ ကနဦး အလယ် နှင့် နှောင်းပိုင်းဟူ၍ ခွဲ
ထားကြသည်။ကျင်ကျီအဆင့်မှာ အရေးကြီးသော ပထမဆုံး တတိယ အပိုင်းအခြားတစ်ခုဖြစ်သည်။
ပထအပိုင်းအခြားသည် ချီပေါင်းစပ်ခြင်း အဆင့်ဖြစ်၍ ဒုတိယ အပိုင်းအခြားမှာ သွေးနှောအဆင့်ဖြစ်
ကာ တတိယ အပိုင်းအခြားသည် ကျင်ကျီ အဆင့်ဖြစ်ပါ၏။

သို့ဖြစ်ရာ မိသားစုပေါင်းများစွာ အနေဖြင့် သေဘေးနှင့်ရင်ဆိုင်ရနိုင်သည်ကို သိထားသည့်တိုင် ၎င်း
တို့၏ ပါရမီရှင်ကလေးများအား ရွှမ်ရှင်းသို့စေလွှတ်ကြခြင်းမှာ ချို့ယွင်းချက်မဲ့ အဆင့်တက်နိုင်စေရန်
သာဖြစ်သည်။ထိုပါရမီရှင်များသည်လည်း ကြေးအမျိုးအစား စိတ်ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်ထား
ကြသူများသာ ဖြစ်သည်။

၎င်းတို့အား ချို့ယွင်းချက်မဲ့ အဆင့်တက်စေလျှင် ၎င်းတို့၏ အခြေခံသည် လွန်စွာခိုင်မာသွားပြီဖြစ်ပါသည်။
၎င်းတို့၏ ခွန်အားသည်လည်း လွန်စွာကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်သွားမည်ဖြစ်သည်။
ယင်းကြောင့်ပင် အနှီ ပါရမီရှင်များအဖို့ သာမာန် လောကမှ ကျင်ကျီသိုင်းသမားများအား ကြက်ကလေး
ငှက်ကလေး တစ်ကောင် သတ်သလို သတ်နိုင်နေခြင်းဖြစ်လေသည်။

ရိုးရိုးသာမာန်လောကမှ သိုင်းသမား များနှင့် ကျင့်ကြံခြင်းလောကမှ သိုင်းသမားများ၏ အဆင့်အတန်း
သည် များစွာ ကွာခြားလှသည်။ယခုတော့ ထို ပါရမီရှင်းများသည် ကျင်ကျီအဆင့်သို့ ရောက်ကြပြီ
ဖြစ်သည်။

ယခုမှ အဆင့်တက်ခါစ ဖြစ်၍ ယင်းတို့၏ အော်ရာများသည် မတည်ငြိမ်နိုင်သေးသည့် တိုင် ယင်းတို့
၏ ယုံကြည်ချက်မှာမူ သာမာန်လောက ၏ ကျင်ကျီသိုင်းသမားများထက်များစွာ ပိုလာပြီဖြစ်သည်။
ယင်းယုံကြည်ချက်သည် ချို့ယွင်းချက်မဲ့ အဆင့်တက်ခြင်းမှ ဖြစ်တည်လာခြင်းဖြစ်ပါ၏။

"ဆောင်ဦးလေပြေလေး ရုတ်တရက် တိုက်ခတ်လာတဲ့အခါ သစ်ပင် ပန်းမံပေါင်းများစွာ ပွင့်လန်းလာ
ခဲ့ကြတယ်" လုံချန်သည် ခံစားချက်ပါပါဖြင့် ကဗျာစာသား တစ်ကြောင်းကို ရွတ်ဆိုနေသည်။
ထိုအခိုက် .. သာယာညင်းပျောင်းသော ရယ်သံခပ်တိုးတိုးလေး သူ့ နောက်ကျောမှ ပျံ့လွင့်လာ၏။
သူရိယနေမင်း ကြီး၏ ရောင်စဉ်တန်းများကို နောက်ခံ၍ ထန်၀မ်အာ၏ အပြုံးလေး များသည် သိပ်ကို
လှပနေပါသည်။

သူမက ရယ်သည်။

"ဒီလောက် လှပတဲ့ကဗျာစာသား က ရှင့်နှုတ်ဖျားကနေ ဘာလို့ လွမ်းလွမ်းဆွေးဆွေးထွက်လာရတာလည်း
ရှင်...တစ်ခုခုကို ခံစားနေရတာလား"

လုံချန်သည် မျက်လုံးများကို အပေါ်သို့စိုက်လိုက်၏။

"မေးနေစရာလိုသေးလို့သား... သူများတွေအကုန်လုံးက အဆင့်ကိုယ်စီ တက်သွားကြချိန်မှာ..ကျုပ်က
တော့ မတက်နိုင်ဘူးလေ"

လုံချန် မကျေ မနပ်ဖြစ်နေသည်ကို မြင်သည့်အခါတွင် ထန်၀မ်အာသည် ချစ်စဖွယ်ကောင်းလောက်
အောင် ကိုယ်လေးကို လှုပ်၍ တသိမ့်သိမ့်ရယ်ပါသည်။သူမသည် သူ၏ ပုခုံးများကို အမကြီးတစ်ယောက်
မှ မောင်လေး တစ်ယောက်ကို ကိုင်တွယ်သလိုမျိုး မျိုး ငြင်ငြင်သာသာ ကိုင်၍ ပြောသည်။

"မစိုးရိမ်ပါနဲ့ကွယ် ဒီ မမကြီးက ကျင်ကျီအဆင့်ကို အပြည့်စုံဆုံး အဆင့်နဲ့ တက်သွားခဲ့ပြီဆိုတော့
မောင်လေးကို အနိုင်မကျင့်ပါဘူး"

ကျင်ကျီအဆင့်သို့ရောက်သည့်အခါ၌ သူမ၏ နဖူးမှ မျိုးဆက်အမှတ်အသား ကလေးသည် ပို၍ ထင်
ရှားလာသည်။ထိုအချိန်၌ လုံချန်သည် သိပ်အံ့သြရသည်။သူမ ပြောသည့်စကားအရဆိုလျှင် ဤသို့
မျိုးဆက် အမှတ်အသားလေး ပို၍ ထင်ရှားလာခြင်းမှာ သူမ ကျင်ကျီအဆင့်သို့ အပြည့်စုံဆုံး အဆင့်
ဖြင့် တက်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျေနပ်အားရနေသည့် သူမကို ကြည့်၍ သူ့အနေနှင့် မနာလိုစိတ်များ မဖြစ်မိသည့် တိုင် ထိုခံစားချက်
ကိုတော့  သိပ်မကြိုက်လှချေ။သူ့သည် မိန်းမ တစ်ယောက်၏ အကာအကွယ်ပေးမှု အောက်၌ နေ
ထိုင်ရတော့မည်လား။သို့ဆိုလျှင် သူသည် လုံချန်ဟုတ်ပါတော့မည်လား။

"ကျွန်မ .. ရှင့်ကို ကာကွယ်ပေးမယ် ဆိုတဲ့ စကားကို မယုံဘူးလား" တွေဝေနေသည့် လုံချန်ကို မြင်သည့်
အခါတွင် သူမက မေးပါသည်။

လုံချန်သည် ခေါင်းကိုယမ်းလိုက်၏။

"မင်း..ကျုပ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို ကောင်းကောင်းယုံတာပေါ့ ဒါပေမယ့် မင်းလို လှပ
တဲ့ မိန်းမပျိုကလေး တစ်ယောက်က ကျုပ်ကို ကာကွယ်ပေးမယ်ဆိုတော့...ဒီလိုလုပ်လေ မင်း .. ကျုပ်
ကို ကာကွယ်ပေးချင်ရင် မင်းရဲ့နှလုံးသားလေးထဲမှာ ကျုပ်ကိုနေခွင့်ပေးလိုက်ပါလား ဒါဆိုရင်  မင်းဟာ
ကျုပ်ယုံရ...ရ..အိုက်ယား"

လုံချန်သည်စကားမဆုံးလိုက်ပါ။သူ၏ တင်ပါးကို ထန်၀မ်အာက ကန်လိုက်ခြင်းကြောင့်ဖြစ်သည်။

"မင်းတို့ အင်မော်တယ်ကောင်မလေးတွေက ကျုပ်တင်ပါးပဲ စိတ်၀င်စားနေကြတယ်ဟုတ်လား" လုံချန်
ဒေါသထွက်ရ၏။ယခုအခါ သူမသည် ကျင်ကျီအဆင့်သို့ရောက်ပြီ ဖြစ်သောကြောင့် သူမ၏ ကန်ချက်
မှာ လုံချန် အဖို့လွန်စွာ နာကျင်သွားရသည်လေ။ထန်၀မ်အာသည် အံလေးကို တင်းတင်းကြိတ်ထား
သည်။

"စိတ်၀င်စားတယ်ဟုတ်လား...ဟုတ်တာပေါ့ သိပ်စိတ်၀င်စားတာပေါ့ရှင်... ရှင့်ကိုကျွန်မက နည်းမျိုး
စုံနဲ့ကို စိတ်၀င်စားတာရှင့် ... ရှင် .. ကျွန်မကို အရင်က ဘယ်လို အနိုင်ကျင့်ခဲ့လည်းဆိုတာကို မှတ်
မိတယ်မလား.... ရှင်မမှတ်မိချင် မမှတ်မိပေမယ့် ကျွန်မကတော့မှတ်ထားတယ်ရှင့်...ဒီနေ့ တော့
ဒီကမမ .. ကလဲ့စားချေရမယ့် နေ့ ပေါ့ရှင်"

သူမသည် လက်တစ်ဘက်ကို ဝေ့ယမ်းလိုက်သည်။မိုးနှင့်မြေ သည် တသိမ့်သိမ့်တုန်လာပြီး လေပြင်း
ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ထိုလေ ပြင်းထဲတွင် လုံချန်မှာ ကိုးယို့ကားယား ဖြင့်ပါသွားလေသည်။
ကျင်ကျီအဆင့်သို့ ရောက်သည်မှစကာ သူမ၏ ဝါယော စွမ်းအင်သည် လွန်စွာ အစွမ်းထက်သွားပြီ
ဖြစ်ပါသည်။

"အိုက်ယား" လုံချန်၏ အော်ဟစ် သံ စူးစူးဝါးဝါးထွက်လာသည်။

"ဟီးဟီး ရှင်က တာ အရမ်းကောင်းတာပဲ ဒီအတိုင်းကလေးဆို ရင် ရှင်က တော်တော်ကိုကြည့်ကောင်း
သားပဲ"

ဒီကောင်လေးနှင့်စတွေ့စဉ်ကတည်းက သူမ အမြဲလိုပင် အစ အနောက်ခံနေခဲ့ရသည်။ယခုတော့ သူမ
အလှည့်ရောက်လာပြီမဟုတ်လား။

"ဟေး...ရပ်ပါတော့"

လုံချန့် အသံထွက်လာသည်။

"မရပ်ပါဘူး...ကျွန်မကို ဒီလောက်ကြာအေင် စနောက်နေခဲ့တာ အခုက ကျွန်မရဲ့  ကလဲ့စားချေရမယ့်
အချိန်ပေါ့ရှင့်" ဒီကောင်လေး ကို သူမ လွယ်လွယ်နဲ့ လွှတ်ပေးလို့ မဖြစ်ဘူးမလား။

"ရပ်တော့ .. ကျုပ်မူးနေပြီ...ကျုပ်..လွင့်ထွက်သွားတော့မယ်"

ထန်၀မ်အာ အံ့အားသင့်နေမိသည်။လုံချန့် မျက်နှာက အစိမ်းရောင်ပြောင်းလာသည်။ဟန်ဆောင်
နေခြင်း ဟုတ်ဟန်မတူ။သူမသည် သူမ၏ စွမ်းအင်များကို လျှင်မြန်စွာ သိမ်းဆည်းလိုက်ပြီး ကျေ
နပ်သည့် အပြုံးမျိုးဖြင့်ပြုံးပါသည်။

"ကောင်းပြီ ဒီတစ်ခါတော့ ရှင့်ကို ကျွန်မလွှတ်ပေးလိုက်မယ်.. နောက်တစ်ခါ ရှင် ကျွန်မကို စနောက်ရဲ...
အား..."

ထန်၀မ်အာ၏ စွမ်းအင် များမှ လွတ်သည်နှင့် လုံချန်သည် အရှိန်မသေ ပဲ လက်ချာများ ပေးနေသော
သူမလေး ထံသို့အရှိန်ဖြင့်ပြေး၀င်သွားသည်။နှစ်ယောက်သား မြေပြင်သို့ လုံးထွေးရစ်ပတ်၍ လဲကျ
သွား၏။ယခုတစ်ကြိမ်သည် လုံချန် တမင်  လုပ်ခြင်းမဟုတ်ပေ။သူသည် အမှန်ပင် မခံမရပ်နိုင်
အောင် မူးဝေနေခြင်းဖြစ်ပါသည်။

သူကလေးဘ၀တုန်းက ဝိုင်းကြီးပတ်ပတ် ဒူဝေ၀ ဆော့ရာ၌ အပတ်ရေ ဆယ်ပတ်ခန့်၌ အမြဲတမ်း
အော့အန်မြဲဖြစ်သည်။ယခုအခါ သူမ၏ စွမ်းအင်၌ သူသည် အပတ်ရေ ရာပေါင်းများစွာ ပတ်မိနေခြင်း
ဖြစ်၏။ပြောရစတမ်းဆိုလျှင် ယင်းသည် သာမာန်လူများ ခံနိုင်သည့်အပတ်ရေ မျိုးပင်မဟုတ်ပေ။

ထို့ကြောင့် သူသည် ပြင်းထန်စွာမူးဝေ သွားရသည်။သူမ သာ မရပ်လျှင် သူ့အဖို့ လွင့်စဉ်သွားနိုင်ပေ
သည်။သူမ၏ စွမ်းအင်များ ပြန်သိမ်းချိန်တွင် လောကကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေသည်
ကို သူခံစားရပါ၏။မတ်တပ်ရပ်၍ မနေနိုင်။ထိန်းကိုင်စရာ တစ်စုံတစ်ခု ရှာနေချိန်၌ အလှနတ်ဘုရား
မလေးကို ဖက်လိုက် မိလျှက်သားဖြစ်သွားခြင်း ဖြစ်ပါသည်။

သူမကို ဖက်ထားသည့် လုံချန်ကို ကြည့်၍ သူမသည် ကြောင်တောင်တောင်နှင့်ငြိမ်သက်နေမိပါသည်။
ရင်တွေသည် သိပ်ကို ခုန်ရလွန်းပါလား။ဒါ..ဘယ်လိုခံစားရမှုမျိုးပါလိမ့်။ဘာ့ကြောင့်မှန်းမသိ။ရင်ထဲ
တွင် တသိမ့်သိမ့်နှင့်ခံစားနေရသည်။လုံချန်ရယ်..ကျွန်မတော့ ရူးရပါပြီကော....။

ခံစားချက်က သူမအတွက် စိမ်းလွန်းနေသည်။သူ့ ခန္ဓာကိုယ်မှ လာသည့် ယောကျာင်္းပျို တစ်ဦး၏
သင်းရနံ့တစ်မျိုးကြောင့် ရုန်းဖယ်ဖို့ သူမ မေ့နေခဲ့ပါသည်။

"ဟင်..မင်းတို့ဘာလုပ်နေကြတာလည်း" ချင်ယုလည်း ကျင်ကျီအဆင့်သို့ ယခုအချိန်ကလေးတွင်မှ
ရောက်သွားခြင်းဖြစ်သည်။ယခင်က သူမသည် ထန်၀မ်အာ အဆင့်တက်နေချိန်၌ ဂူအပေါက်၀တွင်
စောင့်ကြပ်ပေးခဲ့သည်။ယခုတော့ သူမသည်လည်း အဆင့်တက်၍ ပြီးဆုံးပြီ ဖြစ်သောကြောင့် ဂူအပြင်
သို့လျှောက်လာခြင်းဖြစ်သည်။ထိုအချိန်၌ လုံချန်နှင့် သူမ တို့၏ထွေလား လုံးလား အဖြစ်ကို မြင်ရ
ခြင်းဖြစ်လေသည်။

ထန်၀မ်အာသည် ထိတ်လန့်ဟန် လေးဖြင့် အော်ဟစ်၍ လုံချန်ကို တွန်းဖယ်ပစ်လိုက်သည်။သူမမျက်နှာ
လေးသည် ပန်းသီးလေး တစ်လုံးကဲ့သို့ ရဲရဲတွတ်နီနေပါ၏။သူမ ဘာပြောရမှန်းမသိပေ။

"၀မ်အာ... လုံချန်ကို အနိုင်ကျင့်ပြန်ပြီလား" ချင်ယုသည် စိတ်ပျက်ဟန် ဖြင့်သက်ပြင်းချသည်။

"ဟင်.. လုံချန် .. ကျွန်မကို အနိုင်ကျင့်နေတာလေ" သူမ ဘာ မှားလို့လည်း။လုံချန် သူမကို အနိုင်ကျင့်နေတာသိသိသာသာကြီး
မဟုတ်လား။

"ဗြောင်းငြင်းချင်သေးတယ်ဟုတ်လား.. လုံချန်ကိုကြည့် သူ့မျက်လုံးတွေပြာနေတယ်..သူ့အသားက အစိမ်း
ရောင်တောင်ပြောင်းနေပြီ..သူ့နှုတ်ခမ်းကိုလည်း ကြည့်ဦး ခရမ်းရောင်ဖြစ်နေတယ်...."

ချင်ယု၏ အသံသည် ဆက်တိုက်ဆိုသလို သူ့နားထဲ၀င်လာသည်။မြေကမ္ဘာသည် အိုးထိန်းစက်ကဲ့သို့
လည်နေလင့်ကစား ဤ အသံကိုတော့ ကောင်းကောင်းကြားရသည်။ဘယ်တုန်းကများ သူ သူမပြော
သလို အရောင်တွေ စုံကုန်ပါလိမ့်။

နှစ်နာရီခန့်ကြာပြီးလျှင် ထန်၀မ်အာနှင့် လုံချန်သည် အင်မော်တယ် ဂူ ထဲမှ ခေါင်းငိုက်စိုက် ကျလျှက်
ထွက်လာကြလေသည်။ယင်းတို့ကို ကြည့်ရသည်မှာ ချင်ယု၏ အဆူ၊အငေါက်ကို ကောင်းကောင်းခံ
ခဲ့ရပုံပေါ်သည်။

ထန်၀မ်အာသည် တောင်းပန်သည့် လေသံလေးဖြင့်ပြော၏။

"တောင်းပန်ပါတယ်လုံချန်ရယ်...ရှင့်မှာ ဒီလိုအားနည်းချက်ရှိတာကို ကျွန်မမှ မသိတာလေ...."

ဤကိစ္စ၌ ထန်၀မ်အာကို အပစ်တင်၍မရ။လုံချန့် လို လွန်စွာအစွမ်းထက်သူတစ်ယောက်က ဒီလို
မူးတတ်မယ်လို့ဘယ်သူ က ထင်မိမှာလည်း။

"အင်း...ကျုပ်မှာ ဒီအားနည်းချက်ရှိနေတာကို မင်း သိသွားပြီဆိုတော့ ဒါကိုလျှို့ဝှက်ထားပေးပါ" လုံချန်
သည် ကသိကအောက်ဖြစ်ဟန်ဖြင့် ပြောသည်။ထန်၀မ်အာသည် ခေါင်းလေးညိတ်ကာ ဦးညွှတ်၍
အလေးအနက်လေသံဖြင့် ပြောပါ၏။

"ကျွန်မ ကတိပေးပါတယ်.. ဘယ်သောအခါမှ ဘယ်သူ့ကို မှ မပြောပါဘူး"

ထန်၀မ်အာ၏ တောင်းတောင်းပန်ပန် ဟန်လေးကိုကြည့်၍ လုံချန်သည် ဒေါသထွက်ချင်ဟန်ဆောင်
သည်။

"ကျုပ်အခု သိပ်မူးနေတဲ့အတွက် မိန်းမလှလေးတစ်ယောက်ကို ဖက်မိလိုက်တုန်းက အတွေ့အထိ
ကို ခံစားမရတော့ဘူး..ဒီလိုဆိုတော့ မမ၀မ်အာက ဒီက မောင်လေးကို သနားသောအားဖြင့် ဒီလို
အတွေ့အထိမျိုးရအောင် တစ်ကြိမ်လောက်ကူညီပေးပါလား"

"လုံချန် .. ရှင် နောက်တစ်ကြိမ် ထပ်မူးချင်သေးလား" ထန်၀မ်အာသည် လက်သီးဆုပ်လေးဖြင့် သူ့ကို
ထုလိုက်သည်။

"အ.. ကောင်းပါပြီ...မင်းကိုကြည့်ရတာ တစ်ဖြည်းဖြည်းကလေးဆန်လာပြီ" လုံချန်က ခေါင်းကိုယမ်း
လိုက်သည်။

"ကောင်စုတ်...ကလေးဆန်တော့ဘာဖြစ်လည်း"

"ဟေး... မိန်းမလှလေးရဲ့...မင်းစကားတွေကို သတိထားပြောနော် မင်းက ကျုပ်တို့ မိုးမြေ ဂိုဏ်းရဲ့
ဆရာကြီး ကျုပ်တို့ ဂိုဏ်းကို ကိုယ်စားပြုသူတစ်ယောက်.... သူများတွေမြင်ရင် ကျုပ်တို့ကို အရိုသေ
တန် ကုန်မယ်"

"အဲ့တာ ရှင့်ကြောင့်လေ မဟုတ်လို့လား" ထန်၀မ်အာသည် နှာခေါင်းလေးကို ချစ်စဖွယ် ရှုံ့လိုက်ပြီးမှ
ဆက်ပြော၏။

"ပြီးတော့ ဆရာကြီးဆိုတာဘာကိုပြောတာလည်း..အဲ့တာက အဖွဲ့ခေါင်းဆောင်လို့ဆိုလိုတာလား..သိပ်
ကျေးဇူးးတင်ပါသတဲ့ရှင်...ဘာ့ကြောင့် ရှင့်နှုတ်ဖျားက ဒေါပွစရာတွေထွက်ထွက်လာရတာလည်း"

"ဟဲဟဲ...မင်းကို ခေါင်းဆောင်... ဒါမှမဟုတ် ဆရာလို့ ခေါ်ကောင်း ခေါ်လို့ရမယ်ထင်တယ် ကောင်းပြီ
ဆရာ..ကျုပ်ကို ဘယ်ခေါ်လာတာလည်း" လုံချန်ကမေးသည်။

"ကျွန်မတို့ ရွှမ်ရှင်း စံကျောင်းတော်ကို သွားနေကြတာလေ...ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ
အတွက်ကော အဖွဲ့ရဲ့ ခွဲတမ်းအတွက်ကောပေ့ါ ရှင်..ပြောခဲ့တယ်မလား ဆေးအမယ်ပေါင်းများစွာစု
ဆောင်းရမယ် ဆိုတာလေ....အမှတ်သာ လုံလုံလောက်လောက်ရှိရှင် ရွှမ်ရှင်း စံကျောင်းတော်မှာ ရှင်
လိုချင်တာကို လုံလုံလောက်လောက်ရနိုင်တာပေါ့"

"ဒါ့ကြောင့် ကျွန်မရဲ့ အမှတ်တွေကို ရှင့်ကိုပေးမယ် ရှင့်သိုင်းပညာအဆင့်မြင့်လာဖို့ က အရေးအကြီး
ဆုံးပဲ."

ထန်၀မ်အာကို ကြည့်၍ လုံချန် စို့နင့်သွားရသည်။ဒီကောင်မလေးဟာ တစ်ကယ့် ခေါင်းဆောင်ကောင်း
တစ်ယောက်ဖြစ်နေပါပေါ့လား......။

"မမ၀မ်အာ..ကျုပ်..."

"တော် တော်..ဟန် ဆောင်မနေနဲ့..ကျွတ်.. ရှင့်ကိုတော့ ကျွန်မ အမြင်ကတ်လာပြီ"

သူမသည် လုံချန်၏ စကားကို တစ်ခါတည်းဖြတ်ပြော လိုက်သည်။ပြီးလျှင် သူနှင့် မျက်နှာချင်းမဆိုင်
တော့ပဲ ခေါင်းလေးကို တစ်ဘက်သို့ လှည့်ထားလိုက်လေတော့သည်။လုံချန်သည် တွေတွေကြီး
ရပ်နေမိပါသည်။သူ ဘာမှ မပြောခင် သူမ လေးသည် သူ၏ အကြံကိုသိနေသည်။ဒါက သူရဲ့ ယုံကြည်
မှုကို လုံးလုံးထိခိုက်စေသည်လေ။

လမ်းတွင် သူတို့နှစ်ယောက် လူအချို့နှင့်တွေ့သည်။သို့သော် အများစုမှာ မျက်နှာစိမ်းများသာဖြစ်၏။
သူမတို့ ကျက်မိသည့် မျက်နှာသိ များမှာ ယဲ့ထင်းချုံတို့ အဖွဲ့မှ လူများဖြစ်နေသည်။ထိုလူများသည် သူမ
တို့နှစ်ယောက်ကို ယဉ်ကျေးစွာ နှုတ်ဆက်၍ ဆက်လျှောက်သွားကြသည်။

Patriarch MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(183)လက်ဝါးတစ်ချက်ဖြင့်

ရွှမ်ရှင်းစံကျောင်းတော်ကို ကြည့်၍ သူ အနည်းငယ် ပဟေဠိ ဖြစ်ရသည်။

"ရွှမ်ရှင်း စံကျောင်းတော်က ကိုးထပ်ရှိတာဆို ဘာကြောင့်တစ်ထပ်ထဲဖြစ်နေရတာလည်း"

"အရူး .. ကိုးထပ်က မြေအောက်မှာရှင့် ဘာမှမသိပဲနဲ့ လျှောက်လျှောက်မပြောနဲ့  လူတွေတောင်
ရှင့်ကို အထင်သသေးနဲ့ကြည့်ကုန်ကြပြီ" ထန်၀မ်အာ သူ့ ကို တီးတိုးပြောသည်။

သူမစကား ကြောင့် ပတ်၀န်းကျင် ကို သူအကဲခတ်ကြည့်ရာ၌ လူအချို့မှာ သူ့ကို အထင်သေးသည့်မျက်
၀န်းများဖြင့်ကြည့်နေကြသည်ကို တွေ့ရသည်။သူတို့၏ အကြည့်တွေထဲမှာ ရန်စသည့် အရိပ်အယောင်
တွေကိုမြင်နေရလေသည်။သူ သက်ပြင်းချမိပါသည်။ဤနေရာကို သူမသိ၍ ငတုံးတစ်ယောက်လို ဖြစ်နေ
ခြင်းက ထားပါစေဦးတော့။ဘာ့ကြောင့်များ သူ့ကို ရန်စချင်တဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေရတာပါလိမ့်။

"အင်း ... ရွှမ်းရှင်းဟာ သိုင်းသမားအများစုရဲ့ သိုင်းလေ့ကျင့်ရာ မဟာ စံကျောင်းတော်ကြီးရယ်လို့ ကျုပ်
ကအမြဲယူဆခဲ့တာ ဒီလို ဘာမဟုတ်တဲ့ သွေးနှောအဆင့် 7 ပဲ ရှိတဲ့ကောင်တစ်ကောင်က ရွှမ်ရှင်းကို
ဘာ့ကြောင့်ရောက်နေရာတာပါလိမ့်" မလှမ်းမကမ်းမှ လူတစ်ယောက်က သူ့ကို ထိုသို့ပြောလာသည်။

ယခုအခါတွင် သူ့ သိုင်းပညာအဆင့်အတန်းမှာ လူတိုင်းသိသည့် ကိစ္စတစ်ခုဖြစ်သည်။ထို့ကြောင့် သူက
သူ၏ အော်ရာတွေကို ဖျောက်ကွယ်မထားတော့ချေ။ယခုအခါ၌ လူတိုင်းမှာ ကျင်ကျီအဆင့်သို့ ရောက်
ကုန်ကြပြီဖြစ်သည်။သို့ဖြစ်၍ သွေးနှောအဆင့် 7 သာရှိသည့် ပါချီပါချက်ကောင်လေး တစ်ယောက်က
၎င်းတို့ အမြင်၌ လွန်စွာ မျက်စိစပါးမွေးစူးစရာကောင်းနေပါ၏။

ထန်၀မ်အာ အမူအယာပျက်သွားသည်။သူမ ပြန်ပြောမည် ပြုစဉ် လုံချန်က ဆွဲထားလိုက်သည်။

"ဒီလို ဘာမှအသုံးမ၀င်တဲ့ကောင်တွေနဲ့ ဖက်မဖြစ်နဲ့ မင်းပုံရိပ်ကို ထိခိုက်မယ်"

သူသည်.. ထိုသို့သော လူမျိုးများဖြင့် ဖက်၍ ဖြစ်ရမည်ကို လွန်စွာ ပျင်းရိသူတစ်ယောက်ဖြစ်သည်။ဒီလို
လူမျိုးတွေက လူတစ်ကာ အာရုံစိုက်ခံရဖို့ကို လိုချင်သူတွေဖြစ်၏။ထို့ကြောင့် ဤလို လူမျိုးများကို အာရုံ
စိုက်လေလေ သူတို့က ပို၍ ကျေနပ်လေလေဖြစ်သည်။

ဒါပေမယ့်...လုံချန်ဟာ ဘယ်လိုလူမျိုးလည်း။သေဘေးမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့အပြီးမှာ သူ့မှာ ဒီ
လိုအရာများကို တုန်လှုပ်တတ်သည့် စိတ်မရှိတော့။ဒီလိုလူမျိုးတွေနှင့် သူ၏ အဖိုးတန်အချိန်တွေကို
ဘာ့ကြောင့် ဖြုန်းတီးပစ်ရမှာလည်း။

သူ ဒေါသ မထွက်တာကို မြင်တော့ ထန်၀မ်အာက တိတ်တခိုးပြုံးသည်။သူမ၏ သူမကိုယ်သူမ ထိန်းသိမ်း
နိုင်စွမ်းမှာ လုံချန်ထက် များစွာနိမ့်ပါးသေးကြောင်း သူမ သိပါသည်။ဒါ့ကြောင့်ပဲ ဒီကောင်လေးက သူမ
ကို ကလေးမလေး တစ်ယောက်လို့ အမြဲတမ်းပြောခဲ့သည်ကိုး။

"သွားကြစို့" ထန်၀မ်အာ ပြုံးပါ၏။စိတ်ညစ်စရာ ထိုအဖြစ်ကို သူမ မေ့ပစ်လိုက်သည်။သူ့လို သူမလည်း
ဖြစ်ချင်ပါသည်။သူ ဆိုတာ ရေတွင်း ဟောင်းကြီးထဲက ရေပြင်လို ပကတိ တည်ငြိမ်နေတဲ့ ယောကျာင်္းတစ်
ယောက်မဟုတ်လား။

သူ ခေါင်းငြိမ့်၍ သူမနှင့်အတူ ရွှမ်ရှင်းစံကျောင်းတော်သို့ ထွက်လာခဲ့သည်။သို့သော် ခြေနှစ်လှမ်းခန့်မှာ
ပဲ လူတစ်ယောက်က သူတို့ကို တားဆီးလာ၏။ထိုလူက အစောပိုင်းမှာ လုံချန်ကို လှောင်ပြောင်ခဲ့သူ
ဖြစ်သည်။သူက လက်ကိုပိုက်၍ သရော်ဟန် အကြည့်ဖြင့် သူ့ကို ကြည့်၍ ရပ်နေ၏။သို့ရာတွင်
ထန်၀မ်အာကို မြင်ရာ၌ မနာလိုသည့် အကြည့်များဖြစ်လာကြပြန်သည်။

သူက လုံချန်ကို အေးစက်စက်လေသံဖြင့် ပြောသည်။

"ရွှမ်ရှင်းမှာ ကျုပ်က အမှိုက်လိုကောင်စားတွေကို ရှိမနေစေချင်ဘူး"

ထိုအချိန်မှာ ရွှမ်ရှင်းစံကျောင်းသို့ သွားနေသူ တစ်ချို့လည်းရှိသည်။သူ လှောင်ပြောင်ခံနေရသည်ကို
ကြားလျှင် သူတို့မှာ ပွဲကောင်းကောင်းတော့ ကြည့်ရဦးမည်ဟုတွေးသည်။သို့သော် လုံချန်မှာ ထိုသူ
ကို စိတ်၀င်စားဟန် မပြပဲ သူ့လမ်းသူသာ ဆက်သွားသဖြင့် သူတို့မှာ အားမလိုအားမရဖြစ်ကြရသည်။

ယခုတော့ ထိုသူကပင် သူ့ကို ရန်စလာပြန်ချေပြီ။လူတိုင်းက ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။
ဤတစ်ခါ ရန်စခြင်းကို သူ ရှောင်ထွက်လျှင် အခြားသူများက သူ့ကို ကျိန်းသေပေါက်ရန်စ၊အနိုင်ကျင့်
ပေတော့မည်။

"ဟုတ်လား ကျုပ်တွေးနေတာကတော့ မင်းနဲ့ပြောင်းပြန်ပဲ"

သူ.. မသိမသာပြုံး၍ ထန်၀မ်အာကို ဆွဲလျှက် ထိုနေရာမှ ထွက်လာခဲ့၏။ထန်၀မ်အာ ပထမတွင် အနည်း
ငယ်အံ့အားသင့်နေမိသည်။သို့သော် ခဏမျှ အကြာတွင် သူမ၏ ပါးစပ်ကိုလက်ကလေးဖြင့် ကာ၍ တ
ခစ်ခစ်ရယ်တော့သည်။အခြားသူများကလည်း အစမှာ သူ့စကားကို သဘောမပေါက်သော်လည်း ခဏ
ကြာလျှင် သဘောပေါက်ကုန်ကြသည်။သူတို့က ထိုသူကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်ကုန်ကြ၏။

လုံချန်ကို ကြည့်၍ ထိုသူမှာ ပထမ၌ ကြောင်တောင်တောင် ဖြစ်နေသည်။သို့သော် လူတိုင်းက သူ့ကို
ထူးဆန်ဟန်ဖြင့် ကြည့်နေသည်ကို မြင်မှ လုံချန့် စကားအဓိပ္ပါယ်ကိုနားလည်ရသည်။

"သေပေတော့.. အမှိုက်ကောင်"

ထိုသူမှာ ဒေါသလွန်စွာဖြစ်သွားပြီး သူ့ကိုလက်သီးဖြင့်ထိုးလိုက်ပါသည်။လွန်စွာပြင်းထန်သည့် လေများ
တဟူးဟူးဖြင့် သူ့ လက်သီးတစ်ဝိုက်တွင် တိုက်ခတ်လာသည်။ဤလူမှာ မကြာသေးခင်ကပင် ကျင်ကျီ
အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ ထင်ရှားပါသည်။လက်ဝါးတစ်ချက် မှာလျှပ်ပြက်လိုက်သလို ဖြတ်
ကနဲထွက်လာသည်။

ထိုသူ့ လက်သီးမှာ သူ့ထံသို့မရောက်ခင် ထိုသူမှာ ရက်ရက်စက်စက် ပါးချ ခံလိုက်ရလေတော့သည်။
လူတိုင်းထံမှ အော်ဟစ်သံများ ထွက်လာပြီး ဘေးသို့လှိမ့်ရှောင်လိုက်ကြရသည်။ထိုလူမှာ အမြောက်
ဆံတစ်ခုလို နောက်သို့လွင့်ထွက်သွားသည်။

မီတာတစ်ရာခန့် လွင့်သွားပြီးတွင် ကျောက်နံရံကြီးတစ်ခုဖြင့် ပြင်းထန်စွာ၀င်စောင့်မိသည်။ကျောက်နံ
ရံကြီးမှာ အလွန်တရာ မာကျောလှသဖြင့် ဘယ်လိုမှ မဖြစ်သည့်တိုင် ထိုလူမှာ တုန်းကနဲ သတိမေ့သွားေ
တာ့သည်။

"ရှင့်ရဲ့ တိုက်ခိုက်မှုက ထောင့်ချိုးတွေက အစ လုံး၀မလွဲ တိတိကျကျပဲ ဒါဟာ ပြစ်မျိုးမှဲ့မထင်အလှလို့
တောင် ပြောချင်ပြောလို့ရသေးတယ် ဘယ်လိုလုပ်လိုက်တာလည်းဟင်.." ထန်၀မ်အာက စိတ်လှုပ်ရှား
ဟန်ဖြင့် မေးသည်။

သူ့ လှုပ်ရှားမှုတွေကို သူမ ဂရုတစ်စိုက်လေ့လာနေခဲ့တာကြာခဲ့ပါပြီ။ပထမ တစ်ခါတုန်းက ကုသရေး
ခန်းမကလုချွန်ကို ပါးရိုက်လိုက်စဉ် ကတည်းကဖြစ်သည်လေ။သူ့ တိုက်ခိုက်မှုတွေက သိပ်ပြင်းထန်
ပြီး သိပ်ရှင်းလင်းလွန်းလှတာကြောင့် တစ်ဘက်သားမှာ ရှောင်ချိန်ပင် မရှိဖြစ်ကြရသည်။

သူမအမြင်မှာ ထိုတိုက်ခိုက်မှုသည် သူ တစ်ခါတုန်းက အလင်းစက်ကွင်းဖြင့် တိုက်ခိုက်ခဲ့သလို သိုင်းပညာ
တစ်မျိုးမျိုးဖြစ်ရမည်ဟု ယူဆသည်။သို့သော် ထိုတိုက်ခိုက်မှုမှာ သူတစ်ပါးကို သေစေလိုသည့် ဆန္ဒ
တော့ မပါပါချေ။

"ဒါဟာ ကျုပ် ဘိုးဘေးတွေဆီက အမွေဆက်ခံရတဲ့ လက်သိုင်းတစ်မျိုးပေါ့ မင်း သင်ချင်တယ်ဆိုရင်
လည်း သိပ်တော့မခက်ပါဘူးလေ  .. မင်းကို ဒီလို ငတုံးတွေ ပြဿနာ လာရှာရင် လက်ဝါး နဲ့ တစ်ချက်
သာ စော်ပေးလိုက် ဒီလိုငတုံးတွေနဲ့ တွေ့ပါများရင် မင်းလည်း ကျွမ်းကျင်လာလိမ့်မယ်" လုံချန် လေးလေး
နက်နက်ဟန်ဖြင့် ရှင်းပြနေသည်။

"ဒါဆို... ကျွန်မကို သင်ပေးလို့ရမလား" ထန်၀မ်အာ က မျှော်လင့်ဟန်လေးဖြင့်မေးသည်။

"သင်ပေးလို့မရဘူး .. ဒါက မင်းရဲ့ပုံရိပ်ကို ပျက်ဆီးစေလိမ့်မယ် ... ကျုပ်ပဲ ဒီလိုကောင်တွေကိုကိုင်
တွယ်မယ်လေ...မင်းကတော့ ပန်းလေးတွေလို လှလှပပလေးပဲနေပါကွာ..."

သူမလေးက ချစ်စဖွယ်ကောင်းလောက်အောင် တခစ်ခစ်ရယ်လိုက်ပါသည်။သြော်...သိပ်ကိုလှပါလား
၀မ်အာရယ်။ပန်းလေးတွေ ပွင့်နေသလိုမျိုးပါပဲလား။မင်းကြောင့်...ငါတော့ ခက်ရပြီနဲ့တူပါရဲ့....။

"ရိုင်းလိုက်တာ ရွှမ်ရှင်း စံကျောင်းတော်မှာ ဘယ်သူရန်ဖြစ်ရဲတာလည်းကွ...အော်..မင်းကိုး"

ကြိမ်းမောင်း သံနှင့်အတူ ၀တ်ရုံဖြူ၀တ် လူတစ်စုတို့ ရောက်လာကြ၏။ကြိမ်းမောင်းနေသည့် လူက
သူ့ကို မှတ်မိလေသည်။ထိုလူကို မြင်တော့ သူနှင့်ထန်၀မ်အာမှာ အခြေအနေတော့ မကောင်းဟု
တွက်လိုက်မိကြသည်။ထိုလူမှာ သူနှင့် ပြဿနာ တက်ခဲ့ဖူးသည့် စီနီယာ၀မ် ဆိုသူဖြစ်သည်လေ။

စမ်းသပ်ပွဲမှာတုန်းက ထန်၀မ်အာ နှင့် လီရှင်းရှောင်တို့ တိုက်ခိုက်နေကြစဉ် သူ့မှာ ကျိုးဝူကို သတ်မိ
သွားသဖြင့် စီနီယာဝူက သူ့ကို စမ်းသပ်ပွဲမှ နှင် ထုတ်ရန်ဖိအားပေးခဲ့ခြင်းဖြစ်လေသည်။စီနီယာဝူ က
သူ့ကို အလွန်သဘောမကျ ဖြစ်နေခဲ့သည်။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်တစ်ယောက်အနေနှင့် သူက ရွှမ်ရှင်းစံကျောင်းတော်၏ ပန်း၀န်းကျင်ကို
ကင်းလှည့်ရလေ့ရှိသည်။ရွှမ်ရှင်းမှာ ယှဉ်ပြိုင်မှုများကို အားပေးသည်ဟု ဆိုသော်လည်း အဆောက်အဦး
များ၏ အနီးအနားတွင် တော့ ခွင့်မပြုထားချေ။မည်သို့ဆိုစေ လက်သီး၊တံတောင် များမှာ မျက်စိမပါ။
မတော်တဆဖြင့် အဆောက်အဦးများကို ပျက်စီးစေလျှင် ဒုက္ခများသွားနိုင်သည်။

ထို့ကြောင့် ရွှမ်ရှင်း၏ နေရာအတော်များများ၌ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကို ကန့်သတ်ထားခြင်းဖြစ်လေသည်။
အကယ်၍ မိမိကြောင့် တစ်စုံတစ်ခုထိခိုက်ပျက်ဆီးသွားလျှင် မိမိ၏ အမှတ်များဖြင့် ဆုံးရှုံးမှုကို ပြန်၍
ပေးလျှော်ခြင်း သို့မဟုတ် ရွှမ်ရှင်းမှ ချမှတ်ပေးသည့် မစ်ရှင်တစ်ခုခုကိုပင် မည်သည့် ဆုမှမရရှိပဲ
လုပ်ပေးကောင်း လုပ်ပေးရနိုင်ပါ၏။

သို့သော် ရွှမ်ရှင်း မှာ ရှိသည့် အရာများမှာ လွန်စွာအဖိုးတန်သည့် အရာများသာဖြစ်၏။မိမိကြောင့် အဖိုး
ထိုက်တန်သည့် တစ်စုံတစ်ခု ပျက်စီးသွားခဲ့လျှင် မိမိ၏ တစ်ဘ၀လုံးကို ရွှမ်ရှင်း၌ အလုပ်သမား အဖြစ်
လုပ်ကိုင်၍ ပေးလျှော်လျှင်ပင် ကြေနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှာ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကင်းလှည့်စောင့်
ကြပ်ပေးရ၏။ယခု သူ့ကိုမြင်တော့ စီနီယာအကို၀မ် မျက်လုံးတွေ မြင့်တက်သွားပြီး လှမ်းပြောလိုက်
လေသည်။

"ကောင်လေး .. နောက်တစ်ကြိမ်ငါနဲ့မတွေ့မိစေနဲ့လို့ ဟိုတစ်ခါတုန်းက ငါပြောခဲ့တယ်မလား....ဟီးဟီး
မင်းတော့ကံဆိုးတာပဲ"

ထန်၀မ်အာမှာ နည်းလမ်းတစ်မျိုးမျိုးဖြင့် ဤကိစ္စကို ဖြေရှင်းရန်ကြံသော်လည်း ကြံလို့မရချေ။စီနီယာ
၀ူက သူ့ အာဏာ ၊ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ရေးကိုယ်တာ ပြဿနာကို လက်စားချေတော့
မည်ဖြစ်ကြောင်း သူမသိပါသည်။

"ကျုပ်ကဘာလို့ ကံဆိုးရတာလည်း" လုံချန်က ဘာသိဘာသာဟန်ဖြင့် ပြန်ပြောသည်။

"ဟားဟား ရန်မဖြစ်ရဆိုတဲ့ နယ်မြေမှာ မင်းက ရန်ဖြစ်တယ်လေ...စည်းကမ်းထိန်းသိမ်းရေး တစ်
ယောက်အနေနဲ့ ငါ့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးမင်းကို အရေးယူရမယ် .. မင်း အာခံချင်သေးလား" စီနီယာ
၀ူက အေးစက်စက်လေသံဖြင့်ပြော၏။

သူ့လက်ထဲ၌ ခပ်ရှည်ရှည်ချိန်ကြိုးတစ်ခုရောက်လာသည်။ယင်းမှာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ
မှ စည်းကမ်းဖောက်သူတွေကို ဖမ်းချုပ်ရာ၌ သုံးသည့် လက်နက်တစ်မျိုးဖြစ်၏။ရွှမ်ရှင်း၏ စည်းမျဉ်းတွေ
ကိုဖောက်ဖျက်သူများမှာ ခွေးတစ်ကောင်လို ချိန်ကြိုးဖြင့် ချည်၍ ရွှမ်ရှင်းစံကျောင်းသို့ ပတ်စေပြီးမှ
စည်းကမ်းထိန်းသိမ်းရေး အဆောင်သို့ပို့၏။စည်းကမ်းထိန်းသိမ်းရေး ဋ္ဌာန ရောက်သည်နှင့် ပြစ်မှု
အကြီးအသေးကို မူတည်လျှက် အပြစ်ပေးခြင်း ကို ခံရသည်။

ထိုသို့ အပြစ်ပေးမှုက သိပ်မပြင်းထန်။မည်သို့ဆိုစေ အပြစ်ရက်ရက်စက်စက် ပေးလိုက်လျှင် လူအများ
အနေဖြင့် ယှဉ်ပြိုင်ရဖို့ကိုပင် ထိတ်လန့်ကုန်မည်ကိုလည်း စိုးရပေသည်။သို့သော် ဤသို့ အပစ်ပေးမှု
မှာ အပြင်းထန်သော်လည်း ချိန်းကြိုးဖြင့် လူကြားထဲသို့ ဆွဲခေါ်ခြင်းခံရသဖြင့် လွန်စွာအရှက်ရလေသည်။

ဒီလူငယ်များမှာ ပါရမီရှင်များဖြစ်၍ မာနမကြီးသူဟူ၍ တစ်ယောက်ပင်မရှိပေ။ဤသို့ အရှက်ခွဲမှုမျိုးမှာ
၎င်းတို့ကို အမှန် အပြစ်ပေးခြင်းထက်ပင် ပို၍ ဆိုးရွားစေပါသည်။သူ နှင့် စီနီယာ၀မ် ဆုံခဲ့စဉ်၌ စီနီယာ
၀မ်မှာ အချုပ်အနှောင်မှ လွတ်မြောက်ကာစ ဖြစ်၍ ဒေါသများပေါက်ကွဲရန် နေရာရှာနေခဲ့ခြင်းဖြစ်သည်။

သူ့ ဒေါသတွေကို အလွယ်တကူပေါက်ကွဲလို့ရမည့် သူကို ရှာရာ၌ သူက ထိုနေ့၌ လုံချန်ကိုတွေ့ခဲ့ခြင်း
ဖြစ်လေသည်။ယခု လုံချန်ကိုမြင်တော့ သူက ထိုနေ့မှ ကိစ္စကို တွေးမိပြီး ချုပ်နှောင် ရန်ချက်ချင်းလှုပ်
ရှားတော့သည်။

ဘန်း.....။

သူ ... ချိန်းကြိုးကို ခပ်တင်းတင်းကိုင်၍ စီနီယာ၀မ်ကို ကြည့်လိုက်ပါ၏။တစ်ချိန်တည်း၌ ထန်၀မ်အာ
ကလည်း တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားလေ၏။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို ဆန့်ကျင်ခြင်းမှာ အန္တာရာယ်ကြီးကြောင်း သူမ မသိ၊မဟုတ် သိပါ၏။
ဒါပေမယ့်..ဒီအချိန်မှာ သူ့ကို ဒီလိုအရှက်ခွဲမှာ မျိုးကို သူမခွင့်မပြုနိုင်။အကျိုးဆက်တွေကို သူမ  မစဉ်း
စားတော့။ဟင့်အင်း...ရှင့်ကို သူတို့ ဒီလိုမျိုး မလုပ်ရဘူး လုံချန်....။

"မင်းက ခုခံရဲတယ်ပေါ့ ဒါဆိုလည်း ကျုပ်ကို မယဉ်ကျေးလိုက်တာလို့ အပစ်မတင်နဲ့ ဟုတ်ပြီလား"

ချိန်းကြိုးကို ကိုင်ထားသည့် လုံချန်ကို ကြည့်၍ စီနီယာ၀မ်ကြိတ်ပျော်သွား၏။စည်းကမ်းထိန်းသိမ်းရေး
အဖွဲ့၀င်တစ်ယောက်ကို လုံချန်ပြန်ခုခံဝံ့လျှင် သူက လုံချန်ကို ဒဏ်ရာအကြီးအကျယ်ရအောင် တိုက်
ခိုက်ပါစေဦးတော့ အပြစ်မှလွတ်ပေမည်။သူ .. လုံချန်ကို တိုက်ခိုက်တော့မည် ပြင်လျှင် လုံချန်က တား
လိုက်၏။

"နေဦး" လုံချန်က သူ့ကို အေးစက်စက်အကြည့်တို့ဖြင့် စိုက်ကြည့်နေခဲ့သည်။

"ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးကလဲ့စားချေချင်ရင် လည်း ကျုပ် ..  ဘယ်စည်းမျဉ်း
ကို ချိုးဖောက်မိသလည်း ဆိုတာကိုပြောလေ"

ုစီနီယာ၀မ်က လှောင်သည်။

"ဟမ့်.. ရွှမ်ရှင်းစံကျောင်းတော်ထဲမှာ ဘယ်သူမဆိုရန်ဖြစ်ရင် သုံးရက်တိတိ အကျဉ်းချခံရမယ်ဆို
တာကို မင်းမသိဘူးလား"

"ဒါဆို ခင်ဗျားကို မေးပါရစေ ရန်မဖြစ်ရတဲ့နေရာတွေကိုဘယ်လိုသတ်မှတ်ထားသလည်း"

"ရန်မဖြစ်ရတဲ့နေရာတွေ က စုစုပေါင်း 7 နေရာရှိတယ် ... ရန်မဖြစ်ရလို့သီးသန့် သတ်မှတ်ထားတဲ့
နေရာတွေအပြင် အဆောက်အဦးတိုင်းရဲ့ မီတာသုံးရာခန့်အကွာအဝေးတိုင်းစီမှာလည်း ရန်မဖြစ်ရ
ဘူး...ဘာလည်း မင်းကို ငါက အသေးစိတ်ထပ်ရှင်းပြရဦးမှာလား"

စီနီယာ၀မ်မှာ သူ့  အလုပ်၌ အတော်ပင် ကျွမ်းကျင်တတ်မြောက်ကြောင်းသိသာသည်။

"ဒါဆိုလည်း ကြည့်ပါဦး ရန်မဖြစ်ရဆိုတဲ့ နေရာထဲ ကျုပ်ရောက်နေသလား" သူ မေးလိုက်၏။

စီနီယာ ဝူ အမူအယာအနည်းငယ်ပြောင်းသွား၏။လုံချန်မှာ ရန်မဖြစ်ရန်တားမြစ်ထားသော နေရာ
တိုင်း၏ အစွန်းတို့၌ ရပ်နေမိလျှက်သားဖြစ်ကြောင်း  သူ သိပါသည်။သို့သော် သိပ်တော့မသေချာ။

"ကျွတ်.. မင်းကိုပြောနေလည်းအချိန်ကုန်တယ်... ငါတို့တိုင်းကြည့်မယ်" စီနီယာ၀မ်က သူ့လူများကို
လှမ်းကြည့်လိုက်ပါသည်။သူ့လူ များက တိုင်းတာရေး တိပ်ခွေတစ်ခုကို ထုတ်၍ ရွှမ်ရှင်းစံကျောင်းတော်
အဆောက်အဦးမှ စတိုင်းကြ၏။ယင်း တိပ်မှာ မီတာသုံးရာခန့်ထိကို တိတိကျကျ တိုင်းနိုင်သည်။

ထိုလူမှာ တိပ်ကို ခပ်ဖြေးဖြေးတိုင်းရင်း လုံချန် ရပ်နေသည့်နေရာသို့ရောက်လာခဲ့သည်။ထိုလူ၏ လုပ်ပုံ၊
ကိုင်ပုံကိုကြည့်လျှက် သူ ခေါင်းခါလိုက်ပါ၏။ဒါက ... တော်တော် သီးမခံနိုင်စရာကောင်းတာပါလား.....။

တိပ်မှာ လုံချန်၏ ခြေတစ်၀က်ခန့်၌ ဆုံးသွားသည်။ထန်၀မ်အာ မျက်နှာပျက်သွား၏။လုံချန်မှာ ရန်မဖြစ်
ရ သတ်မှတ်ထားသည့် စည်းထဲရောက်နေချေပြီ။နောက်သို့ ခြေတစ်လှမ်းဆုတ်လျှင် ထိုစည်းမှ လွတ်
ပြီဖြစ်သည်။

သူ.. ထိုလူ့ကို ခပ်တိုးတိုးလေသံဖြင့်ပြောလိုက်သည်။

"မဆိုးဘူး"

ထိုလူက အေးတိအေးစက် အကြည့်ဖြင့် ကြည့်၍ သူ့ကိုပြောလာ၏။

"အသစ်၀င်လာတဲ့သူတွေဟာ စီနီယာတွေကို သိပ်ပြီး အစွယ်လေးတွေ ထုတ်ပြချင်တာကိုး ရွှမ်ရှင်း
ကမင်းတို့အိမ်မဟုတ်ဘူး...အကြီးတွေကို နာခံရင် မင်းတို့အတွက်အကောင်းဆုံးဖြစ်မယ်"

"ဂျူနီယာ ညီလေးက စီနီယာရဲ့ ဆုံးမပဲ့ပြင်မှုကို နာခံပါတယ်... စီနီယာကို ဒီကညီလေးက တစ်ခုလောက်
ပြချင်ပါတယ်"

သူက လက်ဝါးကိုဖြန့်ပြလိုက်သည်။သို့သော် သူ့လက်ထဲ၌ ဘာမှမရှိသည်ကိုပဲ လူတွေ တွေ့ကြရပါသည်။

"ဘာလည်း" ထိုလူ မျက်နှာ မှုန်မှိုင်းသွား၏။သူ..သူ့ကို အရူးလုပ်နေပြီဟုတွေးမိခြင်းကြောင့်ဖြစ်သည်။

"စီနီယာ ဒါကို မမြင်နိုင်ပေမယ့် ခံစားနိုင်လိမ့်မယ်လို့ထင်ပါတယ်"

""ဖြောင်းးးး""

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(184)စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့ခြင်း

"ဘာ"

လွင့်စင် သွားသည့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်ကိုကြည့်၍ လူတိုင်းအံ့အားသင့်မိကြ၏။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဤနေရာကို ရောက်လာသည်မှစ၍ လူတစ်ရာကျော်လောက်
စုရုံးနေကြပြီဖြစ်သည်။ထို တစ်ရာကျော်မှ နှစ်ယောက်မှာ အန္တေဝါသိက တပည့်များဖြစ်သည်။
လူတစ်ယောက်ကို လုံချန် ဒီနေရာမှာ တိုက်ခိုက်ဝံ့ကတည်းက သူတို့မှာလုံချန်ကို လေးစားနေကြပြီ
ဖြစ်၏။

ယခုတော့ သူက စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့၀င်တစ်ယောက်ကိုပါ တိုက်ခိုက်လိုက်ပြန်ပါပကောလား။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေ က ရွှမ်ရှင်းကို ကိုယ်စားပြုလေသည်။သူတို့ကို ဘယ် ဂိုဏ်း၀င်ကမျှ
မဆန့်ကျင်ရဲကြ။ဆန့်ကျင်လျှင် ဆန်ကျင့်သူ၏ အဆုံးသတ်က မကောင်းနိုင်ပေ။

ဒီလိုက်ခိုက် ခြင်းမှာ  ရွှမ်ရှင်းကို စိန်ခေါ်ခြင်းဖြစ်ပါသည်။ရွှမ်းရှင်မှ နှင်ထုတ်ခံရနိုင်၏။လုံချန်  ရူးများ
ပင် သွားလေသလား.....။

ထန်၀မ်အာပင် အတော်လေး ထိတ်လန့်သွားမိပါ၏။သူ့ကို သူမ ကြောက်လန့်ဟန်လေးဖြင့်ကြည့်၍ ပြော
သည်။

"ကောင်စုတ်.. ရှင့်ဘ၀အတွက်တောင် ရှင်မတွေးတော့ဘူးလား"

သူက ခပ်တိုးတိုးလေသံဖြင့် ပြန်ပြော၏။

"မကြောက်ပါနဲ့ ၀မ်အာရဲ့..ဒီကိစ္စမှာ ကျုပ်တို့မှန်တယ်..ဒီအချိန်မှာအလျှော့ပေးလိုက်ရင် ကျုပ်တို့
ဖိနှိပ်ခံရလိမ့်မယ်"

ထိုစဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်တွေမှာ မင်တက်နေရာမှ ပြန်သတိ၀င်လာကြသည်။သူက...
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်တစ်ယောက်ကိုတောင်တိုက်ခိုက်ဝံ့ပါလား .. အသက်မရှင်ချင်တော့
ဘူးထင်သည်။

စီနီယာဝူမှာ ပထမ၌ မင်တက်နေရာမှ လှိုက်ကနဲ ပျော်သွား၏။သူ ကြုံးဝါးလိုက်သည်။

"ဒီကောင်က ဥပဒေ စည်းမျဉ်းကို တောင်ချိုးဖောက်ရဲတယ်...ရွှမ်ရှင်းကို မလေးစားတာပဲ... ဒီကောင့်
ကိုဖမ်းစမ်း.. ခုခံတာနဲ့သတ်ပစ်လိုက်"

စီနီယာဝူ လက်ထဲမှ ချိန်းကြိုးမှာ အသက်၀င်လာသလိုရှိကာ သူ့ထံ ပြေး၀င်လာသည်။ချိန်းကြိုးအမဲ
ကြီးမှာ တရွှီရွှီ မြည်သံပေးလျှက်ရှိ၏။ပြင်းထန်သည့် ဖိအားကြောင့် လူတိုင်းမှာ အသက်ရှုပင် မှားကြ
ရလေသည်။ယင်းက စီနီယာ တပည့်များ၏ အစွမ်းအစ ဖြစ်လေ၏။

ယင်းတို့မှာ ယင်းတို့မျိုးဆက် ၏ အောက်ဆုံးအဆင့်မှသူတွေ ဖြစ်သော်လည်း ကုန်လွန်ခဲ့သည့် သုံးနှစ်
က ယင်းတို့အတွက် ဖြုန်းတီးရာ ကျဟန် မရှိခဲ့ချေ။

သူတို့၏ သိုင်းပညာမှာ ကျင်ကျီအလယ်အဆင့် သို့ကျော်လွန်နေကြပြီဖြစ်ပါသည်။သူတို့၏ တိုက်ခိုက်နိုင်
စွမ်းမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသလို အခြေကလည်း လွန်စွာခိုင်မာလေ၏။သာမာန်
တိုက်ခိုက်မှု တစ်ခုပင်လျှင် လူတစ်ယောက် အရိုးကို ကျိုးသွားစေနိုင်လေသည်။

လုံချန် အော်ဟစ်ကြုံးဝါးလိုက်ပါသည်။သူ့ အော်ရာတွေ ဝုန်းကနဲ ထွက်လာ၏။စီနီယာ ဝူအဖို့ သူ့ကို
အရှက်ခွဲရန် အကြံရှိနေသည်ကို သူသိသည်။သို့သော် သူ မတတ်သာပဲ စီနီယာဝူမှာ လွန်စွာ အစွမ်း
ထက်သူတစ်ယောက်ဖြစ်ကြောင်းကို ၀န်ခံရပေမည်။

သူ အနည်းငယ် သတိလွတ်သည်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်တွေကြား မှာ သူ သေဆုံးရလိမ့်
မည်။သူ လက်ဝါးနှစ်ဖက်ကို ဘန်း ကနဲ ရိုက်လိုက်၏။ချိန်ကြိုးက သူ့ လက်ဝါးနှစ်ဖက်ကြား၌ ညပ်နေ
၏။သို့သော် ပြင်းထန်သည့် စွမ်းအင်တွေက ချိန်းကြိုးမှ တစ်ဆင့် စီးဆင်းလားမှုကြောင့် သူ၏ သွေး
များ ဆူပွက်ကုန်ရပါသည်။

"ကြောက်စရာ ကောင်းလိုက်တာ.. ရိုးရိုးတိုက်ခိုက်တာလေးတောင် ဒီလောက်ကြောက်စရာ
ကောင်းနေပါလား" စိတ်ထဲ၌ သူ အံ့အားသင့်မိပါသည်။ယင်းက သိုင်းပညာ ၏ အဆင့်ကွာခြားမှု
တို့ပင် ဖြစ်လေသည်။စီနီယာ ဝူကို တောင့်ခံရန် အားအမြောက်အများကို သူ ထုတ်သုံးနေရသည်။

"ကောင်လေး သေပေတော့" သူ ထိုချိန်းကြိုးကို လက်ဝါးနှစ်ဖက်၌ ညှပ်ထားစဉ်မှာပင် အခြားချိန်းကြိုး
တစ်ခုက သူ့ ၀မ်းဗိုက်သို့ ဦးတည်၍ ၀င်လာခဲ့ပြန်သည်။

"ဝါယော  စန္ဒာ ဓား" ကြုံးဝါးသံလေးနှင့် အတူ လေဓား တစ်စင်း ရွှီးကနဲ ထွက်လာ၏။အတိုက်ခံရသူမှာ
ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်ရသည်။တိုက်ခိုက်သူ၏ မျက်နှာ၌ လက်ဝါးရာကြီး တစ်
ခု ရှိနေသည်။ထိုသူမှာ လုံချန် ပါးရိုက်လိုက်သည့် လူဖြစ်လေသည်။သူ့ သိုင်းပညာမှာ မြင့်မား၍ ဤ
သို့ ပါးရိုက်ခံရခြင်းကြောင့် မည်သို့မျှ မဖြစ်သည့်တိုင် အရှက်တော့ များစွာကွဲရလေသည်။

"မင်းလည်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်တွေကို ပြန်ခုခံရဲတယ်ဆိုတော့ မင်းလည်း အကျိုးဆက်ကို
ပြန်ခံစားရမယ်"

သူ့ကို ထန်၀မ်အာ ကူညီပေးဝံ့သည်ကို မြင်သည်မို့ စီနီယာဝူက အော်ဟစ်ပြောဆိုလိုက်ခြင်းဖြစ်
လေသည်။စီနီယာဝူသည် လက်ထဲမှ ကိုင်ထားသော ချိန်ကြိုးကို ပြန်ဆွဲယူလိုက်၏။သို့သော် သူ့မှာ
အံ့အားသင့်ရ၏။လုံချန့် ထံမှ သူ့ချိန်းကြိုးကို ပြန်ဆွဲ၍ မရဖြစ်နေသည်။

စီနီယာဝူ မျက်နှာ အပျက်ပျက်ဖြစ်သွားသည်။လုံချန်မှာ ယခုမှ သွေးနှောအဆင့်သာ ရှိသေးသည့်လက်
သစ်လေးတစ်ယောက်ဖြစ်သည်။သူသည် သူ့၏ အားနည်းဆုံးသိုင်းပညာကိုသာ အသုံးပြု၍ လုံချန်ကို
အရှက်ကွဲအောင်တိုက်ခိုက်မည်ဟု ကြံထားခဲ့ခြင်းဖြစ်လေသည်။

အသစ်၀င်လာတဲ့ ဂိုဏ်းသားလက်သစ်လေးတွေကို မာန ရိုက်ချိုးထားမှ နောင်ဆိုရင် ကောင်းကောင်း
ကိုင်တွယ်လို့ရမည်မဟုတ်လား။သူ၏ ပထမ တိုက်ခိုက်မှုကို လုံချန်က တားဆီးထားနိုင်သည်။ယင်းသည်
အနည်းငယ်မျှ လက်ခံနိုင်ဖွယ်ရာ ဖြစ်သော်လည်း ယခုတော့ သူ့ ခွန်အားကို အကုန်သုံးတာတောင် ချိန်
ကြိုးကို ပြန်ဆွဲ၍ မရဖြစ်နေ၏။ဒီ အရှက်ကွဲမှုသည် သူ့ကို ဒေါသသိပ်ထွက်စေပါ၏။

"သေစမ်း" စီနီယာ၀မ် ကြုံးဝါးလိုက်၏။ကျင်ကျီသိုင်းသမား တစ်ယောက်ရဲ့ အော်ရာများ ဝုန်းကနဲထွက်လာ
လေသည်။ကြောက်မက်ဖွယ်ရာ စွမ်အင်လှိုင်းက  လုံချန်ကို ဖြတ်၍ ရိုက်ချသွား၏။တောင်ကြီး တစ်တောင်
သူ့ အပေါ် ပြိုကျလာသလို လုံချန် ခံစားလိုက်ရ၏။နောက်သို့ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။

"သေပေတော့"

စီနီယာ၀မ်က သူ့ကို လက်သီးဖြင့် ရုတ်ချည်း ထိုးလိုက်၏။ထိုစဉ် လုံချန်၏ ပါးရိုက်ခြင်းကို ခံလိုက်ရ
သည့် စီနီယာ တစ်ဦးကလည်း ထန်၀မ်အာကို ချိန်းကြိုးဖြင့်တိုက်ခိုက်နေသည်။သို့သော် လက်နှစ်ဖက်
ကို ပူးလိုက်သည်နှင့် ထန်၀မ်အာ၏ ဘေးပတ်လည်၌ လေဓားများ လည်ပတ်လာသည်ကို ကြောက်လန့်
စွာဖြင့် သူတွေ့ရသည်။သူ နောက်သို့ တစ်ဆုတ်တည်း ပြန်ဆုတ်နေရသည်။

"ကြောက်စရာကောင်းတဲ့ စွမ်းအားပါလား သူမက စည်းကမ်းထိန်းသိမ်းရေး  စီနီယာကိုတောင် ပြန်
တိုက်ခိုက်နိုင်တယ်"

"ဒါက အန္တေဝါသိက တပည့်တစ်ယောက်ရဲ့ အစွမ်းအစပဲ"

"ဒါပေမယ့် စည်းကမ်းထိန်းသိမ်းရေး စီနီယာကိုပြန်တိုက်ခိုက်တာတော့  သူမအတွက်မကောင်းဘူး"

ထိုစီနီယာ နောက်သို့ ပြန်ဆုတ်သွားချိန်၌ သူမက စိုးရိမ်စွာဖြင့် လုံချန်ဖက်သို့လှည့်၍ ကူညီရန်ပြင်
လိုက်ပါ၏။သို့သော် အခြား စီနီယာတစ်ယောက်က ရှေ့တက်လာပြီး သူမကို တိုက်ခိုက်ပြန်သည်။

"ရှေ့တက်ဖို့ စိတ်မကူးနဲ့"

ထန်၀မ်အာ ဒေါသထောင်းကနဲဖြစ်သွား၏။လုံချန်သည် အစွမ်းထက်သည်မှန်သော်လည်း သွေးနှော
အဆင့်၌ သာ ရှိနေသေးသည်။သူသည် သွေးနှောအဆင့်၌ ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်ချင်ဖြစ်
လိမ့်မည်။သို့သော် စီနီယာ၀မ်ကဲ့သို့သော ကျင်ကျီအဆင့်သိုင်းသမား တစ်ယောက်ဟာ သူ့၏ ပြိုင်ဘက်
မဟုတ်ချေ။

သူမကို တိုက်ခိုက်လျှက်ရှိသည့် စီနီယာသည် လုံချန်ကို သူမ သွားကူညီမည်ကို စိုးရိမ်ဟန်ရှိသည်။
သူမ မျက်၀န်းများ အေးစက်သွားပါ၏။ရုတ်ချည်း မီတာရာပေါင်းများစွာ ရှည်သည့် လေဓားတစ်စင်း
သူမ လက်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်။သူမ ထိုဓားဖြင့် ယင်းစီနီယာကို ရက်ရက်စက်စက်ခုတ်ချလိုက်လျှင်
ကြောက်မက်ဖွယ်ရာစွမ်းအင် ကြီးထွက်လာပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တစ်ခုလုံးကို လွှမ်းခြုံသွား
လေတော့သည်။

လေဓားဖြစ်ပေါ်လာသည်နှင့် ဗလာနယ်သည် တုန်လှုပ်လာ၏။သူမ၏ လေဓား၌ မျဉ်းကြောင်းတစ်ချို့
ပေါ်လာကာ တဆတ်ဆတ်လှုပ်ရှားနေသည်။ထိုမျည်းကြောင်းများမှာ သူမ၏ မျိုးဆက် အမှတ်အသား
မှဖြစ်လေသည်။မျိုးဆက်အမှတ်အသား ပေါ်လာပြီးသည်နှင့် သူမ၏ တိုက်ခိုက်မှုသည် ပို၍ ပြင်းထန်လာ
သည်။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှစီနီယာများ မင်တက်နေမိကြ၏။သူတို့ထဲမှ တစ်ယောက်က နှုတ်မှပင်
ထုတ်၍ တအံ့တသြရေရွတ်မိသည်။သူတို့ထံ ပြေး၀င်လာသည့် လေဓားကြီးကို ကြည့်၍ တစ်ယောက်မှ
မလှုပ်ရဲ ဖြစ်နေကြ၏။သူတို့က  သူတို့ခန္ဓာကိုယ်ကို သူတို့ ချိန်းများဖြင့်ရစ်ပတ်၍ ကာကွယ်ထားလိုက်
ကြ၏။

ထိုလေဓား သူတို့ ခေါင်းပေါ်ရောက်လာချိန်၌ စီနီယာများမှာ နောက်သို့လွင့်စင် ကုန်ကြသည်။သို့သော်
လေဓားသည် ထိုမျှနှင့်မရပ်သွားပဲ အနောက်မှ ဧရာမ ကျောက်နံရံကြီးထက်သို့ပြေး၀င်သွားပြန်သည်။
ကျောက်နံရံကြီး၌ ဧရာမ အက်ကြောင်းကြီးဖြစ်သွားသည်။စီနီယာများ၏ မျက်နှာတွင် သွေးမရှိတော့။
သူတို့မှာ လုံချန်တို့ကို သွားဖမ်းရမည်လား ဤသို့ ရပ်၍ ဆက်ကြည့်နေရမည်လား ဝေခွဲမရဖြစ်နေ
တော့သည်။

အုန်း...။

နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခုကို ကြားရ၏။မြေပြင်၌ ဧရာမအက်ကြောင်းကြီးများလိုက်လာသည်။
ကြောက်မက်ဖွယ်ရာ ချီစွမ်းအင် ၏ နောက်၌ ပင့်ကူမျှင်တန်းကဲ့သို့ အက်ကြောင်းများသည် ဖြာထွက်
သွားလျှက်ရှိ၏။

လုံချန်၏ နောက်ကျော၌ ရှိသော မီတာသုံးရာခန့်ရှိသည့်အလင်း စက်ကွင်းကို လူတိုင်းအံ့သြစွာကြည့်
လိုက်မိကြပါသည်။သူ လက်သီးထိုးလျှက်အနေအထားတိုင်းပင် ထိုနေရာ၌ ရပ်လျှက်ရှိသေးသည်။
သူ့၏ မျက်နှာခြင်းဆိုင်တွင် စီနီယာဝူရှိ၏။စီနီယာဝူမှာ လုံချန် သူ၏ လက်သီးကို ခုခံနိုင်စွမ်းရှိသည်
အားမြင်လျှင် အလွန်အံ့အားသင့်နေသည်။

"မဖြစ်နိုင်တာ ဒီကောင်က သိပ်ကြောက်စရာကောင်းပါလား ကျင်ကျီအဆင့်သိုင်းပညာရှင်တစ်
ယောက်ကိုတောင် ခုခံနိုင်စွမ်းရှိနေတယ်"

"ပြီးတော့ သူက အခုမှ သွေးနှောအဆင့်ပဲရှိသေးတာမလား...နေပါဦး သူက ကြောက်စရာကောင်းတဲ့
မဟာပါရမီ့ရှင် လုံချန်မလား" လူတစ်ယောက်က သူ့ကို မှတ်မိသွားသည်။

"သူ့ နောက်ကျောက ဘာလည်း သိုင်းပညာတစ်မျိုးမျိုးလား အဲ့တာက ဘာ့ကြောင့် အရမ်းအစွမ်း
ထက်နေရတာလည်း" အန္တေဝါသိက တပည့်နှစ်ဦးအပါအ၀င် လူများက လုံချန်ကို အံ့သြဟန်ဖြင့်
ကြည့်ကြသည်။

လူအုပ်ကြီးမှာ အပ်ကျသံ ကြားရလောက်အောင်ငြိမ်သက်နေ၏။

"စည်းမျဉ်းကို ဖောက်ဖျက်တဲ့အပြင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြန်တိုက်ခိုက်တာက
ခွင့်မလွတ်နိုင်တဲ့အမှုပဲ မင်းတို့ကို သတ်လိုက်ရင်တောင် ဘယ်သူမှ အပစ်တင်မှာမဟုတ်ဘူး"

စီနီယာဝူက အေးစက်စွာပြောသည်။သူ့ ချိန်းကြိုးသည် အပေါ်သို့ တဖြည်းဖြည်းတက်လာ၏။သူသည်
လုံချန်၏ မာနကို ရိုက်ချိုးရန် ဆုံးဖြတ်ထားပုံရသည်။စီနီယာ ဝူသည် သူ၏ စွမ်းအင်များကို အကုန်ထုတ်
သုံးချေပြီ။

သူ၏ချိန်းကြိုး မှာ ကြောက်မက်ဖွယ်ရာ စွမ်းအင်များစီး၀င်လျှက် သူ့ထံပြေး၀င်လာခဲ့သည်။လုံချန်
ဒေါသ ထောင်းကနဲဖြစ်သွား၏။အစောပိုင်းက တိုက်ခိုက်မှုကို သူ တားဆီးနိုင်ခဲ့လင့်ကစား သူ့ လက်
မောင်းများ ထုံကျင်၍ အတွင်းအဂါင်္များပင် အနည်းငယ်ဒဏ်ရာ ရသွားခဲ့သည်။

ကျင်ကျီ အဆင့်နှင့် သူ့ အဆင့်သိုင်းပညာမှာ မည်မျှကွာခြားကြောင်း သူ သိခဲ့ရပါသည်။ကျင်ကျီသိုင်း
သမား တစ်ယောက်ရဲ့ သာမာန်တိုက်ခိုက်မှု တစ်ခုကပင် သူ့ကို ထိခိုက်ဒဏ်ရာရစေခဲ့တာပါလေ။သူဟာ
သည် စီနီယာရဲ့ ပြိုင်ဘက်တစ်ယောက်မှ မဟုတ်ဘဲ။သူ ဒေါသ ပြင်းပြင်းထန်ထန် ထွက်လာခဲ့၏။

သည်ကောင်က သူ့ကို ဖမ်းဖို့လုပ်နေသည်မှ မဟုတ်ပဲ။သူ့ကို ဒဏ်ရာရအောင် သို့မဟုတ် သေစေရန်
ထိ ရည်ရွယ်နေခြင်းဖြစ်သည်လေ။

ကြည့်ရတာ ဘယ်ရောက်ရောက် ပြဿနာတွေကပဲ သူ့ကိုလိုက်ရှာနေကြသလိုပါလား။

သူ အသက်ကို ခပ်ပြင်းပြင်းရှုလိုက်၏။ဖုန်ဖူကြယ်က ရုတ်ချည်း ရပ်တန့်သွားလေသည်။သူ့ ခန္ဓာ၌ ထူး
ဆန်းသည့် စွမ်းအင်တစ်မျိုး လည်ပတ်လာခဲ့ပါသည်။ဖုန်ဖူအကာအကွယ်ကို အသုံးပြုရန် အချိန်
ရောက်ချေပြီ။

"ရပ်ကြစမ်း"

ဖုန်ဖူအကာအကွယ်ကို သူ အသက်သွင်းတော့မည့် အချိန်၌ အောင်မြင်ခံ့ညားသည့် အသံတစ်သံက လူ
တိုင်း၏ နားစည်များထဲသို့ ၀င်လာသည်။လူတိုင်းက လှည့်ကြည့်လျှင် ရွှမ်ရှင်း စံကျောင်းတော် ရှေ့တွင်
မည်သည့်အချိန်က ရပ်နေသည်ကို မသိရသည့် လူတစ်ယောက်ကို တွေ့ရ၏။သူက သူတို့ကို ဒေါသ
ထွက်ဟန်ဖြင့် စိုက်ကြည့်နေခြင်းဖြစ်လေသည်။

"မင်းတို့ကောင်တွေ ပုန်ကန်ဖို့လုပ်နေကြတယ်ဟုတ်လား စံကျောင်းတော် ရှေ့မှာတောင် ရုတ်ရုတ်သဲသဲ
ဖြစ်အောင်လုပ်ရဲတယ် ဒီနေရာကို ဘယ်နေရာမှတ်နေကြသလည်း"

ထိုအကြီးအကဲမှာ ကျောက်တိုင်ကြီးများ ရှေ့တွင် သူတွေ့ခဲ့ရသည့် အကြီးအကဲများအနက်မှ 16 ယာက်
မြောက်အကြီးအကဲ ဖြစ်ကြောင်း သူမှတ်မိသည်။သူ ပြောတော့မည့်အချိန်၌ စီနီယာဝူရဲ့ ခပ်လောလော
လေသံထွက်လာသည်။

"အကြီးအကဲ စွန်းကို အစီအရင်ခံပါတယ်ခင်ဗျာ... ဒီလူဟာ ရွှမ်ရှင်းရဲ့စည်းမျဉ်းကို ချိုးဖောက်ပြီး
တပည့်တစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့ပါတယ်...တပည့်က သူ့ကို ဖမ်းဆီးပေမယ့် အပြင်းအထန်
ပြန်ခုခံတယ်... အကုန်လုံးက သူ့အမှားတွေပါ"

ထိုအကြီးအကဲက လုံချန်ကို တင်းမာအေးစက်သည့် အကြည့်တို့ဖြင့် ကြည့်သည်။

"ဒီလိုလူငယ်တစ်ယောက်က ဘယ်လိုလုပ် ပါရမီရှင်ဖြစ်လာရတာလည်း...ဒီလိုလူငယ်မျိုးကို သင်ခန်း
စာ နည်းနည်းမှ မပေးရင် ရင့်ကျက်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး...ကြိမ်ဒဏ် ရှစ်ဆယ်ပေး
ပြီး တစ်လ အကျဉ်းချထားလိုက်"

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(185)ကိုယ်ကျင့်သိက္ခာဟူသည်

သူ့ အမူအယာပြောင်း သွား၏။သို့သော် သူ ဘာမှာမပြောခင် အကြီးအကဲစွန်းက လက်ကိုဝေ့ယမ်း
၍ ပြောလေသည်။

"ဒီကောင်လေးကို ခေါ်သွားလိုက်ကြ"

စီနီယာ ဝူ က အေးစက်စက်လေသံဖြင့် ရယ်ကာ ချိန်းကြိုးဖြင့်ပတ်ဆွဲတော့မည် ပြင်စဉ် သူ အေးစက်စက်
လေသံဖြင့်ရယ်လိုက်ပါသည်။

"ခင်ဗျား...စောက်အဖိုးကြီး..ခင်ဗျားရဲ့ စောက်လုံး 2 လုံးက အသက်ကြီးလာလို့ကန်းသွားပြီလား"

"ခင်ဗျားရဲ့ စူးရှတဲ့ စိတ္တစွမ်းအင်တွေနဲ့ ဆိုရင် ကျုပ်ဘယ်နားမှာ ရပ်နေတယ်ဆိုတာကို ခင်ဗျားမသိနိုင်
စရာ အကြောင်းမရှိဘူး... ကျုပ်ရပ်နေတဲ့ နေရာက ရွှမ်ရှင်းစံကျောင်းတော်ရဲ့ တံခါးဝနေ မီတာသုံးရာ
အကွာအဝေးတိတိမှာပဲ"

"ဒီလို မမျှ မတ တဲ့ လူတစ်ယောက်က အကြီးအကဲဖြစ်လာတာပဲလား....ရွှမ်ရှင်းဟာ ဘယ်လိုကျောင်း
တော်လည်း"

သူ့ ရဲ့ စိတ္တစွမ်းအင် က လွန်စွာ စူးရှ ထက်မြက်လှသဖြင့် အစောပိုင်း တိုက်ပွဲကပင် စံကျောင်းတော်ထဲ
မှ တစ်ယောက်ယောက် စောင့်ကြည့်နေသည်ကို သတိထားမိခဲ့ပါသည်။ထိုသူ မှာ ကျိန်းသေ အကြီး
အကဲ အဆင့် ရှိသူ တစ်ယောက်ဖြစ်ရမည် ဟု သူသိသည်။ထို့ကြောင့် သူ ရန်ဖြစ်ရဲခြင်းဖြစ်သည်လေ။

သို့သော် အဖြစ်မှန်ကိုပင် မဆုံးဖြတ်တော့ပဲ ထိုအကြီးအကဲက သူ့ကို အတင်းဖိနှိပ်လိမ့်မည်ဟု သူ
မထင်ထား မိခဲ့ချေ။သူ ဒေါသတွေ ပေါက်ကွဲကုန်ရပါ၏။

သူ၏ ကျိန်ဆဲသောစကားများကို ကြားလျှင် လူအုပ်မှာ ကြောက်လန့်ကုန်ကြလေ၏။သူ ရူး သွားပြီလား။
ပထမ သူ စံကျောင်းတော်မှ တပည့် တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ဒုတိယ စည်း ကမ်းထိန်းသိမ်း
ရေး အဖွဲ့ကို တိုက်ခိုက်၏။ယခုတော့ အကြီးအကဲ စွန်းကိုပင် ကျိန်ဆဲရေရွတ်နေပြန်ပြီ။

"ရိုင်းလိုက်လေ" အကြီးအကဲ စွန်းက ဒေါသတကြီးဖြင့် အော်ဟစ်သည်။အကြီးအကဲ စွန်းထံမှ စွမ်းအား
မြင့် အော်ရာများ ထွက်လာကာ သူ့ ကိုဖိနှိပ်ထားလိုက်လေသည်။သူ့ အပေါ်သို့ တောင်ကြီး တစ်တောင်
ပြိုကျလာသလို ခံစားလိုက်ရပါ၏။နံဘေးမှ ထန်၀မ်အာပင် အကျိုးသက်ရောက်မှုကို ခံစားနေရလေသည်။

ထို ဖိအား အောက်၌ လှုပ်ရှား၍ မရတော့ပဲ အသက်ရှုရခက်လာသည်။သူမ ခံစားနေရာသည်မှာ ဖိ
အားအနည်းငယ်မျှသာဖြစ်၏။ထိုအော်ရာများကို အဓိက ခံစားနေရသူက သူသာလျှင်ဖြစ်လေသည်။
သူ ဘယ်လောက် ခံစားနေရမည်နည်း။ဘယ်သူမျှ မသိနိုင်ပါ။

သူ ပါးစပ်နှင့်အပြည့် သွေးများ ဝေါ့ကနဲ ထိုးအန်၏။သူ ရဲ့ အရိုးတွေက ပြင်းထန်သော အော်ရာအောက်၌
တစ်ဖြစ်ဖြစ်မြည်သံများပင် ထွက်လာသည်။သူ့ တစ်ကိုယ်လုံးမှ အရိုးများ အချိန်မရွေး ကျိုးသွားနိုင်သလို
ဖြစ်လာသည်။

ဒီခွေးကောင် ကြီးရဲ့ .. အကြံက ငါ့ကို အော်ရာတွေသုံးပြီး ဒူးထောက်အောင်လုပ်နေတာပဲ...

သွေးဆာ ရက်စက်သည့် အရိပ်အယောင် အချို့ သူ့ မျက်၀န်းများ၌ ဖြတ်ကနဲ တက်လာရသည်။
ခန္ဓာကိုယ်ကို အနိုင်နိုင် ထိန်းထားရ၏။

ငါ.. သေရင် တောင် ဘယ်တော့မှ ဒူးမထောက်ဘူး...။ ငါ့ကို ... ဒီနေ့ အရှက်ကွဲအောင် လုပ်ခဲ့တဲ့အ
တွက် ခင်ဗျားကြီး တစ်ချိန်ကျရင် ဒီ့ထက် အဆပေါင်းများစွာ ပြန်ခံစားရစေရမယ်....။

ပြင်းထန် လွန်းသည့် ဖိအားကြောင့် သူ့ အရိုးများ ကျိုးတော့မည့် အချိန်၌ ကြည်လင်သည့် အသံ
ကို ကြားလိုက်ရပါသည်။

"အကြီးအကဲ စွန်း ခင်ဗျား ဘာလုပ်နေတာလည်း"

အသံကြားလျှင် အကြီးအကဲစွန်းမှာ လွန်စွာထိတ်လန့်သွားပြီး အော်ရာများကို ပြန်ရုတ်သိမ်းလိုက်လေ
သည်။အကြီးအကဲ တုဖုန်း ပုံရိပ်က ဖြတ်ကနဲ ပေါ်လာ၏။

အော်ရာများ ပျောက်ကွယ်သွားသည်နှင့် သူ မြေပြင်ထက်သို့ ဝုန်းကနဲ ပြိုလဲကျလေသည်။ထန်၀မ်အာ
လှမ်း ဖမ်းထား၍ သာ တော်တော့သည်။ထန်၀မ်အာ ရဲ့ လှပသော ခန္ဓာကိုယ်လေးထက်၌ သူ နောက်
တစ်ခါ မှီနေရပြန်ချေပြီ။ယခု တစ်ကြိမ်က သူ အသားယူခြင်းမဟုတ်။သူ ဘယ်လိုမျှ မဟန် နိုင်တော့
ခြင်းကြောင့်သာဖြစ်ပါသည်။အကြီးအကဲ တစ်ယောက်ရဲ့ အော်ရာကား ပြင်းထန်လွန်းလှ၏။

ထန်၀မ်အာ ရဲ့ မျက်နှာလေး ရဲရဲ နီနေ၏။သို့သော် သူ့ကို သူမ ဖက်ထားဆဲဖြစ်ပါသည်။ထို့အတွက် သူမ
မည်သို့မျှ မဖြစ်။ကျွန်မ ... ရှင့်ကို သိပ်ကိုမုန်းတီးသွားပြီ အကြီးအကဲစွန်း....။

"အကြီးအကဲတုဖုန်းကို အစီအရင်ခံပါတယ်ခင်ဗျာ ဒီ လုံချန်ဟာ ကျုပ်ရှေ့မှာပဲ ပြဿနာ လုပ်ပါတယ်...
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေရဲ့ ဖမ်းဆီးမှုကို ငြင်းဆန်ပါတယ်...ကျုပ်မှာ ရွေးချယ်စရာမရှိတာနဲ့
ပတ်၀န်းကျင် မပျက်ဆီးရလေအောင် ကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းဖို့လုပ်ရပါတယ်" အကြီးအကဲစွန်း
က ရိုရိုသေသေ အစီအရင် ခံသည်။

၎င်းတို့နှစ်ယောက်စလုံးမှာ အကြီးအကဲများသာဖြစ်လင့်ကစား စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ
ဖြစ်သည့် တုဖုန်း၏ အာဏာ မှာ ထိုအကြီးအကဲထက် ပြင်းထန်ထိရောက်၏။

"ဒီလိုလား....ဒီလိုကိစ္စမျိုးဖြစ်ခဲ့တယ်ပေါ့... မင်းဘာပြောမလည်း လုံချန်" တုဖုန်းက သူ့ ဘက်သို့ လှည့်
ကြည့်လာ၏။

"အကြီးအကဲ တုဖုန်းခင်ဗျား... အကြီးအကဲရဲ့ စူးရှထက်မြက်တဲ့ အမြင်နဲ့ဆိုရင် ကျုပ် သိပ်ရှင်းပြစရာလို
တော့မယ် မဟုတ်ပါဘူးခင်ဗျာ" မြေပြင်ထက်မှ ခြေရာကို သူ ပြပြီးပြော၏။

ယင်းခြေရာမှာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ သူ့ ခြေရာကို မမှန်မကန်တိုင်းနေစဉ်မှာပင် သက်သေ
ကျန်နေစေရန် သူက တမင် လုပ်ထားခဲ့ခြင်းဖြစ်လေသည်။ထိုခြေရာကို ကြည့်ပြီး အကြီးအကဲစွန်းနှင့်
ခြေရာကို တိုင်းခဲ့သူ စီနီယာမှာ မျက်နှာကွက်ကနဲ ပျက်ကုန်ကြ၏။သူ ဒီလို ခြေရာ တိတ်တဆိတ်  ချ
ထားလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြ။

၎င်းတို့ မျက်နှာများ ဖြူဖွေး၍ သွေးဆုတ်ကုန်ကြတော့သည်။

"အကြီးအကဲ တုဖုန်း ဒီကောင်လေးရဲ့ စကားတွေကို မယုံပါနဲ့ ဒီကောင်လေးက အကြီးအကဲရောက်
လာမှ ခြေရာတမင်ချပြီး လိမ်ညာတာပါ" စီနီယာ ဝူက ခပ်သွက်သွက် လိမ်ပြော၏။

"ဘေးမှာ ကြည့်နေသူတွေကို ဒါက အတုလား အစစ်လားဆိုတာကို ခင်ဗျားမေးကြည့်လေ... ခင်ဗျား
နဲ့တိုက်ခိုက်ပြီးချိန်မှာ ကျုပ် ဒီနေရာကနေ ခြေလှမ်းတစ်လှမ်းတောင် မရွေ့သေးဘူး"

သူ လက်သီးဆုပ်၍ နံဘေးမှ လူများကိုလှည့်ပြောသည်။

"ညီအကို၊မောင်နှမတို့ ... ကျုပ်တို့အကုန်လုံးဟာ အခုမှ အသစ်၀င်လာကြသူတွေဖြစ်တယ်...ဒါပေမယ့်
စည်းကမ်းထိန်းသိမ်းရေးတွေက ကျုပ်တို့ကို ဘယ်လိုအနိုင်ကျင့်တယ်ဆိုတာကို ညီအကိုတို့ အမြင်ပဲ
ဖြစ်တယ်"

"ညီအကိုတို့ လိမ်စရာမလိုဘူး ဘာမြင်လည်းဆိုတာကိုပဲ ပြောလိုက်ကြပါ  စည်းကမ်းထိန်းသိမ်းရေး
အကြီးအကဲ ရှိနေတုန်း ဒီကောင်တွေ သိုင်းပညာကို အသုံးပြုပြီး ကျုပ်တို့ကို ဘယ်လိုအနိုင်ကျင့်တယ်
ဆိုတာကို ပြောလိုက်ပါ"

သူ့ စကားဆုံးသည်နှင့် လူတစ်စု အရှေ့သို့ ထွက်လာကြ၏။

"ဒီခြေရာဟာ လုံချန်ရဲ့ ခြေရာပဲ ... လုံချန် ဒီနေရာမှာ တစ်ချိန်လုံးရပ်နေတာကို ကျုပ်မြင်တယ်"

"အမှန်ပဲ... ဒီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဟာ သူ့ရဲ့ သံကြိုး နဲ့ ကျင်ကျီအလယ်အဆင့် သိုင်းပညာကို
အသုံးပြုပြီး လုံချန်ကို ဒီနေရာကနေ ဆွဲထုတ်နေခဲ့တာ"

"ရယ်စရာ သိပ်ကောင်းတယ် တစ်ခါတစ်လေ ကျုပ် စီနီယာတွေရဲ့ တွေးခေါ်စဉ်းစားမှု နဲ့ ပတ်သတ်ပြီး
သံသယ ဖြစ်မိတယ်... လုံချန် ရန် မဖြစ်ခင်ကတည်းက ဒီနေရာမှာ ရပ်နေခဲ့တာ ... ဒါကို စည်း
ကမ်းထိန်းသိမ်းရေးတွေ မသိတာ ဖြစ်နိုင်ပါ့မလား"

ပုံမှန်အားဖြင့် ဆိုလျှင် ဂိုဏ်းသို့ အသစ်၀င်လာသူ ဂျူနီယာများမှာ မာန ကြီးသူများဖြစ်သည်။သို့သော်
လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ မောက်မာစွာ ဆက်ဆံခြင်းကို
ခံရသည်မို့ စည်းကမ်းထိန်းသိမ်းရေးး အဖွဲ့အပေါ် မနှစ်မြို့သည့် ခံစားချက်များဖြစ်နေကြလေသည်။

လုံချန့် ကြောင့်သာ မဟုတ် ယင်းတို့ကိုယ်၌ ကလည်း စည်းကမ်းထိန်းသိမ်းရေးများ၏ မောက်မာမှု
ကို မနှစ်မြို့နေသည်မှာကြာပြီဖြစ်၏။ထို့ကြောင့် ယခုလို အခွင့်ရခိုက်၌ တစ်ယောက်ပြီးတစ်
ယောက် ဝိုင်းပြောကြခြင်းဖြစ်လေ၏။လူတိုင်း၏ လှောင်ပြောင်သရော်သံများကို ကြားလျှင် စီနီယာဝူ
မှာ ထိုလူအုပ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"အကြီးအကဲခင်ဗျား.. ဒီလူရဲ့အကြည့်ကိုပဲ ကြည့်ပါ ကျုပ်တို့အမှန်အတိုင်းပြောလို့ ကလဲ့စားချေဖို့
အကြံရှိပုံပါပဲ အကြီးအကဲကပဲ မျှတအောင် လုပ်ဆောင်ပေးပါ...ဒီလို စိတ်ဓာတ်သေးသိမ်သူ တစ်
ယောက်က စည်းကမ်းထိန်းသိမ်းရေး တစ်ယောက်ဖြစ်သင့်သလား ခင်ဗျာ... ဒါဟာ ကျုပ်တို့လို့
ဂျူနီယာ တွေ အတွက်တော့ အိပ်မက်ဆိုးတစ်ခုပဲ" လူတစ်ယေက်က ချက်ချင်းအစီအရင်ခံသည်။

စီနီယာ ဝူ ၏ မျက်နှာမှာ ဒေါသကြောင့် ထင့် အစိမ်းရောင်သို့ပြောင်းသွား၏။သူ့ ခေါင်းထက်၌ သွေး
ကြောများ ထောင်ထလာသည်။သို့သော် ထိုသို့ ပြောသူကို သူ မကြည့်ဝံ့။အသံကိုသာ မှတ်မိအောင်
နား စိုက်ထောင်ထားလိုက်၏။စိတ်ထဲ၌ သူ ကျိန်ဆဲနေလေသည်။

"ခွေးကောင်လေးတွေ ... မှတ်ထားကြပေါ့ကွာ... မင်းတို့ငါနဲ့တွေ့ဖို့အချိန် အများကြီးရှိပါသေးတယ်"

တစ်ချိန်က သူလည်း ဂျူနီယာတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ထိုစဉ်က ရွှမ်ရှင်း၏ စည်းကမ်းထိန်းသိမ်းရေး
စီနီယာများက သူ့ကို ဒီလိုပင် ဆက်ဆံခဲ့ကြ၏။ယခုတော့ သူ့ အလှည့်ရောက်ချေပြီ။သို့သော် အဖြစ်
အပျက်မှာ သူထင်ထားသလို ဖြစ်မလာခဲ့။

ဒီ...ဂျူနီယာလေးတွေက သိပ်ကို ရဲတင်းလွန်းနေသည်လေ....။

တုဖုန်းက  ခြေရာကိုကြည့်၍ အေးစက်စက်လေသံဖြင့် ပြောသည်။

"ခြေရာကို ဘယ်သူတိုင်းသလည်း"

ပါးပြင်၌ လက်ဝါးရာကြီး မပျောက်သေးသည့် စီနီယာမှာ တုန်တုန်လှုပ်လှုပ် ဖြစ်သွား၏။သူက ရှေ့သို့
ထွက်၍ အစီအရင် ခံသည်။

"ကျုပ်တိုင်းတာပါ"

"စည်းကမ်းထိန်းသိမ်းရေး တစ်ယောက်ဖြစ်ပြီးတောင် မင်းဟာ ကိုယ့်ရဲ့ဂျူနီယာတွေကို ပြောင်ပြောင်
တင်းတင်း လိမ်ညာဝံ့တယ် ဒါဟာ မင်းရဲ့ ဂိုဏ်းကို သိက္ခပြန်ချတာပဲ မင်းပစ္စည်းတွေကို  မင်းသိမ်းပြီး
မိသားစုဆီ ပြန်တော့" အကြီးအကဲ တုဖုန်း သက်ပြင်းချပါသည်။

လူတိုင်း အံ့အားသင့်မိကြသည်။ ဘုရားရေ! ဒီလိုနဲ့ စီနီယာတစ်ယောက်နှင် ထုတ်ခံလိုက်ရပါလား!
အပြစ်ပေးတာ ပြင်းထန်းလွန်းလှပါလား....။

"အကြီးအကဲ...ကျုပ်" ထိုစီနီယာ ကြက်သေသေနေသည်။

"ဘာမှ ပြောဖို့မလိုတော့ဘူး မင်းက အထက်လမ်း သိုင်းသမားတစ်ယောက်ပီသစွာနဲ့ ဖြောင့်မတ်
မှန်ကန်စွာ ပြုမူရမှာကို ဒီလို ဆိုးယုတ်တဲ့ကိစ္စ ကို လုပ်ခဲ့တယ်"

"ဒါက ကျောင်းတော်ရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ရုံတင်မက ဘူး မင်းရဲ့အပြုအမူဟာ အောက်လမ်းဂိုဏ်း
သားတစ်ယောက်လိုဖြစ်နေပြီဆိုတာကို မင်းကိုယ်မင်းသိလား ရွှမ်ရှင်းဟာ မင်းလို လူတစ်ယောက်ကို
လက်မခံနိုင်ဘူး...တစ်ကယ်လို့ မင်းစိတ်ထဲမှာ ရွှမ်ရှင်းရှိနေသေးတယ်ဆိုရင် အိမ်ကိုပြန်ရောက်တဲ့
အခါ ကိုယ့်ကိုကိုယ်ပြုပြင်ပြီး သိုင်းသမားကောင်းတစ်ယောက်ဖြစ်လာအောင် လုပ်ပါ" တုဖုန်းက ပြော၏။

ထိုစီနီယာ သက်ပြင်းချလိုက်ပါသည်။သူ တစ်ခုခုပြောချင်သည်။သို့သော် စီနီယာဝူကို မသိမသာကြည့်
ပြီးနောက် ခေါင်းအသာ ညိတ်၍ ထွက်ခွာသွားတော့သည်။

"ဝူချီ.. မင်းက ထောင်က လွတ်လာတာ တစ်လတောင်မပြည့်သေးဘူး  ြကြည့်ရတာ မင်း နောင်တ
မရသေးဘူးထင်တယ်" တုဖုန်းက အေးစက်စွာပြောသည်။

"တပည့် ရဲ့ အမှားကို တပည့်လက်ခံပါတယ်....အခြားသူတွေကြောင့် တပည့်က အထင်မှားပြီး ဒီလို
လုပ်မိပါတယ် ကျေးဇူးပြုပြီး တပည့်ကို အပြစ်ပေးပါ အကြီးအကဲ" စီနီယာ ဝူက သူ့ အမှားကို သူ ခပ်
မြန်မြန်၀န်ခံသည်။

"ဘယ်သူကြောင့်မှာ မင်းမှားတာမဟုတ်ဘူး...ဒါကို ကျုပ်လည်းသိတယ်...မင်းလည်းသိတယ်...ဒါပေမယ့်
ရွှမ်ရှင်းရဲ့စည်းမျဉ်းတွေအရ သက်သေပြဖို့ မလုံလောက်ဘူး..မင်းရဲ့ကံပေါ့.."

"မှန်တယ် ကံတရားဟာ ခွန်အားရဲ့ပုံစံတစ်မျိုးပဲ ဒါ့ကြောင့် ကျုပ်က မင်းကို ရွှမ်ရှင်းကနေ နှင်မထုတ်
ပါဘူး မင်းဟာ မင်းရဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်အတွက် ရွှမ်ရှင်းရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချခဲ့
တယ်လို့ ကျုပ်က သံသယရှိပေမယ့် သက်သေပြစရာမရှိဘူး....မင်းကံ အရမ်းကောင်းသွားတာပေါ့"

"မင်းကိုယ်တိုင် ခြေရာကို မတိုင်းကြည့်ပဲနဲ့ အရေးယူဖို့ကိုပဲ ဦးတည်ဆုံးဖြတ်ခဲ့တယ် .. ဒါ့ကြောင့် ဒီ
နေ့ပျက်ဆီးမှုတွေဟာ မင်းရဲ့အမှားကြောင့်ပဲ စည်းကမ်းထိန်းသိမ်းရေး ခန်းမကိုသွား ကြိမ်ဒဏ်အချက်
500 ခံယူပြီး 15 ရက်အကျဉ်းချခံရမယ်" တုဖုန်းက အမိန့်ပေးသည်။

ကြိမ်ဒဏ်အချက် 500 ဆိုသည့် စကားကိုကြားလျှင် စီနီယာဝူမှာ မေ့လဲမတတ်ဖြစ်သွား၏။ကြိမ်မှာ
ရိုးရိုးကြိမ် မဟုတ်။ထိပ်၌ အဆိပ်သုတ်၍ ရိုက်သော အထူးပြုလုပ်ထားသည့် ကြိမ်တစ်မျိုးဖြစ်သည်။
ခပ်ဖွဖွလေး ရိုက်လျှင်ပင် လူတစ်ယောက်ကို အော်ငိုမိမတတ် နာကျင်စေလေသည်။

ပုံမှန်အတိုင်းဆိုလျှင် အပြင်းထန်ဆုံး အပြစ်ကပင် ကြိမ်ဒဏ်အချက်နှစ်ရာသာဖြစ်၏။သို့သော် စည်းကမ်း
ထိန်းသိမ်းရေး အကြီးအကဲမှာ လွန်စွာအာဏာထက်သူတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ယခုပြစ်ဒဏ်
ကို လက်မခံလျှင် ပြစ်ဒဏ်ထပ်တိုးလာလိမ့်မည်။သူ အံကိုတင်းနေအောင်ကြိတ်၍ ခေါင်းငုံ့ချလိုက်ရန်
သာတတ်နိုင်သည်။

"အကြီးအကဲစွန်း" တုဖုန်းက အကြီးအကဲစွန်းကို အနည်းငယ် ရှုပ်ထွေးသည့်အကြည့်ဖြင့်ကြည့်သည်။

"ပြောပါ အကြီးအကဲ" အကြီးအကဲစွန်း ရင်ထဲ ထိတ်ကနဲဖြစ်သွား၏။မကောင်းသည့် ခံစားမှုတစ်မျိုး
သူ ခံစားရသည်။

"တောင်နောက်ဘက်မှာ 7 ရက်သွားနေပါ...ခင်ဗျားနေရာကို တာ၀န်ယူဖို့ လူတစ်ယောက် ကျုပ် ထည့်
ထားလိုက်မယ်" တုဖုန်းကပြောသည်။

"ကောင်းပါပြီ ခင်ဗျာ"

အကြီးအကဲ စွန်းမှာဘယ်လိုမျှ စောဒကမတက်ပဲ တိတ်ဆိတ်စွာဖြင့် ထွက်သွားလေသည်။

ယခုအချိန်၌ သူ ၊ ထန်၀မ်အာ အပါအ၀င် လူတိုင်း အံ့အားသင့်ကြရပါ၏။အကြီးအကဲ တုကား ဖြောင့်
မတ်ပြီး သမာသမတ်ကျသူ တစ်ယောက်ဖြစ်ချေသည်။ရွှမ်ရှင်း၏ နံပါတ်တစ် အကြီးအကဲ တစ်ယောက်
ဖြစ်ရန် ထိုက်တန်လှပါသည်။သူ..သိပ်ကို လေးစားရသည်။

"အကြီးအကဲကို သိပ်ကျေးဇူးတင်ပါတယ်ခင်ဗျာ...အဲ့ဒိတော့ အကြီးအကဲ ကျုပ်ကိုလူလည်ကျထားတဲ့
ကိစ္စကို စိတ်ထဲမထားတော့ပါဘူး" သူက လက်သီးဆုပ်၍ ဦးညွှတ်ကာပြောလိုက်လေသည်။

"ဟားဟား ဒါဆိုလည်း ကျုပ်က ကျေးဇူးတင်ပါတယ်ကွာ" ချုယောင်ကိစ္စနှင့် ပတ်သတ်၍ သူ ဆိုလို
သည်မှန်း တုဖုန်းသိ၏။ထိုစဉ်က တုဖုန်း၌ ရွေးစရာမရှိခဲ့။ရွှမ်ရှင်းနှင့် ကောင်းကင်နန်းတော် ဆိုသည်
မှာ မိတ်ရင်းဆွေရင်းများဖြစ်ကြ၏။ထို့ကြောင့် ဟွာယုကို ကူညီ၍ မပြောပေးလျှင် သူ မကောင်းဖြစ်မည်။

ထိုကိစ္စနှင့် ပတ်သတ်၍လည်း တုဖုန်း လိပ်ပြာမသန့်သလိုခံစားနေရသည်။လုံချန် ရွှမ်ရှင်းသို့ရောက်လျှင်
သူ၏ သိုင်းပညာ၌ အကူအညီ အများအပြားပေးမည်ဟု တုဖုန်းစဉ်းစားနေခဲ့၏။သို့သော် လုံချန်မှာ
ဖန်းစန်းတစ်ယောက်ဖြစ်မှန်း သိရသည့်အခါ၌ သူ၏ အိမ်မက်များအငွေ့ပျံသွားတော့ လေသည်။

သူ့လို ဖြောင့်မတ်၍ သိက္ခာ ရှိသူတစ်ယောက်အတွက် ယင်းကိစ္စမှာ လည်ချောင်းထဲ၌ စူး၀င်နေသော
ငါးအရိုးမျက်သလို ဖြစ်နေခဲ့ရပါသည်။လုံချန်မှာ ထိုကိစ္စကို ယခုလို ပြီးပြီးပျောက်ပျောက် သဘောထား
ပေးလိမ့်မည်ဟု သူ မတွေးမိခဲ့ပါ။ယခုမှ သူ အတော်စိတ်အေးရသည်လေ။လုံချန်လို သိတတ်သည့် လူ
ငယ်တစ်ယောက်ကို သူ သိပ်ကျေးဇူးတင်ရပါသည်။

စည်းကမ်းအလွန်ကြီးသည့် တုဖုန်းကို လုံချန်က ထိုသို့ပြောရဲပြီး ရယ်မောခြင်းမရှိသလောက်ပင်ဖြစ်
သည့် ထိုအကြီးအကဲ ၏ အပြုံးအရယ်များကို မြင်ရသည့်အခါ၌ လူအများမှာ ကြက်သေသေ နေမိကြ
သည်။

ဘုရားရေ...လောကကြီးဘာတွေဖြစ်ကုန်ပြီလည်း!!!

"ကောင်းပြီ လူတိုင်း လုပ်စရာရှိတာကို ဆက်လုပ်ကြပါ"

တုဖုန်းက လက်ဝေ့ယမ်းလိုက်၏။လူအုပ်ကြီးမှာ ကြောင်တောင်တောင်နှင့် လုံချန်ကိုသာ စိုက်၍
ကြည့်နေမိကြပါတော့သည်။

PATRIARCH MK AUNG

Continue Reading

You'll Also Like

18.9K 758 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
197K 2.3K 73
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
17.1K 755 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...